Categories
ထူးဆန်းထွေလာ

ဘာမြူဒါတြိဂံဒေသ အတ္တလန်တစ် သမုဒ္ဒရာတွင် ကြောက်မက်ဖွယ်ဖြစ်ရပ်မှန်

Zawgyi

ဘာျမဴဒါႀတိဂံေဒသမွာ ေၾကာက္မက္ဖြယ္ ကြၽန္းတစ္ကြၽန္း ႐ုတ္တရက္ ေပၚေပါက္လာေၾကာင္း ယမန္ေန႔ က ထုတ္ျပန္ ေၾကညာခ်က္အရ သိရပါ တယ္။ ယခုႏွစ္ ေႏြရာသီ မွာ တျဖည္းျဖည္း ပင္လယ္တြင္းမွ တက္လာျခင္းျဖစ္ၿပီး ေျမာက္ကာ႐ိုးလိုင္းနား၊ ဘတ္တန္ မွာ ရွိတဲ့ ဂြတ္ဟုတ္အငူ ရဲ႕ ထိပ္ဖ်ားပိုင္း ျဖစ္ကာ တစ္မိုင္ခန႔္ ရွည္လ်ားပါတယ္။သတင္းအရ အဆိုပါ ကြၽန္းကို မေကာင္းဆိုး႐ြား ကြၽန္း လို႔ နာမည္ေပးထားၿပီး အက်ယ္ကေတာ့ ၄၀၀ မီတာ ရွိေၾကာင္း Virginian Pilot က ထုတ္ျပန္ ေၾကညာထားပါ တယ္။

အခုခ်ိန္မွာ ေလ့လာသူမ်ားနဲ႔ ဓာတ္ပုံဆရာမ်ားဟာ ကြၽန္းကို သြားေရာက္ေန ၾကၿပီး အႏၲရာယ္မ်ားလြန္းတဲ့အတြက္ ေရွာင္ ရွားၾကဖို႔ ခရီးသည္မ်ားကို တိုက္ တြန္းထားပါတယ္။ဂြတ္ဟုတ္အငူမွတ္ နဲ႔ ကြၽန္းအၾကား ျဖတ္သန္းစီးဆင္း ေနတဲ့ ေရစီးေ ၾကာင္းဟာ အလြန္အားေကာင္းတဲ့အတြက္ ေရဆင္းကူးျခင္း၊ ေရထဲဆင္းျခင္း မျပဳလုပ္ၾကရန္ သတိေပးထားပါတယ္။

ေျမာက္ကာ႐ိုးလိုင္းနား ကမ္းေျခ သဲေသာင္ျပင္ကားစီးအသင္း ဥကၠဌ ျဖစ္ တဲ့ ဘီလ္စမစ္ က အေျခအေနဟာ ထင္တာထ က္ ပိုဆိုး႐ြားၿပီး ငါးေပခန႔္ အရွည္ရွိတဲ့ ငါးလိပ္စြန္မ်ားနဲ႔ ငါးမန္းႀကီး မ်ားလည္း ပတ္ပတ္လည္ ဝန္းရံ ေနေၾကာင္း သတိေပး ထားပါတယ္။ဒါ့အျပင္ ငါးမန္း ကိုက္ခံရမယ့္အေရး ထက္ ႐ုတ္တရက္ ေရေအာက္ကို ဆြဲခ်သြားႏိုင္တဲ့ ေရဝဲမ်ားကို အထူး သတိျပဳရမွာျဖစ္ေၾကာင္း သူ က ထပ္ေလာင္း ေျပာၾကားပါတယ္။

ဘာျမဴဒါႀတိဂံေဒသတြင္း ျဖစ္ေပၚေနတဲ့ ကြၽန္းမ်ား၊ ေရေအာက္မွာ ျမဳပ္ေန တဲ့ ပထဝီ အေနအထားအရ ေဒသတြင္း ေရျပ င္ကို အလြန္ ဧရာမ ႀကီးမား တဲ့ ေရဝဲႀကီးမ်ား ျဖစ္ေစၿပီး သေဘၤာမ်ားကို အစအန ရွာမရေအာင္ ဆြဲခ်သြား ေၾကာင္း၊ ထို႔ေ နာက္ ေရဝဲ အားေပ်ာ့သြားခ်ိန္တြင္ ေရျပင္ ျပန္လည္ ၿငိမ္သက္ သြားျခင္း ျဖစ္ႏိုင္ေၾကာင္း ေျမာက္ကာ႐ိုးလိုင္းနား မွ ပါေ မာကၡ တစ္ဦးက ခန႔္မွန္းထားပါတယ္။

ေရဝဲႀကီးမ်ား ျဖစ္စဥ္ ေပၚေပါက္လာတဲ့ ေလဟာနယ္ဟာ ေရျပင္အထက္ ေလယာဥ္ကိုပါ ဟန္ခ်က္ပ်က္ ဆြဲခ်ႏိုင္စြမ္း ရွိေ ၾကာင္း သူ က ေျပာခဲ့ေပမယ့္ ဒါဟာ ခန႔္မွန္း မွန္းဆခ်က္တစ္ခုမွ်သာျဖစ္ေၾကာင္း၊ သိပၸံနည္းက် စမ္းသပ္ အတည္ျပဳမႈ မ ရွိေသးေၾကာင္း သိရပါတယ္။

ဘာျမဴဒါႀတိဂံ ဟာ ေျမာက္အတၱလန္တစ္သမုဒၵရာ ရဲ႕ အစိတ္အပိုင္း တစ္ခု ျဖစ္ၿပီး ၄၄၀၀၀၀ စတုရန္းမိုင္ ဧရိယာ ရွိပါတ ယ္။ဒါဟာ အေမရိက၊ ဥေရာပ နဲ႔ ကာေရဘီယန္ ပင္လယ္တြင္း က ဆိပ္ကမ္းေတြကို ကူးလူးသြားလာတဲ့ သေဘၤာေတြ အတြက္ အမ်ားဆုံး ျဖတ္သန္း သြားလာရာ ေရလမ္းေၾကာင္း အတြင္းမွာလည္း ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ ၁၀၀ အတြင္း ေလယာဥ္ႏွင့္ သေဘၤာေပါင္း မ်ားစြာ အဆိုပါ ေဒသတြင္းမွာ ထူးဆန္းဖြယ္ ေပ်ာက္ဆုံးခဲ့ရၿပီး ပွ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ ေလယာဥ္ ေလးစင္း၊ သေဘၤာ ၂၀ ႏႈန္း ျဖစ္ေၾကာင္းလည္း သိရပါတယ္။

Ref : Mirror

Unicode

ဘာမြူဒါတြိဂံဒေသမှာ ကြောက်မက်ဖွယ် ကျွန်းတစ်ကျွန်း ရုတ်တရက် ပေါ်ပေါက်လာကြောင်း ယမန်နေ့ က ထုတ်ပြန် ကြေညာချက်အရ သိရပါ တယ်။ ယခုနှစ် နွေရာသီ မှာ တဖြည်းဖြည်း ပင်လယ်တွင်းမှ တက်လာခြင်းဖြစ်ပြီး မြောက်ကာရိုးလိုင်းနား၊ ဘတ်တန် မှာ ရှိတဲ့ ဂွတ်ဟုတ်အငူ ရဲ့ ထိပ်ဖျားပိုင်း ဖြစ်ကာ တစ်မိုင်ခန့် ရှည်လျားပါတယ်။သတင်းအရ အဆိုပါ ကျွန်းကို မကောင်းဆိုးရွား ကျွန်း လို့ နာမည်ပေးထားပြီး အကျယ်ကတော့ ၄၀၀ မီတာ ရှိကြောင်း Virginian Pilot က ထုတ်ပြန် ကြေညာထားပါ တယ်။

အခုချိန်မှာ လေ့လာသူများနဲ့ ဓာတ်ပုံဆရာများဟာ ကျွန်းကို သွားရောက်နေ ကြပြီး အန္တရာယ်များလွန်းတဲ့အတွက် ရှောင် ရှားကြဖို့ ခရီးသည်များကို တိုက် တွန်းထားပါတယ်။ဂွတ်ဟုတ်အငူမှတ် နဲ့ ကျွန်းအကြား ဖြတ်သန်းစီးဆင်း နေတဲ့ ရေစီးေ ကြာင်းဟာ အလွန်အားကောင်းတဲ့အတွက် ရေဆင်းကူးခြင်း၊ ရေထဲဆင်းခြင်း မပြုလုပ်ကြရန် သတိပေးထားပါတယ်။

မြောက်ကာရိုးလိုင်းနား ကမ်းခြေ သဲသောင်ပြင်ကားစီးအသင်း ဥက္ကဌ ဖြစ် တဲ့ ဘီလ်စမစ် က အခြေအနေဟာ ထင်တာထ က် ပိုဆိုးရွားပြီး ငါးပေခန့် အရှည်ရှိတဲ့ ငါးလိပ်စွန်များနဲ့ ငါးမန်းကြီး များလည်း ပတ်ပတ်လည် ဝန်းရံ နေကြောင်း သတိပေး ထားပါတယ်။ဒါ့အပြင် ငါးမန်း ကိုက်ခံရမယ့်အရေး ထက် ရုတ်တရက် ရေအောက်ကို ဆွဲချသွားနိုင်တဲ့ ရေဝဲများကို အထူး သတိပြုရမှာဖြစ်ကြောင်း သူ က ထပ်လောင်း ပြောကြားပါတယ်။

ဘာမြူဒါတြိဂံဒေသတွင်း ဖြစ်ပေါ်နေတဲ့ ကျွန်းများ၊ ရေအောက်မှာ မြုပ်နေ တဲ့ ပထဝီ အနေအထားအရ ဒေသတွင်း ရေပြ င်ကို အလွန် ဧရာမ ကြီးမား တဲ့ ရေဝဲကြီးများ ဖြစ်စေပြီး သင်္ဘောများကို အစအန ရှာမရအောင် ဆွဲချသွား ကြောင်း၊ ထို့ေ နာက် ရေဝဲ အားပျော့သွားချိန်တွင် ရေပြင် ပြန်လည် ငြိမ်သက် သွားခြင်း ဖြစ်နိုင်ကြောင်း မြောက်ကာရိုးလိုင်းနား မှ ပါေ မာက္ခ တစ်ဦးက ခန့်မှန်းထားပါတယ်။

ရေဝဲကြီးများ ဖြစ်စဉ် ပေါ်ပေါက်လာတဲ့ လေဟာနယ်ဟာ ရေပြင်အထက် လေယာဉ်ကိုပါ ဟန်ချက်ပျက် ဆွဲချနိုင်စွမ်း ရှိေ ကြာင်း သူ က ပြောခဲ့ပေမယ့် ဒါဟာ ခန့်မှန်း မှန်းဆချက်တစ်ခုမျှသာဖြစ်ကြောင်း၊ သိပ္ပံနည်းကျ စမ်းသပ် အတည်ပြုမှု မ ရှိသေးကြောင်း သိရပါတယ်။

ဘာမြူဒါတြိဂံ ဟာ မြောက်အတ္တလန်တစ်သမုဒ္ဒရာ ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ၄၄၀၀၀၀ စတုရန်းမိုင် ဧရိယာ ရှိပါတ ယ်။ဒါဟာ အမေရိက၊ ဥရောပ နဲ့ ကာရေဘီယန် ပင်လယ်တွင်း က ဆိပ်ကမ်းတွေကို ကူးလူးသွားလာတဲ့ သင်္ဘောတွေ အတွက် အများဆုံး ဖြတ်သန်း သွားလာရာ ရေလမ်းကြောင်း အတွင်းမှာလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ် ၁၀၀ အတွင်း လေယာဉ်နှင့် သင်္ဘောပေါင်း များစွာ အဆိုပါ ဒေသတွင်းမှာ ထူးဆန်းဖွယ် ပျောက်ဆုံးခဲ့ရပြီး ပျှမ်းမျှအားဖြင့် တစ်နှစ်လျှင် လေယာဉ် လေးစင်း၊ သင်္ဘော ၂၀ နှုန်း ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref : Mirror

Categories
ထူးဆန်းထွေလာ

ကောက်ရိတ်သိမ်းပွဲတော်ကို ဧရာမတိရစ္တာန်ပုံတူများပြုလုပ်ကာ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြတဲ့ ရွာကလေး

Zawgyi

လူသားတို႔ေန႔စဥ္ စားသုံးေနေသာ ဆန္ထမင္းအား ေက်းလက္ေဒသတြင္ ေတာင္သူလယ္သမားမ်ားမွ မိုးရာသီတြင္ စိုက္ပ်ိဳးၿပီး ရင့္မွည့္လာသည္ႏွင့္အမွ် ေဆာင္းရာသီတြင္ ရိတ္သိမ္းေလ့ရွိရာ ေကာက္႐ိုးမ်ားကိုေတာ့ ကြၽဲ ႏြားအစာအျဖစ္ အသုံးျပဳေလ့ရွိၾကသည္။

သို႔ျဖစ္၍ ဂ်ပန္ႏိုင္ငံ Niigataေက်းလက္ေဒသ ရွိ Uwasekigata Parkတြင္ က်င္းပျပဳလုပ္ေသာ ေဆာင္းရာသီ စပါးရိတ္သိမ္းပြဲ၌ အသုံးမလိုေတာ့သည့္ ေကာက္႐ိုးမ်ားကို ဧရာမ တိရစာၦန္ပုံတူ အမ်ိဳးမ်ိဳးအား တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူမ်ားမွ ျပဳလုပ္ခဲ့ၾကသည္။

ေက်ာင္းသား ေက်ာင္းသူမ်ားသည္ ေကာက္႐ိုးမ်ားစြာကို က်စ္ယူကာ ႐ုပ္ပုံႀကီးအား ေတာင့္တင္းခိုင္မာေစရန္ ေျမျပင္ေပၚတြင္ သစ္သားမ်ားကို အရင္ဆုံးပုံေဖာ္တည္ေဆာက္ၿပီးမွ အေပၚကေန ေကာက္႐ိုးမွ်င္မ်ားကို ဖုံးအုပ္ထားခဲ့သည္။

အစပိုင္းတြင္ ႐ြာသူ႐ြာသားမ်ားမွ စတင္ျပဳလုပ္ခဲ့ၿပီး ေကာက္႐ိုးႏွင့္ ျပဳလုပ္ထားသည့္ လက္ရာမ်ားမွာ ထူးျခားၿပီး စိတ္ဝင္စားစရာေကာင္းတာေၾကာင့္ ပန္းၿခံက်ယ္ႀကီးထဲမွာ ျပသခြင့္ရခဲ့ၿပီး ကမာၻလွည့္ ခရီးသြားမ်ားဧ။္ အာ႐ုံကိုဖမ္းစားႏိုင္ခဲ့၍ ေဒသတြင္း လာေရာက္လည္ပတ္သူမ်ား စည္ကားလ်က္ရွိသည္။

Rain (For Ialinks)

Unicode

လူသားတို့နေ့စဉ် စားသုံးနေသော ဆန်ထမင်းအား ကျေးလက်ဒေသတွင် တောင်သူလယ်သမားများမှ မိုးရာသီတွင် စိုက်ပျိုးပြီး ရင့်မှည့်လာသည်နှင့်အမျှ ဆောင်းရာသီတွင် ရိတ်သိမ်းလေ့ရှိရာ ကောက်ရိုးများကိုတော့ ကျွဲ နွားအစာအဖြစ် အသုံးပြုလေ့ရှိကြသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံ Niigataကျေးလက်ဒေသ ရှိ Uwasekigata Parkတွင် ကျင်းပပြုလုပ်သော ဆောင်းရာသီ စပါးရိတ်သိမ်းပွဲ၌ အသုံးမလိုတော့သည့် ကောက်ရိုးများကို ဧရာမ တိရစ္ဆာန်ပုံတူ အမျိုးမျိုးအား တက္ကသိုလ်ကျောင်းသား ကျောင်းသူများမှ ပြုလုပ်ခဲ့ကြသည်။

ကျောင်းသား ကျောင်းသူများသည် ကောက်ရိုးများစွာကို ကျစ်ယူကာ ရုပ်ပုံကြီးအား တောင့်တင်းခိုင်မာစေရန် မြေပြင်ပေါ်တွင် သစ်သားများကို အရင်ဆုံးပုံဖော်တည်ဆောက်ပြီးမှ အပေါ်ကနေ ကောက်ရိုးမျှင်များကို ဖုံးအုပ်ထားခဲ့သည်။

အစပိုင်းတွင် ရွာသူရွာသားများမှ စတင်ပြုလုပ်ခဲ့ပြီး ကောက်ရိုးနှင့် ပြုလုပ်ထားသည့် လက်ရာများမှာ ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတာကြောင့် ပန်းခြံကျယ်ကြီးထဲမှာ ပြသခွင့်ရခဲ့ပြီး ကမ္ဘာလှည့် ခရီးသွားများဧ။် အာရုံကိုဖမ်းစားနိုင်ခဲ့၍ ဒေသတွင်း လာရောက်လည်ပတ်သူများ စည်ကားလျက်ရှိသည်။

Rain (For Ialinks)

Categories
ထူးဆန်းထွေလာ

၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 နဲ့ပတ်သတ်ပြီး ထွက်ပေါ်လာခဲ့တဲ့ အငြင်းပွားဖွယ် သီအိုရီများ

၂၀၁၄ ခုနှစ်မတ်လ ၈ ရက်နေ့မှာ ပျက်ကျသွားခဲ့တဲ့ မလေးရှားလေယာဉ်လိုင်းမှ Flight 320 ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့သွားစဉ်ခရီးလမ်းမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ဗြိတိန်ဂြိုလ်မှ အထောက်အထားတွေအရတော့ လေယာဉ်ပျက်ကြီးရဲ့ ဂျက်လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်း တစ်နေရာမှာရှိလိမ့်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပါတယ်။

