“ဥပုသ်သီလတစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း”

Zawgyi ျဖင့္ ဖတ္ရန္

ဥပုသ္တစ္ႀကိမ္သာ ေစာင့္ခဲ့ဖူးေသာ ကြၽန္မေလးအေၾကာင္း

ဒီဘဝတုန္းက ပဒုမုတၱရဘုရားလက္ထက္မွာ သူက ကြၽန္မ။ အဲဒီၿမိဳ႕ေတာ္က သူေဌးအိမ္မွာ သူက ကြၽန္မ။ ေန႔တိုင္းေတာ့ျဖင့္ သူေဌးကလည္း မနက္လင္းမွမလင္းေသးဘူး၊ ေငြရစရာရွိတာ ဘယ္မွာ ဘယ္ေလာက္ရမယ္၊ ညာမွာ ဘယ္ေလာက္ရမယ္၊ ဘာက ဘယ္လိုနဲ႔၊ အဲဒီေန႔က်ေတာ့ ဆိတ္လို႔။မနက္ ၅ နာရီေလာက္တည္းက ဥပုသ္ယူထားမွာကိုး

သူေဌးကေတာ္ကလည္း ေန႔တိုင္းေတာ့ျဖင့္ ဟိုသားမေကာင္းဘူး၊ ဒီသားမေကာင္းဘူး။ ဟိုဟာ ဝယ္လာတာ ဘယ့္ႏွယ္။ ဒီအသားႀကီးက မလတ္ဘူးနဲ႔၊ အဲဒီေန႔က် တိတ္လို႔၊ ရွိတာေလးနဲ႔ ခ်က္တယ္

သူေဌးသမီးကလည္း ေန႔တိုင္းဆိုရင္ေတာ့ ဘယ္အဝတ္ ဝတ္ရမွ၊ ညာအဝတ္ ဝတ္ရမွ၊ ဘယ္အဆင္မွနဲ႔၊ အဲဒီေန႔ ဘာမွမေျပာဘူး။ သူေဌးသားကလည္း ေန႔တိုင္းဆိုရင္ေတာ့ ပိုက္ဆံ ဘယ္ေလာက္ေပးမွ၊ ဘာက ဘယ္ေလာက္ ေပးမွနဲ႔။ အဲဒါေတာင္ အဲဒီေန႔ ဘာမွမေျပာဘူး။ အဲဒါနဲ႔ ဘုရားေက်ာင္းသြားၾကတယ္။ ကြၽန္မေလး က်န္ေနရစ္တယ္။ ကြၽန္မေလ ကြၽန္အလုပ္လုပ္ရတာ။ မေစာင့္ႏိုင္ဘူး

သို႔ေသာ္ သူကေတြးတယ္။ ေန႔တိုင္း သူေဌးႀကီးက ေငြစကား ေၾကးစကား သိပ္ေျပာတာ၊ ဒီကေန႔ ေငြစကား ေၾကးစကား မေျပာဘဲနဲ႔ဆိတ္ဆိတ္ေနတာ သူတို႔ဥပုသ္က ေငြထက္လည္း သာလိမ့္မယ္ ထင္တယ္။ ေတြးတာေနာ္

ေန႔တိုင္း သူေဌးကေတာ္ႀကီးက ဘယ္အသားက ဘယ္လို၊ ဘယ္ဟာက ဘယ္ႏွယ္နဲ႔ ဒီကေန႔ ဘာမွမေျပာရင္ သူတို႔ဥပုသ္က ဟင္းထက္လည္း ေကာင္းမယ္နဲ႔တူတယ္။ သူေဌးသားလည္း ေန႔တိုင္း သုံးဖို႔ျဖဳန္းဖို႔ဘာဘယ္ေလာက္ရမွ၊ ညာဘယ္ေလာက္ရမွနဲ႔ ဒီကေန႔ ဘာမွ မေျပာရင္ သူတို႔ဥပုသ္က အေပ်ာ္အပါးထက္လည္း ေကာင္းတယ္နဲ႔တူတယ္

ေန႔တိုင္းေတာ့ သူေဌးသမီးက ဘယ္လို အဆင္ေလး ဝတ္ရမွ၊ ညာလို အဆင္ေလး ဝတ္ရမွနဲ႔ ဒီကေန႔ဘာမွမေျပာေတာ့ သူတို႔ဥပုသ္က အဝတ္အစားထက္လည္း ေကာင္းမယ္ထင္တယ္။ ကြၽန္မ ဒီေလာက္သိမွာေပါ့။ ဒါထက္ပို မသိပါဘူး၊ ခင္ဗ်ားတို႔ေလာက္ ဗဟုသုတ မရွိပါဘူး

အဲေတာ့ သူတို႔သူေဌးေတြေတာင္ ဒီစည္းစိမ္ဥစၥာ စြန႔္ေသးတာ၊ ငါလည္း ငါစားရမယ့္ အစာကို မစားေတာ့ဘူး။ ဒီကေန႔အတြက္ ဥပုသ္ေစာင့္တာ ဘယ္လိုမွန္းမွ သူမသိတာ။ သူ႔ရဲ႕ အဓိ႒ာန္ကေတာ့ သူေဌးႀကီး မိသားစု ေနသလို ေနမယ္တဲ့။ အဲဒါ သူ ဥပုသ္ယူလိုက္တာ။ ဒီကေန႔ အတြက္ေတာ့ သူေဌးႀကီးမိသားစု ေနသလို ေနမယ္၊ ဒါပဲ

အဲေတာ့ သူေဌးႀကီးေတြက ဘယ္ခ်ိန္စားတယ္ သူမသိေတာ့ သူ႔ဖို႔ခ်န္ထားခဲ့တာေလးလည္း မစားျဖစ္ဘူး။ သို႔ေသာ္ ကြၽန္ ဗ်။ လုပ္ရတာပဲ၊ ေလွ်ာ္ခ်ိန္ေလွ်ာ္၊ ေဆးခ်ိန္ေဆး၊ ရွိသမွ်အကုန္ သူလုပ္ရတယ္။ ညေန ဘုရားေက်ာင္းကေန အဲဒီသူေဌးမိသားစု ျပန္လာတယ္။ ၾကည့္လိုက္ေတာ့ ထမင္းေတြ ဟင္းေတြကလည္း ဒီတိုင္းပဲ

“နင္ မစားေသးဘူးလား ဘာလို႔မစားတာတုန္း”ဆိုေတာ့ “အရွင္တို႔သူေဌးမိသားစု ဘယ္ခ်ိန္စားတယ္မသိလို႔က်မ ေစာင့္ေနတာ”တဲ့။ “မဟုတ္ဘူး၊ တို႔က မနက္ မြန္းမတည့္ခင္စားတာ အဲဒီ အခ်ိန္စားရတယ္”ဆိုေတာ့

ဒီလိုဆို “က်မလည္း ဒီခ်ိန္မစားေတာ့ဘူး”တဲ့။ ပင္ေတာ့ ပင္ပန္းေနၿပီေနာ္။ ကြၽန္ ေနာ္ ကြၽန႔္ အလုပ္ေတြ လုပ္ရတယ္။ ပင္ပန္းေတာ့ ခံႏိုင္မလားဗ်

ညေနက်ေတာ့ လုပ္ရင္းလုပ္ရင္းနဲ႔ မ်က္လုံးေတြ ျပာလာေရာ။ သြားေတာ့ ဟပ္ထိုးဟပ္ထိုးျဖစ္၊ အဲေတာ့ သူေဌးႀကီးက လွမ္းျမင္တယ္။”နင္ဘာျဖစ္တာလဲ”ဆိုေတာ့ “မူးလို႔ေမာ္လို႔ပါ”၊ “ဒီလိုဆို စတုမဓူ စားလိုက္”လို႔ေျပာတယ္။ အဲေတာ့ ကြၽန္မ ကေမးတယ္၊ “သူေဌးႀကီးတို႔စားပါသလား”

“တို႔ဥပုသ္ရတယ္၊ မစားဘူး” ဆိုေတာ့ “ဒီလိုဆို က်မ လည္း မစားဘူး”တဲ့။ဘယ့္ႏွယ္တုန္း၊ ကြၽန္မ ဥပုသ္ေနာ္။ သူေဌးႀကီးတို႔ေနသလို ေနပါ့မယ္လို႔ယူထားတဲ့ ဥပုသ္ကိုး

အဲေတာ့ သူေဌးႀကီးက “ဒီလိုဆို သမီး အလုပ္မလုပ္နဲ႔ေတာ့ အနားယူေတာ့”လို႔ အဲဒီေန႔ညေနကို ကြၽန္အလုပ္ေတြကို ပယ္လိုက္တယ္။ သို႔ေသာ္ ေဝဒနာျပင္းထန္တဲ့အတြက္ ညမွာ ေသတာပါပဲ

ညေသေတာ့ ဒီဥပုသ္နဲ႔ေသတဲ့အတြက္ နတ္လမ္း တန္းသြားတာပဲ။ နတ္ျပည္မွာ နတ္သမီး သြားျဖစ္တယ္။ ဒီဥပုသ္စိတ္နဲ႔အာ႐ုံလုံေအာင္ထိန္းလိုက္တာေနာ္။ စတုမဓူ စားပါဆိုတာေတာင္ စားသလား၊ ထမင္းစားပါဆိုတာေတာင္ စားသလား၊ မစားဘူးေနာ္။ ဒါ သူတတ္ႏိုင္တာ သူေစာင့္တာေနာ္။ အဲဒါနဲ႔နတ္ျပည္ေရာက္သြားတာ၊ အဲဒီကေန လူနဲ႔နတ္ပဲ သူျဖစ္ခဲ့ဖူးတာပဲ

ခုေနာက္ဆုံးဘဝမွာ တို႔ဘုရားလက္ထက္မွာ အဲဒီ ဥပုသ္ တစ္ႀကိမ္သာ ေစာင့္ခဲ့ဖူးတဲ့ ေစတနာရဲ႕ အရွိန္ေၾကာင့္ ဒီမွာ ရဟႏၲာမ လာျဖစ္တယ္။ ဧကုေပါသထ ဘိကၡဳနီမ ဆိုၿပီး ေက်ာ္ၾကားတယ္ (ေထရီပါဒါန္)

တစ္ႀကိမ္ပဲ ဥပုသ္ေစာင့္ခဲ့ဖူးတာေနာ္၊ အဲဒါနဲ႔သူ ဒီမွာ ရဟႏၲာမ လာျဖစ္တာ။ အာ႐ုံေနာက္ စိတ္မလိုက္ဘဲ တစ္ႀကိမ္တည္းပဲ ေစာင့္ခဲ့ဖူးတယ္။ တို႔ဘယ္ႏွခါ ရွိၿပီလဲ ဥပုသ္ေစာင့္တာ၊ တို႔ လိုေသးတယ္ေနာ္။ ဥပုသ္က အာ႐ုံလုံေအာင္ ေစာင့္တာ၊ စိတ္နဲ႔ဆိုင္တယ္

သီလက ကိုယ္နဲ႔ႏႈတ္နဲ႔ဆိုင္တယ္။ အဲေတာ့ ကိုယ္ရယ္ႏႈတ္ရယ္ စိတ္ရယ္မွာ စိတ္သည္ ေခါင္မဟုတ္လားကြဲ႕။ သတိေလးနဲ႔အာ႐ုံလုံေအာင္ ေစာင့္တာ ဥပုသ္ေစာင့္တာ။ အဲလို ဥပုသ္ မ်ားမ်ား မဟုတ္ဘူး ၊ တစ္ရက္ပဲ ယူပါ။ နိဗၺာန္ထိေအာင္ တာဝန္ယူတယ္

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး (သရဏဂုံ ဥပုသ္ေတာ္ႏွင့္ သီလရွင္းတမ္း တရားေတာ္မွ)

Unicode ျဖင့္ ဖတ္ရန္

ဥပုသ်တစ်ကြိမ်သာ စောင့်ခဲ့ဖူးသော ကျွန်မလေးအကြောင်း

ဒီဘဝတုန်းက ပဒုမုတ္တရဘုရားလက်ထက်မှာ သူက ကျွန်မ။ အဲဒီမြို့တော်က သူဌေးအိမ်မှာ သူက ကျွန်မ။ နေ့တိုင်းတော့ဖြင့် သူဌေးကလည်း မနက်လင်းမှမလင်းသေးဘူး၊ ငွေရစရာရှိတာ ဘယ်မှာ ဘယ်လောက်ရမယ်၊ ညာမှာ ဘယ်လောက်ရမယ်၊ ဘာက ဘယ်လိုနဲ့၊ အဲဒီနေ့ကျတော့ ဆိတ်လို့။မနက် ၅ နာရီလောက်တည်းက ဥပုသ်ယူထားမှာကိုး

