Categories
သမိုင်း

ဧရာမကျောင်းတော်ကြီး အန်ကောဝပ်

Zawgyi

(၁) အန္ေကာဝပ္ (Angkor Wat) ဟု ဆိုလိုက္သည္ႏွင့္ ကေမာၻဒီးယားႏိုင္ငံထဲက ကမာၻေက်ာ္ ေရွးေဟာင္းအေမြအႏွစ္ႀကီးတစ္ခုကို လူတိုင္းလူတိုင္း မ်က္လုံးထဲတြင္ ေျပး၍ ျမင္မိၾကစၿမဲျဖစ္ပါသည္။ ဝပ္ (Wat) ဆိုေသာ စကားလုံးက ေက်ာင္းကို ရည္ၫႊန္းပါသည္။ ႐ိုး႐ိုးေက်ာင္းမဟုတ္။ ဘာသာေရးႏွင့္ ဆက္ႏႊယ္သည့္ေက်ာင္း။ ၿခံစည္း႐ိုးကေလးသာျခားသည့္ ထိုင္းမွာေရာ ကေမာၻဒီးယားမွာပါ ဘုန္းေတာ္ ႀကီးေက်ာင္းေတြကလည္း ဝပ္ (Wat)၊ ဟိႏၵဴဘုရားေက်ာင္းေတြကလည္း ဝပ္ (Wat)။

အန္ေကာဝပ္ကေတာ့ ကမာၻ႔ထိပ္တန္းစာရင္းဝင္ ခမာႏိုင္ငံေတာ္အေမြအႏွစ္။ အခုရက္ေတြထဲ ထိုယဥ္ေက်းမႈအေမြအႏွစ္ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးထဲ၌ ကိုယ္လုံးတီးဓာတ္ပုံ အ႐ိုက္ခံသူတို႔ အေၾကာင္းေတြကို သတင္းစာ၊ ဂ်ာနယ္မ်ားထဲ၌ ဖတ္ရႈခြင့္ရလိုက္ရာ ကြၽန္ေတာ္ အံ့ၾသေန မိပါသည္။ ဘယ္လိုမ်ိဳး စိတ္ကူးႀကီးေတြပါလိမ့္။

(၂) အန္ေကာဝပ္က စီရမ္ရိ (Siem Reap) ျပည္နယ္ထဲမွာရွိပါသည္။ ဘန္ေကာက္မွ စီရမ္ရိသို႔ တစ္နာရီ ဝန္းက်င္ ေလယာဥ္စီးလိုက္ၿပီးသည္ႏွင့္ ကမာၻေက်ာ္ အန္ေကာဝပ္ဘုရားေက်ာင္း ရွိရာဆီသို႔ ေမာ္ေတာ္ ကားစီးၿပီး အေရာက္သြားႏိုင္ပါၿပီ။ အန္ေကာဝပ္က ပုဂံႏွင့္ေခတ္ၿပိဳင္။ ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့ေသာ ကေမာၻဒီးယားႏိုင္ငံက ၁၁ ရာစု ေႏွာင္းပိုင္းႏွစ္ကာလမ်ားတြင္ မၿငိမ္မသက္ မႈမ်ား၊ အစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့ပါသည္။

အာဏာကုန္ပိုင္စိုးႏိုင္ဖို႔ရာအတြက္ စင္ၿပိဳင္ႀကိဳးပမ္းၾကသူေတြႏွစ္ဦး၊ သုံးဦးအထိရွိခဲ့ေသာ ကာလမ်ားပင္ရွိခဲ့ဖူးပါသည္။ သို႔ျဖင့္ ၁၁ ရာစုကုန္ေလေသာအခါ ေနာက္ႏွစ္တစ္ရာရွည္ၾကာတည္တံ့မည့္ မင္းဆက္အသစ္ ေပၚေပါက္လာပါေတာ့သည္။ ပထမဦးဆုံးေပၚေပါက္ခဲ့ၾကသည့္ ေဇယ်ဗာမန္ (၆) ႏွင့္ ျအနိႏၵရာဗာမန္ (၁) တို႔၏ အေၾကာင္းကို လူသိအလြန္နည္းပါသည္။ သို႔ေသာ္ သူတို႔၏ တူေတာ္စပ္သူ သူရိယဗာမန္ (၂) ကမူ ထူးျခားေသာမင္းတစ္ပါးပဲ ျဖစ္ပါသည္။

ကမာၻေက်ာ္အန္ေကာဝပ္ကို တည္ေဆာက္ခဲ့သူမွာ သူရိယဗာမန္ (၂) ပင္ျဖစ္ပါ၏။ ေက်ာက္စာအေထာက္အထားတို႔အရ ထိုသူရိယဗာမန္ (၂) Suryavarman(II) သည္ ၿပိဳင္ဘက္မင္းတစ္ပါးကို အႏိုင္ရၿပီးေနာက္ ဘုန္းတန္ခိုးႀကီးမားလာခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။ စစ္ေျမျပင္တြင္ ရန္သူဘုရင္၏ ဆင္ဦးကင္းေပၚသို႔တက္ၿပီး လုပ္ႀကံပစ္လိုက္ပုံမွာ ေတာင္ေစာင္းတြင္ ေႁမြကို ဂဠဳန္က သုတ္ပစ္လိုက္သည့္ပမာႏွင့္ တူလွေၾကာင္း ေဖာ္ျပေလ့ရွိၾကပါသည္။

သူရိယဗာမန္ (၂) သည္ ဗီယက္နမ္ကို အတိုက္အခံျပဳကာ တ႐ုတ္၏ အားေပးမႈကိုခံယူၿပီး အန္ကာေခတ္ဘုရင္မ်ားထဲတြင္ တ႐ုတ္ႏွင့္ ဦးစြာ သံတမန္ဆက္ဆံခဲ့ေသာ ဘုရင္လည္းျဖစ္ပါသည္။ ယခုေခတ္ ထိုင္းႏိုင္ငံအေရွ႕ေျမာက္တြင္ရွိေသာ Pimai ႏွင့္ Phnom Rung အရပ္ေဒသမ်ားတြင္ အံ့ၾသခ်ီးက်ဴးဖြယ္ရာ ေက်ာင္းေတာ္မ်ားကို ထိုဘုရင္ တည္ေဆာက္ခဲ့ပါသည္။ သူရိယဗာမန္ (၂) က ဗိႆႏိုးနတ္ကို အျမတ္တႏိုးကိုးကြယ္သည္။ ထို႔ေၾကာင့္ အန္ကာေခတ္ (Angkor) ၏ အႀကီးမားဆုံး၊ အလွပဆုံး၊ အဆန္းၾကယ္ဆုံး၊ အခံ့ထည္ဆုံး အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးကို တည္ေဆာက္ခဲ့ပါသည္။

အန္ေကာဝပ္ေက်ာင္းေတာ္ဧရိယာက ဧက ငါးရာေက်ာ္သည္။ သူရိယဗာမန္ (၂) နန္းတက္စ အေစာပိုင္းႏွစ္မ်ားတြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ခရစ္ႏွစ္ ၁၁၅၀ သူ နတ္႐ြာစံသည္အထိ မၿပီးျပတ္ခဲ့။ ယခုအခါ ေပ်ာက္ဆုံးသြားၿပီျဖစ္ေသာ ေက်ာင္းေဆာင္အလယ္ရွိ ဗိႆႏိုးနတ္႐ုပ္ႀကီးသည္ သူရိယဗာမန္ (၂) ၏ (၃၃) ႏွစ္ေျမာက္ ေမြးေန႔ (ခရစ္ႏွစ္-၁၁၃၁) ကိုရည္႐ြယ္ကာ ထုလုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးသည္ အေနာက္ဘက္သို႔ မ်က္ႏွာဖြင့္ထားသည့္အတြက္ ထူးျခားသည္ဟုဆိုပါသည္။

ေက်ာင္းေဆာင္ပတ္ပတ္လည္ရွိ ႐ုပ္တုႀကီးမ်ားသည္ တစ္မိုင္ပတ္ပတ္လည္၌ ရွိေနၾကျခင္းျဖစ္ၿပီး အေနာက္ေျမာက္မွစကာ နာရီလက္တံ ေျပာင္းျပန္လည္သည့္ အေနအထားအတိုင္းၾကည့္ရင္း အၫႊန္းစာမ်ားကို ဖတ္သြားၾကရန္ျဖစ္ပါသည္။ ဤသို႔ေျပာင္းျပန္လွည့္ရသည့္ အဓိပၸာယ္မွာ ေသျခင္းတရားႏွင့္ ဆက္စပ္ေနၿပီး ‘‘အေနာက္ဘက္’’ ဟူသည့္ စကာလုံးကလည္း ခမာဘာသာစကားအရ က်ဆုံးျခင္း နစ္ျမဳပ္ျခင္းကို ကိုယ္စားျပဳေၾကာင္း ယူဆသူမ်ားရွိပါသည္။ ထို႔ေၾကာင့္ ျပင္သစ္ေလ့လာသူမ်ားက အန္ေကာဝပ္သည္ ေက်ာင္းေတာ္မဟုတ္ဘဲ ဂူသခ်ႋဳင္းျဖစ္ရမည္ဟု ျငင္းခုံခဲ့သည္မ်ားလည္း ရွိခဲ့ပါသည္။

အန္ေကာဝပ္ေက်ာင္းေတာ္ ဝန္းက်င္ႀကီးတစ္ခုလုံးသည္ နက္ရႈိင္းသည့္ သစ္ေတာအုပ္ႀကီး၏ အလယ္တြင္ ႏွစ္ေပါင္းမ်ားစြာ ပုန္းဝွက္ကြယ္ေပ်ာက္ကာ ငုပ္လွ်ိဳးေနခဲ့ျခင္းျဖစ္ၿပီး ျပင္သစ္ကိုလိုနီဘဝသို႔ က်ေရာက္စဥ္ ေန႔ရက္မ်ားတြင္မွ ျပင္သစ္တို႔က ျပန္လည္ေဖာ္ထုတ္ေပးခဲ့ျခင္းျဖစ္ပါသည္။ ၁၉၄၀ ႏွင့္ ၁၉၇၀ ၾကားတြင္ အန္ေကာဝပ္သို႔ ေလ့လာသူအမ်ားအျပား ေရာက္ရွိ၍ လာၾကပါသည္။ ၁၉၄၀ ၌ ေရာက္ရွိသူ Codes ဆိုသူက အန္ေကာဝပ္သည္ ေက်ာင္းလည္းဟုတ္၊ ဂူလည္း ဟုတ္သည္ဟုဆိုပါသည္။ အေနာက္သို႔ မ်က္ႏွာလွည့္ထားျခင္းသည္ ဗိႆႏိုးကို အ႐ိုအေသျပဳျခင္းတဲ့။ အန္ကာေခတ္ႀကီးတစ္ေခတ္လုံးတြင္ ဗိႆႏိုးကို ပူေဇာ္ေသာ ဘုရားေက်ာင္းဟူ၍ အန္ေကာဝပ္ တစ္ခုသာရွိပါသည္။

(၃) ၁၉၇၀ ျပည့္ ႏွစ္လယ္ပိုင္းတြင္ အန္ေကာဝပ္ေက်ာင္းေတာ္၏ အတိုင္းအတာမ်ားကို ေလ့လာသူ Eleanor Moron ဆိုသူတစ္ေယာက္ ေရာက္လာပါသည္။ ေက်ာင္းေတာ္၏ အတိုင္းအတာ၊ အမွတ္အသား မွန္သမွ်သည္ ေက်ာင္းေတာ္ကို ဒီဇိုင္းေရးဆြဲခဲ့သူတို႔က လွ်ိဳ႕ဝွက္အမွတ္အသားမ်ားျဖင့္ အဓိပၸာယ္ ေဖာ္ခဲ့ျခင္းျဖစ္မည္ဟု ခန႔္မွန္းၾကပါသည္။ ကေမာၻဒီးယားအတိုင္းအတာအရ အေနာက္ဘက္အေပါက္မွ ေက်ာင္းေဆာင္အလယ္အထိ ၁၇၂၈ ဘက္ (Bat) ရွိပါသည္။

အျခားသုံးဘက္မွာမူ ေက်ာင္းေဆာင္အလယ္သို႔ ေရာက္ေစရန္ ၁၂၉၆ ဘက္၊ ၈၆၇ဘက္၊ ၄၃၉ဘက္ အသီးသီးရွိပါသည္။ ထိုအကြာအေဝးပမာဏတို႔သည္ အိႏၵိယအယူအဆအရ ေခတ္ႀကီးေလးေခတ္ကို ကိုယ္စားျပဳသည္ဟု ဆိုပါသည္။ ေ႐ႊေခတ္သည္ ႏွစ္ ၁ ဒသမ ၇၂၈ သန္းၾကာၿပီး အျခားသုံးေခတ္သည္ ႏွစ္ ၁ ဒသမ ၂၉၆ သန္း၊ ၈၆၄၀၀၀ ႏွစ္ႏွင့္ ၄၃၂၀၀၀ ႏွစ္တို႔ ကိုယ္စားျပဳေၾကာင္းဆိုပါ၏။ အေစာဆုံးေခတ္သည္ ေနာက္ဆုံးေခတ္၏ ေလးဆ၊ ဒုတိယေခတ္၏ သုံးဆ၊ တတိယေခတ္၏ ႏွစ္ဆရွိၿပီး ယခုေခတ္သည္ ေနာက္ဆုံးေခတ္ျဖစ္ကာ အဆုံးတြင္ စၾကဝဠာႀကီး ပ်က္စီးသြားမည္ျဖစ္ေၾကာင္း ယူဆပါသည္။

ေၾသာ္- ကေမာၻဒီးယား အေျခခံအတိုင္းအတာ ဘက္ (Bat) တစ္ဘက္မွာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ေပ တဲ့။ လိုရာစနစ္သို႔ တြက္ခ်က္ၾကည့္ယူႏိုင္ပါသည္။ ထား။ သို႔ဆိုလွ်င္ နာရီလက္တံ ေျပာင္းျပန္အတိုင္း ဖတ္ၾကည့္ရမည္ဆိုသည့္ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးသည္ အခ်ိန္ကာလ ခရီးသြားျခင္းကို ကိုယ္စားျပဳတဲ့ အဓိပၸာယ္ပဲေပါ့။ အေနာက္ေပါက္မွ ဝင္ေရာက္လာလွ်င္ ေသျခင္းတရား၏ ဆန႔္က်င္ဘက္။ အိႏၵိယတို႔ ယုံၾကည္ၾကရာ အခ်ိန္ကာလ၏အစသို႔ ခ်ဥ္းကပ္လာသည့္ အနက္အဓိပၸာယ္။

Eleanor Moron က အန္ေကာဝပ္ေက်ာင္းတြင္ နကၡတ္တာရာအရ ဆက္စပ္မႈမ်ားလည္း ရွိသည္ဟု ဆိုပါသည္။ Phmum Bak အရပ္ရွိ ေတာင္ကုန္းကေလးတစ္ခုေပၚမွ ေနထြက္လာေသာ အခ်ိန္တြင္ ေနသည္ အေနာက္ဘက္ဝင္ေပါက္ႏွင့္ တစ္တန္းတည္း ျဖစ္ေနသည္ဟု ဆိုပါသည္။ အန္ေကာဝပ္ကို တည္ေဆာက္သူ သူရိယဗာမန္၏ အမည္ကပင္လွ်င္ ေနမင္းႀကီး၏ ကာကြယ္ေစာင့္ေရွာက္မႈကို ခံရသူဟု အဓိပၸာယ္သက္ေရာက္ေနသည္ မဟုတ္လား။ သို႔ဆိုလွ်င္ျဖင့္ အန္ေကာဝပ္ ေက်ာင္းေတာ္ႀကီးသည္ လွ်ိဳ႕ဝွက္စာမ်ားျဖင့္ ေရးသားထားသည့္ ဘာသာေရး ပေဟဠိပုစာၦတစ္ပုဒ္မ်ား ျဖစ္ေနေလေရာ့သလား မသိ။

