Categories
Uncategorized

သင့်အိမ်မှ အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)ခု

Zawgyi

သင့္အိမ္မွ အဝတ္ေလွ်ာ္စက္ကို ပ်က္စီးေစႏိုင္ေသာ အဝတ္ေလွ်ာ္နည္းအမွား (၇)ခု

အဝတ္ေလွ်ာ္စက္ေတြ ေပၚလာတာဟာ လူေတြကို အားအင္ကုန္ခမ္းျခင္းကို ေလ်ာ့ခ်ေပးႏိုင္ခဲ့ပါတယ္။ အခ်ိန္ကုန္၊ လူပင္ပန္းသက္သာတာေၾကာင့္ အိမ္တိုင္းနီးပါးမွာ အသုံးျပဳေနၾကတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ အဝတ္ေလွ်ာ္စက္ နဲ႔ အဝတ္ေလွ်ာ္သူေတြ ျပဳလုပ္ေလ့ရွိတဲ့ အမွားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာ မသုံးျခင္း – သင့္မိသားစုဝင္ေတြ တခါတေလမွာ ဖ်ားနာတာေတြ ရွိႏိုင္ပါတယ္။ ဖ်ားနာၿပီး ဝတ္ဆင္ထားတဲ့ အဝတ္အစားေတြ ၿပီးေတာ့ အဖ်ားပိုး ကူးစက္ခံထားရတဲ့ အဝတ္အစားေတြဟာ သာမန္ အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔ ပိုးမႊားေတြ မေသႏိုင္ပါဘူး။ ဒါေၾကာင့္ ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာကို သုံးရင္း ေရာဂါပိုးကို ကာကြယ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၂) အဝတ္ေလွ်ာ္စက္ကို သန႔္ရွင္းေရး မလုပ္ျခင္း – အဝတ္ေလွ်ာ္စက္က ေရထည့္လိုက္ ဆပ္ျပာထည့္လိုက္ လုပ္ေနတာ မွန္ပါတယ္။ ဒါေပမဲ့ ၁ လ တခါေတာ့ သန႔္ရွင္းေရး လုပ္ေပးေစခ်င္ပါတယ္။ လည္ပတ္တဲ့ေနရာနဲ႔ အဝတ္ကို သန႔္စင္ေပးတဲ့ ေနရာေတြမွာ ေၾကး (ဂ်ီး) ေတြ ပိတ္ေနတတ္လို႔ သြားတိုက္တံနဲ႔ ျဖစ္ျဖစ္၊ ေရေႏြးနဲ႔ ျဖစ္ျဖစ္ သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္

(၃) အဝတ္ကို ေျပာင္းျပန္ လွန္ေလွ်ာ္ပါ – သင့္ရဲ႕ ဂ်င္းေဘာင္းဘီ၊ ဆြယ္တာ၊ အေႏြး ထည္ စတာေတြကို ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ၿပီး ေလွ်ာ္သင့္ပါတယ္။ အဝတ္အစားေတြဟာ အသားနဲ႔ ထိၿပီးအေရျပားေပၚက ေၾကး(ဂ်ီး)ေတြ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အဝတ္ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ဖို႔ မေမ့ပါနဲ႔။ အေရျပားေပၚက ေၾကး(ဂ်ီး)ေတြ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အဝတ္ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ဖို႔ မေမ့ပါနဲ႔။

(၄) အဝတ္အမ်ားႀကီး ထည့္ေလွ်ာ္တာကို ေရွာင္ပါ – အဝတ္ေလွ်ာ္စက္ေတြဟာ ႀကီးမားၿပီး အဝတ္ထည့္စရာ ေနရာ အက်ယ္ႀကီးပါတယ္ ဆိုေပမယ့္ ကြၽမ္းက်င္သူေတြရဲ႕ ေျပာစကားအရ သင့္အဝတ္ကိုလည္း ေနရာလြတ္ေပးဖို႔ လိုပါတယ္။ ဒီလို ေနရာလြတ္ ေပးမွသာ သင့္အဝတ္ေတြကို က်ယ္က်ယ္ဝန္းဝန္းနဲ႔ ေလွ်ာ္ဖြတ္ႏိုင္လို႔ ေျပာင္မွာ ျဖစ္ပါတယ္။

(၅)။ အဝတ္ေလွ်ာ္အိတ္မပါဘဲ အတြင္းခံ ႏွင့္‌ ေျခအိတ္ေတြကို ထည့္ေလွ်ာ္ျခင္း – ကိန္းဂဏန္းမ်ား အရ အဝတ္ေလွ်ာ္စက္ႏွင့္ ပတ္သက္တဲ့ ျပႆနာအမ်ားစုဟာ drum နဲ႔ သက္ဆိုင္ပါတယ္။ အဝတ္ေလွ်ာ္အိတ္နဲ႔ ေလွ်ာ္တဲ့ အခါ ေသးငယ္တဲ့ အရာဝတၱဳေတြ filter ထဲ ေရာက္သြားေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ သင့္ရဲ႕ အတြင္းခံေတြကိုလည္း ေလ်ာ့တြဲသြားတာမ်ိဴး မျဖစ္ေတာ့ပါဘူး။

(၆)။ ဆပ္ျပာအမ်ားႀကီး သုံးျခင္း – ဆပ္ျပာမ်ားမ်ားသုံးေလ အဝတ္ေတြပိုသန႔္ေလလို႔ လူေတြကအထင္မွားေနတက္ၾကပါတယ္။ ဒါက မမွန္ကန္ပါဘူး။ ဆပ္ျပာ အလြန္အကြၽံ သုံးတဲ့ အခါ ႀကီးမားတဲ့ ျပႆနာေတြကိုသာ ျဖစ္ေပၚေစပါတယ္။ ဉပမာ- ဆပ္ျပာ အျမႇပ္ေတြကေန ေရထြက္ေပါက္ကို ပိတ္ဆို႔ေစပါတယ္။ ဆပ္ျပာမ်ားတဲ့ အခါ အဝတ္မွာ ဆပ္ျပာေတြမေျပာင္တာမ်ိဴးလည္းျဖစ္တက္ပါတယ္။

(၇)။ စည္းကမ္းေတြကို လိုက္နာပါ – သင့္အဝတ္ေလွ်ာ္စက္ကို ၾကာရွည္ခံေစခ်င္တယ္ ဆိုရင္ေတာ့ အဝတ္ေလွ်ာ္စက္ တခုအတြက္ လိုက္နာရမယ့္ စည္းကမ္းေတြကို လိုက္နာဖို႔ လိုပါတယ္။ အဝတ္အေျခာက္ခံတဲ့ အခါမွာလည္း စက္က သတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း အေျခာက္ခံဖို႔ လိုအပ္ပါတယ္။ ကေလးအ႐ုပ္၊ တဘက္ စတာေတြကို ေလွ်ာ္ဖြတ္တဲ့အခါ စက္က ခံႏိုင္ရည္ ရွိသေလာက္ကိုသာ ထည့္ၿပီး ေလွ်ာ္ဖြတ္သင့္ပါတယ္။

သင့္မွာ အဝတ္ေလွ်ာ္စက္ ရွိေနရက္နဲ႔ ေခါင္းအုံးစြပ္၊ အိပ္ယာခင္း စတာေတြကို ေသခ်ာ ေလွ်ာ္ဖြတ္ဖို႔ မေမ့ပါနဲ႔လို႔ သတိေပးခ်င္ပါတယ္။

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳

Unicode

သင့်အိမ်မှ အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)ခု

အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။ ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ မသုံးခြင်း – သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့ အဝတ်အစားတွေဟာ သာမန် အဝတ်လျှော် ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း – အဝတ်လျှော်စက်က ရေထည့်လိုက် ဆပ်ပြာထည့်လိုက် လုပ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။ လည်ပတ်တဲ့နေရာနဲ့ အဝတ်ကို သန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး (ဂျီး) တွေ ပိတ်နေတတ်လို့ သွားတိုက်တံနဲ့ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်

(၃) အဝတ်ကို ပြောင်းပြန် လှန်လျှော်ပါ – သင့်ရဲ့ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေး ထည် စတာတွေကို လျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီးအရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။ အရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

(၄) အဝတ်အများကြီး ထည့်လျှော်တာကို ရှောင်ပါ – အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာ နေရာ အကျယ်ကြီးပါတယ် ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ သင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့ လိုပါတယ်။ ဒီလို နေရာလွတ် ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာ ဖြစ်ပါတယ်။

(၅)။ အဝတ်လျှော်အိတ်မပါဘဲ အတွင်းခံ နှင့်‌ ခြေအိတ်တွေကို ထည့်လျှော်ခြင်း – ကိန်းဂဏန်းများ အရ အဝတ်လျှော်စက်နှင့် ပတ်သက်တဲ့ ပြဿနာအများစုဟာ drum နဲ့ သက်ဆိုင်ပါတယ်။ အဝတ်လျှော်အိတ်နဲ့ လျှော်တဲ့ အခါ သေးငယ်တဲ့ အရာဝတ္တုတွေ filter ထဲ ရောက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အတွင်းခံတွေကိုလည်း လျော့တွဲသွားတာမျိူး မဖြစ်တော့ပါဘူး။

(၆)။ ဆပ်ပြာအများကြီး သုံးခြင်း – ဆပ်ပြာများများသုံးလေ အဝတ်တွေပိုသန့်လေလို့ လူတွေကအထင်မှားနေတက်ကြပါတယ်။ ဒါက မမှန်ကန်ပါဘူး။ ဆပ်ပြာ အလွန်အကျွံ သုံးတဲ့ အခါ ကြီးမားတဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ ဉပမာ- ဆပ်ပြာ အမြှပ်တွေကနေ ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။ ဆပ်ပြာများတဲ့ အခါ အဝတ်မှာ ဆပ်ပြာတွေမပြောင်တာမျိူးလည်းဖြစ်တက်ပါတယ်။

(၇)။ စည်းကမ်းတွေကို လိုက်နာပါ – သင့်အဝတ်လျှော်စက်ကို ကြာရှည်ခံစေချင်တယ် ဆိုရင်တော့ အဝတ်လျှော်စက် တခုအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့ လိုအပ်ပါတယ်။ ကလေးအရုပ်၊ တဘက် စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီး လျှော်ဖွတ်သင့်ပါတယ်။

သင့်မှာ အဝတ်လျှော်စက် ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာ လျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳

Categories
Uncategorized

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက်

Zawgyi

ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္

ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္ ဒါေလးေတြ လုပ္လိုက္ပါ အိုေကသြားလိမ့္မယ္ေနာ္ ပိုက္ဆံ စုတယ္ ဆိုတာ ရည္မွန္းခ်က္ တစ္ခု ထားၿပီး ေရရွည္ တည္ေဆာက္ ထားသင့္တဲ့ အေလ့အက်င့္ တစ္ခုျဖစ္ပါတယ္။

ေငြေၾကး ေအာင္ျမင္မႈမွာ ပိုက္ဆံ ဘယ္ေလာက္ ဝင္တယ္ ဆိုတာထက္ ဘယ္ေလာက္ စုႏိုင္တယ္ ဆိုတာက ပိုအေရးႀကီးပါတယ္… ။ လူေတြက မဝင္ေသးတဲ့ ပိုက္ဆံကို ေမွ်ာ္ကိုးၿပီး အေႂကြး ယူတတ္ၾကတယ္။ ဒါက အဓိက မွားယြင္းေနတဲ့ အခ်က္ပဲ။ ကြၽန္ေတာ္တို႔ေတြ ပိုက္ဆံစုေနတဲ့အခ်ိန္မွာ ဘယ္လို ဗ်ဴဟာေတြ သုံးရမလဲဆိုတာ အခ်က္က်က် တင္ျပခ်င္ပါတယ္။

၁။ သုံးၿပီးမွ မစုေလနဲ႔ …

လစာထုတ္တာနဲ႔ လိုခ်င္တဲ့ပစၥည္းေတြကို ဝယ္ၿပီးမွ ပိုက္ဆံ စုတတ္ၾကတယ္။ တကယ္တမ္းေတာ့ လစဥ္ စုေဆာင္းမယ့္ ပိုက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လိုအပ္တဲ့အရာေတြကို ဝယ္သင့္ပါတယ္။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ ပိုက္ဆံကို သီးသန႔္ ခ်န္ထားသင့္ပါတယ္။

၂။ တံဆိပ္စြဲ မထားေလနဲ႔…

ဆယ္သိန္းေလာက္ရွိတဲ့ ( i P h o n e ) ဝယ္မယ့္အစား အတန္အသင့္ သုံးလို႔ေကာင္းတဲ့ ႏွစ္သိန္းတန္ စမတ္ဖုန္း တစ္လုံးကို ဝယ္ၿပီး က်န္တဲ့ ရွစ္သိန္းကို စုေဆာင္းလိုက္တာက ပိုအဓိပၸာယ္ ရွိပါတယ္။ နာမည္ႀကီး တံဆိပ္ရဲ႕ေနာက္မွာ လိုက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ ပစၥည္းကို သုံးသင့္တဲ့ သေဘာပါ။ ဆိုင္ ထိုင္မယ္ဆိုရင္ နာမည္ႀကီးဆိုင္မွာ ထိုင္တာထက္ အစားအေသာက္ေကာင္းတဲ့ ဆိုင္မွာ ထိုင္တာက ပိုအရသာရွိသလို ေငြကုန္လည္း သက္သာေစပါတယ္။

၃။ အေသးအဖြဲေလးေတြကို ဂ႐ုစိုက္ပါ…

အေအးဘူး ဝယ္ေသာက္လိုက္လို႔ ငါးရာပဲကုန္တာ တစ္ခါတေလမွာ ဘာမွမျဖစ္ေပမယ့္ ႀကိမ္ဖန္မ်ားလာရင္ “ ဆိတ္ဖန္မ်ား အနာျဖစ္ ” တတ္ပါတယ္။ ဥပမာ – စတိုးဆိုင္ေတြက ေပးလိုက္တဲ့ ႂကြတ္ႂကြတ္အိတ္ေတြကို လႊင့္မပစ္ဘဲနဲ႔ အမႈိက္ထည့္တဲ့ အိတ္လုပ္မယ္ဆိုရင္ အမႈိက္အိတ္ကုန္ေငြ သက္သာတဲ့သေဘာပါ။

၄။ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာသုံးၾကည့္ပါ…

ပစၥည္းတစ္ခု ဝယ္ခ်င္တယ္ဆိုရင္ ခ်က္ခ်င္း မဝယ္ေသးပါနဲ႔ဦး ။ ႏွစ္ပတ္ေလာက္ ေစာင့္လိုက္ပါ။ ႏွစ္ပတ္ေလာက္ ၾကာေတာ့မွ ကိုယ္ကလည္း တကယ္ လိုခ်င္တယ္ေနတယ္ ၊ ပစၥည္းကလည္း လိုအပ္ေနတယ္ဆိုေတာ့မွ ဝယ္လိုက္ပါ ။ ေစာင့္ေနတဲ့ အေတာအတြင္းမွာ တျခားလူဝယ္လို႔ ကုန္သြားမွာ စိတ္မပူပါနဲ႔ ။ ပိုေကာင္း ပိုလွတဲ့ ပစၥည္းေတြ ဆိုင္မွာ ေရာက္ေနပါၿပီ။

၅။ အင္တာနက္ ေလ်ာ့သုံးပါ…

ကိုယ့္အလုပ္ဟာ အင္တာနက္ နဲ႔ မသက္ဆိုင္ဘူးဆိုရင္ တစ္ေန႔မွာ တစ္နာရီထက္ ပိုမသုံးပါနဲ႔။ အင္တာနက္ ကို ႐ိုး႐ိုးသုံးတာထက္စာရင္။

၆။ လိုအပ္တာလား လိုခ်င္တာလား…

လူေတြဟာ ကိုယ့္အတြက္ တကယ္မလိုအပ္တဲ့ ပစၥည္းေတြကိုမွ လိုခ်င္ေနမိတတ္တယ္။ “ မလိုအပ္တဲ့အရာေတြကို ဝယ္မိရင္ လိုအပ္တာေတြ ထုတ္ေရာင္းရမယ္ ” ဆိုတဲ့ ဝါရင့္ဘန႔္ဖတ္ရဲ႕ စကားအတိုင္းပဲ ဆႏၵေနာက္ မလိုက္မိပါေစနဲ႔။

ေနာက္ဆုံး အေရးႀကီးတာက ပိုက္ဆံစုတဲ့အခါမွာ ရည္မွန္းခ်က္ထားၿပီး စုတတ္ဖို႔ပဲ။ ရည္မွန္းခ်က္ထားၿပီး ပိုက္ဆံစုတာက ပိုအဓိပၸာယ္ရွိသလို ပန္းတိုင္သတ္မွတ္ၿပီး ေလွ်ာက္လွမ္းတဲ့ ဘဝဟာ အႏွစ္သာရ ျပည့္ဝေနတာေပါ့။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓

Unicode

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက်

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ဒါလေးတွေ လုပ်လိုက်ပါ အိုကေသွားလိမ့်မယ်နော် ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။

ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့ …

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံကို သီးသန့် ချန်ထားသင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့…

ဆယ်သိန်းလောက်ရှိတဲ့ ( i P h o n e ) ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်း တစ်လုံးကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ်။ နာမည်ကြီး တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ။ ဆိုင် ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက်ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ…

အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ ဆိတ်ဖန်များ အနာဖြစ် ” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့ အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ…

ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး ။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက် ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ် ၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ ။ စောင့်နေတဲ့ အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာ စိတ်မပူပါနဲ့ ။ ပိုကောင်း ပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာ ရောက်နေပါပြီ။

၅။ အင်တာနက် လျော့သုံးပါ…

ကိုယ့်အလုပ်ဟာ အင်တာနက် နဲ့ မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက် ကို ရိုးရိုးသုံးတာထက်စာရင်။

၆။ လိုအပ်တာလား လိုချင်တာလား…

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “ မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ် ” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓

Categories
ထူးဆန်းထွေလာ

ထိတာနဲ့ ကျောက်ရုပ်ဖြစ်သွားမယ့် မယ်ဒူဇာရဲ့ရေကန်လို့ အမည်​ပေးထားကြတဲ့ ဆန်းကြယ်သော ရေကန်နီ

Zawgyi

ထိတာနဲ႔ ေက်ာက္႐ုပ္ျဖစ္သြားမယ့္ မယ္ဒူဇာရဲ႕ေရကန္လို႔ အမည္​ေပးထားၾကတဲ့ ဆန္းၾကယ္ေသာ ေရကန္နီ

NASA ရဲ႕ၿဂိဳလ္တုကေန ဖမ္းယူရရွိခဲ့တဲ့ပုံေတအရ အလြန္ကိုဆန္းၾကယ္တဲ့ေရကန္နီတစ္ခုကို ေတြ႕ရွိခဲ့ၾကပါတယ္။ေရကန္ရဲ႕အေရာင္အရ အနီေရာင္ျဖစ္ေနၿပီးေတာ့ သဘာအေလွ်ာက္ျဖစ္ေပၚေနတာ မဟုတ္ဘဲနဲ႔ chemicalေတြဓာတ္ျပဳၿပီးျဖစ္ေပၚလာတယ္လို႔ထင္ရႏိုင္ပါတယ္။

ဒီေရကန္ရဲ႕ဆန္းၾကယ္မႈက ဒါေတြတင္မဟုတ္ဘဲ ေဒသခံေတြရဲ႕ေျပာျပခ်က္ရအရ ဒီေရကန္နဲ႔ ထိေတြ႕လိုက္တဲ့အရာတိုင္းဟာ ေက်ာက္႐ုပ္ျဖစ္သြားတယ္လိူ႔ေျပာၾကပါတယ္။ဒါေၾကာင့္ ေဒသခံေတြဟာ အဲ့ေရကန္နားကို မသြားၾကပါဘူး။ ဒါေၾကာင့္ ဒီေရကန္ကို ဂရိနတ္ဘုရားရဲ႕အမည္ကိုအစြဲျပဳၿပီး မယ္ဒူဇာရဲ႕ေရကန္လို႔ အမည္မည့္ထားၾကတာျဖစ္ပါတယ္။မယ္ဒူဇာရဲ႕ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကိုေျပာျပရမယ္ဆိုရင္ မယ္ဒူဇာဟာ အလြန္လွပတဲ့နတ္ဘုရားမျဖစ္ၿပီးေတာ့

သူနဲ႔ မ်က္လုံးျခင္းဆုံမိတဲ့သူကို ေက်ာက္႐ုပ္ျဖစ္သြားေအာင္ လုပ္ႏိုင္စြမ္းရွိပါတယ္။မယ္ဒူဇာကို သတ္ႏိုင္ခဲ့တဲ့သူကေတာ့ နတ္ဘုရားတပိုင္းလူတစ္ပိုင္းျဖစ္တဲ့ ဂရိသူရဲေကာင္း ပါးစီးယပ္စ္ဘဲ ျဖစ္ပါတယ္။ သူအေၾကာင္း ႐ိုက္ထားတဲ့ ႐ုပ္ရွင္ေတြလည္း ရွိပါတယ္။ မယ္ဒူဇာရဲ႕ေသြးေတဟာ အာဖရိကတိုက္ကို စီးဆင္းသြားတယ္လိူ႔လည္း ေျပာၾကပါတယ္။ ဒီေရကန္ဟာ အရင္က အနီေရာင္ျဖစ္ေနတာ မဟုတ္ခဲ့ပါဘူး။

NASA ရဲ႕ၿဂိဳလ္တုနဲ႔ဖမ္းမိၿပီး ေျပာျပခ်က္အရကေတာ့ ဒီေရကန္ဟာ ေနာက္ပိုင္းမွ အနီေရာင္အျဖစ္ကို ေျပာင္းသြားခဲ့တာလို႔လည္း ေျပာထားပါတယ္။ ဘူမိေဗဒပညာရွင္ေတြဟာ ဒီေရကန္ကိုေလ့လာခဲ့ၾကၿပီး ေရကန္ရဲ႕ဒဏၰာရီအရ ဒီေရကန္ရဲ႕အနီးနားမွာရွိတဲ့သတၱဝါေတဟာလည္း ေက်ာက္႐ုပ္အျဖစ္ကို ေျပာင္းသြားခဲ့ၾကတယ္လိူ႔လည္း ဆိုထားပါတယ္။

