“ရှေးခေတ်ဘုရင်​တွေ အသုံးပြုခဲ့ကြတဲ့ ရွှေရထားလုံးတော်”

Zawgyi ျဖင့္ဖတ္ပါ

၁၈၈၅ ခုႏွစ္တြင္ၿဗိတိသွ်တို႔ျမန္မာႏိုင္ငံကိုသိမ္းပိုက္ေသာအခါကုန္းေဘာင္မင္းဆက္ ဘုရင္မ်ားႏွင့္မႉးမတ္မ်ားပိုင္ဆိုင္ေသာအဖိုးတန္အႏုပညာလက္ရာမ်ား၊နန္းစဥ္ရတနာမ်ား ေထာင္ခ်ီ ေသာင္းခ်ီ သိန္းခ်ီ၍ ေပ်ာက္ကြယ္သြားသည္။

ဤအရာမ်ားထဲတြင္ဗမာျပည္သူျပည္သားမ်ားအသိနည္းေသာ ဗမာဘုရင္၏တန္ခိုးအာႏုေဘာ္ကိုကိုယ္စားျပဳေသာ ေတာ္ဝင္ေ႐ႊရထားလုံးပါဝင္သည္။ ဗမာ့ေတာ္ဝင္ရထားလုံးမ်ားျဖစ္ပ်က္ခဲ့သည့္ဇာတ္လမ္းသည္ကြၽႏ္ုပ္တို႔အားျမန္မာႏိုင္ငံကိုလိုနီေခတ္အေၾကာင္းသာမကအေနာက္ႏိုင္ငံမ်ားကပါျမန္မာႏိုင္ငံအားရႈျမင္ပုံကိုေျပာျပပါသည္။

ဗမာဘုရင့္ေတာ္ဝင္ေ႐ႊရထားလုံးေတာ္ အား မည္သို႔မည္ပုံရရွိလာ၍ ဗမာဘုရင္မ်ား၏ထိုရထားလုံးအားစီးနင္းမႈသမိုင္းေၾကာင္းရွည္လ်ားသည္။ ၁၇၉၆ ခုႏွစ္တြင္ဘႀကီးေတာ္မင္းႀကီးသည္အိႏၵိယႏွင့္ျမန္မာနယ္စပ္တေလွ်ာက္ရွိအခ်ိဳ႕ေသာနယ္ေျမပိုင္ဆိုင္ခြင့္မ်ားအတြက္ၿဗိတိသွ်အစိုးရထံမွဥေရာပပုံစံရထားကိုေတာင္းခဲ့သည္။

ဗမာ့အင္ပါယာသည္ ရခိုင္၊ မဏိပူရ၊ အာသံ၊ ပဲခူႏွင့္สยามတို႔၏နယ္ေျမမ်ားကိုမၾကာေသးမီက ၀ ယ္ယူခဲ့ၿပီး၊ ဘႀကီးေတာ္မင္းသည္သူ႔အိမ္နီးခ်င္းမ်ားထံမွေတာင္းဆိုမႈမ်ားကိုျပဳလုပ္ႏိုင္သည့္အေနအထားတြင္ရွိသည္။ဘုရင္သည္ ၿဗိတိသွ်မ်ားထံမွာ“ အဂၤလိပ္စတိုင္လ္ဆြဲရထားတစ္စင္း” ကိုေတာင္းခဲ့သည္။ေတာင္းဆိုခ်က္အတိုင္း ၿဗိတိသွ်သံတမန္ Hiram Cox ကလက္ေဆာင္ေပးတဲ့အခါဘုရင္ကသူမစီးႏိုင္ဘူးဆိုတာကိုခ်က္ခ်င္းသေဘာေပါက္ခဲ့ပါတယ္။

အဘယ့္ေၾကာင့္ဆိုေသာ္ အတြင္းရွိဘုရင္ထိုင္ရမည့္ ထိုင္ခုံသည္နိမ့္လြန္းလွေသာေၾကာင့္ျဖစ္သည္။ ဗမာ့နန္းတြင္း႐ိုးရာအရ ဘုရင္၏လက္ေအာက္ခံနယ္စား၊ၿမိဳ႕စား စသည္တို႔သည္ ဘုရင့္ေအာက္တြင္ ေနရမည္ျဖစ္သည္ သို႔ေသာ္ ေ႐ႊရထားလုံးေတာ္၏ ဖြဲ႕စည္းပုံအရ တတန္းတည္း ထိုင္ေနရသလိုျဖစ္ေနသည္ ။

ထို႔ေၾကာင့္ေတာ္ဝင္အခမ္းအနားမ်ားက်င္းပရန္ (သို႔) ေစတီေတာ္၌ပူေဇာ္သကၠာျပဳရန္နန္းေတာ္မွထြက္ခြာေသာအခါဘႀကီးေတာ္မင္းသည္ရထားသစ္ကိုစီးနင္းၿပီးသူသည္မိသားစုအား၊မႈးမတ္ စသည္တို႔အားေနာက္ေက်ာ၌လိုက္ပါေစခဲ့သည္။ ပထမအဂၤလိပ္-ျမန္မာစစ္ပြဲ (၁၈၂၄-၁၈၂၆) တြင္ၿဗိတိသွ်တို႔ကရန္ကုန္ကိုသိမ္းလိုက္သည္၊ ဗမာ့တပ္မေတာ္သည္မၿငိမ္မသက္ျဖစ္ေနၿပီးဘုရင္သည္သူ၏က်န္တိုင္းျပည္အခ်ိဴ႕အား

အေရွ႕အိႏၵိယကုမၸဏီသို႔လႊဲေျပာင္းေပးခဲ့သည္။ ဗမာ့ေတာ္ဝင္ရထားလုံးသည္ၿဗိတိသွ်လက္သို႔က်ေရာက္လာသည္။ ၿဗိတိသွ်တပ္မ်ားသည္ျမန္မာႏိုင္ငံေအာက္ပိုင္းကိုသိမ္းပိုက္ေနစဥ္ဗိုလ္မႉးႀကီးတစ္ဦး၏ အမွတ္ ၈၉ တပ္ရင္းသည္တနသၤာရီရွိထားဝယ္ၿမိဳ႕၌အံ့ၾသဖြယ္ရာအရာတစ္ခုကိုရွာေဖြေတြ႕ရွိခဲ့သည္။

အလုပ္႐ုံတစ္ခုအတြင္းရွိစြန႔္ပစ္ထားပုံရ႕သည္ဘႀကီးေတာ္မင္းႀကီး၏ ဗမာ့ေတာ္ဝင္ေ႐ႊရထားလုံးေတာ္ ႏွင့္အလြန္တူေသာေ႐ႊရထားလုံးေတာ္တစ္ခုျဖစ္သည္။ ၿဗိတိသွ်ဗိုလ္ႀကီးသည္ထို ေ႐ႊရထားလုံးအားစစ္သိမ္းပစၥည္းအျဖစ္ေလလံတင္ေရာင္းခ်ရန္ကလကတၱားသို႔အလ်င္အျမန္ေစပို႔ခဲ့သည္။ေလလံေအာင္သူ ပိုင္ရွင္အသစ္သည္Piccadilly Circus ရွိအီဂ်စခန္းမ ၌ျပသရန္လန္ဒန္သို႔ပို႔ခဲ့သည္။

လန္ဒန္ျပတိုက္ေရာက္ေသာအခါ လူအုပ္ႀကီးက ဗမာဘုရင့္ေ႐ႊရထားလုံးေတာ္အား ၾကည့္ရန္စုေဝးခဲ့ၾကသည္။ ျပတိုက္ဝင္ခြင့္ လက္မွတ္ေရာင္းအားသည္ ယခင္ႏွစ္အနည္းငယ္ကျပတိုက္ခန္းမ၌ျပသခဲ့သည့္နပိုလီယံ၏ရထားေရာင္းအားႏွင့္တူသည္။ ရထားလုံးအား ျမင္ေတြ႕လိုက္ရေသာအခါ ၿဗိတိသွ်ျပည္သူမ်ားသည္အလြန္ အံ့ၾသသြားခဲ့သည္။

ဗမာေတာ္ဝင္ရထားလုံး၏မ်က္ႏွာျပင္တစ္ခုလုံးကိုေ႐ႊျဖင့္ဖုံးအုပ္ထားၿပီးေက်ာက္မ်က္ရတနာေပါင္း ၂၀၀၀၀ ေက်ာ္ႏွင့္အလွဆင္ထားသည္။ လာေရာက္လည္ပတ္သူမ်ားသည္လက္မႈပညာမ်ားႏွင့္စီျခယ္ထားသည့္ရတနာမ်ားအားအံ့ၾသခဲ့ၾကသည္။ၿဗိတိသွ်မ်ားသည္ ထိုလွပေသာရထားလုံးႀကီးအားၾကည့္ရင္း ၎တို႔၏စိတ္ကူးစိတ္သန္း၌ျမန္မာျပည္ကို“ ေ႐ႊျပည္” အျဖစ္ဖန္တီးခဲ့သည္။

၁၈၄၇ တြင္ Edwin Hughes ၏“ Great Mammoth Equestrian Establishment” အတြက္ဆပ္ကပ္လွည္းအျဖစ္ႏွင့္ေတာ္ဝင္ရထားလုံးအား လန္ဒန္လမ္းမ်ားေပၚတြင္ကျပခဲ့သည္။ ထို႔ေနာက္ ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္သြားေလေတာ့သည္။ ေနာက္ဆုံးတြင္ကုန္းေဘာင္ဗမာဘုရင္မ်ား၏ႂကြယ္ဝမႈမ်ားသည္ၿဗိတိသွ်မ်ားအား ဗမာ တႏိုင္ငံလုံးအား သိမ္းပိုက္ရန္အလြန္ဆြဲေဆာင္မႈရွိခဲ့သည္။ ၁၈၈၅ ခုႏွစ္တတိယအဂၤလိပ္-ျမန္မာစစ္ပြဲတြင္ဗမာတစ္ႏိုင္ငံလုံးကိုၿဗိတိသွ်မွသိမ္းပိုက္ခဲ့သည္။

ဗမာေနာက္ဆုံးဘုရင္သီေပါမင္းသည္ ေသသည္အထိအိႏၵိယႏိုင္ငံရွိၿမိဳ႕ငယ္တစ္ၿမိဳ႕၌ပင္ပန္းဆင္းရဲစြာေနထိုင္၍ ကံေတာ္ကုန္ခဲ့ရသည္။ ဗမာဘုရင္မ်ားသည္အလြန္လွပေသာလွည္းကိုပိုင္ဆိုင္ထားေသာ္ျငား ေနာက္ဆုံးမင္း သီေပါဘုရင္ပါေတာ္မူခ်ိန္၌ ခမ္းနားလွေသာ ေ႐ႊရထားလုံးေတာ္ႏွင့္ထီးျဖဴေတာ္ေဆာင္း၍ပါေတာ္မမူခဲ့ရေပ။

မႏၲေလး ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္မွထြက္ခြါရမည့္အခ်ိန္ေရာက္ေသာအခါ သီေပါဘုရင္ နန္းတြင္းရွိမသာအေလာင္းမ်ားအားထုတ္သည့္ အမဂၤလာတံခါးမွ ပါေတာ္မူခဲ့ရ၍ ဗီ႐ိုလွည္းတြင္လိုက္ပါ၍ ပါေတာ္မူခဲ့ရသည္။ ဘုရင္ပါေတာ္မူသြားေသာအခါၿဗိတိသွ်တို႔သည္၎တို႔ထုံးစံအတိုင္း ေတာ္ဝင္မိသားစု၏အေကာင္းဆုံးမ်ားကိုယူ၍ အဂၤလန္သို႔ သယ္ေဆာင္သြား သည္။

၁၈၈၆ ခုႏွစ္တြင္ၿဗိတိန္သတင္းစာတစ္ေစာင္က“ သီေပါမင္း ၏ေ႐ႊရထားေတာ္သည္လန္ဒန္သို႔ေရာက္ရွိလာခဲ့သည္” ဟုစိတ္ဝင္စားဖြယ္ေဖာ္ျပခဲ့ေသာ္လည္းအေၾကာင္းအရာႏွင့္ ပတ္သက္၍ ထပ္မံမေျပာေတာ့ပါ။၁၈၉၉ တြင္ထုတ္ေဝေသာသတင္းစာေဆာင္းပါးမွအထူးဆန္းဆုံးသဲလြန္စျဖစ္ေကာင္းျဖစ္ႏိုင္သည္။

“ ဗမာဘုရင္ေဟာင္း သီေပါ ၏ေ႐ႊျမင္းရထား” ဟုေခၚေသာရထားေမာင္းသူမ်ားေၾကာ္ျငာမ်ားေခၚယူသည့္ နည္းျပတစ္ ဦးအားလန္ဒန္ၿမိဳ႕၌ဒဏ္႐ိုက္ျခင္းခံရသည္။ ဤအရာသည္သီေပါမင္း၏တကယ့္ျမင္းရထားလား၊ သို႔မဟုတ္ ပုံစံတူလား?

ဝမ္းနည္းစရာေကာင္းသည္မွာယခုဆိုလွ်င္ႏွစ္ရာေက်ာ္ ရွိၿပီျဖစ္ေသာ္လည္းျမန္မာႏိုင္ငံ၌ဗမာဘုရင္မ်ား၏မ်ားျပားလွေသာေတာ္ဝင္ရထားမ်ား၏မူရင္းမ်ားမွာ မရွိေခ်။ အမ်ားစုကအခ်ိန္ၾကာေညာင္းလာသျဖင့္ေပ်ာက္ကြယ္သြားသည္။အခိုးခံရသည္။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပ်က္စီး၊ေပ်ာက္ဆုံးသြားသည္။

ဗမာျပည္သူမ်ားသည္ အနာဂတ္မွာအေနာက္တိုင္းျပတိုက္မ်ားရွိ ခိုးယူျခင္းခံထားရသည့္၊သယ္ေဆာင္သြားျခင္းခံရသည့္ ဗမာ့အႏုပညာပစၥည္းေတြကိုဗမာအစိုးရကျပန္ေတာင္းေစျခင္ၾကပါသည္။သို႔ေသာ္ မေသခ်ာမေရရာမႈကား ရွိေနဆဲပါပဲ။

သို႔ေသာ္ဘယ္သူတပ္အပ္ေျပာႏိုင္မွာလဲ၊ ကြၽန္ေတာ္တို႔ရဲ႕ဗမာဘုရင့္ေတာ္ဝင္ရထားလုံးႀကီးျပန္ေပၚလာတာကိုဗမာျပည္သူ ကြၽန္ေတာ္တို႔ျမင္ခ်င္ရင္ျမင္ရမွာေပါ့။ ေမွ်ာ္လင့္ခ်က္ထားျခင္းအတြက္ဘာထိခိုက္မႈ၊ဆုံးရႈံးမႈ မွမရွိပါဘူး…..ကြၽန္ေတာ္ေျပာျပေပးတဲ့ဟာက အခ်က္အလက္အခ်ိဳ႕မွားခ်င္ရင္မွားေနႏိုင္တာမို႔လို႔ ႀကိဳေတာင္းပန္ထားပါရေစ၊အမွားေတြ႕ပါက ျဖည့္သာဖတ္သြား ေပးၾကပါခင္ဗ်။

Crd

Unicode

၁၈၈၅ ခုနှစ်တွင်ဗြိတိသျှတို့မြန်မာနိုင်ငံကိုသိမ်းပိုက်သောအခါကုန်းဘောင်မင်းဆက် ဘုရင်များနှင့်မှူးမတ်များပိုင်ဆိုင်သောအဖိုးတန်အနုပညာလက်ရာများ၊နန်းစဥ်ရတနာများ ထောင်ချီ သောင်းချီ သိန်းချီ၍ ပျောက်ကွယ်သွားသည်။

ဤအရာများထဲတွင်ဗမာပြည်သူပြည်သားများအသိနည်းသော ဗမာဘုရင်၏တန်ခိုးအာနုဘော်ကိုကိုယ်စားပြုသော တော်ဝင်ရွှေရထားလုံးပါဝင်သည်။ ဗမာ့တော်ဝင်ရထားလုံးများဖြစ်ပျက်ခဲ့သည့်ဇာတ်လမ်းသည်ကျွန်ုပ်တို့အားမြန်မာနိုင်ငံကိုလိုနီခေတ်အကြောင်းသာမကအနောက်နိုင်ငံများကပါမြန်မာနိုင်ငံအားရှုမြင်ပုံကိုပြောပြပါသည်။

ဗမာဘုရင့်တော်ဝင်ရွှေရထားလုံးတော် အား မည်သို့မည်ပုံရရှိလာ၍ ဗမာဘုရင်များ၏ထိုရထားလုံးအားစီးနင်းမှုသမိုင်းကြောင်းရှည်လျားသည်။ ၁၇၉၆ ခုနှစ်တွင်ဘကြီးတော်မင်းကြီးသည်အိန္ဒိယနှင့်မြန်မာနယ်စပ်တလျှောက်ရှိအချို့သောနယ်မြေပိုင်ဆိုင်ခွင့်များအတွက်ဗြိတိသျှအစိုးရထံမှဥရောပပုံစံရထားကိုတောင်းခဲ့သည်။

ဗမာ့အင်ပါယာသည် ရခိုင်၊ မဏိပူရ၊ အာသံ၊ ပဲခူနှင့်สยามတို့၏နယ်မြေများကိုမကြာသေးမီက ၀ ယ်ယူခဲ့ပြီး၊ ဘကြီးတော်မင်းသည်သူ့အိမ်နီးချင်းများထံမှတောင်းဆိုမှုများကိုပြုလုပ်နိုင်သည့်အနေအထားတွင်ရှိသည်။ဘုရင်သည် ဗြိတိသျှများထံမှာ“ အင်္ဂလိပ်စတိုင်လ်ဆွဲရထားတစ်စင်း” ကိုတောင်းခဲ့သည်။တောင်းဆိုချက်အတိုင်း ဗြိတိသျှသံတမန် Hiram Cox ကလက်ဆောင်ပေးတဲ့အခါဘုရင်ကသူမစီးနိုင်ဘူးဆိုတာကိုချက်ချင်းသဘောပေါက်ခဲ့ပါတယ်။

အဘယ့်ကြောင့်ဆိုသော် အတွင်းရှိဘုရင်ထိုင်ရမည့် ထိုင်ခုံသည်နိမ့်လွန်းလှသောကြောင့်ဖြစ်သည်။ ဗမာ့နန်းတွင်းရိုးရာအရ ဘုရင်၏လက်အောက်ခံနယ်စား၊မြို့စား စသည်တို့သည် ဘုရင့်အောက်တွင် နေရမည်ဖြစ်သည် သို့သော် ရွှေရထားလုံးတော်၏ ဖွဲ့စည်းပုံအရ တတန်းတည်း ထိုင်နေရသလိုဖြစ်နေသည် ။

ထို့ကြောင့်တော်ဝင်အခမ်းအနားများကျင်းပရန် (သို့) စေတီတော်၌ပူဇော်သက္ကာပြုရန်နန်းတော်မှထွက်ခွာသောအခါဘကြီးတော်မင်းသည်ရထားသစ်ကိုစီးနင်းပြီးသူသည်မိသားစုအား၊မှုးမတ် စသည်တို့အားနောက်ကျော၌လိုက်ပါစေခဲ့သည်။ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄-၁၈၂၆) တွင်ဗြိတိသျှတို့ကရန်ကုန်ကိုသိမ်းလိုက်သည်၊ ဗမာ့တပ်မတော်သည်မငြိမ်မသက်ဖြစ်နေပြီးဘုရင်သည်သူ၏ကျန်တိုင်းပြည်အချိူ့အား အရှေ့အိန္ဒိယကုမ္ပဏီသို့လွှဲပြောင်းပေးခဲ့သည်။

ဗမာ့တော်ဝင်ရထားလုံးသည်ဗြိတိသျှလက်သို့ကျရောက်လာသည်။ ဗြိတိသျှတပ်များသည်မြန်မာနိုင်ငံအောက်ပိုင်းကိုသိမ်းပိုက်နေစဉ်ဗိုလ်မှူးကြီးတစ်ဦး၏ အမှတ် ၈၉ တပ်ရင်းသည်တနင်္သာရီရှိထားဝယ်မြို့၌အံ့သြဖွယ်ရာအရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်။

အလုပ်ရုံတစ်ခုအတွင်းရှိစွန့်ပစ်ထားပုံရ့သည်ဘကြီးတော်မင်းကြီး၏ ဗမာ့တော်ဝင်ရွှေရထားလုံးတော် နှင့်အလွန်တူသောရွှေရထားလုံးတော်တစ်ခုဖြစ်သည်။ ဗြိတိသျှဗိုလ်ကြီးသည်ထို ရွှေရထားလုံးအားစစ်သိမ်းပစ္စည်းအဖြစ်လေလံတင်ရောင်းချရန်ကလကတ္တားသို့အလျင်အမြန်စေပို့ခဲ့သည်။လေလံအောင်သူ ပိုင်ရှင်အသစ်သည်Piccadilly Circus ရှိအီဂျစခန်းမ ၌ပြသရန်လန်ဒန်သို့ပို့ခဲ့သည်။

