“ကားတံခါးကို ပြုပြင်နေစဉ်အထဲမှာ ဝှက်ထားတဲ့ ထောင်နဲ့ချီတဲ့ ဒေါ်လာ တွေကို တွေ့ရှိခဲ့တဲ့ အမျိုးသား”

Zawgyi ဖြင့် ဖတ်ပါ







Unicode ဖြင့် ဖတ်ပါ

ကားတံခါးကို ပြုပြင်နေစဉ်အထဲမှာ ဝှက်ထားတဲ့ ထောင်နဲ့ချီတဲ့ ဒေါ်လာ တွေကို တွေ့ရှိခဲ့တဲ့ အမျိုးသား

ကျွန်တော်တို့လူသားတွေ အများစုက တစ်နေ့ကျရင် သိန်းထီဆုကြီး ပေါက်ချင်တဲ့ အိမ်မက်ရှိခဲ့ဖူးကြမှာပါ။တစ်ချို့တစ်လေက သူတို့ရဲ့ ကံကြောင့် အိမ်နောက်ဖေးမှာ ရတနာတွေ တူးဖော်တွေ့ရှိတာတွေကိုလည်း ကျွန်တော်တို့တွေအမြဲကြားဖူးနေကြပါတယ်။

နောက်ပြီးတော့မှ သူတို့အိမ်ရဲ့ လျှို့ဝှက် အခန်းတွေထဲမှာလည်း အံဩစရာ ရတနာပစ္စည်းတွေကိုလည်း တွေ့ရှိတာတို့ဘာတို့ ကြားဖူးကြပါတယ်။ အဲ့ဒီလို အကြောင်းအရာတွေ ကြားရရင် မနာလိုတာတို့၊ အားကျတာတို့ ဖြစ်ဖူးကြမှာပါ။ဒီကနေ့ ဖော်ပြပေးမဲ့ အကြောင်းအရာကလည်း အမျိုးသားတစ်ဦးက သူ့ရဲ့ ကားတံခါး power ရပ်သွားခဲ့ပြီးနောက် အဲ့ဒီတံခါးကို ကိရိယာတွေနဲ့ အကုန်အပြင်ယူထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။

အဲ့ဒီအမျိုးသားက တံခါးကိုဆွဲထုတ်လိုက်ပြီး ကာထားတဲ့ ပလက်စတစ်ကို ဖယ်လိုက်တော့ တံခါးဘောင်ထဲမှာ ညှပ်ထည့်ထားတဲ့ အမည်းရောင် အိတ်ကို သတိထားမိခဲ့ပါတယ်။ အမည်းရောင်အိတ်နဲ့ဆိုတော့ အဲ့ဒီအမျိုးသားက ပြဿနာရှိနိုင်မှာလားဆိုပြီး တွေးတောနေခဲ့သေးတယ်။ သူအနီးကပ်ကြည့်ပြီး ရဲရဲနဲ့ ဆွဲထုတ်ခဲ့ရာ အဲ့ဒီအရာကသူ့ကို အံ့ဩစေခဲ့ပါတယ်။

အဲ့ဒီ အိတ်အမည်းထဲမှာ မူးယစ်ဆေးထုပ်နဲ့ အနည်းငယ်ဆင်တူနေတဲ့ ပိုက်ဆံထုပ် ၇နှစ်ထုပ် ထည့်ထားပါတယ်။ အဲ့ဒီအထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ မြောက်များစွာသော ပိုက်ဆံတွေ ဖြစ်နေတာပါ။

ကံကောင်းတာကတော့ အဲ့ဒီအမျိုးသားက ကားကို ဆိုင်မှာ သွားမပြင်ခဲ့တာပါဘဲ။သူတာဆိုင်မှာသွားပြင်ခဲ့ရင် သူအဲ့ဒီအထုပ်ကိုပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။ အခုတော့ သူ ထီပေါက်သလိုဖြစ်နေပါပြီ။

“သားထိသွားပြီ” လို့ အမေကို ဖုန်းဆက်ပြီး နောက်ဆုံး နှုတ်ဆက်ခဲ့တဲ့ ထင်ရှားပြည့်လျှံဦး”


အဲဒီနေ့က သားဆီကနေဖုန်း လာတယ်။မေမေသားကိုထိ သွားပြီလိုဇူလိုင်၂၆ရက်ညနေပိုင်းမှာ သူကလှမ်းပြောတော့ကျမ ကပြေးလေသားရဲ့ကိုယ့်ရဲဘော်တွေဆီကိုအမြန်ပြေးလို့ပြောခဲ့ ပါတယ်။ဒါပေမယ့် သူက သားမပြေးနိုင်တော့ဘူး မေမေလို့ ပြန်ဖြေပြီး ဖုန်းလိုင်းပြတ် သွားပါတယအပေါ်