ဒီေရကန္က ေရေတြကိုဓာတ္ခြဲၾကည့္တဲ့အခါမွာေတာ့ ဆိုင္ႏို Bacteria ေတာ္ေတာ္မ်ားမ်ား ပါဝင္ေနတယ္လိူ႔ဆိုထားပါတယ္။ဒီပိုးေတြေၾကာင့္ဘဲ ဒီေရကန္ကေရေတြ အနီေရာင္ေျပာင္းသြားၾကတယ္လိူ႔ ယုံၾကည္ေနၾကပါတယ္။ သတၱဝါေတြ ေက်ာက္အျဖစ္ေျပာင္းသြားရျခင္းကိုေတာ့ အခုခ်ိန္ထိ သိပၸြံပညာရွင္ေတြ အေျဖရွာမရေသးဘဲနဲ႔ ေခါင္းစားေနၾကဆဲ ျဖစ္ပါတယ္။

Credit to Original Uploader

Unicode

ထိတာနဲ့ ကျောက်ရုပ်ဖြစ်သွားမယ့် မယ်ဒူဇာရဲ့ရေကန်လို့ အမည်​ပေးထားကြတဲ့ ဆန်းကြယ်သော ရေကန်နီ

NASA ရဲ့ဂြိုလ်တုကနေ ဖမ်းယူရရှိခဲ့တဲ့ပုံတေအရ အလွန်ကိုဆန်းကြယ်တဲ့ရေကန်နီတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။ရေကန်ရဲ့အရောင်အရ အနီရောင်ဖြစ်နေပြီးတော့ သဘာအလျှောက်ဖြစ်ပေါ်နေတာ မဟုတ်ဘဲနဲ့ chemicalတွေဓာတ်ပြုပြီးဖြစ်ပေါ်လာတယ်လို့ထင်ရနိုင်ပါတယ်။

ဒီရေကန်ရဲ့ဆန်းကြယ်မှုက ဒါတွေတင်မဟုတ်ဘဲ ဒေသခံတွေရဲ့ပြောပြချက်ရအရ ဒီရေကန်နဲ့ ထိတွေ့လိုက်တဲ့အရာတိုင်းဟာ ကျောက်ရုပ်ဖြစ်သွားတယ်လိူ့ပြောကြပါတယ်။ဒါကြောင့် ဒေသခံတွေဟာ အဲ့ရေကန်နားကို မသွားကြပါဘူး။ ဒါကြောင့် ဒီရေကန်ကို ဂရိနတ်ဘုရားရဲ့အမည်ကိုအစွဲပြုပြီး မယ်ဒူဇာရဲ့ရေကန်လို့ အမည်မည့်ထားကြတာဖြစ်ပါတယ်။မယ်ဒူဇာရဲ့ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် မယ်ဒူဇာဟာ အလွန်လှပတဲ့နတ်ဘုရားမဖြစ်ပြီးတော့

သူနဲ့ မျက်လုံးခြင်းဆုံမိတဲ့သူကို ကျောက်ရုပ်ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။မယ်ဒူဇာကို သတ်နိုင်ခဲ့တဲ့သူကတော့ နတ်ဘုရားတပိုင်းလူတစ်ပိုင်းဖြစ်တဲ့ ဂရိသူရဲကောင်း ပါးစီးယပ်စ်ဘဲ ဖြစ်ပါတယ်။ သူအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။ မယ်ဒူဇာရဲ့သွေးတေဟာ အာဖရိကတိုက်ကို စီးဆင်းသွားတယ်လိူ့လည်း ပြောကြပါတယ်။ ဒီရေကန်ဟာ အရင်က အနီရောင်ဖြစ်နေတာ မဟုတ်ခဲ့ပါဘူး။

NASA ရဲ့ဂြိုလ်တုနဲ့ဖမ်းမိပြီး ပြောပြချက်အရကတော့ ဒီရေကန်ဟာ နောက်ပိုင်းမှ အနီရောင်အဖြစ်ကို ပြောင်းသွားခဲ့တာလို့လည်း ပြောထားပါတယ်။ ဘူမိဗေဒပညာရှင်တွေဟာ ဒီရေကန်ကိုလေ့လာခဲ့ကြပြီး ရေကန်ရဲ့ဒဏ္ဏာရီအရ ဒီရေကန်ရဲ့အနီးနားမှာရှိတဲ့သတ္တဝါတေဟာလည်း ကျောက်ရုပ်အဖြစ်ကို ပြောင်းသွားခဲ့ကြတယ်လိူ့လည်း ဆိုထားပါတယ်။

ဒီရေကန်က ရေတွေကိုဓာတ်ခွဲကြည့်တဲ့အခါမှာတော့ ဆိုင်နို Bacteria တော်တော်များများ ပါဝင်နေတယ်လိူ့ဆိုထားပါတယ်။ဒီပိုးတွေကြောင့်ဘဲ ဒီရေကန်ကရေတွေ အနီရောင်ပြောင်းသွားကြတယ်လိူ့ ယုံကြည်နေကြပါတယ်။ သတ္တဝါတွေ ကျောက်အဖြစ်ပြောင်းသွားရခြင်းကိုတော့ အခုချိန်ထိ သိပ္ပွံပညာရှင်တွေ အဖြေရှာမရသေးဘဲနဲ့ ခေါင်းစားနေကြဆဲ ဖြစ်ပါတယ်။

Credit to Original Uploader

Categories
သမိုင်း

ကမ္ဘာကျော် အဆောက်အအုံကြီးများထဲမှ အပြီးသတ် မတည်ဆောက်နိုင်ခဲ့သည့် အဆောက်အဦး (၁၀)ခု

Zawgyi

ကမာၻေက်ာ္ အေဆာက္အအုံႀကီးမ်ားထဲမွ အၿပီးသတ္ မတည္ေဆာက္ႏိုင္ခဲ့သည့္ အေဆာက္အဦး (၁၀)ခု

ကမာၻေက်ာ္ အထိမ္းအမွတ္ အေဆာက္အအုံ တစ္ခုကို တည္ေဆာက္ႏိုင္ရန္ ေငြေၾကးေဒၚလာသန္းေပါင္းမ်ားစြာ အကုန္အက်ခံ၍ ႏွစ္ကာလၾကာရွည္စြာ အခက္အခဲမ်ားကို ရင္ဆိုင္ၾကရသည္။ အစြမ္းကုန္ အားထုတ္ၾကသည့္တိုင္ တစ္ခါတစ္ရံတြင္ အထိမ္းအမွတ္ အေဆာက္အအုံမ်ားကို ၿပီးစီးေအာင္ မတည္ေဆာက္ႏိုင္ခဲ့ျခင္းမ်ားလည္း ရွိခဲ့သည္။

လူအင္အား မလုံေလာက္ျခင္း၊ ေငြေၾကး မျပည့္စုံျခင္း၊ တည္ေဆာက္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္စဥ္ ေသဆုံးမႈမ်ား ျဖစ္ပြားျခင္းတို႔သည္ အေဆာက္အအုံအၿပီး မသတ္ႏိုင္ျခင္း အေၾကာင္းမ်ားတြင္ ပါဝင္ႏိုင္ဖြယ္ ရွိေပသည္။ သို႔ေသာ္ ကမာၻေပၚတြင္ ရွိေနသည့္ အၿပီးမသတ္ခဲ့ေသာ အေဆာက္အအုံအခ်ိဳ႕သည္ ေနာက္ဆုံးတည္ေဆာက္ခဲ့သည့္ အေနအထားအတိုင္း လွပစြာက်န္ရွိေနၾကကာ လူအမ်ား သြား ေရာက္ လည္ပတ္ၾကသည့္ ေနရာမ်ားျဖစ္လာခဲ့ၾကသည္။

ယင္းတို႔အနက္ ေအာက္တြင္ ေဖာ္ျပမည့္ အေဆာက္အအုံမ်ားသည္ အထင္ရွားဆုံး ျဖစ္ေပသည္။

၁။ ခေရဇီ ေဟာက္စ္ ၊ အေမရိကန္ျပည္ေထာင္စု ( Crazy Horse Memorial)

ကမာၻလွည့္ ခရီးသြားအမ်ားစုသည္ ႀကီးမားေသာ ေက်ာက္ေတာင္ထြင္း႐ုပ္ထုမ်ားအေၾကာင္း ေျပာၾကလွ်င္ ဒါကိုတာျပည္နယ္ ေတာင္ပိုင္းမွ Mount Rushmore ကို သတိရေလ့ရွိၾကသည္။ သို႔ေသာ္ ယင္းျပည္နယ္မွာပင္ အၿပီးအစီးသာ ထုလုပ္ခဲ့ပါက Mount Rushmore အပုစားေလးဟုဆိုႏိုင္မည့္ အျခားေသာ ေက်ာက္ေတာင္ပန္းပု႐ုပ္ ရွိသည္။

ယင္းေနရာသည္ အနက္ေရာင္ေတာင္တန္းမ်ားေပၚတြင္ တည္ရွိေနသည့္ Crazy Horse Memorial ျဖစ္သည္။ ယင္း႐ုပ္ထုစီမံကိန္းကို ၁၉၄၈ ခုႏွစ္တြင္ ပန္းပုဆရာ Korczak Ziolkowski က စတင္ခဲ့ကာ သူကြယ္လြန္သည့္ ၁၉၈၂ ခုႏွစ္အထိ ထုလုပ္ခဲ့သည္။ Oglala Lakota အႀကီးအကဲက ပန္းပုဆရာအား ေျမာက္အေမရိက ဌာေနသားမ်ားကို ဂုဏ္ျပဳသည့္ အ႐ုပ္တစ္ခု ထုလုပ္ေပးရန္ ဖိတ္ ေခၚခဲ့သည္။

႐ုပ္ထုသည္ လာကိုတာ ေခါင္းေဆာင္ Crazy Horse ကို ကိုယ္စားျပဳရန္ ျဖစ္ကာ ၁၉၉၀ ျပည့္ႏွစ္တြင္ Crazy Horse ၏ ဦးေခါင္းပိုင္းကို အနက္ေရာင္ေတာင္တန္းမ်ားတြင္ လူသိမ်ားလာခဲ့သည္။ ႐ုပ္ထုကို ထုလုပ္ခဲ့စဥ္က ၂၂ ထပ္ တိုက္တစ္လုံး အ႐ြယ္ရွိသည့္ ဦးေခါင္းပိုင္းကိုသာ အခ်ိန္အမ်ားဆုံး ထုလုပ္ခဲ့ကာ ႏွစ္ေပါင္း ၇၀ အတြင္း ေက်ာက္ေတာင္မွ တန္ခ်ိန္သန္းေပါင္းမ်ားစြာေသာ ေက်ာက္တုံးမ်ားကို ေဖာက္ခြဲ၍ ဆြဲထုတ္ခဲ့ၾကသည္။

Crazy Horse Memorial ကို အၿပီးသတ္သည္အထိ ထုလုပ္ႏိုင္ခဲ့ပါက ၆၄ ထပ္တိုက္ တစ္လုံး အ႐ြယ္ရွိ မည္ျဖစ္ကာ မ်က္လုံးမ်ားသည္ ၁၇ ေပ က်ယ္ဝန္းမည္ ျဖစ္သည္။ Crazy Horse Memorial ႐ုပ္ထုစီမံကိန္းကို ဝင္ေၾကးႏွင့္ အလႉေငြမ်ားအေပၚတြင္သာ မွီခိုခဲ့ကာ ႐ုပ္ထု၏ လက္ကို ထုလုပ္ျခင္း ၿပီးစီးရန္ပင္ ႏွစ္အတန္ၾကာ အခ်ိန္ယူရမည္ ျဖစ္သည္။

၂။ ဟာဆန္ ေမွ်ာ္စင္ ၊ ေမာ္႐ိုကို ( Hassan Tower )

Tour Hassan ဟု ထင္ရွားသည့္ဟာဆန္ေမွ်ာ္စင္သည္ ေမာ္႐ိုကိုႏိုင္ငံ ၿမိဳ႕ေတာ္၊ ရာဘက္တြင္ တည္ရွိသည့္ႀကီးမားေသာ ဗလီေမွ်ာ္စင္ႀကီးျဖစ္သည္။ ၁၂ ရာစုတြင္ ရာကြတ္ အယ္လ္ မန္ဆာ၏ အမိန႔္ျဖင့္ တည္ေဆာက္ခဲ့သည့္ ယင္းအေဆာက္အအုံ စီမံကိန္းသည္ ကမာၻေပၚတြင္ အျမင့္ဆုံး ဗလီ ေမွ်ာ္စင္ျဖစ္ကာ တည္ေဆာက္ ၿပီးစီးခဲ့ပါက ယင္းဗလီသည္ ကမာၻေပၚတြင္ အႀကီးဆုံး အစၥလာမ္ဘာသာဝင္တို႔ ဝတ္ျပဳသည့္ အေဆာက္အအုံ ျဖစ္လာမည္ျဖစ္သည္။

ဗလီ ေဆာက္လုပ္ေရး စီမံကိန္းသည္ ဘုရင္ ရာကြတ္ အယ္လ္ မန္ဆာ ကြယ္လြန္ၿပီး ေလးႏွစ္အၾကာတြင္ ရပ္တန႔္ သြားခဲ့သည္။ ႀကီးမားေသာ ဗလီ ႀကီးသည္ ရာဘက္ ၿမိဳ႕ေတာ္ အသစ္၏ အလယ္၌ အလွျပ အေဆာက္အအုံ တစ္ခုအျဖစ္ က်န္ရွိေနခဲ့ကာ စူလတန္ဘုရင္က စပိန္မ်ားအေပၚ ေအာင္ႏိုင္ခဲ့သည့္ အထိမ္းအမွတ္ပြဲကို ယင္းေနရာတြင္က်င္းပခဲ့သည္။

လက္ရွိ ျမင္ေတြ႕ေနရသည့္ ဗလီေမွ်ာ္စင္သည္ ၄၄ မီတာ (၁၄၄ ေပ) ျမင့္ကာ ေဆာက္လုပ္ရန္ ရည္႐ြယ္ခဲ့သည့္ အျမင့္၏ ထက္ဝက္ေက်ာ္ ျဖစ္သည္။ ေက်ာက္ျဖဴသားၾကမ္းခင္းေပၚတြင္ ျပန႔္ႀကဲတည္ရွိေနသည့္ တိုင္လုံးမ်ားသည္ အေရအတြက္၂၀၀ ေက်ာ္ ရွိသျဖင့္ အေဆာက္အအုံသာ ၿပီးစီးခဲ့ပါက မည္မွ်ႀကီးမားမည္ကို ေဖာ္ၫႊန္းလ်က္ရွိေနကာ တစ္ခ်ိန္တည္းမွာပင္ဘုရားဝတ္ျပဳသူ ၂၀၀၀၀ ကို လက္ခံႏိုင္မည့္ အက်ယ္အဝန္း ျဖစ္သည္။ ဟာဆန္ေမွ်ာ္စင္သည္ ၂၀၁၂ ခုႏွစ္တြင္ ယူနက္စ္ကိုအဖြဲ႕က သတ္မွတ္သည့္ ကမာၻ႔ အေမြအႏွစ္ ျဖစ္လာခဲ့သည္။

၃။ စိန႔္ဂြၽန္း ကက္သယ္ဒရယ္ ၊ အေမရိကန္ျပည္ေထာင္စု ( Cathedral Of St. John The Divine )

ကမာၻေပၚတြင္ တည္ေဆာက္မႈ မၿပီးစီးခဲ့သည့္ အႀကီးဆုံးႏွင့္ လက္ရာအေျပာင္ေျမာက္ဆုံး ခရစ္ယန္ဘုရားေက်ာင္းသည္ စိန႔္ဂြၽန္း ကက္သယ္ဒရယ္ ျဖစ္သည္။ ၁၉၂၁ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည့္ လမ္းၫႊန္စာအုပ္အရ ယင္းဘုရားေက်ာင္း ၿပီးစီးရန္ ေဂါသစ္လက္ရာ တည္ေဆာက္ပုံ နည္းစနစ္မ်ားႏွင့္ ေငြေၾကး ေထာက္ပံ့မႈ မျပည့္စုံမႈေၾကာင့္ ႏွစ္ ၇၀၀ တည္ေဆာက္ရမည္ဟု ဆိုသည္။

ခရစ္ယာန္ ဘုန္းေတာ္ႀကီး Horatio Potter က ဘုရားေက်ာင္းႀကီး စတင္တည္ေဆာက္ႏိုင္ရန္ ကူညီေဆာင္႐ြက္ခဲ့ကာ ၁၈၈၇ ခုႏွစ္တြင္ သူကြယ္လြန္ခ်ိန္အထိ တည္ေဆာက္မႈမ်ားကို မစတင္ႏိုင္ခဲ့ေခ်။ ဘုန္းေတာ္ႀကီး၏ တူျဖစ္သူ Henry Codman Potter က ဘုရားေက်ာင္းကို တစ္ဦးတည္း ေငြေၾကးေထာက္ပံ့မႈျဖင့္ေဆာက္လုပ္ရန္ စီစဥ္ခဲ့ကာ ၁၃ ဧကက်ယ္ဝန္းသည့္ ေျမေနရာကို ဝယ္ယူခဲ့သည္။

၁၈၉၂ ခုႏွစ္တြင္ အေဆာက္အအုံကို ပႏၷက္ခ်ခဲ့ၿပီး ၁၈၉၉ ခုႏွစ္တြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ားကို ပထမဆုံး စတင္ခဲ့သည္။ ၁၉၁၆ ခုႏွစ္တြင္ ဘုရားေက်ာင္း အလယ္ပိုင္း Nave ေနရာကို ပႏၷက္ခ်ခဲ့သည္။ စိန႔္ဂြၽန္း ကက္သယ္ဒရယ္သည္ နယူးေယာက္ၿမိဳ႕ေတာ္ ၊ အမ္စတာဒမ္ ရိပ္သာလမ္းတြင္ တည္ရွိကာ ယခုအခါ သက္တမ္း ႏွစ္ ၁၀၀ ေက်ာ္ခဲ့ၿပီျဖစ္သည္။

လာမည့္ ဆယ္စုႏွစ္မ်ားတြင္ အေဆာက္ အအုံေဟာင္းႀကီးကို ဆက္လက္ တည္ေဆာက္မည္ဟု ဆိုေသာ္လည္း နည္းလမ္းေပါင္းစုံျဖင့္ေဆာင္႐ြက္ရမည့္ ရံပုံေငြ ေကာက္ခံရရွိမႈအေပၚ မူတည္ေနသျဖင့္ မည္သည့္ အခ်ိန္တြင္ ၿပီးဆုံးမည္ ဆိုသည့္ အခ်ိန္ဇယားကို ေရးဆြဲႏိုင္ျခင္းမရွိေခ်။

၄။ တာကီယို ၊ ကေမာၻဒီးယား ( Ta Keo )

တာကီယိုသည္ ကမာၻေက်ာ္ ေရွးေဟာင္း ၿမိဳ႕ေတာ္အန္ေကာဝပ္တြင္ တည္ရွိသည့္ ေတာင္ပုံသဏၭာန္ ဘုရားေက်ာင္းတစ္ခု ျဖစ္သည္။ပိရမစ္ပုံစံ ျပဳလုပ္ထားသည့္ ဘုရားေက်ာင္း အထြတ္ေမွ်ာ္စင္ ငါးခု ထည့္သြင္း ထည့္ေဆာက္ထားသည့္ တာကီယိုသည္ တည္ေဆာက္ခဲ့သမွ် ဘုရား ေက်ာင္းမ်ားတြင္ အႀကီးဆုံးျဖစ္ႏိုင္ဖြယ္ရွိကာ တည္ေဆာက္မႈ အၿပီး မသတ္ခဲ့သည့္ အေဆာက္အအုံ တစ္ခု ျဖစ္ သည္။

တာကီယို သည္ ၿပီးစီးေအာင္ မတည္ေဆာက္ႏိုင္ခဲ့သည့္တိုင္ ေဝးလံေသာ ေနရာမွ ပင္ ျမင္ေတြ႕ရသည့္ ႀကီးမားေသာ အေဆာက္အအုံျဖစ္သည္။ ပင္မ အေဆာက္အအုံသည္ ျမင့္မားေသာ ေမွ်ာ္စင္ ငါးခုျဖစ္ကာ ေနာက္ဆုံး ပိရမစ္ေမွ်ာ္စင္သည္ ဒုတိယ ပစၥယံ အဆင့္ထက္ ၁၄ မီတာ (၄၆ ေပ) ပိုမို ျမင့္မားသည္။

ေမွ်ာ္စင္တိုင္ငါးခု အနက္ ေလးခုကို ေထာင့္ေလးေထာင့္တြင္ တစ္ခုစီထား၍ က်န္တစ္ခုကို အလယ္တြင္ထားကာ ျပင္ပနံရံမ်ားကို က်ဳံးတစ္ခုက ဝန္းရံထားသည္။ ႀကီးမားသည့္ အထိမ္းအမွတ္ အေဆာက္အအုံကိုသဲေက်ာက္တုံးမ်ားျဖင့္ တည္ေဆာက္ခဲ့ကာ အၿပီး မသတ္ႏိုင္ခဲ့သည့္ အေၾကာင္းရင္းကိုမည္သူမွ် မသိၾကေခ်။ ဘုရားေက်ာင္းမွ တူးေဖာ္ေတြ႕ရွိခဲ့သည့္ ေက်ာက္စာတြင္ ဘုရားေက်ာင္းကို မိုးႀကိဳး ပစ္ခံရၿပီးေနာက္ တည္ေဆာက္မႈမ်ားကို ရပ္တန႔္ခဲ့သည္ဟု ဆိုသည္။