သူဌေးကတော်ကလည်း နေ့တိုင်းတော့ဖြင့် ဟိုသားမကောင်းဘူး၊ ဒီသားမကောင်းဘူး။ ဟိုဟာ ဝယ်လာတာ ဘယ့်နှယ်။ ဒီအသားကြီးက မလတ်ဘူးနဲ့၊ အဲဒီနေ့ကျ တိတ်လို့၊ ရှိတာလေးနဲ့ ချက်တယ်

သူဌေးသမီးကလည်း နေ့တိုင်းဆိုရင်တော့ ဘယ်အဝတ် ဝတ်ရမှ၊ ညာအဝတ် ဝတ်ရမှ၊ ဘယ်အဆင်မှနဲ့၊ အဲဒီနေ့ ဘာမှမပြောဘူး။ သူဌေးသားကလည်း နေ့တိုင်းဆိုရင်တော့ ပိုက်ဆံ ဘယ်လောက်ပေးမှ၊ ဘာက ဘယ်လောက် ပေးမှနဲ့။ အဲဒါတောင် အဲဒီနေ့ ဘာမှမပြောဘူး။ အဲဒါနဲ့ ဘုရားကျောင်းသွားကြတယ်။ ကျွန်မလေး ကျန်နေရစ်တယ်။ ကျွန်မလေ ကျွန်အလုပ်လုပ်ရတာ။ မစောင့်နိုင်ဘူး

သို့သော် သူကတွေးတယ်။ နေ့တိုင်း သူဌေးကြီးက ငွေစကား ကြေးစကား သိပ်ပြောတာ၊ ဒီကနေ့ ငွေစကား ကြေးစကား မပြောဘဲနဲ့ဆိတ်ဆိတ်နေတာ သူတို့ဥပုသ်က ငွေထက်လည်း သာလိမ့်မယ် ထင်တယ်။ တွေးတာနော်

နေ့တိုင်း သူဌေးကတော်ကြီးက ဘယ်အသားက ဘယ်လို၊ ဘယ်ဟာက ဘယ်နှယ်နဲ့ ဒီကနေ့ ဘာမှမပြောရင် သူတို့ဥပုသ်က ဟင်းထက်လည်း ကောင်းမယ်နဲ့တူတယ်။ သူဌေးသားလည်း နေ့တိုင်း သုံးဖို့ဖြုန်းဖို့ဘာဘယ်လောက်ရမှ၊ ညာဘယ်လောက်ရမှနဲ့ ဒီကနေ့ ဘာမှ မပြောရင် သူတို့ဥပုသ်က အပျော်အပါးထက်လည်း ကောင်းတယ်နဲ့တူတယ်

နေ့တိုင်းတော့ သူဌေးသမီးက ဘယ်လို အဆင်လေး ဝတ်ရမှ၊ ညာလို အဆင်လေး ဝတ်ရမှနဲ့ ဒီကနေ့ဘာမှမပြောတော့ သူတို့ဥပုသ်က အဝတ်အစားထက်လည်း ကောင်းမယ်ထင်တယ်။ ကျွန်မ ဒီလောက်သိမှာပေါ့။ ဒါထက်ပို မသိပါဘူး၊ ခင်ဗျားတို့လောက် ဗဟုသုတ မရှိပါဘူး

အဲတော့ သူတို့သူဌေးတွေတောင် ဒီစည်းစိမ်ဥစ္စာ စွန့်သေးတာ၊ ငါလည်း ငါစားရမယ့် အစာကို မစားတော့ဘူး။ ဒီကနေ့အတွက် ဥပုသ်စောင့်တာ ဘယ်လိုမှန်းမှ သူမသိတာ။ သူ့ရဲ့ အဓိဋ္ဌာန်ကတော့ သူဌေးကြီး မိသားစု နေသလို နေမယ်တဲ့။ အဲဒါ သူ ဥပုသ်ယူလိုက်တာ။ ဒီကနေ့ အတွက်တော့ သူဌေးကြီးမိသားစု နေသလို နေမယ်၊ ဒါပဲ

အဲတော့ သူဌေးကြီးတွေက ဘယ်ချိန်စားတယ် သူမသိတော့ သူ့ဖို့ချန်ထားခဲ့တာလေးလည်း မစားဖြစ်ဘူး။ သို့သော် ကျွန် ဗျ။ လုပ်ရတာပဲ၊ လျှော်ချိန်လျှော်၊ ဆေးချိန်ဆေး၊ ရှိသမျှအကုန် သူလုပ်ရတယ်။ ညနေ ဘုရားကျောင်းကနေ အဲဒီသူဌေးမိသားစု ပြန်လာတယ်။ ကြည့်လိုက်တော့ ထမင်းတွေ ဟင်းတွေကလည်း ဒီတိုင်းပဲ

“နင် မစားသေးဘူးလား ဘာလို့မစားတာတုန်း”ဆိုတော့ “အရှင်တို့သူဌေးမိသားစု ဘယ်ချိန်စားတယ်မသိလို့ကျမ စောင့်နေတာ”တဲ့။ “မဟုတ်ဘူး၊ တို့က မနက် မွန်းမတည့်ခင်စားတာ အဲဒီ အချိန်စားရတယ်”ဆိုတော့

ဒီလိုဆို “ကျမလည်း ဒီချိန်မစားတော့ဘူး”တဲ့။ ပင်တော့ ပင်ပန်းနေပြီနော်။ ကျွန် နော် ကျွန့် အလုပ်တွေ လုပ်ရတယ်။ ပင်ပန်းတော့ ခံနိုင်မလားဗျ

ညနေကျတော့ လုပ်ရင်းလုပ်ရင်းနဲ့ မျက်လုံးတွေ ပြာလာရော။ သွားတော့ ဟပ်ထိုးဟပ်ထိုးဖြစ်၊ အဲတော့ သူဌေးကြီးက လှမ်းမြင်တယ်။”နင်ဘာဖြစ်တာလဲ”ဆိုတော့ “မူးလို့မော်လို့ပါ”၊
“ဒီလိုဆို စတုမဓူ စားလိုက်”လို့ပြောတယ်။ အဲတော့ ကျွန်မ ကမေးတယ်၊ “သူဌေးကြီးတို့စားပါသလား”

“တို့ဥပုသ်ရတယ်၊ မစားဘူး” ဆိုတော့ “ဒီလိုဆို ကျမ လည်း မစားဘူး”တဲ့။ဘယ့်နှယ်တုန်း၊ ကျွန်မ ဥပုသ်နော်။ သူဌေးကြီးတို့နေသလို နေပါ့မယ်လို့ယူထားတဲ့ ဥပုသ်ကိုး

အဲတော့ သူဌေးကြီးက “ဒီလိုဆို သမီး အလုပ်မလုပ်နဲ့တော့ အနားယူတော့”လို့ အဲဒီနေ့ညနေကို ကျွန်အလုပ်တွေကို ပယ်လိုက်တယ်။ သို့သော် ဝေဒနာပြင်းထန်တဲ့အတွက် ညမှာ သေတာပါပဲ

ညသေတော့ ဒီဥပုသ်နဲ့သေတဲ့အတွက် နတ်လမ်း တန်းသွားတာပဲ။ နတ်ပြည်မှာ နတ်သမီး သွားဖြစ်တယ်။ ဒီဥပုသ်စိတ်နဲ့အာရုံလုံအောင်ထိန်းလိုက်တာနော်။ စတုမဓူ စားပါဆိုတာတောင် စားသလား၊ ထမင်းစားပါဆိုတာတောင် စားသလား၊ မစားဘူးနော်။ ဒါ သူတတ်နိုင်တာ သူစောင့်တာနော်။ အဲဒါနဲ့နတ်ပြည်ရောက်သွားတာ၊ အဲဒီကနေ လူနဲ့နတ်ပဲ သူဖြစ်ခဲ့ဖူးတာပဲ

ခုနောက်ဆုံးဘဝမှာ တို့ဘုရားလက်ထက်မှာ အဲဒီ ဥပုသ် တစ်ကြိမ်သာ စောင့်ခဲ့ဖူးတဲ့ စေတနာရဲ့ အရှိန်ကြောင့် ဒီမှာ ရဟန္တာမ လာဖြစ်တယ်။ ဧကုပေါသထ ဘိက္ခုနီမ ဆိုပြီး ကျော်ကြားတယ် (ထေရီပါဒါန်)

တစ်ကြိမ်ပဲ ဥပုသ်စောင့်ခဲ့ဖူးတာနော်၊ အဲဒါနဲ့သူ ဒီမှာ ရဟန္တာမ လာဖြစ်တာ။ အာရုံနောက် စိတ်မလိုက်ဘဲ တစ်ကြိမ်တည်းပဲ စောင့်ခဲ့ဖူးတယ်။ တို့ဘယ်နှခါ ရှိပြီလဲ ဥပုသ်စောင့်တာ၊ တို့ လိုသေးတယ်နော်။ ဥပုသ်က အာရုံလုံအောင် စောင့်တာ၊ စိတ်နဲ့ဆိုင်တယ်

သီလက ကိုယ်နဲ့နှုတ်နဲ့ဆိုင်တယ်။ အဲတော့ ကိုယ်ရယ်နှုတ်ရယ် စိတ်ရယ်မှာ စိတ်သည် ခေါင်မဟုတ်လားကွဲ့။ သတိလေးနဲ့အာရုံလုံအောင် စောင့်တာ ဥပုသ်စောင့်တာ။ အဲလို ဥပုသ် များများ မဟုတ်ဘူး ၊ တစ်ရက်ပဲ ယူပါ။ နိဗ္ဗာန်ထိအောင် တာဝန်ယူတယ်

မဟာဗောဓိမြိုင်ဆရာတော်ကြီး (သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်း တရားတော်မှ)

“ပေါက်ပန်းဖြူတစ်ပင် ရှင်အောင်စိုက် ကျန်းမာရေးအတွက် ရတနာသိုက်”

Zawgyi ျဖင့္ ဖတ္ရန္

ေပါက္ပန္းျဖဴပင္ကိုသိသူမ်ားပါသည္။ေပါက္ပန္းျဖဴပင္ကိုျမန္မာ့ေက်းလက္ေတာ႐ြာတိုင္းလိုလိုတြင္ေတြ႕ႏိုင္သည္။ေပါက္ပန္းျဖဴသာမဟုတ္၊ေပါက္ပန္းနီပင္ဆိုတာလည္းရွိပါေသးသည္။

ေပါက္ပန္းျဖဴႏွင့္ေပါက္ပန္းနီႏွစ္မ်ိဳးတြင္ေပါက္ပန္းနီကပို၍ေဆးဖက္ဝင္သည္။အသီး၊အေစ့၊ အျမစ္၊အပြင့္အ႐ြက္အားလုံးေဆးဖက္ဝင္သည္။ အ႐ြက္ကိုဟင္းခါးခ်က္ေသာက္ျခင္း၊တို႔ျမႇဳပ္စားျခင္းျပဳၾကသည္။

ေသြးကိုသန္႔ေစသည္။ၾကက္မ်က္သင့္ေရာဂါကို ေပါက္ပန္းနီပြင့္သတၱဳရည္ခတ္ေပးလွ်င္ေကာင္းသည္။တက္တတ္ေသာကေလးမ်ားအတြက္အ႐ြက္ကိုေထာင္းသတၱဳရည္ႏွင့္ခ်င္း(သို႔မဟုတ္) ၾကက္သြန္ျဖဴ၊သတၱဳရည္ေပါင္းစပ္ၿပီး ရႉေစရသည္ဟုေဆးနည္းကိုတင္ျပထားသည္။

က်ီးေပါင္းေရာဂါအတြက္ ေပါက္ပန္းျဖဴ

က်ီးေပါင္းေရာဂါကိုေပ်ာက္ခဲေသာေရာဂါအျဖစ္ဆိုၾကသည္။ထိုင္းမွာစာသင္ေနစဥ္ကလည္ပင္းက်ီးေပါင္းတက္ေရာဂါရခဲ့တယ္။ထိုင္းမွာေဆး႐ုံတက္ေတာ့အေမရိကန္ဆရာဝန္ကကုေပးတယ္။ ဒါေပမဲ့မသက္သာဘူး။