လန်ဒန်ပြတိုက်ရောက်သောအခါ လူအုပ်ကြီးက ဗမာဘုရင့်ရွှေရထားလုံးတော်အား ကြည့်ရန်စုဝေးခဲ့ကြသည်။ ပြတိုက်ဝင်ခွင့် လက်မှတ်ရောင်းအားသည် ယခင်နှစ်အနည်းငယ်ကပြတိုက်ခန်းမ၌ပြသခဲ့သည့်နပိုလီယံ၏ရထားရောင်းအားနှင့်တူသည်။ ရထားလုံးအား မြင်တွေ့လိုက်ရသောအခါ ဗြိတိသျှပြည်သူများသည်အလွန် အံ့သြသွားခဲ့သည်။

ဗမာတော်ဝင်ရထားလုံး၏မျက်နှာပြင်တစ်ခုလုံးကိုရွှေဖြင့်ဖုံးအုပ်ထားပြီးကျောက်မျက်ရတနာပေါင်း ၂၀၀၀၀ ကျော်နှင့်အလှဆင်ထားသည်။ လာရောက်လည်ပတ်သူများသည်လက်မှုပညာများနှင့်စီခြယ်ထားသည့်ရတနာများအားအံ့သြခဲ့ကြသည်။ဗြိတိသျှများသည် ထိုလှပသောရထားလုံးကြီးအားကြည့်ရင်း ၎င်းတို့၏စိတ်ကူးစိတ်သန်း၌မြန်မာပြည်ကို“ ရွှေပြည်” အဖြစ်ဖန်တီးခဲ့သည်။

၁၈၄၇ တွင် Edwin Hughes ၏“ Great Mammoth Equestrian Establishment” အတွက်ဆပ်ကပ်လှည်းအဖြစ်နှင့်တော်ဝင်ရထားလုံးအား လန်ဒန်လမ်းများပေါ်တွင်ကပြခဲ့သည်။ ထို့နောက် ပျောက်ခြင်းမလှပျောက်ကွယ်သွားလေတော့သည်။ နောက်ဆုံးတွင်ကုန်းဘောင်ဗမာဘုရင်များ၏ကြွယ်ဝမှုများသည်ဗြိတိသျှများအား ဗမာ တနိုင်ငံလုံးအား သိမ်းပိုက်ရန်အလွန်ဆွဲဆောင်မှုရှိခဲ့သည်။

၁၈၈၅ ခုနှစ်တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင်ဗမာတစ်နိုင်ငံလုံးကိုဗြိတိသျှမှသိမ်းပိုက်ခဲ့သည်။ ဗမာနောက်ဆုံးဘုရင်သီပေါမင်းသည် သေသည်အထိအိန္ဒိယနိုင်ငံရှိမြို့ငယ်တစ်မြို့၌ပင်ပန်းဆင်းရဲစွာနေထိုင်၍ ကံတော်ကုန်ခဲ့ရသည်။ ဗမာဘုရင်များသည်အလွန်လှပသောလှည်းကိုပိုင်ဆိုင်ထားသော်ငြား နောက်ဆုံးမင်း သီပေါဘုရင်ပါတော်မူချိန်၌ ခမ်းနားလှသော

ရွှေရထားလုံးတော်နှင့်ထီးဖြူတော်ဆောင်း၍ပါတော်မမူခဲ့ရပေ။ မန္တလေး မြနန်းစံကျော်ရွှေနန်းတော်မှထွက်ခွါရမည့်အချိန်ရောက်သောအခါ သီပေါဘုရင် နန်းတွင်းရှိမသာအလောင်းများအားထုတ်သည့် အမင်္ဂလာတံခါးမှ ပါတော်မူခဲ့ရ၍ ဗီရိုလှည်းတွင်လိုက်ပါ၍ ပါတော်မူခဲ့ရသည်။ ဘုရင်ပါတော်မူသွားသောအခါဗြိတိသျှတို့သည်၎င်းတို့ထုံးစံအတိုင်း

တော်ဝင်မိသားစု၏အကောင်းဆုံးများကိုယူ၍ အင်္ဂလန်သို့ သယ်ဆောင်သွား သည်။ ၁၈၈၆ ခုနှစ်တွင်ဗြိတိန်သတင်းစာတစ်စောင်က“ သီပေါမင်း ၏ရွှေရထားတော်သည်လန်ဒန်သို့ရောက်ရှိလာခဲ့သည်” ဟုစိတ်ဝင်စားဖွယ်ဖော်ပြခဲ့သော်လည်းအကြောင်းအရာနှင့် ပတ်သက်၍ ထပ်မံမပြောတော့ပါ။

၁၈၉၉ တွင်ထုတ်ဝေသောသတင်းစာဆောင်းပါးမှအထူးဆန်းဆုံးသဲလွန်စဖြစ်ကောင်းဖြစ်နိုင်သည်။ “ ဗမာဘုရင်ဟောင်း သီပေါ ၏ရွှေမြင်းရထား” ဟုခေါ်သောရထားမောင်းသူများကြော်ငြာများခေါ်ယူသည့် နည်းပြတစ် ဦးအားလန်ဒန်မြို့၌ဒဏ်ရိုက်ခြင်းခံရသည်။ ဤအရာသည်သီပေါမင်း၏တကယ့်မြင်းရထားလား၊ သို့မဟုတ် ပုံစံတူလား?

ဝမ်းနည်းစရာကောင်းသည်မှာယခုဆိုလျှင်နှစ်ရာကျော် ရှိပြီဖြစ်သော်လည်းမြန်မာနိုင်ငံ၌ဗမာဘုရင်များ၏များပြားလှသောတော်ဝင်ရထားများ၏မူရင်းများမှာ မရှိချေ။ အများစုကအချိန်ကြာညောင်းလာသဖြင့်ပျောက်ကွယ်သွားသည်။အခိုးခံရသည်။အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး၊ပျောက်ဆုံးသွားသည်။

ဗမာပြည်သူများသည် အနာဂတ်မှာအနောက်တိုင်းပြတိုက်များရှိ ခိုးယူခြင်းခံထားရသည့်၊သယ်ဆောင်သွားခြင်းခံရသည့် ဗမာ့အနုပညာပစ္စည်းတွေကိုဗမာအစိုးရကပြန်တောင်းစေခြင်ကြပါသည်။သို့သော် မသေချာမရေရာမှုကား ရှိနေဆဲပါပဲ။ သို့သော်ဘယ်သူတပ်အပ်ပြောနိုင်မှာလဲ၊ ကျွန်တော်တို့ရဲ့ဗမာဘုရင့်တော်ဝင်ရထားလုံးကြီ

းပြန်ပေါ်လာတာကိုဗမာပြည်သူ ကျွန်တော်တို့မြင်ချင်ရင်မြင်ရမှာပေါ့။ မျှော်လင့်ချက်ထားခြင်းအတွက်ဘာထိခိုက်မှု၊ဆုံးရှုံးမှု မှမရှိပါဘူး…..ကျွန်တော်ပြောပြပေးတဲ့ဟာက အချက်အလက်အချို့မှားချင်ရင်မှားနေနိုင်တာမို့လို့ ကြိုတောင်းပန်ထားပါရစေ၊အမှားတွေ့ပါက ဖြည့်သာဖတ်သွား ပေးကြပါခင်ဗျ။

Crd

“နိမိတ်ကို မယုံလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာ့သမိုင်းထဲက အိမ်ရှေ့စံတစ်ပါး”

Zawgyi ျဖင့္ ဖတ္ရန္

နိမိတ္ ကို မယုံ၍ အသက္ဆုံးရႈံးခဲ့ရေသာ အိမ္ေရွ႕စံ ဆိုသည္မွာ စက္မႈ ျမန္မာႏိုင္ငံ ကိုတည္ေထာင္ရန္ ႀကိဳးစားခဲ့သူ မင္းတုန္းမင္း တရားႀကီး ၏ ညီေတာ္ ကေနာင္ မင္းသားႀကီး ျဖစ္သည္။

ကေနာင္မင္းသားႀကီး သည္ မႏၲေလးေတာင္ေျခရွိ မဟာေလာကမာရဇိန္ဘုရား (ကုသိုလ္ေတာ္ဘုရား) ပရိဝုဏ္ အတြင္းတြင္ ေနာင္ေတာ္ ဘုရား ႏွင့္ အစ္မေတာ္ ဘုရား တို႔ပိဋကတ္ေတာ္ေက်ာက္ထက္ အကၡရာတင္ေရးကိစၥကို ႀကီးၾကပ္ရန္ေရာက္ရွိေနမည္ ျဖစ္သျဖင့္ ထိုေနရာသို႔ နံနက္ေစာေစာသြားရန္ ခပ္သုတ္သုတ္ျပင္ဆင္ခဲ့သည္။

ျပင္ဆင္ၿပီး အိမ္ေတာ္ မြ အဆင္း အိမ္ေတာ္ ေအာက္ဘက္သို႔ ေရာက္သည္ႏွင့္ လႈိင္ထိပ္ေခါင္တင္မင္းသမီး က ေမာင္ေတာ္ ဘုရား ဒီကိစၥအတြက္ မၾသားပါနဲ႔လား ဟူ၍ လက္အုပ္ခ်ီ၍ ေလွ်ာက္သည္။အိမ္ေရွ႕စံ က ေနာက္လိုက္ေနာက္ပါမ်ားေရွ႕တြင္ ျဖစ္၍ လႈိင္ သတိထားေလ ။ ဘယ္လိုေၾကာင့္ ခုလိုတားဆီးေနရတာလဲ ဟု အေမးေတာ္ရွိလိုက္သည္။

ထိုအခါ လႈိင္မင္းသမီး က-ႏွမေတာ္ရဲ႕ အိပ္မက္ ထဲမြာ ေမာင္ေတာ့္ ေဗာင္းေတာ္ျပဳတ္က်တယ္လို႔ ျမင္ပါတယ္။ ၿပီးေတာ့ေမာင္ေတာ့္ ဦးေခါင္းေတာ္ရိပ္ကိုလည္း မျမင္ပါ။အတိတ္ နိမိတ္မေကာင္း၍ မၾသားဖို႔ တားရျခင္းျဖစ္ပါတယ္ ဘုရား လို႔ ျပန္ေလွ်ာက္ေသာ္ ကေနာင္မင္းသားလည္း-ႏွမေတာ္ ညက မအိပ္ႏိုင္လို႔ အျမင္ေတြေမွာက္မွားေနတာ ျဖစ္မွာပါ။ စိတ္ေအးေအးထားပါ ႏွမေတာ္ ။ေမာင္ေတာ္ဘာမွမျဖစ္ႏိုင္ပါဘူး ။

ေနာင္ေတာ့္ ဆီကိုေမာင္ေတာ္မသြားလို႔ မျဖစ္ဘူး။ လႈိင္လည္းအိမ္ေပၚတက္ေတာ့ ၊ ေမာင္ေတာ္ လည္း ဆင္ေတာ္ေပၚတက္ေတာ့မယ္၊ ေမာင္ေတာ့္ကို လုပ္ႀကံသတ္ျဖတ္ႏိုင္မယ့္သူ မေမြးေသးဘူးလို႔ သာမွတ္ ဟူ၍ ေျပာဆိုကာ ႂကြျမန္းလာခဲ့ပါသည္။တစ္ဖတ္ လမ္းခုလတ္ရွိ ေခ်ာင္းတစ္ေခ်ာင္းကို ျဖတ္ကူးရာ ေဗာင္းေတာ္ကြၽတ္က်သျဖင့္ လိုက္ပါလာေသာ ပညာရွိအမတ္တို႔က-ကိုယ္ေတာ္ႀကီး ဘုရား ေဗာင္းေတာ္ကြၽတ္က်သည္မွာ မေကာင္းေသာ ပုဗၺနိမိတ္ျဖစ္ပါသည္။ေရွ႕ဆက္သြားရန္ မသင့္ေတာ္ပါ။

ေနာက္သို႔သာ ျပန္လွည့္သင့္ပါသည္ ဘုရား ဟူ၍ ဝိုင္းဝန္းေလွ်ာက္တင္ၾက၏။သို႔ရာတြင္ ကေနာင္ မင္းသားႀကီး မြာ ယုံၾကည္မႈမရွိဘဲ တားသည့္ၾကားမွ သြားျဖစ္ေအာင္သြားခဲ့ေသာေၾကာင့္ ႀကိဳတင္ႀကံစည္ထားေသာ ျမင္ကြန္း ၊ ျမင္းခုံတိုင္တို႔၏ လက္ခ်က္ျဖင့္ ေခါင္းျဖတ္လုပ္ႀကံ သတ္ျဖတ္ျခင္းကို ခံခဲ့ရရွာသည္။ကြၽန္ေတာ္တို႔ေနထိုင္ေသာ ကမ္ဘာႀကီးမွာ ေတာင္ကြၽန္းျဖစ္သည္ဟု မွတ္သားရသည္။

ဇဗၺဴဒိပ္ နိမိတ္ထြန္း ဟူေသာစကားႏွင့္ အညီ နိမိတ္ ၊ တေဘာင္ ၊ စနည္း ၊ ေဘဝါ တို႔မြာ ေရွးအစဥ္အဆက္ သာဓကမ္ား ရွိခဲ့ေပရာ မယုံလို႔လည္းမရ ။ေရွ႕ေျပးႀကိဳတင္ထင္ျမင္လာေသာ ပုဗၺနိမိတ္သည္ကား မွန္ပဲ မွန္ႏိုင္လြန္းေလစြ။

Unicode ဖြင့် ဖတ်ရန်

နိမိတ် ကို မယုံ၍ အသက်ဆုံးရှုံးခဲ့ရသော အိမ်ရှေ့စံ ဆိုသည်မှာ စက်မှု မြန်မာနိုင်ငံ ကိုတည်ထောင်ရန် ကြိုးစားခဲ့သူ မင်းတုန်းမင်း တရားကြီး ၏ ညီတော် ကနောင် မင်းသားကြီး ဖြစ်သည်။

ကနောင်မင်းသားကြီး သည် မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်ဘုရား) ပရိဝုဏ် အတွင်းတွင် နောင်တော် ဘုရား နှင့် အစ်မတော် ဘုရား တို့ပိဋကတ်တော်ကျောက်ထက် အက္ခရာတင်ရေးကိစ္စကို ကြီးကြပ်ရန်ရောက်ရှိနေမည် ဖြစ်သဖြင့် ထိုနေရာသို့ နံနက်စောစောသွားရန် ခပ်သုတ်သုတ်ပြင်ဆင်ခဲ့သည်။

ပြင်ဆင်ပြီး အိမ်တော် မွ အဆင်း အိမ်တော် အောက်ဘက်သို့ ရောက်သည်နှင့် လှိုင်ထိပ်ခေါင်တင်မင်းသမီး က မောင်တော် ဘုရား ဒီကိစ္စအတွက် မသြားပါနဲ့လား ဟူ၍ လက်အုပ်ချီ၍ လျှောက်သည်။အိမ်ရှေ့စံ က နောက်လိုက်နောက်ပါများရှေ့တွင် ဖြစ်၍ လှိုင် သတိထားလေ ။ ဘယ်လိုကြောင့် ခုလိုတားဆီးနေရတာလဲ ဟု အမေးတော်ရှိလိုက်သည်။

ထိုအခါ လှိုင်မင်းသမီး က-နှမတော်ရဲ့ အိပ်မက် ထဲမွာ မောင်တော့် ဗောင်းတော်ပြုတ်ကျတယ်လို့ မြင်ပါတယ်။ ပြီးတော့မောင်တော့် ဦးခေါင်းတော်ရိပ်ကိုလည်း မမြင်ပါ။အတိတ် နိမိတ်မကောင်း၍ မသြားဖို့ တားရခြင်းဖြစ်ပါတယ် ဘုရား လို့ ပြန်လျှောက်သော် ကနောင်မင်းသားလည်း-နှမတော် ညက မအိပ်နိုင်လို့ အမြင်တွေမှောက်မှားနေတာ ဖြစ်မှာပါ။ စိတ်အေးအေးထားပါ နှမတော် ။မောင်တော်ဘာမှမဖြစ်နိုင်ပါဘူး ။

နောင်တော့် ဆီကိုမောင်တော်မသွားလို့ မဖြစ်ဘူး။ လှိုင်လည်းအိမ်ပေါ်တက်တော့ ၊ မောင်တော် လည်း ဆင်တော်ပေါ်တက်တော့မယ်၊ မောင်တော့်ကို လုပ်ကြံသတ်ဖြတ်နိုင်မယ့်သူ မမွေးသေးဘူးလို့ သာမှတ် ဟူ၍ ပြောဆိုကာ ကြွမြန်းလာခဲ့ပါသည်။တစ်ဖတ် လမ်းခုလတ်ရှိ ချောင်းတစ်ချောင်းကို ဖြတ်ကူးရာ ဗောင်းတော်ကျွတ်ကျသဖြင့် လိုက်ပါလာသော ပညာရှိအမတ်တို့က-ကိုယ်တော်ကြီး ဘုရား ဗောင်းတော်ကျွတ်ကျသည်မှာ မကောင်းသော ပုဗ္ဗနိမိတ်ဖြစ်ပါသည်။ရှေ့ဆက်သွားရန် မသင့်တော်ပါ။

နောက်သို့သာ ပြန်လှည့်သင့်ပါသည် ဘုရား ဟူ၍ ဝိုင်းဝန်းလျှောက်တင်ကြ၏။သို့ရာတွင် ကနောင် မင်းသားကြီး မွာ ယုံကြည်မှုမရှိဘဲ တားသည့်ကြားမှ သွားဖြစ်အောင်သွားခဲ့သောကြောင့် ကြိုတင်ကြံစည်ထားသော မြင်ကွန်း ၊ မြင်းခုံတိုင်တို့၏ လက်ချက်ဖြင့် ခေါင်းဖြတ်လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။ကျွန်တော်တို့နေထိုင်သော ကမ်ဘာကြီးမှာ တောင်ကျွန်းဖြစ်သည်ဟု မှတ်သားရသည်။

ဇဗ္ဗူဒိပ် နိမိတ်ထွန်း ဟူသောစကားနှင့် အညီ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘေဝါ တို့မွာ ရှေးအစဉ်အဆက် သာဓကမ်ား ရှိခဲ့ပေရာ မယုံလို့လည်းမရ ။ရှေ့ပြေးကြိုတင်ထင်မြင်လာသော ပုဗ္ဗနိမိတ်သည်ကား မှန်ပဲ မှန်နိုင်လွန်းလေစွ။

“ငှက်ကြီးတောင်(သို့မဟုတ်)မြန်မာ့ဓား”

Zawgyi ျဖင့္ ဖတ္ရန္

ငွက္ႀကီးေတာင္(သို႔မဟုတ္)ျမန္မာ့ဓား”အမ်ားအားျဖင့္ေရွးျမန္မာ့တပ္မေတာ္တြင္ငွက္ႀကီးေတာင္ဓားကိုအသုံးျပဳသည္။“ဓားမွာမိုးႀကိဳး”ဟူေသာစကားအတိုင္းအသြားတြင္မိုးႀကိဳးထည့္၍ျပဳလုပ္ေလ့ရွိၾကသည္။

ရာဇဝင္တြင္ထင္ရွားေသာဓားမ်ားမွာစစ္ကိုင္းအသခၤယာေစာယြန္း၏ဓားမွာဆင္လည္ပင္းကိုျပတ္ေစသည္။ဗ်ည္းႏြဲ႕၏ဓားသည္တစ္ေတာင္မွ်ရွိေသာေက်ာက္ထုကိုျပတ္ေစသည္။ယိမ္းႏြဲ႕ပါးဓားသည္အင္းဝေခတ္ကနန္းစဥ္ဓားျဖစ္သည္။

သိုဟန္ဘြားသည္အင္းဝထီးနန္းကိုသိမ္းပိုက္ၿပီးေနာက္ျပည္သူလူထုအားႏွိပ္စက္ျခင္း၊ရဟန္းသံဃာမ်ားအားသတ္ျဖတ္ျခင္းစသည္မ်ားလုပ္ေဆာင္လာေသာေၾကာင့္သိုဟန္ဘြားအားလုပ္ႀကံရန္ႀကံစည္ၾကသည္။

မင္းႀကီးရန္ေနာင္ကသိုဟန္ဘြားအားဥယ်ာဥ္ေတာ္တြင္းသို႔ဥပါယ္တံမ်ဥ္ျဖင့္ေခၚသြားၿပီးယိမ္းႏြဲ႕ပါးဓားကိုျပမည့္ဟန္ျပဳကာခုတ္ပိုင္းလိုက္ရာလူႏွင့္တကြေနာက္ခံဝါးပိုးဝါးငါးလုံး၊ၾကမ္း၅ေခ်ာင္းပါျပတ္ေလသည္။