ဘုရားေက်ာင္းကို မိုးႀကိဳး ထိမွန္ျခင္းသည္ မေကာင္းေသာ နိမိတ္ဟု ယူဆခဲ့ၾကသည္။ ကြၽမ္းက်င္သူ အခ်ိဳ႕ကကေလးဘုရင္ Jayavarman V က သူ၏ ဘုရင့္အာဏာကို ထိန္းသိမ္းရန္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ အေဆာက္အအုံ တည္ေဆာက္မႈ အၿပီးမသတ္ခဲ့ဟု ယုံၾကည္ၾကသည္။ အၿပီး မသတ္ခဲ့သည့္တိုင္ တာကီယိုသည္ ထူးျခားေသာ ျမင္ကြင္းတစ္ခုအျဖစ္ တည္ရွိေနေပသည္။

၅။ နီဖာရီဖရီ ပိရမစ္ ၊ အီဂ်စ္ ( Pyramid Of Neferefre )

ေရွးေဟာင္းအီဂ်စ္ဖာ႐ိုဘုရင္တစ္ပါးျဖစ္သည့္ နီဖာရီဖရီသည္ အဘူဆာ၏ ေရွးသခ်ႋဳင္းႀကီး (Necropolis) တြင္ အလြန္ႀကီးမားေသာ ပိရမစ္ တစ္လုံးကို တည္ေဆာက္ခဲ့ကာ ပိရမစ္မၿပီးဆုံးမီ ဖာ႐ိုကြယ္လြန္ခဲ့ သျဖင့္ မာစတာဘာ (Mastabe) ဂူႏွင့္ သခ်ႋဳင္းဗိမာန္တစ္ခုအျဖစ္ ေျပာင္းလဲခဲ့သည္။

ပိရမစ္ႀကီးကို ေအာက္ေျခကို Sahure ပိရမစ္အ႐ြယ္ နီးပါး တည္ေဆာက္ခဲ့ကာ ပိရမစ္ တည္ ေဆာက္သူမ်ားက ပိရမစ္ႀကီး၏ ေအာက္ေျခ အလယ္တြင္ က်င္းတစ္ခုကို တူးခဲ့သည္။ ယင္းက်င္းသည္ အေလာင္းထားရွိမည့္ ဂူဗိမာန္ေနရာ ျဖစ္သည္။ ပိရမစ္၏ ဝင္ေပါက္စႀကံကို ေျမာက္ဘက္ျခမ္းတြင္ တည္ေဆာက္ထားၿပီး ကတုတ္က်င္း ေျမာင္းရွည္တစ္ခုကို ဝင္ေပါက္မွ က်င္းထိပ္အထိ တူးခဲ့သည္။

ယင္းေနရာမွ ဖာ႐ို၏ ႐ုပ္ႂကြင္း အစိတ္ အပိုင္းအခ်ိဳ႕ကို ခႏၶာကိုယ္မွ ေတြ႕ရွိခဲ့သည္။ ယင္းတို႔ကို ၾကည့္၍ ဖာ႐ိုသည္ အသက္ ၂၂ ႏွစ္ သို႔မဟုတ္ ၂၃ ႏွစ္ တြင္ ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပႏိုင္ခဲ့သည္။ ပိရမစ္၏ အတြင္းပိုင္းသို႔ သြားသည့္ အထစ္ တစ္ခုတည္ေဆာက္မႈ ၿပီးဆုံးခဲ့ကာ ဂူတစ္လုံး အသြင္ ပုံေပၚလာခဲ့သည္။ သခ်ႋဳင္းဂူဗိမာန္ တည္ေဆာက္မႈသည္ အဆင့္ သုံးဆင့္အထိ ၿပီးစီးခဲ့ကာ အမိုးပြင့္ ခန္းမတစ္ေဆာင္ႏွင့္ ခန္းမ ေဆာင္သုံးခု ပါဝင္သည္။

၆။ စေကာ့တလန္ အမ်ိဳးသား အေဆာက္အအုံ ၊စေကာ့တလန္ ( National Monument Of Scotland )

စေကာ့တလန္ ႏိုင္ငံ၏ အမ်ိဳးသား အေဆာက္အအုံသည္ အီဒင္ဘာ့ခ္ၿမိဳ႕ရွိ ကာလ္တန္ေတာင္ထိပ္တြင္ ျမင့္မားစြာ တည္ရွိေနသည္။ ယင္းအေဆာက္အအုံသည္ အမ်ားေမွ်ာ္လင့္ခဲ့သည့္ အမ်ိဳးသား ရတနာ ပစၥည္းတစ္ခုထက္ စေကာ့တလန္၏ ရွက္ဖြယ္ အေဆာက္အအုံတစ္ခုဟု မၾကာခဏ ရည္ၫႊန္း ေျပာဆိုခဲ့ၾကသည္။

တည္ေဆာက္မႈ မၿပီးဆုံးခဲ့သည့္ ယင္းအေဆာက္အအုံကို အရွက္ရဖြယ္ တစ္ခုဟု ဆိုခဲ့ၾကသည္။ ယင္း အေဆာက္အအုံသည္ နပိုလီယံစစ္ပြဲကာလအတြင္း က်ဆုံးခဲ့သည့္ စစ္သားမ်ားႏွင့္ ေသဆုံးခဲ့သည့္ သေဘၤာသားမ်ားအတြက္ အထိမ္းအမွတ္ တစ္ခုအျဖစ္က်န္ရွိေနကာ တည္ေဆာက္မႈကား မည္သည့္ အခါမွ အၿပီးသတ္မည္ မဟုတ္ေခ်။

အေဆာက္အအုံ၏ ေအာက္ခံပႏၷက္ကို ၁၈၂၄ ခုတြင္ ခ်ခဲ့သည္။ သို႔ေသာ္ ၁၈၂၉ ခုႏွစ္တြင္ ျပည္သူမ်ား၏ ေငြေၾကး ေထာက္ပံ့မႈ ျပတ္လတ္ခဲ့သျဖင့္ တည္ေဆာက္မႈ လုပ္ငန္းမ်ား လ်င္ျမန္စြာ ရပ္ ဆိုင္းခဲ့သည္။ အေဆာက္အအုံႀကီး အၿပီးသတ္ႏိုင္ရန္ ႀကိဳးပမ္းမႈမ်ားစြာ ရွိခဲ့သည့္တိုင္ ယခုတိုင္ အၿပီးမသတ္ႏိုင္ခဲ့ေခ်။ၿပီးျပည့္စုံသည္ အထိသာ တည္ေဆာက္ႏိုင္ခဲ့မည္ ဆိုလွ်င္ စေကာ့တလန္ အမ်ိဳးသား အေဆာက္အအုံသည္ ဂရိႏိုင္ငံေအသင္ၿမိဳ႕ရွိ ပင္သာႏြန္ႏွင့္ တူညီမည္ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ တိုင္ ၁၂ တိုင္ကိုသာ ျမင္ေတြ႕ၾကရေပသည္။

၇။ လာဆာဂရာဒါ ဖမ္မလီယာ ၊ စပိန္ ( La Sagrada Familia )

သဘာဝတရားႏွင့္ ယုံၾကည္ကိုးကြယ္မႈကို လႈံ႕ေဆာ္ေနသည့္ လာဆာဂရာဒါ ဖမ္မလီယာ အေဆာက္အအုံကို ၁၈၈၂ ခုႏွစ္ကတည္းက စတင္တည္ေဆာက္ခဲ့သည္။ တိုင္လုံး ႏွစ္တန္း ပါရွိသည့္ အမိုးခုံး ဘုရားေက်ာင္း (Basilica) တည္ေဆာက္မႈသည္ ၇၀ ရာခိုင္ႏႈန္း ၿပီးစီးခဲ့ၿပီးေနာက္ ရပ္တန႔္သြားခဲ့ကာ ဗဟိုေမွ်ာ္စင္ႀကီး ေျခာက္လုံးကိုသာ ဆက္လက္ တည္ေဆာက္ခဲ့သည္။ ႏွစ္ ၁၃၀ ၾကာ တည္ေဆာက္ခဲ့သည့္ လာဆာဂရာဒါ ဖမ္မလီယာ သည္ အၿပီး မသတ္ဘဲ က်န္ရွိေနခဲ့သည္။

စပိန္ႏိုင္ငံ၊ ဘာစီလိုနာၿမိဳ႕ရွိ ႐ိုမန္ကက္သလစ္ ေက်ာင္းေတာ္ႀကီး တစ္ခုျဖစ္သည့္ လာဆာဂရာဒါ ဖမ္မလီယာ၏ တည္ေဆာက္မႈ ကုန္က်စရိတ္ကို မတြက္ခ်က္ႏိုင္ေတာ့ေခ်။သို႔ေသာ္ ေက်ာင္းႀကီး၏ ႏွစ္စဥ္ ရံပုံေငြသည္ အေမရိကန္ ေဒၚလာ ၂၇ သန္းရွိၿပီး ယင္းေငြမ်ားသည္ဘုရားေက်ာင္း ဝင္ေၾကးမ်ားႏွင့္ အလႉေငြမ်ား ျဖစ္သည္။

လာဆာဂရာဒါ ဖမ္မလီယာ၏ အသစ္ေဆာက္လုပ္မည့္ အျမင့္ဆုံးေမွ်ာ္စင္တိုင္ သည္ ၅၆၄ ေပ ျမင့္မည္ ျဖစ္သျဖင့္ ဥေရာပတိုက္တြင္ အျမင့္ဆုံး ဘာသာေရး အေဆာက္အအုံတစ္ခု ျဖစ္လာမည္ျဖစ္သည္။ အၿပီး မသတ္ခဲ့သည့္ လာဆာဂရာဒါ ဖမ္မလီယာကို ၂၀၂၆ ခုႏွစ္တြင္ အၿပီး တည္ ေဆာက္ရန္ စီစဥ္ထားကာ အလွဆင္ လုပ္ငန္းမ်ားအတြက္ ေနာက္ထပ္ အခ်ိန္ယူရမည္ ျဖစ္သည္။

၈။ ဘာရာကာမန္ ၊ အိႏၵိယ ( Bara Kaman )

ဘာရာကာမန္သည္ အိႏၵိယႏိုင္ငံရွိ ဝိဇယပုရ ေခၚ ဘိဂ်ပါ မင္းဆက္မွ ရွစ္ဆက္ေျမာက္ ဘုရင္ျဖစ္သူ ဒုတိယေျမာက္အလီ အေဒးလ္ရွား၏ ဂူဗိမာန္ျဖစ္ၿပီး တည္ေဆာက္မႈ အၿပီးမသတ္ခဲ့သည့္ အေဆာက္အဦ တစ္လုံးျဖစ္သည္။ မုခ္ခုံး ၁၂ ခုဟု အဓိပၸာယ္ရွိသည့္ ဘာရာကာမန္ကို ျမင္သမွ် ဂူဗိမာန္မ်ားထက္ ပိုမို လွပ၊ ႀကီးမားစြာ တည္ေဆာက္ရန္ ရည္႐ြယ္ခဲ့ကာ ေထာင္လိုက္ ႏွင့္ အလ်ားလိုက္ ခုံး ၁၂ တိုင္က အလီ အေဒးလ္ရွား၏ ဂူကို ဝန္းရံေနသည့္ပုံ တည္ေဆာက္ရန္ စီစဥ္ခဲ့သည္။

ဘာရာကာမန္ကို ၁၆၇၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ကာ အေဆာက္အအုံ မၿပီးစီးမီ အလီ အေဒးလ္ရွားသည္ ဖခင္ျဖစ္သူ၏ သတ္ျဖတ္ျခင္းေၾကာင့္ ကြယ္လြန္ခဲ့သည္။ ေျပာ႐ိုးစကားမ်ားအရ အေဆာက္အအုံ တည္ေဆာက္ၿပီးစီးပါက ဘာရာကာမန္၏ အရိပ္သည္ Gol Gumbaz (မင္းဆက္ကို တည္ေထာင္သူ အေဒးလ္ရွားဘုရင္၏ ဂူဗိမာန္) ေပၚသို႔ တစ္ဝက္ေက်ာ္ က်ေရာက္ေနမည္ကို မလိုလားသည့္ ဖခင္ျဖစ္သူက သားျဖစ္သူဘုရင္ အလီ အေဒးလ္ရွားကို အေဆာက္အဦ မၿပီးစီးေစရန္ သတ္ျဖတ္ခဲ့သည္ဟု ဆိုၾကသည္။

အိႏၵိယႏိုင္ငံ ေရွးေဟာင္းသုေတသန ဌာနက ဘာရာကာမန္ ကို ထိန္းသိမ္းေစာင့္ေရွာက္ထားသည္။ ဘာရာကာမန္ေရွ႕ရွိ ပန္းဥယ်ာဥ္ကိုလည္း ေကာင္းစြာ ထိန္းသိမ္းျပဳျပင္ ထားကာ လာေရာက္လည္ပတ္ၾကသူမ်ားသည္ ဂူဗိမာန္တြင္ တည္ေဆာက္ထားသည့္ မုခ္ခုံးႏွင့္ တိုင္ မ်ား၏ ဗိသုကာ အစြမ္းကို ခံစားႏိုင္ၾကေပသည္။

၉။ ႐ြိဳင္႐ုေရာင္း ဟိုတယ္ ၊ ေျမာက္ကိုရီးယား ( Ryugyong Hotel )

ေျမာက္ကိုရီးယား ႏိုင္ငံရွိ ႐ြိဳင္႐ုေရာင္း ဟိုတယ္ကို ၁၉၈၉ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ရန္ လ်ာထားခဲ့ေသာ္လည္း တိုတယ္ တည္ေဆာက္မႈသည္ ယေန႔တိုင္ မၿပီးစီးခဲ့ေခ်။ တည္ေဆာက္မႈသာ ၿပီးစီးခဲ့ပါက ႐ြိဳင္႐ုေရာင္း သည္ ထိုစဥ္က ကမာၻတြင္ သတၱမေျမာက္ အႀကီးဆုံး ႏွင့္ အျမင့္ဆုံးမိုးေမွ်ာ္ ဟိုတယ္ ေနရာတြင္ ရွိေနမည္ျဖစ္သည္။

ႀကီးမားသည့္ ဟိုတယ္စီမံကိန္းကို ၁၉၈၇ ခုႏွစ္တြင္ စတင္ တည္ေဆာက္ခဲ့ကာ စီးပြားေရးက်ဆင္းမႈက ဟိုတယ္ စီမံကိန္းကို ရပ္ဆိုင္းေစခဲ့သည္။ ဟိုတယ္စီမံကိန္းတြင္ အခန္း ၃၀၀၀၊ ဆုံလည္ စားေသာက္ဆိုင္ ခုနစ္ခု၊ ကာစီႏိုခန္းမ၊ ကပြဲ႐ုံႏွင့္ သီးသန႔္ခန္း မ်ား ပါဝင္ခဲ့သည္။ ပိရမစ္ပုံသဏၭာန္ တည္ေဆာက္ခဲ့သည့္ ႐ြိဳင္႐ုေရာင္း ဟိုတယ္သည္ အထပ္ ၁၀၅ ထပ္ ပါရွိၿပီး မၾကာမီ ျပန္လည္ တည္ေဆာက္မည္ဟု ဆိုသည္။

ဟိုတယ္ မဖြင့္ႏိုင္ခဲ့ေသာ္လည္း တည္ေဆာက္ေရး လုပ္ငန္းမ်ားကို ႏွစ္မ်ားစြာ အလုပ္ လုပ္ခဲ့သည့္ ႐ုပ္ပုံမ်ားကို ျပသထားသည္။ အေဆာက္ အအုံျပင္ပတြင္ ကရိန္းမ်ား၊ေဆာက္လုပ္ေရး ယႏၲရားမ်ားကို ျမင္ေတြ႕ေနၾကရသျဖင့္ မၾကာမီ ျပန္လည္ တည္ေဆာက္မည္ဟု ေမွ်ာ္မွန္းၾကရေပသည္။ ႐ြိဳင္႐ုေရာင္း ဟိုတယ္သည္ အၿပီး မသတ္သည့္ အေဆာက္ အအုံ တစ္ခုအျဖစ္ တည္ရွိ ေနသည္။

၁၀။ မင္းကြန္း ပုထိုးေတာ္ႀကီး ၊ ျမန္မာ ( Mingun Pahtodawgyi )

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ စစ္ကိုင္းေဒသႀကီးမွ မင္းကြန္း႐ြာငယ္တြင္ မင္းကြန္းပုထိုးေတာ္ႀကီးကို ျမင္ေတြ႕ရသည္။ ဘုရင္ဘိုးေတာ္ဘုရားသည္ ထိုစဥ္က ကမာၻတြင္အႀကီးဆုံးေသာ ပုထိုးေတာ္ႀကီးကို တည္ေဆာက္ရန္ ဆႏၵရွိခဲ့သည္။အလြန္ႀကီးမားသည့္ ပုထိုးေတာ္ႀကီး ေဆာက္လုပ္မႈကို ၁၇၉၀ ျပည့္ႏွစ္တြင္စတင္ခဲ့ေသာ္လည္း အၿပီးသတ္တည္ေဆာက္ႏိုင္ခဲ့ျခင္း မရွိေခ်။

ဘိုးေတာ္ဘုရားသည္ မိမိေအာင္ႏိုင္ေသာ စစ္ပြဲမ်ားအတြင္း မ်ားစြာေသာ သုံ႔ပန္းမ်ားႏွင့္ အခိုင္းအေစမ်ားကိုရရွိခဲ့ကာ ယင္းတို႔ကို အသုံးျပဳ၍ ပုထိုးေတာ္ႀကီးကို တည္ေဆာက္ခဲ့သည္။ ပုထိုးေတာ္ႀကီးကို ဘုရင့္ဘ႑ာေတာ္ အေကာက္ေငြမ်ားျဖင့္ တည္ေဆာက္ခဲ့ၿပီး လူအမ်ားက ပုထိုးေတာ္ႀကီးၿပီးခ်ိန္တြင္ ဘိုးေတာ္ဘုရား ကြယ္လြန္မည္ဟု တေဘာင္မ်ား ဆိုခဲ့ၾကသည္။ ဘိုးေတာ္ဘုရားအေနျဖင့္ အဆိုပါပုထိုးကို ၁၅၂ မီတာ သို႔မဟုတ္ ၄၉၉ ေပ အျမင့္ ေဆာက္ရန္ ရည္႐ြယ္သည္။

တည္ေဆာက္မႈ မၿပီးစီးခဲ့သည့္အေဆာက္အအုံႀကီးသည္ ၁၆၄ ေပျမင့္ကာ ယင္းအျမင့္သည္ တည္ေဆာက္ရန္ ရည္႐ြယ္ခဲ့သည့္ အျမင့္၏ သုံးပုံ တစ္ပုံသာ ျဖစ္သည္။ပုထိုးေတာ္ႀကီး ေအာက္ေျခသည္ ၄၅၀ စတုရန္းေပ က်ယ္ဝန္းသည္။ ၁၈၃၉ ခုႏွစ္တြင္ လႈပ္ခဲ့သည့္ ငလ်င္ဒဏ္ေၾကာင့္ အက္ကြဲခဲ့သည့္ ႀကီးမားေသာ ကြဲေၾကာင္းမ်ားကို ပုထိုးေတာ္ႀကီးတြင္ ယေန႔တိုင္ ျမင္ႏိုင္ၾကကာ ကမာၻေပၚတြင္ အႀကီးေသာ အုတ္ႏွင့္ ေက်ာက္ပုံႀကီးတစ္ခုအျဖစ္ ထင္ရွားခဲ့သည္။

ကမာၻအႏွံ႔ သြားလာလည္ပတ္ေနၾကသည့္ ခရီးသြားမ်ားသည္ လွပခမ္းနားေသာ အေဆာက္အအုံမ်ားသာမက တစ္ဝက္တစ္ပ်က္ ေဆာက္လုပ္ထားသည့္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ၾကည့္ရႈရျခင္းကိုလည္း ႏွစ္ၿခိဳက္ေလ့ ရွိသျဖင့္ အၿပီးမသတ္ခဲ့သည့္ အေဆာက္အအုံမ်ားသည္ ကမာၻေက်ာ္သည္အထိ ထင္ရွားလာခဲ့ေပသည္။

မူရင္းေရးသားသူအား Credit ေပးပါသည္။

Unicode

ကမ္ဘာကျော် အဆောက်အအုံကြီးများထဲမှ အပြီးသတ် မတည်ဆောက်နိုင်ခဲ့သည့် အဆောက်အဦး (၁၀)ခု

ကမ္ဘာကျော် အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို တည်ဆောက်နိုင်ရန် ငွေကြေးဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ နှစ်ကာလကြာရှည်စွာ အခက်အခဲများကို ရင်ဆိုင်ကြရသည်။ အစွမ်းကုန် အားထုတ်ကြသည့်တိုင် တစ်ခါတစ်ရံတွင် အထိမ်းအမှတ် အဆောက်အအုံများကို ပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့ခြင်းများလည်း ရှိခဲ့သည်။

လူအင်အား မလုံလောက်ခြင်း၊ ငွေကြေး မပြည့်စုံခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်စဉ် သေဆုံးမှုများ ဖြစ်ပွားခြင်းတို့သည် အဆောက်အအုံအပြီး မသတ်နိုင်ခြင်း အကြောင်းများတွင် ပါဝင်နိုင်ဖွယ် ရှိပေသည်။ သို့သော် ကမ္ဘာပေါ်တွင် ရှိနေသည့် အပြီးမသတ်ခဲ့သော အဆောက်အအုံအချို့သည် နောက်ဆုံးတည်ဆောက်ခဲ့သည့် အနေအထားအတိုင်း လှပစွာကျန်ရှိနေကြကာ လူအများ သွား ရောက် လည်ပတ်ကြသည့် နေရာများဖြစ်လာခဲ့ကြသည်။

ယင်းတို့အနက် အောက်တွင် ဖော်ပြမည့် အဆောက်အအုံများသည် အထင်ရှားဆုံး ဖြစ်ပေသည်။

၁။ ခရေဇီ ဟောက်စ် ၊ အမေရိကန်ပြည်ထောင်စု ( Crazy Horse Memorial)

