“အရည်အချင်းမပြည့်မီသော်လည်း ဇွဲမလျော့ဘဲ လေဆိပ်သန့်ရှင်းရေးလုပ်နေရင်း အိမ်မက်တွေတွေတကယ်ဖြစ်ခွင့်ရခဲ့တဲ့ လေယာဉ်မှူး”
Zawgyi ဖြင့်ဖတ်ပါ
Shoon (Cele Daily)
Unicode ဖြင့်ဖတ်ပါ
လူသားတိုင်းသည် ငယ်စဉ်ကတည်းကပင် ဘဝအတွက်ဖြစ်ချင်နေသော အိမ်မက်လေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ ယခုတွင်လည်း နိုက်ဂျီရီးယားနိုင်ငံမှ Mohammedဆိုသည့်
အမျိုးသားသည် ဆယ်တန်းအောင်ပြီးချိန်တွင် လေယာဉ်မှုးဖြစ်ချင်သောကြောင့် သွားရောက်လျှောက်ခဲ့သော်လည်း အမှတ်မမီခဲ့သည့်အတွက် ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။
သို့သော်လည်း သူ၏အိမ်မက်တွေကို လက်မလျော့ခဲ့ဘဲ လေဆိပ်တွင် သန့်ရှင်းရေးဝန်ထမ်းအနေဖြင့် အလုပ်သွားလျှောက်ခဲ့ပြီး လုက်ကိုင်ခဲ့ပါတယ်။သန့်ရှင်းရေးဝန်ထမ်းအနေဖြင့်
အနှစ်နှစ်ဆယ်လုပ်ကိုင်ပြီး ပညာများကို ကိုယ်တိုင်လေ့လာသင်ယူပြီးနောက်တွင် သူဟာ အိမ်မက်တွေကို အကောင်အထည်ဖော်လာနိုင်ခဲ့ပါတယ်။
လေကြောင်းလိုင်း၏ ဒုတိယမန်နေးဂျင်းဒါရိုက်တာ၏ ကျေးဇူးကြောင့် လေယာဉ်မှုးတစ်ဦးဖြစ်ခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
“သံချောင်းကိုအပူပေးပြီး ဆံပင်ညှပ်ပေးပြီး ဆိုင်ဖွင့်လာသည်မှာ နှစ်ပေါင်း၇၀ကျော်ပြီဖြစ်သည့် ၉၁နှစ်အရွယ် အဖိုး၏ ဆံသဆိုင်လေး”
Zawgyi ဖြင့်ဖတ်ပါ
Shoon (Cele Daily)
Unicode ဖြင့်ဖတ်ပါ
လူတိုင်းသည် နေအိမ်ထဲမှ အပြင်သို့သွားမည်ဆိုပါက လှပမှုရှိစေရန် အမျိုးမျိုးပြင်ဆင်ကြပါတယ်။ထိုသို့ပြင်ဆင်ရာတွင် ဆံပင်သည်လည်း ဒုတိယမျက်နှာဟုပင်
တင်စားရသည်အထိ အရေးပါကြပါတယ်။ထို့ကြောင့် ဆံပင်ညှပ်ဆိုင်သို့သွားရောက်ကာ ဆံပင်များကို အမြဲပြုပြင်နေခဲ့တာဖြစ်ပါတယ်။ဆံပင်ညှပ်ဆိုင်များဟာ
ဆံပင်များကို စက်ကပ်ကြေးဖြင့်သာ အသုံးပြုပြီး ညှပ်ပေးနေခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း တရုတ်နိုင်ငံမှ Hubeiမှ အသက်၉၁နှစ်အရွယ် အဖိုးကတော့ ကပ်ကြေးကို လုံးဝအသုံးပြုခြင်းမရှိဘဲ အခြားနည်းကို အသုံးပြုနေခဲ့ပါတယ်။
အဖိုးအိုဟာ သံကိုအပူပေးပြီး ဆံပင်များကို ဖြတ်တောက်ပေးနေခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသောဆိုင်အဖြစ်တင်စားရမှာဖြစ်ပါတယ်။
ထိုသို့ညှပ်ပေးလာသည်မှာလည်း နှစ်ပေါင်း၇၀အထိပင် ရှိနေခဲ့ပြီဟု သိရပါတယ်။
Shoon (Cele Daily)
