Categories
Uncategorized

သင့်အိမ်မှ အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)ခု

Zawgyi

သင့္အိမ္မွ အဝတ္ေလွ်ာ္စက္ကို ပ်က္စီးေစႏိုင္ေသာ အဝတ္ေလွ်ာ္နည္းအမွား (၇)ခု

အဝတ္ေလွ်ာ္စက္ေတြ ေပၚလာတာဟာ လူေတြကို အားအင္ကုန္ခမ္းျခင္းကို ေလ်ာ့ခ်ေပးႏိုင္ခဲ့ပါတယ္။ အခ်ိန္ကုန္၊ လူပင္ပန္းသက္သာတာေၾကာင့္ အိမ္တိုင္းနီးပါးမွာ အသုံးျပဳေနၾကတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္ အဝတ္ေလွ်ာ္စက္ နဲ႔ အဝတ္ေလွ်ာ္သူေတြ ျပဳလုပ္ေလ့ရွိတဲ့ အမွားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာ မသုံးျခင္း – သင့္မိသားစုဝင္ေတြ တခါတေလမွာ ဖ်ားနာတာေတြ ရွိႏိုင္ပါတယ္။ ဖ်ားနာၿပီး ဝတ္ဆင္ထားတဲ့ အဝတ္အစားေတြ ၿပီးေတာ့ အဖ်ားပိုး ကူးစက္ခံထားရတဲ့ အဝတ္အစားေတြဟာ သာမန္ အဝတ္ေလွ်ာ္ ဆပ္ျပာနဲ႔ ပိုးမႊားေတြ မေသႏိုင္ပါဘူး။ ဒါေၾကာင့္ ပိုးသတ္ေဆးပါတဲ့ ဆပ္ျပာကို သုံးရင္း ေရာဂါပိုးကို ကာကြယ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၂) အဝတ္ေလွ်ာ္စက္ကို သန႔္ရွင္းေရး မလုပ္ျခင္း – အဝတ္ေလွ်ာ္စက္က ေရထည့္လိုက္ ဆပ္ျပာထည့္လိုက္ လုပ္ေနတာ မွန္ပါတယ္။ ဒါေပမဲ့ ၁ လ တခါေတာ့ သန႔္ရွင္းေရး လုပ္ေပးေစခ်င္ပါတယ္။ လည္ပတ္တဲ့ေနရာနဲ႔ အဝတ္ကို သန႔္စင္ေပးတဲ့ ေနရာေတြမွာ ေၾကး (ဂ်ီး) ေတြ ပိတ္ေနတတ္လို႔ သြားတိုက္တံနဲ႔ ျဖစ္ျဖစ္၊ ေရေႏြးနဲ႔ ျဖစ္ျဖစ္ သန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္

(၃) အဝတ္ကို ေျပာင္းျပန္ လွန္ေလွ်ာ္ပါ – သင့္ရဲ႕ ဂ်င္းေဘာင္းဘီ၊ ဆြယ္တာ၊ အေႏြး ထည္ စတာေတြကို ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ၿပီး ေလွ်ာ္သင့္ပါတယ္။ အဝတ္အစားေတြဟာ အသားနဲ႔ ထိၿပီးအေရျပားေပၚက ေၾကး(ဂ်ီး)ေတြ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အဝတ္ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ဖို႔ မေမ့ပါနဲ႔။ အေရျပားေပၚက ေၾကး(ဂ်ီး)ေတြ ကပ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အဝတ္ေလွ်ာ္တဲ့အခါ ေျပာင္းျပန္လွန္ဖို႔ မေမ့ပါနဲ႔။

(၄) အဝတ္အမ်ားႀကီး ထည့္ေလွ်ာ္တာကို ေရွာင္ပါ – အဝတ္ေလွ်ာ္စက္ေတြဟာ ႀကီးမားၿပီး အဝတ္ထည့္စရာ ေနရာ အက်ယ္ႀကီးပါတယ္ ဆိုေပမယ့္ ကြၽမ္းက်င္သူေတြရဲ႕ ေျပာစကားအရ သင့္အဝတ္ကိုလည္း ေနရာလြတ္ေပးဖို႔ လိုပါတယ္။ ဒီလို ေနရာလြတ္ ေပးမွသာ သင့္အဝတ္ေတြကို က်ယ္က်ယ္ဝန္းဝန္းနဲ႔ ေလွ်ာ္ဖြတ္ႏိုင္လို႔ ေျပာင္မွာ ျဖစ္ပါတယ္။

