ဆရာမဘဝကို စွန့်ကာ C D Mလုပ်ပြီးဈေးသည်ဘဝကို ဂုဏ်ယူနေတဲ့ ပြည်သူ့ ဆရာမတစ်ဦး
Zawgyi
Unicode
CDMအားလုံးသို့အလေးပြုလျက်ဂုဏ်ယူတယ်ဆရာမCDM စျေးသည်ဘဝကိုဇာတိမာန်သီချင်းလည်းဆိုကဗျာသင်လည်းနားဝင်ချိုလှပီတိ ဝမ်းမြောက်အားရှိ လောက်တဲ့သီချင်းတွေ ရသမျိုးစုံနိုင်နင်းလှပသီဆိုပြ စွယ်စုံရတယ်။အာဇာနည်နေ့ရောက်အလေးပြုပါတယ်သီချင်းနဲ့ဂုဏ်ပြုဆိုပြတပြည့်တွေမျက်ရည်ကျတယ်။
ဓမ္မသီချင်း စောင်းကြိုးညှင်းတီးခတ်သံသာ ဆရာမရဲ့တေးသံမှာနှစ်ချိုက်စီးမြော သဒ္ဒါတရားတွေပေါ်ထွက်ယုံကြည်ချက်အမြစ်ခိုင်ခဲ့တယ်။နိုင်ငံသားပီသဆရာမရဲ့အဆုံးအမကြားမှာဆယ်ကျော်သက်ဘဝ ဥာဏ်မှီသလောက်တွေးဓမ္မ အဓမ္မ ရွေးထုတ်ပေးနိုင်ခဲ့တယ်။
CDM ဆရာမ တပြည့်တွေကိုဓမ္မဘက် လမ်းပြနိုင်ပြီ ဂုဏ်ယူပါတယ်ဆရာမ။ဒါ..ငါတို့ဆရာမလို့တပြည့်တွေလက်မထောင့်ဝင့်ကြွားနိုင်အောင် ဦးဆောင်ခဲ့ပြီအာဇာနည်နေ့ ကျေးဇူးမမေ့ကြေးအလေးပြုပါတယ် ဂုဏ်ပြုတေး ပြန်ကြားချင်လိုက်ပါဘိ ဆရာမရယ်..အရေးတော်ပုံအမြန်အောင်ပါစေ။ဆရာမနှင့်တကွCDMဝန်ထမ်းများသို့ဂုဏ်ပြုလျက်ပါ။
ကျွန်တော်တို့ရဲ့ Shwe Myanmar သတင်းများကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အများပြည်သူ သိရှိနိုင်ရန် ထပ်ဆင့် Share ပေးဖို့ တောင်းဆိုပါရစေ… မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘယကင်းဝေးကြပါစေ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ
တ ရု တ် နို င် ငံ က လှူဒါန်းထားသော C O V I D ကာကွယ်ဆေးကို ပညာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးမည်
Zawgyi
Unicode
တရုတ်နိုင်ငံက လှူဒါန်းထားသော COVID-19ကာကွယ်ဆေး Sinopharm ကို ပညာရေး ဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးမည်ဖြစ်ပြီး အရေအတွက် အကန့်အသတ်ဖြင့် ရရှိမည်ဖြစ်၍ ထိုးနှံခွင့်ရသူများ မပျက်မကွက်ထိုးနှံရန် အသိပေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။
တရုတ်နိုင်ငံက လှူဒါန်းထားသော COVID-19ကာကွယ်ဆေး Sinopharm များကို မကြာမီ ထိုးနှံပေးမည်ဖြစ်ပြီး တိုင်းဒေ သကြီးနှင့်ပြည်နယ်အလိုက် လူဦးရေ၊ ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်ကာ ခွဲတမ်းများ ခွဲဝေ ချထားပေးထားကြောင်းနှင့် ဦးစားပေးထိုးနှံ မည့်စာရင်းတွင် အခြေခံပညာမှ အဆင့်မြင့် ပညာအထိ ပညာရေးဝန်ထမ်းများ ပါဝင်ပြီး COVID-19 ကာကွယ်ဆေး အလုံးရေ သိန်း ဂဏန်းသာရှိ၍ အကန့်အသတ်ဖြင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အထက် တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၂၇၀၀ ကျော်တွင် စာရင်းအရ ကျောင်းသား ကျောင်းသူဦးရေ ၁၀ သိန်းကျော်ရှိကြောင်း၊ ဆရာဆရာမဦးရေစာရင်းအရ မူလတန်းပြ ၁၅၁၈၈ ဦး၊ အလယ်တန်းပြ ၁၆၀၅၂ ဦးနှင့် အထက်တန်းပြ ၅၁၀၆ ဦးရှိကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့် ဇွန် ၁ ရက်တွင် ၂၀၂၁-၂၀၂၂ ပညာသင်ကြား ရေးလုပ်ငန်းစဉ်များကို စတင်ဆောင် ရွက် မည်ဖြစ်၍