ကအကြောင်းအရာကတော့ မုံရွာ ဗကသကျောင်းသား ထင်ရှားပြည့်လျှံဦးရဲ့ မိခင်က ပြောပြတာပါ။ မိခင်လုပ်တဲ့သူက သူ့သားနဲ့ပြောဖို့ ဖုန်းထပ်ခေါ်ခဲ့ပေမယ့် ဖုန်းခေါ်လို့မ ရတော့ပါဘူး သူ့သားရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်တွေ့ခဲ့ ပြီး သူ့သားရဲ့ ရဲဘော်တွေက

သြင်္ဂိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်မုံရွာ PDF က ထင်ရှားပြည့်လျှံဦးနဲ့ အခြားတစ်ယောက်အပါအဝင် ရဲဘော် ၅ ဦးဟာ ဇူလိုင် ၂၆ ရက်က ဖြစ်ပွား ခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့ တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ရပါတယ်။ သူတို့ ၇ ဦးလုံးဟာ မုံရွာခရိုင်ဗကသများ အဖွဲ့ချုပ်က ရဲဘော်တွေ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် တိုက်ပွဲမှာရှေ့တန်းကပါဝင်ခဲ့ပြီးဗကသ များအဖွဲ့ချုပ်(အထက်မြန်မာပြည်)မှာပါဝင်ဆောင်ရွက်ခဲ့လို့ ထင်ရှားပြည့်လျှံဦး လို့ပြောလိုက်ရင်သူ့ကိုလူသိများ ပါတယ် ။နိုင်ငံရေးစိတ်ပြင်းထန်ပြီး မိသားစုအလိုက် နိုင်ငံရဲ့ အရေးမှာ ပါဝင်လှုပ်ရှား ခဲ့ကြသူတွေ

ဖြစ်ပါတယ် ထင်ရှားပြည့်လျှံဦးဟာ ၂၀၁၂ခုနှစ် ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းချိန်မှာ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ မှာ စတင်ပါဝင်လာခဲ့ပါတယ်။ ကျမတို့မိသားစုက နိုင်ငံရေးကို စိတ်ဝင်စားကြတယ်။ ထမင်းဝိုင်းမှာ နိုင်ငံရေးအကြောင်းပြောရင်း သားနဲ့ သမီးလည်း

စိတ်ဝင်စားလာကြတာ။ ထင်ရှားက စာတွေအရမ်းဖတ်တယ်၊နိုင်ငံရေးကိုစိတ်အားထက် သန်တယ်” လို့ သူ့မိခင်ဒေါ်ရိတ်က ပြောပြပါတယ်ထင်ရှားပြည့်လျှံဦးနဲ့ သူ့ဖခင်က ပရဟိတလုပ်ငန်းတွေလည်းဆောင်ရွက်တတ်ကြသလို မုံရွာ ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အတူ ပြည်သူ့

အကျိုးပြုလုပ်ငန်းတွေ ကို လည်းဆောင်ရွက်ခဲ့ ပါတယ်။ကိုထင်ရှားက ရေရှားတဲ့ အင်တိုင်းတောရွာ၊မန်ကျည်း တစ်ထောင်ရွာအပါအဝင် ရေရှားတဲ့ နေရာတွေမှာ ရေအလှူလုပ်တယ်။ ရေဘေးသင့် တဲ့နေရာတွေ၊ မီးဘေးသင့်တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ဖို့ အမြဲအသင့် ရှိတယ်

ပြည်သူတွေဒုက္ခရောက်နေရင် သူက မနေဘူး၊ ဘယ်နေရာက ကူညီရမလဲ အမြဲအသင့်ရှိတယ်” လို့ ထင်ရှားရဲ့ ရဲဘော်ရဲဘက်တစ်ဦးက ဆိုပါတယ်ထင်ရှားပြည့်လျှံဦးက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ အပေါ်သံယောဇဉ်ကြီးတယ်။ ဒီထက်ပိုပြီး သူ တန်ဖိုး ထားတာကတော့ ဗကသများအဖွဲ့ချုပ်ပါ။