လည္ပင္းအ႐ိုးအဆစ္ထဲမွာအေၾကာကပ္ေနတယ္လို႔ရလဒ္ျပတယ္။အရမ္းကိုခံစားခဲ့ရတယ္။ ေဆးစာေစာင္တစ္ခုမွာေပါက္ပန္းျဖဴပင္ရဲ႕အပြင့္အေၾကာင္းကိုဖတ္မိရာကလက္ေတြ႕စားၾကည့္တာေဝဒနာလုံးဝေပ်ာက္သြားခဲ့တယ္။ေပါက္ပန္းျဖဴပြင့္မ်ားကို က်ီးေပါင္းေရာဂါေပ်ာက္ေစ ေသာေဆးဟုဆိုႏိုင္ပါသည္။

ေပါက္ပန္းျဖဴ(သို႔မဟုတ္)ေပါက္ပန္းနီပြင့္တို႔ သည္က်ီးေပါင္းေရာဂါကိုသက္သက္ေပ်ာက္ကင္း ႏိုင္ေၾကာင္းကိုယ္ေတြ႕ႏွင့္ယွဥ္၍ဘဝတူက်ီးေပါင္းေဝဒနာရွင္မ်ားကိုတင္ျပေဝငွလိုက္ပါသည္။

ျမန္မာ့ေဆးက်မ္းအဆို

အပြင့္ႏွင့္အ႐ြက္ကိုအမ်ားဆုံးသုံးသည္။ေဆးက်မ္းမ်ားတြင္ေအးသည္၊ေလကိုပြားေစသည္။ခါးသက္သက္ရွိသည္။သည္းေျခေရာဂါ၊အစာအိမ္ေရာဂါ၊ ႏွာရည္ယိုေရာဂါမ်ားကို ပယ္တတ္သည္။ အပြင့္ကေအးသည္။

ခါးသက္သည္။သုံးရက္ျခားဖ်ားျခင္း၊ၾကက္မ်က္သင့္ျခင္းတို႔ကိုေပ်ာက္ေစသည္။အ႐ြက္ကစပ္သည္။ခ်ိဳသည္၊ခါးသက္သက္ရွိသည္။ေသြးကိုစင္ၾကယ္ေစသည္။

အသီးမွာမ်ားမ်ားစားလွ်င္ ဝမ္းသက္ေစသည္။စိတ္ကိုၾကည္လင္ေစသည္။ထိုးေအာင့္နာ၊ အဆုတ္ေရာဂါ၊ႏွလုံးေရာဂါတို႔ကိုေပ်ာက္ကင္းေစေၾကာင္းဆိုပါသည္။

ေပါက္ပန္းပြင့္ျဖဴ၏ ေဆးအသုံး

အပြင့္ကိုအရည္ညႇစ္၍ မ်က္စဥ္းခတ္ေပးလွ်င္ မ်က္စိေဝတာ၊ မႈန္တာေတြေပ်ာက္သည္။

အျမစ္ကိုေရစင္ေအာင္ေဆး၍ ေရအနည္းငယ္ႏွင့္ ေထာင္းထုၿပီး မီးႏွင့္ေႏႊးကာ အဆစ္အျမစ္ ေရာင္ရမ္းျခင္း၊ ကိုက္ခဲျခင္းျဖစ္လွ်င္ ဆုတ္နယ္လိမ္းက်ံေပးရသည္။

အ႐ြက္(သို႔မဟုတ္)အပြင့္ကို ေထာင္းထု အရည္ညႇစ္ၿပီး ေခါင္းမကိုက္ေသာဘက္က ႏွာေခါင္းႏွင့္ ရႉသြင္းလွ်င္ ေခါင္းတစ္ျခမ္းကိုက္ေရာဂါေပ်ာက္သည္။

ေပါက္ပန္းျဖဴပြင့္ကို ျပဳတ္စား၊ သုပ္စား လွ်င္ ၾကက္မ်က္သင့္ေရာဂါ(က်ီးေပါင္းေရာဂါေပ်ာက္သည္၊ (ကိုယ္ေတြ႕)

အ႐ြက္ကိုအရည္ညႇစ္၊ခ်င္းေျခာက္၊ ပိတ္ခ်င္း၊ႀကံသကာတို႔ႏွင့္ဆတူေရာစပ္ၿပီးရႉေပးခဲ့လွ်င္စိတ္ပ်ံ႕လြင့္ျခင္း၊စိတ္ေဖာက္ျပန္ျခင္းေရာဂါတို႔ကိုသက္သာေပ်ာက္ကင္းေစသည္။

တုပ္ေကြးႏွင့္ အဖ်ားေရာဂါမ်ားအတြက္ အ႐ြက္ကိုၾကက္သြန္နီႏိုင္ႏိုင္ႏွင့္ေၾကာ္စားလွ်င္သက္သာေပ်ာက္ကင္းသည္။

အ႐ြက္ကိုင႐ုတ္ေကာင္း၊ႏြားက်င္ငယ္ေရႏွင့္ႀကိတ္ၿပီး ရႉေပးလွ်င္ ဝက္႐ူးနာကိုေပ်ာက္ေစသည္။

အိမ္တိုင္းမွာ ေပါက္ပန္းျဖဴ(သို႔)အနီတစ္ပင္ေလာက္ စိုက္ထားသင့္ပါတယ္။ ေဆးဖက္ဝင္ပုံမ်ား ကို ေဖာ္ျပၿပီးျဖစ္၍ လိုသလို သုံးႏိုင္ၾကပါသည္။ မီတာမင္ဓာတ္၊ သတၱဳဓာတ္မ်ား ႂကြယ္ဝစြာ ပါဝင္ေသာေၾကာင့္ မိမိအိမ္ေထာင္စုသာမက

တစ္ရပ္ကြက္လုံးပါ ကုသိုလ္ျပဳေဝငွႏိုင္ပါသည္။ စီးပြားေရးအတြက္ လိုအပ္ပါက ေရာင္းခ်ႏိုင္ပါသည္။ သို႔ပါ၍ ေပါက္ပန္းျဖဴပင္ ရွင္ေအာင္စိုက္၊ က်န္းမာေရးအတြက္ ရတနာသိုက္ဟု တင္စားလိုပါသည္။

Ref:မ်ိဳးတင့္(ေညာင္ေလးပင္)

Unicode ျဖင့္ ဖတ္ရန္

ပေါက်ပန်းဖြူပင်ကိုသိသူများပါသည်။ပေါက်ပန်းဖြူပင်ကိုမြန်မာ့ကျေးလက်တောရွာတိုင်းလိုလိုတွင်တွေ့နိုင်သည်။ပေါက်ပန်းဖြူသာမဟုတ်၊ပေါက်ပန်းနီပင်ဆိုတာလည်းရှိပါသေးသည်။

ပေါက်ပန်းဖြူနှင့်ပေါက်ပန်းနီနှစ်မျိုးတွင်ပေါက်ပန်းနီကပို၍ဆေးဖက်ဝင်သည်။အသီး၊အစေ့၊ အမြစ်၊အပွင့်အရွက်အားလုံးဆေးဖက်ဝင်သည်။ အရွက်ကိုဟင်းခါးချက်သောက်ခြင်း၊တို့မြှုပ်စားခြင်းပြုကြသည်။

သွေးကိုသန့်စေသည်။ကြက်မျက်သင့်ရောဂါကို ပေါက်ပန်းနီပွင့်သတ္တုရည်ခတ်ပေးလျှင်ကောင်းသည်။တက်တတ်သောကလေးများအတွက်အရွက်ကိုထောင်းသတ္တုရည်နှင့်ချင်း(သို့မဟုတ်) ကြက်သွန်ဖြူ၊သတ္တုရည်ပေါင်းစပ်ပြီး ရှူစေရသည်ဟုဆေးနည်းကိုတင်ပြထားသည်။

ကျီးပေါင်းရောဂါအတွက် ပေါက်ပန်းဖြူ

ကျီးပေါင်းရောဂါကိုပျောက်ခဲသောရောဂါအဖြစ်ဆိုကြသည်။ထိုင်းမှာစာသင်နေစဉ်ကလည်ပင်းကျီးပေါင်းတက်ရောဂါရခဲ့တယ်။ထိုင်းမှာဆေးရုံတက်တော့အမေရိကန်ဆရာဝန်ကကုပေးတယ်။ ဒါပေမဲ့မသက်သာဘူး။

လည်ပင်းအရိုးအဆစ်ထဲမှာအကြောကပ်နေတယ်လို့ရလဒ်ပြတယ်။အရမ်းကိုခံစားခဲ့ရတယ်။ ဆေးစာစောင်တစ်ခုမှာပေါက်ပန်းဖြူပင်ရဲ့အပွင့်အကြောင်းကိုဖတ်မိရာကလက်တွေ့စားကြည့်တာဝေဒနာလုံးဝပျောက်သွားခဲ့တယ်။ပေါက်ပန်းဖြူပွင့်များကို ကျီးပေါင်းရောဂါပျောက်စေ သောဆေးဟုဆိုနိုင်ပါသည်။

ပေါက်ပန်းဖြူ(သို့မဟုတ်)ပေါက်ပန်းနီပွင့်တို့ သည်ကျီးပေါင်းရောဂါကိုသက်သက်ပျောက်ကင်း နိုင်ကြောင်းကိုယ်တွေ့နှင့်ယှဉ်၍ဘဝတူကျီးပေါင်းဝေဒနာရှင်များကိုတင်ပြဝေငှလိုက်ပါသည်။

မြန်မာ့ဆေးကျမ်းအဆို

အပွင့်နှင့်အရွက်ကိုအများဆုံးသုံးသည်။ဆေးကျမ်းများတွင်အေးသည်၊လေကိုပွားစေသည်။ခါးသက်သက်ရှိသည်။သည်းခြေရောဂါ၊အစာအိမ်ရောဂါ၊ နှာရည်ယိုရောဂါများကို ပယ်တတ်သည်။ အပွင့်ကအေးသည်။

ခါးသက်သည်။သုံးရက်ခြားဖျားခြင်း၊ကြက်မျက်သင့်ခြင်းတို့ကိုပျောက်စေသည်။အရွက်ကစပ်သည်။ချိုသည်၊ခါးသက်သက်ရှိသည်။သွေးကိုစင်ကြယ်စေသည်။

အသီးမှာများများစားလျှင် ဝမ်းသက်စေသည်။စိတ်ကိုကြည်လင်စေသည်။ထိုးအောင့်နာ၊ အဆုတ်ရောဂါ၊နှလုံးရောဂါတို့ကိုပျောက်ကင်းစေကြောင်းဆိုပါသည်။

ပေါက်ပန်းပွင့်ဖြူ၏ ဆေးအသုံး

အပွင့်ကိုအရည်ညှစ်၍ မျက်စဉ်းခတ်ပေးလျှင် မျက်စိဝေတာ၊ မှုန်တာတွေပျောက်သည်။

အမြစ်ကိုရေစင်အောင်ဆေး၍ ရေအနည်းငယ်နှင့် ထောင်းထုပြီး မီးနှင့်နွှေးကာ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းဖြစ်လျှင် ဆုတ်နယ်လိမ်းကျံပေးရသည်။

အရွက်(သို့မဟုတ်)အပွင့်ကို ထောင်းထု အရည်ညှစ်ပြီး ခေါင်းမကိုက်သောဘက်က နှာခေါင်းနှင့် ရှူသွင်းလျှင် ခေါင်းတစ်ခြမ်းကိုက်ရောဂါပျောက်သည်။

ပေါက်ပန်းဖြူပွင့်ကို ပြုတ်စား၊ သုပ်စား လျှင် ကြက်မျက်သင့်ရောဂါ(ကျီးပေါင်းရောဂါပျောက်သည်၊ (ကိုယ်တွေ့)

အရွက်ကိုအရည်ညှစ်၊ချင်းခြောက်၊ ပိတ်ချင်း၊ကြံသကာတို့နှင့်ဆတူရောစပ်ပြီးရှူပေးခဲ့လျှင်စိတ်ပျံ့လွင့်ခြင်း၊စိတ်ဖောက်ပြန်ခြင်းရောဂါတို့ကိုသက်သာပျောက်ကင်းစေသည်။

တုပ်ကွေးနှင့် အဖျားရောဂါများအတွက် အရွက်ကိုကြက်သွန်နီနိုင်နိုင်နှင့်ကြော်စားလျှင်သက်သာပျောက်ကင်းသည်။

အရွက်ကိုငရုတ်ကောင်း၊နွားကျင်ငယ်ရေနှင့်ကြိတ်ပြီး ရှူပေးလျှင် ဝက်ရူးနာကိုပျောက်စေသည်။