“အွန်လိုင်းပေါ်တွင် ခြင်တောင်ကြီး ကြိုက်လွန်းလို့ ဇနီးသည်လိုချင်လွန်း၍ မှာပေးလိုက်ရာ အိမ်သို့ ရောက်လာသောအခါ ဆွံ့အသွားတဲ့ ဇနီးမောင်နှံ”
Zawgyi ဖြင့်ဖတ်ပါ
Shoon (Cele Daily)
Unicode ဖြင့်ဖတ်ပါ
၂၁ရာစုခေတ်ကြီးထဲတွင် လူသားတို့ဟာ ပစ္စည်းများဝယ်ယူရန်အတွက် ကိုယ်တိုင်သွားဝယ်စရာမလိုတော့ဘဲ ဖုန်းတစ်လုံးရှိရုံဖြင့် နေအိမ်ထိ လာပို့ခိုင်းနိုင်ပြီဖြစ်ပါတယ်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ ဖုန်းသုံးနေရင်းဖြင့် လိုင်းပေါ်မှရောင်းချနေသော အထည်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။
ဈေးနှုန်းများဟာလည်း အလွန်ချိုသာနေသည့်အတွက် ဇနီးသည်နှင့်အတူအိပ်ရန် နှစ်ယောက်အိပ်ခြင်ထောင်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ဝယ်ယူထားသော ခြင်ထောင်ကို နေအိမ်သို့လာပို့ပေးရာမှ ကြည့်လိုက်ရာ ခြင်ထောင်၏အရွယ်အစားကြောင့် မည်သည့်နေရာတွင် သုံးရသည့်ပစ္စည်းမှန်းမသိအောင်အထိပင်ဖြစ်သွားခဲ့ရပါတယ်။
ခြင်ထောင်ဟာ အလွန်သေးငယ်လှပြီး လူတစ်ယောက်အိပ်စရာမဟုတ်ဘဲ လူဦးခေါင်းလေးဘဲ ဝင်အိပ်လို့ရတာဖြစ်နေပါတယ်။
Shoon (Cele Daily)
“ခွေးကလေးကို မိုးရေတွေစိုမှာစိုး၍ မိမိရဲ့ ထီးကလေးဖြင့် ဆောင်းပေးနေတဲ့ ချစ်စရာ သမီးလေး(ရုပ်သံ)”
Zawgyi ဖြင့်ဖတ်ပါ
Shoon (Cele Daily)
Unicode ဖြင့်ဖတ်ပါ
တိရိစ္ဆာန်လေးများဆိုသော်လည်း သူတို့ဟာ ခံစားတတ်သောနှလုံးသားနှင့်အတူ အသိညဏ်လေးတွေကိုလည်း
ပိုင်ဆိုင်ထားသောကြောင့် လူသားတို့အနေဖြင့် စာနာမှုထားရှိပေးလျှင် မိမိတို့၏
ကမ္ဘာကြီးက ပို၍ပင် နေချင်စရာကောင်းလှမှာဖြစ်ပါတယ်။ ယခုတွင်လည်း သာမန်အရွယ်ရောက်ပြီးသား
လူများတွင်ပင် မရှိနိုင်သော ကြင်နာလှသည့် စိတ်ထားမျိုးကို အသက်လေးနှစ်အရွယ်
သမီးလေးက ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သမီးလေးဟာ ညမိုးရွာနေသည့်အချိန်တစ်ခုတွင် ထီးကလေးဆောင်းပြီး
အပြင်ထွက်လာသည့်အချိန်တွင် ခွေးကလေးတစ်ကောင်းဟာ
မိုးရွာထဲတွင် ရှိနေတာကို မြင်တွေ့သွားခဲ့ပါတယ်။ထိုအခါ သမီးလေးဟာ ခွေးကလေးဆီသို့ ချက်ချင်းပင်ပြေးသွားခဲ့ပြီး မိုးမဆိုစေရန် သူ၏ထီးကလေးဖြင့်
ဆောင်းထားပေးခဲ့တာဖြစ်ပါတယ်။ သမီးလေး၏ ကြည်နူးစရာကောင်းလှသော လုပ်ရက်လေးကြောင့် မိခင်ဖြစ်သူကပင် ငေးကြည့်နေမိတယ်ဟု သိရပါတယ်။
Shoon (Cele Daily)
ကံထူးပြီးသိန်းထီပေါက်ခဲ့ပေမဲ့ ကံမကောင်းရှာခဲ့တဲ့အမျိုးသား