(၄) သူရိယဗာမန္ (၂) ၏ ေခတ္တြင္ ေရကို ကန္ျဖင့္သိုေလွာင္ကာ တူးေျမာင္းမ်ားျဖင့္ ထိန္းသိမ္းခဲ့ရာ ေျခာက္ေသြ႕ေသာ ရာသီတြင္ တစ္သီးစာ၊ မိုးရာသီတြင္ ႏွစ္သီးစာအထိ ေရလုံေလာက္ခဲ့ပါသည္။ ေတာင္ဘက္အရပ္ရွိ ေတာင္ကုန္းေဒသမ်ား၊ ေျမာက္ဘက္အရပ္ရွိ လြင္ျပင္ေဒသမ်ားသို႔ ေရာက္သည္အထိ ေရကို ေခ်ာင္းငယ္မ်ားမွတစ္ဆင့္ ေပးပို႔ခဲ့ရာ ေနာက္ပိုင္းလိုအပ္မႈ မ်ားျပားလာေသာအခါ အန္ကာလြင္ျပင္ (Amkor) ၌ အာဟာရလုံေလာက္ေအာင္ မေပးစြမ္းႏိုင္ပါေလေတာ့။

အန္ေကာဝပ္ကို တည္ေဆာက္သည့္ သူရိယဗာမန္ (၂) ေခတ္ေရကို စီမံမႈ၊ ဆန္စပါးထုတ္လုပ္မႈ၊ ကိုးကြယ္ယုံၾကည္မႈႏွင့္ ဘုရားေက်ာင္းတည္ေဆာက္မႈတို႔က အီဂ်စ္တို႔ ေခတ္ေကာင္းစဥ္ကာလမ်ား၊ မာယာေခတ္ (Maya) ထြန္းကားစဥ္ကာလမ်ားႏွင့္ အသြင္တူသည္ဟု ဆိုပါသည္။ ထိုေခတ္၏ အံ့မခန္း ဗိသုကာလက္ရာ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးသည္ ခမာနီေခတ္မ်ားတြင္ကား ေပယ်ာလကန္ျပဳျခင္း ခံလိုက္ရပါေတာ့သည္။ ခမာနီတို႔၏ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးအေပၚ အျမင္က ၾကမ္းပါသည္။

‘‘ဘာမွ အဓိပၸာယ္မရွိတဲ့ ေက်ာက္တုံးႀကီးေတြ’’ ဆိုလား။ ေၾသာ္……….။

မူရင္းေရးသားသူအားCredit ေပးပါသည္။

Unicode

(၁) အန်ကောဝပ် (Angkor Wat) ဟု ဆိုလိုက်သည်နှင့် ကမ္ဘောဒီးယားနိုင်ငံထဲက ကမ္ဘာကျော် ရှေးဟောင်းအမွေအနှစ်ကြီးတစ်ခုကို လူတိုင်းလူတိုင်း မျက်လုံးထဲတွင် ပြေး၍ မြင်မိကြစမြဲဖြစ်ပါသည်။ ဝပ် (Wat) ဆိုသော စကားလုံးက ကျောင်းကို ရည်ညွှန်းပါသည်။ ရိုးရိုးကျောင်းမဟုတ်။ ဘာသာရေးနှင့် ဆက်နွှယ်သည့်ကျောင်း။ ခြံစည်းရိုးကလေးသာခြားသည့် ထိုင်းမှာရော ကမ္ဘောဒီးယားမှာပါ ဘုန်းတော် ကြီးကျောင်းတွေကလည်း ဝပ် (Wat)၊ ဟိန္ဒူဘုရားကျောင်းတွေကလည်း ဝပ် (Wat)။

အန်ကောဝပ်ကတော့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ခမာနိုင်ငံတော်အမွေအနှစ်။ အခုရက်တွေထဲ ထိုယဉ်ကျေးမှုအမွေအနှစ် အန်ကောဝပ်ကျောင်းတော်ကြီးထဲ၌ ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံသူတို့ အကြောင်းတွေကို သတင်းစာ၊ ဂျာနယ်များထဲ၌ ဖတ်ရှုခွင့်ရလိုက်ရာ ကျွန်တော် အံ့သြနေ မိပါသည်။ ဘယ်လိုမျိုး စိတ်ကူးကြီးတွေပါလိမ့်။

(၂) အန်ကောဝပ်က စီရမ်ရိ (Siem Reap) ပြည်နယ်ထဲမှာရှိပါသည်။ ဘန်ကောက်မှ စီရမ်ရိသို့ တစ်နာရီ ဝန်းကျင် လေယာဉ်စီးလိုက်ပြီးသည်နှင့် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်း ရှိရာဆီသို့ မော်တော် ကားစီးပြီး အရောက်သွားနိုင်ပါပြီ။ အန်ကောဝပ်က ပုဂံနှင့်ခေတ်ပြိုင်။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ၁၁ ရာစု နှောင်းပိုင်းနှစ်ကာလများတွင် မငြိမ်မသက် မှုများ၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

အာဏာကုန်ပိုင်စိုးနိုင်ဖို့ရာအတွက် စင်ပြိုင်ကြိုးပမ်းကြသူတွေနှစ်ဦး၊ သုံးဦးအထိရှိခဲ့သော ကာလများပင်ရှိခဲ့ဖူးပါသည်။ သို့ဖြင့် ၁၁ ရာစုကုန်လေသောအခါ နောက်နှစ်တစ်ရာရှည်ကြာတည်တံ့မည့် မင်းဆက်အသစ် ပေါ်ပေါက်လာပါတော့သည်။ ပထမဦးဆုံးပေါ်ပေါက်ခဲ့ကြသည့် ဇေယျဗာမန် (၆) နှင့် အြနိန္ဒရာဗာမန် (၁) တို့၏ အကြောင်းကို လူသိအလွန်နည်းပါသည်။ သို့သော် သူတို့၏ တူတော်စပ်သူ သူရိယဗာမန် (၂) ကမူ ထူးခြားသောမင်းတစ်ပါးပဲ ဖြစ်ပါသည်။

ကမ္ဘာကျော်အန်ကောဝပ်ကို တည်ဆောက်ခဲ့သူမှာ သူရိယဗာမန် (၂) ပင်ဖြစ်ပါ၏။ ကျောက်စာအထောက်အထားတို့အရ ထိုသူရိယဗာမန် (၂) Suryavarman(II) သည် ပြိုင်ဘက်မင်းတစ်ပါးကို အနိုင်ရပြီးနောက် ဘုန်းတန်ခိုးကြီးမားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ စစ်မြေပြင်တွင် ရန်သူဘုရင်၏ ဆင်ဦးကင်းပေါ်သို့တက်ပြီး လုပ်ကြံပစ်လိုက်ပုံမှာ တောင်စောင်းတွင် မြွေကို ဂဠုန်က သုတ်ပစ်လိုက်သည့်ပမာနှင့် တူလှကြောင်း ဖော်ပြလေ့ရှိကြပါသည်။

သူရိယဗာမန် (၂) သည် ဗီယက်နမ်ကို အတိုက်အခံပြုကာ တရုတ်၏ အားပေးမှုကိုခံယူပြီး အန်ကာခေတ်ဘုရင်များထဲတွင် တရုတ်နှင့် ဦးစွာ သံတမန်ဆက်ဆံခဲ့သော ဘုရင်လည်းဖြစ်ပါသည်။ ယခုခေတ် ထိုင်းနိုင်ငံအရှေ့မြောက်တွင်ရှိသော Pimai နှင့် Phnom Rung အရပ်ဒေသများတွင် အံ့သြချီးကျူးဖွယ်ရာ ကျောင်းတော်များကို ထိုဘုရင် တည်ဆောက်ခဲ့ပါသည်။ သူရိယဗာမန် (၂) က ဗိဿနိုးနတ်ကို အမြတ်တနိုးကိုးကွယ်သည်။ ထို့ကြောင့် အန်ကာခေတ် (Angkor) ၏ အကြီးမားဆုံး၊ အလှပဆုံး၊ အဆန်းကြယ်ဆုံး၊ အခံ့ထည်ဆုံး အန်ကောဝပ်ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော်ဧရိယာက ဧက ငါးရာကျော်သည်။ သူရိယဗာမန် (၂) နန်းတက်စ အစောပိုင်းနှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခရစ်နှစ် ၁၁၅၀ သူ နတ်ရွာစံသည်အထိ မပြီးပြတ်ခဲ့။ ယခုအခါ ပျောက်ဆုံးသွားပြီဖြစ်သော ကျောင်းဆောင်အလယ်ရှိ ဗိဿနိုးနတ်ရုပ်ကြီးသည် သူရိယဗာမန် (၂) ၏ (၃၃) နှစ်မြောက် မွေးနေ့ (ခရစ်နှစ်-၁၁၃၁) ကိုရည်ရွယ်ကာ ထုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ အန်ကောဝပ်ကျောင်းတော်ကြီးသည် အနောက်ဘက်သို့ မျက်နှာဖွင့်ထားသည့်အတွက် ထူးခြားသည်ဟုဆိုပါသည်။

ကျောင်းဆောင်ပတ်ပတ်လည်ရှိ ရုပ်တုကြီးများသည် တစ်မိုင်ပတ်ပတ်လည်၌ ရှိနေကြခြင်းဖြစ်ပြီး အနောက်မြောက်မှစကာ နာရီလက်တံ ပြောင်းပြန်လည်သည့် အနေအထားအတိုင်းကြည့်ရင်း အညွှန်းစာများကို ဖတ်သွားကြရန်ဖြစ်ပါသည်။ ဤသို့ပြောင်းပြန်လှည့်ရသည့် အဓိပ္ပာယ်မှာ သေခြင်းတရားနှင့် ဆက်စပ်နေပြီး ‘‘အနောက်ဘက်’’ ဟူသည့် စကာလုံးကလည်း ခမာဘာသာစကားအရ ကျဆုံးခြင်း နစ်မြုပ်ခြင်းကို ကိုယ်စားပြုကြောင်း ယူဆသူများရှိပါသည်။ ထို့ကြောင့် ပြင်သစ်လေ့လာသူများက အန်ကောဝပ်သည် ကျောင်းတော်မဟုတ်ဘဲ ဂူသင်္ချိုင်းဖြစ်ရမည်ဟု ငြင်းခုံခဲ့သည်များလည်း ရှိခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော် ဝန်းကျင်ကြီးတစ်ခုလုံးသည် နက်ရှိုင်းသည့် သစ်တောအုပ်ကြီး၏ အလယ်တွင် နှစ်ပေါင်းများစွာ ပုန်းဝှက်ကွယ်ပျောက်ကာ ငုပ်လျှိုးနေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကိုလိုနီဘဝသို့ ကျရောက်စဉ် နေ့ရက်များတွင်မှ ပြင်သစ်တို့က ပြန်လည်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။၁၉၄၀ နှင့် ၁၉၇၀ ကြားတွင် အန်ကောဝပ်သို့ လေ့လာသူအများအပြား ရောက်ရှိ၍ လာကြပါသည်။ ၁၉၄၀ ၌ ရောက်ရှိသူ Codes ဆိုသူက အန်ကောဝပ်သည် ကျောင်းလည်းဟုတ်၊ ဂူလည်း ဟုတ်သည်ဟုဆိုပါသည်။ အနောက်သို့ မျက်နှာလှည့်ထားခြင်းသည် ဗိဿနိုးကို အရိုအသေပြုခြင်းတဲ့။ အန်ကာခေတ်ကြီးတစ်ခေတ်လုံးတွင် ဗိဿနိုးကို ပူဇော်သော ဘုရားကျောင်းဟူ၍ အန်ကောဝပ် တစ်ခုသာရှိပါသည်။

(၃) ၁၉၇၀ ပြည့် နှစ်လယ်ပိုင်းတွင် အန်ကောဝပ်ကျောင်းတော်၏ အတိုင်းအတာများကို လေ့လာသူ Eleanor Moron ဆိုသူတစ်ယောက် ရောက်လာပါသည်။ ကျောင်းတော်၏ အတိုင်းအတာ၊ အမှတ်အသား မှန်သမျှသည် ကျောင်းတော်ကို ဒီဇိုင်းရေးဆွဲခဲ့သူတို့က လျှို့ဝှက်အမှတ်အသားများဖြင့် အဓိပ္ပာယ် ဖော်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြပါသည်။ ကမ္ဘောဒီးယားအတိုင်းအတာအရ အနောက်ဘက်အပေါက်မှ ကျောင်းဆောင်အလယ်အထိ ၁၇၂၈ ဘက် (Bat) ရှိပါသည်။

အခြားသုံးဘက်မှာမူ ကျောင်းဆောင်အလယ်သို့ ရောက်စေရန် ၁၂၉၆ ဘက်၊ ၈၆၇ဘက်၊ ၄၃၉ဘက် အသီးသီးရှိပါသည်။ ထိုအကွာအဝေးပမာဏတို့သည် အိန္ဒိယအယူအဆအရ ခေတ်ကြီးလေးခေတ်ကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ ရွှေခေတ်သည် နှစ် ၁ ဒသမ ၇၂၈ သန်းကြာပြီး အခြားသုံးခေတ်သည် နှစ် ၁ ဒသမ ၂၉၆ သန်း၊ ၈၆၄၀၀၀ နှစ်နှင့် ၄၃၂၀၀၀ နှစ်တို့ ကိုယ်စားပြုကြောင်းဆိုပါ၏။ အစောဆုံးခေတ်သည် နောက်ဆုံးခေတ်၏ လေးဆ၊ ဒုတိယခေတ်၏ သုံးဆ၊ တတိယခေတ်၏ နှစ်ဆရှိပြီး ယခုခေတ်သည် နောက်ဆုံးခေတ်ဖြစ်ကာ အဆုံးတွင် စကြဝဠာကြီး ပျက်စီးသွားမည်ဖြစ်ကြောင်း ယူဆပါသည်။

သြော်- ကမ္ဘောဒီးယား အခြေခံအတိုင်းအတာ ဘက် (Bat) တစ်ဘက်မှာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ပေ တဲ့။ လိုရာစနစ်သို့ တွက်ချက်ကြည့်ယူနိုင်ပါသည်။ ထား။ သို့ဆိုလျှင် နာရီလက်တံ ပြောင်းပြန်အတိုင်း ဖတ်ကြည့်ရမည်ဆိုသည့် အန်ကောဝပ်ကျောင်းတော်ကြီးသည် အချိန်ကာလ ခရီးသွားခြင်းကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အနောက်ပေါက်မှ ဝင်ရောက်လာလျှင် သေခြင်းတရား၏ ဆန့်ကျင်ဘက်။ အိန္ဒိယတို့ ယုံကြည်ကြရာ အချိန်ကာလ၏အစသို့ ချဉ်းကပ်လာသည့် အနက်အဓိပ္ပာယ်။

Eleanor Moron က အန်ကောဝပ်ကျောင်းတွင် နက္ခတ်တာရာအရ ဆက်စပ်မှုများလည်း ရှိသည်ဟု ဆိုပါသည်။ Phmum Bak အရပ်ရှိ တောင်ကုန်းကလေးတစ်ခုပေါ်မှ နေထွက်လာသော အချိန်တွင် နေသည် အနောက်ဘက်ဝင်ပေါက်နှင့် တစ်တန်းတည်း ဖြစ်နေသည်ဟု ဆိုပါသည်။ အန်ကောဝပ်ကို တည်ဆောက်သူ သူရိယဗာမန်၏ အမည်ကပင်လျှင် နေမင်းကြီး၏ ကာကွယ်စောင့်ရှောက်မှုကို ခံရသူဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်လား။ သို့ဆိုလျှင်ဖြင့် အန်ကောဝပ် ကျောင်းတော်ကြီးသည် လျှို့ဝှက်စာများဖြင့် ရေးသားထားသည့် ဘာသာရေး ပဟေဠိပုစ္ဆာတစ်ပုဒ်များ ဖြစ်နေလေရော့သလား မသိ။