လူကသာအဝေးရောက်နေပေမဲ့ ဗကသများအဖွဲ့ချုပ်က ဘာလုပ်လုပ် သူတတ်နိုင်သမျှ ထောက်ပံ့ကူညီလေ့ရှိတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ် “သူက ဗကသများအဖွဲ့ချုပ်အပေါ်မှာ အရမ်းတန်ဖိုးထားတယ်။ ဗကသတွေဘာလုပ်မလဲ သူက အဆင်သင့်အမြဲ ရှိနေတဲ့သူ။ မှတ်မှတ်ရရ

မုံရွာခရိုင်ကျောင်းသားများသမဂ္ဂက ဒေါင်းတွန်သံ အလှပြယာဉ် နဲ့ သံချပ်အသင်းဖွဲ့တော့ သူက ကိုရီးယားမှာ အလုပ်လုပ်နေ တုန်းနှစ်စဉ် မတည်ငွေ တစ်ယောက် ၁ သိန်းကို မပျက်မကွက် ထည့်ခဲ့တာ။ ဗကသနဲ့ ပတ်သက်ရင် အဲ့ဒီလောက်ကို သံယောဇဉ်ကြီးတယ်” လို့ပြောပါတယ်

မိခင်ဖြစ်သူက လက်ပံတောင်းတောင်အရေးမှာ ထက်ရှားက ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တဲ့အကြောင်းကို အခုလို ပြောပါတယလက်ပံတောင်းတောင် အရေးမှာတုန်းက သွဲ့သွဲ့ဝင်းတို့၊ ဖြူဖြူဝင်းတို့နဲ့ အတူတူ လှုပ်ရှားခဲ့ကြတာပေါ့။ ထင်ရှား ပြည့်လျှံဦးဆိုရင် လူတွေကသိကြတယ်။

မဟုတ်မခံစိတ်ရှိသူဆိုတော့ မတရားဘူးထင်ရင် မှန်တဲ့ဘက် ဝင်ရပ်တတ်တာက သူ့သဘာဝပဲ” လို့ ပြောပါတယ်၂၀၂၁ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်တော့ မုံရွာဟာ အားကောင်းတဲ့ တော်လှန်ရေးရပ်ဝန်း ဖြစ်ခဲ့ပါ တယ်။ အဲဒီတော်လှန်ရေးရပ်ဝန်းထဲမှာ ထင်ရှားပြည့်လျှံဦးလည်း ပါဝင်လာခဲ့ပါတယ်

သူတင်မကသူ့မိသားစုလည်းပါဝင်ခဲ့ပါတယ်။သူ့ဖခင်က၁၉၈၈တုန်းကတည်းကနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့သဖြစ်ပါတယ်။ထင်ရှားပြည့်လျှံဦးဟာ၂၀၁၂ခုနှစ်ဗကသများအဖွဲ့ချုပ်ပြန်လည်ဖွဲ့ စည်းချိန်မှာ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ မှာ စတင်ပါဝင် လာခဲ့ပါတယ်

ကျမတို့မိသားစုက နိုင်ငံရေးကို စိတ်ဝင်စားကြတယ်။ ထမင်းဝိုင်းမှာ နိုင်ငံရေးအကြောင်းပြောရင်း သားနဲ့ သမီးလည်း စိတ်ဝင်စား လာကြတာ။ ထင်ရှားက စာတွေအရမ်းဖတ်တယ်၊ နိုင်ငံရေးကို စိတ်အားထက် သန်တယ်” လို့ သူ့မိခင်ဒေါ်ရိတ် က ပြောပြပါတယ်

ထင်ရှားပြည့်လျှံဦးနဲ့ သူ့ဖခင်က ပရဟိတလုပ်ငန်းတွေလည်းဆောင်ရွက်တတ်ကြသလို မုံရွာ ခရိုင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အတူ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကိုလည်းဆောင်ရွက်ခဲ့ ပါတယ်။ ကိုထင်ရှားက ရေရှားတဲ့ အင်တိုင်းတောရွာ၊မန်ကျည်းတစ်ထောင်ရွာအပါအဝင်

ရေရှားတဲ့ နေရာတွေမှာ ရေအလှူလုပ်တယ်ရေဘေးသင့်တဲ့နေရာတွေ၊ မီးဘေးသင့်တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ဖို့ အမြဲအသင့် ရှိတယ်။ ပြည်သူတွေဒုက္ခရောက်နေရင် သူက မနေဘူး၊ ဘယ်နေရာက ကူညီရမလဲ အမြဲအသင့်ရှိတယ်” လို့ ထင်ရှားရဲ့ ရဲဘော်ရဲဘက်တစ်ဦးက ဆိုပါတယ်