အိမ်တိုင်းမှာ ပေါက်ပန်းဖြူ(သို့)အနီတစ်ပင်လောက် စိုက်ထားသင့်ပါတယ်။ ဆေးဖက်ဝင်ပုံများ ကို ဖော်ပြပြီးဖြစ်၍ လိုသလို သုံးနိုင်ကြပါသည်။ မီတာမင်ဓာတ်၊ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် မိမိအိမ်ထောင်စုသာမက

တစ်ရပ်ကွက်လုံးပါ ကုသိုလ်ပြုဝေငှနိုင်ပါသည်။ စီးပွားရေးအတွက် လိုအပ်ပါက ရောင်းချနိုင်ပါသည်။ သို့ပါ၍ ပေါက်ပန်းဖြူပင် ရှင်အောင်စိုက်၊ ကျန်းမာရေးအတွက် ရတနာသိုက်ဟု တင်စားလိုပါသည်။

Ref:မျိုးတင့်(ညောင်လေးပင်)

“ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်း အကျိုး( ၁၁ )ပါး”

Zawgyi ျဖင့္ ဖတ္ရန္

ကုဋီ (အိမ္သာ) ေဆးေၾကာ သန႔္စင္ျခင္း အက်ိဳး( ၁၁ )ပါး

၁။ မိမိစိတ္လည္းၾကည္လင္ေစ၍ သူတစ္ပါးစိတ္ကိုလည္းၾကည္လင္ေစျခင္း။

၂။ ပညာရွိသူေတာ္ေကာင္းတို႔၏ ခ်ီးမြမ္းျခင္းကိုခံရျခင္း။

၃။ ျဖစ္ရာဘဝတြင္ ေခ်ာ့မြတ္ႏုညံ့ေသာအသားေရႏွင့္ျပည့္စုံျခင္း။

၄။ ခႏၶာကိုယ္သည္ ပန္းရနံ႔ကဲ့သို႔ေမႊးပ်ံ႕ေသာအနံ႔ရွိျခင္း။

၅။ မ်က္ႏွာအဆင္းၾကည္လင္ျခင္း။

၆။ စိတ္ညစ္ညဴးဖြယ္ရာမ်ားႏွင့္မႀကဳံရျခင္း။

၇။ စိတ္ခ်မ္းသာသျဖင့္ က်န္းမာေရးလည္းေကာင္းျခင္း။

၈။ ပညာဉာဏ္ႀကီးျခင္း။

၉။အသက္ရွည္ျခင္း။

၁၀။ မေတြမေဝေသရျခင္း။

၁၁။ေသၿပီးေနာက္သုဂတိသို႔လားရျခင္း

ဟူေသာအက်ိဳး( ၁၁ )ပါးသည္ ကုဋီေဆးေၾကာသန႔္စင္ရျခင္း၏ အက်ိဳးေပတည္း။

( အဂၤုတၱိဳရ္၊ဧကာဒသကနိပါတ္ )

Unicode ျဖင့္ ဖတ္ရန္

ကုဋီ (အိမ်သာ) ဆေးကြော သန့်စင်ခြင်း အကျိုး( ၁၁ )ပါး

၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်းကြည်လင်စေခြင်း။

၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း။

၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နုညံ့သောအသားရေနှင့်ပြည့်စုံခြင်း။

၄။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့မွှေးပျံ့သောအနံ့ရှိခြင်း။

၅။ မျက်နှာအဆင်းကြည်လင်ခြင်း။

၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့်မကြုံရခြင်း။

၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။

၈။ ပညာဉာဏ်ကြီးခြင်း။

၉။အသက်ရှည်ခြင်း။

၁၀။ မတွေမဝေသေရခြင်း။

၁၁။သေပြီးနောက်သုဂတိသို့လားရခြင်း

ဟူသောအကျိုး( ၁၁ )ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း။

( အင်္ဂုတ္တိုရ်၊ဧကာဒသကနိပါတ် )

“မိ ဘ က လို အ ပ် သည် ဖြစ် စေ ၊ မ လို အပ် သည် ဖြစ် စေ လုပ် ကျွေး ဖြစ် အောင် လုပ် ကျွေး ကြ ပါ”

Zawgyi ျဖင့္ ဖတ္ရန္

မိဘက လိုအပ္သည္ျဖစ္ေစ၊ မလိုအပ္သည္ ျဖစ္ေစ လုပ္ေကြၽးျဖစ္ေအာင္ လုပ္ေကြၽးၾကပါ

“ဆရာႀကီး သမီး သီတင္းကြၽတ္ လာကန္ေတာ့တာပါရွင့္” “ေက်းဇူးပါ သာဓုပါကြယ္ အိမ္မွာ အေဖနဲ႔အေမ ရွိေသးလား သူတို႔ကိုေရာ ကန္ေတာ့ၿပီးၿပီလား”

“ဟုတ္..ကန္ေတာ့မွာပါ” “သမီးလခ ဘယ္ေလာက္ရသလဲ” “၃သိန္း -၄ သိန္းရပါတယ္” “မိဘ ကို တစ္လ ဘယ္ေလာက္ ကန္ေတာ့လဲ” ” လစဥ္ေတာ့မကန္ေတာ့ျဖစ္ဘူးဆရာ အခုလို သီတင္းကြၽတ္ သၾကၤန္ဆိုရင္ေတာ့ ကန္ေတာ့ျဖစ္ပါတယ္”

” လွ်ာရွည္တယ္ စပ္စုတယ္ေတာ့ မထင္နဲ႔.. တစ္ခါကန္ေတာ့ရင္ ဘယ္ေလာက္ကန္ေတာ့လဲ” ” ေလးေသာင္း/ငါး ေသာင္းေလာက္ေတာ့ ကန္ေတာ့ျဖစ္ပါတယ္” ” တစ္ႏွစ္မွာ ႏွစ္ခါ သုံးခါ

ထားပါေတာ့ တစ္ႏွစ္ကို ၁သိန္း/၂ သိန္းေပါ့ တစ္ရက္မွာ သမီး ၄၀၀/ ၅၀၀ က်ပ္ေလာက္ ကန္ေတာ့တယ္ ဆိုတဲ့ သေဘာေပါ့။ အင္း လဘက္ရည္တစ္ခြက္ ဘယ္ေလာက္လဲ”

” ၅၀၀ ေလာက္ျဖစ္ေနၿပီဆရာ” “သမီး မိဘကို တစ္ရက္ကို လဘက္ရည္တစ္ခြက္ ဘိုး ကန္ေတာ့သလိုျဖစ္ေနတာေပါ့။ သမီးကို ဒီအ႐ြယ္အထိ ထမင္းမေကြၽးခဲ့တဲ့ေန႔ရွိလား

ေက်ာင္းလည္းထား အဝတ္အစားလည္းဆင္ ေနမေကာင္းလဲေဆးကုေပး ထမင္းလဲေကြၽး မုန႔္လဲေကြၽး ဟုတ္တယ္ေနာ္ အႏွစ္၂၀ ေက်ာ္ေနၿပီ

သမီး သူတို႔ကို ဘယ္ႏွစ္ႏွစ္မ်ား ျပန္လုပ္ေကြၽး ရေသးလို႔လဲ လဘက္ရည္တစ္ခြက္ဖိုးေလာက္ ျပန္လုပ္ေကြၽးရတာကို ေတာ္ေတာ္ ပင္ပန္းေနၿပီ ဟုတ္လား ခက္ခဲေနၿပီ ဟုတ္လား”

” သမီးက ေပးတယ္..အေမတို႔က မယူတာ.. မုန႔္ေတြစားခ်င္တာေတြေတာ့ ဝယ္ေပးပါေသးတယ္” စိတ္မဆိုးနဲ႔ေနာ္

သမီးမိဘက ေဘာစိလား “မဟုတ္ပါဘူးဆရာရယ္ မရွိလို႔ အခုလို တနယ္တေက်း မိေဝးဖေဝး အလုပ္လုပ္ေနရတာေပါ့ သမီးလဲ တစ္လတစ္လ မေလာက္ဘူး” “တစ္လ ၃သိန္း/၄ သိန္းဆိုတာ ဆရာတို႔ အိမ္မက္ေတာင္ မ မက္ခဲ့ဘူူးတဲ့လစာ

ဒါကို မေလာက္ရင္ ေလာက္ေအာင္ သုံးႏိုင္ေအာင္ ကိုယ့္ကိုယ္ကို စီမံခန႔္ခြဲ ရမယ္ေလ မိဘက မလိုလို႔မယူတာမဟုတ္ဘူး မယူရက္လို႔ မယူတာ လိုခ်င္တာ ဝယ္ေပးတာထက္ သမီး ေပးတဲ့ ပိုက္ဆံေလး ကိုင္ခ်င္တာေပါ့။ ေျပာမထြက္ရက္လို႔သာ

သူလိုခ်င္တာ သူစားခ်င္တာ သူေသာက္ခ်င္တဲ့ေဆး သူ႔ပိုက္ဆံနဲ႔သူဝယ္ခ်င္တာ အိမ္ကိုႂကြတဲ့ ဆြမ္းခံကိုယ္ေတာ္ကို သူ႔ကိုယ္ပိုင္ေငြနဲ႔ ဝတၳဳ ကပ္လႈခ်င္တာ

ဘုရားကိုသူ႔ေငြနဲ႔သူ လႈခ်င္တာ။ သူ႔ေျမးေတြကို သူကိုယ္ပိုင္ပိုက္ဆံနဲ႔ မုန႔္ဖိုးေပးခ်င္တာ။ အဲဒါေၾကာင့္ သူ႔လက္ထဲကို ေငြ ထည့္ေပးထားပါ

သမီး ဘာေတြျဖည့္ဆည္းေပးေပး ေငြလဲ ကန္ေတာ့ပါ။ သမီး တစ္လ ဖုန္းဘီလ္ ဘယ္ေလာက္ကုန္လဲ “၃ေသာင္း-၄ ေသာင္း ” အဲဒီေငြထဲက တစ္လ ၁၀၀၀၀ ေလာက္ ပိုေအာင္စုၾကည့္ပါ

မိဘကို လစဥ္ပုံမွန္ကန္ေတာ့ၾကည့္ပါ။ တခါတည္း တစ္သိန္းကန္ေတာ့တာထက္ တစ္လတစ္ခါ ၁၀၀၀၀-၂၀၀၀၀ ကန္ေတာ့ရတာ ကန္ေတာ့ရတဲ့ သမီးလဲ ေပါ့ပါးတယ္

ဝန္ထုပ္ဝန္ပိုးမျဖစ္ဖူးေပါ့။ လစဥ္မွန္မွန္ ကန္ေတာ့တဲ့အတြက္ မိဘလဲ သမီးကန္ေတာ့မဲ့ေငြ ၆လ တစ္ႏွစ္ ေစာင့္စရာ မလိုပဲ အဆင္ေျပေျပရတယ္။ သုံးခ်င္တာေလးေတြလဲ သုံးခ်င္တဲ့အခ်ိန္ သုံးရေတာ့ေက်နပ္တာေပါ့”

“ဆရာ ရွင္းျပေတာ့မွ အေမတို႔ကို သနားလိုက္တာ။ဟုတ္တယ္ေနာ္။ သမီးကန္ေတာ့တာ လဘက္ရည္တစ္ခြက္ဖိုးေလာက္ပဲ ရွိတာပါလား” ကေလးမေလး မ်က္ရည္ေတြ ဝိုင္းလာသည္

သမီး ေန႔တိုင္း အျပင္မွာ ထမင္းစားရတယ္ဟုတ္လား။ အနည္းဆုံးတစ္နပ္ ကို တစ္ေထာင္ ထားပါ။ တစ္ေန႔ ၂၀၀၀-၃၀၀၀ ပဲ

သမီးမွာ ခ်စ္သူရွိရင္ ဆိုင္ေကာင္းေကာင္းစားရတာနဲ႔ လည္ပတ္ရတာနဲ႔ သူ႔ေမြးေန႔ကိုယ့္ေမြးေန႔ လက္ေဆာင္ေတြေပးရတာနဲ႔ valentine day ဆိုရင္ လက္ေဆာင္ေပးရတာနဲ႔ ေန႔တိုင္းညတိုင္း ဖုန္းေတြေျပာရတာနဲ႔ အားပါးပါး ကုန္လိုက္တဲ့ပိုက္ဆံေတြ

အဲဒီအခ်ိန္မွာ သမီး မိဘက သမီးေပးတဲ့ လဘက္ရည္တစ္ခြက္ကို ႏွစ္ေယာက္ဆို တစ္ေယာက္တစ္ဝက္ ေသာက္ေနရတာေနာ္