(၅)။ အဝတ္ေလွ်ာ္အိတ္မပါဘဲ အတြင္းခံ ႏွင့္‌ ေျခအိတ္ေတြကို ထည့္ေလွ်ာ္ျခင္း – ကိန္းဂဏန္းမ်ား အရ အဝတ္ေလွ်ာ္စက္ႏွင့္ ပတ္သက္တဲ့ ျပႆနာအမ်ားစုဟာ drum နဲ႔ သက္ဆိုင္ပါတယ္။ အဝတ္ေလွ်ာ္အိတ္နဲ႔ ေလွ်ာ္တဲ့ အခါ ေသးငယ္တဲ့ အရာဝတၱဳေတြ filter ထဲ ေရာက္သြားေတာ့မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ သင့္ရဲ႕ အတြင္းခံေတြကိုလည္း ေလ်ာ့တြဲသြားတာမ်ိဴး မျဖစ္ေတာ့ပါဘူး။

(၆)။ ဆပ္ျပာအမ်ားႀကီး သုံးျခင္း – ဆပ္ျပာမ်ားမ်ားသုံးေလ အဝတ္ေတြပိုသန႔္ေလလို႔ လူေတြကအထင္မွားေနတက္ၾကပါတယ္။ ဒါက မမွန္ကန္ပါဘူး။ ဆပ္ျပာ အလြန္အကြၽံ သုံးတဲ့ အခါ ႀကီးမားတဲ့ ျပႆနာေတြကိုသာ ျဖစ္ေပၚေစပါတယ္။ ဉပမာ- ဆပ္ျပာ အျမႇပ္ေတြကေန ေရထြက္ေပါက္ကို ပိတ္ဆို႔ေစပါတယ္။ ဆပ္ျပာမ်ားတဲ့ အခါ အဝတ္မွာ ဆပ္ျပာေတြမေျပာင္တာမ်ိဴးလည္းျဖစ္တက္ပါတယ္။

(၇)။ စည္းကမ္းေတြကို လိုက္နာပါ – သင့္အဝတ္ေလွ်ာ္စက္ကို ၾကာရွည္ခံေစခ်င္တယ္ ဆိုရင္ေတာ့ အဝတ္ေလွ်ာ္စက္ တခုအတြက္ လိုက္နာရမယ့္ စည္းကမ္းေတြကို လိုက္နာဖို႔ လိုပါတယ္။ အဝတ္အေျခာက္ခံတဲ့ အခါမွာလည္း စက္က သတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း အေျခာက္ခံဖို႔ လိုအပ္ပါတယ္။ ကေလးအ႐ုပ္၊ တဘက္ စတာေတြကို ေလွ်ာ္ဖြတ္တဲ့အခါ စက္က ခံႏိုင္ရည္ ရွိသေလာက္ကိုသာ ထည့္ၿပီး ေလွ်ာ္ဖြတ္သင့္ပါတယ္။

သင့္မွာ အဝတ္ေလွ်ာ္စက္ ရွိေနရက္နဲ႔ ေခါင္းအုံးစြပ္၊ အိပ္ယာခင္း စတာေတြကို ေသခ်ာ ေလွ်ာ္ဖြတ္ဖို႔ မေမ့ပါနဲ႔လို႔ သတိေပးခ်င္ပါတယ္။

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳

Unicode

သင့်အိမ်မှ အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)ခု

အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။ ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ မသုံးခြင်း – သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့ အဝတ်အစားတွေဟာ သာမန် အဝတ်လျှော် ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း – အဝတ်လျှော်စက်က ရေထည့်လိုက် ဆပ်ပြာထည့်လိုက် လုပ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။ လည်ပတ်တဲ့နေရာနဲ့ အဝတ်ကို သန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး (ဂျီး) တွေ ပိတ်နေတတ်လို့ သွားတိုက်တံနဲ့ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်