ေရွးေခတ္ျမန္မာ့တပ္မေတာ္တြင္ဓားေရး၃၇ခ်င္းကိုတတ္ေျမာက္မွာသာတပ္မႉးျဖစ္ခြင့္ရွိသည္။ပ်ံခ်ီဓားဟုေခၚေသာအဆင့္ျမင့္ဓားေရးကိုတတ္ေျမာက္သူအားဘြဲ႕အမည္ေနာက္တြင္ပ်ံခ်ီဟူေသာအမည္နာမကိုထည့္သြင္းမွည့္ေခၚေပးသည္။

ေရွးေခတ္ျမန္မာ့တပ္မေတာ္ပင္တိုင္သုံးဓားျဖစ္သည္။အိမ္မ်ားတြင္လည္းေဆာင္ဓားအျဖစ္အသုံးျပဳၾကသည္။ငွက္ေတာင္ႏွင့္တူသျဖင့္ငွက္ႀကီးေတာင္ဟုေခၚျခင္းျဖစ္သည္။ငွက္ႀကီးေတာင္ျဖင့္ကစားရေသာသိုင္းကြက္မွာဓားေရး၃၇ခ်င္းျဖစ္သည္။

ဓားအေႏွာင့္တြင္ဖုလုံးပါၿပီးလိုအပ္ပါကဓားေႏွာင့္ျဖင့္ထုႏိုင္သည္။ငွက္ႀကီးေတာင္ဓားသည္အျခားလူမ်ိဳးတို႔၏ဓားႏွင့္မတူဘဲပုံစံႏွင့္အသုံးျပဳပုံကြဲျပားသည္။ျမန္မာ့ေဆာင္ဓား၊ရွမ္းဓား၊မြန္ဓားတို႔ႏွင့္လည္းမတူဘဲကြဲျပားသည့္ဓားျဖစ္သည္။

ဓားတြင္အမ်ိဳးမ်ိဳးရွိသည္။ခုတ္ဓား၊ထိုးဓား၊ေပါက္ဓား၊ဟူ၍အမ်ိဳးမ်ိဳးရွိသည္။ငွက္ႀကီးေတာင္ဓားသည္စြယ္စုံသုံးဓားျဖစ္သည္။ငွက္ႀကီးေတာင္၏အဓိပၸာယ္-ဓားပုံစံမွာအရင္းတြင္လက္ႏွစ္သစ္သာရွိ၍အဖ်ားတြင္လက္သုံးသစ္မွလက္ေလးသစ္ခန႔္ရွိသည္။

ငွက္အေတာင္ကဲ့သို႔အရင္းမွအဖ်ားဘက္သို႔ေကာ့ၿပီးတက္သြားေသာေၾကာင့္ငွက္ႀကီးေတာင္ဟုေခၚဆိုျခင္းျဖစ္သည္။ဓားအရွည္”ဓားအရွည္မွာအသြားတစ္ေတာင့္တစ္ထြာ၊တစ္မိုက္(၃၃လက္မခန႔္)၊အ႐ိုးတထြာ(၁၀လက္မခန႔္)ရွိသည္။

“ဓား႐ိုး(ဓားေႏွာင့္)”ဓား႐ိုးကိုေၾကး၊ေငြ၊ေ႐ႊမိမိတို႔ႀကိဳက္ႏွစ္သက္သလိုျပဳလုပ္ၾကသည္။လက္ကိုင္မကြၽတ္ထြက္ေစရန္ဓား႐ိုးသံကိုဓားေႏွာင့္ႏွင့္ၿမဲေအာင္သပ္႐ိုက္ထားသည္။ဓားလက္ကိုင္(ဓား႐ိုး)၏အဆုံးတြင္ေ႐ႊ၊ေငြ၊မိုးႀကိဳသြားတို႔ျဖင့္ျပဳလုပ္ထားေသာငယ္ဟုေခၚသည့္ဘုခြၽန္ေလးရွိသည္။

ဓားၿပီး၊တုတ္ၿပီးေသာသူမ်ားအားထိုငယ္ျဖင့္ထု႐ိုက္ပါကေသသည္ဟုဆိုသည္။“ဓားေကာင္းသတ္မွတ္ပုံ”ဓား၏အေလးခ်ိန္မွာအတိအက်မရွိေသာ္လည္းဓားအလယ္မွကိုင္ကာလက္ဖဝါးေပၚတင္ပါကၿငိမ္ေနရမည္။

အေရွ႕ဘက္ကိုၫြတ္က်ပါကဦးေလးေသာဓားျဖစ္ၿပီး၊အေနာက္ဘက္ကိုၫြတ္ပါကဓားေႏွာင့္ေလးေသာဓားျဖစ္သည္။အေရွ႕အေနာက္မၫြတ္ဘဲၿငိမ္ေနသည့္ဓားမ်ိဳးမွဓားေကာင္းစာရင္းဝင္သည္။

“ဓားေရး၃၇ခ်င္း”ငွက္ႀကီးေတာင္ဓားျဖင့္ကစားရေသာဓားသိုင္းပညာရပ္မ်ားတြင္ဓားႀကီး(၄)ပါးႏွင့္ဓားစုံ(၁၀)ခ်င္းသည္၃၇ခ်င္း၏အေျခခံဓားကြက္မ်ားျဖစ္ၾကသည္။၃၇-ခ်င္းဟုသာဆိုေသာ္လည္းဓားေရးတစ္ခ်င္းလွ်င္အပိုဒ္ခြဲေပါင္းမ်ားစြာပါဝင္ေနပါသည္။

၃၇-ခ်င္းဓားတြင္ဓားကြက္မ်ားမွာမ်က္ႏွာအနီး၊လည္ပင္းအနီးစသည္ျဖင့္ပြတ္ကာသီကာကစားရေသာအကြက္မ်ား၊ဘယ္ႏွင့္ညာတၿပိဳင္နက္တည္းမွာပင္မတူညီေသာဓားကြက္မ်ားပါဝင္သည္။

ျမန္မာမင္းမ်ားလက္ထက္တြင္ဓားေရး၃၇ခ်င္းတတ္မွသာတပ္မႉးအျဖစ္လည္းေကာင္း၊တပ္ဗိုလ္အျဖစ္လည္ေကာင္းခန႔္အပ္သည္။ျမန္မာမင္းမ်ားလက္ထက္ျပာသိုလျမင္းခင္းသဘင္ပြဲတြင္ယွဥ္ၿပိဳင္ရေသာဓားၿပိဳင္ပြဲမ်ားတြင္ဓားေရး၃၇ခ်င္းျဖင့္အစြမ္းျပခဲ့ၾကသည္။

ဓားေရး၃၇ခ်င္းမွာဓားခ်ီ၊ဓားခင္း၊မ်က္ႏွာကာ၊ဓားလွ၊ဓားလွ်ိဳး၊ေမွာက္ထိုးရပ္၊ရင္ခြဲ၊အသားလွန္၊ဓားခုတ္၊ဇင္ေယာ္သုတ္၊တဖက္ထိုး၊ေရွ႕လွည္း၊ေနာက္လွည္း၊ေ႐ႊႏႈတ္ႁမြက္ယာလွ၊ေ႐ႊႏႈတ္ႁမြက္ဝဲလွ၊စြန္သုတ္၊ပါးကပ္၊ပန္းကုံးျဖတ္၊ဓားလႊင့္၊ပန္းကုံးသီ၊

ဆက္ရက္ခုန္၊မီးတိုင္ျပ၊ပိုးခ်ည္လႊား၊သက္တင္ေရေသာက္၊ေ႐ႊဘယက္လည္ေလ်ာက္၊ေဒါင္းၿမီးကာ၊က်ားၿမီးဆြဲ၊ဓား႐ြက္၊လက္ေကာက္ဝတ္၊ေမာင္းကပ္၊ေ႐ႊႏႈတ္လည္ေလ်ာက္၊ေနာက္လည္ေလ်ာက္၊ဓားသြဲ႕၊ဓားျပ၊တဖက္ႏႈတ္၊ႏွစ္ဖက္ႏႈတ္၊ေနာက္လွည့္တို႔ျဖစ္သည္။

“ျမန္မာႏိုင္ငံ၏ထင္ရွားသည့္ဓားမ်ား”မင္းႀကီးရန္ေနာင္၏#ယိမ္းႏြဲ႕ပါးဓား။(ရဟန္းသံဃာေတာ္မ်ားကိုသတ္ျဖတ္သည့္သိုဟန္ဘြား၏ေခါင္းေဆးမဂၤလာပြဲတြင္သိုဟန္ဘြားကိုခုတ္ရာဦးေခါင္းႏွင့္တကြခင္းထာသည့္ဝါပိုးဝါးၾကမ္းခင္းမွဝါး၅လုံးပါျပတ္သည္)

ေ႐ႊဓားဗိုလ္၏ ကိုးသခ်ႋဳင္းသံဓား(ဓားဓားျခင္းခုတ္လွ်င္ရန္သူ႔ဓားထက္ပိုင္းျပတ္သည္။)ဒြတၱေပါင္းမင္းႀကီး၏ ဓား(တစ္ခ်က္ထဲႏွင့္ႏြားလည္ပင္းအကြင္းလိုက္ျပတ္သည္။)စစ္ကိုင္းအသခၤယာေစာယြန္း၏

ညိဳေရာင္ဓား(ဆင္လည္ပင္းကိုျပတ္သည္။)ပထမမင္းေခါင္(မင္းေဆြ)၏#စိန္သြားေရာင္ဓား(ႏွစ္မိုက္ခန႔္ရွိေသာေငြတုံးကိုျပတ္သည္။)From–MyanmarWikipedia

Unicode ဖြင့် ဖတ်ရန်

ငှက်ကြီးတောင်(သို့မဟုတ်)မြန်မာ့ဓား”အများအားဖြင့်ရှေးမြန်မာ့တပ်မတော်တွင်ငှက်ကြီးတောင်ဓားကိုအသုံးပြုသည်။“ဓားမှာမိုးကြိုး”ဟူသောစကားအတိုင်းအသွားတွင်မိုးကြိုးထည့်၍ပြုလုပ်လေ့ရှိကြသည်။

ရာဇဝင်တွင်ထင်ရှားသောဓားများမှာစစ်ကိုင်းအသင်္ခယာစောယွန်း၏ဓားမှာဆင်လည်ပင်းကိုပြတ်စေသည်။ဗျည်းနွဲ့၏ဓားသည်တစ်တောင်မျှရှိသောကျောက်ထုကိုပြတ်စေသည်။ယိမ်းနွဲ့ပါးဓားသည်အင်းဝခေတ်ကနန်းစဉ်ဓားဖြစ်သည်။

သိုဟန်ဘွားသည်အင်းဝထီးနန်းကိုသိမ်းပိုက်ပြီးနောက်ပြည်သူလူထုအားနှိပ်စက်ခြင်း၊ရဟန်းသံဃာများအားသတ်ဖြတ်ခြင်းစသည်များလုပ်ဆောင်လာသောကြောင့်သိုဟန်ဘွားအားလုပ်ကြံရန်ကြံစည်ကြသည်။

မင်းကြီးရန်နောင်ကသိုဟန်ဘွားအားဥယျာဉ်တော်တွင်းသို့ဥပါယ်တံမျဉ်ဖြင့်ခေါ်သွားပြီးယိမ်းနွဲ့ပါးဓားကိုပြမည့်ဟန်ပြုကာခုတ်ပိုင်းလိုက်ရာလူနှင့်တကွနောက်ခံဝါးပိုးဝါးငါးလုံး၊ကြမ်း၅ချောင်းပါပြတ်လေသည်။

ရှေးခေတ်မြန်မာ့တပ်မတော်တွင်ဓားရေး၃၇ချင်းကိုတတ်မြောက်မှာသာတပ်မှူးဖြစ်ခွင့်ရှိသည်။ပျံချီဓားဟုခေါ်သောအဆင့်မြင့်ဓားရေးကိုတတ်မြောက်သူအားဘွဲ့အမည်နောက်တွင်ပျံချီဟူသောအမည်နာမကိုထည့်သွင်းမှည့်ခေါ်ပေးသည်။

ရှေးခေတ်မြန်မာ့တပ်မတော်ပင်တိုင်သုံးဓားဖြစ်သည်။အိမ်များတွင်လည်းဆောင်ဓားအဖြစ်အသုံးပြုကြသည်။ငှက်တောင်နှင့်တူသဖြင့်ငှက်ကြီးတောင်ဟုခေါ်ခြင်းဖြစ်သည်။ငှက်ကြီးတောင်ဖြင့်ကစားရသောသိုင်းကွက်မှာဓားရေး၃၇ချင်းဖြစ်သည်။

ဓားအနှောင့်တွင်ဖုလုံးပါပြီးလိုအပ်ပါကဓားနှောင့်ဖြင့်ထုနိုင်သည်။ငှက်ကြီးတောင်ဓားသည်အခြားလူမျိုးတို့၏ဓားနှင့်မတူဘဲပုံစံနှင့်အသုံးပြုပုံကွဲပြားသည်။မြန်မာ့ဆောင်ဓား၊ရှမ်းဓား၊မွန်ဓားတို့နှင့်လည်းမတူဘဲကွဲပြားသည့်ဓားဖြစ်သည်။

ဓားတွင်အမျိုးမျိုးရှိသည်။ခုတ်ဓား၊ထိုးဓား၊ပေါက်ဓား၊ဟူ၍အမျိုးမျိုးရှိသည်။ငှက်ကြီးတောင်ဓားသည်စွယ်စုံသုံးဓားဖြစ်သည်။ငှက်ကြီးတောင်၏အဓိပ္ပာယ်-ဓားပုံစံမှာအရင်းတွင်လက်နှစ်သစ်သာရှိ၍အဖျားတွင်လက်သုံးသစ်မှလက်လေးသစ်ခန့်ရှိသည်။

ငှက်အတောင်ကဲ့သို့အရင်းမှအဖျားဘက်သို့ကော့ပြီးတက်သွားသောကြောင့်ငှက်ကြီးတောင်ဟုခေါ်ဆိုခြင်းဖြစ်သည်။ဓားအရှည်”ဓားအရှည်မှာအသွားတစ်တောင့်တစ်ထွာ၊တစ်မိုက်(၃၃လက်မခန့်)၊အရိုးတထွာ(၁၀လက်မခန့်)ရှိသည်။

“ဓားရိုး(ဓားနှောင့်)”ဓားရိုးကိုကြေး၊ငွေ၊ရွှေမိမိတို့ကြိုက်နှစ်သက်သလိုပြုလုပ်ကြသည်။လက်ကိုင်မကျွတ်ထွက်စေရန်ဓားရိုးသံကိုဓားနှောင့်နှင့်မြဲအောင်သပ်ရိုက်ထားသည်။ဓားလက်ကိုင်(ဓားရိုး)၏အဆုံးတွင်ရွှေ၊ငွေ၊မိုးကြိုသွားတို့ဖြင့်ပြုလုပ်ထားသောငယ်ဟုခေါ်သည့်ဘုချွန်လေးရှိသည်။

ဓားပြီး၊တုတ်ပြီးသောသူများအားထိုငယ်ဖြင့်ထုရိုက်ပါကသေသည်ဟုဆိုသည်။“ဓားကောင်းသတ်မှတ်ပုံ”ဓား၏အလေးချိန်မှာအတိအကျမရှိသော်လည်းဓားအလယ်မှကိုင်ကာလက်ဖဝါးပေါ်တင်ပါကငြိမ်နေရမည်။

အရှေ့ဘက်ကိုညွတ်ကျပါကဦးလေးသောဓားဖြစ်ပြီး၊အနောက်ဘက်ကိုညွတ်ပါကဓားနှောင့်လေးသောဓားဖြစ်သည်။အရှေ့အနောက်မညွတ်ဘဲငြိမ်နေသည့်ဓားမျိုးမှဓားကောင်းစာရင်းဝင်သည်။

“ဓားရေး၃၇ချင်း”ငှက်ကြီးတောင်ဓားဖြင့်ကစားရသောဓားသိုင်းပညာရပ်များတွင်ဓားကြီး(၄)ပါးနှင့်ဓားစုံ(၁၀)ချင်းသည်၃၇ချင်း၏အခြေခံဓားကွက်များဖြစ်ကြသည်။၃၇-ချင်းဟုသာဆိုသော်လည်းဓားရေးတစ်ချင်းလျှင်အပိုဒ်ခွဲပေါင်းများစွာပါဝင်နေပါသည်။

၃၇-ချင်းဓားတွင်ဓားကွက်များမှာမျက်နှာအနီး၊လည်ပင်းအနီးစသည်ဖြင့်ပွတ်ကာသီကာကစားရသောအကွက်များ၊ဘယ်နှင့်ညာတပြိုင်နက်တည်းမှာပင်မတူညီသောဓားကွက်များပါဝင်သည်။

မြန်မာမင်းများလက်ထက်တွင်ဓားရေး၃၇ချင်းတတ်မှသာတပ်မှူးအဖြစ်လည်းကောင်း၊တပ်ဗိုလ်အဖြစ်လည်ကောင်းခန့်အပ်သည်။မြန်မာမင်းများလက်ထက်ပြာသိုလမြင်းခင်းသဘင်ပွဲတွင်ယှဉ်ပြိုင်ရသောဓားပြိုင်ပွဲများတွင်ဓားရေး၃၇ချင်းဖြင့်အစွမ်းပြခဲ့ကြသည်။

ဓားရေး၃၇ချင်းမှာဓားချီ၊ဓားခင်း၊မျက်နှာကာ၊ဓားလှ၊ဓားလျှိုး၊မှောက်ထိုးရပ်၊ရင်ခွဲ၊အသားလှန်၊ဓားခုတ်၊ဇင်ယော်သုတ်၊တဖက်ထိုး၊ရှေ့လှည်း၊နောက်လှည်း၊ရွှေနှုတ်မြွက်ယာလှ၊ရွှေနှုတ်မြွက်ဝဲလှ၊စွန်သုတ်၊ပါးကပ်၊ပန်းကုံးဖြတ်၊ဓားလွှင့်၊ပန်းကုံးသီ၊

ဆက်ရက်ခုန်၊မီးတိုင်ပြ၊ပိုးချည်လွှား၊သက်တင်ရေသောက်၊ရွှေဘယက်လည်လျောက်၊ဒေါင်းမြီးကာ၊ကျားမြီးဆွဲ၊ဓားရွက်၊လက်ကောက်ဝတ်၊မောင်းကပ်၊ရွှေနှုတ်လည်လျောက်၊နောက်လည်လျောက်၊ဓားသွဲ့၊ဓားပြ၊တဖက်နှုတ်၊နှစ်ဖက်နှုတ်၊နောက်လှည့်တို့ဖြစ်သည်။

“မြန်မာနိုင်ငံ၏ထင်ရှားသည့်ဓားများ”မင်းကြီးရန်နောင်၏#ယိမ်းနွဲ့ပါးဓား။(ရဟန်းသံဃာတော်များကိုသတ်ဖြတ်သည့်သိုဟန်ဘွား၏ခေါင်းဆေးမင်္ဂလာပွဲတွင်သိုဟန်ဘွားကိုခုတ်ရာဦးခေါင်းနှင့်တကွခင်းထာသည့်ဝါပိုးဝါးကြမ်းခင်းမှဝါး၅လုံးပါပြတ်သည်)

ရွှေဓားဗိုလ်၏ ကိုးသင်္ချိုင်းသံဓား(ဓားဓားခြင်းခုတ်လျှင်ရန်သူ့ဓားထက်ပိုင်းပြတ်သည်။)ဒွတ္တပေါင်းမင်းကြီး၏ ဓား(တစ်ချက်ထဲနှင့်နွားလည်ပင်းအကွင်းလိုက်ပြတ်သည်။)စစ်ကိုင်းအသင်္ခယာစောယွန်း၏

ညိုရောင်ဓား(ဆင်လည်ပင်းကိုပြတ်သည်။)ပထမမင်းခေါင်(မင်းဆွေ)၏#စိန်သွားရောင်ဓား(နှစ်မိုက်ခန့်ရှိသောငွေတုံးကိုပြတ်သည်။)From–MyanmarWikipedia

“လက်ဝါးနှင့်ရိုက်လျှင် လူအသက်သေစေနိုင်လောက်အောင်ခွန်အားကြီးတဲ့ ရာဇဝင်ထဲက မင်းလက်ဝါးအကြောင်း”

Zawgyi

မင္းလက္ဝါးကို သမိန္ေထာရာဇာဘြဲ႕ခံ ပုသိမ္ၿမိဳ႕ဝန္ မဟာသမိန္ေထာႏွင့္ ေရကင္းသူ မမႀကီးတို႔က ၁၈၂၃-ခုႏွစ္တြင္ ေမြးဖြားသည္။

ေမြးခ်င္ ၂-ဦးအနက္ အငယ္ျဖစ္သည္။ ငယ္မည္မွာ ေမာင္လတ္ျဖစ္သည္။မင္းလက္ဝါး၏ အႏြယ္ရင္း ျဖစ္ေသာ သူ၏ အဘ၊ အဘိုး၊ အေဘးမ်ား သည္ အေလာင္းမင္းတရားလက္ထက္မွစ၍ အစဥ္အဆက္ အမႈထမ္းလာၾကေသာ မြန္တိုင္းရင္းသားမ်ား ျဖစ္ၾကသည္။