လေကြောင်းလိုင်းရဲ့ ဂြိုလ်တု မှ တစ်ဆင့်ခြေရာခံထားခဲ့တဲ့အထောက်အထားတွေအရ ဒီလေယာဉ်ဟာ လမ်းကြောင်းပေါ်ကနေ မြောက်ဘက်ကိုယွန်းသွားကြောင်းတွေ့ထားရပါတယ်။ “လေယာဉ်ဟာ မြောက်ဖက်ကိုယွန်းသွားရတာက အကြမ်းဖက်သမားတွေက တစ်နေရာမှာ ဆင်းသက်ခိုင်းစေချင်လို့ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ မြောက်ဖက်မှာ ကုန်းမြေရှိပြီး တောင်ဘက်မှာတော့ ရေပြင်ကျယ်ကြီးပဲရှိနေတဲ့အတွက် လေယာဉ်ဆင်းသက်ဖို့မဖြစ်နိုင်လို့ပဲ။ ဒါပေမယ့်လည်း ဒီအချက်ပေါ်မူတည်ပြီး ကောက်ချက်ချဖို့ခဲယဉ်းပါတယ် ” လို့ ဒီလေယာဉ်နဲ့ပတ်သတ်ပြီး စာတမ်းပြုစုနေတဲ့ ဆောင်းပါးဆရာ Jeff Wise ကပြောပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ အပိုင်းအစတွေကိုတော့ မလေးရှား ၊ Mozambique နဲ့ Tanania နိုင်ငံတွေရဲ့ ကမ်းခြေတွေမှ ာတွေ့ရှိခဲ့ရပါတယ်။ မကြာသေးခင်ကပဲ လေယာဉ်အပျက်မှ အပိုင်းအစလို့ထင်ရတဲ့ အပိုင်းအစငါးခုကိုလည်း Madagascar မှာ သောင်တင်နေခဲ့တာ တွေ့ခဲ့ရပါတယ်။ စစ်ဆေးသူတွေကတော့ ဒီလေယာဉ်ဟာ လမ်းကြောင်းပေါ်က ထွက်သွားခဲ့ပြီး မိုင်ထောင်ချီအကွာမှ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ်။ ဒီလေယာဉ်ပျက်ကျအပေါ် မူတည်ပြီးတော့ အငြင်းပွားဖွယ်ရာတွေလည် းဖြစ်နေကြပါသေးတယ်။

တစ်ချို့တွေကတော့ MH370 ပြန်ပေးဆွဲခံရမှုဟာ ရုရှားသမ္မတ Vladimir Putin နဲ့ပတ်သတ်နေတယ်လို့ယူဆထားကြပါတယ်။ ပြင်သစ်လေတပ်သားဟောင်း Marc Dugain ကတော့ လေယာဉ်က ပြန်ပေးဆွဲခံထားရတဲ့အတွက် အမေရိကန်လေတပ်က ပစ်ခတ်ပြီး လေယာဉ်ကို အစဖျောက်လိုက်တာဖြစ်တယ်လို့ပြောထားပါတယ်။ မလေးရှားရဲမှူးချုပ် Tan Sri Khalid Abu Bakar ကတော့ လေယာဉ်ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုနဲ့ ပတ်သတ်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒီလေယာဉ်ပေါ်မှာ လိုက်ပါသွားခဲ့တဲ့ သူတစ်ယောက်ဟာ လေယာဉ်မစီးခင်မှာ အသက်အာမခံ တန်ကြေးအများကြီး ထားခဲ့ကြောင်း တွေ့ရှိထားရတဲ့အတွက် အခုလိုယူဆရတာပဲဖြစ်ပါတယ်။

သမိုင်းပညာရှင် Norman Davies ကတော့ MH370 ဟာ လျို့ဝှက်နေရာတစ်ခုမှာရှိနေဆဲဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီနေရာမှာ လေယာဉ်ပြန်ပေးဆွဲခဲ့တဲ့သူတွေက လေယာဉ်ပေါ်မှာတင်ဆောင်လာတဲ့တရားမဝင်ပစ္စည်းတွေကို ထုတ်ယူနေတာဖြစ်တယ်လို့ပြောပါတယ်။ မလေးရှားလေယာဉ်လိုင်းဟာ MH370 မပျောက်သွားခင် ၂ ရက်အလိုမှာ သူတို့ပိုင်လေယာဉ်တစ်စင်းရဲ့နံရံမှာ ၁၅ လက်မလောက်ရှိတဲ့ အက်ကြောင်းတစ်ခုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အက်ကြောင်းဖြစ်နေတာကို တွေ့ရှိပြီးနောက်မှာ အရေးပေါ်သတင်းထုတ်ပြန်ကြေငြာပြီး လေယာဉ်တွေကို စစ်ဆေးဖို့သတိပေးခဲ့ပါသေးတယ်။ ဒါပေမယ့် Boeing 777 လေယာဉ်အမျိုးအစားတွေဟာ အင်တာနာမပါရှိတဲ့အတွက် သတိပေးချက်တွေကို မရရှိခဲ့ဘူးလို့ Daily Mirro မှာရေးသားထားတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ် Malcolm Turnbulll ကတော့ ဒီဖြစ်ရပ်အပေါ် ပိုင်းလော့တွေကို အပြစ်တင်ဆိုထားပါတယ်။ ပျက်ဆီးနေတဲ့ Najab Razak ရဲ့အစိုးရကို ဖြုတ်ချပြီး မလေးရှားပါတီခေါင်းဆောင် Anwar Lbrahim ကိုထောင်ထဲက ပြန်လွှတ်ပေးဖို့အတွက် ကိုယ့်လေယာဉ်ကို ကိုယ်ပြန်ပေးဆွဲပြီး Sucide Mission အနေနဲ့ဆန္ဒပြသွားတာဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ် မတ် ၅ ရက်နေ့တုန်းက ခရီးသည်ပေါင်း ၂၂၀ တင်ဆောင်လာတဲ့ တရုတ်လေယာဉ်တစ်စီးကို မြောက်ကိုရီးယားမှ ပစ်ချခါနီး အခြေအနေဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီလေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းဟာ မြောက်ကိုရီးယားရဲ့ စနက်ဖြစ်နိုင်တယ်လို့လည်း တစ်ချို့တွေက ယူဆထားကြပါတယ်။

ထူးဆန်တဲ့အချက်တစ်ခုကတော့ လေယာဉ်ပျက်ကျသွားပြီး ၄ ရက်ကြာတဲ့အထိ လေယာဉ်ပေါ်မှာ ပါသွားတဲ့ ခရီးသည်တွေရဲ့ဖုန်းကို ခေါ်လို့ရနေသေးတဲ့ အချက်ပါပဲ။ ပညာရှင်တွေကတော့ တစ်ခါတစ်လေမှာ ဖုန်းပျက်ဆီးသွားပေမယ့် ဖုန်းခေါ်တဲ့အသံကို ကြားရလေ့ရှိတတ်တယ်လို့ ထောက်ပြထားကြပါတယ်။ စက်တင်ဘာလ ၂၀၁၈ ခုနှစ်မှာ ဗြိတိန်မှ Lan Wilson ဆိုတဲ့သူတစ်ယောက်ဟာ Google Maps မှတစ်ဆင့် လေယာဉ် အပျက်အဆီးအပိုင်းအစတွေကို ရှာတွေ့ခဲ့ပါတယ်။ သူဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့အပြင်ဘက် တောအုပ်ထဲမှာရှိတဲ့ တောင်ကုန်းတစ်ခုနားမှာ ဒီလေယာဉ်အပျက်အဆီးတွေကိုတွေ့ခဲ့တာပဲဖြစ်ပါတယ်။ တရုတ်အစိုးရမှ ရှာဖွေရေးအဖွဲ့တစ်ခုလွှတ်ပြီး ရှာဖွေခဲ့ပေမယ့် တောအုပ်ထဲမှာ မည်သည့်လေယာဉ်အစိတ်အပိုင်းကိုမှမတွေ့ခဲ့ရပါဘူး။

မေလ ၂၀၁၈ ခုနှစ်မှာတော့ သြစတေးသျနိုင်ငံရဲ့ တီဗီအစီအစဉ်တစ်ခုမှာ လေကြောင်းသုတေသီတွေ ပေါင်းစုပြီးတော့ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာတော့ လေယာဉ်မှူး Shah ဟာ လေယာဉ်ကို သြစေတေးသျနိုင်ငံအနောက်ဘက် အိန္ဒိယသမုဒ္ဒရာထဲကို သေချာပေါက် မောင်းဆင်းခဲ့တာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သြစတေးသျ ခရီးသွားလာရေး ဗျူရိုမှ Martin Dolan ကလည်း ” ဒီအဖြစ်အပျက်ဟာ သေချာစီစဉ်ထားတဲ့အဖြစ်အပျက်ပါ။ အချိန်များစွာကြာခဲ့ပြီးတဲ့နောက်မှာ ဖြေရှင်းနိုင်ခဲ့ပါပြီ ” လို့ ပြောကြားခဲ့ပါတယ်။ ထို့အပြင် လေကြောင်းနည်းပြ Simon Hardy ဟာလည်း ကပ္ပတိန်ဟာ သူ့မွေးရပ်မြေ Peneng မြို့အပေါ်ကို ဖြတ်မောင်းဖို့အတွက် လမ်းကြောင်းပေါ်က သွေဖီခဲ့သေးတဲ့အကြောင်းလည်း ထည့်ပြောခဲ့ပါတယ်။

ဒါပေမယ့် လေကြောင်းအရာရှိတစ်ယောက်တော့ MH370 ဟာ အရှိန်နဲ့ထိုးဆင်းခဲ့တာမဟုတ်ပဲ ရေပေါ်ကို ဖြည်းညှင်းစွာဆင်းသက်ခဲ့တာဖြစ်တဲ့အတွက် ကပ္ပတိန်ကြံစည်တာမဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ပျံအောက်ပိုင်းတွေဟာ ရေနဲ့ရှပ်ထိထားတဲ့အတွက်ပွန်းထားတဲ့ ဒဏ်ရာတွေတွေ့ထားရလို့ပါ။ တကယ်လို့အရှိန်နဲ့ ဆင်းသက်ခဲ့မယ်ဆိုရင် လေယာဉ်ဟာရေထဲကိုတန်းပြီး နစ်သွားမှာပဲဖြစ်ပါတယ်။

Writer – Min Thu (Daily Hot News)

Categories
ထူးဆန်းထွေလာ

တစ်ချိန်က နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ သမိုင်းဝင် ပိုးလမ်းမကြီး အကြောင်း တစေ့တစောင်း

တစ်ချိန်က နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ သမိုင်းဝင် ပိုးလမ်းမကြီး အကြောင်း တစေ့တစောင်း

ဘီစီ ၂ – ရာစု အချိန်ခန့်မှစ၍ အာရှ ရှိ တရုတ် နှင့် ဥရောပရှိ ရောမတို့အကြား ကူးသန်း ရောင်းဝယ်မှုပြုလုပ်ခဲ့ရာ အရှည် မိုင် – ၄၀၀၀ ကျော်ရှိသည့် ရှေးခေတ် ခရီးသွားလမ်းကြောင်းဖြစ်သည်။ ပိုးလမ်းမသည် လမ်းကြောင်းကွန်ယက် များစွာရှိပြီး တရုတ်နှင့် ရောမဒေသကို ဆက်သွယ်ထားသည်။

တရုတ်နိင်ငံမှ ထွက်ရှိရာ အဝတ်အထည်များ ၊ ပိုးထည်များကို ကူးသန်း ရောင်းဝယ်ခဲ့သဖြင့် Silk Road ဟု အမည်ကျော်သည်။ ၁၅ – ရာစုနောက်ပိုင်း ဥရောပ မှ အာရှ သို့ သွားရောက်သည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် Silk Road ခေါ်ပိုးလမ်းမ မှ ကုန်သွယ်မှုသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

လမ်းကြောင်းများ

ဘီစီ ၂ – ရာစု တရုတ်၏ Han dynasty ခေတ် အစ အချိန်က ဤလမ်းကြောင်းသည် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း မဟုတ်ဘဲ တရုတ်မြောက်ပိုင်းမှ ကျူးကျော်သူများကို ချီတက် တိုက်ခိုက် ရာလမ်းကြောင်းသာဖြစ်သည်။

Han dynasty ခေတ် ခိုင်မြဲလာပြီးနောက် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများပေါ်ထွန်းလာခဲ့သည် ။ Silk Road တွင် အဓိကလမ်းကြောင်းများစွာ ပါဝင်သည် ။ အလွန်ကြမ်းတမ်းတဲ့ ရာသီဥတု ရှိရာဒေသများ ၊ ကန္တာရများကို ဖြတ်ကျော် ရသဖြင့် ခရီးသွားအများစု မှာ ကုလားအုပ်များ ၊ မြင်းများကို အသုံးပြုပြီးသွားလာကြသည်။

ယဉ်ကျေးမှု နှင့် အနုပညာ ပျံ့နှံ့လာရာလမ်းကြောင်း

ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံ၏ စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ၊ အပြောင်းလဲများ ရာစုနှစ်ပေါင်းများစွာ ဖြစ်ပေါ်စေခဲ့သည်။ ဘီစီ ၆ – ရာစုအချိန်က အိန္ဒိယ မြောက်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာ အယူဝါဒများသည်လည်း အေဒီ ၁ – ရာစုအချိန်တွင် ဤလမ်းကြောင်းမှတဆင့် တရုတ်နိင်ငံသို့ ပျံ့နှံ့လာခဲ့သည်။

ထိုအခါ တရုတ်တို့၏ အဆောက်အဦး ပုံစံများမှာ ဗုဒွဘုရားကျောင်းစတိုင်များ ဖြစ်လာကာ ရုပ်ထုများ ၊ ပန်းချီကားများ မှာလည်း ဗုဒ္ဓယဉ်ကျေးမှု အငွေ့ အသက်များ ပျံနှံ့လာခဲ့သည်။ အေဒီ ၃ – ရာစု Han dynasty ခေတ်ကျဆုံးပြီးနောက် ပိုးလမ်းမကြီးသည်လည်း ကူးသန်း ရောင်းဝယ်မှု နည်းသွားခဲ့ပြီး အေဒီ ၇- ရာစု Tang dynasty လက်ထက်တွင် ပြန်လည်ထွန်းကားလာခဲ့သည်။

အေဒီ ၆ – ရာစု အချိန်က ခရီးသွားများသည် ပိုးလမ်းမကြီးတလျှောက်ခရီးသွားလာရင်း ဂူ နံရံများတွင် ပန်းချီကားများ ရေးဆွဲခဲ့ကြသည် ။ ထိုနံရံပန်းချီကားများမှာ ယနေ့အချိန်တွင် World Heritage Site အဖြစ် တည်ရှိသည်။

Caravan on the Silk Road

အေဒီ ၆ – ရာစုအချိန်ကရေးဆွဲခဲ့သည့် ပိုးလမ်းမတလျှောက်ရှိ ဂူနံရံမှ ပန်းချီကားများ ဖြစ်သည် ။ ထိုနံရံပန်းချီကားများကိုဂူပေါင်း ၄၂၀ – ခန့်တွင် တွေ့ရှိရပြီး အများစုမှာ တရုတ်နိင်ငံ Gansu ခရိုင် Dunhuang ဒေသတွင် တွေ့ရှိရသည်။ ၁၉၈၇ – အချိန်က ထိုဂူများအား ကမ ္ဘာ့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ World Heritage Site အဖြစ် သတ်မှတ်ခဲ့သည်။

Tang dynasty ခေတ်တွင် ကူးသန်းရောင်းဝယ်မှု အလွန်ထွန်းကားခဲ့ပြီး အာရှ အလယ်ပိုင်းမှ အစ္စလမ်၊ ပါရှန် ယဉ်ကျေးမှုများ ၊ ဂီတ အနုပညာများ တရုတ်ပြည်သူများအပေါ် များစွာပျံနှံ့လာခဲ့သည်။ အေဒီ ၁၀ – ရာစုတွင် Tang dynasty ခေတ်ကျဆုံးပြီး ပိုးလမ်းမကြီးမှ ကူးသန်း ရောင်းဝယ်မှု တဖန်နည်းပါး သွားခဲ့ပြန်သည်။

အေဒီ ၁၃ – ရာစုတွင် မွန်ဂိုအင်ပါယာသည် တရုတ်ထိ ကျယ်ပြန့်လာပြီးနောက် သည်လမ်းမှ ကူးသန်း ရောင်းဝယ်မှုပြန်လည်ထွန်းကားလာခဲ့ပြန်သည်။ ၁၂၇၁ ခုနှ စ်အချိန်က ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဤ ပိုးလမ်းမတလျှောက် ခရီးသွားခဲ့ပြီး တရုတ် နှင့် မြန်မာနိင်ငံ ပုဂံဒေသသို့ ရောက်ရှိခဲ့သည်ဟု မှတ်တမ်းများမှ ဆိုသည်။(တချို့ကတော့ မာကိုပိုလိုသည် ပုဂံသို့ မရောက်ခဲ့ဟု ဆိုကြသည်)။