(၃) အဝတ်ကို ပြောင်းပြန် လှန်လျှော်ပါ – သင့်ရဲ့ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေး ထည် စတာတွေကို လျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီးအရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။ အရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

(၄) အဝတ်အများကြီး ထည့်လျှော်တာကို ရှောင်ပါ – အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာ နေရာ အကျယ်ကြီးပါတယ် ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ သင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့ လိုပါတယ်။ ဒီလို နေရာလွတ် ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာ ဖြစ်ပါတယ်။

(၅)။ အဝတ်လျှော်အိတ်မပါဘဲ အတွင်းခံ နှင့်‌ ခြေအိတ်တွေကို ထည့်လျှော်ခြင်း – ကိန်းဂဏန်းများ အရ အဝတ်လျှော်စက်နှင့် ပတ်သက်တဲ့ ပြဿနာအများစုဟာ drum နဲ့ သက်ဆိုင်ပါတယ်။ အဝတ်လျှော်အိတ်နဲ့ လျှော်တဲ့ အခါ သေးငယ်တဲ့ အရာဝတ္တုတွေ filter ထဲ ရောက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အတွင်းခံတွေကိုလည်း လျော့တွဲသွားတာမျိူး မဖြစ်တော့ပါဘူး။

(၆)။ ဆပ်ပြာအများကြီး သုံးခြင်း – ဆပ်ပြာများများသုံးလေ အဝတ်တွေပိုသန့်လေလို့ လူတွေကအထင်မှားနေတက်ကြပါတယ်။ ဒါက မမှန်ကန်ပါဘူး။ ဆပ်ပြာ အလွန်အကျွံ သုံးတဲ့ အခါ ကြီးမားတဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်စေပါတယ်။ ဉပမာ- ဆပ်ပြာ အမြှပ်တွေကနေ ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။ ဆပ်ပြာများတဲ့ အခါ အဝတ်မှာ ဆပ်ပြာတွေမပြောင်တာမျိူးလည်းဖြစ်တက်ပါတယ်။

(၇)။ စည်းကမ်းတွေကို လိုက်နာပါ – သင့်အဝတ်လျှော်စက်ကို ကြာရှည်ခံစေချင်တယ် ဆိုရင်တော့ အဝတ်လျှော်စက် တခုအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့ လိုအပ်ပါတယ်။ ကလေးအရုပ်၊ တဘက် စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီး လျှော်ဖွတ်သင့်ပါတယ်။

သင့်မှာ အဝတ်လျှော်စက် ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာ လျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳

Categories
Uncategorized

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက်

Zawgyi

ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္

ပုံမွန္ ဝင္ေငြရွိၿပီး လက္ထဲမွာ ပိုက္ဆံ မစုမိသူမ်ား အတြက္ ဒါေလးေတြ လုပ္လိုက္ပါ အိုေကသြားလိမ့္မယ္ေနာ္ ပိုက္ဆံ စုတယ္ ဆိုတာ ရည္မွန္းခ်က္ တစ္ခု ထားၿပီး ေရရွည္ တည္ေဆာက္ ထားသင့္တဲ့ အေလ့အက်င့္ တစ္ခုျဖစ္ပါတယ္။

ေငြေၾကး ေအာင္ျမင္မႈမွာ ပိုက္ဆံ ဘယ္ေလာက္ ဝင္တယ္ ဆိုတာထက္ ဘယ္ေလာက္ စုႏိုင္တယ္ ဆိုတာက ပိုအေရးႀကီးပါတယ္… ။ လူေတြက မဝင္ေသးတဲ့ ပိုက္ဆံကို ေမွ်ာ္ကိုးၿပီး အေႂကြး ယူတတ္ၾကတယ္။ ဒါက အဓိက မွားယြင္းေနတဲ့ အခ်က္ပဲ။ ကြၽန္ေတာ္တို႔ေတြ ပိုက္ဆံစုေနတဲ့အခ်ိန္မွာ ဘယ္လို ဗ်ဴဟာေတြ သုံးရမလဲဆိုတာ အခ်က္က်က် တင္ျပခ်င္ပါတယ္။

