“ထူးဆန်းစွာဖြင့် အိမ်ဝန်း၏အနောက်ဘက်ရှိ မြေကွက်လပ်အတွင်းမှ ကားတစ်စီးကို တူးဖော်ရရှိခဲ့သည့် အမျိုးသားတစ်ဦး”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
ကံအလွန်ကောင်းကြသော လူအချို့ရွေငွေဥစ္စာရတနာများကို အမှတ်မထင် တူးဖော်ရရှိသည်ကိုသာ ကြားတွေ့ဖူးကြတာဖြစ်ပါတယ်။ရှေးလူကြီးများဟာလည်း ရွှေငွေရတနာများကိုသာ မပျောက်ပျက်စေရန်အတွက် မြေကြီးထဲတွင် မြှုပ်နှံသိမ်းဆီးထားတတ်ကြပါတယ်။
သို့သော်လည်း ယခုအမျိုးသားတစ်ဦးဟာတော့ သူ၏နေအိမ်ခြံဝန်းထဲမှပင် ကားတစ်စီးကို တူးဖော်ရရှိခဲ့သောကြောင့် လူအများက အံ့သြနေခဲ့ကြရတာလည်းဖြစ်ပါတယ်။အမျိုးသားဟာ နေအိမ်ကို ဝယ်ယူထားသည်မှာလည်း အနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး ကား၏ရာဇဝင်ကို စုံစမ်းကြည့်လိုက်သောအခါ အကြောင်းစုံကို သိရှိခဲ့ရတာဖြစ်ပါတယ်။
အရင်အိမ်ရှင်အဟောင်းဟာ လမ်းဖြတ်ကူးသည့်လူတစ်ဦးကို တိုက်မိခဲ့သောကြောင့် ကားကို နေအိမ်တွင် ဝှက်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်တယ်ဟု သိခဲ့ရပါတယ်။
“ဆံပင်ရောအသားရောင်ပါ ဖြူဆွတ်နေတဲ့ ကမ္ဘာကျော်ညီအစ်မနှစ်ယောက်ရဲ့ ထူးခြားတဲ့အလှတရား”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
ထူးခြားတဲ့အလှတရားတွေနဲ့ မွေးရာပါ ဆံပင်နှင့်အသားရောင် ဖြူဆွတ်နေတာကြောင့် ကမ္ဘာပါကျော်ခဲ့တဲ့ ညီအစ်မနှစ်ယောက်
Albino ရောဂါဖြစ်နေတဲ့ လူတစ်ဦးကိုတွေ့ရှိဖို့ဆိုတာ အတော်လေး ရှားပါးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ Albino ရောဂါဆိုတာက
တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး ဖြူစွတ်နေတဲ့ မွေးရာပါရောဂါမျိုးဖြစ်ပြီး
Albino ရောဂါ၏ မတူညီသော ပုံစံများနှင့် ဖြစ်ပွါးမှုသည် လူဦးရေအလိုက် သိသိသာသာကွဲပြားကာ ဆာဟာရသဲကန္တာရတောင်ပိုင်းရှိ လူများတွင် အများဆုံးဖြစ်ကြပါတယ်။
ယနေ့ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိက၌ Albino ရောဂါဖြစ်ပွါးမှုသည်လူ ၅၀၀၀ တွင် ၁ ဦး ခန့်ဖြစ်ပြီး ဥရောပနှင့်အမေရိကန်တို့တွင် ၂၀၀၀၀ တွင် ၁ ဦးနှုန်းသာရှိပါသည်။
ဒီလိုဖြစ်ခဲလှတဲ့ ရောဂါဟာ ကာဇတ်စတန်နိုင်ငံက ညီအမ နှစ်ယောက်မှာ ထူးထူးခြားခြားတိုက်ဆိုင်စွာဘဲ ဖြစ်ပေါ်နေပါတယ်။