မုန႔္မပါဘူး။ ထမင္း ဟင္းမပါေသးဘူး ဆိုတာေလး မ်က္စိထဲ ျမင္ေယာင္ၾကည့္လိုက္ပါ။ သမီး တစ္လ ၃/၄ သိန္း ကုန္တယ္ဆို တစ္ရက္ တစ္ေသာင္း ႏႈန္းေလာက္ သုံးေနတဲ့အထဲမွာ မိဘအတြက္ ၄၀၀/၅၀၀ ပဲ ပါေနေသးတယ္ လဘက္ရည္တစ္ခြက္ဖိုးပဲ ရွိေသးတယ္ဆိုတာ ျမင္ေတြးၾကည့္လိုက္ပါ” ကေလးမေလး မ်က္ရည္ေတြ က်လာသည္ ”

သမီးမိဘက အဆင္မေျပလို႔ဆိုၿပီး သမီးကို တစ္ရက္ကေလး အငတ္ထားခဲ့ဘူးသလား” ကေလးမေလး အသံမထြက္ေတာ့။ေခါင္းခါျပသည္

“သမီး ..အခု မိဘကို အငတ္ထားသလို ျဖစ္ေနၿပီေနာ္။ မိဘ ဆိုတာ မေသခင္လုပ္ေကြၽးရတာ။ ေသၿပီးမွေတာ့ ငိုျပမေနေတာ့နဲ႔။ ေဖ့ဘြတ္မွာ “ I love my mom “ “ I love my Dad “ ေလာက္ကို ေက်းဇူးဆပ္တယ္ထင္မေနနဲ႔

သူတို႔မစားႏိုင္အိပ္ယာေပၚက မထႏိုင္ေတာ့တဲ့ အခ်ိန္မွလည္း ေကြၽးမေနေတာ့နဲ႔။ ဆရာ့ရဲ႕ သီတင္းကြၽတ္ လက္ေဆာင္ကေတာ့ ” မိဘကို အျမန္ဆုံး လုပ္ေကြၽးပါ” လို႔ပဲ ေျပာခ်င္ပါတယ္ သမီးေရ” ကေလးမေလး ငိုခ်ေတာ့သည္

” ကဲ အခုလို ဆရာ့ကို ကန္ေတာ့ရေသာ အက်ိဳးအားေၾကာင့္ မိဘကို အလုပ္အေကြၽးျပဳႏိုင္ေသာ သမီးေကာင္းရတနာ တစ္ဦး ျဖစ္ပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္” မိဘက လိုအပ္သည္ျဖစ္ေစ မလိုအပ္သည္ျဖစ္ေစ လုပ္ေကြၽးျဖစ္ေအာင္ လုပ္ေကြၽးၾကပါ

အျမန္ဆုံးလုပ္ေကြၽးပါ တတ္ႏိုင္သမွ် မ်ားမ်ား လုပ္ေကြၽးေပးၾကပါ မလုပ္ေကြၽးရေသးတဲ့လူေတြလဲ ျမန္ျမန္ လုပ္ေကြၽးၾကပါ လုပ္ေကြၽးေနတဲ့ လူေတြလဲ ယခုထက္ပိုၿပီး မ်ားမ်ားလုပ္ေကြၽးၾကပါ

ကြၽန္ေတာ္ / ကြၽန္မ တို႔ အမ်ားႀကီး ႀကိဳးစားရပါဦးမည္ သင္ဖတ္ၿပီးလို႔ လက္ခံတယ္ဆိုရင္အမ်ားသူငွာ အသိတိုးေစဖို႔ေမတၱာျဖင့္ ျဖန႔္ေဝပါအုံးေနာ္

ေလးစားစြာျဖင့္ ခရက္ဒစ္ မူရင္း

Unicode ျဖင့္ ဖတ္ရန္

မိဘက လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ

“ဆရာကြီး သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်” “ကျေးဇူးပါ သာဓုပါကွယ် အိမ်မှာ အဖေနဲ့အမေ ရှိသေးလား သူတို့ကိုရော ကန်တော့ပြီးပြီလား”

“ဟုတ်..ကန်တော့မှာပါ” “သမီးလခ ဘယ်လောက်ရသလဲ” “၃သိန်း -၄ သိန်းရပါတယ်” “မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ” ” လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ အခုလို သီတင်းကျွတ် သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်”

” လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့.. တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ” ” လေးသောင်း/ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်” ” တစ်နှစ်မှာ နှစ်ခါ သုံးခါ

ထားပါတော့ တစ်နှစ်ကို ၁သိန်း/၂ သိန်းပေါ့ တစ်ရက်မှာ သမီး ၄၀၀/ ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့။ အင်း လဘက်ရည်တစ်ခွက် ဘယ်လောက်လဲ”

” ၅၀၀ လောက်ဖြစ်နေပြီဆရာ” “သမီး မိဘကို တစ်ရက်ကို လဘက်ရည်တစ်ခွက် ဘိုး ကန်တော့သလိုဖြစ်နေတာပေါ့။ သမီးကို ဒီအရွယ်အထိ ထမင်းမကျွေးခဲ့တဲ့နေ့ရှိလား

ကျောင်းလည်းထား အဝတ်အစားလည်းဆင် နေမကောင်းလဲဆေးကုပေး ထမင်းလဲကျွေး မုန့်လဲကျွေး ဟုတ်တယ်နော် အနှစ်၂၀ ကျော်နေပြီ

သမီး သူတို့ကို ဘယ်နှစ်နှစ်များ ပြန်လုပ်ကျွေး ရသေးလို့လဲ လဘက်ရည်တစ်ခွက်ဖိုးလောက် ပြန်လုပ်ကျွေးရတာကို တော်တော် ပင်ပန်းနေပြီ ဟုတ်လား ခက်ခဲနေပြီ ဟုတ်လား”

” သမီးက ပေးတယ်..အမေတို့က မယူတာ.. မုန့်တွေစားချင်တာတွေတော့ ဝယ်ပေးပါသေးတယ်” စိတ်မဆိုးနဲ့နော်

သမီးမိဘက ဘောစိလား “မဟုတ်ပါဘူးဆရာရယ် မရှိလို့ အခုလို တနယ်တကျေး မိဝေးဖဝေး အလုပ်လုပ်နေရတာပေါ့ သမီးလဲ တစ်လတစ်လ မလောက်ဘူး” “တစ်လ ၃သိန်း/၄ သိန်းဆိုတာ ဆရာတို့ အိမ်မက်တောင် မ မက်ခဲ့ဘူူးတဲ့လစာ

ဒါကို မလောက်ရင် လောက်အောင် သုံးနိုင်အောင် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ ရမယ်လေ မိဘက မလိုလို့မယူတာမဟုတ်ဘူး မယူရက်လို့ မယူတာ လိုချင်တာ ဝယ်ပေးတာထက် သမီး ပေးတဲ့ ပိုက်ဆံလေး ကိုင်ချင်တာပေါ့။ ပြောမထွက်ရက်လို့သာ

သူလိုချင်တာ သူစားချင်တာ သူသောက်ချင်တဲ့ဆေး သူ့ပိုက်ဆံနဲ့သူဝယ်ချင်တာ အိမ်ကိုကြွတဲ့ ဆွမ်းခံကိုယ်တော်ကို သူ့ကိုယ်ပိုင်ငွေနဲ့ ဝတ္ထု ကပ်လှုချင်တာ

ဘုရားကိုသူ့ငွေနဲ့သူ လှုချင်တာ။ သူ့မြေးတွေကို သူကိုယ်ပိုင်ပိုက်ဆံနဲ့ မုန့်ဖိုးပေးချင်တာ။ အဲဒါကြောင့် သူ့လက်ထဲကို ငွေ ထည့်ပေးထားပါ

သမီး ဘာတွေဖြည့်ဆည်းပေးပေး ငွေလဲ ကန်တော့ပါ။ သမီး တစ်လ ဖုန်းဘီလ် ဘယ်လောက်ကုန်လဲ “၃သောင်း-၄ သောင်း ” အဲဒီငွေထဲက တစ်လ ၁၀၀၀၀ လောက် ပိုအောင်စုကြည့်ပါ

မိဘကို လစဉ်ပုံမှန်ကန်တော့ကြည့်ပါ။ တခါတည်း တစ်သိန်းကန်တော့တာထက် တစ်လတစ်ခါ ၁၀၀၀၀-၂၀၀၀၀ ကန်တော့ရတာ ကန်တော့ရတဲ့ သမီးလဲ ပေါ့ပါးတယ်

ဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးပေါ့။ လစဉ်မှန်မှန် ကန်တော့တဲ့အတွက် မိဘလဲ သမီးကန်တော့မဲ့ငွေ ၆လ တစ်နှစ် စောင့်စရာ မလိုပဲ အဆင်ပြေပြေရတယ်။ သုံးချင်တာလေးတွေလဲ သုံးချင်တဲ့အချိန် သုံးရတော့ကျေနပ်တာပေါ့”

“ဆရာ ရှင်းပြတော့မှ အမေတို့ကို သနားလိုက်တာ။ဟုတ်တယ်နော်။ သမီးကန်တော့တာ လဘက်ရည်တစ်ခွက်ဖိုးလောက်ပဲ ရှိတာပါလား” ကလေးမလေး မျက်ရည်တွေ ဝိုင်းလာသည်

သမီး နေ့တိုင်း အပြင်မှာ ထမင်းစားရတယ်ဟုတ်လား။ အနည်းဆုံးတစ်နပ် ကို တစ်ထောင် ထားပါ။ တစ်နေ့ ၂၀၀၀-၃၀၀၀ ပဲ

သမီးမှာ ချစ်သူရှိရင် ဆိုင်ကောင်းကောင်းစားရတာနဲ့ လည်ပတ်ရတာနဲ့ သူ့မွေးနေ့ကိုယ့်မွေးနေ့ လက်ဆောင်တွေပေးရတာနဲ့ valentine day ဆိုရင် လက်ဆောင်ပေးရတာနဲ့ နေ့တိုင်းညတိုင်း ဖုန်းတွေပြောရတာနဲ့ အားပါးပါး ကုန်လိုက်တဲ့ပိုက်ဆံတွေ

အဲဒီအချိန်မှာ သမီး မိဘက သမီးပေးတဲ့ လဘက်ရည်တစ်ခွက်ကို နှစ်ယောက်ဆို တစ်ယောက်တစ်ဝက် သောက်နေရတာနော်

မုန့်မပါဘူး။ ထမင်း ဟင်းမပါသေးဘူး ဆိုတာလေး မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ သမီး တစ်လ ၃/၄ သိန်း ကုန်တယ်ဆို တစ်ရက် တစ်သောင်း နှုန်းလောက် သုံးနေတဲ့အထဲမှာ မိဘအတွက် ၄၀၀/၅၀၀ ပဲ ပါနေသေးတယ် လဘက်ရည်တစ်ခွက်ဖိုးပဲ ရှိသေးတယ်ဆိုတာ မြင်တွေးကြည့်လိုက်ပါ” ကလေးမလေး မျက်ရည်တွေ ကျလာသည် ”

သမီးမိဘက အဆင်မပြေလို့ဆိုပြီး သမီးကို တစ်ရက်ကလေး အငတ်ထားခဲ့ဘူးသလား” ကလေးမလေး အသံမထွက်တော့။ခေါင်းခါပြသည်

“သမီး ..အခု မိဘကို အငတ်ထားသလို ဖြစ်နေပြီနော်။ မိဘ ဆိုတာ မသေခင်လုပ်ကျွေးရတာ။ သေပြီးမှတော့ ငိုပြမနေတော့နဲ့။ ဖေ့ဘွတ်မှာ “ I love my mom “ “ I love my Dad “ လောက်ကို ကျေးဇူးဆပ်တယ်ထင်မနေနဲ့

သူတို့မစားနိုင်အိပ်ယာပေါ်က မထနိုင်တော့တဲ့ အချိန်မှလည်း ကျွေးမနေတော့နဲ့။ ဆရာ့ရဲ့ သီတင်းကျွတ် လက်ဆောင်ကတော့ ” မိဘကို အမြန်ဆုံး လုပ်ကျွေးပါ” လို့ပဲ ပြောချင်ပါတယ် သမီးရေ” ကလေးမလေး ငိုချတော့သည်

” ကဲ အခုလို ဆရာ့ကို ကန်တော့ရသော အကျိုးအားကြောင့် မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာ တစ်ဦး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်” မိဘက လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ

အမြန်ဆုံးလုပ်ကျွေးပါ တတ်နိုင်သမျှ များများ လုပ်ကျွေးပေးကြပါ မလုပ်ကျွေးရသေးတဲ့လူတွေလဲ မြန်မြန် လုပ်ကျွေးကြပါ လုပ်ကျွေးနေတဲ့ လူတွေလဲ ယခုထက်ပိုပြီး များများလုပ်ကျွေးကြပါ

ကျွန်တော် / ကျွန်မ တို့ အများကြီး ကြိုးစားရပါဦးမည် သင်ဖတ်ပြီးလို့ လက်ခံတယ်ဆိုရင်အများသူငှာ အသိတိုးစေဖို့မေတ္တာဖြင့် ဖြန့်ဝေပါအုံးနော်

လေးစားစွာဖြင့် ခရက်ဒစ် မူရင်း

“ဒီအချက်တွေက သင့်ဘဝတိုးတက်ခြင်းကို လွဲချော်သွားစေနိုင်တယ်”

Zawgyi ျဖင့္ ဖတ္ရန္

ဒီအခ်က္ေတြက သင့္ဘဝတိုးတက္ျခင္းကို လြဲေခ်ာ္သြားေစႏိုင္တယ္

(၁) ဆင္ေျခအရမ္းမ်ားတယ္။

တစ္ခုခုကို မလုပ္ခ်င္ရင္၊ လုပ္လိုစိတ္မရွိရင္ အေၾကာင္းျပခ်က္ေတြ၊ ဆင္ေျခေတြ ရာေထာင္မက ရွာေတြ႕ႏိုင္ပါတယ္။ တကယ့္လုပ္ခ်င္တဲ့လူေတြအတြက္က်ေတာ့ နည္းလမ္းအၿမဲရွာေတြ႕ပါတယ္။

(၂) တစ္ခုခုကို အၿမဲေၾကာက္တယ္။

ဆုံး႐ူံးမွာေၾကာက္တယ္။အဆင္မေျပမွာေၾကာက္တယ္။သူမ်ားဟားမွာေၾကာက္တယ္။အခက္ေတြ႕မွာေၾကာက္တယ္။ဂုဏ္ငယ္မွာေၾကာက္တယ္။အၿမဲေၾကာက္စိတ္နဲ႔ အေၾကာက္သံသရာမွာပဲလည္ေနတယ္။

(၃) သင္ယူဖို႔ ျငင္းဆန္တယ္။

လုပ္လည္းမလုပ္တတ္ဘူး။ သင္ဖို႔လည္းအခ်ိန္မေပးခ်င္ဘူး။ ပိုက္ဆံေတာ့ မ်ားမ်ားရခ်င္တယ္။ အခုေရတြင္းတူး၊ အခုေရၾကည္ေသာက္ခ်င္တယ္။

(၄) ခ်ီတုံခ်တုံ ျဖစ္တယ္။

နားေယာင္လြယ္တယ္။ သူမ်ားကို အႀကံေတာင္းလြန္းတယ္။ ဟိုလိုလို ဒီလိုလို ခ်ီတုံခ်တုံ ျဖစ္တယ္။

(၅) အခ်ိန္ဆြဲတယ္။

မၿပီးဆုံးႏိုင္ေတာ့တဲ့ မနက္ဖန္မ်ားစြာနဲ႔ ဘယ္ေတာ့မွ မစျဖစ္ေတာ့ပါဘူး

(၆) ေကာက္႐ိုးမီးဆန္တယ္။ အဖ်ား႐ူးတယ္။

ဘာလုပ္လုပ္၊ အစပိုင္းအရမ္းတက္ႂကြတယ္။ ေကာက္႐ိုးမီးလိုပါပဲ။ ခဏေလးေတာက္တယ္။ အဖ်ား႐ူး႐ူးသြားတယ္။

(၇) သူမ်ားျငင္းဆိုမွာကို အၿမဲစိုးရိမ္တယ္။

သူမ်ား No ေျပာမွာကို အရမ္းေၾကာက္တယ္။ အရမ္းစိုးရိမ္ႀကီးတယ္။ မစခင္မွာပဲ လက္ေလွ်ာ့သြားတတ္တယ္။

(၈) ကိုယ့္ကိုယ္ကို ေဘာင္ခတ္တယ္။

ဟိုအလုပ္ေတာ့ မသင့္ေတာ္ဘူး။ ဒီအလုပ္ေတာ့ ငါ့အဆင့္နဲ႔ဆိုရင္ သိမ္ငယ္တယ္။ ခရီးေဝးေဝးသြားဖို႔ မိဘနဲ႔ မခြဲႏိုင္ဘူး။ အနီးအနား စက္႐ုံေတြက်ေတာ့ လုပ္ခနည္းတယ္။ မ်က္နာငယ္မွာ ဆိုးလို႔၊ အမ်ိဳးေျပာမွာေၾကာက္လို႔ စသည္ ျဖင့္ ေဘာင္အမ်ိဳးမ်ိဳး ကေန ႐ုန္းမထြက္ေတာ့ပါဘူး။

(၉) လက္ေတြ႕မဆန္ဘူး။

အၿမဲစိတ္ကူးယဥ္တယ္။ စိတ္ကူးယဥ္တာအျပစ္မေျပာလိုေပမဲ့ ပထမေျခလွမ္း မစျဖစ္တာကျပႆနာပါ။ကံေကာင္းမူေတြ၊ လဘ္လာဘေတြ တစ္ခါထဲ နတ္သၾကားဆီက က်လာေတာ့မဲ့အတိုင္းပါပဲ။ ကံေကာင္းေအာင္ အၿမဲေမွ်ာ္လင့္ေနတဲ့လူစားမ်ိဳးပါ။ ေဗဒင္ေမး ဝါသနာပါတဲ့လူစားမ်ိဳးပါ။ အၿမဲထီထိုးတတ္ပါတယ္။

က်ေနာ္ကေတာ့ အခ်ိဳ႕အခ်က္ေတြၿငိေနသလိုပဲ။ ျပဳျပင္ရေတာ့မွာေပါ့။သင္ေကာ တစ္ခ်က္ခ်က္နဲ႔ တိုက္ဆိုင္မိပါသလား

Credit

Unicode ျဖင့္ ဖတ္ရန္

ဒီအချက်တွေက သင့်ဘဝတိုးတက်ခြင်းကို လွဲချော်သွားစေနိုင်တယ်

(၁) ဆင်ခြေအရမ်းများတယ်။

တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

(၂) တစ်ခုခုကို အမြဲကြောက်တယ်။

ဆုံးရူံးမှာကြောက်တယ်။အဆင်မပြေမှာကြောက်တယ်။သူများဟားမှာကြောက်တယ်။အခက်တွေ့မှာကြောက်တယ်။ဂုဏ်ငယ်မှာကြောက်တယ်။အမြဲကြောက်စိတ်နဲ့ အကြောက်သံသရာမှာပဲလည်နေတယ်။

(၃) သင်ယူဖို့ ငြင်းဆန်တယ်။

လုပ်လည်းမလုပ်တတ်ဘူး။ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

(၄) ချီတုံချတုံ ဖြစ်တယ်။

နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။

(၅) အချိန်ဆွဲတယ်။

မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး

(၆) ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။

ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ။ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။

(၇) သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။

သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။

(၈) ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။

ဟိုအလုပ်တော့ မသင့်တော်ဘူး။ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည် ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး။

(၉) လက်တွေ့မဆန်ဘူး။

အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြဿနာပါ။ကံကောင်းမူတွေ၊ လဘ်လာဘတွေ တစ်ခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျှော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။

ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ။ ပြုပြင်ရတော့မှာပေါ့။သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား

Credit

“ဆွမ်းတော်တင်တာ၊ရေချမ်းကပ်တာတွေဟာ ဘုရားအတွက်မဟုတ်ဘူးဗျ ၊ကိုယ့်အတွက်”

Zawgyi ျဖင့္ ဖတ္ရန္

ဘုရားအတြက္မဟုတ္ဘူးဗ် ၊ကိုယ့္အတြက္

ကိုယ္ေကာင္းေကာင္းမြန္မြန္လုပ္ရင္ ေကာင္းေကာင္းမြန္မြန္အက်ိဳးရမွာပဲ

ဝတၱရားလိုသေဘာထားၿပီး ဝတၱရားလိုပဲလုပ္ ရင္ အက်ိဳးေပးကလည္း ဝတၱရားေပး ေပးမွာပဲ

သက္ေတာ္ထင္ရွား ဘုရားရွင္ကိုမွန္းဆကာ ေစတနာသုံးတန္ျပ႒ာန္းၿပီး ေစတနာပါပါလုပ္

ရင္ အက်ိဳးေပးတဲ့အခါမွာလဲ ထူးထူးျခားျခား အက်ိဳးေပးမွာပဲ ဆြမ္းစတာေတြကို ဘုရားေရွ႕မွာသြားလႉတာ

ဟာ ကိုယ့္အတြက္ေကာင္းက်ိဳးတရားေတြကို သြားယူတာ ကိုယ္ယူတတ္ရင္ ယူတတ္သေလာက္ရမွာပဲ

အလႉဆိုတာ တကယ္ေတာ့ အယူပါ မယူတတ္ရင္ကုန္မယ္ ယူတတ္ရင္စုံတယ္

ေစတနာေလးစစ္စစ္သာထား အမယ္ နည္းတယ္ထင္တဲ့ဒီကုသိုလ္ေလးက

သြားခ်င္တဲ့နတ္ျပည္ကိုသြားလို႔ရတယ္ဗ် အျမတ္မ်ားတယ္ လႉတတ္ရင္ေပါ့………

ေက်းဇူးေတာ္ရွင္မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး

credit –

Unicode ျဖင့္ ဖတ္ရန္

ဘုရားအတွက်မဟုတ်ဘူးဗျ ၊ကိုယ့်အတွက်

ကိုယ်ကောင်းကောင်းမွန်မွန်လုပ်ရင် ကောင်းကောင်းမွန်မွန်အကျိုးရမှာပဲ

ဝတ္တရားလိုသဘောထားပြီး ဝတ္တရားလိုပဲလုပ် ရင် အကျိုးပေးကလည်း ဝတ္တရားပေး ပေးမှာပဲ

သက်တော်ထင်ရှား ဘုရားရှင်ကိုမှန်းဆကာ စေတနာသုံးတန်ပြဋ္ဌာန်းပြီး စေတနာပါပါလုပ်

ရင် အကျိုးပေးတဲ့အခါမှာလဲ ထူးထူးခြားခြား အကျိုးပေးမှာပဲ ဆွမ်းစတာတွေကို ဘုရားရှေ့မှာသွားလှူတာ

ဟာ ကိုယ့်အတွက်ကောင်းကျိုးတရားတွေကို သွားယူတာ ကိုယ်ယူတတ်ရင် ယူတတ်သလောက်ရမှာပဲ

အလှူဆိုတာ တကယ်တော့ အယူပါ မယူတတ်ရင်ကုန်မယ် ယူတတ်ရင်စုံတယ်

စေတနာလေးစစ်စစ်သာထား အမယ် နည်းတယ်ထင်တဲ့ဒီကုသိုလ်လေးက

သွားချင်တဲ့နတ်ပြည်ကိုသွားလို့ရတယ်ဗျ အမြတ်များတယ် လှူတတ်ရင်ပေါ့………

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

credit –

“ရှားစောင်းလက်ပတ် သုံးသင့်တဲ့ နေရာနှင့် မသုံးသင့်တဲ့ နေရာ”

Zawgyi ျဖင့္ ဖတ္ရန္

ရွားေစာင္းလက္ပပ္ကို ေဆးဖက္ဝင္တယ္လို႔ သိထားၾကသလို အလွအပအတြက္၊ က်န္းမာေရးအတြက္ အသုံးခ်တာကလည္း နည္းကိုစုံလို႔။ ဒီတစ္ခါေတာ့ ရွားေစာင္း ကို ဘယ္ေနရာမွာ သုံးသင့္လဲ၊ ဘယ္လိုေတြ မသုံးသင့္ဘူးလဲ ခြဲျခားေျပာျပေပးသြားပါမယ္။ မသုံးသင့္တဲ့ေနရာ တလြဲမသုံးမိေစဖို႔ အဆုံးအထိဖတ္ေပးေစခ်င္ပါတယ္။