ကမ္ဘာလှည့် ခရီးသွားအများစုသည် ကြီးမားသော ကျောက်တောင်ထွင်းရုပ်ထုများအကြောင်း ပြောကြလျှင် ဒါကိုတာပြည်နယ် တောင်ပိုင်းမှ Mount Rushmore ကို သတိရလေ့ရှိကြသည်။ သို့သော် ယင်းပြည်နယ်မှာပင် အပြီးအစီးသာ ထုလုပ်ခဲ့ပါက Mount Rushmore အပုစားလေးဟုဆိုနိုင်မည့် အခြားသော ကျောက်တောင်ပန်းပုရုပ် ရှိသည်။

ယင်းနေရာသည် အနက်ရောင်တောင်တန်းများပေါ်တွင် တည်ရှိနေသည့် Crazy Horse Memorial ဖြစ်သည်။ ယင်းရုပ်ထုစီမံကိန်းကို ၁၉၄၈ ခုနှစ်တွင် ပန်းပုဆရာ Korczak Ziolkowski က စတင်ခဲ့ကာ သူကွယ်လွန်သည့် ၁၉၈၂ ခုနှစ်အထိ ထုလုပ်ခဲ့သည်။ Oglala Lakota အကြီးအကဲက ပန်းပုဆရာအား မြောက်အမေရိက ဌာနေသားများကို ဂုဏ်ပြုသည့် အရုပ်တစ်ခု ထုလုပ်ပေးရန် ဖိတ် ခေါ်ခဲ့သည်။

ရုပ်ထုသည် လာကိုတာ ခေါင်းဆောင် Crazy Horse ကို ကိုယ်စားပြုရန် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ်တွင် Crazy Horse ၏ ဦးခေါင်းပိုင်းကို အနက်ရောင်တောင်တန်းများတွင် လူသိများလာခဲ့သည်။ ရုပ်ထုကို ထုလုပ်ခဲ့စဉ်က ၂၂ ထပ် တိုက်တစ်လုံး အရွယ်ရှိသည့် ဦးခေါင်းပိုင်းကိုသာ အချိန်အများဆုံး ထုလုပ်ခဲ့ကာ နှစ်ပေါင်း ၇၀ အတွင်း ကျောက်တောင်မှ တန်ချိန်သန်းပေါင်းများစွာသော ကျောက်တုံးများကို ဖောက်ခွဲ၍ ဆွဲထုတ်ခဲ့ကြသည်။

Crazy Horse Memorial ကို အပြီးသတ်သည်အထိ ထုလုပ်နိုင်ခဲ့ပါက ၆၄ ထပ်တိုက် တစ်လုံး အရွယ်ရှိ မည်ဖြစ်ကာ မျက်လုံးများသည် ၁၇ ပေ ကျယ်ဝန်းမည် ဖြစ်သည်။ Crazy Horse Memorial ရုပ်ထုစီမံကိန်းကို ဝင်ကြေးနှင့် အလှူငွေများအပေါ်တွင်သာ မှီခိုခဲ့ကာ ရုပ်ထု၏ လက်ကို ထုလုပ်ခြင်း ပြီးစီးရန်ပင် နှစ်အတန်ကြာ အချိန်ယူရမည် ဖြစ်သည်။

၂။ ဟာဆန် မျှော်စင် ၊ မော်ရိုကို ( Hassan Tower )

Tour Hassan ဟု ထင်ရှားသည့်ဟာဆန်မျှော်စင်သည် မော်ရိုကိုနိုင်ငံ မြို့တော်၊ ရာဘက်တွင် တည်ရှိသည့်ကြီးမားသော ဗလီမျှော်စင်ကြီးဖြစ်သည်။ ၁၂ ရာစုတွင် ရာကွတ် အယ်လ် မန်ဆာ၏ အမိန့်ဖြင့် တည်ဆောက်ခဲ့သည့် ယင်းအဆောက်အအုံ စီမံကိန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဗလီ မျှော်စင်ဖြစ်ကာ တည်ဆောက် ပြီးစီးခဲ့ပါက ယင်းဗလီသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုသည့် အဆောက်အအုံ ဖြစ်လာမည်ဖြစ်သည်။

ဗလီ ဆောက်လုပ်ရေး စီမံကိန်းသည် ဘုရင် ရာကွတ် အယ်လ် မန်ဆာ ကွယ်လွန်ပြီး လေးနှစ်အကြာတွင် ရပ်တန့် သွားခဲ့သည်။ ကြီးမားသော ဗလီ ကြီးသည် ရာဘက် မြို့တော် အသစ်၏ အလယ်၌ အလှပြ အဆောက်အအုံ တစ်ခုအဖြစ် ကျန်ရှိနေခဲ့ကာ စူလတန်ဘုရင်က စပိန်များအပေါ် အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်ပွဲကို ယင်းနေရာတွင်ကျင်းပခဲ့သည်။

လက်ရှိ မြင်တွေ့နေရသည့် ဗလီမျှော်စင်သည် ၄၄ မီတာ (၁၄၄ ပေ) မြင့်ကာ ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သည့် အမြင့်၏ ထက်ဝက်ကျော် ဖြစ်သည်။ ကျောက်ဖြူသားကြမ်းခင်းပေါ်တွင် ပြန့်ကြဲတည်ရှိနေသည့် တိုင်လုံးများသည် အရေအတွက်၂၀၀ ကျော် ရှိသဖြင့် အဆောက်အအုံသာ ပြီးစီးခဲ့ပါက မည်မျှကြီးမားမည်ကို ဖော်ညွှန်းလျက်ရှိနေကာ တစ်ချိန်တည်းမှာပင်ဘုရားဝတ်ပြုသူ ၂၀၀၀၀ ကို လက်ခံနိုင်မည့် အကျယ်အဝန်း ဖြစ်သည်။ ဟာဆန်မျှော်စင်သည် ၂၀၁၂ ခုနှစ်တွင် ယူနက်စ်ကိုအဖွဲ့က သတ်မှတ်သည့် ကမ္ဘာ့ အမွေအနှစ် ဖြစ်လာခဲ့သည်။

၃။ စိန့်ဂျွန်း ကက်သယ်ဒရယ် ၊ အမေရိကန်ပြည်ထောင်စု ( Cathedral Of St. John The Divine )

ကမ္ဘာပေါ်တွင် တည်ဆောက်မှု မပြီးစီးခဲ့သည့် အကြီးဆုံးနှင့် လက်ရာအပြောင်မြောက်ဆုံး ခရစ်ယန်ဘုရားကျောင်းသည် စိန့်ဂျွန်း ကက်သယ်ဒရယ် ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် လမ်းညွှန်စာအုပ်အရ ယင်းဘုရားကျောင်း ပြီးစီးရန် ဂေါသစ်လက်ရာ တည်ဆောက်ပုံ နည်းစနစ်များနှင့် ငွေကြေး ထောက်ပံ့မှု မပြည့်စုံမှုကြောင့် နှစ် ၇၀၀ တည်ဆောက်ရမည်ဟု ဆိုသည်။

ခရစ်ယာန် ဘုန်းတော်ကြီး Horatio Potter က ဘုရားကျောင်းကြီး စတင်တည်ဆောက်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကာ ၁၈၈၇ ခုနှစ်တွင် သူကွယ်လွန်ချိန်အထိ တည်ဆောက်မှုများကို မစတင်နိုင်ခဲ့ချေ။ ဘုန်းတော်ကြီး၏ တူဖြစ်သူ Henry Codman Potter က ဘုရားကျောင်းကို တစ်ဦးတည်း ငွေကြေးထောက်ပံ့မှုဖြင့်ဆောက်လုပ်ရန် စီစဉ်ခဲ့ကာ ၁၃ ဧကကျယ်ဝန်းသည့် မြေနေရာကို ဝယ်ယူခဲ့သည်။

၁၈၉၂ ခုနှစ်တွင် အဆောက်အအုံကို ပန္နက်ချခဲ့ပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို ပထမဆုံး စတင်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ဘုရားကျောင်း အလယ်ပိုင်း Nave နေရာကို ပန္နက်ချခဲ့သည်။ စိန့်ဂျွန်း ကက်သယ်ဒရယ်သည် နယူးယောက်မြို့တော် ၊ အမ်စတာဒမ် ရိပ်သာလမ်းတွင် တည်ရှိကာ ယခုအခါ သက်တမ်း နှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။

လာမည့် ဆယ်စုနှစ်များတွင် အဆောက် အအုံဟောင်းကြီးကို ဆက်လက် တည်ဆောက်မည်ဟု ဆိုသော်လည်း နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ရမည့် ရံပုံငွေ ကောက်ခံရရှိမှုအပေါ် မူတည်နေသဖြင့် မည်သည့် အချိန်တွင် ပြီးဆုံးမည် ဆိုသည့် အချိန်ဇယားကို ရေးဆွဲနိုင်ခြင်းမရှိချေ။

၄။ တာကီယို ၊ ကမ္ဘောဒီးယား ( Ta Keo )

တာကီယိုသည် ကမ္ဘာကျော် ရှေးဟောင်း မြို့တော်အန်ကောဝပ်တွင် တည်ရှိသည့် တောင်ပုံသဏ္ဌာန် ဘုရားကျောင်းတစ်ခု ဖြစ်သည်။ပိရမစ်ပုံစံ ပြုလုပ်ထားသည့် ဘုရားကျောင်း အထွတ်မျှော်စင် ငါးခု ထည့်သွင်း ထည့်ဆောက်ထားသည့် တာကီယိုသည် တည်ဆောက်ခဲ့သမျှ ဘုရား ကျောင်းများတွင် အကြီးဆုံးဖြစ်နိုင်ဖွယ်ရှိကာ တည်ဆောက်မှု အပြီး မသတ်ခဲ့သည့် အဆောက်အအုံ တစ်ခု ဖြစ် သည်။

တာကီယို သည် ပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့သည့်တိုင် ဝေးလံသော နေရာမှ ပင် မြင်တွေ့ရသည့် ကြီးမားသော အဆောက်အအုံဖြစ်သည်။ ပင်မ အဆောက်အအုံသည် မြင့်မားသော မျှော်စင် ငါးခုဖြစ်ကာ နောက်ဆုံး ပိရမစ်မျှော်စင်သည် ဒုတိယ ပစ္စယံ အဆင့်ထက် ၁၄ မီတာ (၄၆ ပေ) ပိုမို မြင့်မားသည်။

မျှော်စင်တိုင်ငါးခု အနက် လေးခုကို ထောင့်လေးထောင့်တွင် တစ်ခုစီထား၍ ကျန်တစ်ခုကို အလယ်တွင်ထားကာ ပြင်ပနံရံများကို ကျုံးတစ်ခုက ဝန်းရံထားသည်။ ကြီးမားသည့် အထိမ်းအမှတ် အဆောက်အအုံကိုသဲကျောက်တုံးများဖြင့် တည်ဆောက်ခဲ့ကာ အပြီး မသတ်နိုင်ခဲ့သည့် အကြောင်းရင်းကိုမည်သူမျှ မသိကြချေ။ ဘုရားကျောင်းမှ တူးဖော်တွေ့ရှိခဲ့သည့် ကျောက်စာတွင် ဘုရားကျောင်းကို မိုးကြိုး ပစ်ခံရပြီးနောက် တည်ဆောက်မှုများကို ရပ်တန့်ခဲ့သည်ဟု ဆိုသည်။

ဘုရားကျောင်းကို မိုးကြိုး ထိမှန်ခြင်းသည် မကောင်းသော နိမိတ်ဟု ယူဆခဲ့ကြသည်။ ကျွမ်းကျင်သူ အချို့ကကလေးဘုရင် Jayavarman V က သူ၏ ဘုရင့်အာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အဆောက်အအုံ တည်ဆောက်မှု အပြီးမသတ်ခဲ့ဟု ယုံကြည်ကြသည်။ အပြီး မသတ်ခဲ့သည့်တိုင် တာကီယိုသည် ထူးခြားသော မြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေပေသည်။

၅။ နီဖာရီဖရီ ပိရမစ် ၊ အီဂျစ် ( Pyramid Of Neferefre )

ရှေးဟောင်းအီဂျစ်ဖာရိုဘုရင်တစ်ပါးဖြစ်သည့် နီဖာရီဖရီသည် အဘူဆာ၏ ရှေးသင်္ချိုင်းကြီး (Necropolis) တွင် အလွန်ကြီးမားသော ပိရမစ် တစ်လုံးကို တည်ဆောက်ခဲ့ကာ ပိရမစ်မပြီးဆုံးမီ ဖာရိုကွယ်လွန်ခဲ့ သဖြင့် မာစတာဘာ (Mastabe) ဂူနှင့် သင်္ချိုင်းဗိမာန်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ပိရမစ်ကြီးကို အောက်ခြေကို Sahure ပိရမစ်အရွယ် နီးပါး တည်ဆောက်ခဲ့ကာ ပိရမစ် တည် ဆောက်သူများက ပိရမစ်ကြီး၏ အောက်ခြေ အလယ်တွင် ကျင်းတစ်ခုကို တူးခဲ့သည်။ ယင်းကျင်းသည် အလောင်းထားရှိမည့် ဂူဗိမာန်နေရာ ဖြစ်သည်။ ပိရမစ်၏ ဝင်ပေါက်စကြံကို မြောက်ဘက်ခြမ်းတွင် တည်ဆောက်ထားပြီး ကတုတ်ကျင်း မြောင်းရှည်တစ်ခုကို ဝင်ပေါက်မှ ကျင်းထိပ်အထိ တူးခဲ့သည်။

ယင်းနေရာမှ ဖာရို၏ ရုပ်ကြွင်း အစိတ် အပိုင်းအချို့ကို ခန္ဓာကိုယ်မှ တွေ့ရှိခဲ့သည်။ ယင်းတို့ကို ကြည့်၍ ဖာရိုသည် အသက် ၂၂ နှစ် သို့မဟုတ် ၂၃ နှစ် တွင် သေဆုံးခဲ့ကြောင်း ဖော်ပြနိုင်ခဲ့သည်။ ပိရမစ်၏ အတွင်းပိုင်းသို့ သွားသည့် အထစ် တစ်ခုတည်ဆောက်မှု ပြီးဆုံးခဲ့ကာ ဂူတစ်လုံး အသွင် ပုံပေါ်လာခဲ့သည်။ သင်္ချိုင်းဂူဗိမာန် တည်ဆောက်မှုသည် အဆင့် သုံးဆင့်အထိ ပြီးစီးခဲ့ကာ အမိုးပွင့် ခန်းမတစ်ဆောင်နှင့် ခန်းမ ဆောင်သုံးခု ပါဝင်သည်။

၆။ စကော့တလန် အမျိုးသား အဆောက်အအုံ ၊စကော့တလန် ( National Monument Of Scotland )

စကော့တလန် နိုင်ငံ၏ အမျိုးသား အဆောက်အအုံသည် အီဒင်ဘာ့ခ်မြို့ရှိ ကာလ်တန်တောင်ထိပ်တွင် မြင့်မားစွာ တည်ရှိနေသည်။ ယင်းအဆောက်အအုံသည် အများမျှော်လင့်ခဲ့သည့် အမျိုးသား ရတနာ ပစ္စည်းတစ်ခုထက် စကော့တလန်၏ ရှက်ဖွယ် အဆောက်အအုံတစ်ခုဟု မကြာခဏ ရည်ညွှန်း ပြောဆိုခဲ့ကြသည်။

တည်ဆောက်မှု မပြီးဆုံးခဲ့သည့် ယင်းအဆောက်အအုံကို အရှက်ရဖွယ် တစ်ခုဟု ဆိုခဲ့ကြသည်။ ယင်း အဆောက်အအုံသည် နပိုလီယံစစ်ပွဲကာလအတွင်း ကျဆုံးခဲ့သည့် စစ်သားများနှင့် သေဆုံးခဲ့သည့် သင်္ဘောသားများအတွက် အထိမ်းအမှတ် တစ်ခုအဖြစ်ကျန်ရှိနေကာ တည်ဆောက်မှုကား မည်သည့် အခါမှ အပြီးသတ်မည် မဟုတ်ချေ။

အဆောက်အအုံ၏ အောက်ခံပန္နက်ကို ၁၈၂၄ ခုတွင် ချခဲ့သည်။ သို့သော် ၁၈၂၉ ခုနှစ်တွင် ပြည်သူများ၏ ငွေကြေး ထောက်ပံ့မှု ပြတ်လတ်ခဲ့သဖြင့် တည်ဆောက်မှု လုပ်ငန်းများ လျင်မြန်စွာ ရပ် ဆိုင်းခဲ့သည်။ အဆောက်အအုံကြီး အပြီးသတ်နိုင်ရန် ကြိုးပမ်းမှုများစွာ ရှိခဲ့သည့်တိုင် ယခုတိုင် အပြီးမသတ်နိုင်ခဲ့ချေ။ပြီးပြည့်စုံသည် အထိသာ တည်ဆောက်နိုင်ခဲ့မည် ဆိုလျှင် စကော့တလန် အမျိုးသား အဆောက်အအုံသည် ဂရိနိုင်ငံအေသင်မြို့ရှိ ပင်သာနွန်နှင့် တူညီမည်ဖြစ်သည်။ လက်ရှိအချိန်တွင် တိုင် ၁၂ တိုင်ကိုသာ မြင်တွေ့ကြရပေသည်။

၇။ လာဆာဂရာဒါ ဖမ်မလီယာ ၊ စပိန် ( La Sagrada Familia )

သဘာဝတရားနှင့် ယုံကြည်ကိုးကွယ်မှုကို လှုံ့ဆော်နေသည့် လာဆာဂရာဒါ ဖမ်မလီယာ အဆောက်အအုံကို ၁၈၈၂ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့သည်။ တိုင်လုံး နှစ်တန်း ပါရှိသည့် အမိုးခုံး ဘုရားကျောင်း (Basilica) တည်ဆောက်မှုသည် ၇၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ကာ ဗဟိုမျှော်စင်ကြီး ခြောက်လုံးကိုသာ ဆက်လက် တည်ဆောက်ခဲ့သည်။ နှစ် ၁၃၀ ကြာ တည်ဆောက်ခဲ့သည့် လာဆာဂရာဒါ ဖမ်မလီယာ သည် အပြီး မသတ်ဘဲ ကျန်ရှိနေခဲ့သည်။

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရှိ ရိုမန်ကက်သလစ် ကျောင်းတော်ကြီး တစ်ခုဖြစ်သည့် လာဆာဂရာဒါ ဖမ်မလီယာ၏ တည်ဆောက်မှု ကုန်ကျစရိတ်ကို မတွက်ချက်နိုင်တော့ချေ။သို့သော် ကျောင်းကြီး၏ နှစ်စဉ် ရံပုံငွေသည် အမေရိကန် ဒေါ်လာ ၂၇ သန်းရှိပြီး ယင်းငွေများသည်ဘုရားကျောင်း ဝင်ကြေးများနှင့် အလှူငွေများ ဖြစ်သည်။

လာဆာဂရာဒါ ဖမ်မလီယာ၏ အသစ်ဆောက်လုပ်မည့် အမြင့်ဆုံးမျှော်စင်တိုင် သည် ၅၆၄ ပေ မြင့်မည် ဖြစ်သဖြင့် ဥရောပတိုက်တွင် အမြင့်ဆုံး ဘာသာရေး အဆောက်အအုံတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အပြီး မသတ်ခဲ့သည့် လာဆာဂရာဒါ ဖမ်မလီယာကို ၂၀၂၆ ခုနှစ်တွင် အပြီး တည် ဆောက်ရန် စီစဉ်ထားကာ အလှဆင် လုပ်ငန်းများအတွက် နောက်ထပ် အချိန်ယူရမည် ဖြစ်သည်။

၈။ ဘာရာကာမန် ၊ အိန္ဒိယ ( Bara Kaman )

ဘာရာကာမန်သည် အိန္ဒိယနိုင်ငံရှိ ဝိဇယပုရ ခေါ် ဘိဂျပါ မင်းဆက်မှ ရှစ်ဆက်မြောက် ဘုရင်ဖြစ်သူ ဒုတိယမြောက်အလီ အဒေးလ်ရှား၏ ဂူဗိမာန်ဖြစ်ပြီး တည်ဆောက်မှု အပြီးမသတ်ခဲ့သည့် အဆောက်အဦ တစ်လုံးဖြစ်သည်။ မုခ်ခုံး ၁၂ ခုဟု အဓိပ္ပာယ်ရှိသည့် ဘာရာကာမန်ကို မြင်သမျှ ဂူဗိမာန်များထက် ပိုမို လှပ၊ ကြီးမားစွာ တည်ဆောက်ရန် ရည်ရွယ်ခဲ့ကာ ထောင်လိုက် နှင့် အလျားလိုက် ခုံး ၁၂ တိုင်က အလီ အဒေးလ်ရှား၏ ဂူကို ဝန်းရံနေသည့်ပုံ တည်ဆောက်ရန် စီစဉ်ခဲ့သည်။

ဘာရာကာမန်ကို ၁၆၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ အဆောက်အအုံ မပြီးစီးမီ အလီ အဒေးလ်ရှားသည် ဖခင်ဖြစ်သူ၏ သတ်ဖြတ်ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။ ပြောရိုးစကားများအရ အဆောက်အအုံ တည်ဆောက်ပြီးစီးပါက ဘာရာကာမန်၏ အရိပ်သည် Gol Gumbaz (မင်းဆက်ကို တည်ထောင်သူ အဒေးလ်ရှားဘုရင်၏ ဂူဗိမာန်) ပေါ်သို့ တစ်ဝက်ကျော် ကျရောက်နေမည်ကို မလိုလားသည့် ဖခင်ဖြစ်သူက သားဖြစ်သူဘုရင် အလီ အဒေးလ်ရှားကို အဆောက်အဦ မပြီးစီးစေရန် သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။

အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဌာနက ဘာရာကာမန် ကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ဘာရာကာမန်ရှေ့ရှိ ပန်းဥယျာဉ်ကိုလည်း ကောင်းစွာ ထိန်းသိမ်းပြုပြင် ထားကာ လာရောက်လည်ပတ်ကြသူများသည် ဂူဗိမာန်တွင် တည်ဆောက်ထားသည့် မုခ်ခုံးနှင့် တိုင် များ၏ ဗိသုကာ အစွမ်းကို ခံစားနိုင်ကြပေသည်။

