“မိခင်ရဲ့ POSE ကိုတုပပြီး ဓာတ်ပုံရိုက်ကူးခဲ့ခြင်းကြောင့် လူမှုကွန်ယက်မှာ အနာဂတ်မော်ဒယ်မလေးဆိုပြီး နာမည်ကြီးနေတဲ့ ၄ နှစ် ကလေး”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
မိခင်ဖြစ်သူရဲ့ လမ်းကြောင်းကို လိုက်လျှောက်စိတ်အားထက်သန်နေတဲ့ Nong Taria အမည်ရှိ ချစ်စရာကောင်းတဲ့ ကလေးမလေးဟာ
မိခင် pose အတိုင်း လိုက်တုပြီး ဓာတ်ပုံရိုက်ခဲ့ခြင်းကြောင့် ဆိုရှယ်မီဒီယာမှာ အလွန်ရေပန်းစားနေခဲ့ပါတယ် ။
ကလေးမရဲ့မိခင် Nong Nam Nam Kulnat က မော်ဒယ်တစ်ယောက်အဖြစ် ဆိုရှယ်မီဒီယာမှာ အလွန်တောက်ပနေတဲ့ မိန်းကလေးတစ်ယောက်ပါ ။
ဒါကြောင့်လည်း Nong Taria က ” သမီးကြီးလာရင် အမေ့လိုဘဲ အနုပညာလောကထဲ ဝင်မယ်” ဆိုပြီး ပြောခဲ့ပါတယ် ။
မိခင်ဖြစ်သူက ခွင့်မပြုပေမဲ့ Nong Taria ဟာ အနာဂတ်မှာ တောက်ပတဲ့ မော်ဒယ်မလေး ဖြစ်မှာ ငေချာပါတယ် ။
ဘာလို့လဲဆိုတော့ Nong Taria ရဲ့ ရေကူးဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကြောင့်ပါ ။ ဓာတ်ပုံထဲမှာ Nong Taria က တကယ့်ကိုချစ်စရာကောင်းပြီး
သူမအမေရဲ့ pose လိုက်တုပြီး ဓာတ်ပုံရိုက်ရတာ နှစ်တက်တဲ့ကလေးဖြစ်ပါတယ် ။ ယခုအခါမှာ Taria က ၄ နှစ်အရွယ်ရှိပါပြီ ။
၎င်းပို့စ်ကြောင့် Netizen များက Taria အတွက် like ,comment များစွာပေးပြီး သူမရဲ့ pose က အလွန်ချစ်စရာကောင်းတယ်လို့ ပြောဆိုနေကြပါတယ် ။
Nong Taria ရဲ့ pose က ချစ်စရာကောင်းလွန်းပြီး တကယ်ကို ပရော်ဖက်ရှင်နယ်ဆန်တယ် ။
သူလေးဟာ အနာဂတ်တောက်ပတဲ့ မော်ဒယ်လောင်းလေး ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ် ။
“FA တွေ ထိုင်ငိုပြီး အားကျနေရအောင် အွန်လိုင်းမှာတွေ့ပြီး ရွှေလက်တွဲသွားတဲ့ စုံတွဲ”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
အွန်လိုင်းမှာတွေ့ပြီးတော့ လက်ထပ်သွားကြတယ်ဆိုတဲ့ အချစ်ဇာတ်လမ်းတွေဟာ တော်တော်လေးကို ရှားနေပါသေးတယ်။ အားလုံးသိကြတဲအတိုင်း နှစ်နဲ့ချီပြီး သိလာတဲ့လူတွေတောင် ချစ်သူဖြစ်ရင် ပြတ်နေကြတဲ့ခေတ်၊ စုံတွဲဆိုရင် ၁ နှစ်ခံဖို့တောင် မသေချာတဲ့ ခေတ်ကြီးထဲမှာ ဒီစုံတွဲရဲ့ ဖူးစာကံကတော့ အံ့မခမ်းပါပဲ။
လတ်တလော India ရဲ့ Twitter အသုံးပြုသူတွေကြားထဲမှာ ခေတ်စားနေတဲ့ စုံတွဲတစ်တွဲရှိနေပါတယ်။ နောက်ပိုင်း comment တွေ အပြန်လှန်ရေးရင်းနဲ့ စကားတွေလည်း ပြောဖြစ်လာကာ သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ နောက်တော့ ဖုန်းတွေလည်းပြောဖြစ်ရင်း အပြင်မှာဆုံခဲ့ကြပါတယ်။