ထင်ရှားပြည့်လျှံဦးက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ အပေါ်သံယောဇဉ်ကြီးတယ်။ ဒီထက်ပိုပြီး သူ တန်ဖိုး ထားတာကတော့ ဗကသများအဖွဲ့ချုပ်ပါ။ လူကသာအဝေးရောက်နေပေမဲ့ ဗကသများအဖွဲ့ချုပ်က ဘာလုပ်လုပ် သူတတ်နိုင်သမျှ ထောက်ပံ့ကူညီလေ့ရှိတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်

“သူက ဗကသများအဖွဲ့ချုပ်အပေါ်မှာ အရမ်းတန်ဖိုးထားတယ်။ ဗကသတွေဘာလုပ်မလဲ သူက အဆင်သင့်အမြဲ ရှိနေတဲ့သူ။မှတ်မှတ်ရရ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂက ဒေါင်းတွန်သံ အလှပြယာဉ်နဲ့ သံချပ်အသင်းဖွဲ့တော့ သူက ကိုရီးယားမှာ အလုပ်လုပ်နေတုန်း။

နှစ်စဉ်မတည်ငွေ တစ်ယောက် ၁ သိန်းကို မပျက်မကွက်ထည့်ခဲ့တာ။ ဗကသနဲ့ ပတ်သက်ရင် အဲ့ဒီလောက်ကို သံယောဇဉ်ကြီးတယ်” လို့ပြောပါတယ်။မိခင်ဖြစ်သူက လက်ပံတောင်းတောင်အရေးမှာ ထက်ရှားက ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တဲ့အကြောင်းကို အခုလို ပြောပါတယ်။

“ လက်ပံတောင်းတောင် အရေးမှာတုန်းက သွဲ့သွဲ့ဝင်းတို့၊ ဖြူဖြူဝင်းတို့နဲ့ အတူတူ လှုပ်ရှားခဲ့ ကြတာပေါ့။ ထင်ရှား ပြည့်လျှံဦးဆိုရင် လူတွေက သိကြတယ်။ မဟုတ်မခံစိတ်ရှိသူ ဆိုတော့ မတရားဘူး ထင်ရင်မှန် တဲ့ဘက် ဝင်ရပ်တတ်တာက သူ့သဘာဝပဲ” လို့ ပြောပါတယ်

၂၀၂၁ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်တော့ မုံရွာဟာ အားကောင်းတဲ့ တော်လှန်ရေးရပ်ဝန်း ဖြစ်ခဲ့ပါ တယ်။ အဲဒီတော်လှန်ရေးရပ်ဝန်းထဲမှာ ထင်ရှားပြည့်လျှံဦးလည်း ပါဝင်လာခဲ့ပါတယ်။သူတင်မက သူ့မိသား စုလည်း ပါဝင်ခဲ့ပါတယ်။ သူ့ဖခင်က ၁၉၈၈ တုန်းကတည်းက

နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ သူ ဖြစ် ပါတယ်။သူ့အဖေကိုလည်း နိုင်ငံရေးအမှုနဲ့ ဖမ်းထားတယ်၊ လာဖမ်းတဲ့နေ့ကဆိုရင် သူအပြင်က ပြန်လာပြီး အနားယူနေ တုန်းရှိသေးတယ်။ အမက အပြင်ကနေ သော့ခတ်ပြီး သူ့ကိုစောင့်ပေးနေတာ။ဘယ်လောက်မှမကြာဘူး စစ်ကား ၈စီးအိမ်ရှေ့ထိုးရပ်တာပဲ။

သော့ဖျက်ပြီးတော့ အိမ်ကပစ္စည်းတွေကို အကုန်မွှေတာ၊ အမေစုပုံတွေကို ဖျက်ဆီး ပစ်တဲ့ အထိပဲ” လို့ ကိုထင်ရှားရဲ့ မိခင်က ပြောပါတယ်။စစ်တပ်က ဆန္ဒပြသူတွေ အပေါ် လက်နက်နဲ့ အနိုင်ယူနေ တာကို လူငယ်အများစုက ခံပြင်းနေကြပါတယ်လက်နက်နဲ့ အနိုင်ယူတတ် သူတွေကို