ထိုညီအမနှစ်ယောက် အသက် ၁၂ ကွာကြပြီး သူတို့ရဲ့ ထူးခြားလှပတဲ့ သွင်ပြင်တွေကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။
ညီအမနှစ်ယောက်ရဲ့ အလှဓါတ်ပုံများကိုစုစည်းဖေါ်ပြပေးလိုက်ပါတယ်နော်။
Credit…original writer
“ထူးထူးခြားခြား ကိုယ့်ဈာပနပွဲကို ကိုယ်တိုင်ပြင်ခွင့်ရတဲ့ မော်ဒယ်မလေးအကြောင်း”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
ဖက်ရှင်ကျစွာ ဝတ်စားဆင်ယင်ခြင်းကို နှစ်သက်တဲ့မော်ဒယ်လ်မလေး Racine Pregunta ဟာ သူမရဲ့ ဘဝကိုချစ်မြတ်နိုးပြီး အနာဂတ်အတွက် အစီအစဉ်များစွာ ထားရှိခဲ့ပါတယ်။ သို့ပေမဲ့ ကိုယ်မသိနိုင်တဲ့ကိုယ့်ရဲ့ ကံကြမ္မာဆိုးကြီးရောက်လာခဲ့ပါတယ်။
Rolyn Pregunta လို့ခေါ်တဲ့ Racine ရဲ့အစ်မဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ osteosarcoma အရိုးထဲမှာ စတင်တည်ရှိတဲ့ ရှားပါးရောဂါကို ဝေမျှခဲ့ပါတယ်။ Racine က သူမဘဝအတွက် ဆက်လက်တိုက်ပွဲဝင်နေပြီး သူမရဲ့ညာဘက်ဒူးကို ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
လအတန်ကြာ Rolyn က သူ့ညီမလေး Racine ရဲ့ ပြင်းထန်တဲ့ ကြေကွဲဖွယ်သတင်းကို ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ Racine က သူမ သေဆုံးသွားခဲ့ရင် သူမကိုယ်တိုင်အသုဘအတွက် ပြင်ဆင်ထားပုံကို သူမမျှဝေခဲ့တာကြောင့် အလွန်အမင်းချိုသာလှပါတယ်။
နောက်တစ်လမှာ Racine ဟာ အကယ်လို့သူမဆုံးခဲ့လိုရှိရင် သူမအနေနဲ့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်လိုတယ်လို့ သူမရဲ့အစ်မကို ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူမရဲ့ဖခင်အုတ်ဂူဘေးမှာ မြှုပ်နှံလိုကြောင်း ပြောကြားခဲ့တာပါ။ သူမရဲ့ အသုဘပွဲကိုစီစဉ်ပြီးနောက် April လ ၁၇ ရက်မှာ အသက် ၂၀ အရွယ် Racine ဟာ လှပစွာသေဆုံးခဲ့ပါတယ်။
Racine ဟာ သူမရဲ့လှပတဲ့ခေါင်းတလား‌တွေနဲ့ လှလှပပသေဆုံးသွားခဲ့ပါတယ်။ သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာကြောင့် မိသားစုတွေရဲ့ နှလုံးသားကိုကြေကွဲစေပေမဲ့လည်း သူမစီစဉ်ထားတဲ့အတိုင်း လှလှပပနဲ့ငြိမ်းချမ်းစွာသေဆုံးခဲ့ရခြင်းကြောင့် သူတို့ပျော်ရွှင်ခဲ့ကြပါတယ်။
Credit..original writer