မင္းလက္ဝါးသည္ ကုန္းေဘာင္ဆက္ မင္းတုန္းမင္းႏွင့္ သီေပါမင္းတို႔ လက္ထက္တြင္ ႏွစ္ေပါင္း ၃၀-ခန႔္ အမႈထမ္းခဲ့သည္။မင္းတုန္းမင္းသည္ မင္းလက္ဝါးအား အျမင့္ငါးၿမိဳ႕ဝန္၊ မဟာသမိန္ဘရမ္း၊ မင္းႀကီးမင္းေခါင္သူရိန္၊ မင္းႀကီးမဟာသက္ေတာ္ရွည္ ဘြဲ႕မ်ားခ်ီးျမႇင့္ခဲ့သည္။

သီေပါမင္းက မကၡရာၿမိဳ႕စား၊ လက္ဝဲေတာ္မႉး၊ မင္းႀကီးသူရ မဟာမင္းေခါင္ သမိန္ဘရမ္းႏွင့္ ေအာက္ျမစ္စဥ္ ခ႐ိုင္မင္းႀကီးဘြဲ႕မ်ား ခ်ီးျမႇင့္ခဲ့သည္။ေမာင္လတ္၏ ဖခင္သည္ ငယ္စဥ္ကပင္ ဆုံးသြားခဲ့သည္။ မိခင္၊ အမမ်ားႏွင့္လည္း ကြဲကြာခဲ့ရၿပီး ေရကင္းဘုန္းႀကီး ေက်ာင္းတြင္ ခိုလႈံကာ ဘုန္းႀကီးထံ၌ စာေပပညာမ်ားကို သင္ယူခဲ့သည္။

ဘုန္းေတာ္ႀကီးက လူေရးလူရာ လိမၼာယဥ္ေက်းေစရန္ ဆုံးမသြန္သင္ေပးသည္။လူပ်ိဳအ႐ြယ္ေရာက္လာေသာအခါ ေဒသအလိုက္ သစ္ခုတ္၊ လယ္လုပ္ျခင္းျဖင့္ အသက္ေမြးရသည္။ ေမာင္လတ္သည္ သစ္ခုတ္ရင္း သစ္ငုတ္ထိုး မိေသာဒဏ္ရာေၾကာင့္ ဝဲမ်က္လုံးတဖက္ ကြယ္သြားေလသည္။

ထို႔ေနာက္ ေတာင္သူႀကီးတစ္ဦး၏ သမီးႏွင့္ အိမ္ေထာင္က်ၿပီး ေယာကၡမအိမ္သို႔ လိုက္ပါေနထိုင္လ်က္ ေတာင္သူလုပ္ငန္းကို ပင္ပန္းႀကီးစြာ လုပ္ကိုင္ စားေသာက္ရသည္။ ေမာင္လတ္သည္ လယ္ယာလုပ္ငန္း၌ စိတ္မဝင္စား။ မကြၽမ္းက်င္၍ ေယာကၡမက ၎အား လူပ်င္း၊ လူအဟု အထင္အျမင္ေသးကာ ျငဴစူလာသည္။

ဇနီးသည္ကပင္ အထင္အ ျမင္ေသး၍ မထီ မဲ့ျမင္ ျပဳလာသည္။ေမာင္လတ္သည္ ေယာကၡမႏွင့္ မိန္းမျဖစ္သူ၏ ၿငိဳျငင္မႈကို ခံေနရခ်ိန္တြင္ အမျဖစ္သူ ခင္ခင္ႀကီးမွာ ရာဇဌာနီ မင္းေနျပည္ အမရပူရၿမိဳ႕ေတာ္၌ သူရဲဝန္ကေတာ္ျဖစ္လ်က္ ေကာင္းစားေနေၾကာင္း သတင္း ေကာင္းၾကားလာရသည္။

ေမာင္လတ္သည္ အသက္ ၃၁-ႏွစ္အ႐ြယ္ခန႔္၊ ၁၈၄၄-ခုႏွစ္တြင္ ဇနီးသည္ကိုထားခဲ့၍ အမရပူရၿမိဳ႕ေတာ္သို႔ လွည္းတတန္၊ ေလွတတန္၊ ေျခက်င္တတန္ျဖင့္ တစ္လနီးပါးအထိ ခရီးႏွင္လာခဲ့သည္။ေမာင္လတ္သည္ သူရဲဝန္မင္းအိမ္ကို အလြယ္တကူ ရွာေတြ႕သည္။

အမခင္ခင္ႀကီးသည္ ေမာင္ငယ္ကို မေမွ်ာ္လင့္ဘဲ ေတြ႕ရ၍ ဝမ္းသာၿပီး ရႈိက္ႀကီးတငင္ ငိုရွာသည္။ သူရဲမင္း ဦးေ႐ႊလုံးသည္ ေယာက္ဖျဖစ္ သူ ေမာင္လတ္အားတေစ့တေစာင္း အကဲခတ္သည္။ လက္႐ုံးတဆူကဲ့သို႔ အားကိုးစိတ္ခ်ရမည့္သူျဖစ္ေၾကာင္း ယုံၾကည္သျဖင့္ အစစအရာရာ မင္းမႉးစိုးတာ နန္းတြင္းေရးရာမွစ၍ သြန္ သင္ ဆုံးမသည္။

အခါအ ခြင့္ရတိုင္း ဓားခုတ္၊ လွံထိုး၊ ဆင္စီး၊ ျမင္းစီးတို႔ကို ကြၽမ္းက်င္ေအာင္ သင္ၾကားေပးသည္။ သူရဲဝန္မင္းသည္ ေမာင္လတ္အား မင္းတုန္းမင္းႀကီး၏ ေရွ႕ေတာ္သို႔ ဝင္ေရာက္ခစားေစသည္။ မင္းတုန္းမင္းသည္ ေမာင္လတ္၏ အရည္ အေသြးကို အကဲခတ္ရင္း အပါးေတာ္၌ ခစားေစသည္။

ထို႔ေနာက္ ေခ်ာင္းဦးဆယ္႐ြာကို စားေစၿပီး မင္းမႈထမ္းေစသည္။ ေမာင္လတ္သည္ မိမိတာဝန္မ်ားကို မလစ္ ဟင္းရေလေအာင္ ႀကိဳးစားထမ္းေဆာင္သည္။ မင္းတုန္းမင္းသည္ ေမာင္လတ္၏ စြမ္းရည္ကို ႏွစ္သက္၍ အျမင့္ၿမိဳ႕ဝန္ရာထူး တိုးျမင့္ခန႔္ အပ္ေတာ္မူသည္။

ဦးလတ္သည္ မိမိတာဝန္ထမ္းေဆာင္ရာ ၿမိဳ႕႐ြာမ်ားတြင္ သူ၏အမိန႔္ စည္းကမ္းမ်ားကို မေလး မခန႔္ ျပဳသူ၊ ဆိုးသြမ္းသူမ်ားကို ကိုယ္တိုင္ လက္ဝါးႏွင့္႐ိုက္၍ ဆုံးမေလ့ရွိသည္။ ဦးလတ္မွာ အသားျဖဴဝင္း စိုျပည္ လ်က္ ထြားက်ိဳင္းသန္မာ ၍ အံ့ၾသေလာက္ေသာ ကာယဗလရွိၿပီး တိုင္းရင္းသား မြန္မ်ားတြင္ ထင္ရွားလွသည္။

ေလးေတာင္ျပည့္ အရပ္အေမာင္းႏွင့္ လိုက္ဖက္ေအာင္အလုံးအထည္ ႀကံ့ခိုင္သူလည္းျဖစ္သည္။ ထို႔ေၾကာင့္သူ၏ ႐ိုက္ခ်က္မွာ အားေကာင္းေမာင္းသန္လွသျဖင့္ ျပင္းျပင္းအ႐ိုက္ခံရသူမွာ တခ်က္တည္းႏွင့္ စင္းစင္းေသရေလေတာ့သည္။

ဦးလတ္၏ တမူထူးျခားေသာ သူ၏စ႐ိုက္ႏွင့္ စြမ္းအားတို႔ေၾကာင့္ အျမင့္ၿမိဳ႕နယ္တခြင္တြင္ မင္းလက္ဝါး-ဟု ျပည္သူမ်ားက ေခၚဆိုၾကေလသည္။မင္းလက္ဝါးအုပ္ခ်ဳပ္ေသာ နယ္အတြင္း ခိုးသားဓားျပမ်ား လုံးဝကင္းစင္ကာ ေအးခ်မ္းလွသည္။ ထိုကဲ့သို႔ေသာ မင္းလက္ဝါး၏ ဂုဏ္သတင္းကို မင္းတုန္းမင္း ၾကားေသာအခါ အပါးေတာ္သို႔ေခၚယူၿပီး သူ၏မ်ိဳး႐ိုး ဇာတိကို ေမးျမန္းေတာ္မူသည္။

သူရသတၱိေသြးမ်ိဳးရွိသူျဖစ္ ေၾကာင္း ေသခ်ာစြာသိေတာ္မူ၍ အသက္ ၃၃-ႏွစ္အ႐ြယ္ ၁၈၅၆-ခုႏွစ္တြင္ မဟာသမိန္ဘရမ္း-ဟု ဘြဲ႕ေတာ္ကိုေပးလ်က္ အျမင့္ငါးၿမိဳ႕ဝန္ရာ ထူး တိုးျမႇင့္ခန႔္အပ္ေလသည္။ျမင္းကြန္း ျမင္းခုံတိုင္ အေရးအခင္းေနာက္ပိုင္း ပန္းထိမ္မင္းသားပုန္ကန္မႈကို ႏွိမ္နင္းရန္ မင္းတုန္းမင္းသည္ မင္းလက္ဝါးကို အျမင့္ၿမိဳ႕မွေခၚယူၿပီး ျမစ္စဥ္တေလွ်ာက္မွ နယ္မ်ားကို ၿငိမ္ဝပ္ပိျပားမႈရွိေစရန္ တာဝန္ ခံဗိုလ္ခ်ဳပ္ႀကီး ခန႔္အပ္တာဝန္ေပး သည္။

မင္းလက္ဝါးသည္ သူရဲသူခက္ လက္နက္အင္ခြင္တို႔ကို ဖြဲ႕စည္းစုေဆာင္း၍ ပန္းထိမ္မင္းသား ပုန္ကန္မႈကို ႏွိမ္ႏွင္းေအာင္ျမင္ခဲ့သည္။ ပုန္ကန္သူမ်ားတြင္ ပါဝင္ေသာ မိမိ သားကိုပင္ အဆုံးစီရင္ ေလသည္။မင္းတုန္းမင္းသည္ မင္းလက္ဝါးအား မဟာသမိန္ဘရမ္းဘြဲ႕တြင္ ထပ္ ေလာင္းလ်က္ မင္းႀကီးမင္းေခါင္သူရိန္-ဟူေသာ ဘြဲ႕ေတာ္ကို ခ်ီးျမႇင့္ေလသည္။

၎ျပင္ ရတနာကိုးပါး စီ ျခယ္ေသာ သီလဝင္ေ႐ႊဓားကို ေပးအပ္ခ်ီဴျမႇင့္လ်က္ မင္းႀကီးမဟာသက္ေတာ္ရွည္ဘြဲ႕ထူးကို ၁၈၇၄-ခုႏွစ္တြင္ ထပ္ဆင့္အပ္ႏွင္းေတာ္မူသည္။ ထို႔ေနာက္ ဗလေကာင္းေသာ အဂၤလိပ္ႀကီးႏွင့္ စြမ္းအားၿပိဳင္ရာ တြင္လည္း အႏိုင္ရ၍ ဘုရင္မင္းျမတ္က မင္းလက္ဝါးကို ဆုေတာ္ေငြမ်ား ေပးသနားေတာ္မူေလသည္။

သီေပါမင္းလက္ထက္တြင္ မင္းလက္ဝါးအား မကၡရာၿမိဳ႕ကို အပိုင္စားေပးသည့္အျပင္ မင္းႀကီးသူရမဟာမင္းေခါင္ သမိန္ဘရမ္း-ဟူေသာ ဘြဲ႕အမည္ႏွင့္ လက္ဝဲဝင္းေတာ္မႉးရာထူးကို ခန႔္အပ္ခံသည္။ ဧရာဝတီျမစ္၏ ဝဲယာၿမိဳ႕မ်ားတဝိုက္ကို ေအာက္ျမစ္စဥ္ ၇-ခ႐ိုင္ သတ္မွတ္ပိုင္းျခားလ်က္ မင္းလက္ဝါးအား အုပ္ခ်ဳပ္ေစသည္။

မင္းလက္ဝါးသည္ ေအာက္ျမစ္စဥ္ ၇-ခ႐ိုင္မင္းႀကီးဟူေသာ အမည္ျဖင့္ ထင္ရွားလာသည္။၁၈၈၅-ခုႏွစ္ တတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲတြင္ ဗိုလ္ခ်ဳပ္ႀကီး ေလွသင္း အတြင္းဝန္ ဦးေ႐ႊေမာင္ႏွင့္ ဗိုလ္ခ်ဳပ္မင္းလက္ဝါးတို႔ တူအရီးႏွစ္ဦးသည္ ျမင္းၿခံႏွင့္ မင္းလွၿမိဳ႕မ်ားတေလွ်ာက္ ကြပ္ကဲ တိုက္ခိုက္ၾက သည္။

ထို႔ျပင္ မင္းလွခံတပ္ႀကီးကို ဦးစီးကြပ္ကဲ၍ နယ္ခ်ဲ႕တို႔အား အျပင္းအထန္ ခုခံတိုက္ခိုက္ၾကသည္။ ၁၈၈၅-ခုႏွစ္ ႏိုဝင္ဘာလ ၁၇-၇က်ေန႔ ညေနတြင္ မင္းလွခံတပ္ က်ဆုံးသြားသည္။ မင္းလက္ဝါးႀကီး သည္ ခံတပ္၏ မလြယ္ေပါက္မွ ထြက္ခြါလြတ္ေျမာက္လာသည္။ သူႏွင့္အတူပါလာေသာ ရဲမက္မ်ားႏွင့္ မ်ိဳးခ်စ္ျမန္မာမ်ားကို အင္အား စုစည္း၍ ၿဗိတိသွ်တို႔အား ေတာ္လွန္ရန္ ႀကိဳးစားသည္။

သို႔ေသာ္ ျမန္မာ လႊတ္ေတာ္မွ ေမတၱာရပ္ခံသျဖင့္ လက္နက္ခ်ခဲ့ရသည္။မင္းႀကီးတြင္ ဝန္ကေတာ္ ၈-ဦးႏွင့္ သား ၂၀၊ ေျမး ၁၀-ေယာက္ရွိသည္။ မင္းႀကီးသည္ မႏၲေလးၿမိဳ႕ တေနရာတြင္ မိသားစုႏွင့္အတူ ေနထိုင္၏။

ၿဗိ တိသွ်တို႔က ေငြေၾကး၊ ရာထူးတို႔ျဖင့္ စည္း႐ုံးသိမ္းသြင္း ေသာ္လည္း လက္မခံခဲ့ေပ။ မင္းႀကီးသည္ ၁၈၉၃-ခုႏွစ္ေလာက္တြင္ နယ္ခ်ဲ႕ေတာ္လွန္ ေရးမ်ား ၿငိမ္းေအးသြားေသာအခါ မႏၲေလးမွ အျမင့္ၿမိဳ႕သို႔ ေျပာင္းေ႐ႊေနထိုင္ခဲ့သည္။

မင္းလက္ဝါးသည္ အစားအေသာက္ လြန္စြာစားႏိုင္ သည္။ နံနက္ ဆန္ ႏို႔ဆီဗူး ေလးလုံး၊ ညေန ဆန္ ႏို႔ဆီဗူး ေလးလုံး ကုန္ေအာင္ စားႏိုင္သည္။ ထမင္းစားၿပီး ဖီးၾကမ္းငွက္ေပ်ာသီး တစ္ဖီး ကုန္ေအာင္ စားႏိုင္သည္။

မင္းလက္ဝါးသည္ ၁၉၀၃-ခုႏွစ္ အသက္ ၈၀-တြင္ လူႀကီးေရာဂါျဖင့္ အျမင့္ၿမိဳ႕၌ ကြယ္လြန္ခဲ့ေလသည္။ကိုးကား ဦးျမင့္ေစာ (သမိုင္းပါေမကၡ-ပုသိမ္တကၠသိုလ္)-(မဂၤလာေမာင္မယ္ ၂၀၀၉-ခု ေမလ)

Unicode

မင်းလက်ဝါးကို သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန် မဟာသမိန်ထောနှင့် ရေကင်းသူ မမကြီးတို့က ၁၈၂၃-ခုနှစ်တွင် မွေးဖွားသည်။

မွေးချင် ၂-ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်သည်။မင်းလက်ဝါး၏ အနွယ်ရင်း ဖြစ်သော သူ၏ အဘ၊ အဘိုး၊ အဘေးများ သည် အလောင်းမင်းတရားလက်ထက်မှစ၍ အစဉ်အဆက် အမှုထမ်းလာကြသော မွန်တိုင်းရင်းသားများ ဖြစ်ကြသည်။

မင်းလက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀-ခန့် အမှုထမ်းခဲ့သည်။မင်းတုန်းမင်းသည် မင်းလက်ဝါးအား အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခဲ့သည်။

သီပေါမင်းက မက္ခရာမြို့စား၊ လက်ဝဲတော်မှူး၊ မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းနှင့် အောက်မြစ်စဉ် ခရိုင်မင်းကြီးဘွဲ့များ ချီးမြှင့်ခဲ့သည်။မောင်လတ်၏ ဖခင်သည် ငယ်စဉ်ကပင် ဆုံးသွားခဲ့သည်။ မိခင်၊ အမများနှင့်လည်း ကွဲကွာခဲ့ရပြီး ရေကင်းဘုန်းကြီး ကျောင်းတွင် ခိုလှုံကာ ဘုန်းကြီးထံ၌ စာပေပညာများကို သင်ယူခဲ့သည်။

ဘုန်းတော်ကြီးက လူရေးလူရာ လိမ္မာယဉ်ကျေးစေရန် ဆုံးမသွန်သင်ပေးသည်။လူပျိုအရွယ်ရောက်လာသောအခါ ဒေသအလိုက် သစ်ခုတ်၊ လယ်လုပ်ခြင်းဖြင့် အသက်မွေးရသည်။ မောင်လတ်သည် သစ်ခုတ်ရင်း သစ်ငုတ်ထိုး မိသောဒဏ်ရာကြောင့် ဝဲမျက်လုံးတဖက် ကွယ်သွားလေသည်။

ထို့နောက် တောင်သူကြီးတစ်ဦး၏ သမီးနှင့် အိမ်ထောင်ကျပြီး ယောက္ခမအိမ်သို့ လိုက်ပါနေထိုင်လျက် တောင်သူလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင် စားသောက်ရသည်။ မောင်လတ်သည် လယ်ယာလုပ်ငန်း၌ စိတ်မဝင်စား။ မကျွမ်းကျင်၍ ယောက္ခမက ၎င်းအား လူပျင်း၊ လူအဟု အထင်အမြင်သေးကာ ငြူစူလာသည်။

ဇနီးသည်ကပင် အထင်အ မြင်သေး၍ မထီ မဲ့မြင် ပြုလာသည်။မောင်လတ်သည် ယောက္ခမနှင့် မိန်းမဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရချိန်တွင် အမဖြစ်သူ ခင်ခင်ကြီးမှာ ရာဇဌာနီ မင်းနေပြည် အမရပူရမြို့တော်၌ သူရဲဝန်ကတော်ဖြစ်လျက် ကောင်းစားနေကြောင်း သတင်း ကောင်းကြားလာရသည်။

မောင်လတ်သည် အသက် ၃၁-နှစ်အရွယ်ခန့်၊ ၁၈၄၄-ခုနှစ်တွင် ဇနီးသည်ကိုထားခဲ့၍ အမရပူရမြို့တော်သို့ လှည်းတတန်၊ လှေတတန်၊ ခြေကျင်တတန်ဖြင့် တစ်လနီးပါးအထိ ခရီးနှင်လာခဲ့သည်။မောင်လတ်သည် သူရဲဝန်မင်းအိမ်ကို အလွယ်တကူ ရှာတွေ့သည်။

အမခင်ခင်ကြီးသည် မောင်ငယ်ကို မမျှော်လင့်ဘဲ တွေ့ရ၍ ဝမ်းသာပြီး ရှိုက်ကြီးတငင် ငိုရှာသည်။ သူရဲမင်း ဦးရွှေလုံးသည် ယောက်ဖဖြစ် သူ မောင်လတ်အားတစေ့တစောင်း အကဲခတ်သည်။ လက်ရုံးတဆူကဲ့သို့ အားကိုးစိတ်ချရမည့်သူဖြစ်ကြောင်း ယုံကြည်သဖြင့် အစစအရာရာ မင်းမှူးစိုးတာ နန်းတွင်းရေးရာမှစ၍ သွန် သင် ဆုံးမသည်။