(၄) သူရိယဗာမန် (၂) ၏ ခေတ်တွင် ရေကို ကန်ဖြင့်သိုလှောင်ကာ တူးမြောင်းများဖြင့် ထိန်းသိမ်းခဲ့ရာ ခြောက်သွေ့သော ရာသီတွင် တစ်သီးစာ၊ မိုးရာသီတွင် နှစ်သီးစာအထိ ရေလုံလောက်ခဲ့ပါသည်။ တောင်ဘက်အရပ်ရှိ တောင်ကုန်းဒေသများ၊ မြောက်ဘက်အရပ်ရှိ လွင်ပြင်ဒေသများသို့ ရောက်သည်အထိ ရေကို ချောင်းငယ်များမှတစ်ဆင့် ပေးပို့ခဲ့ရာ နောက်ပိုင်းလိုအပ်မှု များပြားလာသောအခါ အန်ကာလွင်ပြင် (Amkor) ၌ အာဟာရလုံလောက်အောင် မပေးစွမ်းနိုင်ပါလေတော့။

အန်ကောဝပ်ကို တည်ဆောက်သည့် သူရိယဗာမန် (၂) ခေတ်ရေကို စီမံမှု၊ ဆန်စပါးထုတ်လုပ်မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘုရားကျောင်းတည်ဆောက်မှုတို့က အီဂျစ်တို့ ခေတ်ကောင်းစဉ်ကာလများ၊ မာယာခေတ် (Maya) ထွန်းကားစဉ်ကာလများနှင့် အသွင်တူသည်ဟု ဆိုပါသည်။ ထိုခေတ်၏ အံ့မခန်း ဗိသုကာလက်ရာ အန်ကောဝပ်ကျောင်းတော်ကြီးသည် ခမာနီခေတ်များတွင်ကား ပေယျာလကန်ပြုခြင်း ခံလိုက်ရပါတော့သည်။ ခမာနီတို့၏ အန်ကောဝပ်ကျောင်းတော်ကြီးအပေါ် အမြင်က ကြမ်းပါသည်။

‘‘ဘာမှ အဓိပ္ပာယ်မရှိတဲ့ ကျောက်တုံးကြီးတွေ’’ ဆိုလား။ သြော်……….။

မူရင်းရေးသားသူအားCredit ပေးပါသည်။

Categories
သမိုင်း

သမိုင်းမှာ နာမည်ဆို းနှင့်ကျော်ကြားခဲ့သူ နန်းမတော်မယ်နုရဲ့ ရာဇဝင်

Zawgyi

သမိုင္းမွာနာမည္ဆိုးႏွင့္ေက်ာ္ၾကားသူ နန္းမေတာ္မယ္ႏုရာဇဝင္

နန္းမေတာ္မယ္ႏုဟုဆိုလိုက္သည္ႏွင့္ “တိုင္းျပည္ခိုက္ေသာေျမးအဖြား(၃)ဆက္၊ ပထမအဂၤလိပ္-ျမန္မာ စစ္ရႈံးသူမယ္ႏု၊ သူ႔သမီးဆင္ျဖဴမရွင္ နန္းတြင္းအာဏာလုပြဲအတြက္ မင္းတုန္းမင္း ၏ သားေတာ္(40)ေက်ာ္ကိုသတ္ကာ သီေပါမင္းကိုသူ႔သမီး စုဖုရားလတ္ႏွင့္လက္ထပ္ေပးသူ၊ ေျမးမေတာ္စုဖုရားလတ္ သီေပါမင္းကိုေက်ာ္၍ အမိန႔္ မနာခံေသာ) ဟုနာမည္ဆိုးႏွင့္ေက်ာ္ၾကားသူ အျဖစ္သိၾကသလို အင္းဝရွိမယ္ႏုအုဋ္ေက်ာင္းကိုလည္း ျမင္ေယာင္မိၾကမည္ျဖစ္ပါသည္။

ဟုတ္ပါသည္၊မယ္ႏုသည္ မဟာေအာင္ေျမဘုံစံ မယ္ႏု အုဋ္ေက်ာင္းႀကီး၏ ဒကာမျဖစ္သလို သူမဘဝ၏ အံ့ဖြယ္အတိတ္ကံအက်ိဳးေပး၊ ပင္ကိုယ္ စိတ္ထက္ျမက္ႂကြပ္ဆတ္မႈ၊ အတၱႀကီးၿပီး အေၾကာက္တရားကင္းမႈ၊ ဆင္ျခင္တုံတရားနည္းၿပီး တဇြတ္ထိုးႏိုင္မႈတို႔က သူမကိုအထြဋ္အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။

နန္းမေတာ္မယ္ႏုသည္ ဖလံခုံ႐ြာဇာတိေထာင္မႉး သီဟေက်ာ္စြာဘြဲ႕ခံ ဦးလႈပ္ႏွင့္ေဒၚငယ္တို႔မွ 18June,1783 အင္းဝၿမိဳ႕၌ေမြးဖြားသည္။ ေမြးခ်င္းႏွစ္ေယာက္ရွိၿပီးက်န္ တစ္ေယာက္မွာေမာင္အိုျဖစ္သည္။ မယ္ႏုသည္ေ႐ႊလင္ဗန္းႏွင့္ အခ်င္းေဆးေသာ ေတာ္ဝင္မ်ိဳး႐ိုးမဟုတ္ သာမာန္အရပ္သူတစ္ဦးသာ ျဖစ္ေသာ္လည္း သူမဘဝတြင္ ထူးဆန္းမႈႀကီးႀကီးမားမား (2)ႀကိမ္ႀကဳံေတြ႕ခဲ့သည္။

မယ္ႏုငယ္စဥ္က အိမ္မွာလူႀကီးမိဘမ်ားႏွင့္ တစ္႐ြာမွတစ္႐ြာသို႔သြားလာရာ လမ္းဇရပ္တစ္ခု၌အိပ္ၾကသည္။ မယ္ႏုကထမင္းခ်က္တာဝန္ယူ၍ ခ်က္ျပဳတ္ရာမနက္မိုးလင္းေသာအခါ မယ္ႏုထမင္းခ်က္ခဲ့ေသာေနရာ၌ မႈိပြင့္ႀကီးတစ္ပြင့္ေပါက္လာရာ လူႀကီးမ်ားကအံ့ဘြယ္ နိမိတ္ေကာင္းဟုမွတ္ယူၾကသည္။

မယ္ႏုအသက္၁၂ႏွစ္သမီးအ႐ြယ္ ျမစ္ဆိပ္၌ေရခ်ိဳးခ်ိန္တြင္ သူမ၏အနီေရာင္ေရလဲလုံခ်ည္ကို စြန္ရဲ တစ္ေကာင္မွခ်ီယူသြားၿပီး အမရပူရနန္းေတာ္အတြင္းရွိ မိဖုရားမ်ားစံပယ္ရာ ေတာင္နန္းေဆာင္ အမိုး၌ခ်ထားခဲ့သည္။

ဘိုးေတာ္ဘုရားက လုံခ်ည္ပိုင္ရွင္ကို ရွာေဖြစစ္ေဆးေဖာ္ထုတ္ကာမယ္ႏုကို ေတာင္နန္းအပ်ိဳေတာ္အျဖစ္ ခန႔္ထားလိုက္ရာမွ အရႈပ္ေတာ္ပုံဖန္တီးမည့္ အဓိကဇာတ္ေကာင္ကိုေခၚမိသည့္ အမွားႀကီးတစ္ခုဘိုးေတာ္ဘုရား ျပဳလုပ္မိသြားသည္။

ကုန္းေဘာင္မင္းဆက္တြင္ နန္းသက္အရွည္ဆုံး ဘိုးေတာ္ဘုရား သည္ (37)ႏွစ္ၾကာနန္းစံၿပီး ဘႀကီးေတာ္စစ္ကိုင္းမင္းကို အိမ္ေရွ႕အရာအပ္ႏွင္းၿပီး ညီေတာ္သာယာဝတီမင္းသားကို ဒုတိယႏွင့္ဘႀကီးေတာ္္၏ သားေတာ္ စၾကာမင္းသားေလးကိုတတိယ နန္းလ်ာထားသည္။

ဘႀကီးေတာ္မွာအိမ္ေရွ႕မင္း ရာထူးသာရွိေသးၿပီး မိဖုရားေခါင္ႀကီးမွာ ဆင္ျဖဳရွင္မယ္ျဖစ္သည္။ ဆင္ျဖဴမယ္သည္ စၾကာမင္းသားေလးကိုေမြးၿပီး ၁ပတ္အၾကာ1812 ေအာက္တိုဘာလတြင္ ကြယ္လြန္ေလသည္။

မယ္ႏုသည္စက္စက္ယိုေအာင္လွသူဟု မဆိုႏိုင္သည့္တိုင္ ပကတိ႐ုပ္ရည္ကားတည္ၾကည္သည္။ အေျပာခ်ိဳ ၍ကိုယ္ေနဟန္အခ်ိဳးက်ကာ သြယ္လ်ေက်ာ့ရွင္းၿပီး သူမ၏နန္းမူရာမွာ နန္းတြင္းသူမ်ားအတုယူရသည ္အထိမဟာဆန္သည္။

ေယာက်ာ္းတကာတို႔ ႏွစ္သက္ခံရၿပီး ထိုအထဲတြင္ အိမ္ေရွ႕မင္း ဘႀကီးေတာ္လည္း ပါဝင္သည္။ အမရပူရနန္းတြင္း၌ အိမ္ေရွ႕မင္းအားမယ္ႏုထက္ မဟာဆီမဟာေသြးအခ်င္းခ်င္း အိမ္ေထာင္ျပဳေစလို ဤ“လူမွာအမ်ိဳးၾကက္မွာအ႐ိုး”ဟု ဘႀကီးေတာ္ကိုသတိေပးသည္။ မယ္ႏုကလည္း “လူမွာအခ်စ္ ၾကက္မွာအျမစ္” ဟုေခ်ပကာဘႀကီးေတာ္ကို ရေအာင္သိမ္းသြင္းခဲ့သည္။

ဘိုးေတာ္ဘုရားလြန္ေသာ္ဘႀကီးေတာ္သည္ 1819ဇြန္လ(5)ရက္တြင္ နန္းတက္ကာ(1823)ၿမိဳ႕ေတာ္ကို အမရပူရမွအင္းဝသို႔ေ႐ႊ႕သည္။ ဘႀကီးေတာ္သည္ခပ္ေအးေအးေနတတ္သလို မယ္ႏုကိုအလြန ခ်စ္သျဖင့္ အဂၢမေဟသီ ေတာင္ညာစံ မိဘုရားေခါင္ေျမာက္ေလသည္။ မယ္ႏုသည္ပင္ကိုယ္ထက္ျမက္သူပီပီ နန္းတြင္းတစ္ခုလုံးအေရးသာမက တိုင္းေရးျပည္ေရးကို စိတ္တိုင္းက်ခ်ယ္လွယ္ေတာ့သည္။သ

နန္းတြင္းမွာလဲအမ်ိဳးနိမ့္သူ မိဖုရားေခါင္ျဖစ္လာၿပီး ဓားထက္၍သာေၾကာက္ရသည္ မည္သူကမွမယ္ႏုကို မၾကည္ျဖဴၾကေခ်။ ယခင္ဘုရင္ႏွင့္မိဘုရား ရာဇပလႅင္ေပၚ အတူမထိုင္ေသာ္လည္း မယ္ႏုသည္ ထိုအစဥ္အလာကိုဖ်က္ကာ အတူထိုင္သျဖင့္ တ႐ုတ္သံမႉးမ်ား အံ့အားသင့္ၾကသည္။ 1819တြင္ မယ္ႏုသည္ သူ႔ေမာင္အရင္းျဖစ္တဲ့ေမာင္အိုကို စလင္းၿမိဳ႕ကိုစားေစၿပီး နန္းေတာ္တြင္းသူမ၏ အာဏာစက္ကိုခိုင္မာေအာင္တည္ေထာင္သည္။

ထို႔အျပင္ေမာင္အိုအား သတိုးဓမၼရာဇာဘြဲ႕ခ်ီးျမင့္ လိုက္သလို ဘႀကီးေတာ္ကလည္း သူ႔ေယာက္ဖအားေျမႇာက္စားသည့္အေနျဖင့္ ထိပ္တန္းမင္းညီမင္းသားစာရင္းသြင္းကာ၊ လႊတ္ေတာ္တက္ခြင့္ေပးသည့္အျပင္ ေ႐ႊထီးရွစ္ခ်က္မိုး ခစားခြင့္ေပးသျဖင့္ ေမာင္အိုသည္နားထင္ ေသြးေရာက္သြားေလသည္။ ေရွသမိုင္းမွာနာမည္ဆိုးႏွင့္ေက်ာ္ၾကားသူ နန္းမေတာ္မယ္ႏုရာဇဝင္ေခတ္ကမင္းသားမ်ား၏ အဆင့္အတန္း ကို ထီးေဆာင္းအေရအတြက္ အနည္းအမ်ားျဖင့္ ခြဲျခားေလ့ရွိသည္။

ညီေတာ္သာယာဝတီမင္းပင္ ထီးဆယ္ခ်က္သာမိုးခြင့္ရွိ၍ ေယာက္ဖေတာ္ေမာင္အိုသည္ ညီေတာ္အိမ္ေရွ႕မင္းထက္ မဆိုသေလာက္သာ နိမ့္သည့္သေဘာသက္ေရာက္ေစသည္။ ေန႔ခ်င္းညခ်င္း ေမာင္အိုတန္ခိုးထြားလာသျဖင့္ ကုန္းေဘာင္ မ်ိဳးဆက္ကိုအျပဳတ္ျဖဳတ္ၿပီး သူကိုယ္တိုင္ဘုရင္ လုပ္ရန္ ႀကံေလေတာ့သည္။ ထို႔ေၾကာင့္နန္းတြင္း အားၿပိဳင္မႈ (3)စုကြဲေပၚေပါက္လာသည္။

(1)ႏိုင္ငံေရးအာဏာပိုင္ဆိုင္ေသာေမာင္အိုႏွင့္ မယ္ႏုကတစ္ဖြဲ႕(2)သူတို႔၏မဟာၿပိဳင္ဘက္မ်ားတြင္ဘႀကီးေတာ္မင္းၿပီးေနာက္ နန္းၫြန႔္နန္းလ်ာဆက္ခံဖို႔ အခြင့္အေရးရွိသူ သာယာဝတီမင္းသည္ ထိပ္ဆုံးျဖစ္သည္။ သူကိုယ္တိုင္လက္႐ုံးရည္ႏွင့္ျပည့္စုံ သလို ေနာက္လိုက္အင္အားေကာင္း မ်ားစြာပိုင္ဆိုင္ထားသည္။ (3)စၾကာမင္းသားေခၚ ေညာင္ရမ္းမင္းသားေလးသည္ ေမြးဖြားစဥ္ကစၾကဝေတးမင္း တို႔ ဘုန္းႀကီးသည့္လကၡဏာရပ္မ်ားျဖစ္ၾကေသာ