ထိုအချိန်က မာကိုပိုလို၏ ခရီးသွား မှတ်တမ်းသည် ဥရောပတွင် အလွန်ကျော်ကြားခဲ့သည်။ အေဒီ ၁၅ – ရာစုတွင် ဥရောပမှ အာရှ သို့သွားသည့် ရေလမ်းခရီးကို တွေ့ရှိပြီးနောက် ပိုးလမ်းမတလျှောက် ကန္တာရ ခရီးသွား ကုန်သွယ်မှုများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ။

Takla Makan Desert

တရုတ်နိင်ငံအနောက်မြောက်ဒေသမှ ပိုးလမ်းမတလျှောက်ရှိ Takla Makan ကန္တာရအမည် ဖြစ်သည် ။ ကန္တာရ ခရီးသွားများသည် ကုလားအုပ် ၊ မြင်း နှင့် မြည်း စသည့်တိရစ္ဆာန်များကို ကုန်စည် သယ်ဆောင်ရန် အသုံးပြုကြသည် ။

ယနေ့ပိုးလမ်းမ

ပိုးလမ်းမသည် ယနေ့အချိန်တွင် ကုန်သွယ်လမ်းကြောင်း အနေဖြင့် အရေးပါမှု မရှိတော့သော်လည်း ရှေးခေတ်အချိန်က ခရီးသွားများ ရပ်နား နေထိုင်ခဲ့ရာနေရာများ ၊ ဂူနံရံပန်းချီကားများ ၊ ရှေးခေတ် ဗိသုကာ လက်ရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။

ထိုနေရာများသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် တည်ရှိပြီး ထင်ရှားသည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာ ဖြစ်သည်။ သို့သော် တရုတ်နိင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး နှင့်အတူ ခေတ်သစ်ပိုးလမ်းမ ကုန်သွယ်ရေးသည်လည်း တဖန်ပြန်လည် နိုးကြားလာခဲ့ကြသည်။ ပိုးလမ်းမ အသစ်များကိုလဲ ချဲ့ထွင်ရန် စဉ်းစားလာခဲ့ကြသည်။

နောက်ဆုံး ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းများကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

ရေးသားသူ – Academy

𝐶𝑟𝑒𝑑𝑖𝑡:𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟

Categories
ထူးဆန်းထွေလာ

ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒဏ္ဍာရီထဲက ရှန်ဂရီလာ

ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒဏ္ဍာရီထဲက ရှန်ဂရီလာ

ရှန်ဂရီလာ (သို့) ရှန်ဘဲလားဒေသဟာ စိတ်ကူးနယ်မြေတစ်ခု ဖြစ်ပြီး ဒီနာမည်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဂျိန်းဟီလ်တန် (James Hilton) စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ စာရေးသူဟာ ဒီနေရာဒေသကို အမှန်တကယ် ရောက်ရှိခဲ့ပြီး ရှန်ဂရီလာဆိုတဲ့ ဒီနာမည်ကိုပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ်။ ထိုစာအုပ်ကို ဆရာမောင်ထွန်းသူက ရှန်ဂရီလာ အမည်နဲ့ပဲ ဘာသာပြန်ထားတာ ရှိပါတယ်။

ရှန်ဂရီလာလို့ ဆိုလိုက်တာနဲ့ မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်သော ဒဏ္ဍာရီနေရာ တစ်ခုဆိုတာကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးနားဝ ရှိကြမှာပါ။ မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေထဲမှာလည်း မကြာခဏ ထည့်ရေးလေ့ ရှိပါတယ် ။ ရှန်ဂရီလာနဲ့ ပါတ်သက်လို့ သံတူကြောင်းကွဲ အကြောင်းအရာ များစွာရှိပေမယ့် တူညီတဲ့ အချက်တွေကတော့ ဟိမဝန္တာတောင်တန်း တစ်နေရာတွင်ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ် ဒေသဖြစ်ခြင်း၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိခြင်း စသည်တို့ ဖြစ်ပါတယ်။

တကယ်တော့ ရှန်ဂရီလာ (ShangriLa) သည် တိဗက်စကားလုံး Shang (တိဗက်ဒေသတစ်ခု) Gri (တောင်) La (pass) တို့ ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပါယ် ဖွင့်နိုင်ပါတယ်။ ရှန်ဂရီလာရဲ့ ပုံပြင်ဟာ တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်းမြို့တော် ရှန်ဘဲလာမှ ဆင်းသက်လာတဲ့ အယူအဆလည်း ဖြစ်ပါတယ်။

ဒဏ္ဍရီ ဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာ မသေဆုံးနိုင်တဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိတဲ့ ထူးဆန်းတဲ့လူမျိုးများ နေထိုင်ရာဒေသ ဖြစ်ပါတယ်။ ဒီလျှို့ဝှက်နယ်မြေကို အမှတ်မထင် ရောက်ဖူးသူအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြင်ပြန်ရောက်ပြီး ဒီနေရာကို ပြန်လည်ရှာဖွေရာမှာတော့ ဘယ်လိုမှ ရှာဖွေမတွေ့နိုင်တော့ပဲ ဒီနေရာဟာ ပျောက်ခြင်းမလှ ပျောက်သွားတယ်လို့ သိရပါတယ်။

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့အတိတ်နဲ့အနာဂတ်ကို ပြောပြနိုင်တဲ့ တိဗက်ဘုန်းတော်ကြီးတွေ တရား ကျင့်ကြံကြပါတယ်။ ဒီဒေသကို ကမ္ဘာ့အစိမ်းရောင် နယ်မြေအဖြစ် သတ်မှတ်ထားပြီး တရားဓမ္မတွေ ထွန်းကားတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ ယန်းဇီးမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကို ဒဏ္ဍရီဆန်လောက်အောင် လှပလွန်းတဲ့ ဒေသဖြစ်ပြီး တရုတ်ပြည် ယူနန်စီရင်စုရဲ့ တောင်ဖက်စူးစူးတွင် တည်ရှိသော အံ့သြဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

အိန္ဒိယမြောက်ပိုင်းနှင့် တိဗက်ဒေသကြားရှိ ဗုဒ္ဓဘာသာထွန်းကားသော ဟိမဝန္တာ တောင်တန်းဒေသများသည် ကမ္ဘာလှည့် ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေသလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ Zhongdia ဒေသအား ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရန် ရှန်ဂရီလာဟု အမည်ပေးခဲ့ပါတယ်။ တိဗက်ဒေသရှိ ဒဏ္ဍာရီဆန်သော ခွန်းလွန်တောင် အချို့ဒေသများဟာလည်း ရှန်ဂရီလာတည်ရှိတဲ့ ဒေသဟုဆိုကြပါတယ်။

ရှန်ဂရီလာ တည်ရှိသည်ဟု နာမည်ကြီး ထင်ရှားသည့် ဒေသတစ်ခုမှာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ Hunza တောင်ကြားဒေသ ဖြစ်တယ်ဟု ဆိုပြန်ပါတယ်။ တိဗက်နယ်စပ်နှင့်နီးသော ထိုနေရာဒေသအား The Lost Horizon မထုတ်ဝေမီ နှစ်အနည်းငယ်ပ Hilton ဟာ သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဟိမဝန္တာ အနောက်ပိုင်းရှိ တောင်များ ဝန်းရံထားတဲ့ စိမ်းစိုလန်းဆန်းသော ထိုနယ်မြေဒေသဟာ ဝထ္ထုပါ ရှန်ဂရီလာဒေသနှင့် လည်း ပထဝီအနေအထားအရ နီးနီးစပ်စပ် တူညီမှု ရှိပါတယ်။

ထိုဒေသမှ ရှန်ဂရီလာ အပန်းဖြေစခန်းသည်လည်း ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသာက်မှာ ဆတ်သားဟင်း ဖြစ်ပါတယ်။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့် နေရာတွင်မှ မရနိုင်ဟုလည်း သိရပါတယ်။

CREDIT – Thutazone

ထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဒ႑ာရီထဲက ရွန္ဂရီလာ

ရွန္ဂရီလာ (သို႔) ရွန္ဘဲလားေဒသဟာ စိတ္ကူးနယ္ေျမတစ္ခု ျဖစ္ၿပီး ဒီနာမည္ကို ၁၉၉၃ ခုႏွစ္တြင္ ထုတ္ေဝခဲ့တဲ့ စာေရးဆရာ ဂ်ိန္းဟီလ္တန္ (James Hilton) စာအုပ္မွာ စတင္ေခၚဆိုခဲ့ျခင္း ျဖစ္ပါတယ္။ စာေရးသူဟာ ဒီေနရာေဒသကို အမွန္တကယ္ ေရာက္ရွိခဲ့ၿပီး ရွန္ဂရီလာဆိုတဲ့ ဒီနာမည္ကိုေပးဖို႔ စိတ္ကူးခဲ့ေၾကာင္း ေျပာထားပါတယ္။ ထိုစာအုပ္ကို ဆရာေမာင္ထြန္းသူက ရွန္ဂရီလာ အမည္နဲ႔ပဲ ဘာသာျပန္ထားတာ ရွိပါတယ္။

ရွန္ဂရီလာလို႔ ဆိုလိုက္တာနဲ႔ ျမန္မာျပည္ေျမာက္ပိုင္းက ထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မေသဆုံးႏိုင္ေသာ ဒ႑ာရီေနရာ တစ္ခုဆိုတာကို ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးနားဝ ရွိၾကမွာပါ။ ျမန္မာစာေရးဆရာေတြရဲ႕ စာအုပ္ေတြထဲမွာလည္း မၾကာခဏ ထည့္ေရးေလ့ ရွိပါတယ္ ။ ရွန္ဂရီလာနဲ႔ ပါတ္သက္လို႔ သံတူေၾကာင္းကြဲ အေၾကာင္းအရာ မ်ားစြာရွိေပမယ့္ တူညီတဲ့ အခ်က္ေတြကေတာ့ ဟိမဝႏၲာေတာင္တန္း တစ္ေနရာတြင္ရွိျခင္း၊ ေအးခ်မ္းေပ်ာ္႐ႊင္ဖြယ္ ေဒသျဖစ္ျခင္း၊ ျပင္ပကမာၻႏွင့္ အဆက္အသြယ္ မရွိျခင္း စသည္တို႔ ျဖစ္ပါတယ္။

တကယ္ေတာ့ ရွန္ဂရီလာ (ShangriLa) သည္ တိဗက္စကားလုံး Shang (တိဗက္ေဒသတစ္ခု) Gri (ေတာင္) La (pass) တို႔ ေပါင္းလိုက္ေသာအခါ Shang Mountain Pass ဟု အဂၤလိပ္ဘာသာျဖင့္ အဓိပၸါယ္ ဖြင့္ႏိုင္ပါတယ္။ ရွန္ဂရီလာရဲ႕ ပုံျပင္ဟာ တိဗက္ဗုဒၶဘာသာ ေရွးေဟာင္းၿမိဳ႕ေတာ္ ရွန္ဘဲလာမွ ဆင္းသက္လာတဲ့ အယူအဆလည္း ျဖစ္ပါတယ္။

ဒ႑ရီ ဇာတ္လမ္းေတြထဲမွာေတာ့ ရွန္ဂရီလာဆိုတာ မေသဆုံးႏိုင္တဲ့ ျပင္ပကမာၻနဲ႔ အဆက္အစပ္မရွိတဲ့ ထူးဆန္းတဲ့လူမ်ိဳးမ်ား ေနထိုင္ရာေဒသ ျဖစ္ပါတယ္။ ဒီလွ်ိဳ႕ဝွက္နယ္ေျမကို အမွတ္မထင္ ေရာက္ဖူးသူအခ်ိဳ႕ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အျပင္ျပန္ေရာက္ၿပီး ဒီေနရာကို ျပန္လည္ရွာေဖြရာမွာေတာ့ ဘယ္လိုမွ ရွာေဖြမေတြ႕ႏိုင္ေတာ့ပဲ ဒီေနရာဟာ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားတယ္လို႔ သိရပါတယ္။

ရွန္ဂရီလာေဒသမွာ လားမားဘုန္းေတာ္ႀကီးေတြ လူေတြရဲ႕အတိတ္နဲ႔အနာဂတ္ကို ေျပာျပႏိုင္တဲ့ တိဗက္ဘုန္းေတာ္ႀကီးေတြ တရား က်င့္ႀကံၾကပါတယ္။ ဒီေဒသကို ကမာၻ႔အစိမ္းေရာင္ နယ္ေျမအျဖစ္ သတ္မွတ္ထားၿပီး တရားဓမၼေတြ ထြန္းကားတဲ့ နယ္ေျမလည္း ျဖစ္ပါတယ္။ ယန္းဇီးျမစ္ႀကီး စီးဝင္ရာ ရွန္ဂရီလာေဒသသည္ တကယ့္ကို ဒ႑ရီဆန္ေလာက္ေအာင္ လွပလြန္းတဲ့ ေဒသျဖစ္ၿပီး တ႐ုတ္ျပည္ ယူနန္စီရင္စုရဲ႕ ေတာင္ဖက္စူးစူးတြင္ တည္ရွိေသာ အံ့ၾသဖြယ္ရာ နယ္ေျမတစ္ခုလည္း ျဖစ္ပါတယ္။

အိႏၵိယေျမာက္ပိုင္းႏွင့္ တိဗက္ေဒသၾကားရွိ ဗုဒၶဘာသာထြန္းကားေသာ ဟိမဝႏၲာ ေတာင္တန္းေဒသမ်ားသည္ ကမာၻလွည့္ ခရီးသည္မ်ားအား အလြန္ဆြဲေဆာင္ႏိုင္ေသာ ေဒသလည္း ျဖစ္ပါတယ္။ ၂၀၀၁ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံမွ Zhongdia ေဒသအား ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္ရန္ ရွန္ဂရီလာဟု အမည္ေပးခဲ့ပါတယ္။ တိဗက္ေဒသရွိ ဒ႑ာရီဆန္ေသာ ခြန္းလြန္ေတာင္ အခ်ိဳ႕ေဒသမ်ားဟာလည္း ရွန္ဂရီလာတည္ရွိတဲ့ ေဒသဟုဆိုၾကပါတယ္။

ရွန္ဂရီလာ တည္ရွိသည္ဟု နာမည္ႀကီး ထင္ရွားသည့္ ေဒသတစ္ခုမွာ ပါကစၥတန္ႏိုင္ငံ ေျမာက္ပိုင္းရွိ Hunza ေတာင္ၾကားေဒသ ျဖစ္တယ္ဟု ဆိုျပန္ပါတယ္။ တိဗက္နယ္စပ္ႏွင့္နီးေသာ ထိုေနရာေဒသအား The Lost Horizon မထုတ္ေဝမီ ႏွစ္အနည္းငယ္ပ Hilton ဟာ သြားေရာက္ လည္ပတ္ခဲ့ပါတယ္။ ဟိမဝႏၲာ အေနာက္ပိုင္းရွိ ေတာင္မ်ား ဝန္းရံထားတဲ့ စိမ္းစိုလန္းဆန္းေသာ ထိုနယ္ေျမေဒသဟာ ဝထၳဳပါ ရွန္ဂရီလာေဒသႏွင့္ လည္း ပထဝီအေနအထားအရ နီးနီးစပ္စပ္ တူညီမႈ ရွိပါတယ္။

ထိုေဒသမွ ရွန္ဂရီလာ အပန္းေျဖစခန္းသည္လည္း ကမာၻလွည့္ ခရီးသည္မ်ားအား ဆြဲေဆာင္ႏိုင္တဲ့ ေနရာ ျဖစ္ပါတယ္။ ရွန္ဂရီလာ၏ အထူးျခားဆုံး အစားအသာက္မွာ ဆတ္သားဟင္း ျဖစ္ပါတယ္။ အလြန္ကို ေကာင္းမြန္လတ္ဆတ္ၿပီး မည္သည့္ ေနရာတြင္မွ မရႏိုင္ဟုလည္း သိရပါတယ္။

CREDIT – Thutazone

Categories
ထူးဆန်းထွေလာ

အလည်အပတ်သွားပြီး အိမ်ပြန်လာချင်စိတ်တွေပါ ပျောက်သွားစေမည့် ကမ္ဘာတစ်ဝှမ်းမှ ထူးခြားဆန်းပြား ဟိုတယ်များ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ လူတိုင်းလူတိုင်းဟာ လှပတဲ့ နေရာကောင်းလေးတွေဆိုရင်ကြိုက်နှစ်သက်ကြသလို ခဏခဏသွားရောက်လည်ပတ်ဖို့လည်း ဆန္ဒရှိကြတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ချစ်ရတဲ့ သူတွေကိုပါ ခံစားစေချင်တဲ့ စေတနာနဲ့ အတူတကွ သွားရောက်လည်ပတ်ကြလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ ခဏတဖြုတ် အလည်အပတ်သွားရုံတင်မကပဲ တစ်သက်လုံး အပြီးနေထိုင်ချင်စိတ်ပေါက်စေတဲ့အထိ လှပလွန်းတဲ့ ကမ္ဘာတစ်၀န်းက ဟိုတယ်တွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်စိတ်ဝင်စားစရာကောင်းပြီး နေချင်စဖွယ် အလဉ်အပတ်သွားချင်စရာကောင်းသလဲဆိုရင် အခုပဲ ကြည့်လိုက်ကြရအောင်

(1)

အမေရိကန်နိုင်ငံမှာရှိတဲ့ Amangiri ဟိုတယ်ပဲဖြစ်ပါတယ်။

(2)

တရုပ်နိုင်ငံ Huzhou မှာရှိတဲ့ ရေပူစမ်း အပန်းဖြေ ဟိုတယ်ပဲဖြစ်ပါတယ်။

(3)

ဒါကတော့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ Propeller Island ဟိုတယ်ဖြစ်ပါတယ်။

(4)