နောက်တော့ သံယောဇဉ်တွေတိုးတာရင်း နှစ်ယောက်သား ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ အခုဆိုရင် Sana နဲ့ Sameer တို့ဟာ လက်တောင်ထပ်လိုက်ခဲ့ကြပါပြီ။ မင်္ဂလာဆောင်ပုံလေးတွေ တင်ရင်းနဲ့မှ သူတို့နှစ်ယောက်ရဲ့ Twitter မှာ
ဆုံခဲ့ကြတဲ့ဇာတ်လမ်းလေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ WeMetOnTwitter ဆိုပြီးတော့ caption လေးတွေနဲ့ ပုံလေးတွေ ပိုစ့်လေးတွေ တင်နေခဲ့တဲ့ စုံတွဲလေးဟာ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံခဲ့ပုံကစလို့ အခုလက်ရှိသူတို့ရဲ့ အခြေအနေထိကို
ဓာတ်ပုံလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ခဲ့ရာမှတစ်ဆင့် မထင်မှတ်ထားဘဲ လူတွေရဲ့အာရုံစူးစိုက်မှုတွေကို ခံလိုက်ရတာပဲဖြစ်ပါတယ် Sana Shariff Hai နဲ့ Sameer Allana တို့နှစ်ယောက်ဟာ Twitter မှာ Sana တစ်ယောက် Eid ပွဲတော်အတွက်
ဆုတောင်းထားတဲ့ ပိုစ့်အောက်မှာ Sameer က ဝင် comment ပေးရင်းနဲ့ ဆုံခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ တက်တက်လာတဲ့ ပိုစ့်တွေကိုကြည့်ပြီး FA တစ်သိုက်ကတော့ သိပ်ကိုဝမ်းနည်းနေခဲ့ကြပါတယ်။
သူတို့မှာတော့ နှစ်ပေါင်းများစွာ Twitter သုံးတာတောင်မှပဲ ရည်းစားမပြောနဲ့ စကားပြောဖို့တောင် ရှာမရဘူးဆိုပြီး ပြောလာခဲ့တာပါ။ အွန်လိုင်းပေါ်မှာတော့ Sana နဲ့ Sameer တို့ရဲ့ ပိုစ့်တွေကိုကြည့်ပြီး ထိုင်ငိုနေကြသတဲ့။
ခရစ်ဒစ်-မူရင်းရေးသားသူ
“သမီးလေးနှစ်ယောက်နှင့် အတူ အစားအစာပို့ဆောင်ရေးအဖြစ် ဝင်လုပ်ခဲ့သော မိခင်တစ်ဦး(ရုပ်သံ)”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
ထိုင်းနိုင်ငံ Chainatပြည်နယ်တွင် နေထိုင်သော အသက် ၂၈နှစ်အရွယ် မိခင်တစ်ဦးသည် ရောဂါကာလတွင်း အခက်အခဲဖြစ်ရတာကြောင့် ခင်ပွန်းတစ်ယောက်တည်းဧ။် လုပ်စာနှင့် မိသားစုစားဝတ်ရေးက အဆင်မပြေလာတော့ပေ။
ထို့ကြောင့် မိခင်ဖြစ်သူသည် တတ်နိုင်သလောက်လေး ဝင်ငွေရအောင်ဆိုပြီး ကိုယ်တိုင်အလုပ်ထွက်ရှာကာ သမီးလေးနှစ်ယောက်နှင့်အတူ အစားအစာပို့ဆောင်ရေးသမားအဖြစ် ဝင်လုပ်ခဲ့သည်။ သမီးလေးနှစ်ယောက်ကို အလုပ်ထဲခေါ်ရခြင်းမှာ အိမ်မှာကြည့်ရှုပေးမည့်သူမရှိ၍