အနိုင်တိုက် ဖို့အတွက် လက်နက်လို တယ်လို့ လူငယ်တွေ ခံစားသွားရ တဲ့အခါ လက်နက်ကိုင်တော် လှန်ဖို့အတွက် နည်းလမ်းရှာကြ ပါတော့တယ် နုလုံးရည်တိုက်ပွဲနဲ့တော့ အကြမ်းဖက်တဲ့ စစ်တပ်ကို ကျဆုံးအောင် မလုပ်နိုင်ဘူးလို့ယုံကြည်လာတဲ့အချိန် ပြည်သူ့

ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းလာ ကြတာပါ။မုံရွာ PDF ဖွဲ့တော့ ထင်ရှားတို့လည်းပါခဲ့တယ်။ ဘာလို့ လက်နက်ကိုင်တော်လှန်လည်းမေးရင် လက်နက်နဲ့ အနိုင်ကျင့်နေသူတွေကို လက်နက်နဲ့ပဲပြန်တိုက်ရမှာပေါ့။နောက်ပြီး ဗကသရဲ့ မူထဲမှာလည်း စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ချေမှုန်းရ

မယ်ဆိုတဲ့ အချက်လည်းပါတယ်လေ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖြစ်တာပါ” လို့သူ့ရဲ့ ရဲဘော်တစ်ဦး ကပြောပါတယ်မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့အကြမ်းဖ က်စစ်ကောင်စီတို့ ဇူလိုင် ၂၆ ရက်နေ့မှာ ထိပ်တိုက်ရင် ဆိုင်တိုက်ခိုက်ခဲ့ကြရ ပါတယ်

အဲဒီတိုက်ပွဲမှာ မုံရွာ PDF အဖွဲ့က ၅ ဦးကျဆုံးပြီး ၂ ဦးပျောက်ဆုံးနေခဲ့တာပါဇူလိုင် ၃၀ ရက်နေ့ရောက်မှသာ ပျောက်ဆုံးရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပြီး စုစုပေါင်း ၇ ဦးကျဆုံးတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ

ရေးသားထားပါတယ်အဲဒီပျောက်ဆုံးသူ ၂ ဦးဟာ ထင်ရှားပြည့်လျှံဦးနဲ့ နောက်တစ်ဦးတို့ဖြစ်ပါတယ်။ထင်ရှားနဲ့ နောက်ဆုံးဖုန်းရခဲ့တဲ့ ထင်ရှားရဲ့ မိခင်က ဖုန်းကျသွားပြီးနောက် သူထပ်ခေါ်တဲ့ အချိန်မှာ တူတူ အသံပဲ ဆက်တိုက်မြည်နေခဲ့တယ်လို့ ပြောပါတယ် သူကဖုန်းခေါ်ပြီးသားတော့ ထိသွားပြီ အမေ လို့ပြောတယ်။

ဘယ်ထိသွားတာ လဲဆိုတော့ ခါးကိုထိသွား တာတဲ့အဲဒါနဲ့ သားပြေးလေ ရဲဘော်တွေရှိတဲ့ နေရာကိုပြေး ဆိုတော့ သူမပြေးနိုင်တော့ ဘူးလို့ပြောပြီးဖုန်း ကျသွားတယ် ကျမ ထပ်ခေါ်ပေမဲ့ သူ့ဖုန်းကခေါ်မရတော့ဘူး၊ တူတူတူတူ ပဲမြည်နေတယ်”အဲဒီ့နောက်ပိုင်းရက်တွေမှာ သူဟာ

မိခင်တစ်ဦးအနေနဲ့ သောကတွေပွားခဲ့ပါတယ်။ ငါ့သားလေးနေကောင်းရဲ့လား၊ ဒဏ်ရာ အခြေအနေက ဘယ်လိုနေမလဲဆိုတဲ့ အတွေးတွေနဲ့ ရင်ထဲမှာ ပူလောင်နေရပါတယ်။သူက ဖုန်းတောင်ခေါ်နိုင်သေးတယ်ဆိုတော့ ဒဏ်ရာသက်သာ မှာပါလို့ ဖေါ့တွေးမိတယ်။

ဒါပေမဲ့ မသိစိတ် ကတော့ အတော်လေးပူပန်တာပေါ့။ကိုယ်မွေးထားတာ သားတစ်ယောက် သမီးတစ်ယောက်ထဲလေ။ ဘယ်လိုပဲ ဖြစ်ဖြစ်သားကို အသက်ရှင်စေချင်တာပေါ့” လို့ ပြောပါတယ်။သူ့ ဆုတောင်းမပြည့်ခဲ့ပါဘူး၊ ပျောက်ဆုံးနေတဲ့ ရဲဘော် ၂ ဦးရဲ့ သက်မဲ့ရုပ်အလောင်းကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်လည်တွေ့ခဲ့ရပါတယ်

