Categories
အထွေထွေဗဟုသုတ

အလုပ်ဆင်းရန် မျက်မမြင်ဖခင်ဖြစ်သူအား နေ့စဉ် တုတ်ချောင်းဖြင့် ရှေ့ကနေဦးဆောင်လမ်းပြပေးလေ့ရှိတဲ့ ၅နှစ်အရွယ် သမီးငယ်လေး

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံမွခ်စ္စရာေကာင္းတဲ့အသက္ ၅ ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ဦးဟာ သူမ၏ မ်က္မျမင္ဖခင္ျဖစ္သူ Nelson Pepe အားေန႔စဥ္အလုပ္သို႔ေခၚေဆာင္သြားပုံကိုမွတ္တမ္းတင္ထားတဲ့ဗီဒီယိုတစ္ခုဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Rubylyn Capunes Pabillion အမည္ရွိ အမ်ိဳးသားဟာ Facebook ေပၚတြင္ အဆိုပါၾကည္ႏူးစရာဗီဒီယိုကိုတင္ေပးခဲ့ၿပီး “ ဒါက Dodong လို႔ေခၚတဲ့မ်က္မျမင္အမ်ိဳးသားတစ္ဦးနဲ႔ သူ႔ရဲ႕ ၅ႏွစ္အ႐ြယ္သမီးေလးတစ္ဦးရဲ႕အေၾကာင္းပါ။

ကေလးမေလးက သူ႔အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ သူ႔အဖကို လယ္ကြင္းသို႔သြားတာ သို႔မဟုတ္ အိမ္သို႔ျပန္တာေတြကို အေရွ႕ကေန လမ္းျပဖို႔ ကူညီေပးေလ့ရွိတယ္ ၊ ေက်းဇူးျပဳၿပီး ဒီဗီဒီယိုကို share ျခင္းျဖင့္သူတို႔ကိုကူညီေပးပါ၊ ဒါကအားလုံးအတြက္လႈံ႕ေဆာ္မႈတစ္ခုျဖစ္ေစမွာပါ ” ဟုေရးသားေဖာ္ျပေပးခဲ့တာပါ။

ဗီဒီယိုထဲအရ အျဖဴေရာင္ဝတ္စုံဝတ္ထားတဲ့ သမီးေလး Jenny ဟာ တုတ္ေခ်ာင္းကိုအသုံးျပဳၿပီး Southern Leyte ျပည္နယ္ Sogod ရွိအုန္းၿခံတစ္ဝိုက္မွာ ဖခင္ျဖစ္သူ Pepe အား ေရွ႕ကေနလမ္းျပေပးေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ထို႔ေနာက္ ဖခင္ Pepe ဟာသမီးျဖစ္သူရဲ႕အကူအညီျဖင့္ ေရသြားေသာက္ေနတာကိုလည္းျမင္ေတြ႕ႏိုင္ပါတယ္။ ABS-CBNသတင္းအရ Pepeဟာ ေန႔စဥ္အုန္းပင္အပင္ ၆၀ ကိုတက္ကာ PHP 300 ( ေဒၚလာ ၅.၅၄ )ရရွိပါတယ္။

သူဟာ မ်က္စိကြယ္ေနေပမဲ့ သူ႔မိသားစုကိုေထာက္ပံ့ျခင္းကို မရပ္တန႔္ခဲ့ပါဘူး။၎သုံးမိနစ္စာဗီဒီယိုဟာ သူမ၏ဖခင္အား Jenny ၏ခ်စ္ခင္မႈႏွင့္သစၥာရွိမႈကိုျပသသည့္အေနႏွင့္ Facebook ေပၚတြင္အလ်င္အျမန္ျပန႔္ႏွံ႔သြားၿပီး sharer ေပါင္း ၅၀,၀၀၀ ေက်ာ္အထိရွိခဲ့ၿပီး ကမာၻတစ္ဝွမ္းရွိေထာင္ေပါင္းမ်ားစြာေသာလူမႈမီဒီယာအသုံးျပဳသူမ်ားဟာ အေဖနဲ႔သမီးတို႔၏ဗီဒီယိုဖိုင္ေၾကာင့္ ႏွလုံးသားထိမိသြားခဲ့ၾကရပါတယ္။

ထို႔ေနာက္ ဗီဒီယိုေၾကာင့္ ၎တို႔သားအဖဟာ Rating K မဂၢဇင္းရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့တာေၾကာင့္၎တို႔ရဲ႕အကူအညီျဖင့္ ဖခင္ Pepe ဟာ ေနာက္ဆုံးတြင္ သူ၏မ်က္လုံးအေျခအေနကိုေရာဂါရွာေဖြရန္ မနီလာၿမိဳ႕သို႔သြားခဲ့ရပါတယ္။Pepe ဟာ မ်က္စိျမင္လႊာပ်က္စီးေစသည့္ retinal detachment ႏွင့္ retinitis pigmentosaဟုေခၚေသာရွားပါးမ်ိဳး႐ိုးမ်က္စိေရာဂါရွိခဲ့ေနပါတယ္။

ေဆးဘက္ဆိုင္ရာအကူအညီအျပင္ ၎တို႔က Pepe အပါအဝင္ သူ႔ကေလးသုံးေယာက္နဲ႔ဇနီးျဖစ္သူတို႔ကို အႏၲရာယ္နည္းတဲ့ပတ္ဝန္းက်င္သို႔ ေနရာေျပာင္းေပးခဲ့ၿပီး သူ႔ကို အသက္ေမြးဝမ္းေက်ာင္းသင္တန္းမ်ားေပးခဲ့ၾကပါတယ္။

Unicode

ဖိလစ်ပိုင်နိုင်ငံမှချစ်စရာကောင်းတဲ့အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဟာ သူမ၏ မျက်မမြင်ဖခင်ဖြစ်သူ Nelson Pepe အားနေ့စဉ်အလုပ်သို့ခေါ်ဆောင်သွားပုံကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတစ်ခုဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ Rubylyn Capunes Pabillion အမည်ရှိ အမျိုးသားဟာ Facebook ပေါ်တွင် အဆိုပါကြည်နူးစရာဗီဒီယိုကိုတင်ပေးခဲ့ပြီး “ ဒါက Dodong လို့ခေါ်တဲ့မျက်မမြင်အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ ၅နှစ်အရွယ်သမီးလေးတစ်ဦးရဲ့အကြောင်းပါ။

ကလေးမလေးက သူ့အသက်အရွယ်နဲ့မလိုက်အောင် သူ့အဖကို လယ်ကွင်းသို့သွားတာ သို့မဟုတ် အိမ်သို့ပြန်တာတွေကို အရှေ့ကနေ လမ်းပြဖို့ ကူညီပေးလေ့ရှိတယ် ၊ ကျေးဇူးပြုပြီး ဒီဗီဒီယိုကို share ခြင်းဖြင့်သူတို့ကိုကူညီပေးပါ၊ ဒါကအားလုံးအတွက်လှုံ့ဆော်မှုတစ်ခုဖြစ်စေမှာပါ ” ဟုရေးသားဖော်ပြပေးခဲ့တာပါ။