ဥကၠာပ်ံ၊ငလ်င္လႈပ္၊ ေတာ္လဲျမည္ျခင္း၊လက္ဝါးမ်ားတြင္ ခ႐ုပတ္ႏွင့္မွဲ႔ရွင္မ်ား ထူးျခားထင္ရွားစြာေတြ႕ရျခင္း၊ အခ်င္းစလြယ္သိုင္းျခင္း၊ ခုနစ္ရက္ရလွ်င္မယ္ေတာ္ကြယ္လြန္၍ ဖြားဖက္ေတာ္ခုနစ္ဦးလည္းေပၚျခင္း၊ ႐ုပ္ရည္အင္မတန္ ေခ်ာေမာလွပ၍ နန္းတြင္းသူနန္းတြင္းသားမ်ား တိုင္းသူျပည္သားမ်ားက အလြန္ခ်စ္ခင္ႏွစ္သက္ၾကသည့္ လူထု အင္အားကိုပိုင္ဆိုင္ေသာ ဘႀကီးေတာ္၏တစ္ဦးတည္းေသာသားျဖစ္သျဖင့္ ဘႀကီးေတာ္ကနန္းလႊဲ လိုသည္မွာ ေတြးၾကည့္ယုံျဖင့္သိႏိုင္ပါသည္။

ထို႔ေၾကာင့္ေမာင္အိုသည္ စၾကာမင္းသားေလး နားထြင္းၿပီး အိမ္ေရွ႕အရာအပ္ႏွင္းျခင္း ကိစၥကို အခ်ိန္ဆြဲသည္။ အသက္(20)က်မွ နားထြင္းသည့္ တိုင္ႏိုင္ငံေရးအာဏာကို မင္းသားေလးအားလႊဲမေပးခဲ့ေခ်။ မယ္ႏုႏွင့္ေမာင္အိုသည္ ဘႀကီးေတာ္ႏွင့္မယ္ႏုနန္းစံေသာ (18)ႏွစ္လုံးလုံး သာယာဝတီမင္းကို အသိအမွတ္မျပဳခ်ယ္လွယ္ၿပီး ေနာင္ေတာ္ႏွင့္ေတြ႕ခြင့္ပိတ္ပင္သည္။

ထိုေခတ္ကမယ္ႏုေၾကာက္ရသူ တစ္ဦးရွိသည္ ထိုသူမွာဆရာေတာ ဦးဗုဓ္ျဖစ္သည္။ သကၠရာဇ္1822ခုႏွစ္တြင္ ဘႀကီးေတာ္ႏွင့္နန္းမေတာ္မယ္ႏုတို႔က ေက်ာင္းေဆာက္လုပ္ရာတြင္ ငါးႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီး သကၠရာဇ္1827ခုႏွစ္တြင္ မဟာေအာင္ေျမဘုံစံဟု ကမၸည္းထိုးကာေညာင္ကန္ ဆရာေတာ္ ဦးပိုအားလႉဒါန္းခဲ့သည္။

တစ္ႏွစ္အၾကာတြင္ဆရာေတာ္ဦးပို ပ်ံလြန္ေတာ္မူၿပီးေနာက္ ဒုတိယေညာင္ကန္ဆရာေတာ္ဦးဗုဓ္အား ထပ္မံလႉဒါန္းခဲ့သည္။ အုတ္ေက်ာင္း အက်ယ္အဝန္းမွာ အလ်ား192ေပ၊ အနံ112ေပႏွင့္ အျမင့္94ေပရွိၿပီး ေက်ာင္းတည္ေဆာက္ရာတြင္ ေငြက်ပ္သုံးသိန္းကုန္က်ေၾကာင္း၊ သကၠရာဇ္1838ျပည့္ႏွစ္တြင္ ငလ်င္ဒဏ္ေၾကာင့္ၿပိဳက်ခဲ့ရာ နန္းမေတာ္ မယ္ႏု၏သမီးေတာ္ ဆင္ျဖဴမရွင္က သကၠရာဇ္1872ခုႏွစ္တြင္ ထပ္မံျပဳျပင္ခဲ့ေၾကာင္း မွတ္တမ္းမ်ားအရသိရသည္။

ေက်ာင္းႀကီးကိုအုတ္၊အဂၤေတတို႔ျဖင့္ မိဖုရားေခါင္ႀကီးမယ္ႏုက တည္ေဆာက္ခဲ့ေသာေၾကာင့္ မယ္ႏု အုတ္ေက်ာင္းဟုထင္ရွားခဲ့သည္။ ပညာရွင္မ်ား၏ ဗိသုကာလက္ရာ၊ ပန္းရန္ႏွင့္ပန္းတေမာ့ အႏုပညာ လက္ရာမ်ား ေက်ာင္းေဆာင္ႀကီးအတြင္းရွိ စႀကႍ ပတ္လမ္းႏွင့္အခန္းဖြဲစည္းပုံမ်ား၊ အဝင္ေပါက္ သစ္သားတံခါးမ်ားကို အသံမ်ားဖန္တီးတပ္ဆင္ပုံတို႔ေၾကာင့္ ခံ့ညားထည္ဝါလွေသာ ေက်ာင္းႀကီးျဖစ္ သည္။

ဘႀကီးေတာ္နန္းတက္ ဘိသိက္မဂၤလာသြန္း အခမ္းအနား ဆင္ယင္ေသာအခါ၌ မဏိပူရေစာ္ဘြား မတက္ေရာက္ေခ်။ မဏိပူရေစာ္ဘြားကို သင္ခန္းစာေပးရန္လိုက္ဖမ္းရာ အဂၤလိပ္ပိုင္နယ္ထဲအထိဝင္ေျပးသျဖင့္ အဂၤလိပ္တို႔ႏွင့္နယ္စပ္ျပႆနာၿငိလာရာမွ အဂၤလိပ္တို႔(1824)တြင္ စစ္ေၾကညာသည္။ စစ္သူႀကီးမဟာဗႏၶဳလသည္ ရခိုင္တြင္ စခန္းခ်ကာ ျမဝတီမင္းႀကီးဦးစက ပန္းဝါတြင္ အဂၤလိပ္တို႔ကိုအႏိုင္တိုက္သည္။

ျမန္မာတပ္မ်ားဘဂၤလားနယ္ အထိေရာက္ေနသျဖင့္ အဂၤလိပ္ဘုရင္ခံပင္ က်ီးလန႔္စာစားေနရသည္။ ဗႏၶဳလသာစစ္တေကာင္းထိ တက္တိုက္၍ဖိအားေပးခဲ့မည္ဆိုလွ်င္ အဂၤလိပ္တို႔ပ်ာယာခတ္သြားႏိုင္သည္။

အဂၤလိပ္တို႔သည္ ထိုအေျခေနကိုရိပ္စားမိသျဖင့္ ရန္ကုန္ဖက္မွပတ္ဝင္၍ တန္ျပန္တိုက္စစ္ဆင္ေသာ ဗ်ဴဟာကိုသုံးကာ စစ္မ်က္ႏွာေျပာင္းလိုက္ေလသည္။ ထိုအခ်ိန္သာယာဝတီလို အဆင့္ျမင့္ မင္းသားက ရန္ကုန္သို႔ဆင္း၍ကာကြယ္ရန ္သူစုေဆာင္းထားသည့္လူသူမ်ားႏွင့္ အဂၤလိပ္ စစ္သေဘၤာမ်ားကို ခုခံတိုက္ခိုက္လိုေၾကာင္း တင္ျပသည္။

ဘႀကီးေတာ္ကလည္းသေဘာတူကာ အျမန္ေစလႊတ္ခ်င္ေသာ္လည္း ၿပိဳင္ဘက္စလင္းမင္းသား ႀကီးေမာင္အိုႏွင့္ မႉးမတ္မ်ားက သာယာဝတီ မင္းသားအားလက္နက္ဆင္၍လႊတ္လိုက္လွ်င္ ပုန္ကန္လိမ့္မည္ဟုကန႔္ကြက္ကာ ႏိုင္ငံ့အေရးေတာ္ထက္ အာဏာရရွိလိုေသာ ပုဂၢိဳလ္ေရးကိုဦးစားေပးခဲ့သည္မွာ စိတ္ပ်က္စရာျဖစ္ေလသည္။

ဘႀကီးေတာ္လည္းအရိပ္ကိုရန္သူထင္၍ ေနာက္ဆုံးတြင္ မဟာဗႏၵဳလျပန္လာသည္ အထိေစာင့္ၿပီးမွ သြားေရာက္တိုက္ရန္ အမိန႔္ခ်လိုက္ေလသည္။

ထို႔ေၾကာင့္ရခိုင္မွျပန္လာမည့္ ဗႏၵဳလကိုေစာင့္ရင္း ၅လအထိၾကာသြားသျဖင့္ ထိုအခ်ိန္တြင္အဂၤလိပ္တို႔ကလည္း ေ႐ႊတိဂုံကုန္းေတာ္တစ္ဝိုက္ကို အခိုင္အမာ တပ္စြဲ၍ အသာစီးရသြားေတာ့သည္။ သာယာဝတီမင္း၏တပ္မ်ားသည္ ရန္ကုန္သို႔ခ်ီ၍ က်ိဳက္ကလို႔ တြင္တပ္ခ်ထားသည္။

အဂၤလိပ္တို႔က သာယာဝတီ ၏တပ္ကိုဝိုင္းတိုက္ေသာ္လည္း အႏိုင္မရခဲ့ေခ်။ သာယာဝတီမင္းသားႀကီးက အေျခအေနရိပ္စားမိသျဖင့္ ေစာေစာစီးစီး စစ္ေျပၿငိမ္းရန္တင္ျပေသာ္လည္း ေမာင္အို၊မယ္ႏုတို႔မွလက္မခံပဲ စစ္ကို သာထပ္တိုးတိုက္သည္။

ဗႏၵဳလဓႏုျဖဴတြင္က်သြားသျဖင့္ အဂၤလိပ္တပ္ေတြလည္းေနျပည္ေတာ္ႏွင့္ မိုင္(၄၀)သာေဝးသည့္ ရႏၲပို႐ြာသို႔ေရာက္မွ စစ္ေျပၿငိမ္းေရးစာခ်ဴပ္ခ်ဳပ္ရေတာ့၏။ နယ္ေျမဆုံး၊စစ္သူႀကီးက်၊ စစ္ေလ်ာ္ေၾကးေငြ(1)ကုေဋပါေပးရမည္ျဖစ္သျဖင့္ ဘႀကီးေတာ္မွာ မေထြးႏိုင္မအံႏိုင္ စိတ္ဓာတ္က်လာကာ စိတ္က်ေရာဂါပါ ဝင္လာေလေတာ့သည္။

ေငြမရွိသျဖင့္မယ္ႏုက သူပိုင္ပစၥည္းမ်ားထုခြဲ၍ စစ္ေလ်ာ္ေၾကးေငြ ပထအရစ္ကိုေပးေလသည္။ အုပ္ခ်ဳပ္ေရးပိုင္းကို မကိုင္တြယ္ႏိုင္ေတာ့ပဲ အစစအရာရာကို မယ္ႏုႏွင့္စလင္းမင္းသားႀကီးေမာင္အိုတို႔ျဖင့္သာ လႊဲအပ္ထားေလေတာ့သည္။ညသူတို႔ေမာင္ႏွမကို သာယာဝတီအျပင္ျပည္သူမ်ားက စုန္းမဟုစြပ္စြဲသလို သူတို႔ကလည္းသူခိုးဓားျပ လက္ခံ ဟုသာယာဝတီကိုစြပ္စြဲသည္။

ေမာင္အိုသည္မိမိရဲ႕ ဆူးေျငႇာင့္ခလုတ္ျဖစ္ေသာ သာယာဝတီမင္းကိုရွင္းရန္ ဓားျပမႈျဖင့္အမႈဆင္ကာ သာယာဝတီမင္း၏အိမ္ကို လူ(200)ျဖင့္ဝိုင္းေလရာ သာယာဝတီဘက္မွလူမ်ား ခုခံရင္းဧရာဝတီျမစ္ကို ကူး၍ ေ႐ႊဘိုသို႔ထြက္ေျပးေရွာင္တိမ္းသည္။ မယ္ႏုတို႔ကိုျပည္သူမ်ား မႏွစ္သက္သျဖင့္ အာဏာသည္ သာယာဝတီဘက္သို႔ အလိုလိုေရာက္သြားသည္။လူသူစုေဆာင္းကာ 1837ေဖေဖာ္ဝါရီလတြင္ အင္းဝကိုဝိုင္းသည္။

၂လအၾကာတြင္ေအာင္ျမင္ၿပီး ဘႀကီးေတာ္စစ္ကိုင္းမင္းကိုနန္းခ်ကာ မယ္ႏုကိုအက်ယ္ခ်ဳပ္ ေမာင္အို တို႔လူစုကို ေထာင္ထဲပို႔ေလသည္။ အရာရာသည္ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားသည္။

မယ္ႏုတို႔ အုပ္စုသည္ ပုန္ကန္သည့္အေနျဖင့္ အဂၤလိပ္တို႔ကို စာလႊတ္ဆက္သြယ္၍ အဂၤလိပ္တို႔အလိုရွိသမွ် အကုန္ေပးကာ ဘႀကီးေတာ္အားျပန္လည္နန္းတင္ေပးရန္ အကူညီေတာင္းေသာ္လည္း အဂၤလိပ္တို႔က နန္းက်ဘုရင္အား ဘာအေၾကာင္းမွမျပန္ေတာ့ေခ်။

သာယာဝတီမင္းသေဘာထားႀကီးစြာျဖင့္ ေကာင္းမြန္စြာထားေသာ္လည္း ေမာင္အိုတို႔ေနာက္လိုက္မ်ားက ပုန္ကန္ၾကေသာေၾကာင့္ အမရပူရၿမိဳ႕ အက်ဥ္းေထာင္၌ သကၠရာဇ္1840ခုႏွစ္၊ ေမလတြင္ ကြပ္မ်က္လိုက္သည္။ ေနာက္ဆုံးသာယာဝတီမင္း သည္ 12May1840တြင္ မယ္ႏုအားေသဒဏ္ခ်မည္ကို မင္းမ်ိဳးမင္းႏြယ္အျဖစ္ အသိအမွတ္ျပဳေပးသည့္အေနျဖင့္ မဟာဆီမဟာေသြး ေျမမက်ရေစရန္ ေရတြင္ေဖ်ာက္ဖ်က္ဖို႔အမိန႔္ခ်သည္။ ဘုန္းရွင္ ကံရွင္ မယ္ႏုတစ္ေယာက္ ကံတရား၏ မ်က္ႏွာသာေပးျခင္းကား ဤေန႔သည္ေနာက္ဆုံးေန႔ ျဖစ္ေလေတာ့သည္။

မယ္ႏုလည္းေနာက္ဆုံးအေနျဖင့္ မိမိကိုးကြယ္သည့္ ဆရာေတာ္ဦးဗုဒ္အား ဖူးေျမႇာ္ခြင့္ျပဳရန္ ၿမိဳ႕ဝန္အား ခြင့္ေတာင္းရာ ခြင့္ျပဳေသာေၾကာင့္ ေညာင္ကန္ေက်ာင္း (ယခုမဟာမုနိဘုရားႀကီးအေရွ႕ဘက္‌) သို႔ ေရာက္ေအာင္ပို႔ေဆာင္ေပးခဲ့သည္။

မယ္ႏုေက်ာင္းသို႔ေရာက္ေသာအခါ ဆရာေတာ္မွာစာၾကည့္ေနသည္။ မယ္ႏုမွဆရာေတာ္အား ေနာက္ဆုံးဖူးေျမႇာ္ေအာင္ လာရျခင္းျဖစ္ေၾကာင္းေလွ်ာက္ထားရာ ဆရာေတာ္ဦးဗုဒ္မွ ရာဇဝင္တြင္မည့္တရားကို တိုတို တုတ္တုတ္မိန႔္ေတာ္မူသည္။