“ အဲဒီနေ့က ကိုယ်လည်း ပုန်းရှောင်နေရတဲ့အချိန်၊ သူ့ရဲ့ ရဲဘော်တွေကသြင်္ဂိုဟ်ပေးခဲ့တယ်။ဘယ်လိုမှသွားလို့ လည်း အဆင်မပြေဘူးလေ၊ သြင်္ဂိုဟ်ပြီးတော့မှ သူငယ်ချင်းတွေက အကြောင်းကြားပေးကြတယ်။ အဲဒီလိုကြား တဲ့နေ့က အသက်တောင်ဆက်ရှင်ချင်စိတ်မရှိတော့ဘူး။

တကယ်ကိုပြို လဲသွားရတာ၊ သားက တစ်ယောက်ပဲရှိတာ လေ” လို့ တုန်ရီတဲ့ အသံနဲ့ ဖြေကြားခဲ့ပါတယ်။သားရဲ့စိတ်နဲ့ ကိုဗစ်ရောဂါကူးစက်မှု ၂ မျိုးစုံသွားချိန် အသက်ဆက်ရှင်ဖို့ အတော်ရုန်းကန် ခဲ့ရတယ်လို့ ထင်ရှားရဲ့ မိခင်က ဆက်ပြောပါတယ်။

“ အင်အားက အောက်ဆုံးအထိကို ထိုးကျသွားတာ။ မသေရုံပဲ၊ သားသတင်းကိုကြားပြီး ကိုဗစ်ကလည်း ကူးစက် ခံရတော့ ကိုယ့်ကိုကိုယ် သေပြီတောင်အောက်မေ့တာ၊ သမီးက အပြုအစုကောင်းလို့ အသက်ဆက်ရှင်ရတာ၊ အတော်ခံလိုက်ရတယ် စိတ်ရော၊ လူရောပဲ” လို့ပြောပြပါတယ်

ကိုထင်ရှားအပါအဝင် ဗကသရဲဘော်ဟောင်းတွေ ကျဆုံးခဲ့တဲ့ အပေါ် လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း “ ကျွန်တော်နဲ့သူက မုံရွာ ဗကသမှာ အခင်ဆုံးတွေ။ငယ်ပေါင်းကြီးဖော်တွေလိုနေလာတာ၊ သူအပါအဝင် ဗကသရဲဘော်တွေကျဆုံးသွားတယ်ဆိုတော့ တကယ်ကြေကွဲဝမ်းနည်းမိတယ်။

ကျွန်တော့အတွက် မိသားစုဝင် တွေဆုံးရှုံးခဲ့ရသလို ခံစားရတယ်” လို့ ပြောပါတယ်။နုလုံးရောဂါအခံရှိတဲ့ ထင်ရှားရဲ့ ဖခင်ကို မပြောပြခဲ့ပေမဲ့ ဖခင်က သိသွားပြီး သူ့ကို နှစ်သိမ့်ပေးခဲ့တယ်လို့လည်း မိခင်ဖြစ်သူ ကပြောပါတယ်။သူ့အဖေက ထောင်ထဲမှာ အဖမ်းခံနေရတာ

ပြီးတော့ သူက နှလုံးရောဂါအခံရှိတယ်။ဒါကြောင့်ကျမက အသိမပေးဘူး၊ ဒါပေမဲ့ သူက ဘယ်လိုသိသွားလဲ မပြောတတ်ဘူး ကျမကို လှမ်းပြီးနှစ်သိမ့်တယ်။ ငါတို့သားက တိုင်းပြည်နဲ့ ပြည်သူအတွက် အသက်စွန့်သွားတာဆိုတော့ မြင့်သောမြတ်သောသေချင်းပါတဲ့။ ဒီလိုလေးတော့ လှမ်းပြောတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာ ထင်ရှားပြည့်လျှံဦးလို အသက်စွန့်သွားရတဲ့ လူငယ်တွေအများအပြားရှိနေပါတယ်။ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ သူတွေကို ပြည်သူ ပြည်သားတွေက မေ့သွားမှာမဟုတ်ပါဘူး။ ပြီးတော့ ထင်ရှားပြည့်လျှံ ဦးတို့ရဲ့ စွန့်လွှတ်ခြင်းကို အလေးပြုနေကြမှာဖြစ်ပါတယ်။

ခင်ငြိမ်းသစ်Burma VJ