ကျောင်းများကို COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသားကျောင်းသူများ မကြာခဏ လက်ဆေးနိုင်ရန်စီစဉ်ထားခြင်း၊ ကျောင်း သားတစ်ဦးလျှင် ပြန်လည်အသုံးပြုနိုင်သည့် Mask နှစ်ခုနှုန်း၊ Face Shieldနှင့် ကျောင်း သုံး ဖတ်စာအုပ်များအပြင် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို ပညာရေးဝန်ကြီးဌာနက အခမဲ့ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ၂၄ ရက်မှ မေလကုန်အထိ သတ်မှတ်ထား ပြီး မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိ ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာသင် နှစ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၁ ခုနှစ် မေ ၂၄ ရက် (တနင်္လာနေ့) မှ မေ ၃၁ ရက် (တနင်္လာနေ့) အထိ သတ်မှတ်ထားသဖြင့် ယင်းကာလအတွင်း
အတန်းအားလုံး ကျောင်း အပ်နှံကြရန်နှင့် ကျောင်းအပ်နှံရာတွင် မည် သည့် အခကြေးငွေမျှ လုံးဝ (လုံးဝ)ကောက် ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်း သားအားလုံးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ် များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံ များနှင့် COVID-19 ကြိုတင်ကာကွယ်ရေး အတွက် Mask နှင့် Face Shield များကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။
ယခင် အခြေခံပညာအထက်တန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်မှုများဆောင်ရွက်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက်မှစ၍ အထက်တန်းအဆင့် စာသင်ကျောင်း ၆၅၀၀ ကျော်ကို ဖွင့်လှစ်နိုင် ခဲ့ပြီး COVID-19ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားလာမှုကြောင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂ရရက်မှစတင်ပြီး ကျောင်းများပြန် လည်ပိတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျွန်တော်တို့ရဲ့ Shwe Myanmar သတင်းများကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အများပြည်သူ သိရှိနိုင်ရန် ထပ်ဆင့် Share ပေးဖို့ တောင်းဆိုပါရစေ… မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘယကင်းဝေးကြပါစေ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ…