စိတ်မချတာနှင့်မျက်စိရှေ့တွင်ရှိစေကာမူ အလုပ်ထဲခေါ်သွားစဉ် ကြင်နာတတ်သောဖောက်သည်အချို့မှ ကလေးနှစ်ယောက်ကို မုန့်လေးတွေ ဖျော်ရည်လေးတွေ ပေးဝေခဲ့ကြသည်။ ထိုအဖြစ်ကို သိရှိသောသူများမှ အမျိုးသမီးအား အားလုံးရဲ့ စံပြမိခင်အဖြစ် ချီးမွမ်းခဲ့ကြသည်။
video
“အမျိုသမီးများ လွဲမှားနေသော ဆံပင်ရှည်ကိုဖြတ်ပြီး ဘုရားမှာလှူတဲ့ ဆံပင်အလှူ”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
မင်္ဂလာပါပရိတ်သတ်ကြီးရေ အမျိုးသမီးတို့ရဲ့လွဲမှားနေသော ဘုရားမှာလှူတဲ့ဆံပင်အလှူ
အရှင်ဘုရား။ ။တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားခဲ့ပါသည်။
ယခုဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့အချို့သောသူတွေက ဆံပင်အတိုင်း မလှူကောင်းရောင်း၍၊သို့မဟုတ်-ဘုန်းကြီးသုံးယပ်လုပ်၍ လှူရသည်ဟုပြော ပါသည်။မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။
( ဖြေ )။ ဆံပင်မှာမိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြားတို့နှင့်အတူ တစပဥစကအဝင် ဇေဂုစသဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုတစ်ခုပင်ဖြစ်ပါပေသည်။
အမျိုးသမီးတို့အဖို့ တန်ဖိုးထားအမွန်အမြတ်ဖြစ်သော်လည်းရတနာသုံးပါး၌ ဆံပင်အတိုင်းဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရမည် ဟုလည်းမရှိပါ။
မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသောအမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်းချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့်မိဖုရားဖြစ်သွားသော ဝတ္ထုတစ်ခုကိုထောက်၍ ဆံပင်ကိုရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။
ဗဟုသုတရရှိစေရန် အလို့ငှါမျှဝေဖော်ပြပေးလိုက်ပါ သည်။အခုလိုဝင်ရောက်ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Credit – ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)
“မင်္ဂလာပွဲတွင် ရွေကွင်း ၁၀၀နီးပါးဆွဲထားသော သတို့သမီး အလေးချိန်များ၍ ဇာတ်ကျိုးသွားခဲ့ရတဲ့အဖြစ်”
Zawgyi ဖြင့် ဖတ်ရန်
Credit
Unicode ဖြင့် ဖတ်ရန်
မင်္ဂလာဆောင်သည့်နေ့တွင် သတို့သားနှင့် သတို့သမီးမှာ ထူးထူးခြားခြားလေးဖြစ်အောင် အခြားသူများလည်း အားကျရအောင်ဆိုပြီး တီထွင်ဖန်တီးကြရာ အဆင်မပြေပဲ အခက်အခဲများနှင့် ကြုံတွေ့ရသော သူများလည်းရှိသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲသည် သတို့သမီးနှင့် သတို့သားတို့မှာ ရွေထည်များစွာ ဝတ်ဆင်ထားပြီး ရယ်မောပျော်ရွှင်နေကြ၍ အားကျသူများနှင့် လူမှုကွန်ယက်တွင် နာမည်ကြီးသွားသည်။