ဗီဒီယိုထဲအရ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ သမီးလေး Jenny ဟာ တုတ်ချောင်းကိုအသုံးပြုပြီး Southern Leyte ပြည်နယ် Sogod ရှိအုန်းခြံတစ်ဝိုက်မှာ ဖခင်ဖြစ်သူ Pepe အား ရှေ့ကနေလမ်းပြပေးနေတာကို တွေ့မြင်နိုင်ပါတယ်။ထို့နောက် ဖခင် Pepe ဟာသမီးဖြစ်သူရဲ့အကူအညီဖြင့် ရေသွားသောက်နေတာကိုလည်းမြင်တွေ့နိုင်ပါတယ်။ ABS-CBNသတင်းအရ Pepeဟာ နေ့စဉ်အုန်းပင်အပင် ၆၀ ကိုတက်ကာ PHP 300 ( ဒေါ်လာ ၅.၅၄ )ရရှိပါတယ်။

သူဟာ မျက်စိကွယ်နေပေမဲ့ သူ့မိသားစုကိုထောက်ပံ့ခြင်းကို မရပ်တန့်ခဲ့ပါဘူး။၎င်းသုံးမိနစ်စာဗီဒီယိုဟာ သူမ၏ဖခင်အား Jenny ၏ချစ်ခင်မှုနှင့်သစ္စာရှိမှုကိုပြသသည့်အနေနှင့် Facebook ပေါ်တွင်အလျင်အမြန်ပြန့်နှံ့သွားပြီး sharer ပေါင်း ၅၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိထောင်ပေါင်းများစွာသောလူမှုမီဒီယာအသုံးပြုသူများဟာ အဖေနဲ့သမီးတို့၏ဗီဒီယိုဖိုင်ကြောင့် နှလုံးသားထိမိသွားခဲ့ကြရပါတယ်။

ထို့နောက် ဗီဒီယိုကြောင့် ၎င်းတို့သားအဖဟာ Rating K မဂ္ဂဇင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာကြောင့်၎င်းတို့ရဲ့အကူအညီဖြင့် ဖခင် Pepe ဟာ နောက်ဆုံးတွင် သူ၏မျက်လုံးအခြေအနေကိုရောဂါရှာဖွေရန် မနီလာမြို့သို့သွားခဲ့ရပါတယ်။Pepe ဟာ မျက်စိမြင်လွှာပျက်စီးစေသည့် retinal detachment နှင့် retinitis pigmentosaဟုခေါ်သောရှားပါးမျိုးရိုးမျက်စိရောဂါရှိခဲ့နေပါတယ်။

ဆေးဘက်ဆိုင်ရာအကူအညီအပြင် ၎င်းတို့က Pepe အပါအဝင် သူ့ကလေးသုံးယောက်နဲ့ဇနီးဖြစ်သူတို့ကို အန္တရာယ်နည်းတဲ့ပတ်ဝန်းကျင်သို့ နေရာပြောင်းပေးခဲ့ပြီး သူ့ကို အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခဲ့ကြပါတယ်။

Categories
အထွေထွေဗဟုသုတ

ရှေးလူကြီးများက ခွေးလိုမနေနှင့် သိုးတွေလိုနေဟု ဆုံးမရခြင်း၏ အကြောင်းအရင်း

Zawgyi

ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေနဟု ဆုံးမၾကျခင္း အေၾကာင္းအရင္း

” ေခြးက်င့္ေခြးႀကံ ”

တစ္ေန႔တြင္ ေတာကစားထြက္လာေသာ ဘုရင္က ႐ြာအနီး ျမက္ခင္းတြင္ သိုးအုပ္ႀကီးကို ေတြ႕လိုက္ရသျဖင့္ သူႏွင့္အတူ ျမင္းစီးကာ ေဘးခ်င္း ယွဥ္လိုက္လာေသာ ပညာရွိ အမတ္ႀကီးကို ေမးလိုက္ေလသည္။ အမတ္ႀကီး ဘယ္မွာ ၾကည့္လိုက္ ၾကည့္လိုက္ သိုးေတြက အုပ္စုလိုက္ ေတြ႕ရတယ္ေနာ္ ” ” ေခြးေတြကိုေတာ့ ဘာျဖစ္လို႔ အဲဒီလို အုပ္စုလိုက္ မေတြ႕ရတာလဲ။ မွန္လွပါ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကို မနက္ျဖန္မွ ေျဖပါရေစဘုရား ”

ေကာင္းၿပီေလ …

ထိုေန႔ နန္းေတာ္ကို ျပန္ေရာက္လာသည့္ ညေနတြင္ အမတ္ႀကီးက အခန္းႏွစ္ခန္းကို ျပင္ဆင္ေစသည္။

အခန္းတစ္ခန္းထဲတြင္ အသားပုံႀကီးတစ္ပုံကို ခ်ထားၿပီး ေခြး အေကာင္ ၂၀ ကို ထည့္ကာ ေသာ့ပိတ္ထား လိုက္သည္။ အျခား အခန္းထဲတြင္ ျမက္ထုံးမ်ားကို ခ်ကာ သိုးအေကာင္ ၂၀ ကို အခန္းအတြင္း ေမာင္းသြင္းၿပီး တံခါး ပိတ္ထားလိုက္ေလသည္။ ေနာက္တစ္ေန႔ နံနက္တြင္ အမတ္ႀကီးက သူစီမံထားသည့္ အေၾကာင္းအရာကို မင္းႀကီးအား ေလွ်ာက္တင္ကာ အခန္းမ်ားဆီသို႔ ေခၚလာေလသည္။

ပထမ ေခြးေတြ ထည့္ထားသည့္ အခန္းကို ဖြင့္လိုက္သည္။ဘုရင္ႀကီးက အံ့အားသင့္သြားသည္။ ေခြးေတြ အားလုံး အသက္ေပ်ာက္ေနသည္။ အခန္းအလယ္တြင္ ခ်ထားသည့္ အသားပုံႀကီးကား ေနရာမပ်က္ ရွိေနသည္။ ေခြးတစ္ေကာင္မွ် အသားပုံကို စားသြားသည့္ပုံ မေပၚေပ။

ေနာက္တစ္ခန္းကို ဘုရင္အားေခၚၿပီး ဖြင့္ၾကည့္ၾကသည္။ သိုးေတြအားလုံး လွဲေလ်ာင္းကာ အိပ္စက္ေနၾကသည္။ အခန္းအလယ္တြင္ ခ်ေပးထားသည့္ ျမက္ေတြလည္း မရွိေတာ့ေပ။ ထိုအျဖစ္အပ်က္မ်ားကို ဘုရင္ႀကီးအား အမတ္ႀကီးက ျပသၿပီးေနာက္ …

ေခြးေတြဟာ သူတို႔ကို ေကြၽးထားတဲ့ အသားေတြကို တစ္စက္မွ် မစားရဘဲ ေသကုန္ၾကရျခင္းမွာ တစ္ေကာင္ႏွင့္ တစ္ေကာင္ တိုက္ခိုက္ကာ တစ္ကိုယ္ေကာင္း ဆန္ျခင္းေၾကာင့္ပါ ဘုရား။ သိုးေတြကေတာ့ ေအးခ်မ္းစြာ မွ်ေဝစားေသာက္တတ္သည့္ အေလ့အထေၾကာင့္ အသက္ရွင္ကာ ေနထိုင္ႏိုင္ျခင္း ျဖစ္ေၾကာင္းပါဘုရား ဟု ေလွ်ာက္တင္ေလသည္။