စာ ခိုး ချ လို့ မ ရ အောင် ကျောင်းသားတွေကို ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး စာမေးပွဲဖြေခိုင်း
Zawgyi
Unicode
စာခိုးချလို့ မရအောင် ကျောင်းသားတွေကို ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး စာမေးပွဲဖြေခိုင်း
မက္ကဆီကိုနိုင်ငံက ကျောင်းဆရာတစ်ဦးကတော့ ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေရာမှာ စာခိုးချလို့ မရအောင် ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းပြီး ဖြေခိုင်းတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါပြီ။
တီလက်ကာလာပြည်နယ်က စာသင်ကျောင်းတစ်ကျောင်းမှာ ဒီ ဖြစ်ရပ် ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး အဲဒီ ကျောင်းဆရာရဲ့ ပုံမှန်မဟုတ်တဲ့ စာမေးပွဲဖြေခိုင်းတဲ့ ပုံစံကြောင့် ကျောင်းသားမိဘတွေဟာ စိတ်ဆိုးဒေါသထွက်ကြပြီး ဒီကျောင်းဆရာကို အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုနေကြကြောင်း သတင်းတွေက ဖော်ပြပါတယ်။
လူဝစ်ဂါရက်တီဇစ်ဆိုတဲ့ ဒီကျောင်းဆရာဟာ ကျင့်ဝတ်နဲ့ စံတန်ဖိုး သင်ကြားတဲ့ ကျောင်းဆရာဖြစ်ပြီး ကျောင်းသားတွေ စာမခိုးချနိုင်အောင် ကတ်ထူဘူးခွံတွေ ခေါင်းမှာ စွပ်ခိုင်းခဲ့တာလို့ မီဒီယာက ဖော်ပြပါတယ်။
သတင်းထုတ်ပြန်ချက်အရ မိဘတွေဟာ ကျောင်းဆရာ ဂါရက်တီဇစ်အနေနဲ့ တပည့်တွေအပေါ် ဘယ်လိုမျိုး လူမဆန်စွာ ဆက်ဆံမယ်ဆိုတာ မသိနိုင်တာကြောင့် ကျောင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ သူ့ကို အလုပ်ထုတ်ပေးရန် အာဏာပိုင်တွေထံ တောင်းဆိုကြပါတယ်။
ခုလို ဆိုးဝါးတဲ့ အပြုအမူဟာ သည်းခံနိုင်စရာ အကြောင်းမရှိတာကြောင့် မျက်ကွယ်မပြုဖို့လည်း မိဘတွေက ပြောကြပါတယ်။မိဘတွေဖက်က စိတ်ဆိုးဒေါသထွက်တာကို တုံ့ပြန်ဖြေရှင်းတာအဖြစ် အဲဒီ စာသင်ကျောင်းဟာ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် တစ်မူကွဲတဲ့ လေ့ကျင့်သင်ကြားပေးခြင်းမျိုးဖြစ်တယ်ဆိုပြီး ဖြေရှင်းတုံ့ပြန်ထားပါတယ်။
ဆိုင်ကယ်ရော လူပါ မနေ့က ပျောက်သွားပြီး ဒီမနက်တွင် သေဆုံးလျက်သာ ပြန်တွေ့ခဲ့ရတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်
Zawgyi
Unicode
လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအားလုံး စိတ်သောကများစွာ ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြတဲ့ သတင်းတွေကလည်း နေ့စဉ်နဲ့အမျှ
လူမှုကွန်ယက်များတွင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဒီနေ့မနက်တွင်လည်း မွန်ပြည်နယ် ကျိုက်မရောမြို့က စိတ်မကောင်းစရာသတင်းတစ်ခုကို ပြည်သူတစ်ဦးမျှ ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။