မင်္ဂလာပွဲနေ့တွင် သတို့သမီးသည် ရုပ်ကလေးကလည်း ချောချောနှင့် ခန္ဓာကိုယ်တစ်ခုလုံး ရွှေထည်များအပြည့်ဝတ်ထားကာ အရောင်တလတ်လတ်နှင့် အလွန်လှပလျက်ရှိသည်။
ပို၍ထူးခြားသည်မှာ သတို့သမီးသည် လည်ပင်းတွင် ရွေကွင်း ၁၀၀နီးပါးအား ဆွဲထားပြီး ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံများစွာ ရိုက်ခဲ့စဥ် အချိန်ကြာလာသည်နှင့်အမျှ လည်ပင်းလည်းမခံနိုင်တော့ပဲ လေးလာကာ နောက်ဆုံး ဇတ်ရိုးကျိုးသွားခဲ့သည်။
သတို့သမီးအား အစပိုင်းတွင် မိန်းကလေးများအားလုံး အားကျ နာမလိုတာတွေဖြစ်ကြပြီး ဇာတ်ကျိုးသွားရသည့်အဖြစ်ကို သိရသောအခါ စိတ်ပြောင်းသွားခဲ့ကြသည်။
Credit
“ONLINE ပေါ်မှာ ရောင်းချနေတဲ့ လှပတဲ့ဝတ်စုံတွေရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်ကို ပြသခဲ့တဲ့ ONLINE ဈေးရောင်းသူတစ်ဦး”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
ယနေ့ခေတ်မှာ online ပေါ်က ဝတ်စုံတွေ မှာယူမယ်ဆိုရင် လှပပြီး ၊ ကြည့်လိုကောင်းတွေ ပုံစံရုပ်ပုံတွေကိုသာ လူတိုင်းက ပိုပြီးဝယ်ယူချင်နေကြတာပါ ။
ဒါကြောင့် ဈေးရောင်းတဲ့သူတွေကလည်း သူတို့ရဲ့ အဝတ်အစားတွေကို ပိုပြီးရောင်းကောင်းအောင် နည်းမျိုးစုံသုံးပြီး ပြုပြင်လာကြပါတယ် ။
ဒီတစ်ခေါက်မှာတော့ 2016 ခုနှစ်ကတည်းက online ပေါ်မှာ ဈေးရောင်းချနေတဲ့ Donna Donna အမည်ရှိတဲ့ မိန်းကလေးဟာ သူမအဝတ်အစားတွေရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်ရုပ်ပုံတွေကို ဝေမျှလာခဲ့ပါတယ် ။
လှပတဲ့ဝတ်စုံပုံစံမျိုးရရှိအောင် ဘေးပတ်ပတ်လည်း အခြားအပိုအလှပစ္စည်းတွေနဲ့ တွဲရိုက်ရတဲ့အပြင် ၊ ပတ်ဝန်းကျင်က အလင်းရောင်တွေလည်း လိုအပ်ပါသေးတယ် ။
ဒါ့အပြင် နောက်ဆုံး အလှပဆုံးဓာတ်ပုံတွေကို ရွေးချယ်ပြီးမှ online ပေါ်မှာ တင်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ် ။
“သတို့သမီးကို sorry လို့ပြောကာ ထွက်သွားပြီး မိမိကိုမိမိ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့သတို့သား”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