အခါအ ခွင့်ရတိုင်း ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးသည်။ သူရဲဝန်မင်းသည် မောင်လတ်အား မင်းတုန်းမင်းကြီး၏ ရှေ့တော်သို့ ဝင်ရောက်ခစားစေသည်။ မင်းတုန်းမင်းသည် မောင်လတ်၏ အရည် အသွေးကို အကဲခတ်ရင်း အပါးတော်၌ ခစားစေသည်။

ထို့နောက် ချောင်းဦးဆယ်ရွာကို စားစေပြီး မင်းမှုထမ်းစေသည်။ မောင်လတ်သည် မိမိတာဝန်များကို မလစ် ဟင်းရလေအောင် ကြိုးစားထမ်းဆောင်သည်။ မင်းတုန်းမင်းသည် မောင်လတ်၏ စွမ်းရည်ကို နှစ်သက်၍ အမြင့်မြို့ဝန်ရာထူး တိုးမြင့်ခန့် အပ်တော်မူသည်။

ဦးလတ်သည် မိမိတာဝန်ထမ်းဆောင်ရာ မြို့ရွာများတွင် သူ၏အမိန့် စည်းကမ်းများကို မလေး မခန့် ပြုသူ၊ ဆိုးသွမ်းသူများကို ကိုယ်တိုင် လက်ဝါးနှင့်ရိုက်၍ ဆုံးမလေ့ရှိသည်။ ဦးလတ်မှာ အသားဖြူဝင်း စိုပြည် လျက် ထွားကျိုင်းသန်မာ ၍ အံ့သြလောက်သော ကာယဗလရှိပြီး တိုင်းရင်းသား မွန်များတွင် ထင်ရှားလှသည်။

လေးတောင်ပြည့် အရပ်အမောင်းနှင့် လိုက်ဖက်အောင်အလုံးအထည် ကြံ့ခိုင်သူလည်းဖြစ်သည်။ ထို့ကြောင့်သူ၏ ရိုက်ချက်မှာ အားကောင်းမောင်းသန်လှသဖြင့် ပြင်းပြင်းအရိုက်ခံရသူမှာ တချက်တည်းနှင့် စင်းစင်းသေရလေတော့သည်။

ဦးလတ်၏ တမူထူးခြားသော သူ၏စရိုက်နှင့် စွမ်းအားတို့ကြောင့် အမြင့်မြို့နယ်တခွင်တွင် မင်းလက်ဝါး-ဟု ပြည်သူများက ခေါ်ဆိုကြလေသည်။မင်းလက်ဝါးအုပ်ချုပ်သော နယ်အတွင်း ခိုးသားဓားပြများ လုံးဝကင်းစင်ကာ အေးချမ်းလှသည်။ ထိုကဲ့သို့သော မင်းလက်ဝါး၏ ဂုဏ်သတင်းကို မင်းတုန်းမင်း ကြားသောအခါ အပါးတော်သို့ခေါ်ယူပြီး သူ၏မျိုးရိုး ဇာတိကို မေးမြန်းတော်မူသည်။

သူရသတ္တိသွေးမျိုးရှိသူဖြစ် ကြောင်း သေချာစွာသိတော်မူ၍ အသက် ၃၃-နှစ်အရွယ် ၁၈၅၆-ခုနှစ်တွင် မဟာသမိန်ဘရမ်း-ဟု ဘွဲ့တော်ကိုပေးလျက် အမြင့်ငါးမြို့ဝန်ရာ ထူး တိုးမြှင့်ခန့်အပ်လေသည်။မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းနောက်ပိုင်း ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နင်းရန် မင်းတုန်းမင်းသည် မင်းလက်ဝါးကို အမြင့်မြို့မှခေါ်ယူပြီး မြစ်စဉ်တလျှောက်မှ နယ်များကို ငြိမ်ဝပ်ပိပြားမှုရှိစေရန် တာဝန် ခံဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေး သည်။

မင်းလက်ဝါးသည် သူရဲသူခက် လက်နက်အင်ခွင်တို့ကို ဖွဲ့စည်းစုဆောင်း၍ ပန်းထိမ်မင်းသား ပုန်ကန်မှုကို နှိမ်နှင်းအောင်မြင်ခဲ့သည်။ ပုန်ကန်သူများတွင် ပါဝင်သော မိမိ သားကိုပင် အဆုံးစီရင် လေသည်။မင်းတုန်းမင်းသည် မင်းလက်ဝါးအား မဟာသမိန်ဘရမ်းဘွဲ့တွင် ထပ် လောင်းလျက် မင်းကြီးမင်းခေါင်သူရိန်-ဟူသော ဘွဲ့တော်ကို ချီးမြှင့်လေသည်။

၎င်းပြင် ရတနာကိုးပါး စီ ခြယ်သော သီလဝင်ရွှေဓားကို ပေးအပ်ချီူမြှင့်လျက် မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ထူးကို ၁၈၇၄-ခုနှစ်တွင် ထပ်ဆင့်အပ်နှင်းတော်မူသည်။ ထို့နောက် ဗလကောင်းသော အင်္ဂလိပ်ကြီးနှင့် စွမ်းအားပြိုင်ရာ တွင်လည်း အနိုင်ရ၍ ဘုရင်မင်းမြတ်က မင်းလက်ဝါးကို ဆုတော်ငွေများ ပေးသနားတော်မူလေသည်။

သီပေါမင်းလက်ထက်တွင် မင်းလက်ဝါးအား မက္ခရာမြို့ကို အပိုင်စားပေးသည့်အပြင် မင်းကြီးသူရမဟာမင်းခေါင် သမိန်ဘရမ်း-ဟူသော ဘွဲ့အမည်နှင့် လက်ဝဲဝင်းတော်မှူးရာထူးကို ခန့်အပ်ခံသည်။ ဧရာဝတီမြစ်၏ ဝဲယာမြို့များတဝိုက်ကို အောက်မြစ်စဉ် ၇-ခရိုင် သတ်မှတ်ပိုင်းခြားလျက် မင်းလက်ဝါးအား အုပ်ချုပ်စေသည်။

မင်းလက်ဝါးသည် အောက်မြစ်စဉ် ၇-ခရိုင်မင်းကြီးဟူသော အမည်ဖြင့် ထင်ရှားလာသည်။၁၈၈၅-ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဗိုလ်ချုပ်ကြီး လှေသင်း အတွင်းဝန် ဦးရွှေမောင်နှင့် ဗိုလ်ချုပ်မင်းလက်ဝါးတို့ တူအရီးနှစ်ဦးသည် မြင်းခြံနှင့် မင်းလှမြို့များတလျှောက် ကွပ်ကဲ တိုက်ခိုက်ကြ သည်။

ထို့ပြင် မင်းလှခံတပ်ကြီးကို ဦးစီးကွပ်ကဲ၍ နယ်ချဲ့တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။ ၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၁၇-၇ကျနေ့ ညနေတွင် မင်းလှခံတပ် ကျဆုံးသွားသည်။ မင်းလက်ဝါးကြီး သည် ခံတပ်၏ မလွယ်ပေါက်မှ ထွက်ခွါလွတ်မြောက်လာသည်။ သူနှင့်အတူပါလာသော ရဲမက်များနှင့် မျိုးချစ်မြန်မာများကို အင်အား စုစည်း၍ ဗြိတိသျှတို့အား တော်လှန်ရန် ကြိုးစားသည်။

သို့သော် မြန်မာ လွှတ်တော်မှ မေတ္တာရပ်ခံသဖြင့် လက်နက်ချခဲ့ရသည်။မင်းကြီးတွင် ဝန်ကတော် ၈-ဦးနှင့် သား ၂၀၊ မြေး ၁၀-ယောက်ရှိသည်။ မင်းကြီးသည် မန္တလေးမြို့ တနေရာတွင် မိသားစုနှင့်အတူ နေထိုင်၏။

ဗြိ တိသျှတို့က ငွေကြေး၊ ရာထူးတို့ဖြင့် စည်းရုံးသိမ်းသွင်း သော်လည်း လက်မခံခဲ့ပေ။ မင်းကြီးသည် ၁၈၉၃-ခုနှစ်လောက်တွင် နယ်ချဲ့တော်လှန် ရေးများ ငြိမ်းအေးသွားသောအခါ မန္တလေးမှ အမြင့်မြို့သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။

မင်းလက်ဝါးသည် အစားအသောက် လွန်စွာစားနိုင် သည်။ နံနက် ဆန် နို့ဆီဗူး လေးလုံး၊ ညနေ ဆန် နို့ဆီဗူး လေးလုံး ကုန်အောင် စားနိုင်သည်။ ထမင်းစားပြီး ဖီးကြမ်းငှက်ပျောသီး တစ်ဖီး ကုန်အောင် စားနိုင်သည်။

မင်းလက်ဝါးသည် ၁၉၀၃-ခုနှစ် အသက် ၈၀-တွင် လူကြီးရောဂါဖြင့် အမြင့်မြို့၌ ကွယ်လွန်ခဲ့လေသည်။ကိုးကား ဦးမြင့်စော (သမိုင်းပါမေက္ခ-ပုသိမ်တက္ကသိုလ်)-(မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)

“မြန် မာ့ သ မို င်း ထဲက ကြို း စ င် မ ကြေ ာ က် တဲ့ သူ ရဲ ကေ ာင် း ပု ဂံ ဗို လ်ချို”

Zawgyi ျဖင့္ဖတ္ပါ

ပုဂံဗိုလ္ခ်ိဳ လို႔ ဆိုလိုက္ရင္ နယ္ခ်ဲ႕ေတာ္လွန္ေရး သမိုင္းမွာ နာမည္ႀကီးသူ တစ္ေယာက္ျဖစ္တာ အားလုံးသိၿပီးသားပါ။ အဂၤလိပ္တို႔ကို ဒုကၡအေပးဆုံး ၊ ပထမဆုံးနယ္ခ်ဲ႕ေတာ္လွန္ေရး လုပ္ၿပီး ေနာက္ဆုံးမွ အဖမ္းခံရတဲ့ ဗိုလ္ခ်ိဳျဖစ္ပါတယ္။ ေညာင္ဦးၿမိဳ႕နယ္ ငသေရာက္ဆယ္႐ြာသား တစ္ဦးျဖစ္ပါတယ္။ တကယ္ေတာ့ ဗိုလ္ခ်ိဳ ဟာ သူ႔ရဲ႕ဖခင္ ဦးေ႐ြေဘာ္ကဲ့သို႔

တိုင္းရင္းေဆးဆရာ တစ္ေယာက္ျဖစ္ပါတယ္။ ထို႔ေနာက္ သီ ေပါမင္းလက္ထက္မွာ ေတာင္တြင္းႀကီးၿမိဳ႕ ၿမိဳ႕၀န္စာေရး အျဖစ္ ၃ ႏွစ္ခန္႔ အမႈထမ္းခဲ့ပါတယ္။ ၁၂၄၇ ခုႏွစ္ သီေပါမင္းပါေတာ္မူၿပီးေနာက္မွာေတာ့ နယ္ခ်ဲ႕တို႔ကို စတင္ ေတာ္လွန္ပါေတာ့တယ္။

ဗိုလ္ခ်ိဳႏွင့္ အတူ သားျဖစ္သူ ဗိုလ္ဖိုးဆင္ ႏွင့္ ဗိုလ္ဖိုး၀င္တို႔ လည္း တိုက္ပြဲထဲပါ၀င္လာခဲ့ပါတယ္။ ဇနီးျဖစ္သူ ေဒၚေ႐ႊမႈံမွာလည္း မိန္းမသားျဖစ္ေသာ္ျငား ဓားခုတ္ ၊ လွံထိုး ၊ ျမင္းစီးအတတ္တို႔ကို ကြၽမ္းက်င္လွကာ ခင္ပြန္းျဖစ္သူနဲ႔ အတူလက္တြဲညီသူ ျဖစ္ပါတယ္။ အဂၤလိပ္တို႔မွာ ဗိုလ္ခ်ိဳအဖြဲ႕ရဲ႕ ေပ်ာက္ၾကားတိုက္ခိုက္မႈမ်ားကို မၾကာခဏ ခံရေလ့ရွိပါတယ္။

ၿမိဳ႕၀န္စာေရးလုပ္ခဲ့သူျဖစ္တာေၾကာင့္ ဗိုလ္ခ်ိဳဟာ စစ္မူေရးရာကိုနားလည္သလို ၊ စည္း႐ုံးေရးလည္းေကာင္းတဲ့အျပင္ နည္းပရိယာယ္ႂကြယ္၀သူျဖစ္တာေၾကာင့္ တိုက္ပြဲအမ်ားစုမွာ အႏိုင္ရေလ့ရွိပါတယ္။ ပုဂံဗိုလ္ခ်ိဳ၏ ပြဲဦးထြက္ ေအာင္ပြဲမွာ ေညာင္ဦးကမ္းပါးတိုက္ပြဲျဖစ္သည္။ ၿဗိတိ သွ်စစ္ သည္ (၁၅)ဦးက်ဆုံးၿပီး တစ္ဦးသာ လြတ္ေျမာက္သြားခဲ့သည္။ မ်ိဳးခ်စ္သူရဲေကာင္း သုံးဦးက်ဆုံးခဲ့သည္။

အထင္ကရ “‘မႈိက္ပင္”‘တိုက္ ပြဲတြင္ ဗိုလ္ခ်ိဳ ဦးစီးေသာ ေတာ္လွန္ေရးမ်ိဳးခ်စ္အင္အား ၅၀၀ ခန႔္ကို ၿဗိတိသွ် ျမင္းစစ္သည္ (၈၀)၊ ေျခလ်င္တပ္သား ၃၀၀ ခန႔္ႏွင့္ စီးနင္းတိုက္ ခိုက္ခဲ့သည္။ၿဗိတိသွ် စစ္သည္ ၁၅၀ ေက်ာ္ က်ဆုံးခဲ့သည္။ ထိုတိုက္ပြဲတြင္ တိုင္းျပည္အတြက္ မ်ိဳးခ်စ္သူရဲေကာင္း ၉-ဦး အသက္ေပးလႉခဲ့ရၿပီး ၁၄-ဦးသာ ဒဏ္ရာရရွိခဲ့၏။ဗိုလ္ခ်ိဳရဲ႕ထင္ရွားေသာ တိုက္ပြဲမ်ားမွာ – နတ္သမီးကမ္းပါးတိုက္ပြဲ၊ ေက်ာက္တံခါးတိုက္ပြဲ ၊ ကန္႔လန္႔ေက်ာ္တိုက္ပြဲ နဲ႔ ပုလင္း႐ြာတိုက္ပြဲမ်ား ျဖစ္ပါတယ္။

ထိုတိုက္ပြဲမ်ားမွာ အင္အားသာလြန္ေသာ အဂၤလိပ္တို႔အား အက်အဆုံးမ်ားေစခဲ့ၿပီး အရွက္ရေစခဲ့ေသာ တိုက္ပြဲမ်ားျဖစ္ပါတယ္။ဗိုလ္ခ်ိဳတို႔မွာ အဂၤလိပ္တို႔ထက္ လူအင္အား၊ လက္နက္အင္အား မ်ားစြာနည္းလွပါတယ္။ စိတ္ ဓာတ္ျပင္းထန္မႈေၾကာင့္ သာ ဒီလိုတိုက္ခိုက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ထိုသို႔ ၁၈၈၆ခုႏွစ္ မွ ၁၈၉၅ခုႏွစ္ အထိ ဆယ္စုႏွစ္ တစ္ခုနီးပါး တိုက္ခိုက္လာၿပီးေနာက္ အင္အားတစ္စ တစ္စ နည္းလာရပါတယ္။

ထို႔ေၾကာင့္ ေနာက္ပိုင္းတိုက္ပြဲမ်ားတြင္ ဆုတ္ခြာရသည္သာ မ်ားလာပါတယ္။ ဗိုလ္ခ်ိဳအား အဂၤလိပ္တို႔က ရာထူးျဖင့္ သိမ္းသြင္းခဲ့ေပမယ့္ ဗိုလ္ ခ်ိဳကား လက္ခံျခင္း မရွိခဲ့။ဗိုလ္ခ်ိဳ တို႔သားအဖကို ဖမ္းဆီး အဆုံးစီရင္ႏိုင္ၿပီး မွ ျမန္မာေခတ္ဦးေတာ္လွန္ေရးကို တစ္ခန္းရပ္ႏိုင္လိမ့္မယ္လို႔ ရိပ္မိသြားတဲ့ အဂၤလိပ္တို႔ဟာ ခရစ္ႏွစ္ (၁၈၉၅)မွာ ဗိုလ္ခ်ိဳရွိရာ ငသေရာက္ဆယ္႐ြာကို အလုံးအရင္းနဲ႔ ၀န္းရံတိုက္ခိုက္ပါေတာ့တယ္။ဒီအခ်ိန္မွာ ဗိုလ္ခ်ိဳတို႔သားအဖဟာ သည္ဧရာ၀တီျမစ္ကိုျဖတ္ကူးၿပီး ေယာ ၊

ေဆာနယ္ရွိေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ပူးေပါင္းေတာ္လွန္တိုက္ခိုက္ရန္ပုဂံသီရိပစၥယာ ဂူေျပာက္ၾက္ိးဘုရား၀န္းအတြင္းမွာ ေရာက္ရွိေနခဲ့ပါတယ္။ဗိုလ္ခ်ိဳကို မမိတဲ့ နယ္ခ်ဲ႕အဂၤလိပ္တို႔ဟာ ဗိုလ္ခ်ိဳနဲ႔ နီးစပ္သူ ေဆြမ်ိဳးေတြကိုပါ ဒုကၡေပးလာတဲ့အတြက္ ေဆြမ်ိဳးေတြဟာ ပုဂံတစ္ဝိုက္မွာ မေနထိုင္ရဲၾကေတာ့ပဲ ေရွာင္တိမ္းၾကရပါတယ္။

ေနာက္ဆုံး (၃၀-၆-၁၈၉၅) ေန႔တြင္ေတာ့ သစၥာေဖာက္တစ္ဦးရဲ႕ သတင္းေပးမႈေၾကာင့္ ဗိုလ္ခ်ိဳတို႔ အဖြဲ႕စခန္းခ်ရာေနရာကို အဂၤလိပ္တို႔သိရွိသြားၿပီး အလုံးအရင္းနဲ႔ ၀င္ဖမ္းျခင္းကို ခံလိုက္ရပါတယ္။ နယ္ခ်ဲ႕မ်ားက ဘုရားကိုဝိုင္းထားစဥ္သားႏွစ္ေယာက္က ရန္သူအား ျပန္လည္ခုခံေသာအခါ-“ငါ့သားမ်ား ငါတို႔အခ်ိန္ကုန္ၿပီ အဖမ္းခံလိုက္ၾကေတာ့”ဟုအက်ိဳးမရွိေသာ ခုခံျခင္းမ်ိဳးမျပဳလုပ္ရ

ဆို႔နင့္ေသာအသံျဖင့္ ဗိုလ္ခ်ိဳက တားျမစ္ခဲ့ပါတယ္။ထို႔ေနာက္နယ္ခ်ဲ႕တို႔က ဗိုလ္ခ်ိဳသားအဖ ၃ ဦးအား ငါးသေရာက္ ျမနႏၵာကန္ေတာ္ႀကီးကုန္းတြင္ ႀကိဳးစင္ေဆာက္ကာ ႀကိဳးေပးကြပ္မ်က္ခဲ့ပါတယ္။နယ္ခ်ဲ႕အဂၤလိပ္တို႔သည္ ငါ့သေရာက္ နယ္သူနယ္သားတို႔အား ေနာက္ေနာင္တြင္ ယင္းတို႔ကို ပုန္ကန္ေတာ္လွန္မႈ မျပဳလုပ္ဝံ့ေစရန္ ရည္႐ြယ္လ်က္ ပုဂံဗိုလ္ခ်ိဳတို႔ သားအဖသုံးဦး ႀကိဳးေပးကြပ္မ်က္မႈကို (မပ်က္မကြက္) လာေရာက္ၾကည့္ရႈေစခဲ့ပါတယ္။

နယ္ခ်ဲ႕တို႔သည္ ပုဂံဗိုလ္ခ်ိဳကို ႀကိဳးမေပးမီ ေနာက္ဆုံးအခြင့္အေရး အေနျဖင့္ နယ္သူနယ္သားမ်ား ႏွင့္ေဆြမ်ိဳး သားခ်င္းမ်ားကို အစားအစာေကြၽးခြင့္ႏွင့္ စကားေျပာခြင့္ ျပဳခဲ့သည္။ ထိုအခါ ပုဂံဗိုလ္ခ်ိဳသည္ ယင္း၏ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ မိတ္ေဆြမ်ားကို“သူ႔ကြၽန္ဘ၀ထက္ ေသရတာက ျမတ္ပါေသးတယ္။ က်န္ရွိေသာ ေ႐ႊတိုေ႐ႊစမ်ားကို