Zawgyi
Unicode
မီချီဂန်က အမျိုးသားတစ်ယောက်ဟာ ထီဆုကို ကံထူးထားပေမယ့် ကံမကောင်းခဲ့ရှာပါဘူး။ သူရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်နဲ့အတူ ထီကံထူးထားတဲ့ လက်မှတ်လေးကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့တာပါ။ ထီဆုငွေက အများကြီးတော့မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ဒီထီလက်မှတ်လေးဟာ သူရဲ့ အိတ်ကပ်ထဲမှာ ရှိနေရှာပါသေးတယ်။ သူ့အမည်ကတော့ Gregory Jarvis ဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ(၂၃)ရက်နေ့က ဟူရွန်ကောင်တီဧရိယာ
အတွင်းက ပုဂ္ဂလိကကမ်းခြေတစ်ခုမှာ သူရဲ့ အသက်မဲ့နေတဲ့ဘော်ဒီကြီးကို တွေ့ရှိခဲ့တာပါ။သူဟာ လှေတစ်စင်းအနီး ရေစပ်မှာ လဲကျ အသက်မဲ့နေပါတယ်။ Gregory Jarvis ဟာ အသက်(၅၇)နှစ်ဖြစ်ပါတယ်။ သူ ရေနစ်သေခဲ့ပုံပါ။ သူ ကံစပ်ခဲ့တဲ့ငွေတွေနဲ့ မနီးစပ်ခဲ့ပါဘူး။ ဒီမတိုင်ခင် တစ်ပတ်လောက်အလိုက သူဟာ Caseville မြို့က Blue Water Inn ကို ရောက်ခဲ့ပါတယ်။အဲဒီမှာ Club Keno ကစားခဲ့ရာကနေ သူ ထီဆုငွေ ကံထူးခဲ့တာပါ။ သူဟာ အဲဒီတုန်း
ကတည်းက ထီဆု ထုတ်ယူလို့ ရပေမယ့် မထုတ်ယူခဲ့ပါဘူး။ သူနဲ့ ကောင်းကောင်းခင်မင်တဲ့ Blue Water Inn ပိုင်ရှင် Dawn Talaski က ” အတော်လေးကို အနေအေးပြီး သဘောကောင်းတဲ့လူဗျ …သူက ကျွန်တော့်ဆိုင် အမြဲလာလေ့ရှိတယ် … တစ်ယောက်တော့ ထီပေါက်ပြီဟေ့လို့ ပြောတော့ သူက မိုက်တယ်ဟလို့ ပြောခဲ့သေးတယ် … အဲဒီမှာ ကျွန်တော်က ထီပေါက်တာက ခင်ဗျားလေလို့ ပြောတော့ သူ အတော်လေး စိတ်လှုပ်ရှားနေခဲ့တာ “လို့ ပြောပါ
တယ်။အခင်းဖြစ်တဲ့နေ့ နေ့လည်ခင်းလောက် သူ အဲဒီဆိုင်လေးကို ပြန်ရောက်လာကြောင်း၊ သူ့မှာ Social Security မှတ်ပုံတင်မရှိတာမို့ ထီဆု ထုတ်ယူလို့မရသေးဘူးလို့ ဆိုပါတယ်။ သူ သောက်စရာတချို့ဝယ်သွားပြီး ထွက်သွားခဲ့ပါတယ်။အချိန်အတော်ကြာလို့ Jarvis ပြန်မလာတော့ Talski လည်း သူထွက်သွားတဲ့ ကမ်းခြေဘက်ကို စိတ်ပူပြီး လိုက်ရှာခဲ့ပါတယ်။ Jarvis ရဲ့အလုပ်ရှင်လည်း အခင်းဖြစ်နေရာအထိ လိုက်လာခဲ့ပြီး နောက်ဆုံးတော့ သူ့တပည့်
ကြီးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုသာ တွေ့လိုက်ရပါတော့တယ်။ Jarvis ဟာ ဒေါ်လာ (၄၅၀၀၀)အထိ ကံထူးခဲ့တာမို့ ဒါဟာ-လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြေလည်စေမယ့် ငွေပမာဏဖြစ်ပါတယ်။ သူကိုင်တိုင် ငွေ မထုတ်ယူနိုင်တောင် သူ့ ဆွေမျိုးတစ်ဦးဦးက ထုတ်ယူပေးလို့ရပါတယ်။ အခုတော့ ထီလက်မှတ်ဟာ ကျန်ရစ်သူ မိသားစုနဲ့သာ သက်ဆိုင်ပါတော့တယ်။ သိရသလောက်တော့ သူ လှေလှော်စဉ် လှေက တိမ်းမှောက်ခဲ့ကြောင်း၊ အဲဒီမှာ ဦးခေါင်းကို လှေကိုယ်နဲ့ထိမိပြီး ဒဏ်ရာရသွားကြောင်း၊ ယင်းနောက် ရေနစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။Ref ; UniLad
ဒူးရင်းသီး စားသောသူများ သတိပြုရန် ….
Zawgyi
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင် ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူးရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ဒူးရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလ
ည်းဖြစ်ပါတယ်။ ဒူးရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။ဒူးရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။ဒူးရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့
တိုက်တွန်းထားပါတယ်။ထို့အပြင် ဒူးရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?ဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။
၁။ ဒူးရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။
၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။
၃။ ဒူးရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူးရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျို ကို ဝမ်းအေးစေရေန်သောက်သုံးပေးသင့်ပါတယ်။
၎။ ဒူးရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အဝလွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။
၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
၆။ ဒူးရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။
၇။ ဒူးရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။၈။ ဒူးရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။ဒူးရင်းသီးအတွင်း အာဟာရဓာတ်အ
လွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူးရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေးခြင်းဖြင့် အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။