“မိႏု၊သူ႔ေႂကြးရွိရင္ဆပ္ရလိမ့္မည္” ဟုမိန႔္ဆိုလိုက္သည္။ မယ္ႏုလည္းဦးခ်ၿပီး ျပန္ဆင္းလာရာေလွ ကားအေရာက္တြင္ “ေတာ္ၿပီ၊ငါေသဝံ့ၿပီ၊ ငါေသရဲၿပီ၊ငါေသေပ်ာ္ၿပီ၊ ဆရာေတာ္ဘုရားကို ႏွစ္ေပါင္းမ်ားစြာကိုးကြယ္လာတာ ဘယ္အခါမွငါ့နာမည္တပ္၍ စကားမေျပာဖူးဘူး။

ဤကဲ့သို႔စာၾကည့္ရာမွေန၍ ငါ့ဘက္သို႔လွည့္၍ၾကည့္သည္ ဟူ၍လည္းမရွိ၊ သည္ကေန႔မွပဲငါ့ဘက္လွည့္တယ္။ ငါ့နာမည္ကိုေခၚေတာ္ မူတယ္။ ေဟာလိုက္တဲ့တရားကလည္း မိႏု၊သူ႔ေႂကြးရွိရင္ ဆပ္ရလိမ့္မည္တဲ့။ ေတာ္ၿပီ၊ေသလမ္းေျဖာင့္ၿပီ၊ ငါ့ကိုဆရာေတာ္က ေသစရိတ္ေပးလိုက္ၿပီ” ဟုထပ္တလဲလဲေျပာကာ ဝမ္းေျမာက္ဝမ္းသာစြာႏွင့္ပင္

အာဏာပါးကြက္သားတို႔၏ ေခၚေဆာင္ရာသို႔ညိဳးငယ္ျခင္းမရွိဘဲ လိုက္ပါသြားေလေတာ့သည္။ ဗုဒၶတရားေတာ္ကို အတိုခ်ဳပ္သေဘာေပါက္ေစေသာ သာဓကမ်ားအနက္ မယ္ႏုသည္ ပၪၥဝဂၢီတို႔မွ အငယ္ဆုံးရွင္အႆဇိ၏ “ေယဓမၼာ”ဂါထာကိုသတိရမိသည္။

ဘုရားရွင္၏တရားဦးနာၿပီး ရွင္အႆဇိရာဇၿဂိဳလ္ျပည္ ရွင္သာရိပုတၱရာႏွင့္ေတြ႕၍ ရွင္သာရိပုတၱရာမွ သူ႔အားေမးသည္မွာ

“ငါ့ရွင္၊သင္၏မ်က္စိတို႔သည္ ၾကည္လင္ကုန္၏။ အေရအဆင္းလည္း သန႔္ရွင္းစင္ၾကယ္ကုန္၏။ သင္သည္အဘယ္သူကိုရည္၍ ရဟန္းျပဳသနည္း။ အဘယ္သူကသင္၏ဆရာနည္း၊ အဘယ္သူ၏ တရားကိုႏွစ္သက္သနည္း” ရွင္အႆဇိတက “ငါ့ရွင္၊ငါသည္ အငယ္သည္သာတည္း။

အဘိဓမၼာ ကိုအက်ယ္အားျဖင့္ သင့္အားေဟာၾကားအံ့ေသာငွာမတတ္ႏိုင္။ အက်ဥ္းအားျဖင့္ေသာ္ကား အနက္ကို ငါဆိုအံ့” ဟုဆိုကာေယဓမၼာဂါထာကို ေဟာေတာ္မူ၏။ အဓိပၸါယ္ကား“အၾကင္တရားတို႔သည္ အေၾကာင္းလွ်င္အမွန္ရွိကုန္၏။ ထိုအေၾကာင္းကို ျမတ္စြာဘုရားေဟာ၏။ ထိုအေၾကာင္းတရားတို႔ ခ်ဳပ္ၿငိမ္းရာလည္းရွိ၏။ ထိုခ်ဳပ္ျခင္းကိုလည္း ျမတ္စြာဘုရားေဟာ၏။ ငါ၏ဆရာရဟန္းႀကီးသည္ ဤသို႔အယူဝါဒရွိ၏”

မယ္ႏုသည္ထိုဂါထာေတာ္ကိုခ်င့္ခ်ိန္ၿပီး သာယာဝတီမင္းအသက္ကိုရန္ရွာခဲ့၍ သူႏွင့္ယွဥ္ၿပိဳင္ရာသူ အႏိူင္ရသည္။ ရန္ကိုရန္ခ်င္းတုံ႔ျပန္ျခင္းက လမ္းေဟာင္းကိုသာျပန္ေရာက္ေစသည္။

ဤအေၾကာင္းတို႔ခ်ဳပ္ၿငိမ္းျခင္းကား ရန္ညိဳးရန္စတို႔ကိုသင္ပုန္းေခ်၍ သူ႔အေပၚတင္ခဲ့ေသာ အေႂကြးျမန္ျမန္ဆပ္ကာ ေႂကြးၿမီကင္းရွင္းၿပီး ၿငိမ္းခ်မ္းေသာ ဘဝသစ္ကေလးတစ္ခု ထူေထာင္ႏိုင္ရန္ျဖစ္ေၾကာင္းကို နားလည္သြားခဲ့သည္။

သတၱဝါတိုင္းသူ႔ထိုက္သူ႔ကံျဖစ္သည္ဆိုလွ်င္ တစ္နည္းအားျဖင့္ ငါ့ထိုက္ငါ့ကံျဖစ္သည္ မဟုတ္ပါေလာ။ ဆရာေတာ္တရားကား သူမအတြက္ေတာ့ အဖိုးတန္ဆုံးေသစရိတ္ေပးလိုက္ျခင္းဟု သေဘာေပါက္ေသာေၾကာင့္ မယ္ႏုဝမ္းသာသြား ရွာသည္။

ထိုေန႔ေန႔လည္ပိုင္းတြင္ မယ္ႏုသည္ ဘႀကီးေတာ္အား ေနာက္ဆုံးသြားေရာက္ကန္ေတာ့ ႏႈတ္ဆက္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာဘဝ၊ အသက္၊ရာထူး၊စည္းစိမ္၊ ႏိုင္ငံေတာ္အရာအားလုံး သူပိုင္ဆိုင္ႏိုင္သမွ်ကိုေပး၍ ခ်စ္ခဲ့ေသာၾကင္ယာေတာ္ ဘႀကီးေတာ္၏ ေျခေတာ္အစုံေပၚ မ်က္ႏွာအပ္ကာ မ်က္ရည္စက္မ်ားစြာ ေျခဖမိုးေတာ္ေပၚက်လ်က္ လက္အုပ္ခ်ီကန္ေတာ့ရင္း အေရာင္မွိန္မွိန္အေဆာင္ေရာင္မဲ့ သလြန္ထက္တြင္ထိုင္ေနေသာ နန္းက်ဘုရင္လင္ေတာ္ေမာင္အား နန္းမေတာ္မယ္ႏု။

“ေမာင္ေတာ္ဘုရား၊ ႏွမေတာ္ဒီကေန႔ ဘဝေျပာင္းရေတာ့မွာျဖစ္လို႔ ေမာင္ေတာ္ဘုရားကိုေနာက္ဆုံး ႏႈတ္ဆက္ရွိခိုးကန္ေတာ့ခဲ့ပါတယ္ဘုရား။ ေမာင္ေတာ္မင္းတရားရဲ႕ဘုန္းရိပ္ကို ခိုလႈံစံစားခဲ့တဲ့ ႏွစ္ကာလမ်ားအတြင္း ႏွမေတာ္ဘက္ကျပဳမိမွားခဲ့တဲ့ အျပစ္ရွိခဲ့ပါရင္ ခြင့္လႊတ္သနားေတာ္မူပါဘုရား”

ဘႀကီးေတာ္သည္သလြန္ေပၚမွ နန္းမေတာ္မယ္ႏု၏ ဆံေကသာကို လက္ျဖင့္အသာအယာထိထားသည္။

အရႈံးမ်ားစြာရႈံးၿပီးေနာက္ အခ်စ္ဆုံးသူကိုေသကြဲ ခြဲ ဆုံးရႈံးရမည့္အခ်ိန္တို႔ ဆိုက္ေရာက္လာၿပီျဖစ္ သျဖင့္ စိတ္ေသာကမီးတို႔ စိတ္ႏွလုံးကိုေလာင္ကြၽမ္း ကာ ပတ္ဝန္းက်င္တစ္ခုလုံး မျမင္ႏိုင္ေတာ့ေအာင္ေဝဝါးသြားေစသည့္မ်က္ရည္မ်ား မ်က္ဝန္းအိမ္၌ ျပည့္ေနသည္။

ဘႀကီးေတာ္သည္မ်က္ဝန္းမ်ား မွိတ္ခ်လိုက္ရာ နန္းမေတာ္မယ္ႏု၏ ဆံေကသာေပၚ မ်က္ရည္မ်ား စီးက်ေလေတာ့သည္။ ရင္၌ဆို႔ႏွင့္လြန္းလွသျဖင့္ ရႈိက္၍ငိုခ်လိုက္သည္။ “ႏွမေတာ္ရယ္၊ ႏွမေတာ္မွာ ခြင့္မလႊတ္စရာ ဘာအျပစ္မွမရွိခဲ့ပါဘူးကြယ္” ဘႀကီးေတာ္၏ခ်စ္ျခင္းေမတၱာကား ေလးစားစရာ ေကာင္းလွသလို ထိုအတြက္ေနာင္တ တစ္စုံတရာ လည္းမရခဲ့ေခ်။

“ေမာင္ေတာ္ဘုရားရယ္၊ ႏွမေတာ္ရဲ႕ေနာက္ဆုံး ဝင္သက္၊ ထြက္သက္မရပ္သြားမွီ ႏွမေတာ္ရဲဘဝ ကို အျမင့္ဆုံးျမႇင့္တင္ေပးခဲ့တဲ့ ေမာင္ေတာ္ဘုရားရဲ႕ ေက်းဇူးအေထြေထြအတြက္ ေမာင္ေတာ္ဘုရားရဲ႕ ေျခေတာ္အစုံကိုဦးတိုက္ၿပီး ေက်နပ္ေအာင္ ကန္ေတာ့ခြင့္ျပဳပါဘုရား” ဟုေျခေတာ အစုံအား မ်က္ႏွာနဖူးဆံပင္တို႔ျဖင့္ ဦးတိုက္ကန္ေတာ့ေနစဥ္ အေဆာင္ေတာ္တြင္း သမီးေတာ္ကေလး မယ္သဲဝင္လာသည္။

သမီးေတာ္ေလး၏စိတ္တြင္ မေကာင္းမႈတစ္စုံတခု ကို ခံစားမိေနသျဖင့္ မယ္ေတာ္၏ရင္ခြင္တြင္း ေျပး ဝင္ဖက္၍ငိုေလသည္။ “မယ္မယ္ဘုရား၊ သမီးေတာ္ ကေလးကိုပစ္ထားၿပီး ဘယ္ကိုသြားေနတာလဲ ဘုရား။ သမီးေတာ္ေလးမွာ လြမ္းလို႔ေသရေတာ့မယ္ ဘုရား”

“မယ္မယ္ဘုရားလည္း သမီးေတာ္ေလးကို လြမ္းေနပါတယ္။ အခုလည္းမယ္မယ္ဘုရားေလ အေရးႀကီးတဲ့ကိစၥရွိလို႔ ဟိုး…အေဝးႀကီးကို ခရီးထြက္ဖို႔ရွိေသးတယ္။ သမီးေတာ္ေလး ခမည္းေတာ္ဘုရားနဲ႔အတူ လိမ္လိမ္မာမာေနခဲ့ေနာ္။ မယ္ဘုရားစကားကို နားေထာင္ပါကြယ္” သားအမိႏွစ္ဦးပါးခ်င္းအပ္ကာ ငိုရင္း

“ဟင့္အင္း၊ဒီတစ္ခါေတာ့ သမီးေတာ္ေလးကို ပစ္ထားၿပီး ဘယ္မွမသြားရေတာ့ဘူး မယ္မယ္ဘုရားနဲ႔လိုက္မွာပဲ” ခမည္းေတာ္၊မယ္ေတာ္၊ သမီးေတာ္ကေလးတို႔ မိသားစုအသိုက္အျမျုံပိုကြဲၿပီး ေနာက္တစ္ႀကိမ္ျပန္ဆုံခြင့္ဟူေသာ ေမွ်ာ္လင့္ခ်က္ ကေလးပင္ဆုတ္ကိုင္ထားခြင့္ ကင္းမဲ့သြားေသာေၾကကြဲဖြယ္ရာ ေခ်ာ့သူမရွိငိုပြဲႀကီးျဖစ္သည္။

မင္းမႈထမ္း၊ရံေ႐ြေတာ္တို႔ ထိုျမင္ကြင္းကိုမၾကည့္ရက္သျဖင့္ တံခါးအကြယ္တြင္ႀကိတ္ငိုၾကသည္။ တာဝန္အရအမရပူရၿမိဳ႕ဝန္ပင္ မ်က္ရည္က်မည္စိုးသျဖင့္ အေဝးသို႔ထြက္သြားကာ မင္းမႈထမ္းတစ္ဦးကိုတီးတိုးေျပာသည္။ ထိုမင္းမႈထမ္းသည္ မယ္ႏုဆီေရာက္လာ၍ “မိဘုရားႀကီး၊ ထြက္ခြာဖို႔အခ်ိန္က်ပါၿပီလို႔ ၿမိဳ႕ဝန္မင္းကေျပာပါတယ္၊ ေနရာကထပါေတာ့”

ေနာက္ထပ္မင္းမႈထမ္းတို႔သည္ မယ္ႏုဆီဝင္လာၿပီး လက္ႏွစ္ဘက္ကို ဆြဲယူလိုက္ၾကသည္။ “မသြားရဘူးမယ္မယ္ဘုရား ဘယ္ကိုမွမသြားရဘူး သြားရင္ သမီးေတာ္ေလးလည္းလိုက္မွာပဲ” ဟုတစာစာေအာ္ဟစ္ေနရာ မယ္ႏု၏နားမ်ားအတြင္းပဲ့တင္ထပ္ကာ တျဖည္းျဖည္းေဝးသြားေလေတာ့သည္။ ေၾကးတိုက္မွလာေသာ ႏြားလွည္းေပၚတက္ကာ ေနာက္သို႔ တစ္ခ်က္ပင္လွည့္ မၾကည့္ေတာ့ေခ်။

ေနလုံးႀကီးသည္ဝင္းလက္ေသာ အလင္းေရာင္တို႔ကို ေလွ်ာ့ခ်၍ အေနာက္ဘက္ေတာင္တန္းေပၚ နိမ့္ဆင္း သြားသည္။ မယ္ႏုကိုတင္လာေသာ လွည္းပေတာင္းျမည္သံကိုၾကားေသာ္ အနီးရွိဘုန္းႀကီးေက်ာင္းေခြးမ်ားအူၾကသည္မွာ ကံၾကမၼာဆိုးအတြက္ ျမည္သံမ်ားျဖစ္ေနသည္။ ေတာင္သမန္အင္းေရျပင္အနီးသို႔ေရာက္ေသာ္ အာဏာပကြက္သားတို႔သည္ နန္းမေတာ္မယ္ႏုအား ခဲထည့္ထားေသာေ႐ႊနားကြတ္ ကတၱီပါအိတ္နီတြင္ထည့္၍ ပိတ္ၿပီးေရျပင္သို႔ျပစ္ခ်လိုက္သည္။