ေခြးမ်ားသည္ အုပ္စုလိုက္ဖြဲ႕ကာ ေနထိုင္တတ္ေသာ အေလ့အထ နည္းေလသည္။

အေကာင္နည္းနည္း စုမိလွ်င္ပင္ ျပႆနာရွာကာ မာန္ဖီတတ္သည္။ အစားအစာ ႏွင့္ ကာမ အတြက္ဆိုလွ်င္ ေခြးမ်ားသည္ တစ္ေကာင္ႏွင့္တစ္ေကာင္ မညႇာမတာ ကိုက္ၾက မာန္ဖီတတ္ၾကသည္။ ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေနဟု ဆုံးမၾကျခင္းမွာ တစ္ေကာင္ႏွင့္တစ္ေကာင္ မကိုက္ဘဲ ၿငိမ္းခ်မ္းစြာျဖင့္ အတူတကြ မွ်ေဝတတ္ေသာစိတ္ ရွိသည့္ လူ႔ေဘာင္ အဖြဲ႕အစည္းသည္သာ တိုးတက္စည္ပင္ ဖြံ႕ၿဖိဳးမည္ ျဖစ္ေၾကာင္းကို ျပဆိုျခင္းျဖစ္သည္။

ေခြးေတြလို ငါ့တြက္ ငါ့ဟာ ငါ့ဥစၥာ ဆိုၿပီး ေလာဘတက္ ကိုက္လွ်င္ ေသၾကမည္။ အတၱ ေလာဘ နဲ႔ တစ္ကိုယ္ေကာင္းစိတ္ ေမြးသူမ်ားသည္ ေခြးသ႑န္ ႏွင့္ တူေပသည္။ သိုးေတြလို မွ်ေဝစိတ္ ထားလွ်င္ ရွင္ၾကမည္။ သူ႔ဖက္ ကိုယ့္ဖက္ သူ႔အတြက္ ကိုယ့္အတြက္ မွ်တစြာ ေနထိုင္သူသည္ သိုးသ႑န္ႏွင့္ တူေပသည္။

𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫

Unicode

ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်း အကြောင်းအရင်း

” ခွေးကျင့်ခွေးကြံ ”

တစ်နေ့တွင် တောကစားထွက်လာသော ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရသဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်း ယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်။ အမတ်ကြီး ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော် ” ” ခွေးတွေကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ။ မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား ”

ကောင်းပြီလေ …

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်။

အခန်းတစ်ခန်းထဲတွင် အသားပုံကြီးတစ်ပုံကို ချထားပြီး ခွေး အကောင် ၂၀ ကို ထည့်ကာ သော့ပိတ်ထား လိုက်သည်။ အခြား အခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါး ပိတ်ထားလိုက်လေသည်။ နောက်တစ်နေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည်။

ပထမ ခွေးတွေ ထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည်။ဘုရင်ကြီးက အံ့အားသင့်သွားသည်။ ခွေးတွေ အားလုံး အသက်ပျောက်နေသည်။ အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည်။ ခွေးတစ်ကောင်မျှ အသားပုံကို စားသွားသည့်ပုံ မပေါ်ပေ။

နောက်တစ်ခန်းကို ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်။ သိုးတွေအားလုံး လှဲလျောင်းကာ အိပ်စက်နေကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။ ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် …

ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစ်စက်မျှ မစားရဘဲ သေကုန်ကြရခြင်းမှာ တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ကာ တစ်ကိုယ်ကောင်း ဆန်ခြင်းကြောင့်ပါ ဘုရား။ သိုးတွေကတော့ အေးချမ်းစွာ မျှဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား ဟု လျှောက်တင်လေသည်။

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည်။

အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည်။ အစားအစာ နှင့် ကာမ အတွက်ဆိုလျှင် ခွေးများသည် တစ်ကောင်နှင့်တစ်ကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်။ ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တစ်ကောင်နှင့်တစ်ကောင် မကိုက်ဘဲ ငြိမ်းချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သောစိတ် ရှိသည့် လူ့ဘောင် အဖွဲ့အစည်းသည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည် ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။

ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်။ အတ္တ လောဘ နဲ့ တစ်ကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည်။ သိုးတွေလို မျှဝေစိတ် ထားလျှင် ရှင်ကြမည်။ သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ့်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်။

𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫

Categories
အထွေထွေဗဟုသုတ

“ထမင်းပူကိုမစားပါနဲ့” “ကြွေသီးကိုသာစားပါ” “ရောက်ရာဒေသခြေရာချခဲ့ပါ” စကားပုံ၏အဓိပ္ပါယ်

Zawgyi

“ထမင္းပူကို မစားပါနဲ႔” “ေႂကြသီးကိုသာ စားပါ”

“ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ” စကားပုံ၏ အဓိပၸါယ္

(၁) ထမင္းပူကို မစားနဲ႔။

(၂) ေႂကြသီးကိုသာ စားပါ။

(၃) ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ။

စကား (၃) ခြန္းရဲ႕ အဓိပၸါယ္

(၁) ဘ၀တစ္ေလွ်ာက္လုံးမွာ ထမင္းပူကို မစားပါနဲ႔။ ထမင္းေအးကိုပဲ စားပါ။ ထမင္းပူဆိုတာ သူတစ္ပါး မ်က္ရည္ေပါက္ႀကီးငယ္က်မွ စားရတဲ့ ထမင္းကို ေခၚတာပါ။ ဘယ္ေတာ့မွ မစားမိပါေစနဲ႔။ အခုအခ်ိန္ စားေကာင္းခ်င္ ေကာင္းမယ္၊ သံသရာမွာ အလြန္ ပူေလာင္တတ္တယ္။ ထမင္းေအး ဆိုတာကေတာ့ မင္းကို ခ်စ္လို႔ ခင္လို႔ တန္ဖိုးထားလို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့ ထမင္းပဲ။ ငါးပိရည္နဲ႔ပဲ စားရ စားရ သံသရာမွာ ေအးျမပါတယ္။ စားတတ္ေအာင္ ႀကိဳးစားပါေနာ္။

(၂) အသီးကို စားမယ္ဆိုရင္ ေႂကြသီးကိုပဲ စားပါ။ ဘယ္ေတာ့မွ ခူးမစားပါနဲ႔။ ေႂကြသီးစားပါ ဆိုတာ မင္းကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့ အသီးကို စားပါလို႔ ဆိုလိုတာပါ။ ဒါေပမယ့္ ေႂကြသီးတိုင္းလည္း မစားရဘူး ။ ေႂကြသီးေပမယ့္ မစင္ပုံေပၚက်ရင္ မင္းမစားေတာ့ဘူး မဟုတ္လား။ ဒီလိုပဲ ေႂကြသီးေတာ့ ေႂကြသီး။