ထုခြဲ၍ ဤေနရာမွာ ဘုရားတည္ၿပီး ေရွးမင္းမ်ားတူးခဲ့ေသာ ကန္ကိုဆည္ပါ” ဟုမွာၾကားခဲ့ပါတယ္။ဗိုလ္ခ်ိဳႀကိဳးစင္တက္မယ္လုပ္စဥ္ ရဲေဘာ္တစ္ဦးက ငိုရာ ေျခက်င္းခတ္ထားလ်က္ပင္ ထိုရဲေဘာ္ကိုေျချဖင့္ခတ္ရင္း “နင္တို႔ ေယာက်ာ္းမဟုတ္ေလာ” ဟု ရဲ၀င့္စြာဆိုလွ်က္ ႀကိဳးစင္ထက္ကို ရင္ေကာ့၍ တက္သြား၏။

ပုဂံဗိုလ္ခ်ိဳ၏ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ငါ့သ ေရာက္ နယ္သူနယ္သားမ်ားသည္ ပုဂံဗိုလ္ခ်ိဳ ေနာက္ဆုံးမွာၾကားခ်က္ဆႏၵႏွင့္ အညီ ယင္းတို႔သားအဖ သုံးဦးအား ရည္စူးလ်က္ ျမနႏၵာေက်ာက္ထီးဘုရားႀကီးကို တည္ထားကိုးကြယ္ခဲ့ၾကသည္။နယ္ခ်ဲ႕အဂၤလိပ္တို႔ ဆက္လက္စိုးမိုး အုပ္ခ်ဳပ္စဥ္ကာလ ျဖစ္သျဖင့္ ထိုေက်ာက္ထီးဘုရားႀကီး၏

အေရွ႕ေတာင္ေထာင့္ မုခ္ဦးအထက္တြင္ ပုဂံဗိုလ္ခ်ိဳ၏ မ်က္ႏွာကို အဂၤေတ ပန္းျဖင့္ ပညာသားပါပါ ထည့္သြင္းပုံေဖာ္ထားခဲ့ၾကတယ္လို႔အဆိုရွိပါတယ္။လူမ်က္ႏွာကို ကႏုတ္ပန္း၊ ကႏုတ္ႏြယ္တို႔ျဖင့္ ေရာယွက္၍ မြမ္းမံတန္ဆာဆင္ထားေသာ (နာရီ )ေခၚ ေရွး ႐ိုးျမန္မာ့ပန္းခ်ီ အႏုပညာတစ္မ်ိဳး ပင္ျဖစ္ပါေတာ့သည္။

ငredit – မူရင္း

Unicode

ပုဂံဗိုလ်ချို လို့ ဆိုလိုက်ရင် နယ်ချဲ့တော်လှန်ရေး သမိုင်းမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တာ အားလုံးသိပြီးသားပါ။ အင်္ဂလိပ်တို့ကို ဒုက္ခအပေးဆုံး ၊ ပထမဆုံးနယ်ချဲ့တော်လှန်ရေး လုပ်ပြီး နောက်ဆုံးမှ အဖမ်းခံရတဲ့ ဗိုလ်ချိုဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် ငသရောက်ဆယ်ရွာသား တစ်ဦးဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချို ဟာ သူ့ရဲ့ဖခင်

ဦးရွေဘော်ကဲ့သို့ တိုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ ထို့နောက် သီ ပေါမင်းလက်ထက်မှာ တောင်တွင်းကြီးမြို့ မြို့၀န်စာရေး အဖြစ် ၃ နှစ်ခန့် အမှုထမ်းခဲ့ပါတယ်။ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နယ်ချဲ့တို့ကို စတင် တော်လှန်ပါတော့တယ်။

ဗိုလ်ချိုနှင့် အတူ သားဖြစ်သူ ဗိုလ်ဖိုးဆင် နှင့် ဗိုလ်ဖိုး၀င်တို့ လည်း တိုက်ပွဲထဲပါ၀င်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်ရွှေမှုံမှာလည်း မိန်းမသားဖြစ်သော်ငြား ဓားခုတ် ၊ လှံထိုး ၊ မြင်းစီးအတတ်တို့ကို ကျွမ်းကျင်လှကာ ခင်ပွန်းဖြစ်သူနဲ့ အတူလက်တွဲညီသူ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့မှာ ဗိုလ်ချိုအဖွဲ့ရဲ့ ပျောက်ကြားတိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိပါတယ်။

မြို့၀န်စာရေးလုပ်ခဲ့သူဖြစ်တာကြောင့် ဗိုလ်ချိုဟာ စစ်မူရေးရာကိုနားလည်သလို ၊ စည်းရုံးရေးလည်းကောင်းတဲ့အပြင် နည်းပရိယာယ်ကြွယ်၀သူဖြစ်တာကြောင့် တိုက်ပွဲအများစုမှာ အနိုင်ရလေ့ရှိပါတယ်။ ပုဂံဗိုလ်ချို၏ ပွဲဦးထွက် အောင်ပွဲမှာ ညောင်ဦးကမ်းပါးတိုက်ပွဲဖြစ်သည်။ ဗြိတိ သျှစစ် သည် (၁၅)ဦးကျဆုံးပြီး တစ်ဦးသာ လွတ်မြောက်သွားခဲ့သည်။ မျိုးချစ်သူရဲကောင်း သုံးဦးကျဆုံးခဲ့သည်။

အထင်ကရ “‘မှိုက်ပင်”‘တိုက် ပွဲတွင် ဗိုလ်ချို ဦးစီးသော တော်လှန်ရေးမျိုးချစ်အင်အား ၅၀၀ ခန့်ကို ဗြိတိသျှ မြင်းစစ်သည် (၈၀)၊ ခြေလျင်တပ်သား ၃၀၀ ခန့်နှင့် စီးနင်းတိုက် ခိုက်ခဲ့သည်။ဗြိတိသျှ စစ်သည် ၁၅၀ ကျော် ကျဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် တိုင်းပြည်အတွက်

မျိုးချစ်သူရဲကောင်း ၉-ဦး အသက်ပေးလှူခဲ့ရပြီး ၁၄-ဦးသာ ဒဏ်ရာရရှိခဲ့၏။ဗိုလ်ချိုရဲ့ထင်ရှားသော တိုက်ပွဲများမှာ – နတ်သမီးကမ်းပါးတိုက်ပွဲ၊ ကျောက်တံခါးတိုက်ပွဲ ၊ ကန့်လန့်ကျော်တိုက်ပွဲ နဲ့ ပုလင်းရွာတိုက်ပွဲများ ဖြစ်ပါတယ်။

ထိုတိုက်ပွဲများမှာ အင်အားသာလွန်သော အင်္ဂလိပ်တို့အား အကျအဆုံးများစေခဲ့ပြီး အရှက်ရစေခဲ့သော တိုက်ပွဲများဖြစ်ပါတယ်။ဗိုလ်ချိုတို့မှာ အင်္ဂလိပ်တို့ထက် လူအင်အား၊ လက်နက်အင်အား များစွာနည်းလှပါတယ်။ စိတ် ဓာတ်ပြင်းထန်မှုကြောင့် သာ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ၁၈၈၆ခုနှစ် မှ ၁၈၉၅ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုနီးပါး တိုက်ခိုက်လာပြီးနောက် အင်အားတစ်စ တစ်စ နည်းလာရပါတယ်။

ထို့ကြောင့် နောက်ပိုင်းတိုက်ပွဲများတွင် ဆုတ်ခွာရသည်သာ များလာပါတယ်။ ဗိုလ်ချိုအား အင်္ဂလိပ်တို့က ရာထူးဖြင့် သိမ်းသွင်းခဲ့ပေမယ့် ဗိုလ် ချိုကား လက်ခံခြင်း မရှိခဲ့။ဗိုလ်ချို တို့သားအဖကို ဖမ်းဆီး အဆုံးစီရင်နိုင်ပြီး မှ မြန်မာခေတ်ဦးတော်လှန်ရေးကို တစ်ခန်းရပ်နိုင်လိမ့်မယ်လို့ ရိပ်မိသွားတဲ့ အင်္ဂလိပ်တို့ဟာ ခရစ်နှစ် (၁၈၉၅)မှာ ဗိုလ်ချိုရှိရာ ငသရောက်ဆယ်ရွာကို အလုံးအရင်းနဲ့

၀န်းရံတိုက်ခိုက်ပါတော့တယ်။ဒီအချိန်မှာ ဗိုလ်ချိုတို့သားအဖဟာ သည်ဧရာ၀တီမြစ်ကိုဖြတ်ကူးပြီး ယော ၊ ဆောနယ်ရှိတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းတော်လှန်တိုက်ခိုက်ရန်ပုဂံသီရိပစ္စယာ ဂူပြောက်ကြ်ိးဘုရား၀န်းအတွင်းမှာ ရောက်ရှိနေခဲ့ပါတယ်။ဗိုလ်ချိုကို မမိတဲ့ နယ်ချဲ့အင်္ဂလိပ်တို့ဟာ ဗိုလ်ချိုနဲ့ နီးစပ်သူ ဆွေမျိုးတွေကိုပါ ဒုက္ခပေးလာတဲ့အတွက် ဆွေမျိုးတွေဟာ ပုဂံတစ်ဝိုက်မှာ မနေထိုင်ရဲကြတော့ပဲ ရှောင်တိမ်းကြရပါတယ်။

နောက်ဆုံး (၃၀-၆-၁၈၉၅) နေ့တွင်တော့ သစ္စာဖောက်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဗိုလ်ချိုတို့ အဖွဲ့စခန်းချရာနေရာကို အင်္ဂလိပ်တို့သိရှိသွားပြီး အလုံးအရင်းနဲ့ ၀င်ဖမ်းခြင်းကို ခံလိုက်ရပါတယ်။ နယ်ချဲ့များက ဘုရားကိုဝိုင်းထားစဉ် သားနှစ်ယောက်က ရန်သူအား ပြန်လည်ခုခံသောအခါ-“ငါ့သားများ ငါတို့အချိန်ကုန်ပြီ အဖမ်းခံလိုက်ကြတော့”ဟု အကျိုးမရှိသော ခုခံခြင်းမျိုးမပြုလုပ်ရ ဆို့နင့်သောအသံဖြင့် ဗိုလ်ချိုက တားမြစ်ခဲ့ပါတယ်။

ထို့နောက်နယ်ချဲ့တို့က ဗိုလ်ချိုသားအဖ ၃ ဦးအား ငါးသရောက် မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်ကာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။နယ်ချဲ့အင်္ဂလိပ်တို့သည် ငါ့သရောက် နယ်သူနယ်သားတို့အား နောက်နောင်တွင် ယင်းတို့ကို ပုန်ကန်တော်လှန်မှု မပြုလုပ်ဝံ့စေရန် ရည်ရွယ်လျက် ပုဂံဗိုလ်ချိုတို့ သားအဖသုံးဦး ကြိုးပေးကွပ်မျက်မှုကို (မပျက်မကွက်) လာရောက်ကြည့်ရှုစေခဲ့ပါတယ်။

နယ်ချဲ့တို့သည် ပုဂံဗိုလ်ချိုကို ကြိုးမပေးမီ နောက်ဆုံးအခွင့်အရေး အနေဖြင့် နယ်သူနယ်သားများ နှင့်ဆွေမျိုး သားချင်းများကို အစားအစာကျွေးခွင့်နှင့် စကားပြောခွင့် ပြုခဲ့သည်။ ထိုအခါ ပုဂံဗိုလ်ချိုသည် ယင်း၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို“သူ့ကျွန်ဘ၀ထက် သေရတာက မြတ်ပါသေးတယ်။ ကျန်ရှိသော ရွှေတိုရွှေစများကို ထုခွဲ၍ ဤနေရာမှာ

ဘုရားတည်ပြီး ရှေးမင်းများတူးခဲ့သော ကန်ကိုဆည်ပါ” ဟုမှာကြားခဲ့ပါတယ်။ဗိုလ်ချိုကြိုးစင်တက်မယ်လုပ်စဉ် ရဲဘော်တစ်ဦးက ငိုရာ ခြေကျင်းခတ်ထားလျက်ပင် ထိုရဲဘော်ကိုခြေဖြင့်ခတ်ရင်း “နင်တို့ ယောကျာ်းမဟုတ်လော” ဟု ရဲ၀င့်စွာဆိုလျှက် ကြိုးစင်ထက်ကို ရင်ကော့၍ တက်သွား၏။

ပုဂံဗိုလ်ချို၏ ဆွေမျိုးသားချင်းများနှင့် ငါ့သ ရောက် နယ်သူနယ်သားများသည် ပုဂံဗိုလ်ချို နောက်ဆုံးမှာကြားချက်ဆန္ဒနှင့် အညီ ယင်းတို့သားအဖ သုံးဦးအား ရည်စူးလျက် မြနန္ဒာကျောက်ထီးဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ကြသည်။နယ်ချဲ့အင်္ဂလိပ်တို့ ဆက်လက်စိုးမိုး အုပ်ချုပ်စဉ်ကာလ ဖြစ်သဖြင့် ထိုကျောက်ထီးဘုရားကြီး၏

အရှေ့တောင်ထောင့် မုခ်ဦးအထက်တွင် ပုဂံဗိုလ်ချို၏ မျက်နှာကို အင်္ဂတေ ပန်းဖြင့် ပညာသားပါပါ ထည့်သွင်းပုံဖော်ထားခဲ့ကြတယ်လို့အဆိုရှိပါတယ်။လူမျက်နှာကို ကနုတ်ပန်း၊ ကနုတ်နွယ်တို့ဖြင့် ရောယှက်၍ မွမ်းမံတန်ဆာဆင်ထားသော (နာရီ )ခေါ် ရှေး ရိုးမြန်မာ့ပန်းချီ အနုပညာတစ်မျိုး ပင်ဖြစ်ပါတော့သည်။

ငredit – မူရင်း

“စာရင်းရှိ မယား (၃၃) ယောက်ရှိတဲ့ မုံရွာ သာစည်နယ်က သူဌေးကြီး ဦးဖိုးရှိ အကြောင်း”

Zawgyi ျဖင့္ ဖတ္ရန္

ဒီျပတင္းေပါက္ေတြ ကေန ေန႔တိုင္း ဦးဖိုးရွိပစ္ခ် မဲ့ေခါင္းအုံးကို မယား အေယာက္ ၃၀ က ေစာင့္ဖမ္းၾကသတဲ့

စစ္ကိုင္းတိုင္း မုံ႐ြာ သာစည္နယ္မွာ ဦးဘိုးရွိဆို ခုထိ သိေနၾကတုန္း နာမည္ႀကီးေနတုန္း …

စံျပ ေျပာဆိုေနရတုန္း အဘယ္သို႔ေၾကာင့္ဆိုေတာ္ ဦးဘိုးရွိတြင္ စားရင္းရွိ မယား ၃၃ ေယာက္ ရွိသည္ ဦးဘိုးရွိက လယ္ ဧက ေသာင္းခ်ီ ပိုင္တယ္ဆိုပဲ ..

တႏွစ္တႏွစ္ သီးစားခ် သည္ေရာ .. လယ္စာရင္းငွါးမ်ား ရာသီသီႏွံေပၚခ်ိန္ဆို မိသားစုလိုက္ လာကန္ေတာ့ၾကရသည္ ..ထိုအခ်ိန္ တြင္ သမီးပ်ိဳ ေခ်ာေခ်ာေမာေမာ ပါလာပါက..

ဦးဘိုးရွိ သေဘာက်လို႔ ထားခဲ့ ဆိုလ်င္ ထားခဲ့ေပပဲ… မထားခဲ့ လို႔ကေတာ့ ေနာက္ႏွစ္သူ႔လယ္ မွာ အလုပ္မရဘူးသာမွတ္

အဲ့လိုဒီလိုနဲ႔ သူႀကိဳက္ရာ ယူထားတာ စာရင္း ရွိႀကီး ၃၃ေ ယာက္ ႀကဳံဒိုးေလးေတြက ပါေသးဆိုဘဲ …ဦးဘိုးရွိက ၃ ထပ္တိုက္ နဲ႔ေနတာ ..

တိုက္ေအာက္ဆုံးထပ္မွာ ဇာတ္စင္ ႀကီးေဆာက္ထားသတဲ့ဇာတ္ေခၚ က ရင္ ‘ သုေရာနႏၵီ ဇာတ္ ‘ ဘဲ ကခိုင္း သတဲ့ . ဘာလို႔တုန္း ဆိုေတာ့အဲ့ဇာတ္က မင္းသမီး ကို ဂဠဳန္ ခ်ီတဲ့အခန္းပါ ဆိုဘဲ။

အဲ့အခန္းေရာက္ရင္ ဦးဘိုးရွိက ဂဠဳန္ ေခါင္းေဆာင္း ႀကီး စြပ္ပီး သူကိုယ္တိုင္ မင္းသမီး ကို ေပြ႕ခ်ီပီး သုတ္ေလ့ရွိသတဲ့ …. ဦးဘိုးရွိက

အဲ့ဂဠဳန္ေခါင္းေဆာင္းကို အပိုင္ဝယ္ထားတာ… ဇာတ္ၾကည့္ရင္ ေဘးနားအဲ့ ေခါင္းေဆာင္း ထားၾကည့္ေရာ … မင္းသမီးကို ဂဠဳန္ သုတ္ေျပးတဲ့အခန္းကလည္း …

ဂဠဳန္က အသုတ္ ဇာတ္စင္ မီးေတြကမွိတ္ ေပး .. စင္ ကိုအေမွာင္ခ်အဲ့လို ကြက္တိျဖစ္ရတာ…

ပီးရင္ ဦးဘိုးရွိက မင္းသမီးကို အခန္းထဲ ေခၚေျပးေရာ သူနဲ႔ အဆင္ေျပသြားရင္ အဲ့ည ဇာတ္ ဆက္ကစရာ မလို ေတာ့ဘူး ၿပီးဘီ …. အဲ့ မင္းသမီးက ျငင္းဆန္ေနရင္ေတာ့ ဇာတ္ဆက္ကရတယ္ .. ေနာက္လဲမငွါးေတာ့ဘူး

အဲ့လို ျပတ္သားတာ ဦးဘိုးရွိက တခါ က ေညာင္ကန္ မင္းသမီး ဇာတ္လာကတယ္ မင္းသမီး ကငယ္လဲ ငယ္ ေခ်ာကလဲေခ်ာ ဆိုေတာ့ ဦးဘိုး ရွိ မေနႏိုင္ဘူး ….

ဂဠဳန္ေခါင္းေဆာင္းေဘးခ်ပီး သူ႔ဇာတ္ျဖစ္တဲ့ သုေရာနႏၵီ ကခိုင္း… မင္းသမီး ဂဠဳန္ခ်ီတဲ့အခန္းလဲေရာက္ေကာ .. ဘာေျပာေကာင္းမတုန္း မင္းသမီးခ်ီပီး သူ႔အခန္းထဲ ဝင္ေျပးပါေရာ…

မင္းသမီး က လုံးဝ သေဘာမတူဘဲ ျပႆနာ တက္ပီး မင္းသမီး ခ်က္ခ်င္း ျပန္ပါေလေရာလား … ဦးဘိုးရွိလဲ ဆန႔္ငင္ ဆန႔္ငင္နဲ႔က်န္ခဲ့တာ…..တပတ္ေလာက္ ဦးဘိုးရွိ အသဲကြဲေနေတာ့ တငူငူ တငိုင္ငိုင္ ….

ဒါနဲ႔ ဦးဘိုးရွိ မယားေတြလဲ မေနႏိုင္ အခ်င္းခ်င္းတိုင္ပင္ပီး မယားႀကီးနဲ႔ အျခားမယား၅ ေယာက္တို႔ ေညာင္ကန္႐ြာ လိုက္ပီး

မင္းသမီးကိုေဖ်ာင္းဖ် ၾကတာ ၂ ရက္ၾကာသတဲ့ … ေနာက္ေတာ့ မင္းသမီးလဲ လိုက္လာေပးသတဲ့ ဗ်ာ…. ဦးဘိုးရွိက အဲ့လို ပိုင္တာ….

ဒီေတာ့ ဒီနယ္တဝိုက္ ဦးဘိုးရွိ ဆိုရင္ ေယာက္က်ား သားေတြရဲ႕ အိုင္ေဒါ ျဖစ္ ကေရာေပါ့ …. ကိုယ္လည္း ၾကားၾကားခ်င္း ဦးဘိုးရွိ ကို ၾကည္ညိဳ လိုက္တာဆိုတာ ..