မိဘတွေစီစဉ်ပေးတဲ့သူနဲ့ပဲ မဂ်လာဆောင်ရတဲ့ထုံးစံကတော့ နိုင်ငံတော်တော်များများရှိပေမဲ့လို့ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်၊ နဲ့ အစ္စရေးတို့မှာ ယခုလိုထုံးတမ်းစဉ်လာတွေ ပိုရှိတယ်လို့၊စစ်တမ်းတွေအရသိရှိရပါတယ်။ မိဘစီစဉ်တဲ့မဂ်လာပွဲမို့ ရှောင်လွှဲလို့မရပဲ၊ နောက်ဆုံးမှာလက်ထပ်ယူပီး တကယ်ကိုချစ်ကြိုက်သွားတဲ့စုံတွဲတွေလဲရှိပါတယ်။
ယခုဖော်ပြပေးမဲ့ တရုတ်နိုင်ငံက အသက်(33)နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာဆိုရင်လဲ၊ မိဘစီစဉ်ပေးတဲ့မဂ်လာပွဲကို လက်ခံလိုက်ရပေမဲ့လဲ၊ တစ်ကြိမ်တစ်ခါမှမတွေ့ဖူးသေးတဲ့သတို့သမီးလေးကို ၊မဂ်လာပွဲနေ့မှတွေ့လိုက်တဲ့အခါမှာတော့ သတို့သမီးဟာအလွန်ကိုပဲရုပ်ဆိုးနေလို့ဆိုပြီး ပွဲကျင်းပတဲ့နေရာကနေပဲ၊ သတို့သမီးဆိုသူကို’sorry’တစ်ခွန်းတည်းပြောပီးထွက်ပြေးသွားခဲ့ပါတယ်။
နာရီအနည်းငယ်အကြာမှာတော့ ထိုထွက်ပြေးသွားတဲ့သတို့သားဆိုသူဟာ၊ ရေကန်ထဲခုန်ချသွားခဲ့လို့ တွေ့ရှိသူတွေရဲ့ အမြန်ကယ်တင်မှုကြောင့်၊ အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။ ၎င်းအနေနဲ့ ရုပ်ဆိုးလွန်းတဲ့သတို့သမီးကို လက်မထပ်နိုင်တာကြောင့်၊ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ ဒါပေမဲ့လဲ ယခင်ခေတ်အယူကို မယူကြတော့တဲ့ မိသားစုအသိုင်းဝိုင်းတချို့လဲ၊ ယခုခေတ်မှာ ကိုယ်ချစ်တဲ့သူကို ကိုယ်တိုင်ရွေးချယ်လက်တွဲခွင့်ရရှိကြပြီ လို့ လဲသိရှိရပါတယ်။
“နေ့တိုင်း သားသမီးများက ဆူပူနှင်ချနေလို့ ရိပ်သာမှာ ခေါ်ထားပေးဖို့ ငိုယိုပြောဆိုလာတဲ့ အဖွား”
Zawgyi ဖြင့် ဖတ်ရန်
Unicode ဖြင့် ဖတ်ရန်
နေ့တိုင်း သားသမီးများက ဆူပူနှင်ချနေလို့ ရိပ်သာမှာ ခေါ်ထားပေးဖို့ ငိုယိုပြောဆိုလာတဲ့ အဖွား
သားသမီးများစွန့်ပစ်၍ မော်လမြိုင် ဈေးကြိုကားဝင်း ဩအတွင်းရောက်ရှိနေသည့်နေသည့် အသက်၇၂နှစ်အအရွယ် အဖွား(၁)ဦး ခိုကိုးရာမဲ့ဖြစ်နေသည့်အတွက်
မြဆည်းဆာ ဆရာတော်၏ လမ်းညွှန်ချက်နဲ့အတူ အကျိုးဆောင်များမှ သွားရောက်စီစစ်ကာ လက်ခံခေါ်ယူစောင့်ရှောက်ခဲ့ကြောင်းသိရသည်။
အဖွားက၎င်း၏ သားသမီးများထံ ပြန်ချင်စိတ်လုံးဝ မရှိကြောင်း ဆူပူမာန်မဲ၍ နှင်ချသည့်ဒဏ် မခံနိုင်ကြောင်း ဖြစ်နိုင်လျှင် မြိတ်မြို့သို့ ပို့စေချင်ကြောင်း
ဒါမှမဟုတ် ရိပ်သာတွင် လက်ခံနိုင်ပါက လက်ခံစေလိုကြောင်း ငိုယို၍ပြောဆိုလာသဖြင့် အဖွားအား ရှိမှန်းမသိ မရှိမှန်းမသိတော့သည့်
အမျိုးများထံလွှတ်ပေးရန် စိတ်မချ၍မြဆည်းဆာဆရာတော်၏ လမ်းညွှန်ချက် ထပ်မံခံယူပြီးသားသမီးအရင်များပင် လက်မခံတော့သည့် အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက်ခဲ့ကြောင်းသိရသည်။