၁။ သုံးၿပီးမွ မစုေလနဲ႔ …

လစာထုတ္တာနဲ႔ လိုခ်င္တဲ့ပစၥည္းေတြကို ဝယ္ၿပီးမွ ပိုက္ဆံ စုတတ္ၾကတယ္။ တကယ္တမ္းေတာ့ လစဥ္ စုေဆာင္းမယ့္ ပိုက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လိုအပ္တဲ့အရာေတြကို ဝယ္သင့္ပါတယ္။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ ပိုက္ဆံကို သီးသန႔္ ခ်န္ထားသင့္ပါတယ္။

၂။ တံဆိပ္စြဲ မထားေလနဲ႔…

ဆယ္သိန္းေလာက္ရွိတဲ့ ( i P h o n e ) ဝယ္မယ့္အစား အတန္အသင့္ သုံးလို႔ေကာင္းတဲ့ ႏွစ္သိန္းတန္ စမတ္ဖုန္း တစ္လုံးကို ဝယ္ၿပီး က်န္တဲ့ ရွစ္သိန္းကို စုေဆာင္းလိုက္တာက ပိုအဓိပၸာယ္ ရွိပါတယ္။ နာမည္ႀကီး တံဆိပ္ရဲ႕ေနာက္မွာ လိုက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ ပစၥည္းကို သုံးသင့္တဲ့ သေဘာပါ။ ဆိုင္ ထိုင္မယ္ဆိုရင္ နာမည္ႀကီးဆိုင္မွာ ထိုင္တာထက္ အစားအေသာက္ေကာင္းတဲ့ ဆိုင္မွာ ထိုင္တာက ပိုအရသာရွိသလို ေငြကုန္လည္း သက္သာေစပါတယ္။

၃။ အေသးအဖြဲေလးေတြကို ဂ႐ုစိုက္ပါ…

အေအးဘူး ဝယ္ေသာက္လိုက္လို႔ ငါးရာပဲကုန္တာ တစ္ခါတေလမွာ ဘာမွမျဖစ္ေပမယ့္ ႀကိမ္ဖန္မ်ားလာရင္ “ ဆိတ္ဖန္မ်ား အနာျဖစ္ ” တတ္ပါတယ္။ ဥပမာ – စတိုးဆိုင္ေတြက ေပးလိုက္တဲ့ ႂကြတ္ႂကြတ္အိတ္ေတြကို လႊင့္မပစ္ဘဲနဲ႔ အမႈိက္ထည့္တဲ့ အိတ္လုပ္မယ္ဆိုရင္ အမႈိက္အိတ္ကုန္ေငြ သက္သာတဲ့သေဘာပါ။

၄။ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာသုံးၾကည့္ပါ…

ပစၥည္းတစ္ခု ဝယ္ခ်င္တယ္ဆိုရင္ ခ်က္ခ်င္း မဝယ္ေသးပါနဲ႔ဦး ။ ႏွစ္ပတ္ေလာက္ ေစာင့္လိုက္ပါ။ ႏွစ္ပတ္ေလာက္ ၾကာေတာ့မွ ကိုယ္ကလည္း တကယ္ လိုခ်င္တယ္ေနတယ္ ၊ ပစၥည္းကလည္း လိုအပ္ေနတယ္ဆိုေတာ့မွ ဝယ္လိုက္ပါ ။ ေစာင့္ေနတဲ့ အေတာအတြင္းမွာ တျခားလူဝယ္လို႔ ကုန္သြားမွာ စိတ္မပူပါနဲ႔ ။ ပိုေကာင္း ပိုလွတဲ့ ပစၥည္းေတြ ဆိုင္မွာ ေရာက္ေနပါၿပီ။