ကနေဒါ နိုင်ငံမှာရှိတဲ့ ဟိုတယ်တစ်ခုနဲ့ တွဲဖက်တည်ဆောက်ထားတဲ့ အပန်းဖြေ စခန်းလေးဖြစ်ပါတယ်။လှပဆန်းသစ်တဲ့ ဒီဇိုင်းလေးကြောင့် ဖော်ပြပေးလိုက်ရတာပဲဖြစ်ပါတယ်။

(5)

အီတလီနိုင်ငံမှာရှိတဲ့ Bivacco Gervasutti အပန်းဖြေဟိုတယ် ဖြစ်ပါတယ်။ဒီဇိုင်းကတော့ မိမိုက်လွန်းလှပါတယ်။

(6)

ဒါကတော့ India နိုင်ငံမှာရှိတဲ့ Neemrana Fort Palace ဖြစ်ပါတယ်။

(7)

ပြင်သစ်မှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ အတွင်းခန်း ခြယ်မှုန်းထားမှု ဖြစ်ပါတယ်။နာမည်ကတော့ Seven Hotel ပါတဲ့။

(8)

အီတလီနိုင်ငံမှာရှိတဲ့ ဟိုတယ်တစ်ခုဖြစ်တဲ့Sextantio le Grotte della Civita ဖြစ်ပါတယ်။ရှားရှားပါးပါး ဒီဇိုင်းတစ်ခုပါပဲ။

(9)

Australia နိုင်ငံမှာရှိတဲ့ Thorngrove Manor Hotel,Adelaide,Australia ဟိုတယ်လေးဖြစ်ပါတယ်။မလှပပေဘူးလားဗျာ။

(10)

နယ်သာလန် နိုင်ငံမှာရှိတဲ့ Lloyd Hotel ဖြစ်ပါတယ်။ဖယောင်းတိုင်မီးရောင်လေးက classic ဖြစ်လှပါတယ်။

(11)

ဒါလည်းနယ်သာလန်နိုင်ငံက ဟိုတယ်တစ်ခုပါပဲ။ နာမည်ကတော့ Crane Hotel Faralda ပါတဲ့ဗျာ။ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဆောက်လက်စ တိုက်ကြီးတစ်ခုလိုပါပဲ။

(12)

ဆွီဒင်နိုင်ငံမှာရှိတဲ့ သစ်ပင်ဟိုတယ်ပါတဲ့ ခင်ဗျာ။ကျွန်တော်ကတော့ အာကသ ယာဥ်ဟိုတယ်လို့ပဲ မှည့်ခေါ်လိုက်ချင်ပါတယ်။သူ့ပုံစံလေးက UFO လေးနဲ့ တူလွန်းလို့ပါ။

(13)

Canada နိုင်ငံမှာရှိတဲ့ Fantasyland Hotel ပဲဖြစ်ပါတယ်။ Just wow ပါပဲ။

(14)

Spain နိုင်ငံမှ Canca & Hotel Mastinell ဖြစ်ပါတယ်။

(15)

BelgiumကLa Balada des Gnomesဖြစ်ပါတယ်။

(16)

ဒီဟိုတယ်ကတော့ လက်ရှိမှာ ဆောက်လုပ်ထားခြင်းမရှိသေးပါဘူး။’နာမည်ကတော့ The Ark လို့အမည်ပေးထားပါတယ်။ဒီဟိုတယ်ကိုတော့ ကမ္ဘာကြီးပူနွေးလာမှုတွေ များပြားလာမယ်ဆိုရင် တည်ဆောက်မယ်ဆိုပြီး future plan အနေနဲ့ ပုံဖော်ဒီဇီုင်းဆွဲထားတာဖြစ်ပါတယ်။

(17)

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ Shinta Mani Wild အပန်းဖြေ ရိပ်သာလေးဖြစ်ပါတယ်။

(18)

ဟောင်ကောင်မှာရှိတဲ့ Rose Wood ဟိုတယ်ဖြစ်ပါတယ်။

(19)

Tunisia နိုင်ငံမှာရှိတဲ့ Anantara Tozeur ဟိုတယ်ဖြစ်ပါတယ်။

(20)

ဒါကတော့ Maldives Kudadoo ဟိုတယ်ကို အပေါ်စီးကနေ တွေ့မြင်ရပုံဖြစ်ပါတယ်။

(21)

ဒါကတော့ Scotland နိုင်ငံမှာရှိတဲ့ The Fife Arms, Braemar ဟိုတယ် ပဲဖြစ်ပါတယ်။

(22)

ဒါကတော့ British West Indies မှာရှိတဲ့Belmond Cap Juluca, Anguilla ဟိုတယ်ပဲဖြစ်ပါတယ်။

(23)

Washinton D.Cမှာရှိတဲ့ Conrad Washingtonဟိုတယ်ပဲဖြစ်ပါတယ်။

(24)

Singapore နိုင်ငံမှာရှိတဲ့ Raffles Singaporeပဲဖြစ်ပါတယ်။

(25)

ဒါကတော့ Monaco Monte Carloမြို့မှာရှိတဲ့ Hotel De Paris ဟိုတယ်ပဲဖြစ်ပါတယ်။

(26)

London မှာရှိတဲ့ Belmond Cadogan Hotel ပဲဖြစ်ပါတယ်။

(27)

Chile နိုင်ငံမှာရှိတဲ့ Mari Mari ဟိုတယ်ပဲဖြစ်ပါတယ်။

(28)

Spain နိုင်ငံမှာရှိတဲ့ Nobu Hotel Barcelonaဖြစ်ပါတယ်။

(29)

UAE (United Arab Emirates)နိုင်ငံမှာရှိတဲ့ Al Bait Sharujah ဟိုတယ်ရဲ့ အတွင်းခန်းဖြစ်ပါတယ်။

Crd:မူရင်းရေးသားသူအား ခရက်တစ်ပေးပါတယ်

Categories
ထူးဆန်းထွေလာ

လူ့ခန္ဓာကိုယ်ရဲ့ သင်မသိလောက်သေးတဲ့ အံ့သြလောက်စရာ အမှန်တရားများ

လူတွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကို အလုံးစုံသိကြတယ်လို့ ထင်လေ့ရှိပါတယ်။ တကယ်တမ်း ကျွန်မတို့တွေသိတာဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ပုံတွေ နေ့စဉ် ဘယ်လိုအသုံးဝင်လဲဆိုတာကိုသာ သိကြလေ့ရှိပါတယ်။ တကယ်လမ်း လက်တွေ့မှာတော့ လူ့ခန္ဓာကိုယ်က အလွန်အသေးစိတ်အထိ ရှုပ်ထွေးလှပါတယ်။

ဒါကြောင့်လည်း ကျွမ်းကျင်ပညာရှင်များဟာ လူ့ခန္ဓာကိုယ်အကြောင်းကို အသေးစိတ်အထိ သိရှိရအောင် လေ့လာနေရတာပဲဖြစ်ပါတယ်။ သင်မသိလောက်သေးတဲ့ လူခန္ဓာကိုယ်ရဲ့ အံ့သြလောက်စရာ အမှန်တရားတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် Cele Guru ပေ့ချ်မှရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

လူတစ်ယောက်နဲ့ တစ်ယောက်လက်ဗွေ မတူကြသလိုမျိုး လျှာတွေဟာလည်း လုံးဝမတူညီကြပါဘူး။ လူတိုင်းဟာ ကိုယ်ပိုင်လျှာအမှတ်အသားတွေရှိကြပါတယ်။

(၂)

လူ့ဆံပင်တစ်ချောင်ဟာ ပန်းသီးတစ်လုံးကို ချည်ပြီးသယ်နိုင်တယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် လေ့လာသူတွေဟာ ပန်းသီးအတိုင်းအတာ အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။ (Cele Guru)

(၃)

လူ့ပါးစပ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးမွှားအကောင်ပေါင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေစုစုပေါင်းနဲ့ ညီမျှပါတယ်..ဒါမှမဟုတ် ပိုတောင်ရှိနိုင်ပါသေးတယ်တဲ့

(၄)

လက်သည်းဟာ အမြဲတမ်းကျိုးလွယ်ပဲ့လွယ်နေပြီး လက်သည်းပွင့်မပါရင် လှုပ်ရှားမှုလွန်နေတဲ့ သွိုင်းရွိုက်ကို ညွှန်ပြပါတယ်။ (Cele Guru)

(၅)

ဦးနှောက်အဝင်လှုံဆော်မှု အရှိန်ဟာတစ်နာရီကို ကီလိုမီတာ ၄၀၀ ရှိပါတယ်။

(၆)

သွေးအမျိုးအစား ၄မျိုးရှိတယ်လို့သိထားကြပေမယ့် လက်တွေ့မှာတော့ သွေးအမျိုးအစားပေါင်း၂၉ခု ရှိပါတယ်။ အရှားပါးဆုံးသွေးအမျိုးအစားကတော့ ဂျပန်မိသားစုအနည်းငယ်မှာ ရှိပါတယ်. (Cele Guru)

(၇)

တစ်ရက်ထဲမှာတင် ခန္ဓာကိုယ်ထဲရှိ သွေးဟာ ၁၉၃၁၂ ကီလိုမီတာအထိ စီးဆင်းနေတာပါ။

(၈)

လူတစ်ယောက်ရဲ့ အာရုံကြောအရှည်ကိုဖြန့်ကြည့်လိုက်ရင် ၇၅ ကီလိုမီတာ ရှည်လျားပါတယ်။ (Cele Guru)

(၉)

အသက်ရှုထုတ်နေကျဆိုတော့ ဘယ်သူမှ အကြိမ်ရေမမှတ်ထားလောက်ပါဘူး။ လူတစ်ယောက်ဟာ တစ်နေ့ကို အကြိမ် ၂သိန်းခန့် အသက်ရှုလေ့ရှိပါတယ်။

(၁၀)

သင့်ရဲ့မျက်တောင်မွှေးတွေမှာ demodex. လို့ခေါ်တဲ့ ပိုးမွှားတွေ ကပ်တွယ်နေနိုင်ပါတယ်။ (Cele Guru)

(၁၁)

လူတစ်ယောက်ရဲ့ မျက်လုံးဟာ ကွဲပြားတဲ့ အရောင်ပေါင်း ၁၀သန်းကို မြင်နိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက်ကတော့ လိုက်မမှတ်နိုင်ပါဘူး။

(၁၂)

နားတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် တစ်နှစ်တွင် မီလီမီတာလေးပုံတစ်ပုံအထိ လျင်မြန်စွာ ကြီးထွားနိုင်ပါတယ်။ (Cele Guru)

(၁၃)

နှလုံးဟာ တစ်နှစ်အတွင်းမှာတင် အကြိမ်၃၅သန်း အထိ ခုန်ပါတယ်။

(၁၄)

လူတွေရဲ့ခန္ဓာကိုယ်ရှိ ဆဲလ်သေတွေဟာနေ့တိုင်းဆုံးရှံးလေ့ရှိပြီး ဆဲလဲသေပေါင်းတစ်သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ဆုံးရှူံးသွားတဲ့ ဆဲလ်သေစုစုပေါင်းဟာ တစ်နှစ်ကို ၂ကီလိုလောက်ရှိပါတယ်။ (Cele Guru)

(၁၅)

အရေပြားတစ်ပေပတ်လည်မှာ နာကျင်မှုကိုအာရုံခံတဲ့အကြောပေါင်းရာကျော်ရှိပါတယ်။

(၁၆)

ယောကျာ်းလေးတွေရဲ့လျှာမှာ ပါဝင်တဲ့ အရသာခံစားနိုင်တဲ့အဖုဟာ မိန်းကလေးတွေထပ်နည်းပါတယ်။ (Cele Guru)

(၁၇)

ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ သူ့ရဲ့ တစ်သက်မှာ စားသုံးတဲ့ အစားအစာပေါင်း၃၅တန်ရှိပါတယ်။

(၁၈)

လူ့တစ်ယောက်ရဲ့ သူ့အသက်တာရဲ့ ငါးနှစ်သက်တမ်းကို မျက်တောင်ခက်ရင်းနဲ့ ကုန်ဆုံးခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ မျက်တောင်ခတ်နေချိန်မှာ တခြားသော အလုပ်တွေကိုပါ လုပ်နေနိုင်ပါတယ်။ (Cele Guru)

(၁၉)

ဦးနှောက်ထဲမှာ ဓာတုဓာတ်ပြုမှုပေါင်း၁သိန်းခန့်ဟာ စက္ကန့်တိုင်းမှာ ဖြစ်ပျက်နိုင်ပါတယ်။

(၂၀)

နှာချေခြင်းရဲ့ အရှိန်ဟာ တစ်နာရီကို ၁၆၀ကီလိုမီတာ နှုန်းရှိပါတယ်။ (Cele Guru)

(၂၁)

ပြုံးခြင်းက မျက်နှာပေါ်ရှိကြွက်သား၁၇ခုကိုသာ လှုပ်ရှားစေပြီး ငိုခြင်းက ၄၃ခုတောင်လှုပ်ရှားစေပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုချင်ရင် များများသာ ပြုံးပါ။

(၂၂)

လူတစ်ယောက်ရဲ့ မျက်လုံးအမြင်အာရုံဟာ အရည်အသွေးမြင့်ကင်မရာတစ်လုံးထပ်တောင်မှ ကြည်လင်မှုရှိပါတယ်။(Cele Guru)

(၂၃)

မနက်မိုးလင်းကာစ အရပ်ဟာ အိပ်ရာဝင်ခါနီးအရပ်ထပ် ၁လက်မခန့်ပိုပြီးရှည်ပါတယ်။ အကြောင်းကတော့ ကမ္ဘာမြေဆွဲအားကြောင့် ခါးနဲ့ကျောရိုးကိုဖိမိသလိုဖြစ်ပြီး ညအိပ်ရာဝင်သွားပြီးရင်တော့ ဒါတွေအကုန်လုံး ပြန်ဆန့်သွားလို့ပါ။

(၂၄)

အစာအိမ်ထဲရှိ အက်ဆစ်ဟာ သတ္တုကိုတောင် အရည်ပျော်စေနိုင်ပါတယ်။ (Cele Guru)

(၂၅)

ပုံမှန်လူတစ်ယောက်ဟာ အသက်ရှင်စဉ်တစ်လျှောက် မိုင်တစ်သိန်းခန့်လမ်းလျှောက်နိုင်ပြီး ဒီပမာဏဟာ ကမ္ဘာကြီးကို ၅ကြိမ်ပတ်တာနဲ့ ညီမျှပါတယ်။

(၂၆)

ခန္ဓာကိုယ်မှာရှိတဲ့ အရိုးနဲ့ ကိုယ်တွင်း အင်္ဂါတွေဟာ အလိုလိုပြုပြင်နိုင်ပေမယ့် သွားတွေဟာ တစ်ခုတည်းတော့ အလိုလိုမပြုပြင်နိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ (Cele Guru)

(၂၇)

စတီးနဲ့ကွန်ကရိများနဲ့ ယှဉ်လိုက်ရင် လူ့အရိုးဟာ ပိုပြီး သန်မာတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

(၂၈)

မျက်လုံးထဲမှာ ပါနေတဲ့ အပေါက်ငယ်လေးဟာ ကျွန်မတို့ငိုစဉ်မှာမျက်ရည်တွေက နှာခေါင်းကို စီးကျသွားပါတယ်။ ဒါကြောင့်လည်း ငိုချိန်မှာ နှာခေါင်းကပါ မျက်ရည်တွေထွက်တာပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်နဲ့ပတ်သတ်တဲ့ အမှန်တရားတွေက အံ့သြစရာတွေချည်းပဲနော်။ ပရိသတ်တို့ရော ဘယ်အချက်ကို မမျှော်လင့်ထားလဲဆိုတာကို ပြောပြပေးခဲ့ကြပါအုံး။

Credit;

Categories
ထူးဆန်းထွေလာ

အင်္ဂါဂြိုဟ်ပေါ်ကနေ ပင်လယ်ကြီး ဘယ်လိုပျောက်ဆုံး သွားသလဲ?