မင္းကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ လာေပးတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာ ေမွ်ာ္လင့္ခ်က္ေတြ ရလိုမႈေတြ ပါေနရင္ မစားရဘူး။ မစားေကာင္းပါဘူး။ ခူးမစားပါနဲ႔ဆိုတာ မင္က ကူညီိစရာရွိရင္ ကူညီ၊ လုပ္စရာရွိရင္ လုပ္ေပးလိုက္ပါ။ အဲဒါကို ကူညီခ၊ လုပ္ေပးခ ေတာင္းေနရင္ ခူးစားတာပဲ။ သူတစ္ပါးကို ကူညီပါ။ သူတို႔ဆီက ေက်းဇူးတင္စကားတစ္ခြန္းေတာင္ မေမွ်ာ္လင့္ပါနဲ႔။ ေမွ်ာ္လင့္ၿပီး ကူညီတာ ခူးစားတာပဲ။ မင္း ဘယ္ေတာ့မွ ခူးမစားပါေလနဲ႔။

(၃) တတိယ စကားကေတာ့ – ခ်ိဳးငွက္ေလးေတြ ခါငွက္ေလးေတြဟာ ေျမမွာနားၿပီး ျပန္သြားရင္ ေျခရာထားခဲ့တယ္။ ဒီလိုပါပဲ၊ မင္းလည္း ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္ မင္း ျပန္ရင္ မင္း ေျခရာက်န္ခဲ့ပါေစ။ ဒီလိုပါပဲ လူ႔ေလာကႀကီးကို တို႔တေတြ လာခဲ့ၾက၊ တို႔ျပန္ရင္ တို႔ေျခရာေတြ က်န္မွ ျဖစ္မယ္။ သေဘာက်၍ ျပန္လည္ မွ်ေဝပါသည္။

Credit – (ဘဝဂုဏ္ရည္) အရွင္ကုသလ USA

Unicode

“ထမင်းပူကို မစားပါနဲ့” “ကြွေသီးကိုသာ စားပါ”

“ရောက်ရာဒေသ ခြေရာချခဲ့ပါ” စကားပုံ၏ အဓိပ္ပါယ်

(၁) ထမင်းပူကို မစားနဲ့။

(၂) ကြွေသီးကိုသာ စားပါ။

(၃) ရောက်ရာဒေသ ခြေရာချခဲ့ပါ။

စကား (၃) ခွန်းရဲ့ အဓိပ္ပါယ်

(၁) ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ။ ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ ထမင်းကို ခေါ်တာပါ။ ဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန် စားကောင်းချင် ကောင်းမယ်၊ သံသရာမှာ အလွန် ပူလောင်တတ်တယ်။ ထမင်းအေး ဆိုတာကတော့ မင်းကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ။ ငါးပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။

(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ။ ဘယ်တော့မှ ခူးမစားပါနဲ့။ ကြွေသီးစားပါ ဆိုတာ မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့ အသီးကို စားပါလို့ ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး ။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် မင်းမစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။

မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှုတွေ ပါနေရင် မစားရဘူး။ မစားကောင်းပါဘူး။ ခူးမစားပါနဲ့ဆိုတာ မင်က ကူညီိစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။ သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ။ မင်း ဘယ်တော့မှ ခူးမစားပါလေနဲ့။

(၃) တတိယ စကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ်။ ဒီလိုပါပဲ၊ မင်းလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် မင်း ပြန်ရင် မင်း ခြေရာကျန်ခဲ့ပါစေ။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေ လာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ်။ သဘောကျ၍ ပြန်လည် မျှဝေပါသည်။

Credit – (ဘဝဂုဏ်ရည်) အရှင်ကုသလ USA

Categories
အထွေထွေဗဟုသုတ

မှိုကွန်ချာကိုတွေ့ရင် မဖြစ်မနေ အရယူထားပါ…တန်ဖိုးဖြတ်၍မရပါ အရမ်းတန်ဖိုးကြီးပါတယ်

Zawgyi

ကြၽန္ေတာ္ မွတ္ထားတာေလးကို မွ်ေဝတာပါ။ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္က FB မသုံးစြဲၾကပါဘူး နတၡတၱေရာင္ျခည္ မဂၢဇင္းကို လစဥ္ ထြက္တာနဲ႔ ဝယ္ဖတ္ပါတယ္။ အဲ့ထဲမွာက အခုလို ေဆးဖက္ဝင္ေသာ အေၾကာင္းရာေတြကို အကိုးကားနဲ ပါေလ့ရွိပါတယ္။ လြယ္လြယ္ကူကူ အသုံးဝင္ၿပီး အစြမ္းထက္ေသာ အရာမ်ားကို မွတ့္ထားေလ့ရွိပါတယ္။

မွတ္ထားတဲ အေၾကာင္းရာေလးကဒီလိုပါ။ ဟသၤတ ၿမိဳနယ္ ေတာ႐ြာဘက္က ဦးေလးတေယာက္ဟာ အ႐ိုးကင္ဆာ ျဖစ္လို ေဆး႐ုံက ေျခေထာက့္ တဖက္ ျဖတ္ဖို ရက္ခ်ိန္းေပးလိုက္ပါတယ္တဲ့။ ထိုဦးေလးဟာ ေျခေထာက္တဖက္ေတာ့ မျဖတ္ေတာ့ဘူး ဒီအတိုင္းသာ အေသခံသြားမယ္ဟု ဆိုကာ အ႐ိုးကြဲမတတ့္ ကိုက့္ခဲ ေနေသာ ေဝဒနာကို ႀကိတ္မွိတ္ၿပီး အန္တုကာခံေနၿပီး ေဆး႐ုံရက္ခ်ိန္ကို မသြားေတာ့ပါဘူးတဲ့။

ဒီလိုျဖစ္ေနခ်ိန္မွာ တိုက္ဆိုင္စြာ ေတာဘက္ကပဲ ဝါသနာရွင္ ႐ြက္ပုံးသီး ဘိန္းေတာဝါရင့္ ဆရာႀကီးက ဒီနည္းေလးကို ေပးခဲပါသတဲ့။ မႈိကြန္ခ်ာ မႏုမရင့္ အခ်ိန္ကို ႏႈတ္ၿပီး ေျမႀကီးမ်ား သဲမ်ား သန႔္စင္ကာ အရက္ျပန္ ပုလင္းထဲကို စိမ္ၿပီး ပရက္ ေဆးဆိုင္ေတြမွာ ဝယ္လိုရတဲ “ဒုတၳာ” အမႈန႔္နဲ ေရာၿပီး ေနတိုင္း သုပ္လိမ္းေပးေန႐ုံပါပဲ။