၉။ ရွိုင်ရုရောင်း ဟိုတယ် ၊ မြောက်ကိုရီးယား ( Ryugyong Hotel )

မြောက်ကိုရီးယား နိုင်ငံရှိ ရွိုင်ရုရောင်း ဟိုတယ်ကို ၁၉၈၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရန် လျာထားခဲ့သော်လည်း တိုတယ် တည်ဆောက်မှုသည် ယနေ့တိုင် မပြီးစီးခဲ့ချေ။ တည်ဆောက်မှုသာ ပြီးစီးခဲ့ပါက ရွိုင်ရုရောင်း သည် ထိုစဉ်က ကမ္ဘာတွင် သတ္တမမြောက် အကြီးဆုံး နှင့် အမြင့်ဆုံးမိုးမျှော် ဟိုတယ် နေရာတွင် ရှိနေမည်ဖြစ်သည်။

ကြီးမားသည့် ဟိုတယ်စီမံကိန်းကို ၁၉၈၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကာ စီးပွားရေးကျဆင်းမှုက ဟိုတယ် စီမံကိန်းကို ရပ်ဆိုင်းစေခဲ့သည်။ ဟိုတယ်စီမံကိန်းတွင် အခန်း ၃၀၀၀၊ ဆုံလည် စားသောက်ဆိုင် ခုနစ်ခု၊ ကာစီနိုခန်းမ၊ ကပွဲရုံနှင့် သီးသန့်ခန်း များ ပါဝင်ခဲ့သည်။ ပိရမစ်ပုံသဏ္ဌာန် တည်ဆောက်ခဲ့သည့် ရွိုင်ရုရောင်း ဟိုတယ်သည် အထပ် ၁၀၅ ထပ် ပါရှိပြီး မကြာမီ ပြန်လည် တည်ဆောက်မည်ဟု ဆိုသည်။

ဟိုတယ် မဖွင့်နိုင်ခဲ့သော်လည်း တည်ဆောက်ရေး လုပ်ငန်းများကို နှစ်များစွာ အလုပ် လုပ်ခဲ့သည့် ရုပ်ပုံများကို ပြသထားသည်။ အဆောက် အအုံပြင်ပတွင် ကရိန်းများ၊ဆောက်လုပ်ရေး ယန္တရားများကို မြင်တွေ့နေကြရသဖြင့် မကြာမီ ပြန်လည် တည်ဆောက်မည်ဟု မျှော်မှန်းကြရပေသည်။ ရွိုင်ရုရောင်း ဟိုတယ်သည် အပြီး မသတ်သည့် အဆောက် အအုံ တစ်ခုအဖြစ် တည်ရှိ နေသည်။

၁၀။ မင်းကွန်း ပုထိုးတော်ကြီး ၊ မြန်မာ ( Mingun Pahtodawgyi )

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းဒေသကြီးမှ မင်းကွန်းရွာငယ်တွင် မင်းကွန်းပုထိုးတော်ကြီးကို မြင်တွေ့ရသည်။ ဘုရင်ဘိုးတော်ဘုရားသည် ထိုစဉ်က ကမ္ဘာတွင်အကြီးဆုံးသော ပုထိုးတော်ကြီးကို တည်ဆောက်ရန် ဆန္ဒရှိခဲ့သည်။အလွန်ကြီးမားသည့် ပုထိုးတော်ကြီး ဆောက်လုပ်မှုကို ၁၇၉၀ ပြည့်နှစ်တွင်စတင်ခဲ့သော်လည်း အပြီးသတ်တည်ဆောက်နိုင်ခဲ့ခြင်း မရှိချေ။

ဘိုးတော်ဘုရားသည် မိမိအောင်နိုင်သော စစ်ပွဲများအတွင်း များစွာသော သုံ့ပန်းများနှင့် အခိုင်းအစေများကိုရရှိခဲ့ကာ ယင်းတို့ကို အသုံးပြု၍ ပုထိုးတော်ကြီးကို တည်ဆောက်ခဲ့သည်။ ပုထိုးတော်ကြီးကို ဘုရင့်ဘဏ္ဍာတော် အကောက်ငွေများဖြင့် တည်ဆောက်ခဲ့ပြီး လူအများက ပုထိုးတော်ကြီးပြီးချိန်တွင် ဘိုးတော်ဘုရား ကွယ်လွန်မည်ဟု တဘောင်များ ဆိုခဲ့ကြသည်။ ဘိုးတော်ဘုရားအနေဖြင့် အဆိုပါပုထိုးကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။

တည်ဆောက်မှု မပြီးစီးခဲ့သည့်အဆောက်အအုံကြီးသည် ၁၆၄ ပေမြင့်ကာ ယင်းအမြင့်သည် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် အမြင့်၏ သုံးပုံ တစ်ပုံသာ ဖြစ်သည်။ပုထိုးတော်ကြီး အောက်ခြေသည် ၄၅၀ စတုရန်းပေ ကျယ်ဝန်းသည်။ ၁၈၃၉ ခုနှစ်တွင် လှုပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အက်ကွဲခဲ့သည့် ကြီးမားသော ကွဲကြောင်းများကို ပုထိုးတော်ကြီးတွင် ယနေ့တိုင် မြင်နိုင်ကြကာ ကမ္ဘာပေါ်တွင် အကြီးသော အုတ်နှင့် ကျောက်ပုံကြီးတစ်ခုအဖြစ် ထင်ရှားခဲ့သည်။

ကမ္ဘာအနှံ့ သွားလာလည်ပတ်နေကြသည့် ခရီးသွားများသည် လှပခမ်းနားသော အဆောက်အအုံများသာမက တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားသည့် ရှေးဟောင်းအဆောက်အအုံများကို ကြည့်ရှုရခြင်းကိုလည်း နှစ်ခြိုက်လေ့ ရှိသဖြင့် အပြီးမသတ်ခဲ့သည့် အဆောက်အအုံများသည် ကမ္ဘာကျော်သည်အထိ ထင်ရှားလာခဲ့ပေသည်။

မူရင်းရေးသားသူအား Credit ပေးပါသည်။

Categories
ထူးဆန်းထွေလာ

အသက်အရွယ်ကြီးတယ် ငယ်တယ်မရှိ အပျို လူပျို ဟူ၍လည်းမရှိ တစ်သက်လုံးရေမချိုးတဲ့ မျိုးနွယ်စုကြီး

Zawgyi

အသက္အ႐ြယ္ႀကီးတယ္ ငယ္တယ္မရွိ အပ်ိဳ လူပ်ိဳ ဟူ၍လည္းမရွိ တစ္သက္လုံးေရမခ်ိဳးတဲ့ မ်ိဳးႏြယ္စုႀကီး

စာဖတ္သူမ်ားကို ဦးဆုံး တင္ျပခ်င္တာက အပ်ိဳႀကီး လူပ်ိဳႀကီးလည္း မရွိ တစ္သက္မွာ တစ္ခါေလးေတာင္ ေရမခ်ိဳးတဲ့ လူမ်ိဳးႏြယ္စု အေၾကာင္းပါ။ အဲလို လူမ်ိဳးစု ကမာၻေပၚမွာ တကယ္ရွိတယ္ဆိုရင္ အံ့ဩသြားမလား။ မိတ္ေဆြတို႔ေရာ ေရမခ်ိဳးဘဲ ဘယ္ႏွစ္ရက္ေလာက္ ေနႏိုင္ၾကလဲ မသိဘူး။

နမီးဘီးယားႏိုင္ငံ ေျမာက္ပိုင္းမွာ ေနထိုင္ၾကတဲ့ Ovahimba လို႔ေခၚတဲ့ လူမ်ိဳးတစ္စုဟာ လူသိနည္းတဲ့ မ်ိဳးႏြယ္စု ျဖစ္ပါတယ္။ အသိပညာ၊ ယဥ္ေက်းမႈ၊ တိုးတက္ ဖြံ႕ၿဖိဳးမႈဟာလည္း အလြန္နည္းပါးၾကပါတယ္။ အံ့ၾသစရာေကာင္းတာက အဲဒီ Ovahimba လို႔ေခၚတဲ့ လူမ်ိဳးတစ္စုဟာ တစ္သက္လုံးမွာ တစ္ခါမွကို ေရမခ်ိဳးၾကတာပါပဲ။ ေရမခ်ိဳးၾကတဲ့အတြက္ သန႔္ရွင္းေရး မလုပ္ဘူးလားလို႔ ထင္စရာ ရွိပါတယ္။ ဒီလိုလည္း မဟုတ္ပါဘူး။

သူတို႔ လူမ်ိဳးေတြဟာ သန႔္ရွင္းေရးလည္း လုပ္ၾကပါတယ္။ သူတို႔ သန႔္ရွင္းေရး လုပ္ပုံက ေရခ်ိဳးတာ၊ ေရနဲ႔ သန႔္စင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ Ovahimba လူမ်ိဳးေတြရဲ႕ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ သန႔္ရွင္းေရးလုပ္တဲ့ ထုံးတမ္းစဥ္လာနည္းက မနက္ေစာေစာမွာ သူတို႔လူမ်ိဳးေတြ အသုံးျပဳတဲ့ ေဆးျမစ္ေတြကို မီးရႈိ႕ၿပီး တဲတစ္ခုလုံး မီးခိုးေတြ ဖုံးေနတဲ့အခါ ၎မီးခိုးလုံးေတြၾကားမွာ ႏွစ္နာရီၾကာမွ် ထိုင္ေနျခင္းဟာ သူတို႔အတြက္ သန႔္ရွင္းေရး လုပ္နည္းပါလို႔ ဆိုပါတယ္။

သူတို႔ ဝတ္ဆင္တဲ့ သားေရထည္ပစၥည္းေတြကိုလည္း ဒီလို မီးခိုးေတြနဲ႔ဘဲ သန႔္ရွင္းေရးလုပ္ၾကတာ ျဖစ္ပါတယ္။ Ovahimba လူမ်ိဳး ကေလးငယ္မ်ားဟာ သူတို႔ ကိုယ္ခႏၶာေပၚမွာ အဝတ္အစားဆိုတာ မရွိသေလာက္ နည္းပါးၿပီးေတာ့ အမ်ိဳးသမီး၊ ကေလး၊ လူႀကီး အားလုံးဟာ လည္ပင္းမွာ ပုတီးလို အဆင္တန္ဆာမ်ားကို ဝတ္ဆင္ ထားတတ္ၾကပါတယ္။

သို႔ေသာ္လည္း အမ်ိဳးသမီးေတြမွာေတာ့ အိမ္ေထာင္ရွိသူနဲ႔ မရွိသူ ဆြဲၾကတဲ့ လည္ဆြဲခ်င္းကေတာ့ မတူညီၾကပါဘူး။ အဲဒီ ေဒသကို ေရာက္ခဲ့ၾက သူမ်ားကေတာ့ Ovahimba လူမ်ိဳးေတြ သန႔္ရွင္းေရးလုပ္တဲ့ အခ်ိန္မွာ သူတို႔ေနထိုင္ရာ တဲအတြင္းမွာ မီးခိုးလုံးေတြ ျပည့္ေနၿပီးေတာ့ အသက္ေတာင္ ေကာင္းေကာင္းရႉလို႔ မရခဲ့ၾကဘူးလို႔ ျပန္လည္ ေျပာျပ ၾကပါတယ္။

ထူးျခားတာ ေနာက္တစ္ခုက အမ်ိဳးသမီးမ်ားဟာ အပ်ိဳေဖာ္ ဝင္လာရင္ ဖခင္ကသင့္ေတာ္တဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အိမ္ေထာင္ခ်ေပးတာပါ။ အပ်ိဳႀကီး လူပ်ိဳႀကီးလည္း မရွိၾကပါဘူး။ အိမ္မွာ ဧည့္သည္တစ္ေယာက္ ေရာက္လာရင္လည္း အိမ္ရွင္အမ်ိဳးသမီးနဲ႔ အတူ အိပ္စက္ခြင့္ ျပဳၾကတာပါ ။ ဒါဟာသူတို႔လူမ်ိဳးစုရဲ႕ ဓေလ့တစ္ခုပါတဲ့ ။အိမ္ရွင္အမ်ိဳးသားက အိမ္အျပင္ထြက္ၿပီး အိပ္စက္ၾကရပါတယ္။

မီးခိုးေတြနဲ႔ဘဲ သန႔္ရွင္းေရး လုပ္လို႔လားမသိ။ သူတို႔ရဲ႕ အေရာင္ကေတာင္ မီးခိုးေရာင္ ေပါက္ေနသလိုပါဘဲ။ ေရခ်ိဳးဖို႔ ပ်င္းတဲ့ သူငယ္ခ်င္းမ်ား ၊ Single ျဖစ္ေနသူမ်ား (အမည္ မေျပာေတာ့ပါဘူးေနာ္) အဲဒီကို သြားပါလို႔ အႀကံျပဳလိုက္တယ္ေနာ္။

Credit To Original Uploader

Unicode

အသက်အရွယ်ကြီးတယ် ငယ်တယ်မရှိ အပျို လူပျို ဟူ၍လည်းမရှိ တစ်သက်လုံးရေမချိုးတဲ့ မျိုးနွယ်စုကြီး

စာဖတ်သူများကို ဦးဆုံး တင်ပြချင်တာက အပျိုကြီး လူပျိုကြီးလည်း မရှိ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စု အကြောင်းပါ။ အဲလို လူမျိုးစု ကမ္ဘာပေါ်မှာ တကယ်ရှိတယ်ဆိုရင် အံ့ဩသွားမလား။ မိတ်ဆွေတို့ရော ရေမချိုးဘဲ ဘယ်နှစ်ရက်လောက် နေနိုင်ကြလဲ မသိဘူး။

နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ လူသိနည်းတဲ့ မျိုးနွယ်စု ဖြစ်ပါတယ်။ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက် ဖွံ့ဖြိုးမှုဟာလည်း အလွန်နည်းပါးကြပါတယ်။ အံ့သြစရာကောင်းတာက အဲဒီ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါပဲ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေး မလုပ်ဘူးလားလို့ ထင်စရာ ရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။

သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေ ဖုံးနေတဲ့အခါ ၎င်းမီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေး လုပ်နည်းပါလို့ ဆိုပါတယ်။

သူတို့ ဝတ်ဆင်တဲ့ သားရေထည်ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။ Ovahimba လူမျိုး ကလေးငယ်များဟာ သူတို့ ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီး၊ ကလေး၊ လူကြီး အားလုံးဟာ လည်ပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင် ထားတတ်ကြပါတယ်။

သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူ ဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။ အဲဒီ ဒေသကို ရောက်ခဲ့ကြ သူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့ အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည် ပြောပြ ကြပါတယ်။

ထူးခြားတာ နောက်တစ်ခုက အမျိုးသမီးများဟာ အပျိုဖော် ဝင်လာရင် ဖခင်ကသင့်တော်တဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးတာပါ။ အပျိုကြီး လူပျိုကြီးလည်း မရှိကြပါဘူး။ အိမ်မှာ ဧည့်သည်တစ်ယောက် ရောက်လာရင်လည်း အိမ်ရှင်အမျိုးသမီးနဲ့ အတူ အိပ်စက်ခွင့် ပြုကြတာပါ ။ ဒါဟာသူတို့လူမျိုးစုရဲ့ ဓလေ့တစ်ခုပါတဲ့ ။အိမ်ရှင်အမျိုးသားက အိမ်အပြင်ထွက်ပြီး အိပ်စက်ကြရပါတယ်။

မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေး လုပ်လို့လားမသိ။ သူတို့ရဲ့ အရောင်ကတောင် မီးခိုးရောင် ပေါက်နေသလိုပါဘဲ။ ရေချိုးဖို့ ပျင်းတဲ့ သူငယ်ချင်းများ ၊ Single ဖြစ်နေသူများ (အမည် မပြောတော့ပါဘူးနော်) အဲဒီကို သွားပါလို့ အကြံပြုလိုက်တယ်နော်။

Credit To Original Uploader

Categories
သမိုင်း

အင်းသားတို့ရဲ့ နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ ငွေပန်းထိမ်

Zawgyi

အင္းသားတို႔ရဲ႕ ႏွစ္ေပါင္း ၁၅၀ေက်ာ္ၾကာ မ်ိဳးဆက္ ၄ ဆက္တိုင္ရွိခဲ့ၿပီျဖစ္တဲ့ ေငြပန္းထိမ္

ကေလးငယ္ရပ္ ကြက္ က အင္းသားတို႔ရဲ႕ေငြပန္းထိမ္ ျမန္မာ႐ိုးရာ လက္မႈပညာ ပန္းဆယ္မ်ိဳးထဲမွ တစ္ခု ျဖစ္သည္။ ပန္းထိမ္သည္ အဖိုးတန္ေသာ ေ႐ႊ၊ ေငြႏွင့္ သတၱဳစသည္တို႔ျဖင့္ လူတို႔၏ လက္ဝတ္ရတနာ၊ အသုံးအေဆာင္ အမ်ိဳးမ်ိဳးတို႔ကို သီးသန႔္ျပဳလုပ္ျခင္း၊ ေက်ာက္မ်က္မ်ိဳးစုံ တို႔ျဖင့္ တြဲဖက္၍ ျပဳလုပ္ေသာ အတတ္ပညာျဖစ္ပါသည္ ရွမ္းျပည္ေတာင္ပိုင္းအင္းေလးေဒသ

အလည္လာေရာက္လွ်င္ ႐ိုးရာေငြပန္းထိမ္လုပ္ငန္းမ်ားဆီသို႔ သြားေရာက္လည္ပတ္ဖူးၾကလိမ့္မည္ထင္ပါသည္ ေ႐ႊပန္းထိမ္ထက္လုပ္ရခက္ၿပီး လက္ဝင္လွေသာေငြပန္းထိမ္ပညာမွာ ႐ိုးရာအႏုလက္ရာမ်ား ဓေလ့စ႐ိုက္မ်ား အေလ့အထေကာင္းမ်ား ႐ိုးရာအေမြအႏွစ္အေငြ႕အသက္တို႔ ကိန္းေအာင္းပုံေဖာ္ထားေသာ႐ုပ္လုံး႐ုပ္ႂကြမ်ားျဖင့္အသက္ဝင္တင့္တယ္လွေသာ အင္းသားတို႔ရဲ႕ေငြပန္းထိမ္လက္မူ႔ပစၥည္းမ်ား၏တင့္တယ္လွပပုံမွာရႈ႕မၿငီးႏိုင္ေသာရတနာမ်ားပင္ျဖစ္ပါသည္။

ဆြမ္းေတာ္ကပ္ရန္ဆြမ္းေတာ္အုပ္ ဆြမ္းေတာ္ကလပ္ ေငြပန္းအိုး ေငြေရစက္အိုး ဆြမ္းေတာ္ခြက္ ေသာက္ေတာ္ေရခြက္ႏွင့္ အေဆာင္ပစၥည္းမ်ား အထြဋ္အျမတ္ထားရာ ဘုရားဆင္းတုေတာ္မ်ား ေစတီမ်ား ႏွင့္ေငြထည္လက္ဝတ္ရတနာမ်ိဳးစုံတို႔ကို ျပဳလုပ္ဖန္တီးသည့္အင္းထဲမွေငြပန္းထိမ္လုပ္ငန္းမ်ားသည္ျပည္တြင္းလက္မူ႔ပစၥည္းထုတ္ကုန္မ်ား အျဖစ္နာမည္ႀကီးလွပါသည္။

ႏွစ္ေပါင္း ၁၅၀ေက်ာ္ၾကာ မ်ိဳးဆက္ ၄ဆက္တိုင္ရွိခဲ့ၿပီျဖစ္တဲ့ အင္းေလးေဒသ ဟဲယာ႐ြာမ ကေလးငယ္ရပ္ကြက္ က ဦးေ႐ႊေအး ​​ ​​ေဒၚသိဂႌေအး မိသားစု ႐ိုးရာေငြပန္းထိမ္လုပ္ငန္းကို မွတ္တမ္းတင္ေဖာ္ျပေပးအပ္ပါတယ္ဗ်ား ဖုန္း 09251007119 ေညာင္ေ႐ႊမွတ္စု

Unicode

အင်းသားတို့ရဲ့ နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ ငွေပန်းထိမ်

ကလေးငယ်ရပ် ကွက် က အင်းသားတို့ရဲ့ငွေပန်းထိမ် မြန်မာရိုးရာ လက်မှုပညာ ပန်းဆယ်မျိုးထဲမှ တစ်ခု ဖြစ်သည်။ ပန်းထိမ်သည် အဖိုးတန်သော ရွှေ၊ ငွေနှင့် သတ္တုစသည်တို့ဖြင့် လူတို့၏ လက်ဝတ်ရတနာ၊ အသုံးအဆောင် အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံ တို့ဖြင့် တွဲဖက်၍ ပြုလုပ်သော အတတ်ပညာဖြစ်ပါသည် ရှမ်းပြည်တောင်ပိုင်းအင်းလေးဒေသ

အလည်လာရောက်လျှင် ရိုးရာငွေပန်းထိမ်လုပ်ငန်းများဆီသို့ သွားရောက်လည်ပတ်ဖူးကြလိမ့်မည်ထင်ပါသည် ရွှေပန်းထိမ်ထက်လုပ်ရခက်ပြီး လက်ဝင်လှသောငွေပန်းထိမ်ပညာမှာ ရိုးရာအနုလက်ရာများ ဓလေ့စရိုက်များ အလေ့အထကောင်းများ ရိုးရာအမွေအနှစ်အငွေ့အသက်တို့ ကိန်းအောင်းပုံဖော်ထားသောရုပ်လုံးရုပ်ကြွများဖြင့်အသက်ဝင်တင့်တယ်လှသော အင်းသားတို့ရဲ့ငွေပန်းထိမ်လက်မူ့ပစ္စည်းများ၏တင့်တယ်လှပပုံမှာရှု့မငြီးနိုင်သောရတနာများပင်ဖြစ်ပါသည်။