“မိမိမှာ မျက်မမြင်ဖြစ်သော်လည်း စွန့်ပစ်ခံထားရတဲ့ဆွံ့အခလေးမလေးကိုမွေးစားခဲ့ပီးစကားပြောတတ်အောင်ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တဲ့အမျိုးသမီး(ဖြစ်ရပ်မှန်)”
Zawgyi ဖြင့် ဖတ်ရန်
Unicode
စွန့်ပစ်ခံထားရတဲ့ဆွံ့အခလေးမလေးကိုမွေးစားခဲ့ပီး၊စကားပြောတတ်အောင်ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တဲ့မျက်မမြင်အမျိုးသမီးရဲ့လေးစားဖွယ်လုပ်ရပ်(ဖြစ်ရပ်မှန်)
Ping ဆိုတဲ့အမျိုးသမီးဟာ၊လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကခင်ပွန်းဖြစ်သူနဲ့အတူ accident တခုကြောင့်၊မျက်ကန်းဘဝရောက်သွားခဲ့ပီးခင်ပွန်းကတော့ထို accident ကြောင့်သေဆုံးသွားခဲ့ရပါတယ်။Ping ဟာမျက်မမြင်တစ်ယောက်ဆိုပေမဲ့စိတ်ထားအလွန်ကောင်းပီးတဲ့သူတစ်ယောက်မို့
ရွာကလူများကလဲ Ping ကိုအားပေးကူညီတာတွေလုပ်ပေးကြပါတယ်။Ping ကတော့ရွာလမ်းအကုန်လုံးကိုမှတ်မိပီး၊တစ်ယောက်တည်းလဲလျှောက်သွားလျှောက်လာတတ်ပါတယ်။တနေ့မှာ​တော့ရွာထဲလမ်းလျှောက်ရင်း၊လယ်ကွင်းဘေးနားကခလေးတစ်​ယောက်ရဲ့ငိုသံကြားတာကြောင့်
အနီးနားသွားလိုက်တဲ့အခါမှာလမ်းလျှောက်တတ်တဲ့နှစ်နှစ်အရွယ်ကောင်မလေးတစ်ဦးဖြစ်နေခဲ့တာကိုသတိထားမိခဲ့ပါတယ်။ထို့နောက်Ping ကဘယ်သူ့ခလေးလဲအော်မေးတဲ့အခါမှာလဲ၊အနီးနားမှာဘယ်သူမှမရှိတာကြောင့်ခလေးရဲ့မိခင်ပြန်လာနိုးနိုးနဲ့စောင့်ကူပေးခဲ့ပါတယ်။
ဒါပေမဲ့မည်သူမှမလာခေါ်တာကြောင့်ခလေးကိုအိမ်ခေါ်ပြန်ခဲ့ပါတယ်။ခလေးရဲ့မိခင်တွေရှာရင်၊သူမအိမ်ကိုညွှန်လိုက်ပါဆိုပီးရွာကလူတွေကိုအကြောင်းကြားထားခဲ့ပါတယ်။အဲ့ဒီနောက်ခလေးငယ်ကိုအကျီလဲပေးဖို့အဝတ်စားချွတ်ပေးလိုက်တဲ့အခါမှာ​တေ့ာ၊အိပ်ကပ်ထဲကစာတစ်စောင်ထွက်လာခဲ့ပါတယ်။
ထို့နောက်ရွာကလူတစ်ယောက်ကိုစာဖတ်ခိုင်းစေပီး၊ထိုခလေးဟာစကားမပြောတတ်တာကြောင့်မိဘများကိုယ်တိုင်ကစွန့်ပစ်ထားတယ်ဆိုတဲ့စာလေးဖြစ်နေခဲ့ပါတယ်။ဒါကြောင့် Ping ဟာခလေးငယ်ရဲ့အဖြစ်ကိုသနားတာကြောင့်၊သူမကိုယ်တိုင်မွေးစားဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ထိုအချိန်ကစပီး Ping ဟာအလုပ်ကြိုးစားလုပ်ပီး