၅။ အင္တာနက္ ေလ်ာ့သုံးပါ…

ကိုယ့္အလုပ္ဟာ အင္တာနက္ နဲ႔ မသက္ဆိုင္ဘူးဆိုရင္ တစ္ေန႔မွာ တစ္နာရီထက္ ပိုမသုံးပါနဲ႔။ အင္တာနက္ ကို ႐ိုး႐ိုးသုံးတာထက္စာရင္။

၆။ လိုအပ္တာလား လိုခ်င္တာလား…

လူေတြဟာ ကိုယ့္အတြက္ တကယ္မလိုအပ္တဲ့ ပစၥည္းေတြကိုမွ လိုခ်င္ေနမိတတ္တယ္။ “ မလိုအပ္တဲ့အရာေတြကို ဝယ္မိရင္ လိုအပ္တာေတြ ထုတ္ေရာင္းရမယ္ ” ဆိုတဲ့ ဝါရင့္ဘန႔္ဖတ္ရဲ႕ စကားအတိုင္းပဲ ဆႏၵေနာက္ မလိုက္မိပါေစနဲ႔။

ေနာက္ဆုံး အေရးႀကီးတာက ပိုက္ဆံစုတဲ့အခါမွာ ရည္မွန္းခ်က္ထားၿပီး စုတတ္ဖို႔ပဲ။ ရည္မွန္းခ်က္ထားၿပီး ပိုက္ဆံစုတာက ပိုအဓိပၸာယ္ရွိသလို ပန္းတိုင္သတ္မွတ္ၿပီး ေလွ်ာက္လွမ္းတဲ့ ဘဝဟာ အႏွစ္သာရ ျပည့္ဝေနတာေပါ့။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓

Unicode

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက်

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ဒါလေးတွေ လုပ်လိုက်ပါ အိုကေသွားလိမ့်မယ်နော် ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။

ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့ …

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ် စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့် ပိုက်ဆံကို သီးသန့် ချန်ထားသင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့…

ဆယ်သိန်းလောက်ရှိတဲ့ ( i P h o n e ) ဝယ်မယ့်အစား အတန်အသင့် သုံးလို့ကောင်းတဲ့ နှစ်သိန်းတန် စမတ်ဖုန်း တစ်လုံးကို ဝယ်ပြီး ကျန်တဲ့ ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ် ရှိပါတယ်။ နာမည်ကြီး တံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့ သဘောပါ။ ဆိုင် ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာ ထိုင်တာထက် အစားအသောက်ကောင်းတဲ့ ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ…

အအေးဘူး ဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ ဆိတ်ဖန်များ အနာဖြစ် ” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့ အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ…

ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး ။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက် ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ် ၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ ။ စောင့်နေတဲ့ အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာ စိတ်မပူပါနဲ့ ။ ပိုကောင်း ပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာ ရောက်နေပါပြီ။

၅။ အင်တာနက် လျော့သုံးပါ…

ကိုယ့်အလုပ်ဟာ အင်တာနက် နဲ့ မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက် ကို ရိုးရိုးသုံးတာထက်စာရင်။

၆။ လိုအပ်တာလား လိုချင်တာလား…

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “ မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ် ” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့ စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံး အရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ ဘဝဟာ အနှစ်သာရ ပြည့်ဝနေတာပေါ့။

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓

Categories
Uncategorized

အခုလို ကြီးမားတဲ့ ဂျပန်ရဲ့ ရေအောက်မြို့တော်ကြီးကို ဘယ်သူတွေက ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့တာလဲ

Zawgyi

အခုလို ႀကီးမားတဲ့ ဂ်ပန္ရဲ႕ ေရေအာက္ၿမိဳ႕ေတာ္ႀကီးကို ဘယ္သူေတြက ခက္ခက္ခဲခဲနဲ႔ တည္ေဆာက္ခဲ့တာလဲ

ဂ်ပန္ႏိုင္ငံမွာ ရွိတဲ့ Yonaguni Jima ေရွးေဟာင္း ေရေအာက္ၿမိဳ႕ေတာ္ႀကီးက‌ေတာ့ ကမာၻလွည့္ခရီးသြားေတြအတြက္ ဆြဲေဆာင္ထားရာ ေနရာတစ္ခုျဖစ္ပါတယ္။