အဲဒီလို လိမ္းေပးေနၿပီး တေျဖးေျဖး သိသာစြာ နာက်င္ကိုက္ခဲေနေသာ ေဝဒနာဟာ သက္သာလာၿပီး ေျခေထာက္ျဖတ္ရမည္ဟု ဆိုေသာ အ႐ိုးကင္ဆာဟာ ျဖတ္စရာ မလိုပဲ အေကာင္းပကတိအတိုင္း ေပ်ာက္ကင္းသြားေၾကာင္း ေနရပ္အတိအက် ႐ြာအမည္ နံမည္ ႏွင့္တကြ ေရးသားထားတာကို ဖတ္ခဲ့ဖူးပါတယ္ ။ အတိက် နံမည္ ကိုေတာ့ မမွတ္မိေပမယ့္ စြဲေနေအာင္ မွတ္ထားတာကေတာ့ မႈိကြန္ခ်ာ , အရက္ျပန္, ဒုတၳာ ဒီသုံးမ်ိဳးကို ေရာစပ္ၿပီး လိမ္းေပးရင္ အ႐ိုးကင္ဆာ ကို ေပ်ာက္သြားတယ္ဆိုတာပါပဲ အဓိက ေတာ့ ဒုတၳာ အမႈန႔္ပါမယ္ဟုဆိုပါသည္။

မႈိကြန္ခ်ာ ဟာ စား၍ လုံးဝမရေသာ မႈိပါ မိုးဦးကာလမွာ ေနရာေဒသ အေတာ္မ်ားမ်ားေပါက္ပါတယ္ ပုံပါအတိုင္းမႈိပါ ရင့္သြားလို႔ရွိရင္ ပုတ္ေစာ္အရမ္းနံပါတယ္ ေလာက္တြယ္တဲ့အထိကို ပုတ္တဲ့မႈိမ်ိဳးပါ။ အဲလို မရင့္မစြန္ခင္ အႏုကို ႏွတ္ၿပီး အရက္ျပန္ပုလင္းႏွင့္ စိမ္းထားပါက ႏွစ္ႏွင့္ခ်ီၾကာေနေတာင္မွ အာနိသင္ မပ်က္ဘူးဟု ဆိုပါသည္။

ဒုတၳာ အမႈန႔္ မပါဘဲနဲ အရက္ျပန္နဲ စိမ္းထားၿပီးအရည္ကို ေသြးစူးနာ အနာစိမ္း အနာပဆုတ္ ယားနာ ေပြးနင္းကူး စသည့္ အေရျပား အနာမ်ိဳစုံကိုလည္ ေပ်ာက့္ကင္းေၾကာင္း ဆိုပါသည္။ ေတာနယ္ဘက္ေတြမွာ ထိုကဲသို ေဆးနည္းေလးက အံမတန္ အသုံးဝင္ပါတယ္ ဒါ့ေၾကာင့္ ေက်ာ္သိသေလာက္ မွ်ေဝ လိုက္ပါရေစဗ်ာ..။ တင္ျပတာမွန္ပါတယ္ ဒါေပမဲ့ေဖာ္စပ့္ပုံမျပည့္စုံေတာ့ က်န္တဲ့သူေတြဘယ္သိပါ့မလဲဗ်ာ။

ေဖာ္စပ္ပုံမွာ

၁ မိူကြန္ခ်ာ ၃ဆယ္သား

၂ ဒုတၱာ ၅က်ပ္သား

၃ အရက္ျပန္တစ္ပုလင္း

၄ ေတာအရက္

မရခဲ့ရင္ အရက္ဆီ ၅ဝသား ၊ဖန္ပုလင္းထဲမွာ စိမ္ထားပါ

၁၀ ရက္ခန႔္ေလာက္ဆိုအသုံးျပဳလို႔ရပါၿပီ

အေမ့သားတန္ဖိုးျဖတ္လို႔မရတဲ့ မႈိကြန္ခ်ာကိုေတြ႕ရင္ မျဖစ္မေန အရယူထားပါ

Unicode

ကျွန်တော် မှတ်ထားတာလေးကို မျှဝေတာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က FB မသုံးစွဲကြပါဘူး နတ္ခတ္တရောင်ခြည် မဂ္ဂဇင်းကို လစဉ် ထွက်တာနဲ့ ဝယ်ဖတ်ပါတယ်။ အဲ့ထဲမှာက အခုလို ဆေးဖက်ဝင်သော အကြောင်းရာတွေကို အကိုးကားနဲ ပါလေ့ရှိပါတယ်။ လွယ်လွယ်ကူကူ အသုံးဝင်ပြီး အစွမ်းထက်သော အရာများကို မှတ့်ထားလေ့ရှိပါတယ်။

မှတ်ထားတဲ အကြောင်းရာလေးကဒီလိုပါ။ ဟင်္သတ မြိုနယ် တောရွာဘက်က ဦးလေးတယောက်ဟာ အရိုးကင်ဆာ ဖြစ်လို ဆေးရုံက ခြေထောက့် တဖက် ဖြတ်ဖို ရက်ချိန်းပေးလိုက်ပါတယ်တဲ့။ ထိုဦးလေးဟာ ခြေထောက်တဖက်တော့ မဖြတ်တော့ဘူး ဒီအတိုင်းသာ အသေခံသွားမယ်ဟု ဆိုကာ အရိုးကွဲမတတ့် ကိုက့်ခဲ နေသော ဝေဒနာကို ကြိတ်မှိတ်ပြီး အန်တုကာခံနေပြီး ဆေးရုံရက်ချိန်ကို မသွားတော့ပါဘူးတဲ့။

ဒီလိုဖြစ်နေချိန်မှာ တိုက်ဆိုင်စွာ တောဘက်ကပဲ ဝါသနာရှင် ရွက်ပုံးသီး ဘိန်းတောဝါရင့် ဆရာကြီးက ဒီနည်းလေးကို ပေးခဲပါသတဲ့။ မှိုကွန်ချာ မနုမရင့် အချိန်ကို နှုတ်ပြီး မြေကြီးများ သဲများ သန့်စင်ကာ အရက်ပြန် ပုလင်းထဲကို စိမ်ပြီး ပရက် ဆေးဆိုင်တွေမှာ ဝယ်လိုရတဲ “ဒုတ္ထာ” အမှုန့်နဲ ရောပြီး နေတိုင်း သုပ်လိမ်းပေးနေရုံပါပဲ။

အဲဒီလို လိမ်းပေးနေပြီး တဖြေးဖြေး သိသာစွာ နာကျင်ကိုက်ခဲနေသော ဝေဒနာဟာ သက်သာလာပြီး ခြေထောက်ဖြတ်ရမည်ဟု ဆိုသော အရိုးကင်ဆာဟာ ဖြတ်စရာ မလိုပဲ အကောင်းပကတိအတိုင်း ပျောက်ကင်းသွားကြောင်း နေရပ်အတိအကျ ရွာအမည် နံမည် နှင့်တကွ ရေးသားထားတာကို ဖတ်ခဲ့ဖူးပါတယ် ။ အတိကျ နံမည် ကိုတော့ မမှတ်မိပေမယ့် စွဲနေအောင် မှတ်ထားတာကတော့ မှိုကွန်ချာ , အရက်ပြန်, ဒုတ္ထာ ဒီသုံးမျိုးကို ရောစပ်ပြီး လိမ်းပေးရင် အရိုးကင်ဆာ ကို ပျောက်သွားတယ်ဆိုတာပါပဲ အဓိက တော့ ဒုတ္ထာ အမှုန့်ပါမယ်ဟုဆိုပါသည်။