မနေ့ညနေ ( ၄ ) နာရီ ဝန်းကျင်လောက်က မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ အံကရဲကျေးရွာတွင် တာဝန်ကျနေသောမုဒုံမြို့နယ်မှ ကျောင်းဆရာမတစ်ဦးဟာ စံပယ်ဂူလမ်းဟောင်းမာလကာတံတားပေါ်တွင် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ကယ်ရောလူပါ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်များက အပူတပြင်းရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ဆရာမလေးရဲ့ အလောင်းကို ချောင်းတစ်ခုထဲတွင် မျောနေတာကို တွေ့ရှိခဲ့ရပါတယ်။ဆိုင်ကယ်ကို လုပြီး လူသတ်ခဲ့တာဖြစ်မယ်လို့ ဒေသခံများက ရေးသားပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် စားဝတ်နေရေးခက်ခဲနေတဲ့ အခြေအနေများကြောင့် လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီကာလကြီးမှာ မိန်းကလေးတွေအနေနဲ့ တစ်ယောက်တည်း
အပြင်တွေ မသွားသင့်ဘဲသူငယ်ချင်းအဖော်တစ်ဦးနဲ့သာ သွားကြဖို့ အကြုံပြုတိုက်တွန်းလိုပါတယ်။ ကွယ်လွန်သွားတဲ့ ဆရာမလေးလည်းကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader
နတ်သမီးလေးအလား ထင်မှတ်နေရသည့် တက္ကသိုလ်တစ်ခုမှ အလှတို့၏ဘုရင် မမဆရာမလေ
Zawgyi
စာဖတ်သူတို့အနေဖြင့် နိုင်ငံကျော်ဆယ်လီနှင့်ရုပ်ရှင်မင်းသမီးတို့သာ ချောမောလှပနေသည်ဟု ထင်မှတ်နေသော အတွေးလေးတွေကို ဖျောက်ဖျက်လိုက်ပါတော့ဟု အရင်ဆုံးအသိပေးချင်ပါတယ်
crd
Unicode
စာဖတ်သူတို့အနေဖြင့် နိုင်ငံကျော်ဆယ်လီနှင့်ရုပ်ရှင်မင်းသမီးတို့သာ ချောမောလှပနေသည်ဟု ထင်မှတ်နေသော အတွေးလေးတွေကို ဖျောက်ဖျက်လိုက်ပါတော့ဟု အရင်ဆုံးအသိပေးချင်ပါတယ္
ဗီယက်နမ်နိုင်ငံမှ အလွန်ချောမောလှပလွန်းလှတဲ့ တက္ကသိုလ်ဆရာမတစ်ဦးနှင့် စာဖတ်သူတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ဆရာမလေးရဲ့နာမည်ကတော့ Trinh Phuong Thaoသိရပြီး စီးပွားရေးမဟာဘွဲ့နှင့် အခြားဘွဲ့များစွာကို ရရှိထားသူ ဖြစ်ပါတယ်
ဆရာမဟာ အလွန်ထူးချွန်ထက်မြက်ပြီး စာသင်ပြရာတွင်လည်း အလွန်နာမည်ကြီးနေခဲ့ပြီး နိုင်ငံတော်အဖွဲ့အစည်းတစ်ခုဖြစ်သော ဗဟိုလူငယ်များ သမဂ္ဂမှချီးမြှင့်သော
ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း ၅နှစ်ဆက်တိုက် ရရှိထားသူဖြစ်ပါတယ်ဆရာမလေးဟာ စာသင်ကြားရာတွင်ပင် ထူးချွန်ထက်မြက်နေခြင်းမျိုးမဟုတ်ဘဲ အခြားနိုင်ငံ၏ အကျိုးတိုးတက်စေရေးအတွက် အားကြိုးမာန်တတ်ဖြင့် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်
crd
စ စ် ဘေး ရှော င် စ ခ န်း မှာ စာသင်ပေးနေတဲ့ ကလေးတစ်ယောက်ရဲ့အလွဲတစ်ခုကြောင့် အားလုံးသဘောကျပြီး အူတက်အောင်ရယ်မောခဲ့ရတဲ့ ဗီဒီယိုလေး
Zawgyi
Crd….