ျမႇပ္မျမႇပ္ေသခ်ာေအာင္ ခဏေစာင့္ၾကည့္သည္ ေတာင္သမန္အင္းေရျပင္ေပၚတြင္ ေရပြက္ကေလး တစ္ပြက္ႏွစ္ပြက္ထလာၿပီး ေရျပင္မွာျပကတိျပန္ၿငိမ္္သြားၿပီး ေလေျပညင္းကေလး ေရျပင္ထက္မွ ျဖတ္သန္းတိုက္ခတ္သြားသည္။ နန္းမေတာ္မယ္ႏု၏ ေနာက္ဆုံးထြက္သက္ ေရပြက္ကေလးမဟုတ္ပါေလာ။

ကုန္းေဘာင္ေခတ္၏မြန္းတည့္ခ်ိန္ ဘုန္းဩဇာ အျပည့္ႏွင့္ ေ႐ႊအိမ္နန္းၾကငွန္းထက္တြင္ အမ်ိဳးသမီးတို႔အတြက္ အထြတ္ထိပ္ျဖစ္ေသာ အဂၢမေဟသီ မိဖုရားေခါင္ရာထူးကို ရယူခဲ့ေသာ္လည္း လူ႔ဘဝသည္မည္သည့္အရာမွ် ၾကာရွည္မတည္ၿမဲဘဲ တစ္ခဏအခ်ိန္တြင္းသာ ရွိသည္ကို နန္းမေတာ္မယ္ႏုကသူမ၏ ေနာက္ဆုံး ထြက္သက္ေရပြက္ကေလးအခ်ိန္မွ်ျဖင့္ ကြၽႏ္ုပ္တို႔အား သင္ခန္းစာေပးသြားခဲ့သည္ မဟုတ္ပါေလာ။

Credit to original Uploader

Unicode

သမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်

နန်းမတော်မယ်နုဟုဆိုလိုက်သည်နှင့် “တိုင်းပြည်ခိုက်သောမြေးအဖွား(၃)ဆက်၊ ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူမယ်နု၊ သူ့သမီးဆင်ဖြူမရှင် နန်းတွင်းအာဏာလုပွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကိုသတ်ကာ သီပေါမင်းကိုသူ့သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော်စုဖုရားလတ် သီပေါမင်းကိုကျော်၍ အမိန့် မနာခံသော) ဟုနာမည်ဆိုးနှင့်ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိမယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ်ပါသည်။

ဟုတ်ပါသည်၊မယ်နုသည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမဘဝ၏ အံ့ဖွယ်အတိတ်ကံအကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက်ကြွပ်ဆတ်မှု၊ အတ္တကြီးပြီး အကြောက်တရားကင်းမှု၊ ဆင်ခြင်တုံတရားနည်းပြီး တဇွတ်ထိုးနိုင်မှုတို့က သူမကိုအထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

နန်းမတော်မယ်နုသည် ဖလံခုံရွာဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18June,1783 အင်းဝမြို့၌မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာမောင်အိုဖြစ်သည်။ မယ်နုသည်ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုးမဟုတ် သာမာန်အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမဘဝတွင် ထူးဆန်းမှုကြီးကြီးမားမား (2)ကြိမ်ကြုံတွေ့ခဲ့သည်။

မယ်နုငယ်စဉ်က အိမ်မှာလူကြီးမိဘများနှင့် တစ်ရွာမှတစ်ရွာသို့သွားလာရာ လမ်းဇရပ်တစ်ခု၌အိပ်ကြသည်။ မယ်နုကထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာမနက်မိုးလင်းသောအခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့်ပေါက်လာရာ လူကြီးများကအံ့ဘွယ် နိမိတ်ကောင်းဟုမှတ်ယူကြသည်။

မယ်နုအသက်၁၂နှစ်သမီးအရွယ် မြစ်ဆိပ်၌ရေချိုးချိန်တွင် သူမ၏အနီရောင်ရေလဲလုံချည်ကို စွန်ရဲ တစ်ကောင်မှချီယူသွားပြီး အမရပူရနန်းတော်အတွင်းရှိ မိဖုရားများစံပယ်ရာ တောင်နန်းဆောင် အမိုး၌ချထားခဲ့သည်။

ဘိုးတော်ဘုရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာမယ်နုကို တောင်နန်းအပျိုတော်အဖြစ် ခန့်ထားလိုက်ရာမှ အရှုပ်တော်ပုံဖန်တီးမည့် အဓိကဇာတ်ကောင်ကိုခေါ်မိသည့် အမှားကြီးတစ်ခုဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။

ကုန်းဘောင်မင်းဆက်တွင် နန်းသက်အရှည်ဆုံး ဘိုးတော်ဘုရား သည် (37)နှစ်ကြာနန်းစံပြီး ဘကြီးတော်စစ်ကိုင်းမင်းကို အိမ်ရှေ့အရာအပ်နှင်းပြီး ညီတော်သာယာဝတီမင်းသားကို ဒုတိယနှင့်ဘကြီးတော််၏ သားတော် စကြာမင်းသားလေးကိုတတိယ နန်းလျာထားသည်။

ဘကြီးတော်မှာအိမ်ရှေ့မင်း ရာထူးသာရှိသေးပြီး မိဖုရားခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာမင်းသားလေးကိုမွေးပြီး ၁ပတ်အကြာ1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။

မယ်နုသည်စက်စက်ယိုအောင်လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကားတည်ကြည်သည်။ အပြောချို ၍ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏နန်းမူရာမှာ နန်းတွင်းသူများအတုယူရသည ်အထိမဟာဆန်သည်။

ယောကျာ်းတကာတို့ နှစ်သက်ခံရပြီး ထိုအထဲတွင် အိမ်ရှေ့မင်း ဘကြီးတော်လည်း ပါဝင်သည်။ အမရပူရနန်းတွင်း၌ အိမ်ရှေ့မင်းအားမယ်နုထက် မဟာဆီမဟာသွေးအချင်းချင်း အိမ်ထောင်ပြုစေလို ဤ“လူမှာအမျိုးကြက်မှာအရိုး”ဟု ဘကြီးတော်ကိုသတိပေးသည်။ မယ်နုကလည်း “လူမှာအချစ် ကြက်မှာအမြစ်” ဟုချေပကာဘကြီးတော်ကို ရအောင်သိမ်းသွင်းခဲ့သည်။

ဘိုးတော်ဘုရားလွန်သော်ဘကြီးတော်သည် 1819ဇွန်လ(5)ရက်တွင် နန်းတက်ကာ(1823)မြို့တော်ကို အမရပူရမှအင်းဝသို့ရွှေ့သည်။ ဘကြီးတော်သည်ခပ်အေးအေးနေတတ်သလို မယ်နုကိုအလွန ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။ မယ်နုသည်ပင်ကိုယ်ထက်မြက်သူပီပီ နန်းတွင်းတစ်ခုလုံးအရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျချယ်လှယ်တော့သည်။သ

နန်းတွင်းမှာလဲအမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာကြောက်ရသည် မည်သူကမှမယ်နုကို မကြည်ဖြူကြချေ။ ယခင်ဘုရင်နှင့်မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နုသည် ထိုအစဉ်အလာကိုဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819တွင် မယ်နုသည် သူ့မောင်အရင်းဖြစ်တဲ့မောင်အိုကို စလင်းမြို့ကိုစားစေပြီး နန်းတော်တွင်းသူမ၏ အာဏာစက်ကိုခိုင်မာအောင်တည်ထောင်သည်။

ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာဘွဲ့ချီးမြင့် လိုက်သလို ဘကြီးတော်ကလည်း သူ့ယောက်ဖအားမြှောက်စားသည့်အနေဖြင့် ထိပ်တန်းမင်းညီမင်းသားစာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့်ပေးသည့်အပြင် ရွှေထီးရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့် မောင်အိုသည်နားထင် သွေးရောက်သွားလေသည်။ ရှေသမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်ခေတ်ကမင်းသားများ၏ အဆင့်အတန်း ကို ထီးဆောင်းအရေအတွက် အနည်းအများဖြင့် ခွဲခြားလေ့ရှိသည်။

ညီတော်သာယာဝတီမင်းပင် ထီးဆယ်ချက်သာမိုးခွင့်ရှိ၍ ယောက်ဖတော်မောင်အိုသည် ညီတော်အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်သည့်သဘောသက်ရောက်စေသည်။ နေ့ချင်းညချင်း မောင်အိုတန်ခိုးထွားလာသဖြင့် ကုန်းဘောင် မျိုးဆက်ကိုအပြုတ်ဖြုတ်ပြီး သူကိုယ်တိုင်ဘုရင် လုပ်ရန် ကြံလေတော့သည်။ ထို့ကြောင့်နန်းတွင်း အားပြိုင်မှု (3)စုကွဲပေါ်ပေါက်လာသည်။

(1)နိုင်ငံရေးအာဏာပိုင်ဆိုင်သောမောင်အိုနှင့် မယ်နုကတစ်ဖွဲ့(2)သူတို့၏မဟာပြိုင်ဘက်များတွင်ဘကြီးတော်မင်းပြီးနောက် နန်းညွန့်နန်းလျာဆက်ခံဖို့ အခွင့်အရေးရှိသူ သာယာဝတီမင်းသည် ထိပ်ဆုံးဖြစ်သည်။ သူကိုယ်တိုင်လက်ရုံးရည်နှင့်ပြည့်စုံ သလို နောက်လိုက်အင်အားကောင်း များစွာပိုင်ဆိုင်ထားသည်။ (3)စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးသည် မွေးဖွားစဉ်ကစကြဝတေးမင်း တို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော

ဥက္ကာပျံ၊ငလျင်လှုပ်၊ တော်လဲမြည်ခြင်း၊လက်ဝါးများတွင် ခရုပတ်နှင့်မှဲ့ရှင်များ ထူးခြားထင်ရှားစွာတွေ့ရခြင်း၊ အချင်းစလွယ်သိုင်းခြင်း၊ ခုနစ်ရက်ရလျှင်မယ်တော်ကွယ်လွန်၍ ဖွားဖက်တော်ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည်အင်မတန် ချောမောလှပ၍ နန်းတွင်းသူနန်းတွင်းသားများ တိုင်းသူပြည်သားများက အလွန်ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အားကိုပိုင်ဆိုင်သော ဘကြီးတော်၏တစ်ဦးတည်းသောသားဖြစ်သဖြင့် ဘကြီးတော်ကနန်းလွှဲ လိုသည်မှာ တွေးကြည့်ယုံဖြင့်သိနိုင်ပါသည်။

ထို့ကြောင့်မောင်အိုသည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာအပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲသည်။ အသက်(20)ကျမှ နားထွင်းသည့် တိုင်နိုင်ငံရေးအာဏာကို မင်းသားလေးအားလွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အိုသည် ဘကြီးတော်နှင့်မယ်နုနန်းစံသော (18)နှစ်လုံးလုံး သာယာဝတီမင်းကို အသိအမှတ်မပြုချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့်ပိတ်ပင်သည်။

ထိုခေတ်ကမယ်နုကြောက်ရသူ တစ်ဦးရှိသည် ထိုသူမှာဆရာတော ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ်1822ခုနှစ်တွင် ဘကြီးတော်နှင့်နန်းမတော်မယ်နုတို့က ကျောင်းဆောက်လုပ်ရာတွင် ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး သက္ကရာဇ်1827ခုနှစ်တွင် မဟာအောင်မြေဘုံစံဟု ကမ္ပည်းထိုးကာညောင်ကန် ဆရာတော် ဦးပိုအားလှူဒါန်းခဲ့သည်။

တစ်နှစ်အကြာတွင်ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဒုတိယညောင်ကန်ဆရာတော်ဦးဗုဓ်အား ထပ်မံလှူဒါန်းခဲ့သည်။ အုတ်ကျောင်း အကျယ်အဝန်းမှာ အလျား192ပေ၊ အနံ112ပေနှင့် အမြင့်94ပေရှိပြီး ကျောင်းတည်ဆောက်ရာတွင် ငွေကျပ်သုံးသိန်းကုန်ကျကြောင်း၊ သက္ကရာဇ်1838ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ်1872ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

ကျောင်းကြီးကိုအုတ်၊အင်္ဂတေတို့ဖြင့် မိဖုရားခေါင်ကြီးမယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နု အုတ်ကျောင်းဟုထင်ရှားခဲ့သည်။ ပညာရှင်များ၏ ဗိသုကာလက်ရာ၊ ပန်းရန်နှင့်ပန်းတမော့ အနုပညာ လက်ရာများ ကျောင်းဆောင်ကြီးအတွင်းရှိ စင်္ကြံ ပတ်လမ်းနှင့်အခန်းဖွဲစည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါးများကို အသံများဖန်တီးတပ်ဆင်ပုံတို့ကြောင့် ခံ့ညားထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။

ဘကြီးတော်နန်းတက် ဘိသိက်မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သောအခါ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွားကို သင်ခန်းစာပေးရန်လိုက်ဖမ်းရာ အင်္ဂလိပ်ပိုင်နယ်ထဲအထိဝင်ပြေးသဖြင့် အင်္ဂလိပ်တို့နှင့်နယ်စပ်ပြဿနာငြိလာရာမှ အင်္ဂလိပ်တို့(1824)တွင် စစ်ကြေညာသည်။ စစ်သူကြီးမဟာဗန္ဓုလသည် ရခိုင်တွင် စခန်းချကာ မြဝတီမင်းကြီးဦးစက ပန်းဝါတွင် အင်္ဂလိပ်တို့ကိုအနိုင်တိုက်သည်။

မြန်မာတပ်များဘင်္ဂလားနယ် အထိရောက်နေသဖြင့် အင်္ဂလိပ်ဘုရင်ခံပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလသာစစ်တကောင်းထိ တက်တိုက်၍ဖိအားပေးခဲ့မည်ဆိုလျှင် အင်္ဂလိပ်တို့ပျာယာခတ်သွားနိုင်သည်။

အင်္ဂလိပ်တို့သည် ထိုအခြေနေကိုရိပ်စားမိသဖြင့် ရန်ကုန်ဖက်မှပတ်ဝင်၍ တန်ပြန်တိုက်စစ်ဆင်သော ဗျူဟာကိုသုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။ ထိုအချိန်သာယာဝတီလို အဆင့်မြင့် မင်းသားက ရန်ကုန်သို့ဆင်း၍ကာကွယ်ရန ်သူစုဆောင်းထားသည့်လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်း တင်ပြသည်။

ဘကြီးတော်ကလည်းသဘောတူကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက်စလင်းမင်းသား ကြီးမောင်အိုနှင့် မှူးမတ်များက သာယာဝတီ မင်းသားအားလက်နက်ဆင်၍လွှတ်လိုက်လျှင် ပုန်ကန်လိမ့်မည်ဟုကန့်ကွက်ကာ နိုင်ငံ့အရေးတော်ထက် အာဏာရရှိလိုသော ပုဂ္ဂိုလ်ရေးကိုဦးစားပေးခဲ့သည်မှာ စိတ်ပျက်စရာဖြစ်လေသည်။

ဘကြီးတော်လည်းအရိပ်ကိုရန်သူထင်၍ နောက်ဆုံးတွင် မဟာဗန္ဒုလပြန်လာသည် အထိစောင့်ပြီးမှ သွားရောက်တိုက်ရန် အမိန့်ချလိုက်လေသည်။