“မြင်းနှင့်လယ်ထွန်ပြီး အဖိုးအဖွားကို လုပ်ကျွေးနေရသော (၁၀) နှစ်အရွယ် ကောင်လေးရဲ့ဘဝဇာတ်ကြောင်း”
Zawgyi ဖြင့် ဖတ်ရန်
Credit
Unicode ဖြင့် ဖတ်ရန်
များသောအားဖြင့် ၁၀နှစ်အရွယ်ဆိုတာ ကလေးငယ်တို့၏ သဘာဝအတိုင်း ဆော့ကြပျော်ကြနှင့် လောကကြီးအကြောင်းလည်း ကောင်းကောင်းနားမလည်သေးသလို လွတ်လပ်ပြီး အပူအပင်မရှိ အချိန်ကုန်ကြသော အရွယ်လေးများဖြစ်ကြသည်။
သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင်နေထိုင်သော ကောင်လေးအတွက်တော့ အသက် ၁၀နှစ်သာ ရှိသေးသော်လည်း လယ်ထဲ ခြံထဲသွားပြီး စိုက်ပျိုးရေးတာဝန်ကို ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နေရပြီး မိသားစု၏စားဝတ်နေရေးကို တာဝန်ယူနေရပြီဖြစ်သည်။
ကောင်လေး၏ မိဘနှစ်ပါးသည် ဖခင်ဖြစ်သူမှာ အိမ်ကထွက်သွားပြီး သတင်းအစအနပင်မရပဲရှိရာ မိခင်ဖြစ်သူမှလည်း အသက် ၄နှစ်အရွယ်ကတည်းက နောက်အိမ်ထောင်ပြုသွား၍ အဖိုးအဖွားနှင့်သာ နေထိုင်ခဲ့ရသည်။
အဖိုးအဖွားသည်လည်း အသက်အရွယ်အရ အိုမင်းနေပြီဖြစ်၍ ပင်ပင်ပန်းပန်း မလုပ်နိုင်မကိုင်တော့သည့်အတွက် ကောင်လေးခမျာ ကျောင်းထွက်ပြီး အိမ်တွင်ရှိသော မြင်းတစ်ကောင်ကိုအားကိုးပြီး လယ်ယာများ ထွန်ယက်ပြီး သီးနှံများစိုက်ပျိုးခဲ့သည်။
အလုပ်အကိုင်မှာလည်း အမြဲတမ်း အဆင်ပြေသည် မရှိ၍ တစ်ခါတစ်လေ ထမင်းကို ဆားဖြူးပြီး စားသောက်ခဲ့ရသည်။ကောင်လေး၏အလုပ်ကြိုးစားမှုနှင့်လိမ်မာရေးခြားရှိမှုကြောင့်လူမှုကွန်ယက်တွင်ပျံ့နှံ့ပြီးနောက် အများ၏လေးစားချီးကျူးခံနေရသည်။
Credit
“ဆ င်း ရဲ လွ န်းတာကြောင့် စွ န့် ပ စ်ရာဘာဖိနပ်များကို ခေတ်မီကားရုပ်များအဖြစ်ပြောင်းလဲတီထွင်ခဲ့တဲ့ ကောင်လေးတစ်ဦး”
Zawgyi ဖြင့် ဖတ်ရန်
crd-original
Unicode ဖြင့် ဖတ်ရန်
ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း Mindoro တောင်တန်းဒေသရှိ Mangyan လူမျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် Jupel Batobato အမည်ရှိကောင်လေးတစ်ဦးဟာ Casillon မူလတန်းကျောင်းမှာ သင်ကြားနေတဲ့ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။