ဒါကြောင့် ဒုးရင်းသီး ကြိုက်နှစ်သက်ကြသော မိတ်ဆွေများအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျိုးငှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်။Credit
“သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေအမေရယ် ဘာဖြစ်လို့လဲ ဆရာလေးရယ်လို့ မေးလိုက်တော့”
Zawgyi ဖြင့်ဖတ်ပါ
တစ်အိမ်မှာ ဆန်တစ်ဇွန်း လောက်ဘဲရပြီး တစ်ရပ်ကွက်လုံးမှဆန်လေး ၃ ပြည်လောက်ရ အဲဒီဆန်တွေကို ဈေးဆိုင်မှပြန်ရောင်း ရတဲ့ငွေလေးတွေနှင့်သမီးတို့၏အာဟာရအတွက် ချက်ပြုတ်စားရတာပါအမေ…။
တစ်ချို့ဒကာတွေကပြောသေးတယ်အမေ ဒါနဆန်များပါရှင်လို့အလှူ ခံရင် နင်တို့လုပ်စားရှိလို့လား နင်တို့လင်အိမ်တွေမို့လားဆိုပြီး အပြောခံရတယ်အမေ
အခုလိုဝတ်နေရတာလို့အပြစ်မြင်မိတယ်အမေ ဒါတောင်တစ်ချို့ယောကျာင်္းတွေက သီလရှင်တွေကိုကန့်တော့ရင်ဘုန်းနိမ့်တယ်ထင်လား မသိဘူးအမေ
အပြင်ကကျောင်းသားတွေတက်တဲ့ ပိုက်ဆံနဲ့ဘာမှမပြောပါးပေမယ့် ဘယ်သူကမှ မလှူ တဲ့သမီးတို့ ဘဝမှာတော့ ငွေတစ်သိန်းဆိုတာအင်မတန်မှရှားပါးပါတယ်လအမေ့ကိုလည်းဒီထက်ဒု က္ခ မပေးချင်တော့ဘူး
သမီးတို့မှာဒီသီလရှင်သာသနာကိုမထမ်းရင်ရှေ့ကထမ်းဆောင်သွားတဲ့ အမျိုးသမီးအရိယာကြီးတွေကိုအားနာတယ်သမီး အမေတို့မိန်းမသာသနာဆိုလို့ ဒီသီလရှင်သာသနာတစ်ခုဘဲရှိတယ်သမီး။
အရေအတွက်ကိုလည်ကြည့်အုံးသမီး သံဃာတွေ သိန်းချီပြီး ရှိနေပေမယ့်အမျိုးသမီးသာသနာပြုတွေကသောင်းဂဏန်းဘဲရှိတယ်သမီး ကျေးဇူးပြု ပြီးထမ်းဆောင်ပေးပါသမီးရယ်….
Unicode ဖြင့်ဖတ်ပါ
လူထွက်တော့မယ် အဖေရယ် အမေရယ် ကလင် ကလင် ဖုန်းခေါ်သံလေးကြားပြီးကိုင်လိုက်တော့ ဟဲလိုသမီးလား ဟုတ်တယ်အမေ သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေအမေ
ဘာဖြစ်လို့လဲဆရာလေးရယ် အေးပါကွယ် အမေ့ဆီသီလရှင်ဝတ်ရဲ့လေးတော့ပြန်ခဲ့ပါကွယ်။ဒေါ်တင်မေ တစ်ယောက်အတွေးများစွာနှင့်နေပြီးစဉ်းစားနေတော့တယ်။
မွေးထားတဲ့သားသမီး ၃ယောက်ထဲမှာသမီးသီလရှင်လေးကအကြီးဆုံး သားလေးနှစ်ယောက်နှင့် အတူတကွနေတာပေါ့ သမီးလေးကို ၁၀ နှစ်အရွယ်တည်းကသီလရှင်ဝတ်ပေးခဲ့ပြီး စစ်ကိုင်းမှာဘုရားစာပါဠိတွေကိုသင်ယူစေခဲ့တယ်။
သမီးလေးအဖေက ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်သွားလုပ်ပီး မိခင်တစ်ယောက်တည်းရုန်းကန်နေရတာကို သနားလို့ထင်ပါတယ် သမီးကဒီနှစ်မှလူထွက်မယ် စကားကိုပြောတော့