ထို့ကြောင့်ရခိုင်မှပြန်လာမည့် ဗန္ဒုလကိုစောင့်ရင်း ၅လအထိကြာသွားသဖြင့် ထိုအချိန်တွင်အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံကုန်းတော်တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲ၍ အသာစီးရသွားတော့သည်။ သာယာဝတီမင်း၏တပ်များသည် ရန်ကုန်သို့ချီ၍ ကျိုက်ကလို့ တွင်တပ်ချထားသည်။

အင်္ဂလိပ်တို့က သာယာဝတီ ၏တပ်ကိုဝိုင်းတိုက်သော်လည်း အနိုင်မရခဲ့ချေ။ သာယာဝတီမင်းသားကြီးက အခြေအနေရိပ်စားမိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန်တင်ပြသော်လည်း မောင်အို၊မယ်နုတို့မှလက်မခံပဲ စစ်ကို သာထပ်တိုးတိုက်သည်။

ဗန္ဒုလဓနုဖြူတွင်ကျသွားသဖြင့် အင်္ဂလိပ်တပ်တွေလည်းနေပြည်တော်နှင့် မိုင်(၄၀)သာဝေးသည့် ရန္တပိုရွာသို့ရောက်မှ စစ်ပြေငြိမ်းရေးစာချူပ်ချုပ်ရတော့၏။ နယ်မြေဆုံး၊စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ(1)ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော်မှာ မထွေးနိုင်မအံနိုင် စိတ်ဓာတ်ကျလာကာ စိတ်ကျရောဂါပါ ဝင်လာလေတော့သည်။

ငွေမရှိသဖြင့်မယ်နုက သူပိုင်ပစ္စည်းများထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ်ကိုပေးလေသည်။ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့်စလင်းမင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ညသူတို့မောင်နှမကို သာယာဝတီအပြင်ပြည်သူများက စုန်းမဟုစွပ်စွဲသလို သူတို့ကလည်းသူခိုးဓားပြ လက်ခံ ဟုသာယာဝတီကိုစွပ်စွဲသည်။

မောင်အိုသည်မိမိရဲ့ ဆူးငြှောင့်ခလုတ်ဖြစ်သော သာယာဝတီမင်းကိုရှင်းရန် ဓားပြမှုဖြင့်အမှုဆင်ကာ သာယာဝတီမင်း၏အိမ်ကို လူ(200)ဖြင့်ဝိုင်းလေရာ သာယာဝတီဘက်မှလူများ ခုခံရင်းဧရာဝတီမြစ်ကို ကူး၍ ရွှေဘိုသို့ထွက်ပြေးရှောင်တိမ်းသည်။ မယ်နုတို့ကိုပြည်သူများ မနှစ်သက်သဖြင့် အာဏာသည် သာယာဝတီဘက်သို့ အလိုလိုရောက်သွားသည်။လူသူစုဆောင်းကာ 1837ဖေဖော်ဝါရီလတွင် အင်းဝကိုဝိုင်းသည်။

၂လအကြာတွင်အောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းကိုနန်းချကာ မယ်နုကိုအကျယ်ချုပ် မောင်အို တို့လူစုကို ထောင်ထဲပို့လေသည်။ အရာရာသည်နေ့ချင်းညချင်း ပြောင်းလဲသွားသည်။

မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့်အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့အလိုရှိသမျှ အကုန်ပေးကာ ဘကြီးတော်အားပြန်လည်နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်အား ဘာအကြောင်းမှမပြန်တော့ချေ။

သာယာဝတီမင်းသဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း မောင်အိုတို့နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ်1840ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။ နောက်ဆုံးသာယာဝတီမင်း သည် 12May1840တွင် မယ်နုအားသေဒဏ်ချမည်ကို မင်းမျိုးမင်းနွယ်အဖြစ် အသိအမှတ်ပြုပေးသည့်အနေဖြင့် မဟာဆီမဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့အမိန့်ချသည်။ ဘုန်းရှင် ကံရှင် မယ်နုတစ်ယောက် ကံတရား၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။

မယ်နုလည်းနောက်ဆုံးအနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခုမဟာမုနိဘုရားကြီးအရှေ့ဘက်‌) သို့ ရောက်အောင်ပို့ဆောင်ပေးခဲ့သည်။

မယ်နုကျောင်းသို့ရောက်သောအခါ ဆရာတော်မှာစာကြည့်နေသည်။ မယ်နုမှဆရာတော်အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်းလျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင်တွင်မည့်တရားကို တိုတို တုတ်တုတ်မိန့်တော်မူသည်။

“မိနု၊သူ့ကြွေးရှိရင်ဆပ်ရလိမ့်မည်” ဟုမိန့်ဆိုလိုက်သည်။ မယ်နုလည်းဦးချပြီး ပြန်ဆင်းလာရာလှေ ကားအရောက်တွင် “တော်ပြီ၊ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာကိုးကွယ်လာတာ ဘယ်အခါမှငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။

ဤကဲ့သို့စာကြည့်ရာမှနေ၍ ငါ့ဘက်သို့လှည့်၍ကြည့်သည် ဟူ၍လည်းမရှိ၊ သည်ကနေ့မှပဲငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကိုခေါ်တော် မူတယ်။ ဟောလိုက်တဲ့တရားကလည်း မိနု၊သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။ တော်ပြီ၊သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟုထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင်

အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ညိုးငယ်ခြင်းမရှိဘဲ လိုက်ပါသွားလေတော့သည်။ ဗုဒ္ဓတရားတော်ကို အတိုချုပ်သဘောပေါက်စေသော သာဓကများအနက် မယ်နုသည် ပဉ္စဝဂ္ဂီတို့မှ အငယ်ဆုံးရှင်အဿဇိ၏ “ယေဓမ္မာ”ဂါထာကိုသတိရမိသည်။

ဘုရားရှင်၏တရားဦးနာပြီး ရှင်အဿဇိရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာမှ သူ့အားမေးသည်မှာ

“ငါ့ရှင်၊သင်၏မျက်စိတို့သည် ကြည်လင်ကုန်၏။ အရေအဆင်းလည်း သန့်ရှင်းစင်ကြယ်ကုန်၏။ သင်သည်အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း။ အဘယ်သူကသင်၏ဆရာနည်း၊ အဘယ်သူ၏ တရားကိုနှစ်သက်သနည်း” ရှင်အဿဇိတက “ငါ့ရှင်၊ငါသည် အငယ်သည်သာတည်း။

အဘိဓမ္မာ ကိုအကျယ်အားဖြင့် သင့်အားဟောကြားအံ့သောငှာမတတ်နိုင်။ အကျဉ်းအားဖြင့်သော်ကား အနက်ကို ငါဆိုအံ့” ဟုဆိုကာယေဓမ္မာဂါထာကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား“အကြင်တရားတို့သည် အကြောင်းလျှင်အမှန်ရှိကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားဟော၏။ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းရာလည်းရှိ၏။ ထိုချုပ်ခြင်းကိုလည်း မြတ်စွာဘုရားဟော၏။ ငါ၏ဆရာရဟန်းကြီးသည် ဤသို့အယူဝါဒရှိ၏”

မယ်နုသည်ထိုဂါထာတော်ကိုချင့်ချိန်ပြီး သာယာဝတီမင်းအသက်ကိုရန်ရှာခဲ့၍ သူနှင့်ယှဉ်ပြိုင်ရာသူ အနိူင်ရသည်။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းက လမ်းဟောင်းကိုသာပြန်ရောက်စေသည်။

ဤအကြောင်းတို့ချုပ်ငြိမ်းခြင်းကား ရန်ညိုးရန်စတို့ကိုသင်ပုန်းချေ၍ သူ့အပေါ်တင်ခဲ့သော အကြွေးမြန်မြန်ဆပ်ကာ ကြွေးမြီကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေးတစ်ခု ထူထောင်နိုင်ရန်ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။

သတ္တဝါတိုင်းသူ့ထိုက်သူ့ကံဖြစ်သည်ဆိုလျှင် တစ်နည်းအားဖြင့် ငါ့ထိုက်ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်တရားကား သူမအတွက်တော့ အဖိုးတန်ဆုံးသေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်နုဝမ်းသာသွား ရှာသည်။

ထိုနေ့နေ့လည်ပိုင်းတွင် မယ်နုသည် ဘကြီးတော်အား နောက်ဆုံးသွားရောက်ကန်တော့ နှုတ်ဆက်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ၊ အသက်၊ရာထူး၊စည်းစိမ်၊ နိုင်ငံတော်အရာအားလုံး သူပိုင်ဆိုင်နိုင်သမျှကိုပေး၍ ချစ်ခဲ့သောကြင်ယာတော် ဘကြီးတော်၏ ခြေတော်အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက်များစွာ ခြေဖမိုးတော်ပေါ်ကျလျက် လက်အုပ်ချီကန်တော့ရင်း အရောင်မှိန်မှိန်အဆောင်ရောင်မဲ့ သလွန်ထက်တွင်ထိုင်နေသော နန်းကျဘုရင်လင်တော်မောင်အား နန်းမတော်မယ်နု။

“မောင်တော်ဘုရား၊ နှမတော်ဒီကနေ့ ဘဝပြောင်းရတော့မှာဖြစ်လို့ မောင်တော်ဘုရားကိုနောက်ဆုံး နှုတ်ဆက်ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော်မင်းတရားရဲ့ဘုန်းရိပ်ကို ခိုလှုံစံစားခဲ့တဲ့ နှစ်ကာလများအတွင်း နှမတော်ဘက်ကပြုမိမှားခဲ့တဲ့ အပြစ်ရှိခဲ့ပါရင် ခွင့်လွှတ်သနားတော်မူပါဘုရား”

ဘကြီးတော်သည်သလွန်ပေါ်မှ နန်းမတော်မယ်နု၏ ဆံကေသာကို လက်ဖြင့်အသာအယာထိထားသည်။

အရှုံးများစွာရှုံးပြီးနောက် အချစ်ဆုံးသူကိုသေကွဲ ခွဲ ဆုံးရှုံးရမည့်အချိန်တို့ ဆိုက်ရောက်လာပြီဖြစ် သဖြင့် စိတ်သောကမီးတို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ ပတ်ဝန်းကျင်တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေဝါးသွားစေသည့်မျက်ရည်များ မျက်ဝန်းအိမ်၌ ပြည့်နေသည်။

ဘကြီးတော်သည်မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု၏ ဆံကေသာပေါ် မျက်ရည်များ စီးကျလေတော့သည်။ ရင်၌ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ငိုချလိုက်သည်။ “နှမတော်ရယ်၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှမရှိခဲ့ပါဘူးကွယ်” ဘကြီးတော်၏ချစ်ခြင်းမေတ္တာကား လေးစားစရာ ကောင်းလှသလို ထိုအတွက်နောင်တ တစ်စုံတရာ လည်းမရခဲ့ချေ။

“မောင်တော်ဘုရားရယ်၊ နှမတော်ရဲ့နောက်ဆုံး ဝင်သက်၊ ထွက်သက်မရပ်သွားမှီ နှမတော်ရဲဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော်ဘုရားရဲ့ ကျေးဇူးအထွေထွေအတွက် မောင်တော်ဘုရားရဲ့ ခြေတော်အစုံကိုဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော အစုံအား မျက်နှာနဖူးဆံပင်တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲဝင်လာသည်။

သမီးတော်လေး၏စိတ်တွင် မကောင်းမှုတစ်စုံတခု ကို ခံစားမိနေသဖြင့် မယ်တော်၏ရင်ခွင်တွင်း ပြေး ဝင်ဖက်၍ငိုလေသည်။ “မယ်မယ်ဘုရား၊ သမီးတော် ကလေးကိုပစ်ထားပြီး ဘယ်ကိုသွားနေတာလဲ ဘုရား။ သမီးတော်လေးမှာ လွမ်းလို့သေရတော့မယ် ဘုရား”

“မယ်မယ်ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်းမယ်မယ်ဘုရားလေ အရေးကြီးတဲ့ကိစ္စရှိလို့ ဟိုး…အဝေးကြီးကို ခရီးထွက်ဖို့ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့အတူ လိမ်လိမ်မာမာနေခဲ့နော်။ မယ်ဘုရားစကားကို နားထောင်ပါကွယ်” သားအမိနှစ်ဦးပါးချင်းအပ်ကာ ငိုရင်း

“ဟင့်အင်း၊ဒီတစ်ခါတော့ သမီးတော်လေးကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရားနဲ့လိုက်မှာပဲ” ခမည်းတော်၊မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြြုံပိုကွဲပြီး နောက်တစ်ကြိမ်ပြန်ဆုံခွင့်ဟူသော မျှော်လင့်ချက် ကလေးပင်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့သွားသောကြေကွဲဖွယ်ရာ ချော့သူမရှိငိုပွဲကြီးဖြစ်သည်။

မင်းမှုထမ်း၊ရံရွေတော်တို့ ထိုမြင်ကွင်းကိုမကြည့်ရက်သဖြင့် တံခါးအကွယ်တွင်ကြိတ်ငိုကြသည်။ တာဝန်အရအမရပူရမြို့ဝန်ပင် မျက်ရည်ကျမည်စိုးသဖြင့် အဝေးသို့ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကိုတီးတိုးပြောသည်။ ထိုမင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍ “မိဘုရားကြီး၊ ထွက်ခွာဖို့အချိန်ကျပါပြီလို့ မြို့ဝန်မင်းကပြောပါတယ်၊ နေရာကထပါတော့”

နောက်ထပ်မင်းမှုထမ်းတို့သည် မယ်နုဆီဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။ “မသွားရဘူးမယ်မယ်ဘုရား ဘယ်ကိုမှမသွားရဘူး သွားရင် သမီးတော်လေးလည်းလိုက်မှာပဲ” ဟုတစာစာအော်ဟစ်နေရာ မယ်နု၏နားများအတွင်းပဲ့တင်ထပ်ကာ တဖြည်းဖြည်းဝေးသွားလေတော့သည်။ ကြေးတိုက်မှလာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။

နေလုံးကြီးသည်ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ် နိမ့်ဆင်း သွားသည်။ မယ်နုကိုတင်လာသော လှည်းပတောင်းမြည်သံကိုကြားသော် အနီးရှိဘုန်းကြီးကျောင်းခွေးများအူကြသည်မှာ ကံကြမ္မာဆိုးအတွက် မြည်သံများဖြစ်နေသည်။ တောင်သမန်အင်းရေပြင်အနီးသို့ရောက်သော် အာဏာပကွက်သားတို့သည် နန်းမတော်မယ်နုအား ခဲထည့်ထားသောရွှေနားကွတ် ကတ္တီပါအိတ်နီတွင်ထည့်၍ ပိတ်ပြီးရေပြင်သို့ပြစ်ချလိုက်သည်။

မြှပ်မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန်အင်းရေပြင်ပေါ်တွင် ရေပွက်ကလေး တစ်ပွက်နှစ်ပွက်ထလာပြီး ရေပြင်မှာပြကတိပြန်ငြိမ််သွားပြီး လေပြေညင်းကလေး ရေပြင်ထက်မှ ဖြတ်သန်းတိုက်ခတ်သွားသည်။ နန်းမတော်မယ်နု၏ နောက်ဆုံးထွက်သက် ရေပွက်ကလေးမဟုတ်ပါလော။

ကုန်းဘောင်ခေတ်၏မွန်းတည့်ချိန် ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်းထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝသည်မည်သည့်အရာမျှ ကြာရှည်မတည်မြဲဘဲ တစ်ခဏအချိန်တွင်းသာ ရှိသည်ကို နန်းမတော်မယ်နုကသူမ၏ နောက်ဆုံး ထွက်သက်ရေပွက်ကလေးအချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာပေးသွားခဲ့သည် မဟုတ်ပါလော။

Credit to original Uploader

Categories
သမိုင်း

နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တန်ကျောက်စိမ်းတုံးကြီးအကြောင်း တစေ့တစောင်း