လျှပ်စစ်မီးမရှိတဲ့မြို့တစ်မြို့ရှိ ဆင်းရဲနွမ်းပါးတဲ့အသိုင်းအဝိုင်းမှ ဆင်းသက်လာခဲ့တဲ့ Jupel ဟာ သူ့အိမ်မှ ကျောင်းသို့ မိနစ် ၂၀ လမ်းလျှောက်ရင်း သူဟာ အခက်အခဲများစွာနှင့် မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။ ပျက်စီးနေတဲ့လမ်းများကြောင့် Jupel ရဲ့ဖိနပ်တစ်ရံက တစ်လ သို့မဟုတ် တစ်လတောင် မခံခဲ့ပါဘူး။
အဲ့လိုတွေဆက်တိုက်ဖြစ်လာရာကနေ Jupel ရဲ့မိသားစုက သူ့အတွက်နောက်ထပ်ဖိနပ်အသစ်တစ်ရံကို မဝယ်ပေးနိုင်တော့တာကြောင့် Jupel ဟာ ကျောင်းကိုခြေဗလာနဲ့သွားခဲ့ရပါတယ်။
သို့ပေမဲ့ Jupel ဟာ ကျောင်းသွားရင်း လမ်းမှာတွေ့ခဲ့တဲ့ဖိနပ်ဟောင်းများကိုလိုက်ရှာရင်းကနေ ၎င်းကို ကစားစရာကားရုပ်အဖြစ် ပြောင်းလဲရန် သူ့ရဲ့စိတ်ကူးစိတ်သန်းအတိုင်းတီထွင်ဖန်တီးဖို့စိတ်ကူးခဲ့ပါတယ်။
ထို့နောက် Jupel ဟာ သူတွေ့ရှိခဲ့တဲ့ စွန့်ပစ်ရာဘာဖိနပ်များကို အိမ်သို့ယူခဲ့ပြီး ၎င်းတို့ကို အသုံးပြုကာ သူစိတ်ကူးယဉ်ထားတဲ့ကားများ၊ ဂျစ်ကားများနှင့်ဗင်ကားများအဖြစ်သို့ ပြောင်းလဲတီထွင်ခဲ့ပါတယ်။
Jupel ဟာ သူ့ကားရုပ်တိုင်းကို အသေးစိတ်အနုပညာလက်ရာတစ်ခုကဲ့သို့ ဂရုတစိုက်ထွင်းထုထားပါသေးတယ်။ သူ့ရဲ့ကစားစရာယာဉ်များရဲ့ရှေ့မှာ ဓာတ်မီးနဲ့ LED မီးချောင်းများပါ တပ်ထားခဲ့ပါတယ်။
Jupel ရဲ့အရုပ်ကားများနှင့်ဂျစ်ကားများက အရုပ်အရောင်းဆိုင်များမှာ ပြသထားတဲ့အရာများနှင့်မတူနိုင်ပေမဲ့လည်း ၎င်းတို့က အမှန်တကယ်အစစ်အမှန်များနှင့်ပုံစံတူနေတာကိုတွေ့ရမှာပါ။
Jupel ရဲ့အရုပ်ကားများအကြောင်း social media မှာပြန့်နှံ့သွားပြီးနောက် netizen များစွာက အသုံးမဝင်တော့တဲ့ပစ္စည်းကနေ မယုံနိုင်စရာကစားစရာများအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ကောင်လေးရဲ့ကြိုးစားအားထုတ်မှုနှင့်တီထွင်ဖန်တီးမှုစွမ်းရည်ကို ချီးကျူးခဲ့ကြပြီး “
သူက ထက်မြက်တဲ့ကောင်လေးဘဲ၊ သူ့ရဲ့ပညာရေးနဲ့ သူ့ရဲ့ဘဝမှာ အကောင်းဆုံးအောင်မြင်ပါစေလို့ဆုတောင်းပါတယ် ၊ ဒီကမ္ဘာကြီးက မင်းလိုကလေးတွေကို အရမ်းလိုအပ်နေတယ်၊ ကောင်းမွန်တဲ့အလုပ်ကိုဆက်လုပ်ပါ ” လို့ လူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
ထို့အပြင် အခြားတစ်ယောက်က “ သူ့ရဲ့အနုပညာလက်ရာတွေက အနာဂတ်မှာ အများကြီးတန်ဖိုးရှိလာလိမ့်မယ်လို့ ငါရိုးသားစွာ ထင်ကြေးပေးနိုင်တယ် ”လို့ ရေးသားခဲ့ပါသေးတယ်။
ထို့အပြင် Jupel ဟာ နောက်ပိုင်းမှာ သူ့ရဲ့ထူးခြားတဲ့ဖန်တီးမှုစွမ်းရည်ကြောင့် Little Little Shots မှာ သူ့အရည်အချင်းကို ၀င်ရောက်ပြသခွင့်ရရှိခဲ့ရပါတယ်။
crd-original