ဒေါ်တင်မေခင်များမှာ ငိုရမလို ဖြစ်နေခဲ့တယ်။သမီးလေးကို တော့ချော့ပြောလိုက်တာဘဲရွာကိုအရောက်တော့ပြန်ခဲ့အုံးလို့ မှာလိုက်တာဘဲ ဘုရား ဘုရားသမီးလေး
သီလရှင်ဝတ်ရဲ့လေးနှင့်ဘဲပြန်ခဲ့ပါစေ ဘုရားဆိုပြီးဘုရားရှေ့မှာဆု တောင်းနေပြီးလေ….။ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေချိန်မှာ ဒေါ်တင်မေထံ သမီးလေးသီလရှင်ပြန်လာမယ့်သတင်း ကြားတော့
ရွာလယ်ပိုင်းကသူဋ္ဌေးတစ်ဦးဆီမှာ ပိုက်ဆံ ၂ သိန်းလောက်သွားချေးပြီး သမီးလေးအတွက် SAMSUNG ဖုန်းလေးတစ်လုံးဝယ်ထားလိုက်တယ်။သူ့စိတ်ကူးကတော့သမီးလေးကို ဒီဖုန်းလေးနှင့်ချော့ပြီးလူမထွက်အောင်တားမယ်ပေါ့…။
ဟော…… သမီးလေးကရောက်လာပြီးအမေ……အမေ ရေလို့အော်ခေါ်ပြေးဖက်ထားပြီးသားမိနှစ်ယောက်အပြိုင်ငိုနေကြပြီး။ဒေါ်တင်မေက သမီးလေးမျက်နှာမှမျက်ရည်တွေကိုလက်လေးနှင့် သုတ်ပေးပြီး
ငါ့သမီးလေး အရမ်းပိန် သွားပါလား ကွယ် သမီးရယ် စိတ်တွေဘယ်လောက်ဆင်းရဲနေလို့ဟင်း အမေ့ကိုပြောပြပါကွယ်…။အမေရယ်သမီးလူထွက်ချင်တာ အမေ့ကိုသနားလို့ပါ။
အမေမောင်လေးနှစ်ယောက်ကို တစ်ယောက်ထဲလုပ်ကြွေးနေတော့ သမီးမကြည့်ရက် လို့ပါအမေ။သမီးရယ် အမေ့ကိုထည့်မတွက် ပါနဲ့ သမီးလေးအဆင်ပြေဖို့ ကအဓိကပါ အမေကဘာမှ မဖြစ်ဘူး။
ကဲ ကဲ သမီးလေးအမေ့တွက်ဆို လူတော့မထွက်ပါနဲ့နော်အမေရယ် သမီးလေးသီလရှင်ဘဝကိုမြတ်နိုးပါတယ် ဒါပေမဲ့လေ အရာရာမှာနိမ့်ကျလွန်းပြီး ဘေးဖယ်ထားတဲ့ သမီးတို့ဘဝကို ကြာလာ တော့စိတ်ပျက်မိတယ်အမေ…။
သမီးတို့မှာ ဘုန်းကြီး တွေကိုရင်တွေလို ဆွမ်းခံစားရတာမဟုတ်ဘဲ အဖိတ်နေ့ ဥပုသ်နေ့လေးတွေမှာ အရပ်တကာ မြို့တကာလှည့်ပြီး နေပူခံမိုးရွာမိ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆန်လေးတွေလိုက်အလှူ ခံရတာပါအမေ…။
တစ်အိမ်မှာ ဆန်တစ်ဇွန်း လောက်ဘဲရပြီး တစ်ရပ်ကွက်လုံးမှဆန်လေး ၃ ပြည်လောက်ရ အဲဒီဆန်တွေကို စျေးဆိုင်မှပြန်ရောင်း ရတဲ့ငွေလေးတွေနှင့်သမီးတို့၏အာဟာရအတွက် ချက်ပြုတ်စားရတာပါအမေ…။
တစ်ချူ ိ့ဒကာတွေကပြောသေးတယ်အမေ ဒါနဆန်များပါရှင်လို့အလှူ ခံရင် နင်တို့လုပ်စားရှိလို့လား နင်တို့လင်အိမ်တွေမို့လားဆိုပြီး အပြောခံရတယ်အမေ
သူတို့လောင်းတာကနည်းနည်း ပြောခံရတာတွေများလာတော့ ပုထု ဇဉ်ဆိုတဲ့သမီးတို့နှလုံးသားတွေကကြာကြာမခံနိုင်တော့ဘူးအမေ…
ဒီခေတ်ကြီးမှာ တိုးတက် လာတာနှင့် အမျှ မိန်းကလေး အသုံး အဆောင်တွေကလည် လိုချင်စရာတွေပါဘဲ ဒါပေမဲ့ကိုယ့်စိတ်ကိုပြန်ထိန်းငါဟာဘုရားသမီးတော်စစ်စစ် ဒါတွေနှင့်