မှိုကွန်ချာ ဟာ စား၍ လုံးဝမရသော မှိုပါ မိုးဦးကာလမှာ နေရာဒေသ အတော်များများပေါက်ပါတယ် ပုံပါအတိုင်းမှိုပါ ရင့်သွားလို့ရှိရင် ပုတ်စော်အရမ်းနံပါတယ် လောက်တွယ်တဲ့အထိကို ပုတ်တဲ့မှိုမျိုးပါ။ အဲလို မရင့်မစွန်ခင် အနုကို နှတ်ပြီး အရက်ပြန်ပုလင်းနှင့် စိမ်းထားပါက နှစ်နှင့်ချီကြာနေတောင်မှ အာနိသင် မပျက်ဘူးဟု ဆိုပါသည်။

ဒုတ္ထာ အမှုန့် မပါဘဲနဲ အရက်ပြန်နဲ စိမ်းထားပြီးအရည်ကို သွေးစူးနာ အနာစိမ်း အနာပဆုတ် ယားနာ ပွေးနင်းကူး စသည့် အရေပြား အနာမျိုစုံကိုလည် ပျောက့်ကင်းကြောင်း ဆိုပါသည်။ တောနယ်ဘက်တွေမှာ ထိုကဲသို ဆေးနည်းလေးက အံမတန် အသုံးဝင်ပါတယ် ဒါ့ကြောင့် ကျော်သိသလောက် မျှဝေ လိုက်ပါရစေဗျာ..။ တင်ပြတာမှန်ပါတယ် ဒါပေမဲ့ဖော်စပ့်ပုံမပြည့်စုံတော့ ကျန်တဲ့သူတွေဘယ်သိပါ့မလဲဗျာ။

ဖော်စပ်ပုံမှာ

၁ မိူကွန်ချာ ၃ဆယ်သား

၂ ဒုတ္တာ ၅ကျပ်သား

၃ အရက်ပြန်တစ်ပုလင်း

၄ တောအရက်

မရခဲ့ရင် အရက်ဆီ ၅ဝသား ၊ဖန်ပုလင်းထဲမှာ စိမ်ထားပါ

၁၀ ရက်ခန့်လောက်ဆိုအသုံးပြုလို့ရပါပြီ

အမေ့သားတန်ဖိုးဖြတ်လို့မရတဲ့ မှိုကွန်ချာကိုတွေ့ရင် မဖြစ်မနေ အရယူထားပါ

Categories
အထွေထွေဗဟုသုတ

အိမ်ရှင်မတို့အတွက် ဂတ်စ်မီးဖို အသုံးပြုရာတွင် သတိထားသင့်တဲ့ အချက်(၁၃)ချက်

Zawgyi

အိမ္ရွင္မတို႔အတြက္ ဂတ္စ္မီးဖို အသုံးျပဳရာတြင္ သတိထားသင့္တဲ့ အခ်က္(၁၃)ခ်က္

ယေန႔ အခ်ိန္အခါမွာ ျမန္မာျပည္အရပ္ရပ္ရွိ ေနအိမ္မ်ား၊ တိုက္ခန္းမ်ား၊ စားေသာက္ဆိုင္ေတြမွာ ဂတ္စ္မီးဖိုကို တြင္က်ယ္စြာအသုံးျပဳလာၾကတယ္။ ဂတ္စ္မီးဖိုကို လုံၿခဳံစိတ္ခ်စြာ အႏၲရာယ္ကင္းစြာ အသုံးျပဳႏိုင္ဖို႔အတြက္ သတိထားသင့္တဲ့ အခ်က္ေလးေတြ မွ်ေဝေပးလိုက္ပါတယ္။

၁။ အိုးအထြက္ valve ၊ pressure regulator valve ၊ မီးဖို spark and gas valve ေတြ ေကာင္း/မေကာင္း အၿမဲ စစ္ေဆးရပါမယ္။ အိုးအထြက္ valve ကို ပိတ္တဲ့အခါမွာ ထု႐ိုက္ၿပီး ပိတ္မ်ိဳးေတြ မလုပ္ရပါဘူး။ Gas အိုးကို ေ႐ြ႕တဲ့အခါ ေစာင့္ခ်တာ၊ ပစ္ခ်တာ၊ ဒလိမ့္တုံးလို လွိမ့္တာေတြ မလုပ္ရပါဘူး။

အိုးအထြက္ valve ကို pressure regulator valve နဲ႔ လွည့္တပ္တဲ့အခါ အိုးအထြက္ valve အမေခါင္း အရစ္က ဘယ္ရစ္ျဖစ္သလို pressure regulator valve အဖိုေခါင္းကလဲ ဘယ္ရစ္ပဲ ျဖစ္ပါတယ္။ pressure regulator valve အဖိုေခါင္းထိပ္မွာ rubber seal တပ္ထားပါတယ္။ အဲ့ rubber seal ျပတ္ေနရင္ ပဲ့ေနရင္ မေကာင္းရင္ pressure regulator valve ကို ဆက္မသုံးသင့္ပါဘူး။ အိုးအထြက္ valve နဲ႔ pressure regulator valve ေတြရဲ႕ အရစ္ေတြကို အမဲဆီ လုံးဝ သုတ္လိမ္းျခင္း မျပဳလုပ္ရပါ။

၂။ Pressure regulator valve ကို အတြင္းမွာ diaphragm ၊ spring တို႔နဲ႔ျပဳလုပ္ထားတဲ့အတြက္ pressure regulator valve ထိပ္က ဘုလုံးေလးကို တြန္းလိုက္ရင္ valve ပြင့္ၿပီး မီးဖိုဆီ Gas ေရာက္ပါတယ္။ ဒါ့ေၾကာင့္ အဲ့ ဘုလုံး (knob) ေလးဟာ တြန္းလို႔ ဖိလို႔ရ ရပါမယ္။ ဘုလုံးေလးကို တြန္းမွ Gas က မီးဖိုက ထြက္လာရမွာ ျဖစ္ပါတယ္။ ဒီလို အလုပ္ မလုပ္ရင္ pressure regulator valve အသစ္လဲဖို႔ လိုပါတယ္။

၃။ ပိုက္လိုင္း ေကာင္း/ မေကာင္း အခါ အားေလ်ာ္စြာ စစ္ေဆးရမွာ ျဖစ္ပါတယ္။ အလြယ္တကူ စစ္ေဆးႏိုင္တဲ့ နည္းလမ္းကေတာ့ Gas အိုးအထြက္ valve နဲ႔ pressure regulator valve ဖြင့္ထားခ်ိန္ (ဘုလုံး (knob) ေလးကို ဖိၿပီး ဖြင့္ထားၿပီးတဲ့အခါ) ဆပ္ျပာရည္ေဖ်ာ္ကို အျမဳပ္ထေအာင္ ေမႊၿပီး ဆပ္ျပာရည္ျမဳပ္ေတြကို ပိုက္လိုင္းတေလ်ာက္ ျဖစ္ေစ ၊ Gas ယိုစိမ့္ေနတယ္လို႔ သံသယရွိတဲ့ ေနရာကို ျဖစ္ေစ၊ ပိုက္ဆက္ေတြကို ျဖစ္ေစ သုတ္ၾကည့္ရင္ ဘူစီေပါင္းေလးေတြ ထလာတဲ့ ေနရာမွာ Gas ယိုစိမ့္ေနပါတယ္။