Unicode
စစ်ဘေးရှောင်စခန်းမှာ စာသင်ပေးနေတဲ့ ကလေးတစ်ယောက်ရဲ့အလွဲတစ်ခုကြောင့် အားလုံးသဘောကျပြီး အူတက်အောင်ရယ်မောခဲ့ရတဲ့ ဗီဒီယိုလေး
အာဏာသိမ်းကာလအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုဆိုရင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူပေါင်းသိန်းချီခန့် ရှိနေပြီပဲ ဖြစ်ပါတယ် ။ စစ်ဘေးသင့် ပြည်သူတွေထဲမှာတော့ အရွယ်မရောက်သေးတဲ့
ကလေးငယ်လေးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ် ။ သူတို့ခမျာ လူကြီးတွေနဲ့အတူ တောတွေတောင်တွေထဲမှာ စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရှင်သန်နေကြရှာတာ ဖြစ်ပါတယ် ။
အခုဆိုရင်လည်း စစ်ဘေးရှောင်စခန်းတစ်ခုက ကလေးတွေရဲ့ဗီဒီယိုဖိုင်လေးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လို့နေတာ ဖြစ်ပါတယ်။
ဒီဗီဒီယိုက ကြည့်ရှုသူ အများအပြားရရှိထားသလို ပြည်သူတွေရဲ့သဘောကျနှစ်သက်မှုကို ရယူထားနိုင်တာလည်း တွေ့ရတာ ဖြစ်ပါတယ် ။
ဗီဒီယိုထဲမှာတော့ ကလေးတစ်ယောက်က အရှေ့ထွက်ပြီး ကျန်တဲ့ကလေးတွေကို စာသင်ပြပေးနေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။
စာသင်ပေးနေတဲ့ ကလေးလေးက ရုတ်တရက်ဆိုသလို အလွဲတစ်ခုပြောချလိုက်တဲ့အခါမှာတော့ အားလုံးသဘောကျပြီး ရယ်မောခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဗီဒီယိုရိုက်ကူးနေတဲ့သူကလည်း ဒီကလေးလေးရဲ့စကားကိုကြားပြီး ရယ်ခဲ့ရသလို ကြည့်ရှုလိုက်ရတဲ့ ပြည်သူတွေအနေနဲ့လည်း မရယ်ဘဲမနေနိုင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။
ပင်ပန်းခက်ခဲမှုတွေများလွန်းတဲ့ ဒီလိုနေရာမှာ ကလေးတွေကြောင့် ခဏတာ ရယ်မောပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်လေးကို မှတ်တမ်းတင်ခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Crd….
ဗီဒီယိုလေးဖိုင်ကြည့်ရန်
ကျောင်းဆရာလေးရဲ့ ရ င် နာ စ ရာ နော က် ဆုံး ခ ရီး
Zawgyi
Unicode
အခုချိန်ထိ မပြီးဆုံးနိုင်သေးတဲ့ ဒီတော်လှန်ရေးမှာတော့ ပြည်သူတွေအကုန်လုံးက တစ်သွေးတည်း၊တစ်သားတည်းရှိပြီး ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် လူငယ်သူရဲကောင်းလေးတွေကလည်း ဘဝရဲ့လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရရာလက်နက်ကိုဆွဲကိုင်ကာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။