Zawgyi

ယေန႔ အခ်ိန္မွာေတာ့ အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္ဟာ ေျခာက္သေယာင္း လို႔ ေနပါတယ္။ အဂၤါၿဂိဳဟ္ ေပၚမွာ က်န္ရွိေန ေသးတဲ ေရ အနည္းငယ္ ကလဲ​ ဝင္႐ိုးစြန္း ေဒသက ေရခဲေတြနဲ႔ ေျမေအာက္ေရခဲ အျဖစ္ပဲ က်န္ရွိ ေနပါေတာ့တယ္။

ဒါေပမယ့္ အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္ကို ေသေသခ်ာခ်ာ ေလ့လာ ၾကည့္မယ္ဆိုရင္ ကမ္းေျခ ေတြနဲ႔ ဆင္ဆင္တူတဲ့ ေဒသေတြ၊ ျမစ္ေတြ ျဖတ္စီးၿပီး ျဖစ္လာတဲ့ ေခ်ာက္ႀကီးေတြ ေတြ႕ရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လ အနည္းငယ္ ကလဲ​ အဂၤါၿဂိဳဟ္ ေလ့လာေရးယာဥ္ Perseverance ကေန ႐ိုက္ပို႔လိုက္တဲ့ ဓါတ္ပုံ အေထာက္ အထား ေတြအရ အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္မွာ အရင္တုန္းက ေရတိုက္စားၿပီး ျဖစ္လာတဲ့ ေျမမ်က္ႏွာ သြင္ျပင္ေတြကို ေတြ႕ထား ရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ သန္းေပါင္း ေထာင္ေက်ာ္ ကာလက အဂၤါၿဂိဳဟ္ရဲ႕ ေလထုဟာ အခုထက္ အမ်ားႀကီး ပိုၿပီး သိပ္သည္း ခဲ့လိမ့္မယ္လို႔ ပညာရွင္ ေတြက ခန႔္မွန္း ၾကပါတယ္။ ေနာက္ၿပီးေတာ့ ရာသီ ဥတုကလဲ အခုထက္ ပိုၿပီး ပူေႏြး လိမ့္မယ္လို႔ ယူဆ ၾကပါတယ္။

အဂၤါၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္မွာ ကမာၻေပၚက ျမစ္ဝကြၽန္းေပၚ ေဒသေတြမွာ ေတြ႕ရတတ္တဲ့ ယပ္ေတာင္ပုံ ျဖာထြက္ ေနတဲ့ ေျမမ်က္ႏွာ သြင္ျပင္ေတြ ေတြ႕ရွိ ထားပါတယ္။ ဒီအခ်က္ေတြအရ အဂၤါၿဂိဳဟ္ရဲ႕ အခ်ိဳ႕ အပိုင္းေတြဟာ တခ်ိန္က ျမစ္ေခ်ာင္း ေတြနဲ႔ ပင္လယ္ေတြ ဖုံးလႊမ္းခဲ့တယ္ လို႔ ပညာရွင္ ေတြက ယူဆ ၾကပါတယ္။

နာဆာက ပညာရွင္ ေတြကလဲ မားစ္ ၿဂိဳဟ္ရဲ႕ ေလထုရဲ႕ လက္ရွိ ဓါတု ဖြဲ႕စည္းပုံကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း သန္း ၄,၀၀၀ ေက်ာ္က ေလထုနဲ႔ တိုက္ဆိုင္ စစ္ေဆး ၾကည့္ခဲ့ ၾကပါတယ္။ ဒီ ေရွးေဟာင္း ေလထုကို မားစ္ၿဂိဳဟ္က ရရွိတဲ့ ဥကၠာခဲ အတြင္းကေန ရရွိ ထားတာ ျဖစ္ပါတယ္။

ဒီ ေလ့လာခ်က္ ေတြအရ မာစ္ ၿဂိဳဟ္ရဲ႕ ေျမာက္ဖက္ျခမ္းဟာ လြန္ခဲ့တဲ့ ႏွစ္သန္း ၄၀၀၀ ေက်ာ္က ပင္လယ္ႀကီး တစ္ခုနဲ႔ ဖုံးလႊမ္း ထားခဲ့တယ္လို႔ ပညာရွင္ ေတြက ေကာက္ခ်က္ ခ်ခဲ့ပါတယ္။ အခု အခ်ိန္မွာေတာ့ ဒီ ပင္လယ္ ႀကီးဟာ အတိတ္သမိုင္းမွာ က်န္ရစ္ ခဲ့ပါၿပီ။ ဒါဆို ဒီ ေရေတြ ဘယ္ေရာက္ သြားလဲ။ ဘာ့ေၾကာင့္ အဂၤါၿဂိဳဟ္ ေပၚက ပင္လယ္ေတြ ခန္းေျခာက္ၿပီး ေပ်ာက္ကြယ္ ကုန္ၾကတာလဲ။

အဂၤါၿဂိဳဟ္ ရဲ႕ ေျမာက္ျခမ္းမွာ တခ်ိန္က ႀကီးမားတဲ့ ပင္လယ္ သမုဒၵရာႀကီး တစ္ခု ဖုံးလႊမ္း ထားခဲ့တယ္လို႔ ဆိုပါတယ္။ အဂၤါၿဂိဳဟ္ ရဲ႕ ေျမာက္ျခမ္းမွာ တခ်ိန္က ႀကီးမားတဲ့ ပင္လယ္ သမုဒၵရာႀကီး တစ္ခု ဖုံးလႊမ္း ထားခဲ့တယ္လို႔ ဆိုပါတယ္။ (Credits: NASA/GSFC) သိပ္မၾကာ မီက ဂ်ပန္ႏိုင္ငံ တိုက်ိဳ တကၠသိုလ္က တင္သြင္းတဲ့ သုေတသန စာတမ္း တစ္ေစာင္မွာ ဘာ့ေၾကာင့္ ဒီ ပင္လယ္ႀကီး ေပ်ာက္ဆုံး သြားရသလဲ ဆိုတာကို တင္ျပ ထားပါတယ္။

ဒီ စာတမ္းရဲ႕ အဆိုအရ လြန္ခဲ့တဲ့ ႏွစ္သန္း ေထာင္ေက်ာ္က မားစ္ၿဂိဳဟ္ဟာ သူ႔ရဲ႕ သံလိုက္ စက္ကြင္း ကြယ္ေပ်ာက္ သြားခဲ့ ရတယ္လို႔ ဆိုပါတယ္။ (လက္ရွိ မားစ္ ၿဂိဳဟ္မွာ ကမာၻမွာလို သံလိုက္ စက္ကြင္း မရွိပါဘူး)။ ဒီလို သံလိုက္ စက္ကြင္း မရွိတဲ့ အတြက္ မာစ္းရဲ႕ ေလထုကို အာကာသ ေရာင္ျခည္ေတြ (cosmic rays) နဲ႔ ဆိုလာ ေလ (solar wind) တို႔ရဲ႕ အႏၲရာယ္က အကာအကြယ္ ေပးႏိုင္စြမ္း မရွိ ေတာ့ပါဘူး။

ဒီအခါ ဒီ လႈိင္းေတြရဲ႕ တိုက္စားမႈေၾကာင့္ မာစ္ရဲ႕ ေလထုဟာ အာကာသ ထဲကို တျဖည္းျဖည္း လြင့္ပါၿပီး ေပ်ာက္ဆုံး သြားခဲ့ရပါေတာ့တယ္။ ေလထု ပါးလႊာ လာတာနဲ႔ အမွ် ပင္လယ္ထဲက ေရေတြလဲ အေငြ႕ပ်ံၿပီး အာကာသ ထဲ လြင့္ပါ ေပ်ာက္ဆုံး ကုန္ၾကပါတယ္။ ေနာက္ဆုံးေတာ့ မားစ္ရဲ႕ ပင္လယ္ဟာ လုံးဝ ခမ္းေျခာက္လို႔ သြားရ ပါေတာ့တယ္။

သံလိုက္စက္ကြင္းႏွင့္ ပင္လယ္

ေနအဖြဲ႕အစည္း ဟာ တကယ္တမ္းက်ေတာ့ အေတာ္ေလး ၾကမ္းတမ္း ခက္ထန္တဲ့ အရပ္ေဒသ တစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သက္ရွိေတြ အသက္ရွင္ ႏိုင္ေအာင္ စြမ္းအား ေပးတဲ့ ေန ဟာ ဒီ သက္ရွိ တြကိုပဲ ဖ်က္ဆီး ပစ္ႏိုင္စြမ္း ရွိပါတယ္။ ေနကေန အလြန္ မ်ားျပားတဲ့ ေရဒီယို သတၱိႂကြ ဓါတ္ေရာင္ျခည္ေတြ ထုတ္လႊင့္ ေပးေနပါတယ္။

အကယ္လို႔သာ ကြၽန္ေတာ္တို႔ ကမာၻကို အကာအကြယ္ ေပးထားတဲ့ သံလိုက္ စက္ကြင္းသာ မရွိရင္ ဒီ ဓါတ္ေရာင္ျခည္ ေတြဟာ ကမာၻ ေျမမ်က္ႏွာ ျပင္ကို အဆီးအတား မရွိ က်ေရာက္ၿပီး ကြၽန္ေတာ္တို႔ကို ေလာင္ၿမိဳက္ ပစ္လိုက္မွာ ျဖစ္ပါတယ္။

သံလိုက္ စက္ကြင္းရဲ႕ အကာအကြယ္သာ မရွိခဲ့ရင္ ေနက တိုက္ခတ္လာတဲ့ ဆိုလာေလ ဟာ ကမာၻ႔ ေလထုကို တိုက္စားၿပီး အာကာသထဲ လြင့္ထြက္သြား ေစမွာ ျဖစ္ပါတယ္။ ေလထု ေပ်ာက္ဆုံး သြားတာနဲ႔ အတူ ကမာၻ႔ သမုဒၵရာ ေတြလဲ ခမ္းေျခာက္ သြားၾကမွာ ျဖစ္ပါတယ္။ တနည္းအား ျဖင့္ေတာ့ ကမာၻ႔ဟာ မားစ္ၿဂိဳဟ္ရဲ႕သြားရာလမ္း အတိုင္း လိုက္သြားမွာ ျဖစ္ပါတယ္။

ကမာၻဟာ ေနအဖြဲ႕အစည္း အတြင္းက ေက်ာက္သားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ၿဂိဳဟ္ေတြ အနက္ အားေကာင္းတဲ့သံလိုက္စက္ကြင္း ရွိတဲ့ တစ္ခုတည္းေသာ ၿဂိဳဟ္ ျဖစ္ပါတယ္။ ဒီ သံလိုက္ စက္ကြင္းေၾကာင့္လဲ ကမာၻနဲ႔ မားစ္ဟာ ဒီေလာက္ ကြာျခား သြားရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္သန္း ေထာင္ေက်ာ္ တုန္းက မားစ္ ၿဂိဳဟ္မွာလဲ ကမာၻမွာ လိုပဲ အားေကာင္းတဲ့ သံလိုက္ စက္ကြင္း ရွိခဲ့ပါတယ္။

ဒါဆို ဒီ သံလိုက္ စက္ကြင္း ဘယ္ေရာက္ သြားတာလဲ။ ဘယ္လို ေပ်ာက္ဆုံး သြားခဲ့တာလဲ။

အဂၤါၿဂိဳဟ္ရဲ႕ သံလိုက္စက္ကြင္း ဘယ္လို ေပ်ာက္ဆုံးသြားသလဲ

ဒီေမးခြန္းကို အေျဖရွာဖို႔ တိုက်ိဳ တကၠသိုလ္က သုေတသီ ႐ႊန္ပိုင္ ယိုကိုး (Shunpei Yokoo) နဲ႔ အဖြဲ႕ဟာ မားစ္ ရဲ႕ အူတိုင္ကို ဓါတ္ခြဲခန္းမွာ အတု ျပဳလုပ္ ဖန္တီး စမ္းသပ္ခဲ့ ၾကပါတယ္။

ဒီ အူတိုင္ အတုကို သံ၊ ကန႔္ (sulphur) နဲ႔ ဟိုက္ၿဒိဳဂ်င္ ျဒပ္စင္ေတြ ေပါင္းစပ္ၿပီး ဖန္တီးခဲ့ ၾကတာပါ။ ဒီ ျဒပ္စင္ေတြဟာ မားစ္ရဲ႕ အူတိုင္ကို ဖြဲ႕စည္းထားတဲ့ ျဒပ္စင္ေတြ ျဖစ္တယ္လို႔ သိပၸံ ပညာရွင္ ေတြက ယုံၾကည္ ထားၾကပါတယ္။

မားစ္ကေန လာတဲ့ ဥကၠာခဲ ေတြထဲမွာ ကန႔္နဲ႔ အတူတကြ ေတြ႕ရေလ့ ရွိတဲ့ အျခား ျဒပ္ပစၥည္းေတြကို ေတြ႕ရေလ့ မရွိပါဘူး။ ဒါ့ေၾကာင့္ ပညာရွင္ ေတြက မားစ္း ၿဂိဳဟ္ေပၚက ကန႔္ ေတြဟာ အူတိုင္ထဲကို နစ္ျမဳပ္ သြားၾကလို႔ ျဖစ္မယ္လို႔ ေကာက္ခ်က္ခ် ၾကပါတယ္။

ေနာက္ၿပီး မားစ္ ဟာ ေနအဖြဲ႕အစည္းရဲ႕ ေရခဲမ်ဥ္း (snow line) နဲ႔ နီးကပ္စြာ တည္ရွိ ေနပါတယ္။ ဒီ ေရခဲမ်ဥ္း ေနရာဟာ ေန အဖြဲ႕အစည္း ျဖစ္တည္စ က ေရခဲ အေျမာက္အမ်ား ရွိခဲ့တဲ့ ရပ္ဝန္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လဲ မားစ္ၿဂိဳဟ္ ေမြးဖြားခ်ိန္က ဒီ ေရခဲ ေတြထဲက ဟိုက္ၿဒိဳဂ်င္ဟာ ၿဂိဳဟ္ရဲ႕ အူတိုင္ထဲမွာ ပိတ္မိ ေနလိမ့္မယ္လို႔ ယူဆ ၾကတာပါ။

ဒါ့ေၾကာင့္လဲ​ ပညာရွင္ ေတြက အဂၤါၿဂိဳဟ္ရဲ႕ အူတိုင္ဟာ အရည္ေပ်ာ္ ေနတဲ့ သံ-ကန႔္-ဟိုက္ၿဒိဳဂ်င္ အေရာ ျဖစ္လိမ့္မယ္လို႔ ယူဆၾကတာ ျဖစ္ပါတယ္။

ဂ်ပန္ သုေတသီ ေတြဟာ သံ၊ ကန႔္ နဲ႔ ဟိုက္ၿဒိဳဂ်င္ ေတြကို ေရာၿပီး စိန္တုံး ႏွစ္တုံး ၾကားထဲ ညႇပ္ကာ ေလဆာေရာင္ျခည္ ကို အသုံးျပဳၿပီး အပူ ေပးလိုက္ပါတယ္။ ဒီနည္းအားျဖင့္ မားစ္ရဲ႕ ဗဟိုခ်က္မွာ ရွိမယ့္ အပူခ်ိန္နဲ႔ ဖိအားနဲ႔ ဆင္ဆင္ တူတဲ့ ပတ္ဝန္းက်င္ တစ္ခုကို ဖန္တီးေပး ႏိုင္ခဲ့ ၾကပါတယ္။

ဒီ လို အပူေပး လိုက္တဲ့ အခါ ေရာထားတဲ့ ျဒပ္ေရာေတြဟာ အရည္ ႏွစ္မ်ိဳး အျဖစ္ ကြဲထြက္ သြားပါတယ္။ ပထမ တစ္ခုကေတာ့ သံ နဲ႔ ကန႔္ ေရာေနတဲ့ အေရာ ျဖစ္ၿပီး ေနာက္တစ္ခုက သံ နဲ႔ ဟိုက္ၿဒိဳဂ်င္ အေရာ ျဖစ္ပါတယ္။

ဒီ အရည္ ႏွစ္မ်ိဳးအနက္ ဟိုက္ၿဒိဳဂ်င္နဲ႔ ေရာေနတဲ့ သံရည္ပူ ေတြဟာ ပိုေပါ့တာမို႔ အေပၚပိုင္းကို တက္လာပါတယ္။ ကန႔္နဲ႔ ေရာေနတဲ့ သံရည္ပူ ေတြကေတာ့ ေလးတာမို႔ ေအာက္ကို ဆင္းသြားပါတယ္။

ဒီလို အပူခ်ိန္ မတူညီတဲ့ အရည္ႏွစ္လႊာ အျဖစ္ ကြဲထြက္သြား တာမို႔ သံရည္ပူ ေတြဟာ အေပၚနဲ႔ ေအာက္ လည္ပတ္ စီးဆင္းမႈ ျဖစ္လာပါတယ္။ ဒီလို သံရည္ပူေတြ လည္ပတ္ စီးဆင္း ေနတာဟာ သံလိုက္စက္ကြင္း ျဖစ္ေပၚေစတဲ့ အဓိက အေၾကာင္းရင္းပဲ ျဖစ္ပါတယ္။

အခု အေျခအေနဟာ လြန္ခဲ့တဲ့ ႏွစ္သန္း ၄ ေထာင္ေက်ာ္က မားစ္ ရဲ႕ အူတိုင္ အတြင္းက အေျခအေနနဲ႔ ခပ္ဆင္ဆင္ တူမယ္လို႔ ယူဆ ရပါတယ္။

ဒါေပမယ့္ မားစ္ရဲ႕ သက္တမ္း တစ္ခ်ိန္ခ်ိန္မွာ သံရည္ပူ ေတြဟာ အလႊာ ႏွစ္လႊာအျဖစ္ လုံးဝ ကြဲထြက္ သြားပါတယ္။ ဒီ အေျခအေနမွာ အေပၚလႊာမွာ ရွိတဲ့ သံရည္ပူ ေတြဟာ ဟိုက္ၿဒိဳဂ်င္နဲ႔ ေရာေနၿပီး ေအာက္ေျခ အလႊာကေတာ့ ကန႔္နဲ႔ ေရာေနပါတယ္။

ဒါေပမယ့္ ဒီလို အလႊာ ႏွစ္ခု လုံးဝ ကြဲထြက္သြား ျခင္းရဲ႕ ေနာက္ဆက္တြဲ ရလဒ္ ကေတာ့ အေပၚေအာက္ စီးဆင္းတဲ့ စီးဆင္းမႈ ရပ္တန႔္ သြားတာပဲ ျဖစ္ပါတယ္။

သံရည္ပူေတြ လွည့္ပတ္ စီးဆင္းမႈ ရပ္တန႔္ သြားတာနဲ႔ တၿပိဳင္နက္ ဒီ စီးဆင္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ သံလိုက္စက္ကြင္း ဟာလဲ ေပ်ာက္ဆုံး သြားပါေတာ့တယ္။