အဆိုပါ ေရေအာက္ၿမိဳ႕ေတာ္ Yonaguni Jima ဟာ ထိုင္ဝမ္အေရွ႕ဘက္ကမ္း႐ိုးတန္းမွ ၇၅ မိုင္ (၁၂၀ ကီလိုမီတာ) ခန႔္အကြာ ဂ်ပန္ Ryukyu ကြၽန္းစုရဲ႕ ေတာင္ဘက္စြန္းအနီးမွာ တည္ရွိတာပါ။

အဆိုပါၿမိဳ႕‌ေတာ္ဟာ အနက္ ၂၅ မီတာ [၈၂ ေပ] ကေန တက္လာတဲ့ စတုဂံပုံ ပိရမစ္ကဲ့သို႔ေသာ အထိမ္းအမွတ္ အေဆာက္အအုံႀကီးျဖစ္ၿပီး ေတြ႕ရွိထားတဲ့ စုစုေပါင္း ၿမိဳ႕အပ်က္အစီးမ်ားဟာ ၉၈၄ ေပ ႏွင့္ ၄၉၂ ေပ ( ၃၀၀ မီတာ ႏွင့္ ၁၅၀ မီတာ ) အထိက်ယ္ဝန္းပါတယ္။

အေဆာက္အအုံထဲမွာလည္း ေခတ္မွီတဲ့ ယဥ္ေက်းမ်ားပါဝင္တဲ့ ရဲတိုက္အပ်က္အစီးမ်ား၊ ေအာင္ပြဲခံမုခ္ဦးတစ္ခု၊ ဘုရားေက်ာင္းငါးခုႏွင့္ အနည္းဆုံး အားကစားကြင္းႀကီးတစ္ခု ပါဝင္ပါတယ္။

အေဆာက္အအုံအားလုံးရဲ႕ လမ္းမ်ားကေတာ့ ေရလမ္းေၾကာင္းမ်ားကို အဓိက ဆယ္သြယ္ေဖာက္ထားၿပီး ႀကီးမားတဲ့ နံရံမ်ားရွိတာ ေတြ႕ရပါတယ္။ ဒီအေဆာက္အအုံႀကီးကို ၁၉၈၆ ခုႏွစ္မွာ ေဒသခံေရငုပ္သမားတစ္ဦးက ပထမဆုံးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ပညာရွင္မ်ားကတာ့ အဲ့ဒီ ေရွးေဟာင္း အေဆာက္အအုံႀကီးက ႏွစ္ေပါင္း ၅၀၀၀ သက္တမ္းရွိၿပီး ဒါဟာ အရင္က ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ အႂကြင္းအက်န္ေတြကို ယုံၾကည္ထားၾကတာပါ။တခ်ိဳ႕ကေတာ့ ဒီေရွးေခတ္ၿမိဳ႕ေတာ္ႀကီးဟာ ငလ်င္လႈပ္ခတ္ၿပီး ဆူနာမီလႈိင္းလုံးႀကီးေအာက္ေပ်ာက္ကြယ္သြားေၾကာင္း ေျပာဆိုၾကတာေတြလည္း ရွိပါတယ္။

အဲ့ဒီၿမိဳ႕ႀကီးကို ဘီစီ ၁၂၀၀၀ အေစာပိုင္းက အဆိုပါကြၽန္းေပၚမွာ ေနထိုင္ခဲ့ၾကတဲ့ Jomon လူမ်ိဳးမ်ားက တည္ေဆာက္ထားတာလို႔ ပညာရွင္မ်ားက ယူဆထားၾကပါတယ္။

လက္ရွိမွာ ဂ်ပန္ အဆိုးရက အဆိုပါ ေရွးေဟာင္း အေဆာက္အအုံႀကီးေတြရွိတဲ့ ကြၽန္းမွာ ခရီးသြားမ်ားႏွင့္ သုေတသီမ်ားကို လြတ္လပ္စြာ ေလ့လာခြင့္ျပဳထားခဲ့ပါတယ္။