သူရဲကောင်းအချင်းချင်းကလည်း တစ်ယောက်ကိုတစ်ယောက် အသက်ပေးပြီးကာကွယ်ရတဲ့အထိရဲဘော်၊ရဲဘက်စိတ်ဓာတ်အပြည့်ရှိကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ကျောင်းဆရာလေးတစ်ယောက်က CDM လုပ်ထားတဲ့အပြင် နိုင်ငံအတွက်၊မင်းကင်းနယ်အတွက်တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ကျောင်းဆရာလေးက နိုင်ငံတော်နဲ့ သူ့ရဲ့တပည့်လေးတွေအတွက်တစ်ထောင့်တစ်နေရာကနေ ကြိုးစားအားထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးချိန်မှာတပ်ပြန်ဆုတ်ဖို့အတွက် ကျောင်းဆရာလေးက ရေမကူးတတ်ဘဲနဲ့တောင် လှေတွန်းပေးခဲ့တာဖြစ်ပါတယ်။လှေဦးမှာထိုင်ပြီး နောက်ချန်တပ်ဖွဲ့တွေအတွက် ကာပစ်ပေးခဲ့လို့ ကျောင်းဆရာလေးခမျာ ကျည်ထိမှန်ပြီးကျဆုံးသွားတာဖြစ်ပါတယ်။
အမေတစ်ခု၊သားတစ်ခုဘဝမှာ သားဖြစ်သူကျောင်းဆရာလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကလည်း “သူ့သားအတွက် အမိန့်မပြန်နဲ့၊အဆုံးထိတိုက်ပါစေ”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။
သားလေးနဲ့အပြီးတိုင်ခွဲခွါလိုက်ရတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ မိခင်ခများ သတိရရင် ကြည့်ဖို့အတွက် အုတ်ဂူလေးသာစီစဉ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်
အနာဂတ်မျိုးစက်သစ်လေးတွေကို ပညာအမွေပေးမယ့် ကျောင်းဆရာလေးကတော့ ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ရင်း အသက်ပေးလှူသွားတဲ့အကြောင်းလေးကို ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ခြံထွက်သီးနှံလေးတွေရောင်းတာ ဒီနေ့၅ထောင်ဖိုးရောင်း ရတယ္လို့ ရယ်ရင်းပြောလာတဲ့MTF ရဲ့ မီးအိမ်ရှင်ဆုကို ရရှိခဲ့တဲ့ဆရာမ
Zawgyi
အခုတော့ လိပ်ပြာလုံစွာ ခြံထွက်သီးနှံတွေကို ဈေးမှာ
Unicode
ခြံထွက်သီးနှံလေးတွေရောင်းတာ ဒီနေ့၅ထောင်ဖိုးရောင်း ရတယ္လို့ ရယ်ရင်းပြောလာတဲ့MTF ရဲ့ မီးအိမ်ရှင်ဆုကို ရရှိခဲ့တဲ့ဆရာမ
ဒီဆရာမကို မှတ်မိကြမယ်ထင်ပါတယ်
မြန်မာကဗျာလေးတွေကို အသံချိုချိုအေးအေးနဲ့ ဆို
ပြီးစာသင်တာကြောင့် အားလုံးချီးကျူးခဲ့ကြတဲ့အပြင်
MTF ရဲ့ မီးအိမ်ရှင်ဆုကို ရရှိခဲ့တဲ့ဆရာမ။
အခုတော့ လိပ်ပြာလုံစွာ ခြံထွက်သီးနှံတွေကို စျေးမှာ
သွားရောင်းနေလေရဲ့ …။ ဒီနေ့တော့ ၅၀၀၀ ဖိုးရောင်း ရလို့နေ့တွက်ကိုက်ပါသတဲ့။
လေးစားပါတယ်ဆရာမ.မကြာခင်အောင်ပွဲရတော့မှာပါ။..,
ဆရာမရဲ့အသံချိုချိုကဗျာလေးတွေကိုမျော်နေကြမယ့်တပည်လေးတွေအတွက်.fightingsအရေးတော်ပုံအောင်ကိုအောင်ရမည်။
Credit to Original Uploader
စ စ် ကျွ န် ပ ညာ ရေး လ က် အော က် မှာ ရ ရှိ ခဲ့ တဲ့ ဘွဲ့ လ က် မှ တ် ကို မ လို ချ င် လို့ ဖျ က် ဆီး ပြ လို က် တဲ့ လူ င ယ် တ စ် ဦး
Zawgyi
Unicode
ကျနော်ကိုယ်တိုင် ရထားတဲ့ ဘွဲ့လက်မှတ် အကူအညီမပါဘဲ ရပ်တည်ခဲ့ရသူဖြစ်၍ စစ်ကျွန်ပညာရေးလက်အောက်မှာ
အချိန်ကုန်ခဲ့ရသော လူငယ်များအား ရည်ရွယ်၍ ရရှိထားတဲ့ ဘွဲ့လက်မှတ်အား မီးရှို့ကမ်ပိန်း လှုပ်ရှားမှုပါ။
ပေးပို့-CJ (မှတ်ချက်။ ပေးပို့သူက ပုံအားမဖျက်ဆီးဘဲ ပေးပို့ပေးတာပါ)