ဒီ့ေနာက္မွာေတာ့ အာကာသ ေရာင္ျခည္ေတြနဲ႔ ဆိုလာေလ ေတြရဲ႕ တိုက္ခတ္မႈေၾကာင့္ မားစ္ရဲ႕ ေလထုဟာ တျဖည္းျဖည္း အာကာသ ထဲကို လြင့္ေမ်ာ သြားပါတယ္။ ေလထု ဆုံးရႈံး မႈနဲ႔ အတူပဲ မားစ္ရဲ႕ ပင္လယ္တြ ဟာလဲ အေငြ႕ပ်ံၿပီး အာကာသထဲ လြင့္ေမ်ာ ေပ်ာက္ကြယ္ သြားရ ပါေတာ့တယ္။

ကမာၻ႔ အူတိုင္မွာေရာ ဒီလိုျဖစ္လာမလား

ဒီလို အူတိုင္က သံရည္ပူေတြ ႏွစ္လႊာ အျဖစ္ ကြဲၿပီး စီးဆင္းတဲ့ ျဖစ္ရပ္ကို ကမာၻ႔ အူတိုင္ ထဲမွာလဲ ေတြ႕ျမင္ ရပါတယ္။ ဒါေပမယ့္ ကမာၻ႔ အူတိုင္နဲ႔ မားစ္နဲ႔ မတူတဲ့ အဓိက ကြာျခားခ်က္ ရွိေနပါတယ္။ အဲ့တာကေတာ့ အပူခ်ိန္ ပါပဲ။

ကမာၻ႔ အူတိုင္ရဲ႕ အပူခ်ိန္ဟာ မားစ္ ရဲ႕ အူတိုင္ထက္ အမ်ားႀကီး ပိုပူပါတယ္။ ကမာၻ႔ အူတိုင္ဟာ ၆,၇၄၀ ဖာရင္ဟိုက္ခန႔္ (3,730 ဒီဂရီ စင္တီဂရိတ္ခန႔္) ရွိတာမို႔ မားရဲ႕ အူတိုင္ထက္ အမ်ားႀကီး ပိုပူပါတယ္။

ဒီလို ျမင့္မားတဲ့ အပူခ်ိန္မွာ သံရည္ပူ အလႊာ ႏွစ္လႊာ ကြဲထြက္တဲ့ ျဖစ္ရပ္ကို အူတိုင္ရဲ႕ အပူခ်ိန္ ေလ်ာ့နည္းတဲ့ အေပၚယံ လႊာေလးမွာပဲ ေတြ႕ရပါတယ္။ အပူခ်ိန္ ျမင့္မားတဲ့ အူတိုင္ အတြင္းပိုင္း ေတြမွာေတာ့ ဒီ သံရည္ပူ ႏွစ္လႊာဟာ ေရာေနပါတယ္။

ကမာၻ႔ အူတိုင္ဟာ မားစ္ လုံးဝ ႏွစ္လႊာ ျဖစ္သြားဖို႔ ဆိုရင္ ေနာက္ထပ္ ႏွစ္သန္း ေထာင္ေက်ာ္ ၾကာမွ ျဖစ္လာလိမ့္မယ္ လို႔ ဆိုပါတယ္။

အခု သုေတသန ရလဒ္ဟာ သက္ရွိေတြ အသက္ရွင္ ႏိုင္တဲ့ ျပင္ပၿဂိဳဟ္ (exoplanets) ေတြကို စူးစမ္းရာမွာ အမ်ားႀကီး အေထာက္အကူ ျပဳႏိုင္မွာ ျဖစ္ပါတယ္။

ၿဂိဳဟ္ေတြ ေပၚမွာ သက္ရွိေတြ အသက္ရွင္ ႏိုင္ဖို႔ဆိုတာက ေရရွိဖို႔ လိုအပ္ပါတယ္။ ၿဂိဳဟ္ရဲ႕ မ်က္ႏွာျပင္မွာ ေရရွိဖို႔ ဆိုရင္ ဒီၿဂိဳဟ္မွာ သိပ္သည္းတဲ့ ေလထု ရွိဖို႔ လိုအပ္ပါတယ္။

ျပင္ပၿဂိဳဟ္ေတြ ထဲမွာ အားေကာင္းတဲ့ သံလိုက္စက္ကြင္း ရွိတဲ့ ၿဂိဳဟ္ေတြကို ေ႐ြးခ်ယ္ၿပီး သုေတသန ျပဳျခင္းအားျဖင့္ ျပင္ပကမာၻက သက္ရွိေတြ ရွာေဖြမႈ လုပ္ငန္းဟာ ပိုၿပီး ျမန္ဆန္ လာမွာ ျဖစ္ပါတယ္။

Credit;

Unicode

ယနေ့ အချိန်မှာတော့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ဟာ ခြောက်သယောင်း လို့ နေပါတယ်။ အင်္ဂါဂြိုဟ် ပေါ်မှာ ကျန်ရှိနေ သေးတဲ ရေ အနည်းငယ် ကလဲ​ ဝင်ရိုးစွန်း ဒေသက ရေခဲတွေနဲ့ မြေအောက်ရေခဲ အဖြစ်ပဲ ကျန်ရှိ နေပါတော့တယ်။

ဒါပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ကို သေသေချာချာ လေ့လာ ကြည့်မယ်ဆိုရင် ကမ်းခြေ တွေနဲ့ ဆင်ဆင်တူတဲ့ ဒေသတွေ၊ မြစ်တွေ ဖြတ်စီးပြီး ဖြစ်လာတဲ့ ချောက်ကြီးတွေ တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လ အနည်းငယ် ကလဲ​ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် Perseverance ကနေ ရိုက်ပို့လိုက်တဲ့ ဓါတ်ပုံ အထောက် အထား တွေအရ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ အရင်တုန်းက ရေတိုက်စားပြီး ဖြစ်လာတဲ့ မြေမျက်နှာ သွင်ပြင်တွေကို တွေ့ထား ရပါတယ်။

လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ထောင်ကျော် ကာလက အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ အခုထက် အများကြီး ပိုပြီး သိပ်သည်း ခဲ့လိမ့်မယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ နောက်ပြီးတော့ ရာသီ ဥတုကလဲ အခုထက် ပိုပြီး ပူနွေး လိမ့်မယ်လို့ ယူဆ ကြပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ကမ္ဘာပေါ်က မြစ်ဝကျွန်းပေါ် ဒေသတွေမှာ တွေ့ရတတ်တဲ့ ယပ်တောင်ပုံ ဖြာထွက် နေတဲ့ မြေမျက်နှာ သွင်ပြင်တွေ တွေ့ရှိ ထားပါတယ်။ ဒီအချက်တွေအရ အင်္ဂါဂြိုဟ်ရဲ့ အချို့ အပိုင်းတွေဟာ တချိန်က မြစ်ချောင်း တွေနဲ့ ပင်လယ်တွေ ဖုံးလွှမ်းခဲ့တယ် လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။

နာဆာက ပညာရှင် တွေကလဲ မားစ် ဂြိုဟ်ရဲ့ လေထုရဲ့ လက်ရှိ ဓါတု ဖွဲ့စည်းပုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄,၀၀၀ ကျော်က လေထုနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ခဲ့ ကြပါတယ်။ ဒီ ရှေးဟောင်း လေထုကို မားစ်ဂြိုဟ်က ရရှိတဲ့ ဥက္ကာခဲ အတွင်းကနေ ရရှိ ထားတာ ဖြစ်ပါတယ်။

ဒီ လေ့လာချက် တွေအရ မာစ် ဂြိုဟ်ရဲ့ မြောက်ဖက်ခြမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄၀၀၀ ကျော်က ပင်လယ်ကြီး တစ်ခုနဲ့ ဖုံးလွှမ်း ထားခဲ့တယ်လို့ ပညာရှင် တွေက ကောက်ချက် ချခဲ့ပါတယ်။ အခု အချိန်မှာတော့ ဒီ ပင်လယ် ကြီးဟာ အတိတ်သမိုင်းမှာ ကျန်ရစ် ခဲ့ပါပြီ။ ဒါဆို ဒီ ရေတွေ ဘယ်ရောက် သွားလဲ။ ဘာ့ကြောင့် အင်္ဂါဂြိုဟ် ပေါ်က ပင်လယ်တွေ ခန်းခြောက်ပြီး ပျောက်ကွယ် ကုန်ကြတာလဲ။

အင်္ဂါဂြိုဟ် ရဲ့ မြောက်ခြမ်းမှာ တချိန်က ကြီးမားတဲ့ ပင်လယ် သမုဒ္ဒရာကြီး တစ်ခု ဖုံးလွှမ်း ထားခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂါဂြိုဟ် ရဲ့ မြောက်ခြမ်းမှာ တချိန်က ကြီးမားတဲ့ ပင်လယ် သမုဒ္ဒရာကြီး တစ်ခု ဖုံးလွှမ်း ထားခဲ့တယ်လို့ ဆိုပါတယ်။ (Credits: NASA/GSFC) သိပ်မကြာ မီက ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်က တင်သွင်းတဲ့ သုတေသန စာတမ်း တစ်စောင်မှာ ဘာ့ကြောင့် ဒီ ပင်လယ်ကြီး ပျောက်ဆုံး သွားရသလဲ ဆိုတာကို တင်ပြ ထားပါတယ်။

ဒီ စာတမ်းရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်သန်း ထောင်ကျော်က မားစ်ဂြိုဟ်ဟာ သူ့ရဲ့ သံလိုက် စက်ကွင်း ကွယ်ပျောက် သွားခဲ့ ရတယ်လို့ ဆိုပါတယ်။ (လက်ရှိ မားစ် ဂြိုဟ်မှာ ကမ္ဘာမှာလို သံလိုက် စက်ကွင်း မရှိပါဘူး)။ ဒီလို သံလိုက် စက်ကွင်း မရှိတဲ့ အတွက် မာစ်းရဲ့ လေထုကို အာကာသ ရောင်ခြည်တွေ (cosmic rays) နဲ့ ဆိုလာ လေ (solar wind) တို့ရဲ့ အန္တရာယ်က အကာအကွယ် ပေးနိုင်စွမ်း မရှိ တော့ပါဘူး။

ဒီအခါ ဒီ လှိုင်းတွေရဲ့ တိုက်စားမှုကြောင့် မာစ်ရဲ့ လေထုဟာ အာကာသ ထဲကို တဖြည်းဖြည်း လွင့်ပါပြီး ပျောက်ဆုံး သွားခဲ့ရပါတော့တယ်။ လေထု ပါးလွှာ လာတာနဲ့ အမျှ ပင်လယ်ထဲက ရေတွေလဲ အငွေ့ပျံပြီး အာကာသ ထဲ လွင့်ပါ ပျောက်ဆုံး ကုန်ကြပါတယ်။ နောက်ဆုံးတော့ မားစ်ရဲ့ ပင်လယ်ဟာ လုံးဝ ခမ်းခြောက်လို့ သွားရ ပါတော့တယ်။

သံလိုက်စက်ကွင်းနှင့် ပင်လယ်

နေအဖွဲ့အစည်း ဟာ တကယ်တမ်းကျတော့ အတော်လေး ကြမ်းတမ်း ခက်ထန်တဲ့ အရပ်ဒေသ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိတွေ အသက်ရှင် နိုင်အောင် စွမ်းအား ပေးတဲ့ နေ ဟာ ဒီ သက်ရှိ တွကိုပဲ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိပါတယ်။ နေကနေ အလွန် များပြားတဲ့ ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်တွေ ထုတ်လွှင့် ပေးနေပါတယ်။

အကယ်လို့သာ ကျွန်တော်တို့ ကမ္ဘာကို အကာအကွယ် ပေးထားတဲ့ သံလိုက် စက်ကွင်းသာ မရှိရင် ဒီ ဓါတ်ရောင်ခြည် တွေဟာ ကမ္ဘာ မြေမျက်နှာ ပြင်ကို အဆီးအတား မရှိ ကျရောက်ပြီး ကျွန်တော်တို့ကို လောင်မြိုက် ပစ်လိုက်မှာ ဖြစ်ပါတယ်။

သံလိုက် စက်ကွင်းရဲ့ အကာအကွယ်သာ မရှိခဲ့ရင် နေက တိုက်ခတ်လာတဲ့ ဆိုလာလေ ဟာ ကမ္ဘာ့ လေထုကို တိုက်စားပြီး အာကာသထဲ လွင့်ထွက်သွား စေမှာ ဖြစ်ပါတယ်။ လေထု ပျောက်ဆုံး သွားတာနဲ့ အတူ ကမ္ဘာ့ သမုဒ္ဒရာ တွေလဲ ခမ်းခြောက် သွားကြမှာ ဖြစ်ပါတယ်။ တနည်းအား ဖြင့်တော့ ကမ္ဘာ့ဟာ မားစ်ဂြိုဟ်ရဲ့သွားရာလမ်း အတိုင်း လိုက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာဟာ နေအဖွဲ့အစည်း အတွင်းက ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေ အနက် အားကောင်းတဲ့သံလိုက်စက်ကွင်း ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ် ဖြစ်ပါတယ်။ ဒီ သံလိုက် စက်ကွင်းကြောင့်လဲ ကမ္ဘာနဲ့ မားစ်ဟာ ဒီလောက် ကွာခြား သွားရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်း ထောင်ကျော် တုန်းက မားစ် ဂြိုဟ်မှာလဲ ကမ္ဘာမှာ လိုပဲ အားကောင်းတဲ့ သံလိုက် စက်ကွင်း ရှိခဲ့ပါတယ်။

ဒါဆို ဒီ သံလိုက် စက်ကွင်း ဘယ်ရောက် သွားတာလဲ။ ဘယ်လို ပျောက်ဆုံး သွားခဲ့တာလဲ။

အင်္ဂါဂြိုဟ်ရဲ့ သံလိုက်စက်ကွင်း ဘယ်လို ပျောက်ဆုံးသွားသလဲ

ဒီမေးခွန်းကို အဖြေရှာဖို့ တိုကျို တက္ကသိုလ်က သုတေသီ ရွှန်ပိုင် ယိုကိုး (Shunpei Yokoo) နဲ့ အဖွဲ့ဟာ မားစ် ရဲ့ အူတိုင်ကို ဓါတ်ခွဲခန်းမှာ အတု ပြုလုပ် ဖန်တီး စမ်းသပ်ခဲ့ ကြပါတယ်။

ဒီ အူတိုင် အတုကို သံ၊ ကန့် (sulphur) နဲ့ ဟိုက်ဒြိုဂျင် ဒြပ်စင်တွေ ပေါင်းစပ်ပြီး ဖန်တီးခဲ့ ကြတာပါ။ ဒီ ဒြပ်စင်တွေဟာ မားစ်ရဲ့ အူတိုင်ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်တွေ ဖြစ်တယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ထားကြပါတယ်။

မားစ်ကနေ လာတဲ့ ဥက္ကာခဲ တွေထဲမှာ ကန့်နဲ့ အတူတကွ တွေ့ရလေ့ ရှိတဲ့ အခြား ဒြပ်ပစ္စည်းတွေကို တွေ့ရလေ့ မရှိပါဘူး။ ဒါ့ကြောင့် ပညာရှင် တွေက မားစ်း ဂြိုဟ်ပေါ်က ကန့် တွေဟာ အူတိုင်ထဲကို နစ်မြုပ် သွားကြလို့ ဖြစ်မယ်လို့ ကောက်ချက်ချ ကြပါတယ်။

နောက်ပြီး မားစ် ဟာ နေအဖွဲ့အစည်းရဲ့ ရေခဲမျဉ်း (snow line) နဲ့ နီးကပ်စွာ တည်ရှိ နေပါတယ်။ ဒီ ရေခဲမျဉ်း နေရာဟာ နေ အဖွဲ့အစည်း ဖြစ်တည်စ က ရေခဲ အမြောက်အများ ရှိခဲ့တဲ့ ရပ်ဝန်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ မားစ်ဂြိုဟ် မွေးဖွားချိန်က ဒီ ရေခဲ တွေထဲက ဟိုက်ဒြိုဂျင်ဟာ ဂြိုဟ်ရဲ့ အူတိုင်ထဲမှာ ပိတ်မိ နေလိမ့်မယ်လို့ ယူဆ ကြတာပါ။

ဒါ့ကြောင့်လဲ​ ပညာရှင် တွေက အင်္ဂါဂြိုဟ်ရဲ့ အူတိုင်ဟာ အရည်ပျော် နေတဲ့ သံ-ကန့်-ဟိုက်ဒြိုဂျင် အရော ဖြစ်လိမ့်မယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

ဂျပန် သုတေသီ တွေဟာ သံ၊ ကန့် နဲ့ ဟိုက်ဒြိုဂျင် တွေကို ရောပြီး စိန်တုံး နှစ်တုံး ကြားထဲ ညှပ်ကာ လေဆာရောင်ခြည် ကို အသုံးပြုပြီး အပူ ပေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် မားစ်ရဲ့ ဗဟိုချက်မှာ ရှိမယ့် အပူချိန်နဲ့ ဖိအားနဲ့ ဆင်ဆင် တူတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေး နိုင်ခဲ့ ကြပါတယ်။

ဒီ လို အပူပေး လိုက်တဲ့ အခါ ရောထားတဲ့ ဒြပ်ရောတွေဟာ အရည် နှစ်မျိုး အဖြစ် ကွဲထွက် သွားပါတယ်။ ပထမ တစ်ခုကတော့ သံ နဲ့ ကန့် ရောနေတဲ့ အရော ဖြစ်ပြီး နောက်တစ်ခုက သံ နဲ့ ဟိုက်ဒြိုဂျင် အရော ဖြစ်ပါတယ်။