မူရင္းေရးသူအား ေလးစားစြာ Creditေပးပါသည္။

Unicode

အခုလို ကြီးမားတဲ့ ဂျပန်ရဲ့ ရေအောက်မြို့တော်ကြီးကို ဘယ်သူတွေက ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့တာလဲ

ဂျပန်နိုင်ငံမှာ ရှိတဲ့ Yonaguni Jima ရှေးဟောင်း ရေအောက်မြို့တော်ကြီးက‌တော့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်ထားရာ နေရာတစ်ခုဖြစ်ပါတယ်။

အဆိုပါ ရေအောက်မြို့တော် Yonaguni Jima ဟာ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းမှ ၇၅ မိုင် (၁၂၀ ကီလိုမီတာ) ခန့်အကွာ ဂျပန် Ryukyu ကျွန်းစုရဲ့ တောင်ဘက်စွန်းအနီးမှာ တည်ရှိတာပါ။

အဆိုပါမြို့‌တော်ဟာ အနက် ၂၅ မီတာ [၈၂ ပေ] ကနေ တက်လာတဲ့ စတုဂံပုံ ပိရမစ်ကဲ့သို့သော အထိမ်းအမှတ် အဆောက်အအုံကြီးဖြစ်ပြီး တွေ့ရှိထားတဲ့ စုစုပေါင်း မြို့အပျက်အစီးများဟာ ၉၈၄ ပေ နှင့် ၄၉၂ ပေ ( ၃၀၀ မီတာ နှင့် ၁၅၀ မီတာ ) အထိကျယ်ဝန်းပါတယ်။

အဆောက်အအုံထဲမှာလည်း ခေတ်မှီတဲ့ ယဉ်ကျေးများပါဝင်တဲ့ ရဲတိုက်အပျက်အစီးများ၊ အောင်ပွဲခံမုခ်ဦးတစ်ခု၊ ဘုရားကျောင်းငါးခုနှင့် အနည်းဆုံး အားကစားကွင်းကြီးတစ်ခု ပါဝင်ပါတယ်။

အဆောက်အအုံအားလုံးရဲ့ လမ်းများကတော့ ရေလမ်းကြောင်းများကို အဓိက ဆယ်သွယ်ဖောက်ထားပြီး ကြီးမားတဲ့ နံရံများရှိတာ တွေ့ရပါတယ်။ ဒီအဆောက်အအုံကြီးကို ၁၉၈၆ ခုနှစ်မှာ ဒေသခံရေငုပ်သမားတစ်ဦးက ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပညာရှင်များကတာ့ အဲ့ဒီ ရှေးဟောင်း အဆောက်အအုံကြီးက နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိပြီး ဒါဟာ အရင်က မြို့တစ်မြို့ရဲ့ အကြွင်းအကျန်တွေကို ယုံကြည်ထားကြတာပါ။တချို့ကတော့ ဒီရှေးခေတ်မြို့တော်ကြီးဟာ ငလျင်လှုပ်ခတ်ပြီး ဆူနာမီလှိုင်းလုံးကြီးအောက်ပျောက်ကွယ်သွားကြောင်း ပြောဆိုကြတာတွေလည်း ရှိပါတယ်။

အဲ့ဒီမြို့ကြီးကို ဘီစီ ၁၂၀၀၀ အစောပိုင်းက အဆိုပါကျွန်းပေါ်မှာ နေထိုင်ခဲ့ကြတဲ့ Jomon လူမျိုးများက တည်ဆောက်ထားတာလို့ ပညာရှင်များက ယူဆထားကြပါတယ်။

လက်ရှိမှာ ဂျပန် အဆိုးရက အဆိုပါ ရှေးဟောင်း အဆောက်အအုံကြီးတွေရှိတဲ့ ကျွန်းမှာ ခရီးသွားများနှင့် သုတေသီများကို လွတ်လပ်စွာ လေ့လာခွင့်ပြုထားခဲ့ပါတယ်။

မူရင်းရေးသူအား လေးစားစွာ Creditပေးပါသည်။

Categories
Uncategorized

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!