သမီးလေး Jie ကိုပြုစုစောင့်ရှောက်ရင်းကျောင်းပါထားစေခဲ့ပါတယ်။ ထို့နောက်သမီးလေး Jie ဟာအရွယ်ရောက်ခဲ့ပီး၊ကောလိပ်ကျောင်းထိပညာရေးဆုံးခန်းတိုင်ခဲ့တဲ့သမီးလေးဖြစ်ခဲ့ပါတယ်။ထို့နောက် Jie ရဲ့ဆွံ့အတဲ့ဝေဒနါကိုကုသလို့ရတယ်ဆိုတာကြောင့်၊မြို့တက်ပီးကုသမှုခံယူခိုင်းစေခဲ့ပါတယ်။
ထို့နောက်Ping တစ်ယောက်ရွာမှာပဲစောင့်ကျန်ခဲ့ပါတယ်။တနေ့မှာ​တော့ Pingbတစ်ယောက်ခြံကအပြန်အိမ်တံခါးအဖွင့်မှာတော့၊’အမေ၊သမီးရောက်ပီ’ဆိုတဲ့အသံကြားတာကြောင့်အံ့သြပီး၊ဘယ်သူ့ကိုအမေခေါ်နေတာလဲမေးလိုက်တဲ့အခါမှာတော့သူမရဲ့သမီးလေး Jie ဖြစ်တယ်ဆိုတာကို
သမီးလေး Jie ကပွေ့ဖက်ပီးဝမ်းသာအားရပြောလိုက်တဲ့အခါမှာ ၊Ping တစ်ယောက်ဝမ်းသာမျက်ရည်တွေကျခဲ့ပီးသားအမိနှစ်ယောက်လုံးပျော်ရွှင်ခဲ့ ကြပါတယ်။ Ping တစ်ယောက်သမီး Jie အပေါ်တာဝန်အလွန်ကျေတဲ့မိခင်တစ်​ယောက်အဖြစ်၊အများကချီးကျူးခဲ့ကြရင်းအပျော်တွေကူးစက်ခဲ့ကြရပါတယ်။
“ကိုယ့်ရဲ့သမီးလေးကို အဝတ်အခြောက်ခံစက်ထဲ လွှင့်ပစ်ပြီး ခလုတ်ပါဖွင့်ခဲ့တဲ့အမျိုးသား”
Zawgyi ဖြင့် ဖတ်ရန်
Unicode
ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံက Michael Higgins လို့ခေါ်တဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသားဟာ သူ့ရဲ့ အသက် ၂ နှစ်အရွယ်ကလေးလေးကို အဝတ်အခြောက်ခံစက်ထဲကို လွှင့်ပစ်ခဲ့ပါတယ်။
သူဟာ ကလေးလေးကို လွှင့်ပစ်ခဲ့ရုံသာမကပဲ အခြောက်ခံစက်ရဲ့ ခလုတ်ကိုပါဖွင့်ခဲ့သေးတယ်လို့သိရပါတယ်။
ဒါပေမယ့် ကလေးလေးဟာကံကောင်းလွန်းခဲ့တယ်လို့ ပြောရလောက်အောင်ပဲ ဒီအဖြစ်အပျက်ကို မိခင်ဖြစ်သူကတွေ့ရှိခဲ့ပါတယ်။
ဒါ့ကြောင့် မိခင်ဖြစ်သူဟာ မြင်မြင်ချင်းမှာပဲ အပြေးသွားခဲ့ပြီး ကလေးငယ်လေးကို အဝတ်အခြောက်ခံစက်ထဲကနေ ကယ်ထုတ်ပေးခဲ့ပါတယ်။
ကလေးငယ်လေးဟာ ဒီအဖြစ်အပျက်ကြောင့် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာ ကြီးကြီးမားမားမရခဲ့ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာတော့ အနည်းငယ်ထိခိုက်ကောင်း ထိခိုက်သွားနိုင်ပါတယ်။
လက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ တိုင်ကြားမှုကြောင့် ဖခင်ဖြစ်သူ Higgins ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားပြီဖြစ်ပြီး ကလေးသူငယ်ညှဥ်းပန်းနှိပ်စက်မှုနဲ့ အရေးယူဆောင်ရွက်သွားဖို့ရှိနေပါတယ်။
Credit to original wrier