ငါကဘာမှမဆိုင်ဘူးဆိုပြီးအံကိုကြိတ်ပြီးစိတ်ကိုနိုင်ထိန်းထားခဲ့တယ်အမေ…တစ်ခါတစ်လေမှာလေ ဘိက္ခုနီသာသနာ သီလရှင်သာသနာစခဲ့တဲ့ မိထွေတော်ဂေါတမီတို့
ယသော်ဓရာတို့ကိုအပြစ်တင်ချင်မိတယ်အမေ သူတို့ကဘုရားခွင့်မပြုခဲ့တာတောင် ဘိက္ခုနီသာသနာကိုရအောင်ဝင်ခဲ့တယ်….သူတို့အဲဒီလိုဝင်ခဲ့လိုသမီးတို့သီလရှင်တွေ
အခုလိုဝတ်နေရတာလို့အပြစ်မြင်မိတယ်အမေ ဒါတောင်တစ်ချူ ိ့ယောကျာင်္းတွေက သီလရှင်တွေကိုကန့်တော့ရင်ဘုန်းနိမ့်တယ်ထင်လား မသိဘူးအမေ
သမီးတို့ဆိုယောကျာင်္းတွေမရှိခိုးဘူး ရှိခိုးခံချင်လို့ပြောတာမဟုတ်ပါဘူးအမေအနှိမ်ခံရလို့ပါ…။ရဟန်းတွေ ကိုရင်တွေဆိုလှူ မယ့်လူ ရဟန်းခံမယ် ရဟန်းဒကာတွေပေါမှပေါအမေ
သမီးတို့ ဆရာလေးတွေ အသက် ၂ဝ ပြည့်လို့လဲဘယ်သူမှရဟန်း ဒကာလာမခံပါဘူးအမေ….။ကိုယ်ကျက်မယ့်စာအုပ်ကို ကိုယ့်ဘာ သာကိုယ်ဝယ် ကိုယ့်ဘဝကိုယ်လျှောက်လမ်းရတဲ့ခရီးတွေ ကြာလာတော့ပြိုလဲချင်နေပြီးအမေ
ပြီးတော့အမေ ကျောင်းတွေမှာနေဖို့စားရိတ်ကိုလည်း ကျောင်းထိုင်ဆရာကြီးတွေကိုပေးရတယ်အမေ…။သူတို့ကိုလည်အပြစ်မမြင်ပါဘူး ဒီဘက်ခေတ်မှာ ကုန်စျေးနှုန်းတွေကကြီး ရေဖိုး မီးဖိုးတွေနှင့်
အပြင်ကကျောင်းသားတွေတက်တဲ့ ပိုက်ဆံနဲ့ဘာမှမပြောပါးပေမယ့် ဘယ်သူကမှ မလှူ တဲ့သမီးတို့ ဘဝမှာတော့ ငွေတစ်သိန်းဆိုတာအင်မတန်မှရှားပါးပါတယ်လအမေ့ကိုလည််းဒီထက်ဒု က္ခ မပေးချင်တော့ဘူး
ဒါကြောင့်သမီးကို လူထွက်ခွင့်ပေးပါနော် သမီးလေးက သူပြောချင်တာတွေပြောတာကိုနားထောင်ပြီး ရော့ ဒါသမီးအတွက်အမေဝယ်ပေးတာဖုန်းလေးကိုထုတ်ပေးတော့ သမီးလေးကဝမ်းသာသလိုရှိပေမဲ့ မျက်ရည်တွေကျလာတယ်…။
အမေရယ် အမေ့မှာပိုက်ဆံမရှိဘဲ ဒီဖုန်းကိုဘာလို့ ဝယ်တာလဲအမေ သမီးနှင့်အမေဖုန်းပြောရအောင်ပေါ့ကွယ် ပြီးတော့သမီးလည်တရားတွေနား ဗဟုသုတတွေလည်ရှာလို့ရတာပေါ့ကွယ်…
သမီးရယ်ယူပါသမီးလူမထွက်ရင်အမေဘာဘဲ လုပ်ပေးရ လုပ်ပေးရ ဘာမှမဖြစ်ဘူး သမီးလေးလူမထွက်ဖို့သာအဓိကပါ သမီးတို့အခက်အခဲတွေကိုနားလည်ပါတယ်သမီးရယ်
သမီးတို့မှာဒီသီလရှင်သာသနာကိုမထမ်းရင်ရှေ့ကထမ်းဆောင်သွားတဲ့ အမျူ ိးသမီးအရိယာကြီးတွေကိုအားနာတယ်သမီး အမေတို့မိန်းမသာသနာဆိုလို့ ဒီသီလရှင်သာသနာတစ်ခုဘဲရှိတယ်သမီး။
အရေအတွက်ကိုလည်ကြည့်အုံးသမီး သံဃာတွေ သိန်းချီပြီး ရှိနေပေမယ့်အမျူ ိးသမီးသာသနာပြုတွေကသောင်းဂဏန်းဘဲရှိတယ်သမီး ကျေးဇူးပြု ပြီးထမ်းဆောင်ပေးပါသမီးရယ်….