သူ႔အိမ္ႀကီးသြားၾကည့္ရတဲ့ အထိပါပဲ ကဲ မုံ႐ြာသားေတြ သာစည္ သားေတြ ဂုဏ္ယူရ တဲ့ ဦးဘိုးရွိ ဆိုတာ ဒါဘဲ ကလား…

မူရင္းတင္သူအား ေလးစားမႈျဖင့္ ခရက္ဒစ္

Unicode ဖြင့် ဖတ်ရန်

ဒီပြတင်းပေါက်တွေ ကနေ နေ့တိုင်း ဦးဖိုးရှိပစ်ချ မဲ့ခေါင်းအုံးကို မယား အယောက် ၃၀ က စောင့်ဖမ်းကြသတဲ့

စစ်ကိုင်းတိုင်း မုံရွာ သာစည်နယ်မှာ ဦးဘိုးရှိဆို ခုထိ သိနေကြတုန်း နာမည်ကြီးနေတုန်း …

စံပြ ပြောဆိုနေရတုန်း အဘယ်သို့ကြောင့်ဆိုတော် ဦးဘိုးရှိတွင် စားရင်းရှိ မယား ၃၃ ယောက် ရှိသည် ဦးဘိုးရှိက လယ် ဧက သောင်းချီ ပိုင်တယ်ဆိုပဲ ..

တနှစ်တနှစ် သီးစားချ သည်ရော .. လယ်စာရင်းငှါးများ ရာသီသီနှံပေါ်ချိန်ဆို မိသားစုလိုက် လာကန်တော့ကြရသည် ..ထိုအချိန် တွင် သမီးပျို ချောချောမောမော ပါလာပါက..

ဦးဘိုးရှိ သဘောကျလို့ ထားခဲ့ ဆိုလျင် ထားခဲ့ပေပဲ… မထားခဲ့ လို့ကတော့ နောက်နှစ်သူ့လယ် မှာ အလုပ်မရဘူးသာမှတ်

အဲ့လိုဒီလိုနဲ့ သူကြိုက်ရာ ယူထားတာ စာရင်း ရှိကြီး ၃၃ေ ယာက် ကြုံဒိုးလေးတွေက ပါသေးဆိုဘဲ …ဦးဘိုးရှိက ၃ ထပ်တိုက် နဲ့နေတာ ..

တိုက်အောက်ဆုံးထပ်မှာ ဇာတ်စင် ကြီးဆောက်ထားသတဲ့ဇာတ်ခေါ် က ရင် ‘ သုရောနန္ဒီ ဇာတ် ‘ ဘဲ ကခိုင်း သတဲ့ . ဘာလို့တုန်း ဆိုတော့အဲ့ဇာတ်က မင်းသမီး ကို ဂဠုန် ချီတဲ့အခန်းပါ ဆိုဘဲ။

အဲ့အခန်းရောက်ရင် ဦးဘိုးရှိက ဂဠုန် ခေါင်းဆောင်း ကြီး စွပ်ပီး သူကိုယ်တိုင် မင်းသမီး ကို ပွေ့ချီပီး သုတ်လေ့ရှိသတဲ့ …. ဦးဘိုးရှိက

အဲ့ဂဠုန်ခေါင်းဆောင်းကို အပိုင်ဝယ်ထားတာ… ဇာတ်ကြည့်ရင် ဘေးနားအဲ့ ခေါင်းဆောင်း ထားကြည့်ရော … မင်းသမီးကို ဂဠုန် သုတ်ပြေးတဲ့အခန်းကလည်း …

ဂဠုန်က အသုတ် ဇာတ်စင် မီးတွေကမှိတ် ပေး .. စင် ကိုအမှောင်ချအဲ့လို ကွက်တိဖြစ်ရတာ…

ပီးရင် ဦးဘိုးရှိက မင်းသမီးကို အခန်းထဲ ခေါ်ပြေးရော သူနဲ့ အဆင်ပြေသွားရင် အဲ့ည ဇာတ် ဆက်ကစရာ မလို တော့ဘူး ပြီးဘီ …. အဲ့ မင်းသမီးက ငြင်းဆန်နေရင်တော့ ဇာတ်ဆက်ကရတယ် .. နောက်လဲမငှါးတော့ဘူး

အဲ့လို ပြတ်သားတာ ဦးဘိုးရှိက တခါ က ညောင်ကန် မင်းသမီး ဇာတ်လာကတယ် မင်းသမီး ကငယ်လဲ ငယ် ချောကလဲချော ဆိုတော့ ဦးဘိုး ရှိ မနေနိုင်ဘူး ….

ဂဠုန်ခေါင်းဆောင်းဘေးချပီး သူ့ဇာတ်ဖြစ်တဲ့ သုရောနန္ဒီ ကခိုင်း… မင်းသမီး ဂဠုန်ချီတဲ့အခန်းလဲရောက်ကော .. ဘာပြောကောင်းမတုန်း မင်းသမီးချီပီး သူ့အခန်းထဲ ဝင်ပြေးပါရော…

မင်းသမီး က လုံးဝ သဘောမတူဘဲ ပြဿနာ တက်ပီး မင်းသမီး ချက်ချင်း ပြန်ပါလေရောလား … ဦးဘိုးရှိလဲ ဆန့်ငင် ဆန့်ငင်နဲ့ကျန်ခဲ့တာ…..တပတ်လောက် ဦးဘိုးရှိ အသဲကွဲနေတော့ တငူငူ တငိုင်ငိုင် ….

ဒါနဲ့ ဦးဘိုးရှိ မယားတွေလဲ မနေနိုင် အချင်းချင်းတိုင်ပင်ပီး မယားကြီးနဲ့ အခြားမယား၅ ယောက်တို့ ညောင်ကန်ရွာ လိုက်ပီး

မင်းသမီးကိုဖျောင်းဖျ ကြတာ ၂ ရက်ကြာသတဲ့ … နောက်တော့ မင်းသမီးလဲ လိုက်လာပေးသတဲ့ ဗျာ…. ဦးဘိုးရှိက အဲ့လို ပိုင်တာ….

ဒီတော့ ဒီနယ်တဝိုက် ဦးဘိုးရှိ ဆိုရင် ယောက်ကျား သားတွေရဲ့ အိုင်ဒေါ ဖြစ် ကရောပေါ့ …. ကိုယ်လည်း ကြားကြားချင်း ဦးဘိုးရှိ ကို ကြည်ညို လိုက်တာဆိုတာ ..

သူ့အိမ်ကြီးသွားကြည့်ရတဲ့ အထိပါပဲ ကဲ မုံရွာသားတွေ သာစည် သားတွေ ဂုဏ်ယူရ တဲ့ ဦးဘိုးရှိ ဆိုတာ ဒါဘဲ ကလား…

မူရင်းတင်သူအား လေးစားမှုဖြင့် ခရက်ဒစ်

“ယနေ့အချိန်အထိ အငြင်းပွားနေကြသေးတဲ့ ဆုပန်ကလျာရဲ့ဇာတ်သိမ်း”

Zawgyi

ယိုးဒယားမင္းသမီး ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္မင္းႀကီး ကိုယ္ေတာ္တိုင္ ထီးျဖဴေပး၍ အယုဒၶယဘုရင္အျဖစ္ ခန႔္အပ္ေပးခဲ့ေသာ ျဗမဟာဓမၼရာဇာမင္းႏွင့္

မိဖုရား ျဗဝိသုဒၶိေကသထရီတို႔၏ သမီးေတာ္ျဖစ္ပါသည္။

ေ႐ႊအဆင္းကဲ့သို႔ အသားအေရေခ်ာေမြ႕သူ (ျဗသုဝဏၰေဒဝီ) အျဖစ္ ယိုးဒယားရာဇဝင္မ်ားက မွတ္တမ္းတင္ခဲ့ၾကၿပီး ျမန္မာရာဇဝင္မ်ားကလည္း

ထိုအခ္ကၠိဳ အစြဲျပဳကာ ျဗသဝန္ ဟု သုံးႏႈံးမွတ္တမ္း တင္ခဲ့ၾကပါသည္။

၁၅၆၉ ခုႏွစ္တြင္ ဘုရင့္ေနာင္ကိုယ္ေတာ္တိုင္ အယုဒၶယသို႔ ခ်ီတက္သိမ္းယူကာ မိမိသစၥာခံ ျဗမဟာဓမၼရာဇာကို နန္းတင္ ေပးေတာ္မူခဲ့ပါသည္။

ျဗမဟာဓမၼရာဇာ ကလည္း မိမိ၏ ဆယ့္ခုနစ္ႏွစ္အ႐ြယ္ သမီးေတာ္ ဆုပႏၠလ္ာကို ဘုရင့္ေနာင္ထံ ဆက္သခဲ့ပါသည္။

ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္ မင္းႀကီးႏွင့္ သမီးေတာ္တစ္ပါး ရရွိခဲ့ပါသည္။ မင္းအေထြး ဟု ျမန္မာမွတ္တမ္းမ်ားက တညီတၫြတ္တည္း ျပဆိုၾကပါသည္။

ယိုးဒယားတို႔ကမူ ဆုပန္ကလ်ာသည္ ကိုယ္ဝန္အရင့္အမာျဖင့္ ရွိေနစဥ္ နႏၵဘုရင္ ( ဘုရင့္ေနာင္၏သားေတာ္) က ဓါးျဖင့္ ခုတ္သတ္ခဲ့သည္ဟု ဆိုထားၾကပါသည္။

မည္သည့္ဘက္က မွန္သည္မွားသည္ဟု မဆိုသာလွေသာ္လည္း ဆုပႏၠလ္ာ၏ ဇာတ္သိမ္းမွာမူ ယေန႔တိုင္ ေပ်ာက္ကြယ္ ေနပါေသးသည္။

ယိုးဒယားလူမ်ိဳးမ်ား (အထူးသျဖင့္ အမ်ိဳးသမီးစီးပြားေရးသမားမ်ား) သည္ ယေန႔တိုင္ ဆုပႏၠလ္ာကို ႐ုပ္တုမ်ား ႐ုပ္ပုံမ်ားျဖင့္ ကိုးကြယ္ေနၾကသည္ကိုလည္း ေလ့လာေတြ႕ရွိ႕ၾကရပါသည္။

ဖီခ်စ္ျပည္နယ္မွ ဘုန္းႀကီးတစ္ပါးကမူ ဆုပန္ကလ်ာဝိညာဥ္သည္ ျမန္မာျပည္မွ မထြက္ခြာႏိုင္ေသးသျဖင့္ မိမိကိုယ္တိုင္ ယၾတာမႏၲရားမ်ားျဖင့္ ဆုပႏၠလ္ာကို ခ်ဳပ္ေႏွာင္ထားေသာ

ျမန္မာတို႔၏ ေမွာ္အတတ္ကို ဖယ္ရွားေပးႏိုင္ခဲ့ေၾကာင္းကို ေျပာၾကားခဲ့ရာ (၁၉၉၇) ခုႏွစ္ အာရွစီးပြားပ်က္ကပ္တြင္ ဆုပႏၠလ္ာကို ကိုးကြယ္ၾကသူမ်ား မ်ားျပားလာခဲ့ပါသည္။

ေခတ္ပ်က္တြင္ ထိုဆုပန္ကလ်ာဇာတ္လမ္းကို မွီး၍ ခ်မ္းသာသြားၾက သူမ်ားပင္ရွိခဲ့ၾကပါသည္။

ကြၽန္ေတာ့္အျမင္ကို ေျပာရလွ်င္မူ ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္မင္းႀကီး နတ္႐ြာစံၿပီးေနာက္ နန္းတက္ေသာ နႏၵဘုရင္၏ အမ်က္ေဒါသကို တိမ္းေရွာင္ရန္ အင္းစိန္အရပ္သို႔

ေနာက္လိုက္မ်ားျဖင့္ ထြက္ခြာခဲ့ဟန္တူပါသည္။

အေၾကာင္းမွာ မဂၤလာဒုံၿမိဳ႕နယ္တြင္းရွိ က်ိဳက္ကလို႔ ေစတီတြင္ ဆုပႏၠလ္ာကို နတ္ကြန္းကဲ့သို႔ ေနရာေပးကာ ကိုးကြယ္ ထားၾကေသာေၾကာင့္ ျဖစ္ပါသည္။Crd,

Unicode

ယိုးဒယားမင်းသမီး ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ထီးဖြူပေး၍ အယုဒ္ဓယဘုရင်အဖြစ် ခန့်အပ်ပေးခဲ့သော ဗြမဟာဓမ္မရာဇာမင်းနှင့် မိဖုရား ဗြဝိသုဒ္ဓိကေသထရီတို့၏ သမီးတော်ဖြစ်ပါသည်။

ရွှေအဆင်းကဲ့သို့ အသားအရေချောမွေ့သူ (ဗြသုဝဏ္ဏဒေဝီ) အဖြစ် ယိုးဒယားရာဇဝင်များက မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာရာဇဝင်များကလည်း ထိုအခ်က္ကို အစွဲပြုကာ ဗြသဝန် ဟု သုံးနှုံးမှတ်တမ်း တင်ခဲ့ကြပါသည်။

၁၅၆၉ ခုနှစ်တွင် ဘုရင့်နောင်ကိုယ်တော်တိုင် အယုဒ္ဓယသို့ ချီတက်သိမ်းယူကာ မိမိသစ္စာခံ ဗြမဟာဓမ္မရာဇာကို နန်းတင် ပေးတော်မူခဲ့ပါသည်။

ဗြမဟာဓမ္မရာဇာ ကလည်း မိမိ၏ ဆယ့်ခုနစ်နှစ်အရွယ် သမီးတော် ဆုပန္ကလ်ာကို ဘုရင့်နောင်ထံ ဆက်သခဲ့ပါသည်။

ဆုပန်ကလျာသည် ဘုရင့်နောင် မင်းကြီးနှင့် သမီးတော်တစ်ပါး ရရှိခဲ့ပါသည်။ မင်းအထွေး ဟု မြန်မာမှတ်တမ်းများက တညီတညွတ်တည်း ပြဆိုကြပါသည်။

ယိုးဒယားတို့ကမူ ဆုပန်ကလျာသည် ကိုယ်ဝန်အရင့်အမာဖြင့် ရှိနေစဉ် နန္ဒဘုရင် ( ဘုရင့်နောင်၏သားတော်) က ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဟု ဆိုထားကြပါသည်။

မည်သည့်ဘက်က မှန်သည်မှားသည်ဟု မဆိုသာလှသော်လည်း ဆုပန္ကလ်ာ၏ ဇာတ်သိမ်းမှာမူ ယနေ့တိုင် ပျောက်ကွယ် နေပါသေးသည်။

ယိုးဒယားလူမျိုးများ (အထူးသဖြင့် အမျိုးသမီးစီးပွားရေးသမားများ) သည် ယနေ့တိုင် ဆုပန္ကလ်ာကို ရုပ်တုများ ရုပ်ပုံများဖြင့် ကိုးကွယ်နေကြသည်ကိုလည်း လေ့လာတွေ့ရှိ့ကြရပါသည်။

ဖီချစ်ပြည်နယ်မှ ဘုန်းကြီးတစ်ပါးကမူ ဆုပန်ကလျာဝိညာဉ်သည် မြန်မာပြည်မှ မထွက်ခွာနိုင်သေးသဖြင့် မိမိကိုယ်တိုင် ယတြာမန္တရားများဖြင့် ဆုပန္ကလ်ာကို ချုပ်နှောင်ထားသော မြန်မာတို့၏

မှော်အတတ်ကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်းကို ပြောကြားခဲ့ရာ (၁၉၉၇) ခုနှစ် အာရှစီးပွားပျက်ကပ်တွင် ဆုပန္ကလ်ာကို ကိုးကွယ်ကြသူများ များပြားလာခဲ့ပါသည်။

ခေတ်ပျက်တွင် ထိုဆုပန်ကလျာဇာတ်လမ်းကို မှီး၍ ချမ်းသာသွားကြ သူများပင်ရှိခဲ့ကြပါသည်။

ကျွန်တော့်အမြင်ကို ပြောရလျှင်မူ ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီး နတ်ရွာစံပြီးနောက် နန်းတက်သော နန္ဒဘုရင်၏ အမျက်ဒေါသကို

တိမ်းရှောင်ရန် အင်းစိန်အရပ်သို့ နောက်လိုက်များဖြင့် ထွက်ခွာခဲ့ဟန်တူပါသည်။

အကြောင်းမှာ မင်္ဂလာဒုံမြို့နယ်တွင်းရှိ ကျိုက်ကလို့ စေတီတွင် ဆုပန္ကလ်ာကို နတ်ကွန်းကဲ့သို့ နေရာပေးကာ ကိုးကွယ် ထားကြသောကြောင့် ဖြစ်ပါသည်။Crd,

လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)

Zawgyi

သိ၍ျဖစ္ေစ မသိ၍ျဖစ္ေစ၊ ေခ်းဌါးမိလိုက္ေသာပိုက္ဆံသည္ မုခ်ျပန္လည္ေပးဆပ္ရမည္ျဖစ္သည္။

လူ႔ဘဝအေႂကြးကို ႏြားဘဝနဲ႔ လာဆပ္ရတဲ့ မေအးဘုံ (ျဖစ္ရပ္မွန္)ကို တင္ဆက္ေပးလိုက္ရပါတယ္

မိုးဦးက်ရာသီ၏ တစ္ခုေသာ နံနက္အေစာတြင္ျဖစ္သည္။ မလွလူသည္ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းက အုန္းေမာင္းေခါက္သံ ၾကားသည္ႏွင့္ အိပ္ရာမွ ထခဲ့သည္။

ခင္ပြန္းျဖစ္သူ ကိုသာလွ ယာေတာမသြားမီ ထမင္း ထုပ္ေပးရန္မီးဖိုေခ်ာင္ဝင္၍ ခ်က္ျပဳတ္ေနစဥ္ လွလူေရ ေဟ့…လွလူ၊ ေခြးၾကည့္ပါဦး။

ၿခံတံခါးဆီက ေခၚသံၾကား၍ မလွလူ မီးဖိုေခ်ာင္ထဲမွ ထြက္လာခဲ့သည္။ ဟဲ့…ေစာေစာစီးစီး ဘယ္သူမ်ားလဲလို႔။

ေအးဘုံကိုး။ ဘာအေရးႀကီးကိစၥ ရွိလို႔တုန္း။ ဒီမနက္ႏွမ္းႀကဲခ်င္လို႔ ႏွမ္းႏွစ္ျပည္ေလာက္ေခ်းပါဦး။ ေနာင္ခါ ႏွမ္းေပၚရင္ ထုံးစံအတိုင္း ျပန္ေပးပါ့မယ္။

ႏွစ္စဥ္ မ်ိဳးေစ့ထုတ္ေပးေနက်လည္းျဖစ္ၿပီး သီးႏွံေပးခ်ိန္တြင္သုံးဆတိုး ျပန္ေပးရာမွာလည္း ကတိတည္သူ ျဖစ္ေသာေၾကာင့္ မေအးဘုံကိုႏွမ္းႏွစ္ျပည္ ခ်ိန္ေပးလိုက္သည္။

မေအးဘုံသည္ ေယာင္ေပေယာင္ေပ ျဖစ္ေနေသာသားျဖစ္သူ ဖိုးလုံးကို ႏွမ္းေပၚလ်င္ ရွင္ျပဳေပးခ်င္ေနသည္။ သည္ႏွစ္ ႏွမ္းက မိုးေလညီၫြတ္သျဖင့္ အေတာ္ ကေလး ေကာင္းသည္။

တစ္ခ်ိဳ႕ေနရာမ်ားတြင္ အဝါေရာင္ဖက္ သန္းေနၿပီ။ မၾကာမီ ရိတ္သိမ္းရေတာ့မည္။ မေအးဘုံ စိတ္ကူးယဥ္ထားသည့္အတိုင္း သားေတာ္ ေမာင္ ရွင္ျပဳပြဲ ႏႊဲရေတာ့မည္ ထင္ပါသည္။

ခုတေလာ…မေအးဘုံတစ္ေယာက္ ေန႔စဥ္လိုလိုႏွမ္းခင္းသြားၾကည့္သည္။ ဒီေန႔နံနက္ ႏွမ္းခင္းမွ စိတ္ကူးယဥ္ၿပီး ျပန္လာခဲ့စဥ္ အမယ္ေလး ဘာေကာင္ကိုက္မွန္း မသိဘူး။

မေအးဘုံ၏ႏႈတ္မွ အလန႔္တၾကား ေအာ္လိုက္သည္။ ဝဲဘက္ ေျခဖမိုးေပၚမွ မ်က္ခနဲ ျဖစ္သြားခဲ့သည္။ အနီးပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ ေႁမြေပြး တစ္ေကာင္ကို ေတြ႕ရသည္။

မေအးဘုံ မ်က္လုံးအိမ္တစ္ခုလုံး ျပာေဝသြားခဲ့သည္။ ျမင္ကြင္းအားလုံး ပတ္ခ်ာလည္သြားသလား ထင္ရသည္။ ခႏၶာကိုယ္ ယိမ္းထိုးလာသျဖင့္ အံႀကိတ္၍ ထိန္းထားစဥ္႐ုတ္ခ်ည္း ေခြလဲက်သြားခဲ့ေလသည္။