ထိခိုက္ဒဏ္ရာ – ရွားေစာင္းလက္ပပ္နဲ႔ ဒဏ္ရာကုသႏိုင္တယ္လို႔ ဆိုၾကေပမယ့္ ေလ့လာမႈေတြအရ တခ်ိဳ႕ဒဏ္ရာေတြကို အနာက်က္ျမန္ေစၿပီး တခ်ိဳ႕မွာေတာ့ ပိုေတာင္ေႏွးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဆးဖက္ဝင္တယ္ဆိုတိုင္း အရမ္း ကာေရာ အနာေဆးထည့္တာ မလုပ္တာေကာင္းပါတယ္ေနာ္။

အေရျပားေလာင္ျခင္း – ရွားေစာင္း အႏွစ္ သို႔မဟုတ္ ဂ်ယ္လ္လိမ္းေဆးေတြက ေနေလာင္ဒဏ္အျပင္ အပူေလာင္နာေတြကိုပါ ျမန္ျမန္ကုသေပးႏိုင္တာ အမွန္ပါ။ သူ႔မွာပါတဲ့ ျဒပ္ေပါင္းေတြက အေရျပားေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစၿပီး အေရျပားကို ကုသမႈျမန္ေစပါတယ္။ ဒါေပမယ့္ ျပင္းထန္တဲ့ အပူေလာင္ဒဏ္ ရာ၊ ေရေႏြးပူေလာင္တာေတြ၊ အနာက်က္ဖို႔ၾကာေနတဲ့အပူေလာင္နာေတြအတြက္ေတာ့ ဆရာဝန္ျပၿပီး ကုသမႈခံယူသင့္ပါတယ္

ပါးစပ္အနာ – ပါးစပ္မွာ ျဖစ္တတ္တဲ့ အနာေသးေသးေလးေတြကို ရွားေစာင္းအႏွစ္ လိမ္းေပးရင္ ပိုးေသၿပီး အျမန္သက္သာေစႏိုင္ပါတယ္။

ဝက္ၿခံ – ဒါကေတာ့ လူတိုင္းသိထားၿပီးျဖစ္မွာပါ။ ရွားေစာင္းလက္ပပ္က ဝက္ၿခံကိုသက္သာေစၿပီး အသားအေရေခ်ာ မြတ္ေစႏိုင္ပါတယ္။ ဓာတ္မတည့္တဲ့သူေတြကလြဲၿပီး ရွားေစာင္းအႏွစ္ သို႔မဟုတ္ ရွားေစာင္းကိုအေျခခံတဲ့ ဂ်ယ္လ္၊ ခရင္မ္ လိမ္းေပးရင္ ဝက္ၿခံကင္းေစပါလိမ့္မယ္။

ဝမ္းခ်ဳပ္ျခင္း – ရွားေစာင္းလက္ပပ္ခ်က္ေဆး ဆိုတာလည္း ၾကားဖူးၾကမွာေပါ့။ အသားမွာ လိမ္းလို႔ရသလို စားမယ္ဆိုလည္း ေဆးဖက္ဝင္ပါတယ္။ ရွားေစာင္းလက္ပပ္ကို စားရင္ ဝမ္းခ်ဳပ္သက္ သာေစႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔နည္းနဲ႔သူရွိၾကတာမို႔ အိမ္သုံးေဆးနည္းျဖစ္ျဖစ္၊ တိုင္းရင္းေဆးနည္းျဖစ္ျဖစ္ နည္းလမ္းမွန္ကို ေလ့လာၿပီးမွစားသုံးသင့္ပါတယ္။ ကိုယ့္သေဘာနဲ႔ကိုယ္ အစိမ္း စားမိတာ လြန္ကဲရင္ ဗိုက္ေအာင့္၊ ဝမ္းပ်က္တာနဲ႔ တျခား ေဘးထြက္ဆိုးက်ိဳးရွိႏိုင္ပါတယ္။

ဆီးခ်ိဳေသြးခ်ိဳ – ရွားေစာင္းလက္ပပ္က ေသြးတြင္းသၾကားဓာတ္နဲ႔ ကိုလက္စထေရာကို က်ေစတယ္လို႔ ေလ့လာေတြ႕ရွိထားပါတယ္။ ဒါေပမယ့္ အင္ဆူလင္ေဆး အပါအဝင္ ဆီးခ်ိဳအတြက္ ဆရာဝန္ၫႊန္းထားတဲ့ ေဆးေတြနဲ႔ ဓာတ္ျပဳသက္ေရာက္မႈေတြရွိႏိုင္လို႔ သတိထားေစခ်င္ပါတယ္။

ရွား ေစာင္းလက္ပပ္အႏွစ္၊ ဂ်ယ္လ္၊ ခရင္မ္ အကုန္လုံးက အေရျပားအတြက္ဆို ေဘးမရွိေပမယ့္ စားဖို႔အတြက္ေတာ့ သတိထားဖို႔အေရးႀကီးပါတယ္။ သူက ဆီးေဆး၊ ႏွလုံးေရာဂါေဆးတခ်ိဳ႕၊ ေသြးက်ဲေဆး၊ ဆီးခ်ိဳေဆး တို႔လို ေဆးဝါးတခ်ိဳ႕ရဲ႕ အာနိသင္ကို ေျပာင္းလဲေစႏိုင္လို႔ ကိုယ့္သေဘာနဲ႔ကိုယ္ ရွားေစာင္းကို မစားသင့္ပါဘူး။

ကိုယ့္က်န္းမာေရးေၾကာင့္ ေဆးဝါးေတြကို ေရရွည္စြဲေသာက္ ေနရတဲ့သူေတြအတြက္ေတာ့ ဒီရွားေစာင္းတစ္မ်ိဳးတင္မကဘဲ တျခားေဆးဖက္ဝင္ပစၥည္းေတြကိုလည္း သတိနဲ႔ သုံးစြဲသင့္ပါတယ္ေနာ္။ ဘယ္ေဆးဖက္ဝင္မဆို “တန္ရင္ေဆး၊ လြန္ရင္ ေဘး” ပါပဲ။

Credit : hello sayar won

Unicode ျဖင့္ ဖတ္ရန္

ရှားစောင်းလက်ပပ်ကို ဆေးဖက်ဝင်တယ်လို့ သိထားကြသလို အလှအပအတွက်၊ ကျန်းမာရေးအတွက် အသုံးချတာကလည်း နည်းကိုစုံလို့။ ဒီတစ်ခါတော့ ရှားစောင်း ကို ဘယ်နေရာမှာ သုံးသင့်လဲ၊ ဘယ်လိုတွေ မသုံးသင့်ဘူးလဲ ခွဲခြားပြောပြပေးသွားပါမယ်။ မသုံးသင့်တဲ့နေရာ တလွဲမသုံးမိစေဖို့ အဆုံးအထိဖတ်ပေးစေချင်ပါတယ်။

ထိခိုက်ဒဏ်ရာ – ရှားစောင်းလက်ပပ်နဲ့ ဒဏ်ရာကုသနိုင်တယ်လို့ ဆိုကြပေမယ့် လေ့လာမှုတွေအရ တချို့ဒဏ်ရာတွေကို အနာကျက်မြန်စေပြီး တချို့မှာတော့ ပိုတောင်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖက်ဝင်တယ်ဆိုတိုင်း အရမ်း ကာရော အနာဆေးထည့်တာ မလုပ်တာကောင်းပါတယ်နော်။

အရေပြားလောင်ခြင်း – ရှားစောင်း အနှစ် သို့မဟုတ် ဂျယ်လ်လိမ်းဆေးတွေက နေလောင်ဒဏ်အပြင် အပူလောင်နာတွေကိုပါ မြန်မြန်ကုသပေးနိုင်တာ အမှန်ပါ။ သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး အရေပြားကို ကုသမှုမြန်စေပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အပူလောင်ဒဏ် ရာ၊ ရေနွေးပူလောင်တာတွေ၊ အနာကျက်ဖို့ကြာနေတဲ့အပူလောင်နာတွေအတွက်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်

ပါးစပ်အနာ – ပါးစပ်မှာ ဖြစ်တတ်တဲ့ အနာသေးသေးလေးတွေကို ရှားစောင်းအနှစ် လိမ်းပေးရင် ပိုးသေပြီး အမြန်သက်သာစေနိုင်ပါတယ်။

ဝက်ခြံ – ဒါကတော့ လူတိုင်းသိထားပြီးဖြစ်မှာပါ။ ရှားစောင်းလက်ပပ်က ဝက်ခြံကိုသက်သာစေပြီး အသားအရေချော မွတ်စေနိုင်ပါတယ်။ ဓာတ်မတည့်တဲ့သူတွေကလွဲပြီး ရှားစောင်းအနှစ် သို့မဟုတ် ရှားစောင်းကိုအခြေခံတဲ့ ဂျယ်လ်၊ ခရင်မ် လိမ်းပေးရင် ဝက်ခြံကင်းစေပါလိမ့်မယ်။

ဝမ်းချုပ်ခြင်း – ရှားစောင်းလက်ပပ်ချက်ဆေး ဆိုတာလည်း ကြားဖူးကြမှာပေါ့။ အသားမှာ လိမ်းလို့ရသလို စားမယ်ဆိုလည်း ဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို စားရင် ဝမ်းချုပ်သက် သာစေနိုင်ပါတယ်။ ဒါပေမယ့် သူ့နည်းနဲ့သူရှိကြတာမို့ အိမ်သုံးဆေးနည်းဖြစ်ဖြစ်၊ တိုင်းရင်းဆေးနည်းဖြစ်ဖြစ် နည်းလမ်းမှန်ကို လေ့လာပြီးမှစားသုံးသင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အစိမ်း စားမိတာ လွန်ကဲရင် ဗိုက်အောင့်၊ ဝမ်းပျက်တာနဲ့ တခြား ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။

ဆီးချိုသွေးချို – ရှားစောင်းလက်ပပ်က သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို ကျစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါပေမယ့် အင်ဆူလင်ဆေး အပါအဝင် ဆီးချိုအတွက် ဆရာဝန်ညွှန်းထားတဲ့ ဆေးတွေနဲ့ ဓာတ်ပြုသက်ရောက်မှုတွေရှိနိုင်လို့ သတိထားစေချင်ပါတယ်။

ရှား စောင်းလက်ပပ်အနှစ်၊ ဂျယ်လ်၊ ခရင်မ် အကုန်လုံးက အရေပြားအတွက်ဆို ဘေးမရှိပေမယ့် စားဖို့အတွက်တော့ သတိထားဖို့အရေးကြီးပါတယ်။ သူက ဆီးဆေး၊ နှလုံးရောဂါဆေးတချို့၊ သွေးကျဲဆေး၊ ဆီးချိုဆေး တို့လို ဆေးဝါးတချို့ရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်လို့ ကိုယ့်သဘောနဲ့ကိုယ် ရှားစောင်းကို မစားသင့်ပါဘူး။

ကိုယ့်ကျန်းမာရေးကြောင့် ဆေးဝါးတွေကို ရေရှည်စွဲသောက် နေရတဲ့သူတွေအတွက်တော့ ဒီရှားစောင်းတစ်မျိုးတင်မကဘဲ တခြားဆေးဖက်ဝင်ပစ္စည်းတွေကိုလည်း သတိနဲ့ သုံးစွဲသင့်ပါတယ်နော်။ ဘယ်ဆေးဖက်ဝင်မဆို “တန်ရင်ဆေး၊ လွန်ရင် ဘေး” ပါပဲ။

Credit : hello sayar won

“ရထားသံလမ်းဘေးက အိမ်ခြေ (၈၀) စာရဲ့ စားဝတ်နေရေးကို ခဏတာ ပြေလည်စေခဲ့တဲ့ ဝေဠုကျော်ရဲ့ အလှူလေး”

Zawgyi

ရထားသံလမ္းေဘးက အိမ္ေျခ (၈၀) စာရဲ႕ စားဝတ္ေနေရးကို ခဏတာ ေျပလည္ေစခဲ့တဲ့ ေဝဠဳေက်ာ္ရဲ႕ အလႉေလး

က်ပ္တည္းလြန္းတဲ့ ဒီလိုကာလေတြမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကို ျပည္သူအခ်င္းခ်င္း မၾကည့္ရက္လို႔ တတ္ႏိုင္တဲ့ ေနရာေတြကေန ကူညီေဖးမလ်က္ရွိၾကပါတယ္ ။

ႏိုင္ငံေရး အေျခအေနေတြေရာ ၊ ကိုဗစ္ေရာဂါျဖစ္ပြားမႈေတြေရာ ဆုံသြားတာေၾကာင့္ အေတာ္ေလး အဆင္မေျပၾကတဲ့ ျပည္သူေတြ ေနရာတိုင္းမွာ မ်ားစြာရွိေနပါတယ္ ။