ဆွမ်းတော်ကပ်ရန်ဆွမ်းတော်အုပ် ဆွမ်းတော်ကလပ် ငွေပန်းအိုး ငွေရေစက်အိုး ဆွမ်းတော်ခွက် သောက်တော်ရေခွက်နှင့် အဆောင်ပစ္စည်းများ အထွဋ်အမြတ်ထားရာ ဘုရားဆင်းတုတော်များ စေတီများ နှင့်ငွေထည်လက်ဝတ်ရတနာမျိုးစုံတို့ကို ပြုလုပ်ဖန်တီးသည့်အင်းထဲမှငွေပန်းထိမ်လုပ်ငန်းများသည်ပြည်တွင်းလက်မူ့ပစ္စည်းထုတ်ကုန်များ အဖြစ်နာမည်ကြီးလှပါသည်။

နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ အင်းလေးဒေသ ဟဲယာရွာမ ကလေးငယ်ရပ်ကွက် က ဦးရွှေအေး ​​ ​​ဒေါ်သိင်္ဂီအေး မိသားစု ရိုးရာငွေပန်းထိမ်လုပ်ငန်းကို မှတ်တမ်းတင်ဖော်ပြပေးအပ်ပါတယ်ဗျား ဖုန်း 09251007119 ညောင်ရွှေမှတ်စု

Categories
သမိုင်း

မင်းတုန်းမင်းရဲ့ မိ ဖု ရား (၁၀၀) ကျော် ထဲ က ရုပ် ရ ည် အ ချော မော ဆုံး သ ရ စိ မ်း မိ ဖုရားကြီး အကြောင်း

Zawgyi

မင္းတုန္းမင္းရဲ႕ မိဖုရား (၁၀၀) ေက်ာ္ထဲက ႐ုပ္ရည္အေခ်ာေမာဆုံး သရစိမ္းမိဖုရားႀကီး အေၾကာင္း

သရစိမ္းမိဖုရားႀကီး (႐ုပ္ရည္ အေခ်ာေမာဆုံးမိဖုရား)၊ သရစိမ္းမိဖုရားႀကီး ဟာ မင္းတုန္မင္းရဲ႕ ေ႐ႊတိုက္စာရင္းဝင္မိဖုရားေတြထဲမွာ ႐ုပ္ရည္အေခ်ာေမာဆုံးေသာ မိဖုရားတစ္ပါးျဖစ္ခဲ့ပါတယ္။ မင္းတုန္းမင္းႀကီးရဲ႕ အျခားေသာ ရွမ္းမိဖုရား၊ ထိုင္းမိဖုရားတို႔နဲ႔အၿပိဳင္ ႐ုပ္ရည္လွခဲ့သူလည္း ျဖစ္ပါတယ္။

သရစိမ္းမိဖုရားႀကီးဟာ မိဖုရားျဖစ္တဲ့အခ်ိန္မွာ အသက္ (၁၆)ႏွစ္သာ ရွိပါေသးတယ္။ သူ႔ရဲ႕ မေအတူ ဖေအကြဲ အစ္မေတာ္မိဖုရားေတြျဖစ္တဲ့ လင္ပန္မိဖုရားနဲ႔ သက္ပန္းမိဖုရားတို႔ထံ ဝင္ထြက္ခစားရင္း မင္းတုန္းဘုရင္ကေတြ႕ျမင္ၿပီး ႐ုပ္ရည္ေခ်ာေမာတာနဲ႔ မိဖုရားအျဖစ္ေကာက္ယူခဲ့တာ ျဖစ္ပါတယ္။

သရစိမ္းမိဖုရားႀကီးဟာ “သုသီရိနႏၵာမေဟ” ဘြဲ႕ ရရွိ ၿပီးတဲ့ေနာက္မွာ ဘုရင္က ခ်စ္ခင္ျမတ္ႏိုးလြန္းတဲ့အတြက္ ဘ႑ာစိုး ရာထူးကိုပါ ေပးအပ္ခဲ့ၿပီး ဘုရင့္အေဆာင္ေတာ္မွာ အၿမဲေနခဲ့ရသူလဲျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ သရစိမ္းမိဖုရားဟာ မေဟဘြဲ႕ခံ မိဖုရားတစ္ပါးသာျဖစ္ေပမယ့္ ဓာတ္ပုံထဲမွာ ပါတဲ့အတိုင္းမ်ားျပားလြန္းလွတဲ့ ရတနာ လက္ဝတ္လက္စားမ်ား ဆင္ျမန္းထားတာကို ၾကည့္ျခင္းျဖင့္ မင္းတုန္းဘုရင္ရဲ႕ ျမတ္ႏိုးမႈဟာ ဘယ္ေလာက္ထိရွိမယ္ဆိုတာ ခန႔္မွန္းႏိုင္ပါတယ္။

မိဖုရားႀကီးဟာ ေနာင္မြန္ထိပ္ေခါင္တင္၊ တိုင္တားထိပ္ေခါင္တင္၊ မႈိင္းလုံထိပ္ေခါင္တင္ ဆိုတဲ့ သမီးေတာ္သုံးပါးဖြားျမင္ခဲ့ၿပီး သမီးေတာ္သုံးပါးစလုံးဟာလည္း မယ္ေတာ္မိဖုရားႀကီးအတိုင္းပင္ ႐ုပ္ရည္ေခ်ာေမာခဲ့သူေတြျဖစ္႐ုံမက မင္းတုန္းမင္းႀကီးရဲ႕ အျခားေသာ ကုန္းေဘာင္မင္းေသြးပါတဲ့ စုဖုရားဘြဲ႕ခံ မင္းသမီးေတြနဲ႔အၿပိဳင္ “ဃနမတၱက” အဆင္တန္ဆာကို ဆင္ျမန္းခြင့္ရခဲ့သူေတြလဲျဖစ္ပါတယ္။

သီေပါမင္းလက္ထက္ေရာက္တဲ့အခါမွာ သရစိမ္းမိဖုရားႀကီးရဲ႕ အစ္မေတာ္ေတြျဖစ္တဲ့ လင္ပန္းမိဖုရား၊ သက္ပန္းမိဖုရားတို႔ ေတြ အဖမ္းအဆီးခံခဲ့ရေပမယ့္ သူ(သရစိမ္းမိဖုရားႀကီး)နဲ႔ သမီးေတာ္သုံးပါးဟာ ဘာဒုကၡမွမေရာက္ခဲ့ပါဘူး။ ဒုကၡမေရာက္ခဲ့တဲ့အျပင္ သီေပါမင္းရဲ႕ မုဒၶါဘိတ္သိတ္ခံယူပြဲမွာ သရစိမ္းမိဖုရားႀကီး ရဲ႕ သမီးေတာ္လတ္ျဖစ္တဲ့ တိုင္တားမင္းသမီးဟာ ေငြေမာင္းကိုင္စြဲလို႔ မဂၤလာစကားသုံးခြန္းဆိုခဲ့ရပါတယ္။

အဲ့ဒီအခါမွာ နန္းမေတာ္စုဖုရားလတ္က တိုင္တားမင္းသမီးေလးကို ခ်စ္ခင္လြန္းလို႔ သူ႔ေရွ႕မွာရွိေနတဲ့ ရတနာပုံထဲက ရတနာေတြကို ႏွစ္သက္သေလာက္ယူဖို႔ ေျပာဆိုခဲ့ၿပီး မင္းသမီးေလးက ေၾကာက္လန႔္ေနလို႔ မယူရဲတဲ့အတြက္ နန္းမေတာ္စုဖုရားလတ္ကိုယ္တိုင္ ဖလားနဲ႔သုံးလုံး ရတနာေတြကို ေပးခဲ့တဲ့အထိ သီေပါမင္းလက္ထက္မွာ မ်က္ႏွာပြင့္လန္းခဲ့ၾကရပါတယ္။

ပါေတာ္မူၿပီးေနာက္မွာ မိဖုရားႀကီးနဲ႔ သမီးေတာ္သုံးပါးကို ရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ၿပီး ပင္စင္ ၁၅၀နဲ႔ အိမ္လခ ၆၀ ေပးခဲ့ပါတယ္။ မိဖုရားႀကီး ဟာ ရန္ကုန္ၿမိဳ႕မွာ ေျမေနရာ ၆ ဧကက်ယ္ဝန္းတဲ့ ၿခံႀကီးထဲမွာ အုတ္ခံ ႏွစ္ထပ္စံအိမ္ေတာ္ႀကီးကို ဝယ္ယူၿပီးေနထိုင္ခဲ့ပါတယ္။

မိဖုရားႀကီး ရဲ႕ စံအိမ္ေတာ္ႀကီးဟာ မင္းေဆြမင္းမ်ိဳးမ်ား၊ မွန္နန္းအပ်ိဳေတာ္မ်ား၊ ဘုရင္လက္ထက္က ခစားခဲ့ၾကတဲ့ အမႉထမ္း ပုဂၢိဳလ္မ်ားနဲ႔ အၿမဲမျပတ္စည္ကားခဲ့ၿပီး ေန႔စဥ္ ဆန္တစ္တင္းခ်က္ကုန္အထိ ခ်က္ျပဳတ္ခဲ့ရပါတယ္။

မိဖုရားႀကီးဟာ ရန္ကုန္မွာပဲစံေနခဲ့ၿပီး အသက္ ၈၃ ႏွစ္ ၁၂၈၇ခုႏွစ္မွာ ကံေတာ္ကုန္ခဲ့လို႔ မိဖုရားႀကီးကိုယ္တိုင္ ေျမေနရာဝယ္ယူထားတဲ့ ငါးထပ္ႀကီးဘုရားအနီးက ဝကၤပါေတာင္ကုန္းေပၚမွာ အုတ္နန္းျပႆ ဒ္ထားၿပီး သၿဂႋဳလ္ ခဲ့ၾကပါတယ္။ ကိုးကား ကုန္းေဘာင္အလြန္ မင္းနႏၵသူ

မူရင္းေရးသားသူအား ေလးစားစြာ Credit ေပးပါသည္။

Unicode

မင်းတုန်းမင်းရဲ့ မိဖုရား (၁၀၀) ကျော်ထဲက ရုပ်ရည်အချောမောဆုံး သရစိမ်းမိဖုရားကြီး အကြောင်း

သရစိမ်းမိဖုရားကြီး (ရုပ်ရည် အချောမောဆုံးမိဖုရား)၊ သရစိမ်းမိဖုရားကြီး ဟာ မင်းတုန်မင်းရဲ့ ရွှေတိုက်စာရင်းဝင်မိဖုရားတွေထဲမှာ ရုပ်ရည်အချောမောဆုံးသော မိဖုရားတစ်ပါးဖြစ်ခဲ့ပါတယ်။ မင်းတုန်းမင်းကြီးရဲ့ အခြားသော ရှမ်းမိဖုရား၊ ထိုင်းမိဖုရားတို့နဲ့အပြိုင် ရုပ်ရည်လှခဲ့သူလည်း ဖြစ်ပါတယ်။

သရစိမ်းမိဖုရားကြီးဟာ မိဖုရားဖြစ်တဲ့အချိန်မှာ အသက် (၁၆)နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ မအေတူ ဖအေကွဲ အစ်မတော်မိဖုရားတွေဖြစ်တဲ့ လင်ပန်မိဖုရားနဲ့ သက်ပန်းမိဖုရားတို့ထံ ဝင်ထွက်ခစားရင်း မင်းတုန်းဘုရင်ကတွေ့မြင်ပြီး ရုပ်ရည်ချောမောတာနဲ့ မိဖုရားအဖြစ်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

သရစိမ်းမိဖုရားကြီးဟာ “သုသီရိနန္ဒာမဟေ” ဘွဲ့ ရရှိ ပြီးတဲ့နောက်မှာ ဘုရင်က ချစ်ခင်မြတ်နိုးလွန်းတဲ့အတွက် ဘဏ္ဍာစိုး ရာထူးကိုပါ ပေးအပ်ခဲ့ပြီး ဘုရင့်အဆောင်တော်မှာ အမြဲနေခဲ့ရသူလဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ သရစိမ်းမိဖုရားဟာ မဟေဘွဲ့ခံ မိဖုရားတစ်ပါးသာဖြစ်ပေမယ့် ဓာတ်ပုံထဲမှာ ပါတဲ့အတိုင်းများပြားလွန်းလှတဲ့ ရတနာ လက်ဝတ်လက်စားများ ဆင်မြန်းထားတာကို ကြည့်ခြင်းဖြင့် မင်းတုန်းဘုရင်ရဲ့ မြတ်နိုးမှုဟာ ဘယ်လောက်ထိရှိမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

မိဖုရားကြီးဟာ နောင်မွန်ထိပ်ခေါင်တင်၊ တိုင်တားထိပ်ခေါင်တင်၊ မှိုင်းလုံထိပ်ခေါင်တင် ဆိုတဲ့ သမီးတော်သုံးပါးဖွားမြင်ခဲ့ပြီး သမီးတော်သုံးပါးစလုံးဟာလည်း မယ်တော်မိဖုရားကြီးအတိုင်းပင် ရုပ်ရည်ချောမောခဲ့သူတွေဖြစ်ရုံမက မင်းတုန်းမင်းကြီးရဲ့ အခြားသော ကုန်းဘောင်မင်းသွေးပါတဲ့ စုဖုရားဘွဲ့ခံ မင်းသမီးတွေနဲ့အပြိုင် “ဃနမတ္တက” အဆင်တန်ဆာကို ဆင်မြန်းခွင့်ရခဲ့သူတွေလဲဖြစ်ပါတယ်။

သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာ သရစိမ်းမိဖုရားကြီးရဲ့ အစ်မတော်တွေဖြစ်တဲ့ လင်ပန်းမိဖုရား၊ သက်ပန်းမိဖုရားတို့ တွေ အဖမ်းအဆီးခံခဲ့ရပေမယ့် သူ(သရစိမ်းမိဖုရားကြီး)နဲ့ သမီးတော်သုံးပါးဟာ ဘာဒုက္ခမှမရောက်ခဲ့ပါဘူး။ ဒုက္ခမရောက်ခဲ့တဲ့အပြင် သီပေါမင်းရဲ့ မုဒ္ဓါဘိတ်သိတ်ခံယူပွဲမှာ သရစိမ်းမိဖုရားကြီး ရဲ့ သမီးတော်လတ်ဖြစ်တဲ့ တိုင်တားမင်းသမီးဟာ ငွေမောင်းကိုင်စွဲလို့ မင်္ဂလာစကားသုံးခွန်းဆိုခဲ့ရပါတယ်။

အဲ့ဒီအခါမှာ နန်းမတော်စုဖုရားလတ်က တိုင်တားမင်းသမီးလေးကို ချစ်ခင်လွန်းလို့ သူ့ရှေ့မှာရှိနေတဲ့ ရတနာပုံထဲက ရတနာတွေကို နှစ်သက်သလောက်ယူဖို့ ပြောဆိုခဲ့ပြီး မင်းသမီးလေးက ကြောက်လန့်နေလို့ မယူရဲတဲ့အတွက် နန်းမတော်စုဖုရားလတ်ကိုယ်တိုင် ဖလားနဲ့သုံးလုံး ရတနာတွေကို ပေးခဲ့တဲ့အထိ သီပေါမင်းလက်ထက်မှာ မျက်နှာပွင့်လန်းခဲ့ကြရပါတယ်။

ပါတော်မူပြီးနောက်မှာ မိဖုရားကြီးနဲ့ သမီးတော်သုံးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ပြီး ပင်စင် ၁၅၀နဲ့ အိမ်လခ ၆၀ ပေးခဲ့ပါတယ်။ မိဖုရားကြီး ဟာ ရန်ကုန်မြို့မှာ မြေနေရာ ၆ ဧကကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ အုတ်ခံ နှစ်ထပ်စံအိမ်တော်ကြီးကို ဝယ်ယူပြီးနေထိုင်ခဲ့ပါတယ်။

မိဖုရားကြီး ရဲ့ စံအိမ်တော်ကြီးဟာ မင်းဆွေမင်းမျိုးများ၊ မှန်နန်းအပျိုတော်များ၊ ဘုရင်လက်ထက်က ခစားခဲ့ကြတဲ့ အမှူထမ်း ပုဂ္ဂိုလ်များနဲ့ အမြဲမပြတ်စည်ကားခဲ့ပြီး နေ့စဉ် ဆန်တစ်တင်းချက်ကုန်အထိ ချက်ပြုတ်ခဲ့ရပါတယ်။

မိဖုရားကြီးဟာ ရန်ကုန်မှာပဲစံနေခဲ့ပြီး အသက် ၈၃ နှစ် ၁၂၈၇ခုနှစ်မှာ ကံတော်ကုန်ခဲ့လို့ မိဖုရားကြီးကိုယ်တိုင် မြေနေရာဝယ်ယူထားတဲ့ ငါးထပ်ကြီးဘုရားအနီးက ဝင်္ကပါတောင်ကုန်းပေါ်မှာ အုတ်နန်းပြဿ ဒ်ထားပြီး သင်္ဂြိုလ် ခဲ့ကြပါတယ်။ ကိုးကား ကုန်းဘောင်အလွန် မင်းနန္ဒသူ

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။

Categories
ထူးဆန်းထွေလာ

ကိုယ်ပိုင်လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်ပြီး အိမ်ရှေ့တိုင်းမှာ လေယာဉ်ပါကင် ထိုးထားလေ့ရှိတဲ့ ကမ္ဘာကချမ်းသာဆုံးနိုင်ငံ

Zawgyi

ကိုယ္ပိုင္ေလယာဥ္ တစ္စင္းစီ ပိုင္ဆိုင္ၿပီး အိမ္ေရွ႕တိုင္းမွာ ေလယာဥ္ပါကင္ ထိုးထားေလ့ရွိတဲ့ ကမာၻကခ်မ္းသာဆုံးႏိုင္ငံ

ကြၽန္ေတာ္တို႔ဆီမွာ ကိုယ္ပိုင္ အိမ္ ၿခံ ကား နဲ႔ ေနႏိုင္တဲ့သူေတြကို ခ်မ္းသာ တယ္ လို႔ ဆိုႏိုင္ပါတယ္။

ဒါေပမယ့္ အေမရိကန္က ေနရာတစ္ခုကေတာ့ အဲဒီထက္ ပိုတယ္လို႔ ဆိုႏိုင္ပါတယ္။

ဖေလာ္ရီဒါ ျပည္နယ္ အေရွ႕ေျမာက္ဘက္မွာ ရွိတဲ့ Spruce Creek ဆိုတဲ့ နယ္ေျမမွာ ရွိတဲ့လူတိုင္းဟာ အလန္းစား ကားေတြသာမက တစ္ေယာက္ကို ေလယာဥ္ တစ္စင္းစီ ပိုင္ဆိုင္ႏိုင္တဲ့ အထိ ခ်မ္းသာ ၾကပါတယ္။

ကမာၻေက်ာ္ ေလယာဥ္ရပ္ကြက္ ဆိုရင္လည္း မမွားပါဘူး။ ဒီေနရာမွာ လူဦးေရ ၅၀၀၀ ၀န္းက်င္ခန္႔ ေနထိုင္ၿပီး ေလယာဥ္႐ုံေပါင္းလည္း ၇၀၀ ေက်ာ္ ရွိပါတယ္။

အဲဒီေနရာကို ျဖတ္သန္း သြားပါက ကားေတြ ပါကင္ထိုးထားသလို အစီအရီ ပါကင္ထိုးထားတဲ့ ေလယာဥ္ေတြကို ျမင္ရမွာပါ။

မ်ားစြာေသာ ေလယာဥ္ေျပးလမ္းေတြ ၊ ေလယာဥ္ေမာင္း သင္တန္းေတြ ၊ ေလယာဥ္ အငွားဆိုင္ေတြ ၊ ေလယာဥ္ေမာင္းကလပ္ေတြ ရွိတဲ့ေနရာ ျဖစ္ပါတယ္။

ေလယာဥ္ ပိုင္ဆိုင္မႈနဲ႔ ပတ္သက္ရင္ နာမည္ႀကီးတဲ့ မင္းသားႀကီး John Travolta ေနထိုင္ခဲ့ရာ ေနရာလည္း ျဖစ္ပါတယ္။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Unicode

ကိုယ်ပိုင်လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်ပြီး အိမ်ရှေ့တိုင်းမှာ လေယာဉ်ပါကင် ထိုးထားလေ့ရှိတဲ့ ကမ္ဘာကချမ်းသာဆုံးနိုင်ငံ

ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင် အိမ် ခြံ ကား နဲ့ နေနိုင်တဲ့သူတွေကို ချမ်းသာ တယ် လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် အမေရိကန်က နေရာတစ်ခုကတော့ အဲဒီထက် ပိုတယ်လို့ ဆိုနိုင်ပါတယ်။

ဖလော်ရီဒါ ပြည်နယ် အရှေ့မြောက်ဘက်မှာ ရှိတဲ့ Spruce Creek ဆိုတဲ့ နယ်မြေမှာ ရှိတဲ့လူတိုင်းဟာ အလန်းစား ကားတွေသာမက တစ်ယောက်ကို လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်နိုင်တဲ့ အထိ ချမ်းသာ ကြပါတယ်။

ကမ္ဘာကျော် လေယာဉ်ရပ်ကွက် ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ လူဦးရေ ၅၀၀၀ ၀န်းကျင်ခန့် နေထိုင်ပြီး လေယာဉ်ရုံပေါင်းလည်း ၇၀၀ ကျော် ရှိပါတယ်။

အဲဒီနေရာကို ဖြတ်သန်း သွားပါက ကားတွေ ပါကင်ထိုးထားသလို အစီအရီ ပါကင်ထိုးထားတဲ့ လေယာဉ်တွေကို မြင်ရမှာပါ။

များစွာသော လေယာဉ်ပြေးလမ်းတွေ ၊ လေယာဉ်မောင်း သင်တန်းတွေ ၊ လေယာဉ် အငှားဆိုင်တွေ ၊ လေယာဉ်မောင်းကလပ်တွေ ရှိတဲ့နေရာ ဖြစ်ပါတယ်။