အမေတို့မိန်းမသားတွေအတွက်ဂုဏ်ယူရတဲ့ ဘုရားသာသနာအဖြစ်ထမ်းဆောင်ပေးပါသမီးရယ် သမီးလေးလည် ဒေါ်တင်မေဆုံးမချက်တွေ နားထောင်ပြီးစစ်ကိုင်းကိုပြန်စာတွေသင်ပြီး
ဓမ္မာစရိယထိပြီးအောင်နေသွားခဲ့တယ် ဆရာလေးအမည်ကတော့ မပညာနန္ဒတဲ့ သာသနာပြုနေသောအစ်မတော် ညီတော်များ၏ဘဝတွေကို ဤစာဖြင့်ရေးသားဂုဏ်ပြုလိုက်ပါသည်။
မိန်းမဘဝရပေမဲ့ရလာတဲ့လူဘဝကိုအရှုံးမပေးဘဲ ရဟန်းသံဃာများနှင့်တန်းတူသာသနာပြုနေတဲ့အတွက်အစဉ်လေးစားနေပါသည်။ သီလရှင်လေးများကိုတန်ဖိုးထားနိုင်ကြပါစေ…။
“ပိုက်ဆံက သခင်ရှိတယ် ပိုက်ဆံမှာ ကျိန်စာရှိတယ် ငွေမမြဲတဲ့သူတွေ ဒီစာကိုဖတ်ကြည့်ပါ”
Zawgyi ဖြင့်ဖတ်ပါ
Unicode ဖြင့်ဖတ်ပါ
ပိုက်ဆံက သခင်ရှိတယ် ပိုက်ဆံမှာ ကျိန်စာရှိတယ်
ပိုက်ဆံကိုချေးရင်ပြန်ဆပ်ပါ
ပိုက်ဆံကိုပေးမယ်ပြောပြီး ကတိတည်တည်ပြန်ပေးပါ
အခက်ခဲဆိုတာ လူ့ဘဝ သက်တမ်း ကြုံနေမှာမခက်ခဲဖူးဆိုတဲ့လူမရှိပါဘူ
အနည်းနဲ့ အမျာကြုံကြမယ်ပိုက်ဆံကို ကတိပျက်အောင် လုပ်ရင်
သင့်ဆီပိုက်ဆံတည်မြဲတော့မှာမဟုတ်ဘူး
ပိုက်ဆံကို ကတ်စေးနည်း ချွေးကုတ်ပြီး စုနေမှ မြဲနေတာ မဟုတ်ပါဘူး
ကတိ တည်တည်နဲ့ ပေးစရာရှိပေး ယူစရာရှိယူပါ
လက်ခက်ရင် ငွေပါခက်တယ်
ကတိမတည်သူက အလုပ်ရှားပါတယ်
ပိုက်ဆံ ကို ပြန်မဆပ်ချင်တဲ့ သူတွေဆီမှာငွေမမြဲပါဘူး ။
လက်ခက်သူတွေ ကျင့်ကြံ ကြည့်ပါ ။