“သမီးလေးတွေရဲ့ Beauty Salonကို အလည်တစ်ခေါက်သွားခဲ့မိတဲ့ ဖခင်တို့ရဲ့ ရယ်စရာပုံရိပ်လေးများ”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
သမီးလေးတွေရဲ့ Beauty Salonကို အလည်တစ်ခေါက်သွားခဲ့မိတဲ့ ဖခင်တို့ရဲ့ ရယ်စရာပုံရိပ်လေးများ
အဖေတွေက သမီးလေးတွေနဲ့ပတ်သက်ရင် ဘာဘဲ လုပ်ရလုပ်ရ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖုံးကွယ်မထားနိုင်အောင် အထူးသဖြင့် သူတို့အကြိုက်ဆုံးစာရင်းထဲမှာ မပါတဲ့ နာရီပေါင်းများစွာ ထိုင်ပြီး မိတ်ကပ် ၊ နှုတ်ခမ်းနီ ၊ လက်သည်းဆိုး စတဲ့စုံလင်တဲ့ အလှကုန်တွေနဲ့ အလှပြင်ပြီး အချိန်ကုန်ရတာတောင်မှ မငြီးမငြူနဲ့ သမီးတွေအတွက် စိတ်တိုင်းကျ လိုက်လျောပေးတတ်ကြပါတယ်။
အခုလည်း အဖေဖြစ်သူတွေက သမီးလေးတွေရဲ့ မိတ်ကပ်လိမ်းခြယ်နည်းဖန်တီးမှုစွမ်းရည်ကို လွတ်လပ်စွာ သူတို့ရဲ့မျက်နှာပေါ်ကို ခြယ်သခွင့်ပေးလို့ ခိုင်မြဲကြင်နာတဲ့နှောင်ကြိုးတစ်ခု ဒါမှမဟုတ် အဖေနဲ့သမီးကြား အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖြစ်ပေါ်စေခဲ့ပါတယ်။
“အီးပေါက်ရင် ခြင်တွေအများကြီးသေနိုင်တဲ့အစွမ်းကြောင့် ဒေါ်လာသန်းချီရနေတဲ့ အမျိုးသား”
Zawgyi ဖြင့် ဖတ်ရန်
ခရစ်ဒစ်
Unicode ဖြင့် ဖတ်ရန်
သူအီးပေါက်ရင် ခြင်တွေအများကြီးသေနိုင်တဲ့အစွမ်းကြောင့် ဒေါ်လာသန်းချီရနေတဲ့အမျိုးသား
ခြင်ဆိုတဲ့ အကောင်တွေဟာ လူတွေကို ဒုက္ခအတော်ပေးတာပါ…နား နားမှာ တဝီဝီနဲ့ လာမြည်ပျံသန်းနေရင် စိတ်အနှောင့်အယှက်ဖြစ်ရသလို ခြင်ကိုင်ခံရရင်လည်း ယားပြီး ကုတ်ရတဲ့ ဒုက္ခက မသေးပါဘူး.သွေးလွန်းတုပ်ကွေးဗိုင်းရပ်စ်ရှိတဲ့
ခြင်အကိုက်ခံရပြန်ရင်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရပါသေးတယ် ဒီလို လူတွေကို အဘက်ဘက်ကနေ ဒုက္ခပေးနေတဲ့ ခြင်တွေကို ခြင်ဆေးတွေဖြန်း…ခြင်ဆေးခွေတွေ ထွန်းနဲ့ ကာကွယ်ရာမှာလည်း အဲဒီဆေးတွေရဲ့ အနံ့က လူတွေကို
ဒုက္ခပေးတတ်ပါသေးတယ် ခုအခါမှာတော့ နှိမ်နင်းရခက်တဲ့ ခြင်တွေကို အီးပေါက်လိုက်ရုံနဲ့ သတ်နိုင်တယ်လို့ လူတစ်ဦးက ဆိုခဲ့ပါပြီ….ယူဂန်းဒါးနိုင်ငံ၊ ကမ်ပါလာက အသက်၄၈နှစ်အရွယ်ရှိတဲ့ Joe Rwamirama ဆိုသူက ခြင်တွေကို ၆ မီတာ