မၾကာမီ ေႁမြဆိပ္ေၾကာင့္ မေအးဘုံတစ္ေယာက္ အသက္ေပ်ာက္သြားခဲ့ပါေတာ့သည္။ သည္ေန႔ညဘယ္လိုျဖစ္ေနသည္ မသိ။ မလွလူတစ္ေယာက္ အိပ္၍ မေပ်ာ္ပဲ ျဖစ္ေနသည္။

ညလုံး နီးပါး မ်က္စိမ်ားက ေၾကာင္ေနသည္။ လင္းခါနီးေလာက္မွ ေမွးခနဲ အိပ္ေပ်ာ္သြားခဲ့သည္။

လွလူငါ ညည္းတို႔နဲ႔ လာေနမယ္ေနာ္ ညည္းႀကိဳက္သလို ခိုင္းပါေအ ငါေခ်းထားခဲ့တဲ့ ႏွမ္းႏွစ္ျပည္အတြက္ အေႂကြးလာဆပ္တာပါ။

အသံက မေအးဘုံအသံ။ ျမင္ရသည့္ ျမင္ကြင္းက ေအးဘုံမဟုတ္။ ခ်ိဳႏွစ္ဖက္ေထာင္ၿပီး ထိပ္၌ အျဖဴအမည္း ေရာစြက္ထားသည့္ ႏြားမႀကီးတစ္ေကာင္ ျဖစ္ေနသည္။

နံနက္မိုးလင္းၿပီျဖစ္၍ မလွလူ အိပ္ရာမွ ထခဲ့သည္။ ေရဆာေနသျဖင့္ ေရအိုးစင္မွေရကို တဝႀကီးေသာက္အၿပီး ေအးဘုံရယ္ ႏွမ္းႏွစ္ျပည္အတြက္နဲ႔ေတာ့ ႏြားအျဖစ္လာၿပီး အေႂကြးမဆပ္ပါနဲ႔။

ငါ ေက်နပ္ပါတယ္။ အို…ဘုရား…ဘုရား…တပည့္ေတာ္မ အိပ္မက္ မဟုတ္ပါေစနဲ႔။ လြဲပါေစ ဖယ္ပါေစ။ မၾကာမီ မလွလူတို႔အိမ္က ႏြားမႀကီး ေမြးၿပီးသားတင္သြားခဲ့သည္။တိုက္ဆိုင္မႈဟု ဆိုရမည္လား မသိ။

ထိုႏြားမႀကီးေမြးေသာ ႏြားကေလးမွာ အိပ္မက္ထဲက ႏြားမေလးအတိုင္း ပုံတူ ေမြးလာခဲ့ေလသည္။ မလွလူသည္ မေအးဘုံတစ္ျဖစ္လဲ ႏြားမေလးကိုဘာမွ မခိုင္းပဲ ေဘးမဲ့ေပးထားခဲ့သည္။

သို႔ေသာ္ ႏြားမေလးက အလကားမေနပဲ အိမ္ရွိပစၥည္းမ်ားကိုေစာင့္ေရွာက္သည္။ ညညဆို အိပ္သည္ မရွိ။ ခြၽတ္ခြၽတ္သံၾကားတိုင္း ေခါင္းေထာင္ၾကည့္ခဲ့သည္။

ႏြားမေလးသည္ မလွလူတို႔ မိသားစုအေပၚ လူတစ္ဦး တစ္ေယာက္ပမာအလိုက္သိစြာျဖင့္ သံသရာေႂကြး ျပန္လည္ေပးဆပ္ ေနခဲ့သည္။

ပုဂၢိဳလ္ေရးအရ တင္ရွိေနေသာ အေႂကြးကားေၾကာက္စရာပင္ ျဖစ္ပါေတာ့သတည္း။ တင္ရွိေနေသာ အေႂကြးကားေၾကာက္စရာပင္ ျဖစ္ပါေတာ့သတည္း။

Credit: အရွင္ပုည( ဝကုန္း )

Unicode

သိ၍ဖြစ်စေ မသိ၍ဖြစ်စေ၊ ချေးဌါးမိလိုက်သောပိုက်ဆံသည် မုချပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)ကို တင်ဆက်ပေးလိုက်ရပါတယ်

မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။ မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။

ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း ထုပ်ပေးရန်မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ် လှလူရေ ဟေ့…လှလူ၊ ခွေးကြည့်ပါဦး။

ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။

အေးဘုံကိုး။ ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။ ဒီမနက်နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။ နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။

နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင်သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကိုနှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။

မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသောသားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။ သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော် ကလေး ကောင်းသည်။

တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ။ မကြာမီ ရိတ်သိမ်းရတော့မည်။ မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော် မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။

ခုတလော…မအေးဘုံတစ်ယောက် နေ့စဉ်လိုလိုနှမ်းခင်းသွားကြည့်သည်။ ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ် အမယ်လေး ဘာကောင်ကိုက်မှန်း မသိဘူး။

မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ ဝဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေး တစ်ကောင်ကို တွေ့ရသည်။

မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။ မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရသည်။ ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ်ရုတ်ချည်း ခွေလဲကျသွားခဲ့လေသည်။

မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။ သည်နေ့ညဘယ်လိုဖြစ်နေသည် မသိ။ မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။

ညလုံး နီးပါး မျက်စိများက ကြောင်နေသည်။ လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

လှလူငါ ညည်းတို့နဲ့ လာနေမယ်နော် ညည်းကြိုက်သလို ခိုင်းပါအေ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။

အသံက မအေးဘုံအသံ။ မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ်။ ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။

နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှ ထခဲ့သည်။ ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီးသောက်အပြီး အေးဘုံရယ် နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့။

ငါ ကျေနပ်ပါတယ်။ အို…ဘုရား…ဘုရား…တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။ လွဲပါစေ ဖယ်ပါစေ။ မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီးသားတင်သွားခဲ့သည်။တိုက်ဆိုင်မှုဟု ဆိုရမည်လား မသိ။

ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက နွားမလေးအတိုင်း ပုံတူ မွေးလာခဲ့လေသည်။ မလှလူသည် မအေးဘုံတစ်ဖြစ်လဲ နွားမလေးကိုဘာမှ မခိုင်းပဲ ဘေးမဲ့ပေးထားခဲ့သည်။

သို့သော် နွားမလေးက အလကားမနေပဲ အိမ်ရှိပစ္စည်းများကိုစောင့်ရှောက်သည်။ ညညဆို အိပ်သည် မရှိ။ ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။

နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတစ်ဦး တစ်ယောက်ပမာအလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ် နေခဲ့သည်။

ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါတော့သတည်း။ တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါတော့သတည်း။

Credit: အရှင်ပုည( ဝကုန်း )

“ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ ဆိုတဲ့ အတိုင်း မပယ်သင့်တဲ့ ရှေးထုံး အစဉ် အလာ မိန့်မှာတမ်းများ”

Zawgyi

ေရွးထုံးလဲ မပယ္နဲ႔ ေဈးသုံးလဲ မလြယ္နဲ႔ ဆိုတဲ့ အတိုင္း မပယ္သင့္တဲ့ ေရွးထုံး အစဥ္ အလာ မိန႔္မွာတမ္းမ်ား

၀၁ ။ အိမ္မွာလုံးစုံ ပတ္လည္အုံ ဆီဆုံ မရွိေကာင္း ။

၀၂ ။ ပဒိုင္း ၊ ခတၱာ ၊ ပဲႀကီးဝါ နီးစြာ မစိုက္ေကာင္း ။

၀၃ ။ ေမ်ာက္ႏွင့္ ဖ႐ုံ နီးစိုက္တုံ ဖ်င္းသုဥ္ ပ်က္တတ္ေၾကာင္း ။

၀၄ ။ အိမ္ေရွ႕မွာသာ ႏြားထားရာ ျမန္စြာ ပ်က္စီးေၾကာင္း ။

၀၅ ။ ထဘီ ၊ တဘက္လွ်င္ ပခုံးတင္ ဆြဲငင္ မ႐ိုက္ေကာင္း ။

၀၆ ။ သား ၊ ေျမး တို႔ကို ေသြးသံယို မ်က္လို မ႐ိုက္ေကာင္း ။

၀၇ ။ ခ်ိဳးက်ိဳးကြၽဲ ၊ ႏြား ကန္ျငား ဆင္ ၊ ျမင္း စီးနင္ျခင္း ေရွာင္ကြင္း မဝယ္ေကာင္း ။

၀၈ ။ ခ်ိဳတည္လူးႏြား အိမ္မွာထား ၊ စီးပြား ဆုတ္ယုတ္ေၾကာင္း ။

၀၉ ။ ႐ြာျပင္ ၊ အိမ္ျပင္ ေသေလလွ်င္ ႐ြာအိမ္အတြင္း မသြင္းမယူရ ။

၁၀ ။ မသာပို႔ရာ အေလာင္းဟာ ေနာက္မွာထား၍ မပို႔ေကာင္း ။

၁၁ ။ မသာခ်သြား အိမ္ေရွ႕ပါး ရပ္နား မျပဳေကာင္း ။

၁၂ ။ တံခြန္ကုကၠား ၊ ၾကက္လွ်ာမ်ား စိုက္လႊား အိမမွာ မျပဳႏွင့္ ။

၁၃ ။အိမ္ေရွ႕ သမိုက္ ထရံ၌ စိုက္၍ေလးကို မထားႏွင့္ ။

၁၄ ။ စားဖြယ္ ေသာက္ရံ ခြက္ပန္းကန္ အသံျမည္ေအာင္ မခ်ႏွင့္ ။

၁၅ ။ ေရလဲမည္တြင္ ထမီလွ်င္ အိမ္ေရွ႕အျပင္ မလွန္းႏွင့္ ။

၁၆ ။ေခါင္းေလွ်ာ္ၿပီးလွ်င္ ထိုဆံပင္ ေနတြင္ မလွန္းႏွင့္ ။

၁၇ ။ စားဖြယ္ပို႔လာ ခြက္ေယာက္မွာ ေဆးကာျပန္၍ မေပးႏွင့္ ။

၁၈ ။ ကိုယ္ဝန္ေဆာင္မိန္းမ စားသမွ် ကိုယ္ကယူငင္ မစားႏွင့္ ။

၁၉ ။ ကိုယ္ဝတ္တသြယ္ သားသူငယ္ ဓားဝယ္ မေျမႇာက္ႏွင့္ ။

၂၀ ။ အုပ္ေဆာင္းပျခဳပ္ ဦးထုပ္တစ္ျဖာ ဆန္ေကာမွာ ေထးဖာ မသုံးႏွင့္ ။

၂၁ ။ သင္ျဖဴးအိပ္ရာ ၊ ေခါင္းေပါင္းမွာ ေထးဖာ မသုံးႏွင့္ ။

၂၂ ။ ေရလည္ေခါင္းေပါင္း မေကာင္းတစ္လီ အက်ၤ ီ လည္ခြံျပတ္စုတ္ မခ်ဳပ္ႏွင့္ ။

၂၃ ။ ဥစၥာမာန္အား ဤသုံးပါး ကိုယ္စား မျပဳႏွင့္ ။

၂၄ ။ လူႀကီး မိဘ မိတၱတစ္ေထြ မိုးေျမတစ္သင္း ေနလမင္း မုန္းတင္းစကား မဆိုႏွင့္ ။

၂၅ ။ သတင္းအရွိန္ စည္းစိမ္ပညာႀကီးသူမွာ ဝင္ကာ မခိုသင့္ ။

၂၆ ။ သူ၏ ဦးေခါင္း တစ္ေၾကာင္း က်ည္ေပြ႕ အေရွ႕ထရံ ဤ ၃ တန္ ခုန္ပ်ံမေက်ာ္ႏွင့္ ။

၂၇ ။ ႀကိဳးႀကိမ္တန္းႏွင့္ တံခါးလက္ကတုံး ၃ ခုလုံး ကုန္းကြဝင္လို႔ မလွ်ိဳႏွင့္ ။

၂၈ ။ သားတစ္သီဖို႔ မဲတံစို႔ ေထာင္လို႔ မထားႏွင့္ ။

၂၉ ။ ခရီးေရာက္ခါ အိပ္ရာထစ ေဒါသမ်က္ပြား ဤသူမ်ား စကားလိုရာ မေမးႏွင့္ ။

၃၀ ။ မသန႔္ျပန႔္ တစ္ခန္း လမ္းလယ္တစ္ရပ္ သူျမတ္ေနရာ ဤ ၃ ျဖာ တက္ကာ မေနႏွင့္ ။

၃၁ ။ ႏႈတ္ပိုက္ရွိျငား မိန္းမမ်ား သြား၍ မခ်ီႏွင့္ ။

၃၂ ။ မိန္းမေမြးေန႔ သီတင္းေန႔ ေန႔လယ္အခါ ဤ ၃ ျဖာ ကာမျမဴးထူး မက်ဴးႏွင့္ ။

၃၃ ။လိုမရွိခါ အဂၤါမွန္ (ေက်ာင္းကန္ဘုရား)သြားရင္း တစ္ေထြ သေႏၶရင့္မာ ဤအခါ ကာမျမဴးထူး မက်ဴးႏွင့္ ။

၃၄ ။ ဆရာမိဘ ကိစၥတစ္ေထြ မီးႏွင့္ေရ မထီေလးစား မျပဳႏွင့္ ။

၃၅ ။ စေလာင္းတစ္တန္ ပန္ကန္တစ္သီး ဤေျမႀကီး ခတ္တီး မျပဳႏွင့္ ။

၃၆ ။ ထမင္းဟင္းအိုး ေမႊထိုးေယာက္မ လက္ကိုင္က မီးမွာ ျပန္ကာ မထိုးႏွင့္ ။

၃၇ ။ မီးမေတာက္လွ်င္ စားဖိုခြင္ ၿပိဳင္ယွဥ္ ႏွစ္ေယာက္ မမႈတ္ႏွင့္ ။

၃၈ ။ ေခါင္းေပါင္းတစ္မ်ိဳး ပုဆိုးတဘက္ သစ္႐ြက္နားပန္ ဆံပင္တစ္လက္ ဤ ၄ ရပ္ ျဖတ္တိ မျပဳႏွင့္ ။

၃၉ ။ လက္ဆုံစားလူ အိမ္ေနသူ ကိုယ္မူ ႏႈတ္ပိုက္ရွိ ဆင္၊ျမင္း၊ကြၽဲ၊ႏြား စသည္မ်ား ဝယ္မွားေဘးဒဏ္ထိ ။

၄၀ ။ အဦးသီးသစ္ဦး ဖလမိန္းမ မဆြတ္ေကာင္ ၊ မိန္းမဆြတ္ျငား သစ္သီးမ်ား ပ်က္ျပားသိမ္ဖ်င္းေၾကာင္း ။

၄၁ ။ သေႏၶရင့္မာ မိတ္သဟာ မဂၤလာလက္ဖြဲ႕ မျပဳႏွင့္ ။

ဘာပဲျဖစ္ျဖစ္ လိုက္နာရင္ ကိုယ္အတြက္ေကာင္းတာေတြ အမ်ားႀကီးပါတယ္လို႔ ယူဆႏိုင္ပါတယ္ ။

(ေရွးထုံး အစဥ္အလာ နာနာယနိေဒၵသ ၊ ဘသင္း ၊ အင္းေပၚႀကီးညႇိဳးကုန္းေက်ာင္းဆရာေတာ္ ၊ သုတသႏၵိယက်မ္း ၊ ၁၉၇၃)

ဆက္လက္ေလ့လာလိုသူမ်ား အတြက္အၫႊန္း – ျမန္မာ့ သမိုင္း နိဒါန္း (ေရး)ေဒါက္တာသန္းထြန္း (သမိုင္းပါေမာကၡ) ၊ မႏၲေလး တကၠသိုလ္ ။

Crd

Unicode

ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ ဆိုတဲ့ အတိုင်း မပယ်သင့်တဲ့ ရှေးထုံး အစဉ် အလာ မိန့်မှာတမ်းများ

၀၁ ။ အိမ်မှာလုံးစုံ ပတ်လည်အုံ ဆီဆုံ မရှိကောင်း ။

၀၂ ။ ပဒိုင်း ၊ ခတ္တာ ၊ ပဲကြီးဝါ နီးစွာ မစိုက်ကောင်း ။

၀၃ ။ မျောက်နှင့် ဖရုံ နီးစိုက်တုံ ဖျင်းသုဉ် ပျက်တတ်ကြောင်း ။

၀၄ ။ အိမ်ရှေ့မှာသာ နွားထားရာ မြန်စွာ ပျက်စီးကြောင်း ။

၀၅ ။ ထဘီ ၊ တဘက်လျှင် ပခုံးတင် ဆွဲငင် မရိုက်ကောင်း ။

၀၆ ။ သား ၊ မြေး တို့ကို သွေးသံယို မျက်လို မရိုက်ကောင်း ။

၀၇ ။ ချိုးကျိုးကျွဲ ၊ နွား ကန်ငြား ဆင် ၊ မြင်း စီးနင်ခြင်း ရှောင်ကွင်း မဝယ်ကောင်း ။

၀၈ ။ ချိုတည်လူးနွား အိမ်မှာထား ၊ စီးပွား ဆုတ်ယုတ်ကြောင်း ။

၀၉ ။ ရွာပြင် ၊ အိမ်ပြင် သေလေလျှင် ရွာအိမ်အတွင်း မသွင်းမယူရ ။

၁၀ ။ မသာပို့ရာ အလောင်းဟာ နောက်မှာထား၍ မပို့ကောင်း ။

၁၁ ။ မသာချသွား အိမ်ရှေ့ပါး ရပ်နား မပြုကောင်း ။

၁၂ ။ တံခွန်ကုက္ကား ၊ ကြက်လျှာများ စိုက်လွှား အိမမှာ မပြုနှင့် ။

၁၃ ။အိမ်ရှေ့ သမိုက် ထရံ၌ စိုက်၍လေးကို မထားနှင့် ။

၁၄ ။ စားဖွယ် သောက်ရံ ခွက်ပန်းကန် အသံမြည်အောင် မချနှင့် ။

၁၅ ။ ရေလဲမည်တွင် ထမီလျှင် အိမ်ရှေ့အပြင် မလှန်းနှင့် ။

၁၆ ။ခေါင်းလျှော်ပြီးလျှင် ထိုဆံပင် နေတွင် မလှန်းနှင့် ။

၁၇ ။ စားဖွယ်ပို့လာ ခွက်ယောက်မှာ ဆေးကာပြန်၍ မပေးနှင့် ။

၁၈ ။ ကိုယ်ဝန်ဆောင်မိန်းမ စားသမျှ ကိုယ်ကယူငင် မစားနှင့် ။

၁၉ ။ ကိုယ်ဝတ်တသွယ် သားသူငယ် ဓားဝယ် မမြှောက်နှင့် ။

၂၀ ။ အုပ်ဆောင်းပခြုပ် ဦးထုပ်တစ်ဖြာ ဆန်ကောမှာ ထေးဖာ မသုံးနှင့် ။

၂၁ ။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။

၂၂ ။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျ ီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။

၂၃ ။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။

၂၄ ။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။

၂၅ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ဝင်ကာ မခိုသင့် ။

၂၆ ။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။

၂၇ ။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး ၃ ခုလုံး ကုန်းကွဝင်လို့ မလျှိုနှင့် ။

၂၈ ။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။

၂၉ ။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။

၃၀ ။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။

၃၁ ။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။

၃၂ ။ မိန်းမမွေးနေ့ သီတင်းနေ့ နေ့လယ်အခါ ဤ ၃ ဖြာ ကာမမြူးထူး မကျူးနှင့် ။

၃၃ ။လိုမရှိခါ အင်္ဂါမှန် (ကျောင်းကန်ဘုရား)သွားရင်း တစ်ထွေ သန္ဓေရင့်မာ ဤအခါ ကာမမြူးထူး မကျူးနှင့် ။

၃၄ ။ ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့် ။

၃၅ ။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။

၃၆ ။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။

၃၇ ။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။

၃၈ ။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။

၃၉ ။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ဝယ်မှားဘေးဒဏ်ထိ ။

၄၀ ။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင် ၊ မိန်းမဆွတ်ငြား သစ်သီးများ ပျက်ပြားသိမ်ဖျင်းကြောင်း ။

၄၁ ။ သန္ဓေရင့်မာ မိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။

ဘာပဲဖြစ်ဖြစ် လိုက်နာရင် ကိုယ်အတွက်ကောင်းတာတွေ အများကြီးပါတယ်လို့ ယူဆနိုင်ပါတယ် ။

(ရှေးထုံး အစဉ်အလာ နာနာယနိဒ္ဒေသ ၊ ဘသင်း ၊ အင်းပေါ်ကြီးညှိုးကုန်းကျောင်းဆရာတော် ၊ သုတသန္ဒိယကျမ်း ၊ ၁၉၇၃)

ဆက်လက်လေ့လာလိုသူများ အတွက်အညွှန်း – မြန်မာ့ သမိုင်း နိဒါန်း (ရေး)ဒေါက်တာသန်းထွန်း (သမိုင်းပါမောက္ခ) ၊ မန္တလေး တက္ကသိုလ် ။

Crd