လက္လုပ္လက္စား ျပည္သူေတြဆို ပိုလို႔ေတာင္ စားဝတ္ေနေရး အခက္အခဲေတြကို ႀကဳံေတြ႕ေနရပါတယ္ ။

ဒါေၾကာင့္ ခုရက္ပိုင္းေတြမွာဆိုရင္ ခက္ခဲက်ပ္တည္းေနတဲ့ အေျခခံလူတန္းစားေတြ အတြက္ ေစတနာ အလႉရွင္ေတြ စုေပါင္းၿပီး

စားေသာက္ကုန္ေတြကို လိုက္လံ လႉဒါန္းေပးတာေတြ လုပ္လာၾကတာ ေတြ႕ရပါတယ္ ။

အခုလည္း ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကေနၿပီး မဂၤလာေတာင္ၫြန႔္ ရထားသံလမ္းေဘးမွာ ေနထိုင္တဲ့ အိမ္ေျခ (၈၀)

စာအတြက္ တစ္အိမ္ေထာင္ကို ပုဇြန္ေက်ာ့ ၊ ဆန္ (၂) ျပည္ နဲ႔ ဆီတို႔ကို လႉဒါန္းေပးခဲ့တာေၾကာင့္ ခက္ခဲေနသူေတြကို ခဏတာ အဆင္ေျပေစခဲ့ပါတယ္ ။

ပရိသတ္ႀကီး အတြက္ ေဝဠဳေက်ာ္ရဲ႕ အလႉေလးကို ေဝမွ်ေပးလိုက္ပါရေစ ။

Yuan – Cele Zone

Photo – Wai Lu Kyaw

Unicode

ရထားသံလမ်းဘေးက အိမ်ခြေ (၈၀) စာရဲ့ စားဝတ်နေရေးကို ခဏတာ ပြေလည်စေခဲ့တဲ့ ဝေဠုကျော်ရဲ့ အလှူလေး

ကျပ်တည်းလွန်းတဲ့ ဒီလိုကာလတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။

နိုင်ငံရေး အခြေအနေတွေရော ၊ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေရော ဆုံသွားတာကြောင့် အတော်လေး အဆင်မပြေကြတဲ့ ပြည်သူတွေ နေရာတိုင်းမှာ များစွာရှိနေပါတယ် ။

လက်လုပ်လက်စား ပြည်သူတွေဆို ပိုလို့တောင် စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ် ။

ဒါကြောင့် ခုရက်ပိုင်းတွေမှာဆိုရင် ခက်ခဲကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေ အတွက် စေတနာ အလှူရှင်တွေ စုပေါင်းပြီး

စားသောက်ကုန်တွေကို လိုက်လံ လှူဒါန်းပေးတာတွေ လုပ်လာကြတာ တွေ့ရပါတယ် ။

အခုလည်း ဝေဠုကျော် ဖောင်ဒေးရှင်းကနေပြီး မင်္ဂလာတောင်ညွန့် ရထားသံလမ်းဘေးမှာ နေထိုင်တဲ့ အိမ်ခြေ (၈၀) စာအတွက် တစ်အိမ်ထောင်ကို ပုဇွန်ကျော့ ၊

ဆန် (၂) ပြည် နဲ့ ဆီတို့ကို လှူဒါန်းပေးခဲ့တာကြောင့် ခက်ခဲနေသူတွေကို ခဏတာ အဆင်ပြေစေခဲ့ပါတယ် ။

ပရိသတ်ကြီး အတွက် ဝေဠုကျော်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါရစေ ။

Yuan – Cele Zone

Photo – Wai Lu Kyaw

“အိမ်ထောင်စု (၁၀၀)အတွက် စားသောက်ကုန်တွေလှူဒါန်းပေးလိုက်တဲ့ ရေဗက္ကာဝင်း”

Zawgyi

အိမ္ေထာင္စု (၁၀၀)အတြက္ စားေသာက္ကုန္ေတြလႉဒါန္းေပးလိုက္တဲ့ ေရဗကၠာဝင္း

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္ ေရဗကၠာဝင္းကေတာ့ လတ္တေလာမွာကပ္ေဘးေတြေၾကာင့္

စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြကို စာနာမႈအျပည့္နဲ႔ လိုအပ္တာေတြကို လိုက္လံလႉဒါန္းေပးေနခဲ့ပါတယ္။

အရင္ကတည္းပလည္း အလႉအတန္းေတြကို ျပဳလုပ္ေနက်ျဖစ္ေပမဲ့ အခုကာလမွာေတာ့ ေရဗကၠာဝင္းက ပိုမိုလႉဒါန္းေပးေနခဲ့တာပါ။

ျပည္သူေတြအတြက္ အမွန္တကယ္လိုအပ္ေနတဲ့ စားေသာက္ကုန္ေတြနဲ႔ အဝတ္အထည္ေတြကိုလည္း ကိုယ္တိုင္ေရာ အလႉရွင္ေတြဆီကပါအလႉခံၿပီးေတာ့ကို လႉဒါန္းေပးေနခဲ့တာပါ။

ဒီေန႔မွာလည္း ေရဗကၠာဝင္းက အိမ္ေထာင္စု (၁၀၀)စာအတြက္ စားေသာက္ကုန္ေတြကို ကာလ ဒါနအလႉေလးအေနနဲ႔ လႉဒါန္းေပးခဲ့ပါတယ္။

တစ္အိမ္ေထာင္လွ်င္ ဆန္(၃)ျပည္၊ ဟင္းခ်က္ဆီ(၁)လီတာနဲ႔ ၾကက္သြန္နီ(၂)ပိႆာတို႔ကို လႉဒါန္းေပးခဲ့ၿပီး စုစုေပါင္းအိမ္ေထာင္စု(၁၀၀)စာအတြက္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ ေရဗကၠာဝင္းရဲ႕ ကာလဒါနအလႉေလးကို ပရိသတ္ေတြက သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Rebecca Win

Unicode

အိမ်ထောင်စု (၁၀၀)အတွက် စားသောက်ကုန်တွေလှူဒါန်းပေးလိုက်တဲ့ ရေဗက္ကာဝင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ရေဗက္ကာဝင်းကတော့ လတ်တလောမှာကပ်ဘေးတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့

ပြည်သူတွေကို စာနာမှုအပြည့်နဲ့ လိုအပ်တာတွေကို လိုက်လံလှူဒါန်းပေးနေခဲ့ပါတယ်။

အရင်ကတည်းပလည်း အလှူအတန်းတွေကို ပြုလုပ်နေကျဖြစ်ပေမဲ့ အခုကာလမှာတော့ ရေဗက္ကာဝင်းက ပိုမိုလှူဒါန်းပေးနေခဲ့တာပါ။

ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ စားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေကိုလည်း ကိုယ်တိုင်ရော အလှူရှင်တွေဆီကပါအလှူခံပြီးတော့ကို လှူဒါန်းပေးနေခဲ့တာပါ။

ဒီနေ့မှာလည်း ရေဗက္ကာဝင်းက အိမ်ထောင်စု (၁၀၀)စာအတွက် စားသောက်ကုန်တွေကို ကာလ ဒါနအလှူလေးအနေနဲ့ လှူဒါန်းပေးခဲ့ပါတယ်။

တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ဟင်းချက်ဆီ(၁)လီတာနဲ့ ကြက်သွန်နီ(၂)ပိဿာတို့ကို လှူဒါန်းပေးခဲ့ပြီး စုစုပေါင်းအိမ်ထောင်စု(၁၀၀)စာအတွက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ရေဗက္ကာဝင်းရဲ့ ကာလဒါနအလှူလေးကို ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Rebecca Win

“မြောက်ဒဂုံဘက်က လူအယောက် (၁၀၀) စာအတွက် မွန်မြတ်လွန်းတဲ့ ပီတိဖြစ်စရာ အလှူလေးကို ပြုလုပ်ခဲ့တဲ့ မမဆောင်း”

Zawgyi

ေျမာက္ဒဂုံဘက္က လူအေယာက္ (၁၀၀) စာအတြက္ မြန္ျမတ္လြန္းတဲ့ ပီတိျဖစ္စရာ အလႉေလးကို ျပဳလုပ္ခဲ့တဲ့ မမေဆာင္း

မမေဆာင္းကေတာ့ လူတိုင္းအေပၚလည္း ကူညီခ်င္စိတ္ရွိၿပီး သူမ ရရွိတဲ့ အႏုပညာေၾကးေတြနဲ႔လည္း အလႉအတန္းေတြမ်ားစြာ ျပဳလုပ္ေလ့ ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း သူမရဲ႕႐ိုးရွင္းစြာ ေနထိုင္တတ္တဲ့သူမရဲ႕ပုံစံေလးကို ခ်စ္ခင္ေနၾကတာလည္း ျဖစ္ပါတယ္။

ယေန႔မွာလည္း ခ်စ္ရတဲ့ မိတ္ေဆြေတြနဲ႔ စုေပါင္းကာ ေျမာက္ဒဂုံ ေအာင္ခ်မ္းသာ ၄ ရပ္ကြက္က အိမ္ေျခ (၁၀၀) စာအတြက္ စားေသာက္ကုန္မ်ားနဲ႔ အလႉေငြမ်ားကို သြားေရာက္ လႉဒါန္းခဲ့ပါတယ္ ။

ဒီလိုကာလမွာ နည္းသာမ်ားသည္ ပါဝင္လႉဒါန္းျခင္းကလည္း မြန္ျမတ္လြန္းတာမို႔ လက္ခံရရွိသူလည္း ပီတိၾကမွာပါ ။

အလႉလက္ခံရရွိတဲ့ပုံရိပ္ေတြနဲ႔ အတူ ” ဒီေန႔ မမေဆာင္း နဲ႔ We love Ma Ma တို႔အလႈ ေျမာက္ဒဂုံ ေအာင္ခ်မ္းသာ ၄ ရပ္ကြက္ မွာ အလႈေငြ အိမ္ေျခ၁၀၀ တတ္ႏိုင္သေလာက္လႈဒါန္းခဲ့ပါတယ္ေန႔ာ

ပါဝင္လႈဒါန္းေပးသူမ်ားေက်းဇူးပါ ပူေပါင္း အလႈမွာ ဖိတ္ေခၚေပးတဲ့ မလွမ်ိဳးသၪၥာႏြယ္ နဲ႔ လင္းသာသူ က မသက္မြန္ ေက်းဇူး ပါရွင့္) ” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – မမေဆာင္း

Unicode

မြောက်ဒဂုံဘက်က လူအယောက် (၁၀၀) စာအတွက် မွန်မြတ်လွန်းတဲ့ ပီတိဖြစ်စရာ အလှူလေးကို ပြုလုပ်ခဲ့တဲ့ မမဆောင်း

မမဆောင်းကတော့ လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိပြီး သူမ ရရှိတဲ့ အနုပညာကြေးတွေနဲ့လည်း အလှူအတန်းတွေများစွာ ပြုလုပ်လေ့ ရှိသူတစ်ယောက် ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူမရဲ့ရိုးရှင်းစွာ နေထိုင်တတ်တဲ့သူမရဲ့ပုံစံလေးကို ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

ယနေ့မှာလည်း ချစ်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ မြောက်ဒဂုံ အောင်ချမ်းသာ ၄ ရပ်ကွက်က အိမ်ခြေ (၁၀၀) စာအတွက် စားသောက်ကုန်များနဲ့ အလှူငွေများကို သွားရောက် လှူဒါန်းခဲ့ပါတယ် ။

ဒီလိုကာလမှာ နည်းသာများသည် ပါဝင်လှူဒါန်းခြင်းကလည်း မွန်မြတ်လွန်းတာမို့ လက်ခံရရှိသူလည်း ပီတိကြမှာပါ ။

အလှူလက်ခံရရှိတဲ့ပုံရိပ်တွေနဲ့ အတူ ” ဒီနေ့ မမဆောင်း နဲ့ We love Ma Ma တို့အလှု မြောက်ဒဂုံ အောင်ချမ်းသာ ၄ ရပ်ကွက် မှာ အလှုငွေ အိမ်ခြေ၁၀၀ တတ်နိုင်သလောက်လှုဒါန်းခဲ့ပါတယ်နေ့ာ

ပါဝင်လှုဒါန်းပေးသူများကျေးဇူးပါ ပူပေါင်း အလှုမှာ ဖိတ်ခေါ်ပေးတဲ့ မလှမျိုးသဉ္စာနွယ် နဲ့ လင်းသာသူ က မသက်မွန် ကျေးဇူး ပါရှင့်) ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – မမဆောင်း