အကွာကနေ အီးပေါက်လိုက်တာနဲ့ သတ်နိုင်တယ်လို့ ဆိုခဲ့တာပါ သူဟာနေ့တိုင်းရေချိုးပြီး သူ့ရဲ့ အီးနံ့က သာမန်လူတွေလိုပဲလို့ ဆိုပါတယ်တခုထူးခြားတာကတော့ သူ့အီးနံ့က သေးငယ်တဲ့ ပိုးမွှားတွေကို သေစေနိုင်ပြီး အထူးသဖြင့် ခြင်တွေကို
နှိမ်နင်းနိုင်တယ်လို့ ဆိုခဲ့တာပါသူ့အပေါ်ကိုလည်း ဘယ်ပိုးမွှားမှ မကပ်ဘူးလို့လည်း သိရပါတယ်…အခုအခါမှာတော့ အဆိုပါ အီးပေါက်ရုံနဲ့ ခြင်သတ်နိုင်တဲ့ လူဟာ သူနေတဲ့ မြို့မှာ နာမည်ကြီးနေပါတယ် မြို့ခံတွေကတော့ သူဟာ ခြင်တွေကို
အီးပေါက်ရုံနဲ့ နှိမ်နင်းနိုင်တာကြောင့် အကူအညီတောင်းခံ မှုတွေရှိပြီး တကယ့်ကို အလုပ်ဖြစ်တယ်လို့လည်း ထောက်ခံပြောဆိုနေကြပါတယ်ဒီလို သတင်းကြီးလာတာကြောင့် Joe Rwamirama ဟာ ခြင်ဆေးထုတ်တဲ့ ကုမ္ပဏီတစ်ခုမှာ
အလုပ်ရသွားပြီ ဖြစ်ပြီး အဲဒီအတွက် လစာအဖြစ် သန်းချီဝင်ငွေ ရရှိနေပြီလို့ သိရပါတယ်…တကယ့်ကိုအံ့သြစရာကြီးပဲနော် ပရိသတ်ကြီးရေ…ပရိသတ်ကြီးတို့ရော အဆိုပါလူအပေါ် ဘယ်လိုမြင်လဲ..မှတ်ချက်လေးတွေ ရေးသွားခဲ့ပါအုံးနော်။
ခရစ်ဒစ်
“ကလေးငယ်လေးအား မုန့်ဝယ်ကျွေးရန် ပိုက်ဆံမရှိသောကြောင့် ဆံပင်များဖြတ်၍ ရောင်းခဲ့သော မိခင်”
Zawgyi ဖြင့် ဖတ်ရန်
အမျိုးသမီးသည်သူမဧ။ဆံပင်များအားဗီယက်နမ်ငွေ၅ သိန်းနှင့်ဖြတ်ရောင်းခဲ့ပြီးဈေးဆိုင်သို့ချက်ချင်းပဲသွာရောက်၍ကလေးငယ်လေးအတွက်မုန့်များနို့ဗူးများစွာ လုံလုံလောက်လောက်ဝယ်ပစ်ခဲ့သည်။
Unicode ဖြင့် ဖတ်ရန်
မိဘတိုင်းကသူတို့ကိုယ်တိုင်သာမစားရမသောက်ရပဲအ ငတ်ခံနိုင်သော်လည်းသားသမီးများကျ စားချင်တာမှန်သမျှမရှိသည့်ကြားကအဆင်ပြေအောင်လုပ်ပြီးဝယ်ကျွေးတတ်ကြသည်။
ယခုအခါတွင်လည်းဗီယက်နမ်မှမိခင်တစ်ဦးသည်က လေးငယ်လေးအားဝမ်းစာဖြည့်မုန့်ပဲသရေစာများဝယ်ကျွေးရန်ပိုက်ဆံမရှိသောကြောင့်အနှစ်နှစ်အလလပြုစုယုယပြီးအရှည်ထားခဲ့ရသောဆံပင်အားဖြတ်ရောင်းခဲ့သည်။
အမျိုးသမီးသည်သူမဧ။ဆံပင်များအားဗီယက်နမ်ငွေ၅ သိန်းနှင့်ဖြတ်ရောင်းခဲ့ပြီးစျေးဆိုင်သို့ချက်ချင်းပဲသွာရောက်၍ကလေးငယ်လေးအတွက်မုန့်များနို့ဗူးများစွာ လုံလုံလောက်လောက်ဝယ်ပစ်ခဲ့သည်။
အမျိုးသမီးသည်ကြင်ဖော်မဲ့မိခင်ဖြစ်ပြီးကလေးငယ်လေးမှာလည်းမကြာခဏဖျားတတ်၍ဆေးဖိုးဝါးခနှင့် ငွေကြေးမှာပုံမှန်မလည်နိုင်ခဲ့ပဲသူမဧ။ဆံပင်အားရှည်လ ာသည်နှင့်အမျှဖြတ်ရောင်းခဲ့ရသည်။