ပိုက္လိုင္းတေလ်ာက္ ပူစီေပါင္းေလးေတြ မထဖူးဆိုရင္ေတာ့ ပိုက္လိုင္းေကာင္းတယ္လို႔ ယူဆရမွာ ျဖစ္ပါတယ္။ အေကာင္းဆုံး နည္းလမ္းကေတာ့ အိုးနဲ႔ မီးဖိုကပိုက္ဆက္ကို ျဖဳတ္ၿပီး တဖက္ကပိတ္ ၊ အျခားတဖက္ကေန စက္ဘီး ေလထိုးတံနဲ႔ထိုး၊ ဆပ္ျပာရည္ (သို႔မဟုတ္) ေရဇလုံထဲ ႏွစ္ၾကည့္လို႔ ပူစီေပါင္း (bubbles) ေလးေတြ ထတာ ေတြ႕ရရင္ အဲ့ဒိေနရာဟာ Gas ယိုစိမ့္ေနပါတယ္။ ဒါဆိုရင္ေတာ့ ဒီပိုက္ကို အသစ္လဲဖို႔ လိုအပ္ပါတယ္။ ပိုက္ေတြဟာ ရာသီဥတုဒါဏ္ေၾကာင့္ မာသြားရင္ အသစ္လဲေပးဖို႔ လိုပါတယ္။

၄။ ထို႔အတူ မီးဖိုမွာ ကပ္ၿငိေနတဲ့ ဆီခိုးဆီေငြ႕မ်ားနဲ႔ အညစ္အေၾကးမ်ား ၊ အမႈိက္မ်ားဟာလဲ မီးေလာင္လြယ္တာမို႔ အခါအားေလ်ာ္စြာ သန႔္ရွင္းေပးဖို႔ လိုအပ္သလို မီးဖိုက ဓါတ္ေငြ႕ထြက္ေပါက္မ်ားကိုလဲ အခါအားေလ်ာ္စြာ သန႔္ရွင္းေပးဖို႔ လိုအပ္ပါတယ္။

၅။ Gas ယိုစိမ့္ရင္ အနံ႔ ရပါတယ္။ Gas အနံ႔က အလြန္ အနံ႔ျပင္းၿပီး သိသာ ထင္ရွားလွပါတယ္။ Gas ယိုစိမ့္ေနတယ္လို႔ သံသယ ရွိေနရင္ လွ်ပ္စစ္ မီးခလုပ္ေတာင္ မဖြင့္သင့္ပါ။ Gas ယိုစိမ့္ေနေၾကာင္း သံသယ ရွိပါက မီးဖိုက switch valve ကို အရင္ပိတ္ပါ။ ၿပီးရင္ အိုးအထြက္ valve ကိုပိတ္ၿပီး Gas ယိုစိမ့္မႈကိုေသခ်ာစြာ စစ္ေဆးရမွာ ျဖစ္ပါတယ္။ ထိုအခါ Gas ယိုစိမ့္ေနပါက ပိုက္လိုင္း လက္က်န္သာ ယိုစိမ့္ႏိုင္မွာ ျဖစ္သလို Gas ယိုစိမ့္မႈကိုလဲ ရွာေဖြႏိုင္မွာျဖစ္ပါတယ္။ Gas ယိုစိမ့္မႈ မစစ္ေဆးပဲ လုံးဝ အသုံးမျပဳသင့္ပါဘူး။

၆။ ခ်က္ျပဳတ္တဲ့အခါ တံခါးမ်ား ဖြင့္ထားျခင္း၊ ေလဝင္ေလထြက္ ေကာင္းမြန္ေအာင္ ေလမႈတ္စက္မ်ား၊ အပူေငြ႕ႏွင့္ မီးခိုးထုတ္စက္မ်ား ဖြင့္ထားျခင္းေတြလဲ ျပဳလုပ္သင့္ပါတယ္။

၇။ ေရနံဓါတ္ေငြ႕ရည္ (LPG) ဟာ ေလထက္ ေလးတာေၾကာင့္ ေအာက္ေျခပိုင္းမွာပဲ ရွိေနတတ္ၿပီး ထိုေနရာေတြမွာ လွ်ပ္စစ္ မီးခလုပ္ေတြ၊ extention wire ႀကိဳးေခြေတြ စတဲ့ မီးေလာင္ႏိုင္တဲ့ ပစၥည္းေတြနဲ႔ ရႈပ္ေထြး မေနသင့္ပါဘူး။ ရွင္းလင္းေနရမွာ ျဖစ္ပါတယ္။

၈။ Gas အိုးနားမွာ အျခားမီးဖိုမ်ား ရွိမေနသင့္ပါ။ Gas အိုးကို ေနေရာင္တိုက္႐ိုက္ ထိေတြ႕ျခင္းမ်ား၊ အပူခ်ိန္ျမင့္မားတဲ့ ေနရာမ်ား၊ Gas အိုးအနီးသို႔ လြယ္လြယ္ကူကူ သြားလာလို႔ မရတဲ့ ေနရာေတြမွာ မထားသင့္ပါ။ ေႏြရာသီလို ပူျပင္းတဲ့ ကာလမ်ိဳးမွာ Gas အိုးကို ဂုံနီအိတ္ (သို႔မဟုတ္) ေစာင္ကဲ့သို႔ အဝတ္စထူထူကို ေရစြတ္ၿပီး အုပ္ထားသင့္ပါတယ္။

၉။ ခ်က္ျပဳတ္ၿပီးတဲ့ အခါမွာ အိုးအထြက္ valve ကို ဦးစြာ ပိတ္ၿပီး မီးဖိုေပၚက မီးၿငိမ္းသြားေတာ့မွ မီးဖိုမွ switch valve ကို ပိတ္ပါ။ သို႔မွသာ ပိုက္လိုင္းထဲမွာ Gas မ်ား က်န္ရွိ မေနမွာ ျဖစ္ပါတယ္။

၁၀။ Gas အိုးနဲ႔ မီးဖိုရွိတဲ့ ေနရာဟာ ေလဝင္ေလထြက္ ေကာင္းဖို႔ အလြန္အေရးႀကီးပါတယ္။ (အကယ္၍ Gas ယိုစိမ့္သည္ ရွိေသာ္) စုပ္ထုတ္ႏိုင္ရန္ exhaust fans မ်ားလဲ တပ္ဆင္ထားသင့္ပါတယ္။ Gas အိုးနဲ႔ မီးဖိုကို ကေလးမ်ား လက္လွမ္းမွီႏိုင္တဲ့ ေနရာမွာ မထားဖို႔လဲ ဂ႐ုျပဳသင့္ပါတယ္။

၁၁။ ပိန္ရႈံ႕ေနတဲ့အိုးမ်ား၊ သံေခ်းကိုက္ေနတဲ့ အိုးမ်ား၊ အထြက္ valve မေကာင္းတဲ့ အိုးမ်ားကို မသုံးသင့္ပါ။