ဒီ အရည် နှစ်မျိုးအနက် ဟိုက်ဒြိုဂျင်နဲ့ ရောနေတဲ့ သံရည်ပူ တွေဟာ ပိုပေါ့တာမို့ အပေါ်ပိုင်းကို တက်လာပါတယ်။ ကန့်နဲ့ ရောနေတဲ့ သံရည်ပူ တွေကတော့ လေးတာမို့ အောက်ကို ဆင်းသွားပါတယ်။

ဒီလို အပူချိန် မတူညီတဲ့ အရည်နှစ်လွှာ အဖြစ် ကွဲထွက်သွား တာမို့ သံရည်ပူ တွေဟာ အပေါ်နဲ့ အောက် လည်ပတ် စီးဆင်းမှု ဖြစ်လာပါတယ်။ ဒီလို သံရည်ပူတွေ လည်ပတ် စီးဆင်း နေတာဟာ သံလိုက်စက်ကွင်း ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

အခု အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄ ထောင်ကျော်က မားစ် ရဲ့ အူတိုင် အတွင်းက အခြေအနေနဲ့ ခပ်ဆင်ဆင် တူမယ်လို့ ယူဆ ရပါတယ်။

ဒါပေမယ့် မားစ်ရဲ့ သက်တမ်း တစ်ချိန်ချိန်မှာ သံရည်ပူ တွေဟာ အလွှာ နှစ်လွှာအဖြစ် လုံးဝ ကွဲထွက် သွားပါတယ်။ ဒီ အခြေအနေမှာ အပေါ်လွှာမှာ ရှိတဲ့ သံရည်ပူ တွေဟာ ဟိုက်ဒြိုဂျင်နဲ့ ရောနေပြီး အောက်ခြေ အလွှာကတော့ ကန့်နဲ့ ရောနေပါတယ်။

ဒါပေမယ့် ဒီလို အလွှာ နှစ်ခု လုံးဝ ကွဲထွက်သွား ခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် ကတော့ အပေါ်အောက် စီးဆင်းတဲ့ စီးဆင်းမှု ရပ်တန့် သွားတာပဲ ဖြစ်ပါတယ်။

သံရည်ပူတွေ လှည့်ပတ် စီးဆင်းမှု ရပ်တန့် သွားတာနဲ့ တပြိုင်နက် ဒီ စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်း ဟာလဲ ပျောက်ဆုံး သွားပါတော့တယ်။

ဒီ့နောက်မှာတော့ အာကာသ ရောင်ခြည်တွေနဲ့ ဆိုလာလေ တွေရဲ့ တိုက်ခတ်မှုကြောင့် မားစ်ရဲ့ လေထုဟာ တဖြည်းဖြည်း အာကာသ ထဲကို လွင့်မျော သွားပါတယ်။ လေထု ဆုံးရှုံး မှုနဲ့ အတူပဲ မားစ်ရဲ့ ပင်လယ်တွ ဟာလဲ အငွေ့ပျံပြီး အာကာသထဲ လွင့်မျော ပျောက်ကွယ် သွားရ ပါတော့တယ်။

ကမ္ဘာ့ အူတိုင်မှာရော ဒီလိုဖြစ်လာမလား

ဒီလို အူတိုင်က သံရည်ပူတွေ နှစ်လွှာ အဖြစ် ကွဲပြီး စီးဆင်းတဲ့ ဖြစ်ရပ်ကို ကမ္ဘာ့ အူတိုင် ထဲမှာလဲ တွေ့မြင် ရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ အူတိုင်နဲ့ မားစ်နဲ့ မတူတဲ့ အဓိက ကွာခြားချက် ရှိနေပါတယ်။ အဲ့တာကတော့ အပူချိန် ပါပဲ။

ကမ္ဘာ့ အူတိုင်ရဲ့ အပူချိန်ဟာ မားစ် ရဲ့ အူတိုင်ထက် အများကြီး ပိုပူပါတယ်။ ကမ္ဘာ့ အူတိုင်ဟာ ၆,၇၄၀ ဖာရင်ဟိုက်ခန့် (3,730 ဒီဂရီ စင်တီဂရိတ်ခန့်) ရှိတာမို့ မားရဲ့ အူတိုင်ထက် အများကြီး ပိုပူပါတယ်။

ဒီလို မြင့်မားတဲ့ အပူချိန်မှာ သံရည်ပူ အလွှာ နှစ်လွှာ ကွဲထွက်တဲ့ ဖြစ်ရပ်ကို အူတိုင်ရဲ့ အပူချိန် လျော့နည်းတဲ့ အပေါ်ယံ လွှာလေးမှာပဲ တွေ့ရပါတယ်။ အပူချိန် မြင့်မားတဲ့ အူတိုင် အတွင်းပိုင်း တွေမှာတော့ ဒီ သံရည်ပူ နှစ်လွှာဟာ ရောနေပါတယ်။

ကမ္ဘာ့ အူတိုင်ဟာ မားစ် လုံးဝ နှစ်လွှာ ဖြစ်သွားဖို့ ဆိုရင် နောက်ထပ် နှစ်သန်း ထောင်ကျော် ကြာမှ ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။

အခု သုတေသန ရလဒ်ဟာ သက်ရှိတွေ အသက်ရှင် နိုင်တဲ့ ပြင်ပဂြိုဟ် (exoplanets) တွေကို စူးစမ်းရာမှာ အများကြီး အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

ဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ အသက်ရှင် နိုင်ဖို့ဆိုတာက ရေရှိဖို့ လိုအပ်ပါတယ်။ ဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ရေရှိဖို့ ဆိုရင် ဒီဂြိုဟ်မှာ သိပ်သည်းတဲ့ လေထု ရှိဖို့ လိုအပ်ပါတယ်။

ပြင်ပဂြိုဟ်တွေ ထဲမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်း ရှိတဲ့ ဂြိုဟ်တွေကို ရွေးချယ်ပြီး သုတေသန ပြုခြင်းအားဖြင့် ပြင်ပကမ္ဘာက သက်ရှိတွေ ရှာဖွေမှု လုပ်ငန်းဟာ ပိုပြီး မြန်ဆန် လာမှာ ဖြစ်ပါတယ်။

Credit;

Categories
ထူးဆန်းထွေလာ

နှစ်ပေါင်း သန်း၁၀၀၀ခန့် ကမ္ဘာ့သမိုင်းမှ ပျောက်ဆုံးနေခဲ့တဲ့

Zawgyi

ကမာၻေျမရဲ႕ ဘူမိေဗဒ သမိုင္းမွာ ႏွစ္သန္း ၁၀၀၀ ေလာက္ ကာလႀကီး တစ္ခုဟာ အစရွာ မရပဲ ေပ်ာက္ဆုံးေန ခဲ့ပါတယ္။ ဘူမိေဗဒ ပညာရွင္ ေတြက ဒီ ကာလကို “ႀကီးမားသည့္ လႊာစဥ္ဆက္ျပတ္ ျဖစ္စဥ္ (Great Unconformity)” လို႔ အမည္ေပး ထားၾကပါတယ္။

ဒီ ကာလ ႀကီးကို စတင္ေတြ႕ရွိ ခဲ့တာ ၁၈၆၉ ခုႏွစ္ ကတဲက ျဖစ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာ ရွိတဲ့ ဂရင္း ကင္ၫြန္ (Grand Canyon) ေခ်ာက္ႀကီး ရဲ႕ နံရံက ေက်ာက္သားေတြကို ေလ့လာရင္း နဲ႔ ဘူမိေဗဒ ပညာရွင္ တစ္ဦး ျဖစ္သူ ဂြၽန္ ဝက္စလီ ေပါဝဲလ္ (John Wesley Powell) က ရွာေဖြ ေတြ႕ရွိ ခဲ့တာ ျဖစ္ပါတယ္။

ဘူမိေဗဒ ဘာသာရပ္မွာ အခ်ိန္ကို ေက်ာက္လႊာေတြမွာ အနည္က်တဲ့ အလႊာေတြနဲ႔ သတ္မွတ္ပါတယ္။ ႏႈန္းေျမေတြ အနည္က်ၿပီး ျဖစ္လာတဲ့ အနည္က် ေက်ာက္ေတြမွာ အနည္က် ခဲ့တဲ့ ေခတ္ အေျခအေနကို လိုက္ၿပီး အေရာင္မတူတဲ့ ေက်ာက္လႊာေတြ အျဖစ္ ေတြ႕ျမင္ ၾကရပါတယ္။

ဒီ ဂရင္းကင္ၫြန္ ေခ်ာက္ႀကီးရဲ႕ နံရံမွာ ရွိတဲ့ ေက်ာက္သားလႊာ ေတြကို ေလ့လာၾကည့္တဲ့ အခါမွာ ႏွစ္သန္း ၃၀၀၀ သက္တမ္းရွိတဲ့ အလႊာနဲ႔ ႏွစ္သန္း ၅၅၀ သက္တမ္းရွိ အလႊာ ႏွစ္ခုၾကားမွာ ႏွစ္သန္း ၁၀၀၀ စာေလာက္ ေက်ာက္လႊာေတြ ေပ်ာက္ဆုံး ေနတာကို ထူးထူး ဆန္းဆန္း ေတြ႕ရွိ ခဲ့ၾကရပါတယ္။

ထူးဆန္း ေနတာက ဒီ ေပ်ာက္ဆုံး ေနတဲ့ ကာလႀကီးရဲ႕ အဆုံးသတ္ ျဖစ္တဲ့ ႏွစ္သန္း ၅၅၀ ဟာ ကမ္ဘရီယမ္ ေပါက္ကြဲမႈႀကီး (Cambrian explosion) လို႔ ေခၚတဲ့ ကမာၻေပၚမွာ သက္ရွိ မ်ိဳးစိတ္ အသစ္ေတြ အမ်ားအျပား ႐ုတ္တရက္ ေပၚေပါက္လာတဲ့ ကာလႀကီး မတိုင္မိ ႏွစ္သန္း အနည္းငယ္ ကာလ ျဖစ္ေနပါတယ္။

ဒီ “ႀကီးမားသည့္ လႊာစဥ္ဆက္ျပတ္ ျဖစ္စဥ္ (Great Unconformity)” ကို ဂရင္း ကင္ၫြန္ ေခ်ာက္ႀကီး ထဲမွာ ထင္ထင္ရွားရွား ေတြ႕ျမင္ ႏိုင္သလို ဒါမ်ိဳး အလားတူ ေပ်ာက္ဆုံးေနတဲ့ ေက်ာက္လႊာ ေတြကိုလဲ အျခား ေဒသ ေတြမွာ က်ိဳၾကား က်ိဳၾကား ေတြ႕ရပါတယ္။

ဒီအခ်က္ကို မူတည္ၿပီး အခ်ိဳ႕ေသာ ဘူမိေဗဒ ပညာရွင္ ေတြက ဒီလို ဘူမိေက်ာက္လႊာ ေပ်ာက္ဆုံးမႈကို ျဖစ္ေစတဲ့ ျဖစ္ရပ္ဟာ တစ္ကမာၻလုံးမွာ အခ်ိန္တူ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ႀကီး တစ္ခုခုေၾကာင့္ ျဖစ္လိမ့္မယ္လို႔ ယူဆၾက ပါတယ္။

အခုေနာက္ဆုံး တင္ျပတဲ့ သုေတသန စာတမ္း တစ္ေစာင္ရဲ႕ အဆိုအရ ဒီလို ေပ်ာက္ဆုံးမႈ ႀကီးဟာ ျဖစ္စဥ္ တစ္ခုတည္း မဟုတ္ပဲ ကမာၻ တစ္ဝန္းမွာ ဆက္တိုက္ ျဖစ္ပ်က္ ခဲ့တဲ့ ျဖစ္စဥ္ေတြ အခ်ိန္ နီးကပ္စြာ ျဖစ္ေပၚမႈေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ တင္ျပ လာပါတယ္။ ေနာက္ၿပီး ဒီ ျဖစ္စဥ္ေတြ အားလုံးရဲ႕ တရားခံဟာ လြန္ခဲ့တဲ့ ႏွစ္သန္း တစ္ေထာင္ခန႔္က တည္ရွိခဲ့တဲ့ “႐ိုဒီနီယာ (Rodinia)” လို႔ေခၚတဲ့ မဟာ တိုက္ႀကီး နဲ႔ ဆက္စပ္မႈ ရွိေနတယ္ လို႔လဲ ဆိုပါတယ္။

အခု သုေတသန စာတမ္းကို ေက်ာက္သားေတြရဲ႕ သက္တမ္းကို သတ္မွတ္တဲ့ နည္းလမ္း တစ္ခု ျဖစ္တဲ့ Thermochronology ဆိုတဲ့ နည္းစနစ္ကို အေျခခံၿပီး တင္ျပထားတာ ျဖစ္ပါတယ္။ ဒီ နည္းစနစ္မွာ ေက်ာက္သားေတြ ထဲက အက္တမ္ ေတြကို အေသးစိတ္ ေလ့လာၿပီး ဒီ ေက်ာက္ေတြ ျဖစ္ေပၚ ခဲ့စဥ္က ရွိခဲ့တဲ့ အပူခ်ိန္ကို ျပန္လည္ တြက္ခ်က္ ယူတဲ့ နည္းလမ္း ျဖစ္ပါတယ္။

ဒီနည္း စနစ္ကို အသုံးျပဳၿပီး အေမရိကန္ ျပည္ေထာင္စု၊ ေကာ္လိုရာဒို ျပည္နယ္က ေက်ာက္လႊာေတြကို ေလ့လာ ခဲ့ၾကပါတယ္။ ဒီ ေက်ာက္လႊာ ေတြမွာ ေအာက္ေျခက ေက်ာက္လႊာက လြန္ခဲ့တဲ့ ႏွစ္သန္း ၁၀၀၀ ေက်ာ္ ခန႔္က ျဖစ္ၿပီး သူ႔အေပၚက အလႊာကေတာ့ ႏွစ္သန္း ၅၁၀ ေနာက္ပိုင္းမွ ျဖစ္လာတဲ့ အလႊာေတြ ျဖစ္ၾကပါတယ္။

ဒီ အခါမွာ ပညာရွင္ ေတြဟာ ဘာသြား ေတြ႕ရ သလဲ ဆိုေတာ့ ေအာက္ေျခ ေက်ာက္လႊာဟာ လြန္ခဲ့တဲ့ ႏွစ္သန္း ၇၀၀ ခန႔္က အတြန္းခံ ရၿပီး ကမာၻ႔ မ်က္ႏွာျပင္ ေပၚကို ေရာက္လာ ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ့ေနာက္ သူ႔ရဲ႕ အေပၚယံ မ်က္ႏွာျပင္ဟာ ေရ၊ ေလ ေတြရဲ႕ တိုက္စားမႈေၾကာင့္ ျပဳန္းတီးလို႔ သြားခဲ့ပါတယ္။

ဒီ ျပဳန္းတီးသြား တဲ့ ေက်ာက္လႊာ ေပၚမွာမွ ေနာက္ထပ္ အသစ္ ျဖစ္လာတဲ့ ေက်ာက္လႊာေတြ ထပ္ၿပီး အနည္က် လာခဲ့တယ္လို႔ ဆိုပါတယ္။ တနည္း အားျဖင့္ ေပ်ာက္ဆုံးသြား ခဲ့တဲ့ ကမာၻ႔ ေက်ာက္လႊာ ထု ႀကီးဟာ ေရ၊ ေလ ေတြရဲ႕ တိုက္စားမႈေၾကာင့္ ပ်က္စီးသြား ခဲ့ရတာ ျဖစ္ၿပီး သူ႔ေပၚမွာမွ ေနာက္ထပ္ ေက်ာက္လႊာ အသစ္ေတြ ထပ္ အနည္က် လာတဲ့ အတြက္ ဒီ ၾကားအလႊာဟာ လပ္ ေနရတာ ျဖစ္တယ္ ဆိုတာပဲ ျဖစ္ပါတယ္။

ဒီလို ႏွစ္သန္း ၁၀၀၀ နီးပါး ရွိတဲ့ ေက်ာက္လႊာေတြ ျပဳန္းတီး ရတာဟာ သက္ရွိ ေတြရဲ႕ ဆင့္ကဲ ျဖစ္စဥ္ သမိုင္း (evolution) ကို ေလ့လာေနတဲ့ ပညာရွင္ေတြ အတြက္ အခက္အခဲ ျဖစ္ေစပါတယ္။ ဒီလို ေက်ာက္လႊာေတြ ပ်က္စီး သြားရတာနဲ႔ အတူ ဒီ အလႊာ ေတြထဲက ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေတြလဲ ေပ်ာက္ဆုံး ပ်က္စီး သြားရပါတယ္။ ဒီေတာ့ သက္ရွိေတြရဲ႕ ဆင့္ကဲ ျဖစ္စဥ္မွာ မသိတဲ့ ၾကား ကြက္လပ္ေတြ ျဖစ္ေပၚ လာေစပါတယ္။

အခုလို ေအာက္ေျခ ေက်ာက္လႊာထုႀကီးေတြ ကမာၻ႔ မ်က္ႏွာျပင္ ေပၚကို တိုးထြက္ လာရတာဟာ မဟာ တိုက္ႀကီး ျဖစ္တဲ့ ႐ိုဒီနီယာ ေၾကာင့္လို႔ ပညာရွင္ ေတြက ယူဆ ၾကပါတယ္။ ဒီ”႐ိုဒီနီယာ” ဟာ သူ႔ေနာက္မွ ေပၚလာတဲ့ ပန္ဂီယာ (Pangaea) မဟာတိုက္ႀကီးထက္ အရင္ေစာၿပီး ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဒီ ႐ိုဒီနီယာ မဟာ တိုက္ႀကီး ဟာလဲ သူ႔အရင္က သူ႔လို မဟာ တိုက္ႀကီး တစ္ခုရဲ႕ အစိတ္အပိုင္းေတြ တစစီ လြင့္ေျမာ သြားခဲ့ၿပီး ႏွစ္သန္းေပါင္း မ်ားစြာ အၾကာမွာ ျပန္လည္ ေပါင္းစုၿပီး ျဖစ္ေပၚ လာတာလို႔ ယူဆ ၾကပါတယ္။