လေယာဉ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ မင်းသားကြီး John Travolta နေထိုင်ခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Categories
ထူးဆန်းထွေလာ

မြေကြီးအောက်မှာ ငရဲပြည်မရှိတဲ့ ကမ္ဘာကြီးနဲ့ ငလျင်လှုပ်ရခြင်း အကြောင်းရင်း

Zawgyi

ေျမႀကီးေအာက္မွာ ငရဲျပည္မရွိတဲ့ ကမာၻႀကီးနဲ႔ ငလ်င္လႈပ္ရျခင္း အေၾကာင္းရင္း

ကမာၻ႔ ​ေက်ာက္လႊာခ်ပ္ႀကီးမ်ား၊ က်​ေနာ္တို႔ လူသား​ေတြဟာ ကမာၻ​ေျမႀကီး​အေပၚ (ကမာၻ႔​ေလထုရဲ႕​ေအာက္) မွာ ရွင္သန္​ေနထိုင္ၾကတဲ့ ဇီဝသက္ရွိမ်ားပဲျဖစ္ပါတယ္။ က်​ေနာ္တို႔ မျမင္ရတဲ့ ကမာၻ​ေျမႀကီးရဲ႕​ေအာက္ထဲမွာ​ေတာ့.. အင္မတန္ပူျပင္းၿပီး ​ေျပာင္းလဲလႈပ္ရွားမႈ​ေတြ ျပင္းထန္တဲ့ ကမာၻ႔အတြင္းပိုင္း ​ေက်ာက္သား၊ ​ေက်ာက္ရည္ပူ​ေတြ ရွိ​ေနပါတယ္။

ဒီ​ေနရာ​ေတြကို အလႊာလိုက္ခြဲျခားၿပီး သိပၸံပညာရွင္မ်ား ​ေလ့လာ​ေတြ႕ရွိ​ေဖာ္ထုတ္ကာ အ​​ေျခခံပညာ ပထဝီ နဲ႔ သိပၸံဘာသာရပ္​ေတြမွာ သင္ၾကားၾကပါတယ္။

အတြင္းဆုံးက်တဲ့ ​ေနရာမွာ ​ေနရဲ႕ မ်က္ႏွာျပင္အပူခ်ိန္နဲ႔ တူညီ​ေသာ အတြင္းအႏွစ္ပိုင္း (Core) ရွိပါတယ္။ သံ၊ နီကယ္တို႔ အဓိကပါဝင္ၿပီး သိပ္သည္း​ေလးလံလြန္းလို႔ အစိုင္အခဲ (ခ်ပ္ခဲ) ပုံစံအျဖစ္ တည္ရွိပါတယ္။

အႏွစ္ပိုင္းရဲ႕ အ​ေပၚက ၿခဳံလႊာ (တနည္း) ၾကားလႊာ (Mantle) မွာ​ေတာ့ ​ေက်ာက္ရည္ပူ​ေတြ မ်ားစြာ ​ေ႐ြ႕လ်ားစီးဆင္း ​ေနၾကပါတယ္။ မီးဖို​ေပၚက ​ေရ​ေႏြးအိုးတစ္ခုလိုပါပဲ။ ​ေအာက္ကအပူ​ေၾကာင့္ ထက္​ေအာက္လွည့္လည္ၿပီး အပူစီးကူးၾကပါတယ္။

ထိုၾကားလႊာရဲ႕ အ​ေပၚမွာ​ေတာ့.. မာ​ေက်ာ​ေသာ ​ေက်ာက္လႊာ (Lithosphere) ရွိၿပီး ပင္လယ္၊ သမုဒၵရာ နဲ႔ က်​ေနာ္တို႔ ​ေနထိုင္တဲ့ ​ေျမျပင္၊ ​ေတာင္တန္း​ေတြ ရွိၾကပါတယ္။ ​ေက်ာက္လႊာ (Lithosphere) ဟာ စင္းလုံး​ေခ်ာတစ္ခု မဟုတ္ပဲ ပပ္ၾကားအက္​ေၾကာင္း​ေတြနဲ႔

အစိတ္အပိုင္း​ေတြကြဲၿပီး တစ္ခုႏွင့္တစ္ခု ထိစပ္​ေနၾကတာ ျဖစ္ပါတယ္။ ထို အစိတ္အပိုင္း​ေတြကို ​ေက်ာက္လႊာခ်ပ္ (Tectonic plates) ​ေတြလို႔ ​ေခၚပါတယ္။

ထိုအစိတ္အပိုင္း (​ေက်ာက္လႊာခ်ပ္) မ်ားဟာ ​​ေအာက္ခံ ၾကားလႊာမွာရွိတဲ့ ​​ေက်ာက္ရည္ပူေတြ (အပူစီးကူးျခင္း​ေၾကာင့္) ​ေ႐ြ႕လ်ားတြန္းကန္ရာမွ.. လႈပ္ရွား​ေျပာင္းလဲျခင္းမ်ား ျဖစ္​ေပၚတတ္ၾကပါတယ္။

ထိုသို႔ လႈပ္ရွားျခင္းကို ငလ်င္လႈပ္ျခင္း (Earthquake) လို႔ သတ္မွတ္ၿပီး လႈပ္ရွား​ေျပာင္းလဲမႈမ်ားေၾကာင့္.. ​ေျမမ်က္ႏွာျပင္ သြင္ျပင္မ်ားလည္း ​ေျပာင္းလဲတတ္ပါတယ္။

ဥပမာ.. ​ေက်ာက္လႊာ​ေတြ တစ္ခုႏွင့္တစ္ခု ခ်ဥ္းဝင္ (ပူးထပ္) (Convergent) ျဖစ္ၾကတဲ့အခါ (လႊာတြန္႔) ​ေတာင္​ေတြ ျဖစ္လာၾကပါတယ္။ ​ေက်ာက္လႊာ​ေတြ ခြဲထြက္ (ကြဲအက္) (Divergent) ျဖစ္ၾကတဲ့အခါ ခ်ိဳင့္ဝွမ္း​ေတြ ျဖစ္လာၾကၿပီး အနိမ့္ပိုင္းထဲကို ​ေရ​ေတြ ဝင္​ေရာက္စီးဆင္းၾကတဲ့အခါ ျမစ္၊ ​ေခ်ာင္း၊ အင္း၊ အိုင္​ေတြ ျဖစ္လာၾကပါတယ္။

တခါ.. ​ေဘးတိုက္ ပြတ္တိုက္ ​ေ႐ြ႕လ်ားျခင္း (Transform) ျဖစ္ၾကတဲ့အခါ ျပတ္​ေ႐ြ႕​ေၾကာင္း​ေတြ ျဖစ္လာၾကပါတယ္။ Divergent ကြဲထြက္ျခင္း​ေၾကာင့္ ​ေက်ာက္ရည္ပူ​ေတြ အက္ကြဲ​ေၾကာင္းတ​ေလ်ာက္ စု​ေဝးတက္လာၾကတဲ့အခါ မီး​ေတာင္​ေပါက္ကြဲျခင္း​ေတြ ျဖစ္လာပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ထိစပ္​ေနတဲ့ ​ေက်ာက္လႊာခ်ပ္ကို Burma (micro) plate လို႔ သတ္မွတ္ထားၿပီး အက္ဒီမန္ ပင္လယ္ထဲမွာ ရွိပါတယ္။ Ring of fire လို႔​ေခၚတဲ့ မီး​ေတာင္ပတ္လမ္း (ပစိဖိတ္) ႏွင့္ တြဲဆက္​ေနပါတယ္။ တနည္းအားျဖင့္.. လႈပ္ရွားကြဲထြက္​ေနတဲ့. ​ေက်ာက္လႊာခ်ပ္ငယ္ တစ္ခုပဲ ျဖစ္ပါ​ေတာ့တယ္..။

အနာဂတ္ပညာ​ေရးအတြက္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္​ေထာက္ကူ)

Unicode

မြေကြီးအောက်မှာ ငရဲပြည်မရှိတဲ့ ကမ္ဘာကြီးနဲ့ ငလျင်လှုပ်ရခြင်း အကြောင်းရင်း

ကမ္ဘာ့ ​ကျောက်လွှာချပ်ကြီးများ၊ ကျ​နော်တို့ လူသား​တွေဟာ ကမ္ဘာ​မြေကြီး​အပေါ် (ကမ္ဘာ့​လေထုရဲ့​အောက်) မှာ ရှင်သန်​နေထိုင်ကြတဲ့ ဇီဝသက်ရှိများပဲဖြစ်ပါတယ်။ ကျ​နော်တို့ မမြင်ရတဲ့ ကမ္ဘာ​မြေကြီးရဲ့​အောက်ထဲမှာ​တော့.. အင်မတန်ပူပြင်းပြီး ​ပြောင်းလဲလှုပ်ရှားမှု​တွေ ပြင်းထန်တဲ့ ကမ္ဘာ့အတွင်းပိုင်း ​ကျောက်သား၊ ​ကျောက်ရည်ပူ​တွေ ရှိ​နေပါတယ်။

ဒီ​နေရာ​တွေကို အလွှာလိုက်ခွဲခြားပြီး သိပ္ပံပညာရှင်များ ​လေ့လာ​တွေ့ရှိ​ဖော်ထုတ်ကာ အ​​ခြေခံပညာ ပထဝီ နဲ့ သိပ္ပံဘာသာရပ်​တွေမှာ သင်ကြားကြပါတယ်။

အတွင်းဆုံးကျတဲ့ ​နေရာမှာ ​နေရဲ့ မျက်နှာပြင်အပူချိန်နဲ့ တူညီ​သော အတွင်းအနှစ်ပိုင်း (Core) ရှိပါတယ်။ သံ၊ နီကယ်တို့ အဓိကပါဝင်ပြီး သိပ်သည်း​လေးလံလွန်းလို့ အစိုင်အခဲ (ချပ်ခဲ) ပုံစံအဖြစ် တည်ရှိပါတယ်။

အနှစ်ပိုင်းရဲ့ အ​ပေါ်က ခြုံလွှာ (တနည်း) ကြားလွှာ (Mantle) မှာ​တော့ ​ကျောက်ရည်ပူ​တွေ များစွာ ​ရွေ့လျားစီးဆင်း ​နေကြပါတယ်။ မီးဖို​ပေါ်က ​ရေ​နွေးအိုးတစ်ခုလိုပါပဲ။ ​အောက်ကအပူ​ကြောင့် ထက်​အောက်လှည့်လည်ပြီး အပူစီးကူးကြပါတယ်။

ထိုကြားလွှာရဲ့ အ​ပေါ်မှာ​တော့.. မာ​ကျော​သော ​ကျောက်လွှာ (Lithosphere) ရှိပြီး ပင်လယ်၊ သမုဒ္ဒရာ နဲ့ ကျ​နော်တို့ ​နေထိုင်တဲ့ ​မြေပြင်၊ ​တောင်တန်း​တွေ ရှိကြပါတယ်။ ​ကျောက်လွှာ (Lithosphere) ဟာ စင်းလုံး​ချောတစ်ခု မဟုတ်ပဲ ပပ်ကြားအက်​ကြောင်း​တွေနဲ့

အစိတ်အပိုင်း​တွေကွဲပြီး တစ်ခုနှင့်တစ်ခု ထိစပ်​နေကြတာ ဖြစ်ပါတယ်။ ထို အစိတ်အပိုင်း​တွေကို ​ကျောက်လွှာချပ် (Tectonic plates) ​တွေလို့ ​ခေါ်ပါတယ်။

ထိုအစိတ်အပိုင်း (​ကျောက်လွှာချပ်) များဟာ ​​အောက်ခံ ကြားလွှာမှာရှိတဲ့ ​​ကျောက်ရည်ပူတွေ (အပူစီးကူးခြင်း​ကြောင့်) ​ရွေ့လျားတွန်းကန်ရာမှ.. လှုပ်ရှား​ပြောင်းလဲခြင်းများ ဖြစ်​ပေါ်တတ်ကြပါတယ်။

ထိုသို့ လှုပ်ရှားခြင်းကို ငလျင်လှုပ်ခြင်း (Earthquake) လို့ သတ်မှတ်ပြီး လှုပ်ရှား​ပြောင်းလဲမှုများကြောင့်.. ​မြေမျက်နှာပြင် သွင်ပြင်များလည်း ​ပြောင်းလဲတတ်ပါတယ်။

ဥပမာ.. ​ကျောက်လွှာ​တွေ တစ်ခုနှင့်တစ်ခု ချဉ်းဝင် (ပူးထပ်) (Convergent) ဖြစ်ကြတဲ့အခါ (လွှာတွန့်) ​တောင်​တွေ ဖြစ်လာကြပါတယ်။ ​ကျောက်လွှာ​တွေ ခွဲထွက် (ကွဲအက်) (Divergent) ဖြစ်ကြတဲ့အခါ ချိုင့်ဝှမ်း​တွေ ဖြစ်လာကြပြီး အနိမ့်ပိုင်းထဲကို ​ရေ​တွေ ဝင်​ရောက်စီးဆင်းကြတဲ့အခါ မြစ်၊ ​ချောင်း၊ အင်း၊ အိုင်​တွေ ဖြစ်လာကြပါတယ်။

တခါ.. ​ဘေးတိုက် ပွတ်တိုက် ​ရွေ့လျားခြင်း (Transform) ဖြစ်ကြတဲ့အခါ ပြတ်​ရွေ့​ကြောင်း​တွေ ဖြစ်လာကြပါတယ်။ Divergent ကွဲထွက်ခြင်း​ကြောင့် ​ကျောက်ရည်ပူ​တွေ အက်ကွဲ​ကြောင်းတ​လျောက် စု​ဝေးတက်လာကြတဲ့အခါ မီး​တောင်​ပေါက်ကွဲခြင်း​တွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်​နေတဲ့ ​ကျောက်လွှာချပ်ကို Burma (micro) plate လို့ သတ်မှတ်ထားပြီး အက်ဒီမန် ပင်လယ်ထဲမှာ ရှိပါတယ်။ Ring of fire လို့​ခေါ်တဲ့ မီး​တောင်ပတ်လမ်း (ပစိဖိတ်) နှင့် တွဲဆက်​နေပါတယ်။ တနည်းအားဖြင့်.. လှုပ်ရှားကွဲထွက်​နေတဲ့. ​ကျောက်လွှာချပ်ငယ် တစ်ခုပဲ ဖြစ်ပါ​တော့တယ်..။

အနာဂတ်ပညာ​ရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Categories
ထူးဆန်းထွေလာ

ပျောက်ကွယ်သွားတော့မည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အံ့ဖွယ် (၇)ပါး

Zawgyi

ကမာၻ႔အံ့ဖြယ္(၇)ပါး

ေရွးေဟာင္းအံ့ဖြယ္ ခုနစ္ပါး မွတ္တမ္းကို ျပဳစု ေရးသားခဲ့သူမ်ားမွာ သမိုင္းပညာရွင္ ဟီ႐ိုဒိုးတပ္(စ္) Herodotus ဘီစီ (၄၈၄-၄၅၂) ႏွင့္ တကၠသိုလ္ေက်ာင္းသား Callimachus ဘီစီ (၃၀၅-၂၄၀) တို႔ အလက္ဇန္းဒီးယား (Alexandria) ျပတိုက္တြင္ ျပဳစုခဲ့ၾကျခင္းျဖစ္သည္။ သူတို႔ျပဳစုခဲ့ေသာ အေဆာက္အဦးမ်ားမွာ မွတ္တမ္းမ်ားမွ လြဲ၍ ယခုေခတ္၌ မရွိၾကေတာ့ေပ။ အီဂ်စ္ျပည္ရွိ ဂီဇာပိရမစ္သာ ယခုေခတ္တြင္ ေတြ႕ရွိႏိုင္ေတာ့သည္။

ေရွးေဟာင္း ကမာၻ႔ အံ့ဖြယ္ ခုနစ္ပါးမွာ ေအာက္ပါအတိုင္းျဖစ္သည္။

ဂီဇာ ပိရမစ္ႀကီး (Great Pyramid of Giza)

ေဘဘီလုံမွ မိုးပ်ံဥယာဥ္ (Hanging Gardens of Babylon)

အိုလံပီယာရွိ ဇု(ရပ္)နတ္ဘုရား႐ုပ္တု (Statue of Zeus at Olympia)

Ephesus ရွိ အာသီးမိ(စ) နတ္ဘုရားေက်ာင္း (Temple of Artemis at Ephesus)

Maussollos ၏ သခ်ႋဳင္းဂူအေဆာက္အဦး (Mausoleum of Maussollos at Halicarnassus)

႐ိုဒတ္(စ္)၏ေက်ာက္႐ုပ္တုႀကီး (Colossus of Rhodes)

အလက္ဇန္းဒီးယားၿမိဳ႕ မီးျပတိုက္ (Lighthouse of Alexandria)

သမိုင္းေၾကာင္းအက်ဥ္း

ဂီဇာ ပိရမစ္ႀကီး(Great Pyramid of Giza)

ဂီဇာပိရမစ္ႀကီးအား အီဂ်စ္ဖာ႐ို (ဘုရင္) ခူဖူး (khufu) က သူ၏ သခ်ႋဳင္း ဂူအျဖစ္ ဘီစီ၂၅၆၀တြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ထိုပိရမစ္ႀကီးသည္ ေရွးေဟာင္းကမာၻ႔အံ့ဖြယ္ ခုနစ္ပါးတြင္ အေစာဆုံးတည္ေဆာက္ခဲ့ေသာ အေဆာက္အဦျဖစ္သည္။ ေရွးေဟာင္းအံ့ဖြယ္ ခုနစ္ပါးတြင္ ယေန႔အထိ က်န္ခဲ့ေသာ တစ္ခုတည္းေသာ အေဆာက္အဦးလည္းျဖစ္သည္။ မဟာပိရမစ္ႀကီးသည္ ဂီဇာအရပ္တြင္ ရွိေသာ ပိရမစ္ႀကီးသုံးခုအနက္ အႀကီးဆုံးျဖစ္၍ ယခုေခတ္ ကိုင္႐ို (Cairo) ၿမိဳ႕အနီးတြင္ ရွိသည္။

စတင္ တည္ေဆာက္ကာစက ေပေပါင္း ၄၈၀ ခန္႔ ရွိေသာ္လည္း ယခုအခါ ရာသီဥတုဒါဏ္ေၾကာင့္ ေပအနည္းငယ္ နိမ့္ဆင္း သြားခဲ့သည္။ လူသားတို႔ တည္ေဆာက္ခဲ့ေသာ အေဆာက္အဦးမ်ားတြင္ အျမင့္ဆုံးအျဖစ္ ႏွစ္ေပါင္း ေလးေထာင္ေက်ာ္ ဗိုလ္စြဲခဲ့သည္။ ေခတ္သစ္ကမာၻ႔အံ့ဖြယ္ ခုနစ္ပါး စာရင္းအတြက္ မူလက အင္တာနက္၊ ဖုန္းမ်ားမွတဆင့္ မဲေပးခံခဲ့ရေသာ္လည္း အီဂ်စ္အာဏာပိုင္မ်ားက ထိုကဲ့သို႔ မလုပ္သင့္ေၾကာင္း တားျမစ္ခဲ့သည့္အတြက္ ေခတ္သစ္အံ့ဖြယ္ ခုနစ္ပါးတြင္ မပါဝင္ခဲ့ေပ။

ေဘဘီလုံမွမိုးပ်ံဥယ်ာဥ္ (Hanging Gardens of Babylon)

အျငင္းပြားဖြယ္ရာမ်ားရွိေသာ္လည္း မိုးပ်ံဥယာဥ္ေနရာသည္ ယခုေခတ္အီရတ္ (Iraq) ႏိုင္ငံရွိ ယူဖေရးတီး (Euphrates) ျမစ္ ကမ္းပါးတြင္ တည္ရွိခဲ့သည္ဟု ဆိုၾကသည္။ ေဘဘီလြန္းနီးယန္းဘုရင္ Nebuchadnezzar II မွ သူ၏ နန္းေတာ္အတြင္းတြင္ ဘီစီ ၆၀၀ ခန္႔က တည္ေဆာက္ခဲ့သည္ဟု ယူဆရသည္။ ထိုဥယ်ာဥ္မွာ ဘုရင္က သူ၏ မိဖုရား ေက်နပ္ေစရန္အတြက္ ေဆာက္လုပ္ေပးခဲ့ျခင္း ျဖစ္သည္။

မိဖုရားသည္ စိမ္းလန္းေသာ နယ္ေျမေဒသမွ လာသူျဖစ္၍ သူ၏နယ္ေျမကို လြမ္းဆြတ္ေနေသာေၾကာင့္ ဘုရင္က တည္ေဆာက္ေပးခဲ့ျခင္း ျဖစ္သည္ဟု ေျပာၾကသည္။ မိဖုရား၏ ဇာတိနယ္ေျမမွာ Medes ေဒသျဖစ္၍ ယခုေခတ္ႏွင့္ ဆိုလ်င္ အီရန္ႏိုင္ငံ ေျမာက္ပိုင္းကို ဆိုလိုျခင္း ျဖစ္သည္။ ေဘဘီလုံမိုးပ်ံဥယ်ာဥ္ႏွင့္ ပတ္သတ္ေသာ အေသးစိတ္အခ်က္အလက္မ်ားသည္ ဂရိရာဇဝင္မ်ား၌သာ အမ်ားဆုံး ေတြ႕ရသည္။ ေဘဘီလုံ မွတ္တမ္းမ်ားတြင္မူ မည့္သည့္ အေသးစိတ္မွတ္တမ္းမွ မေတြ႕ရွိရေပ။

အိုလံပီယာရွိ ဇု(ရပ္) နတ္ဘုရား႐ုပ္တု (Statue of Zeus at Olympia)