၁၂။ မီးဖိုအနီးနားမွာ အလြယ္တကူ အသုံးျပဳႏိုင္တဲ့ ေပါင္ဒါ (သို႔မဟုတ္) အျမဳပ္ မီးသတ္ေဆးဗူး ေဆာင္ထားသင့္ပါတယ္။ အကယ္၍ ပိုက္လိုင္းအနီးအနားမွာ မီးေလာင္ပါက ေစာင္ကဲ့သို႔ ခပ္ထူထူ အဝတ္စမ်ိဳးကို ေရစြတ္ၿပီး မီးေလာင္တဲ့ ေနရာေပၚကို ပစ္တင္ျခင္းျဖင့္ မီးၿငိမ္းသတ္ႏိုင္ပါတယ္။

၁၃။ မီးဖိုနဲ႔ ပါတ္သက္ၿပီး သံသယ တခုခုရွိရင္ နားလည္ တတ္ကြၽမ္းသူမ်ားနဲ႔သာ ေခၚယူေဆြးေႏြးပါ။

Credit with respect

Unicode

အိမ်ရှင်မတို့အတွက် ဂတ်စ်မီးဖို အသုံးပြုရာတွင် သတိထားသင့်တဲ့ အချက်(၁၃)ချက်

ယနေ့ အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ၊ တိုက်ခန်းများ၊ စားသောက်ဆိုင်တွေမှာ ဂတ်စ်မီးဖိုကို တွင်ကျယ်စွာအသုံးပြုလာကြတယ်။ ဂတ်စ်မီးဖိုကို လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။

၁။ အိုးအထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း/မကောင်း အမြဲ စစ်ဆေးရပါမယ်။ အိုးအထွက် valve ကို ပိတ်တဲ့အခါမှာ ထုရိုက်ပြီး ပိတ်မျိုးတွေ မလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ၊ ပစ်ချတာ၊ ဒလိမ့်တုံးလို လှိမ့်တာတွေ မလုပ်ရပါဘူး။

အိုးအထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုးအထွက် valve အမခေါင်း အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်းကလဲ ဘယ်ရစ်ပဲ ဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကို ဆက်မသုံးသင့်ပါဘူး။ အိုးအထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝ သုတ်လိမ်းခြင်း မပြုလုပ်ရပါ။

၂။ Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံးလေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ ဘုလုံး (knob) လေးဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံးလေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာ ဖြစ်ပါတယ်။ ဒီလို အလုပ် မလုပ်ရင် pressure regulator valve အသစ်လဲဖို့ လိုပါတယ်။

၃။ ပိုက်လိုင်း ကောင်း/ မကောင်း အခါ အားလျော်စွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ Gas အိုးအထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီး ဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင် မွှေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက် ဖြစ်စေ ၊ Gas ယိုစိမ့်နေတယ်လို့ သံသယရှိတဲ့ နေရာကို ဖြစ်စေ၊ ပိုက်ဆက်တွေကို ဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေ ထလာတဲ့ နေရာမှာ Gas ယိုစိမ့်နေပါတယ်။

ပိုက်လိုင်းတလျောက် ပူစီပေါင်းလေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ အိုးနဲ့ မီးဖိုကပိုက်ဆက်ကို ဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီး လေထိုးတံနဲ့ထိုး၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲ နှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာ တွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကို အသစ်လဲဖို့ လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့် မာသွားရင် အသစ်လဲပေးဖို့ လိုပါတယ်။

၄။ ထို့အတူ မီးဖိုမှာ ကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့ အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်သလို မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်များကိုလဲ အခါအားလျော်စွာ သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။

၅။ Gas ယိုစိမ့်ရင် အနံ့ ရပါတယ်။ Gas အနံ့က အလွန် အနံ့ပြင်းပြီး သိသာ ထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့ သံသယ ရှိနေရင် လျှပ်စစ် မီးခလုပ်တောင် မဖွင့်သင့်ပါ။ Gas ယိုစိမ့်နေကြောင်း သံသယ ရှိပါက မီးဖိုက switch valve ကို အရင်ပိတ်ပါ။ ပြီးရင် အိုးအထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကိုသေချာစွာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်း လက်ကျန်သာ ယိုစိမ့်နိုင်မှာ ဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှု မစစ်ဆေးပဲ လုံးဝ အသုံးမပြုသင့်ပါဘူး။

၆။ ချက်ပြုတ်တဲ့အခါ တံခါးများ ဖွင့်ထားခြင်း၊ လေဝင်လေထွက် ကောင်းမွန်အောင် လေမှုတ်စက်များ၊ အပူငွေ့နှင့် မီးခိုးထုတ်စက်များ ဖွင့်ထားခြင်းတွေလဲ ပြုလုပ်သင့်ပါတယ်။

၇။ ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက် လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ် မီးခလုပ်တွေ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရှုပ်ထွေး မနေသင့်ပါဘူး။ ရှင်းလင်းနေရမှာ ဖြစ်ပါတယ်။

၈။ Gas အိုးနားမှာ အခြားမီးဖိုများ ရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက် ထိတွေ့ခြင်းများ၊ အပူချိန်မြင့်မားတဲ့ နေရာများ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူ သွားလာလို့ မရတဲ့ နေရာတွေမှာ မထားသင့်ပါ။ နွေရာသီလို ပူပြင်းတဲ့ ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အဝတ်စထူထူကို ရေစွတ်ပြီး အုပ်ထားသင့်ပါတယ်။

၉။ ချက်ပြုတ်ပြီးတဲ့ အခါမှာ အိုးအထွက် valve ကို ဦးစွာ ပိတ်ပြီး မီးဖိုပေါ်က မီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကို ပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များ ကျန်ရှိ မနေမှာ ဖြစ်ပါတယ်။

၁၀။ Gas အိုးနဲ့ မီးဖိုရှိတဲ့ နေရာဟာ လေဝင်လေထွက် ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည် ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲ တပ်ဆင်ထားသင့်ပါတယ်။ Gas အိုးနဲ့ မီးဖိုကို ကလေးများ လက်လှမ်းမှီနိုင်တဲ့ နေရာမှာ မထားဖို့လဲ ဂရုပြုသင့်ပါတယ်။

၁၁။ ပိန်ရှုံ့နေတဲ့အိုးများ၊ သံချေးကိုက်နေတဲ့ အိုးများ၊ အထွက် valve မကောင်းတဲ့ အိုးများကို မသုံးသင့်ပါ။

၁၂။ မီးဖိုအနီးနားမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ် မီးသတ်ဆေးဗူး ဆောင်ထားသင့်ပါတယ်။ အကယ်၍ ပိုက်လိုင်းအနီးအနားမှာ မီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူ အဝတ်စမျိုးကို ရေစွတ်ပြီး မီးလောင်တဲ့ နေရာပေါ်ကို ပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။

၁၃။ မီးဖိုနဲ့ ပါတ်သက်ပြီး သံသယ တခုခုရှိရင် နားလည် တတ်ကျွမ်းသူများနဲ့သာ ခေါ်ယူဆွေးနွေးပါ။

Credit with respect