ဒီလို အစိတ္အပိုင္းေတြ လြင့္ေျမာ သြားတဲ့ ကာလ အပိုင္းအျခား အတြင္းမွာ ဒီ အစိတ္အပိုင္း ေတြရဲ႕ အနားစြန္း ပတ္ျခာလည္ ေဒသ ေတြဟာ ေရ၊ ေလ တို႔ရဲ႕ တိုက္စားမႈကို ခံခဲ့ ၾကရပါတယ္။

တခါ ဒီတိုက္ႀကီး ေတြ ျပန္စုမိ ၾကတဲ့အခါ သူတို႔ အခ်င္းခ်င္း တိုက္မိတဲ့ ေနရာေတြမွာ ဟိမဝႏၲာ ေတာင္တမ္း လိုမ်ိဳး ေတာင္တမ္းေတြ ျဖစ္ေပၚ လာပါတယ္။ ဒီ ေတာင္တန္း ေဒသေတြမွာ အခ်င္းခ်င္း ပြတ္တိုက္မႈ ေၾကာင့္ေရာ၊ ေရေလ တိုက္စားမႈ ေၾကာင့္ပါ ေက်ာက္လႊာေတြ အေျမာက္အမ်ား ဆုံးရႈံးကုန္ ၾကပါတယ္။

ဒီ ႐ိုဒီနီယာ ေမြးဖြားတဲ့ ျဖစ္စဥ္ မွာေရာ၊ ျပန္လည္ ကြဲထြက္ သြားတဲ့ ျဖစ္စဥ္မွာပါ ေက်ာက္လႊာထု အေျမာက္အမ်ား ဆုံးရႈံး ကုန္ပါတယ္။ ရလဒ္ကေတာ့ ေနရာ အႏွံ႔ အျပားမွာ မေရွးမေႏွာင္း ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ အမ်ားအျပားေၾကာင့္ “ႀကီးမားသည့္ လႊာစဥ္ဆက္ျပတ္ ျဖစ္စဥ္ (Great Unconformity)” ျဖစ္ေပၚ လာရတာလို႔ ပညာရွင္ ေတြက သုံးသပ္ ၾကပါတယ္။

ဒီ ေကာက္ခ်က္ကို ခ်ခဲ့တာဟာ ဒီစာတမ္း တင္ျပတဲ့ သုေတသန အဖြဲ႕ တခုတည္းေတာ့ မဟုတ္ပါဘူး။ အေမရိကန္ ျပည္ေထာင္စု ကာလီဖိုးနီးယား ျပည္နယ္က ကာလီဖိုးနီးယား တကၠသိုလ္ (စန္တာ ဘာဘရာ) (University of California-Santa Barbara) က ပညာရွင္ ေတြကလဲ အလားတူ ေကာက္ခ်က္ ခ်ခဲ့ ၾကပါတယ္။

အခု ေတြ႕ရွိခ်က္ဟာ ဒါဝင္ တင္ျပခဲ့တဲ့ ကမ္ဘရီယမ္ ေပါက္ကြဲမႈႀကီး ျဖစ္စဥ္ နဲ႔ ပတ္သက္ၿပီး မေျဖရွင္းႏိုင္ ေသးတဲ့ ေမးခြန္းေတြကို အေျဖေပး ႏိုင္ေကာင္း ေပးႏိုင္ လိမ့္မယ္လို႔ ဆိုပါတယ္။ ဘာ့ေၾကာင့္ ဒီကာလမွာ ႐ုတ္တရက္ သက္ရွိ မ်ိဳးစိတ္ အသစ္ေတြ အေျမာက္အမ်ား ေပၚထြန္းလာလဲ ဆိုတဲ့ ေမးခြန္းကို အေျဖေပးႏိုင္ဖို႔ ပညာရွင္ ေတြဟာ ႏွစ္ ၂၀၀ ေလာက္ ႀကိဳးစားခဲ့ ၾကတာပါ။ ဒါေပမယ့္ အခုေတာ့ အေျဖေပးေကာင္း ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Ref: Explaining a billion-year gap in the fossil record | Big Think
မူရင္းရးသားသူအား Credit ေပးပါတယ္ဗ်။

Unicode

ကမ္ဘာမြေရဲ့ ဘူမိဗေဒ သမိုင်းမှာ နှစ်သန်း ၁၀၀၀ လောက် ကာလကြီး တစ်ခုဟာ အစရှာ မရပဲ ပျောက်ဆုံးနေ ခဲ့ပါတယ်။ ဘူမိဗေဒ ပညာရှင် တွေက ဒီ ကာလကို “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” လို့ အမည်ပေး ထားကြပါတယ်။

ဒီ ကာလ ကြီးကို စတင်တွေ့ရှိ ခဲ့တာ ၁၈၆၉ ခုနှစ် ကတဲက ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဂရင်း ကင်ညွန် (Grand Canyon) ချောက်ကြီး ရဲ့ နံရံက ကျောက်သားတွေကို လေ့လာရင်း နဲ့ ဘူမိဗေဒ ပညာရှင် တစ်ဦး ဖြစ်သူ ဂျွန် ဝက်စလီ ပေါဝဲလ် (John Wesley Powell) က ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဘူမိဗေဒ ဘာသာရပ်မှာ အချိန်ကို ကျောက်လွှာတွေမှာ အနည်ကျတဲ့ အလွှာတွေနဲ့ သတ်မှတ်ပါတယ်။ နှုန်းမြေတွေ အနည်ကျပြီး ဖြစ်လာတဲ့ အနည်ကျ ကျောက်တွေမှာ အနည်ကျ ခဲ့တဲ့ ခေတ် အခြေအနေကို လိုက်ပြီး အရောင်မတူတဲ့ ကျောက်လွှာတွေ အဖြစ် တွေ့မြင် ကြရပါတယ်။

ဒီ ဂရင်းကင်ညွန် ချောက်ကြီးရဲ့ နံရံမှာ ရှိတဲ့ ကျောက်သားလွှာ တွေကို လေ့လာကြည့်တဲ့ အခါမှာ နှစ်သန်း ၃၀၀၀ သက်တမ်းရှိတဲ့ အလွှာနဲ့ နှစ်သန်း ၅၅၀ သက်တမ်းရှိ အလွှာ နှစ်ခုကြားမှာ နှစ်သန်း ၁၀၀၀ စာလောက် ကျောက်လွှာတွေ ပျောက်ဆုံး နေတာကို ထူးထူး ဆန်းဆန်း တွေ့ရှိ ခဲ့ကြရပါတယ်။

ထူးဆန်း နေတာက ဒီ ပျောက်ဆုံး နေတဲ့ ကာလကြီးရဲ့ အဆုံးသတ် ဖြစ်တဲ့ နှစ်သန်း ၅၅၀ ဟာ ကမ်ဘရီယမ် ပေါက်ကွဲမှုကြီး (Cambrian explosion) လို့ ခေါ်တဲ့ ကမ္ဘာပေါ်မှာ သက်ရှိ မျိုးစိတ် အသစ်တွေ အများအပြား ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကာလကြီး မတိုင်မိ နှစ်သန်း အနည်းငယ် ကာလ ဖြစ်နေပါတယ်။

ဒီ “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” ကို ဂရင်း ကင်ညွန် ချောက်ကြီး ထဲမှာ ထင်ထင်ရှားရှား တွေ့မြင် နိုင်သလို ဒါမျိုး အလားတူ ပျောက်ဆုံးနေတဲ့ ကျောက်လွှာ တွေကိုလဲ အခြား ဒေသ တွေမှာ ကျိုကြား ကျိုကြား တွေ့ရပါတယ်။

ဒီအချက်ကို မူတည်ပြီး အချို့သော ဘူမိဗေဒ ပညာရှင် တွေက ဒီလို ဘူမိကျောက်လွှာ ပျောက်ဆုံးမှုကို ဖြစ်စေတဲ့ ဖြစ်ရပ်ဟာ တစ်ကမ္ဘာလုံးမှာ အချိန်တူ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီး တစ်ခုခုကြောင့် ဖြစ်လိမ့်မယ်လို့ ယူဆကြ ပါတယ်။

အခုနောက်ဆုံး တင်ပြတဲ့ သုတေသန စာတမ်း တစ်စောင်ရဲ့ အဆိုအရ ဒီလို ပျောက်ဆုံးမှု ကြီးဟာ ဖြစ်စဉ် တစ်ခုတည်း မဟုတ်ပဲ ကမ္ဘာ တစ်ဝန်းမှာ ဆက်တိုက် ဖြစ်ပျက် ခဲ့တဲ့ ဖြစ်စဉ်တွေ အချိန် နီးကပ်စွာ ဖြစ်ပေါ်မှုကြောင့် ဖြစ်နိုင်တယ်လို့ တင်ပြ လာပါတယ်။ နောက်ပြီး ဒီ ဖြစ်စဉ်တွေ အားလုံးရဲ့ တရားခံဟာ လွန်ခဲ့တဲ့ နှစ်သန်း တစ်ထောင်ခန့်က တည်ရှိခဲ့တဲ့ “ရိုဒီနီယာ (Rodinia)” လို့ခေါ်တဲ့ မဟာ တိုက်ကြီး နဲ့ ဆက်စပ်မှု ရှိနေတယ် လို့လဲ ဆိုပါတယ်။

အခု သုတေသန စာတမ်းကို ကျောက်သားတွေရဲ့ သက်တမ်းကို သတ်မှတ်တဲ့ နည်းလမ်း တစ်ခု ဖြစ်တဲ့ Thermochronology ဆိုတဲ့ နည်းစနစ်ကို အခြေခံပြီး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီ နည်းစနစ်မှာ ကျောက်သားတွေ ထဲက အက်တမ် တွေကို အသေးစိတ် လေ့လာပြီး ဒီ ကျောက်တွေ ဖြစ်ပေါ် ခဲ့စဉ်က ရှိခဲ့တဲ့ အပူချိန်ကို ပြန်လည် တွက်ချက် ယူတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒီနည်း စနစ်ကို အသုံးပြုပြီး အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်က ကျောက်လွှာတွေကို လေ့လာ ခဲ့ကြပါတယ်။ ဒီ ကျောက်လွှာ တွေမှာ အောက်ခြေက ကျောက်လွှာက လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀၀ ကျော် ခန့်က ဖြစ်ပြီး သူ့အပေါ်က အလွှာကတော့ နှစ်သန်း ၅၁၀ နောက်ပိုင်းမှ ဖြစ်လာတဲ့ အလွှာတွေ ဖြစ်ကြပါတယ်။

ဒီ အခါမှာ ပညာရှင် တွေဟာ ဘာသွား တွေ့ရ သလဲ ဆိုတော့ အောက်ခြေ ကျောက်လွှာဟာ လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀ ခန့်က အတွန်းခံ ရပြီး ကမ္ဘာ့ မျက်နှာပြင် ပေါ်ကို ရောက်လာ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့နောက် သူ့ရဲ့ အပေါ်ယံ မျက်နှာပြင်ဟာ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့် ပြုန်းတီးလို့ သွားခဲ့ပါတယ်။

ဒီ ပြုန်းတီးသွား တဲ့ ကျောက်လွှာ ပေါ်မှာမှ နောက်ထပ် အသစ် ဖြစ်လာတဲ့ ကျောက်လွှာတွေ ထပ်ပြီး အနည်ကျ လာခဲ့တယ်လို့ ဆိုပါတယ်။ တနည်း အားဖြင့် ပျောက်ဆုံးသွား ခဲ့တဲ့ ကမ္ဘာ့ ကျောက်လွှာ ထု ကြီးဟာ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့် ပျက်စီးသွား ခဲ့ရတာ ဖြစ်ပြီး သူ့ပေါ်မှာမှ နောက်ထပ် ကျောက်လွှာ အသစ်တွေ ထပ် အနည်ကျ လာတဲ့ အတွက် ဒီ ကြားအလွှာဟာ လပ် နေရတာ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒီလို နှစ်သန်း ၁၀၀၀ နီးပါး ရှိတဲ့ ကျောက်လွှာတွေ ပြုန်းတီး ရတာဟာ သက်ရှိ တွေရဲ့ ဆင့်ကဲ ဖြစ်စဉ် သမိုင်း (evolution) ကို လေ့လာနေတဲ့ ပညာရှင်တွေ အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒီလို ကျောက်လွှာတွေ ပျက်စီး သွားရတာနဲ့ အတူ ဒီ အလွှာ တွေထဲက ကျောက်ဖြစ်ရုပ်ကြွင်း တွေလဲ ပျောက်ဆုံး ပျက်စီး သွားရပါတယ်။ ဒီတော့ သက်ရှိတွေရဲ့ ဆင့်ကဲ ဖြစ်စဉ်မှာ မသိတဲ့ ကြား ကွက်လပ်တွေ ဖြစ်ပေါ် လာစေပါတယ်။

အခုလို အောက်ခြေ ကျောက်လွှာထုကြီးတွေ ကမ္ဘာ့ မျက်နှာပြင် ပေါ်ကို တိုးထွက် လာရတာဟာ မဟာ တိုက်ကြီး ဖြစ်တဲ့ ရိုဒီနီယာ ကြောင့်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီ”ရိုဒီနီယာ” ဟာ သူ့နောက်မှ ပေါ်လာတဲ့ ပန်ဂီယာ (Pangaea) မဟာတိုက်ကြီးထက် အရင်စောပြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီ ရိုဒီနီယာ မဟာ တိုက်ကြီး ဟာလဲ သူ့အရင်က သူ့လို မဟာ တိုက်ကြီး တစ်ခုရဲ့ အစိတ်အပိုင်းတွေ တစစီ လွင့်မြော သွားခဲ့ပြီး နှစ်သန်းပေါင်း များစွာ အကြာမှာ ပြန်လည် ပေါင်းစုပြီး ဖြစ်ပေါ် လာတာလို့ ယူဆ ကြပါတယ်။

ဒီလို အစိတ်အပိုင်းတွေ လွင့်မြော သွားတဲ့ ကာလ အပိုင်းအခြား အတွင်းမှာ ဒီ အစိတ်အပိုင်း တွေရဲ့ အနားစွန်း ပတ်ခြာလည် ဒေသ တွေဟာ ရေ၊ လေ တို့ရဲ့ တိုက်စားမှုကို ခံခဲ့ ကြရပါတယ်။

တခါ ဒီတိုက်ကြီး တွေ ပြန်စုမိ ကြတဲ့အခါ သူတို့ အချင်းချင်း တိုက်မိတဲ့ နေရာတွေမှာ ဟိမဝန္တာ တောင်တမ်း လိုမျိုး တောင်တမ်းတွေ ဖြစ်ပေါ် လာပါတယ်။ ဒီ တောင်တန်း ဒေသတွေမှာ အချင်းချင်း ပွတ်တိုက်မှု ကြောင့်ရော၊ ရေလေ တိုက်စားမှု ကြောင့်ပါ ကျောက်လွှာတွေ အမြောက်အများ ဆုံးရှုံးကုန် ကြပါတယ်။

ဒီ ရိုဒီနီယာ မွေးဖွားတဲ့ ဖြစ်စဉ် မှာရော၊ ပြန်လည် ကွဲထွက် သွားတဲ့ ဖြစ်စဉ်မှာပါ ကျောက်လွှာထု အမြောက်အများ ဆုံးရှုံး ကုန်ပါတယ်။ ရလဒ်ကတော့ နေရာ အနှံ့ အပြားမှာ မရှေးမနှောင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် အများအပြားကြောင့် “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” ဖြစ်ပေါ် လာရတာလို့ ပညာရှင် တွေက သုံးသပ် ကြပါတယ်။

ဒီ ကောက်ချက်ကို ချခဲ့တာဟာ ဒီစာတမ်း တင်ပြတဲ့ သုတေသန အဖွဲ့ တခုတည်းတော့ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က ကာလီဖိုးနီးယား တက္ကသိုလ် (စန်တာ ဘာဘရာ) (University of California-Santa Barbara) က ပညာရှင် တွေကလဲ အလားတူ ကောက်ချက် ချခဲ့ ကြပါတယ်။

အခု တွေ့ရှိချက်ဟာ ဒါဝင် တင်ပြခဲ့တဲ့ ကမ်ဘရီယမ် ပေါက်ကွဲမှုကြီး ဖြစ်စဉ် နဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင် သေးတဲ့ မေးခွန်းတွေကို အဖြေပေး နိုင်ကောင်း ပေးနိုင် လိမ့်မယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့် ဒီကာလမှာ ရုတ်တရက် သက်ရှိ မျိုးစိတ် အသစ်တွေ အမြောက်အများ ပေါ်ထွန်းလာလဲ ဆိုတဲ့ မေးခွန်းကို အဖြေပေးနိုင်ဖို့ ပညာရှင် တွေဟာ နှစ် ၂၀၀ လောက် ကြိုးစားခဲ့ ကြတာပါ။ ဒါပေမယ့် အခုတော့ အဖြေပေးကောင်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Explaining a billion-year gap in the fossil record | Big Think
မူရင်းရးသားသူအား Credit ပေးပါတယ်ဗျ။

Categories
Uncategorized

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!