ဂရိနတ္ဘုရားတို႔၏ ဘုရင္ ဇု(ရပ္စ္) (Zeus) ၏ ႀကီးမားေသာ ေ႐ႊခ်ထားသည့္ ႐ုပ္တုႀကီးအား ေရွးေဟာင္းအိုလံပစ္ ၿပိဳင္ပြဲမ်ား က်င္းပရာ ေဒသတြင္ တည္ေဆာက္ခဲ့ၾကသည္။ ထိုေနရာသည္ အိုလံပီယာၿမိဳ႕ တည္ရွိခဲ့ေသာ ေရွးေဟာင္း ၿမိဳ႕ေတာ္ေနရာတြင္ တည္ရွိသည္။ ႐ုပ္တုႀကီးကို ဘီစီ ၄၃၂ ခုႏွစ္တြင္ ေတာ္ဝင္ ပန္းပုထုပညာရွင္ ဖိုင္ဒီးရပ္(စ္) Phidias က အၿပီးအစီး ထုလုပ္ခဲ့သည္။

ေက်ာက္စီထားေသာ ရာဇႏွင္တံကိုလက္တစ္ဖက္က ကိုင္၍ ပလႅင္ေပၚတြင္ ထိုင္ကာ တစ္ၿမိဳ႕လုံးကို မိုးၾကည့္ေနဟန္ ထုလုပ္ခဲ့ျခင္း ျဖစ္သည္။ အျမင့္ေပ ၄၀ ခန္႔ျမင့္ကာ လက္တစ္ဖက္တြင္ ရာဇႏွင္တံကို ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္ ေပၚတြင္ ေအာင္ျမင္ျခင္းကို ကိုယ္စားျပဳေသာ နတ္ဘုရားမ ႐ုပ္တုကို တင္ထားသည္။ အဆိုပါ ႐ုပ္တုႏွင့္ ႏွင္တံမ်ားကို ဆင္စြယ္ႏွင့္ အျခားအဖိုးတန္သတၱဳမ်ားျဖင့္ ျပဳလုပ္ထားသည္။ ေအဒီ ၃၉၁ တြင္ ခရစ္ယာန္ဘာသာသည္ ေရာမအင္ပါယာ၏ တရားဝင္ဘာသာ ျဖစ္လာၿပီးေနာက္ပိုင္း နတ္ဘုရားမ်ား ကိုးကြယ္ျခင္းကို ပိတ္ပင္တားစီးခဲ့ေသာေၾကာင့္ ႐ုပ္တုရွိရာ ဘုရားေက်ာင္းကိုလည္း ပိတ္ပစ္လိုက္ရသည္။

ဘုရားေက်ာင္းႏွင့္ တကြ ႐ုပ္တုပါ ဖ်က္စီးခံခဲ့ရသည္၊ ကြန္စတန္တီႏိုပယ္

(Constantinople) ယခု တူရကီႏိုင္ငံ အစၥတန္ဘူလ္ (Istanbul) သို႔႐ုပ္တုကို သီးသန္႔ ယူသြား၍ မီးရႈိ႕ဖ်က္စီးခဲ့ၾကသည္ဟု သမိုင္းပညာရွင္မ်ား အမ်ိဳးမ်ိဳး အျငင္းပြားခဲ့ၾကသည္။

Ephesus ရွိအာသီးမိ(စ) နတ္ဘုရားေက်ာင္း (Temple of Artemis at Ephesus)

ဂရိနတ္ဘုရားမ အာသီးမိ(စ)(Artemis) အား ပူေဇာ္ေသာအားျဖင့္ တည္ေဆာက္ခဲ့ေသာ ႀကီးမားသည့္ စက်င္ေက်ာက္ ေက်ာင္းေတာ္ႀကီးျဖစ္သည္။ ဘီစီ ၅၅၀ ခန္႔က Ephesus ယခု Selçuk အရပ္ (တူရကီ) တြင္ တည္ရွိခဲ့ျခင္းျဖစ္သည္။ ေပ ၆၀ ခန္႔ျမင့္ေသာ တိုင္လုံးေပါင္း ၁၂၀ ပါဝင္ၿပီး အလြန္လွပေသာ အႏုပညာ လက္ရာမ်ားျဖင့္ ထုံမႊမ္းထားသည္။ ထိုအႏုပညာ လက္ရာမ်ားတြင္ အေမဇုံစစ္သည္မ်ား၏ ေၾကး႐ုပ္တုမ်ားလည္း ပါဝင္သည္ဟု ဆိုၾကသည္။

အေမဇုံစစ္သည္မ်ားသည္ ဒ႑ာရီဆန္ေသာ အမ်ိဳးသမီး စစ္သည္မ်ားကို ဆိုလိုသည္။ Herostratus ဆိုေသာ လူတစ္ေယာက္မွ နာမည္ႀကီးလိုေသာေၾကာင့္ ၃၅၆ ဘီစီတြင္ ဘုရားေက်ာင္းအား မီးရႈိ႕ဖ်က္စီး ခဲ့သည္ဟုဆိုသည္။ ျပန္လည္တည္ေဆာက္ခဲ့ၿပီးေနာက္ ေအဒီ ၂၆၂ တြင္ ေဂါ့(သ္)(Goths) မ်ိဳးႏြယ္မ်ား၏ ဖ်က္စီးမႈ ကိုခံခဲ့ရၿပီး ေအဒီ ၄၀၁ တြင္ ကြန္စတန္တီႏိုပယ္ (Constantinople) သာသနာပိုင္ Saint John Chrysostom ၏ အမိန္႔ ျဖင့္ ခရစ္ယာန္မ်ား၏ ဖ်က္စီးျခင္းကို ခံခဲ့ရသည္။ ယခုအခါ ဘုရားေက်ာင္းျပန္လည္တူးေဖၚေရး ေဖာင္ေဒးရွင္း မ်ား ဖြဲ႕၍ ျပန္လည္ တူးေဖၚျခင္းမ်ားျပဳလုပ္ေနသည္။

Maussollos ၏ သခ်ႋဳင္း ဂူအေဆာက္အဦး

(Mausoleum of Maussollos at Halicarnassus)

Halicarnassus အရပ္ (ယခုေခတ္တူရကီႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသ) ရွိ ထင္ရွားေသာ သခ်ႋဳင္း ဂူမွာ ဘီစီ ၃၇၀ ႏွင့္၃၅၀ ၾကားတြင္ ဘုရင္ Maussollos အတြက္ တည္ေဆာက္ခဲ့ၾကျခင္း ျဖစ္သည္။ ဒ႑ာရီဇာတ္လမ္းမ်ား အရ ဘုရင္ Maussollos က သူ၏ မိဖုရား Artemisia II မွ သူႏွင့္ သူတို႔၏ အခ်စ္အား သတိရေနေစရန္တည္ေဆာက္ ခဲ့ျခင္းျဖစ္သည္ဟု ေျပာၾကသည္။

Maussollos သည္ ပါရွန္းအင္ပါယာမွ အုပ္ခ်ဳပ္သူတစ္ေယာက္ ျဖစ္ၿပီး သူ၏ ေက်ာ္ၾကားေသာ သခ်ႋဳင္းဂူမွတဆင့္ Mausoleum (သခ်ႋဳင္းဂူ) ဟူေသာ စကားလုံး ဆင္းသက္လာခဲ့သည္။ ဂူ အေဆာက္အဦးမွာ ေပ ၁၂၀ ရွည္လ်ားၿပီး ေပ ၁၄၀ ျမင့္သည္။ သခ်ႋဳင္းဂူသည္ လွပေသာ ဗိသုကာလက္ရာမ်ားေၾကာင့္ အလြန္ပင္ထင္ရွားသည္။ အလယ္တြင္ ေ႐ႊခ်ထားေသာ ေခါင္းတလား ျမဳပ္ႏွံထားေသာ အခန္းရွိၿပီး ပန္းကႏုတ္မ်ား၊ ပန္းဆြဲမ်ားျဖင့္ နံရံမ်ားတြင္ ျခယ္သထားသည္။ ထိုဂူ အေဆာက္အဦအား ဂရိဗိသုကာ ေလးေယာက္မွ တည္ေဆာက္ေပးခဲ့ၾကျခင္းျဖစ္သည္။

ဂူအေဆာက္အဦသည္ ၁၅ ရာစု အေစာပိုင္းထိ တည္ရွိေနခဲ့ေသာ္လည္း ခရစ္ယာန္ ခ႐ူးဆိတ္ စစ္သည္မ်ားမွ ရဲတိုက္သစ္ေဆာက္လုပ္ရန္အတြက္ လိုအပ္ေသာပစၥည္းမ်ား ယူရာမွ ပ်က္စီးခဲ့ရသည္။ မပ်က္စီးပဲက်န္ရစ္ခဲ့ ေသာ ကႏုတ္ပန္းႏွင့္ အလွတန္ဆာ တစ္ခ်ိဳ႕အား ယခုအခါ လန္ဒန္ ရွိ ၿဗိတိသွ်ျပတိုက္တြင္ ေတြ႕ရွိႏိုင္သည္။

႐ိုဒတ္(စ)မွေက်ာက္႐ုပ္တုႀကီး (Colossus of Rhodes)

ဘီစီ ၂၈၂ တြင္ တည္ေဆာက္ၿပီးစီးကာ ၁၂ ႏွစ္ၾကာမွ် အခ်ိန္ယူတည္ေဆာက္ခဲ့ရေသာ ေက်ာက္႐ုပ္တုႀကီးသည္ ၅၆ ႏွစ္အၾကာတြင္ ငလ်င္ဒဏ္ေၾကာင့္ ဒူးေခါင္းေနရာထိ ၿပိဳက် ပ်က္စီးခဲ့ေသာေၾကာင့္ ေရွးေဟာင္း အံ့ဖြယ္ ခုနစ္ပါး တြင္ သက္တမ္း အနည္းဆုံးအျဖစ္ တည္ရွိခဲ့ေသာ ေက်ာက္႐ုပ္တုႀကီးျဖစ္သည္။ ကြၽန္းေစာင့္နတ္ဘုရား ျဖစ္ေသာ ဂရိေနနတ္ဘုရား Helios အား ကိုယ္စားျပဳ တည္ေဆာက္ထားေသာ ထို႐ုပ္တုႀကီးသည္ ေက်ာက္တုံး၊ သံသတၱဳမ်ား ျဖင့္ ဖြဲ႕စည္းထားၿပီး အျပင္ဘက္ပိုင္းအား ေၾကးဝါသတၱဳျဖင့္ ဖုံးလႊမ္းထားသည္။

ေက်ာက္႐ုပ္တုႀကီးသည္ ေပေပါင္း ၁၁၀ ခန္႔ ျမင့္ေသာေၾကာင့္ ေရွးေဟာင္း ႐ုပ္တုမ်ားအနက္ အျမင့္ဆုံး႐ုပ္တုႀကီး ဟု ေခၚဆိုႏိုင္ေပသည္။ မက္စီဒိုးနီးယား (Macedonia) ၾသဇာအာဏာကို တြန္းလွန္ႏိုင္ခဲ့ေသာ ၿမိဳ႕ျပႏိုင္ငံ သုံးခု၏ ေပါင္းစည္းျခင္းအထိမ္းအမွတ္အျဖစ္ တည္ေဆာက္ခဲ့ၾကျခင္း ျဖစ္သည္။

အလက္ဇန္းဒီးယားၿမိဳ႕ မီးျပတိုက္ (Lighthouse of Alexandria)

ထိုမီးျပတိုက္သည္ ေရွးေဟာင္းကမာၻမွ အံ့ဖြယ္ခုနစ္ပါးတြင္ လက္ေတြ႕အသုံးက်သည့္ တစ္ခုတည္းေသာအေဆာက္အဦ ျဖစ္သည္။ အီဂ်စ္ဆိပ္ကမ္းၿမိဳ႕ေတာ္ အလက္ဇန္းဒီးယားတြင္ အခ်က္ျပ မီးေရာင္အျဖစ္ သေဘၤာမ်ားအတြက္ အႏၲရာယ္ကင္းေစရန္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ထမ္းေဆာင္ခဲ့သည္။ ဖာ႐ိုး(စ္) (Pharos) ကြၽန္းငယ္ေလးေပၚတြင္ ဘီစီ ၂၈၅မွ ၂၄၇ အတြင္း တည္ေဆာက္ခဲ့ေသာ ထိုအေဆာက္အဦသည္ ကမာၻ႔အျမင့္ဆုံး အေဆာက္အဦ အျဖစ္ ႏွစ္ေပါင္းမ်ားစြာ မွတ္တမ္းဝင္ခဲ့သည္။

ခန္႔မွန္းေခ်အားျဖင့္ ေပေပါင္း ၃၈၄ေပ နီးပါးရွိေသာ ထိုအေဆာက္အဦးသည္ ယခုေခတ္ႏွင့္ဆိုလ်င္ အထပ္ ၄၀ ခန္႔ ရွိေသာ အေဆာက္အဦး တစ္လုံးနီးပါး ရွိသည္။ မီးျပတိုက္အား ညအခါတြင္ မီးထြန္းထားၿပီး၊ ေန႔အခါတြင္ ေျပာင္လက္ေနေသာ ေၾကးဝါျပားမ်ားမွ တစ္ဆင့္ ေနေရာင္ ျပန္ေစၿပီး သေဘၤာမ်ား အား လမ္းျပ ကူညီခဲ့သည္။

ထိုမီးျပတိုက္မွ ထြက္ေသာအလင္းေရာင္အား ပတ္ဝန္းက်င္ ၃၅ မိုင္ အကြာအေဝးမွ ျမင္ရသည္ဟု ဆိုၾကသည္။ အဆိုပါ ႀကီးမားေသာ ေမွ်ာ္စင္ မီးျပတိုက္ႀကီးသည္ ေအဒီ ၁၃၀၃ ႏွင့္ ၁၃၂၃ တို႔တြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ႀကီးမ်ား ေၾကာင့္ ပ်က္စီးခဲ့ရသည္။ မပ်က္စီးခင္ ႏွစ္ေပါင္း ၁၅၀၀ ေက်ာ္နီးပါးလုံးတြင္ မက္ဒီတာရီယန္ ကမ္းေျခမွ အလင္းေရာင္ ႀကီးအျဖစ္ သေဘၤာမ်ား အား ကူညီေပးခဲ့သည္။

Credit – Worldhistory

Unicode

ကမ္ဘာ့အံ့ဖွယ်(၇)ပါး

ရှေးဟောင်းအံ့ဖွယ် ခုနစ်ပါး မှတ်တမ်းကို ပြုစု ရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်) Herodotus ဘီစီ (၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ (၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား (Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှ လွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင် တွေ့ရှိနိုင်တော့သည်။

ရှေးဟောင်း ကမ္ဘာ့ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂီဇာ ပိရမစ်ကြီး (Great Pyramid of Giza)

ဘေဘီလုံမှ မိုးပျံဥယာဉ် (Hanging Gardens of Babylon)

အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)

Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

Maussollos ၏ သင်္ချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)

ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)

အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

သမိုင်းကြောင်းအကျဉ်း

ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)

ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို (ဘုရင်) ခူဖူး (khufu) က သူ၏ သင်္ချိုင်း ဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ် ခုနစ်ပါးတွင် ယနေ့အထိ ကျန်ခဲ့သော တစ်ခုတည်းသော အဆောက်အဦးလည်းဖြစ်သည်။ မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင် ရှိသော ပိရမစ်ကြီးသုံးခုအနက် အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို (Cairo) မြို့အနီးတွင် ရှိသည်။

စတင် တည်ဆောက်ကာစက ပေပေါင်း ၄၈၀ ခန့် ရှိသော်လည်း ယခုအခါ ရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ် နိမ့်ဆင်း သွားခဲ့သည်။ လူသားတို့ တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ် နှစ်ပေါင်း လေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါး စာရင်းအတွက် မူလက အင်တာနက်၊ ဖုန်းများမှတဆင့် မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက ထိုကဲ့သို့ မလုပ်သင့်ကြောင်း တားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ် ခုနစ်ပါးတွင် မပါဝင်ခဲ့ပေ။

ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)

အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည် ယခုခေတ်အီရတ် (Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates) မြစ် ကမ်းပါးတွင် တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II မှ သူ၏ နန်းတော်အတွင်းတွင် ဘီစီ ၆၀၀ ခန့်က တည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရား ကျေနပ်စေရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

မိဖုရားသည် စိမ်းလန်းသော နယ်မြေဒေသမှ လာသူဖြစ်၍ သူ၏နယ်မြေကို လွမ်းဆွတ်နေသောကြောင့် ဘုရင်က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes ဒေသဖြစ်၍ ယခုခေတ်နှင့် ဆိုလျင် အီရန်နိုင်ငံ မြောက်ပိုင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။ ဘေဘီလုံ မှတ်တမ်းများတွင်မူ မည့်သည့် အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။

အိုလံပီယာရှိ ဇု(ရပ်) နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)

ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့် ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများ ကျင်းပရာ ဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာသည် အိုလံပီယာမြို့ တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင် တည်ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီး ထုလုပ်ခဲ့သည်။

ကျောက်စီထားသော ရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ ပလ္လင်ပေါ်တွင် ထိုင်ကာ တစ်မြို့လုံးကို မိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမ ရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာ ဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။

ဘုရားကျောင်းနှင့် တကွ ရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်

(Constantinople) ယခု တူရကီနိုင်ငံ အစ္စတန်ဘူလ် (Istanbul) သို့ရုပ်တုကို သီးသန့် ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုး အငြင်းပွားခဲ့ကြသည်။

Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)

ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အား ပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus ယခု Selçuk အရပ် (တူရကီ) တွင် တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ လက်ရာများဖြင့် ထုံမွှမ်းထားသည်။ ထိုအနုပညာ လက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်း ပါဝင်သည်ဟု ဆိုကြသည်။

အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီး စစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသော လူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအား မီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင် ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမှု ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင် ကွန်စတန်တီနိုပယ် (Constantinople) သာသနာပိုင် Saint John Chrysostom ၏ အမိန့် ဖြင့် ခရစ်ယာန်များ၏ ဖျက်စီးခြင်းကို ခံခဲ့ရသည်။ ယခုအခါ ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး ဖောင်ဒေးရှင်း များ ဖွဲ့၍ ပြန်လည် တူးဖေါ်ခြင်းများပြုလုပ်နေသည်။

Maussollos ၏ သင်္ချိုင်း ဂူအဆောက်အဦး

(Mausoleum of Maussollos at Halicarnassus)

Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော သင်္ချိုင်း ဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏ မိဖုရား Artemisia II မှ သူနှင့် သူတို့၏ အချစ်အား သတိရနေစေရန်တည်ဆောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။

Maussollos သည် ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက် ဖြစ်ပြီး သူ၏ ကျော်ကြားသော သင်္ချိုင်းဂူမှတဆင့် Mausoleum (သင်္ချိုင်းဂူ) ဟူသော စကားလုံး ဆင်းသက်လာခဲ့သည်။ ဂူ အဆောက်အဦးမှာ ပေ ၁၂၀ ရှည်လျားပြီး ပေ ၁၄၀ မြင့်သည်။ သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့် အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော ခေါင်းတလား မြုပ်နှံထားသော အခန်းရှိပြီး ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ အဆောက်အဦအား ဂရိဗိသုကာ လေးယောက်မှ တည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။

ဂူအဆောက်အဦသည် ၁၅ ရာစု အစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။ မပျက်စီးပဲကျန်ရစ်ခဲ့ သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။

ရိုဒတ်(စ)မှကျောက်ရုပ်တုကြီး (Colossus of Rhodes)

ဘီစီ ၂၈၂ တွင် တည်ဆောက်ပြီးစီးကာ ၁၂ နှစ်ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော ကျောက်ရုပ်တုကြီးသည် ၅၆ နှစ်အကြာတွင် ငလျင်ဒဏ်ကြောင့် ဒူးခေါင်းနေရာထိ ပြိုကျ ပျက်စီးခဲ့သောကြောင့် ရှေးဟောင်း အံ့ဖွယ် ခုနစ်ပါး တွင် သက်တမ်း အနည်းဆုံးအဖြစ် တည်ရှိခဲ့သော ကျောက်ရုပ်တုကြီးဖြစ်သည်။ ကျွန်းစောင့်နတ်ဘုရား ဖြစ်သော ဂရိနေနတ်ဘုရား Helios အား ကိုယ်စားပြု တည်ဆောက်ထားသော ထိုရုပ်တုကြီးသည် ကျောက်တုံး၊ သံသတ္တုများ ဖြင့် ဖွဲ့စည်းထားပြီး အပြင်ဘက်ပိုင်းအား ကြေးဝါသတ္တုဖြင့် ဖုံးလွှမ်းထားသည်။

ကျောက်ရုပ်တုကြီးသည် ပေပေါင်း ၁၁၀ ခန့် မြင့်သောကြောင့် ရှေးဟောင်း ရုပ်တုများအနက် အမြင့်ဆုံးရုပ်တုကြီး ဟု ခေါ်ဆိုနိုင်ပေသည်။ မက်စီဒိုးနီးယား (Macedonia) သြဇာအာဏာကို တွန်းလှန်နိုင်ခဲ့သော မြို့ပြနိုင်ငံ သုံးခု၏ ပေါင်းစည်းခြင်းအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက်အဦ ဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင် အချက်ပြ မီးရောင်အဖြစ် သင်္ဘောများအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်း တည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ အဖြစ် နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။

ခန့်မှန်းချေအားဖြင့် ပေပေါင်း ၃၈၄ပေ နီးပါးရှိသော ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ် ၄၀ ခန့် ရှိသော အဆောက်အဦး တစ်လုံးနီးပါး ရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊ နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှ တစ်ဆင့် နေရောင် ပြန်စေပြီး သင်္ဘောများ အား လမ်းပြ ကူညီခဲ့သည်။

ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား ပတ်ဝန်းကျင် ၃၅ မိုင် အကွာအဝေးမှ မြင်ရသည်ဟု ဆိုကြသည်။ အဆိုပါ ကြီးမားသော မျှော်စင် မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှ အလင်းရောင် ကြီးအဖြစ် သင်္ဘောများ အား ကူညီပေးခဲ့သည်။

Credit – Worldhistory