အသက်၁၉နှစ်ဖြင့် ဒေါ်လာ၉သန်းတန် အိမ်တစ်လုံးကို ၆လအတွင်း ပိုင်ဆိုင်ခဲ့သည်အထိ ကြိုးစားခဲ့ကြသော အားလုံးအတုယူဖွယ် ဇနီးမောင်နှံနှစ်ဦး
Zawgyi
Unicode
ကမ္ဘာပေါ်ရှိဇနီးမောင်နှံတိုင်းသည် ဘဝ၏အချိန်ခဏလေးကို ကိုယ်ပိုင်နေအိမ်တိုက်တာများဖြင့် ပျော်ရွင်ဖွယ်မိသားစုကမ္ဘာလေးကို အေးချမ်းစွာဖန်တီးလိုကြသည်။အင်္ဂလန်နိုင်ငံမှ အသက်၁၉နှစ်အရွယ်သာရှိသေးသည့် ဇနီးမောင်နှံနှစ်ဦးသည် ချစ်ခင်မြတ်နိုးသောစိတ်ဖြင့် ဘဝတစ်ခုကို အတူတည်ထောင်ခဲ့ကြ
သည်။ထို့နောက်တွင် နေအိမ်တစ်ခုရရှိစေရန်အတွက် ဇနီးမောင်နှံနှစ်ဦးစလုံးသည် အလုပ်များကိုကြိုးစားလုပ်ကိုင်ခဲ့ပြီး တစ်ရက်ကို ၁၆ နာရီအထိလုပ်ကိုင်ခဲ့သည်။သူတို့နှစ်ဦးဟာ အင်္ဂလန်နိုင်ငံဘာမင်ဂမ်မြို့ရှိ စတိုးဆိုင်တွင်တစ်ဦးက အရောင်းဝန်ထမ်းအဖြစ်လည်းကောင်း တစ်ဦးက လက်ထောက်မန်နေဂျာအဖြစ်
လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။ကြိုးစားလုပ်ကိုင်ခဲ့သော အကျိုးကျေးဇူးများကြောင့် သူတို့နှစ်ဦးသည် ဒေါ်လာ ၉ သန်းခန့်တန်ကြေးရှိသော နေအိမ်ကြီးကို အချိန် ၆ လဖြင့်ရရှိခဲ့ကြသည်။