Zawgyi

နာမည္ႀကီးခဲ့တဲ့ ျမန္မာႏိုင္ငံက ျပည္တန္ေက်ာက္စိမ္းတုံးႀကီးအေၾကာင္း တေစ့တေစာင္း

ဗိုလ္ခ်ဳပ္ေန၀င္း ေခတ္တုန္းက ျမန္မာႏိုင္ငံထြက္ ေက်ာက္စိမ္းတုံးႀကီးကို ျမန္မာႏိုင္ငံ ဗဟိုၿမိဳ႕ေတာ္ ရန္ကုန္သို႔ မီးရထားျဖင့္ သယ္ေဆာင္လာစဥ္ ေပ်ာက္ကြယ္သြားေသာ ျပည္တန္ ေက်ာက္စိမ္းတုံးႀကီး ျဖစ္ေလသည္။

ထိုအခ်ိန္တုန္းက ေပ်ာက္သြားေသာေက်ာက္စိမ္းတုံးကို ဘာသတင္းမွ မထုတ္ပဲ ဘယ္နား ေရာက္သြားမွန္းလည္း မသိ ဘယ္သူေတြက လာခိုးသြားလည္း မသိ ဘယ္ႏိုင္ငံကိုေရာင္းစားလိုက္တာလည္း ဆိုတာလည္း မသိခဲ့ၾကေပ။

မ်က္စိပိတ္ နားပိတ္ ေခတ္တြင္ ျမန္မာ တစ္ႏိုင္ငံလုံး အဲ့လို ခံၾကရေပသည္။ ေက်ာင္းစိမ္းတုံးႀကီးသည္ အလ်ား ၂၈ ေပ အနံ ၁၁ ရွိေသာ ေက်ာက္စိမ္းတုံးႀကီးသာ ျဖစ္သည္။

အဲ့ေခတ္တုန္းက ေပ်ာက္သြားတဲ့ ေက်ာက္စိမ္း ဟာ ဘယ္ေလာက္တန္ဖိုးရွိတယ္ ဆိုတာ သင္စဥ္းစားၾကည့္ပါ။

က်ေနာ္တို႔ ႏိုင္ငံမွာသာမက ကမာၻမွာေတာင္ ရွာရတာ ဘယ္ေလာက္ထိခက္ခဲတယ္ ဆိုတာ သူတို႔မွာ မသိရွာက်ေပ။

ဒီလို ေက်ာက္စိမ္းတုံးဟာ ျပည္ေတာင္တန္တယ္ဆိုတာ က်ေနာ္တို႔မွတ္ထားဖို႔ေတာ့ သိပ္လိုတယ္။

ေဖာ္ျပပါ ဓါတ္ပုံထဲမွ ေက်ာက္စိမ္းတုံးႀကီး မဟုတ္ပါ။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Unicode

နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တန်ကျောက်စိမ်းတုံးကြီးအကြောင်း တစေ့တစောင်း

ဗိုလ်ချုပ်နေ၀င်း ခေတ်တုန်းက မြန်မာနိုင်ငံထွက် ကျောက်စိမ်းတုံးကြီးကို မြန်မာနိုင်ငံ ဗဟိုမြို့တော် ရန်ကုန်သို့ မီးရထားဖြင့် သယ်ဆောင်လာစဉ် ပျောက်ကွယ်သွားသော ပြည်တန် ကျောက်စိမ်းတုံးကြီး ဖြစ်လေသည်။

ထိုအချိန်တုန်းက ပျောက်သွားသောကျောက်စိမ်းတုံးကို ဘာသတင်းမှ မထုတ်ပဲ ဘယ်နား ရောက်သွားမှန်းလည်း မသိ ဘယ်သူတွေက လာခိုးသွားလည်း မသိ ဘယ်နိုင်ငံကိုရောင်းစားလိုက်တာလည်း ဆိုတာလည်း မသိခဲ့ကြပေ။

မျက်စိပိတ် နားပိတ် ခေတ်တွင် မြန်မာ တစ်နိုင်ငံလုံး အဲ့လို ခံကြရပေသည်။ ကျောင်းစိမ်းတုံးကြီးသည် အလျား ၂၈ ပေ အနံ ၁၁ ရှိသော ကျောက်စိမ်းတုံးကြီးသာ ဖြစ်သည်။

အဲ့ခေတ်တုန်းက ပျောက်သွားတဲ့ ကျောက်စိမ်း ဟာ ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ သင်စဉ်းစားကြည့်ပါ။

ကျနော်တို့ နိုင်ငံမှာသာမက ကမ္ဘာမှာတောင် ရှာရတာ ဘယ်လောက်ထိခက်ခဲတယ် ဆိုတာ သူတို့မှာ မသိရှာကျပေ။

ဒီလို ကျောက်စိမ်းတုံးဟာ ပြည်တောင်တန်တယ်ဆိုတာ ကျနော်တို့မှတ်ထားဖို့တော့ သိပ်လိုတယ်။

ဖော်ပြပါ ဓါတ်ပုံထဲမှ ကျောက်စိမ်းတုံးကြီး မဟုတ်ပါ။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

Categories
သမိုင်း

ကမ္ဘာကျော် အဆောက်အအုံကြီးများထဲမှ အပြီးသတ် မတည်ဆောက်နိုင်ခဲ့သည့် အဆောက်အဦး (၁၀)ခု

Zawgyi

ကမာၻေက်ာ္ အေဆာက္အအုံႀကီးမ်ားထဲမွ အၿပီးသတ္ မတည္ေဆာက္ႏိုင္ခဲ့သည့္ အေဆာက္အဦး (၁၀)ခု

ကမာၻေက်ာ္ အထိမ္းအမွတ္ အေဆာက္အအုံ တစ္ခုကို တည္ေဆာက္ႏိုင္ရန္ ေငြေၾကးေဒၚလာသန္းေပါင္းမ်ားစြာ အကုန္အက်ခံ၍ ႏွစ္ကာလၾကာရွည္စြာ အခက္အခဲမ်ားကို ရင္ဆိုင္ၾကရသည္။ အစြမ္းကုန္ အားထုတ္ၾကသည့္တိုင္ တစ္ခါတစ္ရံတြင္ အထိမ္းအမွတ္ အေဆာက္အအုံမ်ားကို ၿပီးစီးေအာင္ မတည္ေဆာက္ႏိုင္ခဲ့ျခင္းမ်ားလည္း ရွိခဲ့သည္။

လူအင္အား မလုံေလာက္ျခင္း၊ ေငြေၾကး မျပည့္စုံျခင္း၊ တည္ေဆာက္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္စဥ္ ေသဆုံးမႈမ်ား ျဖစ္ပြားျခင္းတို႔သည္ အေဆာက္အအုံအၿပီး မသတ္ႏိုင္ျခင္း အေၾကာင္းမ်ားတြင္ ပါဝင္ႏိုင္ဖြယ္ ရွိေပသည္။ သို႔ေသာ္ ကမာၻေပၚတြင္ ရွိေနသည့္ အၿပီးမသတ္ခဲ့ေသာ အေဆာက္အအုံအခ်ိဳ႕သည္ ေနာက္ဆုံးတည္ေဆာက္ခဲ့သည့္ အေနအထားအတိုင္း လွပစြာက်န္ရွိေနၾကကာ လူအမ်ား သြား ေရာက္ လည္ပတ္ၾကသည့္ ေနရာမ်ားျဖစ္လာခဲ့ၾကသည္။

ယင္းတို႔အနက္ ေအာက္တြင္ ေဖာ္ျပမည့္ အေဆာက္အအုံမ်ားသည္ အထင္ရွားဆုံး ျဖစ္ေပသည္။

၁။ ခေရဇီ ေဟာက္စ္ ၊ အေမရိကန္ျပည္ေထာင္စု ( Crazy Horse Memorial)

ကမာၻလွည့္ ခရီးသြားအမ်ားစုသည္ ႀကီးမားေသာ ေက်ာက္ေတာင္ထြင္း႐ုပ္ထုမ်ားအေၾကာင္း ေျပာၾကလွ်င္ ဒါကိုတာျပည္နယ္ ေတာင္ပိုင္းမွ Mount Rushmore ကို သတိရေလ့ရွိၾကသည္။ သို႔ေသာ္ ယင္းျပည္နယ္မွာပင္ အၿပီးအစီးသာ ထုလုပ္ခဲ့ပါက Mount Rushmore အပုစားေလးဟုဆိုႏိုင္မည့္ အျခားေသာ ေက်ာက္ေတာင္ပန္းပု႐ုပ္ ရွိသည္။

ယင္းေနရာသည္ အနက္ေရာင္ေတာင္တန္းမ်ားေပၚတြင္ တည္ရွိေနသည့္ Crazy Horse Memorial ျဖစ္သည္။ ယင္း႐ုပ္ထုစီမံကိန္းကို ၁၉၄၈ ခုႏွစ္တြင္ ပန္းပုဆရာ Korczak Ziolkowski က စတင္ခဲ့ကာ သူကြယ္လြန္သည့္ ၁၉၈၂ ခုႏွစ္အထိ ထုလုပ္ခဲ့သည္။ Oglala Lakota အႀကီးအကဲက ပန္းပုဆရာအား ေျမာက္အေမရိက ဌာေနသားမ်ားကို ဂုဏ္ျပဳသည့္ အ႐ုပ္တစ္ခု ထုလုပ္ေပးရန္ ဖိတ္ ေခၚခဲ့သည္။

႐ုပ္ထုသည္ လာကိုတာ ေခါင္းေဆာင္ Crazy Horse ကို ကိုယ္စားျပဳရန္ ျဖစ္ကာ ၁၉၉၀ ျပည့္ႏွစ္တြင္ Crazy Horse ၏ ဦးေခါင္းပိုင္းကို အနက္ေရာင္ေတာင္တန္းမ်ားတြင္ လူသိမ်ားလာခဲ့သည္။ ႐ုပ္ထုကို ထုလုပ္ခဲ့စဥ္က ၂၂ ထပ္ တိုက္တစ္လုံး အ႐ြယ္ရွိသည့္ ဦးေခါင္းပိုင္းကိုသာ အခ်ိန္အမ်ားဆုံး ထုလုပ္ခဲ့ကာ ႏွစ္ေပါင္း ၇၀ အတြင္း ေက်ာက္ေတာင္မွ တန္ခ်ိန္သန္းေပါင္းမ်ားစြာေသာ ေက်ာက္တုံးမ်ားကို ေဖာက္ခြဲ၍ ဆြဲထုတ္ခဲ့ၾကသည္။

Crazy Horse Memorial ကို အၿပီးသတ္သည္အထိ ထုလုပ္ႏိုင္ခဲ့ပါက ၆၄ ထပ္တိုက္ တစ္လုံး အ႐ြယ္ရွိ မည္ျဖစ္ကာ မ်က္လုံးမ်ားသည္ ၁၇ ေပ က်ယ္ဝန္းမည္ ျဖစ္သည္။ Crazy Horse Memorial ႐ုပ္ထုစီမံကိန္းကို ဝင္ေၾကးႏွင့္ အလႉေငြမ်ားအေပၚတြင္သာ မွီခိုခဲ့ကာ ႐ုပ္ထု၏ လက္ကို ထုလုပ္ျခင္း ၿပီးစီးရန္ပင္ ႏွစ္အတန္ၾကာ အခ်ိန္ယူရမည္ ျဖစ္သည္။

၂။ ဟာဆန္ ေမွ်ာ္စင္ ၊ ေမာ္႐ိုကို ( Hassan Tower )

Tour Hassan ဟု ထင္ရွားသည့္ဟာဆန္ေမွ်ာ္စင္သည္ ေမာ္႐ိုကိုႏိုင္ငံ ၿမိဳ႕ေတာ္၊ ရာဘက္တြင္ တည္ရွိသည့္ႀကီးမားေသာ ဗလီေမွ်ာ္စင္ႀကီးျဖစ္သည္။ ၁၂ ရာစုတြင္ ရာကြတ္ အယ္လ္ မန္ဆာ၏ အမိန႔္ျဖင့္ တည္ေဆာက္ခဲ့သည့္ ယင္းအေဆာက္အအုံ စီမံကိန္းသည္ ကမာၻေပၚတြင္ အျမင့္ဆုံး ဗလီ ေမွ်ာ္စင္ျဖစ္ကာ တည္ေဆာက္ ၿပီးစီးခဲ့ပါက ယင္းဗလီသည္ ကမာၻေပၚတြင္ အႀကီးဆုံး အစၥလာမ္ဘာသာဝင္တို႔ ဝတ္ျပဳသည့္ အေဆာက္အအုံ ျဖစ္လာမည္ျဖစ္သည္။

ဗလီ ေဆာက္လုပ္ေရး စီမံကိန္းသည္ ဘုရင္ ရာကြတ္ အယ္လ္ မန္ဆာ ကြယ္လြန္ၿပီး ေလးႏွစ္အၾကာတြင္ ရပ္တန႔္ သြားခဲ့သည္။ ႀကီးမားေသာ ဗလီ ႀကီးသည္ ရာဘက္ ၿမိဳ႕ေတာ္ အသစ္၏ အလယ္၌ အလွျပ အေဆာက္အအုံ တစ္ခုအျဖစ္ က်န္ရွိေနခဲ့ကာ စူလတန္ဘုရင္က စပိန္မ်ားအေပၚ ေအာင္ႏိုင္ခဲ့သည့္ အထိမ္းအမွတ္ပြဲကို ယင္းေနရာတြင္က်င္းပခဲ့သည္။

လက္ရွိ ျမင္ေတြ႕ေနရသည့္ ဗလီေမွ်ာ္စင္သည္ ၄၄ မီတာ (၁၄၄ ေပ) ျမင့္ကာ ေဆာက္လုပ္ရန္ ရည္႐ြယ္ခဲ့သည့္ အျမင့္၏ ထက္ဝက္ေက်ာ္ ျဖစ္သည္။ ေက်ာက္ျဖဴသားၾကမ္းခင္းေပၚတြင္ ျပန႔္ႀကဲတည္ရွိေနသည့္ တိုင္လုံးမ်ားသည္ အေရအတြက္၂၀၀ ေက်ာ္ ရွိသျဖင့္ အေဆာက္အအုံသာ ၿပီးစီးခဲ့ပါက မည္မွ်ႀကီးမားမည္ကို ေဖာ္ၫႊန္းလ်က္ရွိေနကာ တစ္ခ်ိန္တည္းမွာပင္ဘုရားဝတ္ျပဳသူ ၂၀၀၀၀ ကို လက္ခံႏိုင္မည့္ အက်ယ္အဝန္း ျဖစ္သည္။ ဟာဆန္ေမွ်ာ္စင္သည္ ၂၀၁၂ ခုႏွစ္တြင္ ယူနက္စ္ကိုအဖြဲ႕က သတ္မွတ္သည့္ ကမာၻ႔ အေမြအႏွစ္ ျဖစ္လာခဲ့သည္။

၃။ စိန႔္ဂြၽန္း ကက္သယ္ဒရယ္ ၊ အေမရိကန္ျပည္ေထာင္စု ( Cathedral Of St. John The Divine )

ကမာၻေပၚတြင္ တည္ေဆာက္မႈ မၿပီးစီးခဲ့သည့္ အႀကီးဆုံးႏွင့္ လက္ရာအေျပာင္ေျမာက္ဆုံး ခရစ္ယန္ဘုရားေက်ာင္းသည္ စိန႔္ဂြၽန္း ကက္သယ္ဒရယ္ ျဖစ္သည္။ ၁၉၂၁ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည့္ လမ္းၫႊန္စာအုပ္အရ ယင္းဘုရားေက်ာင္း ၿပီးစီးရန္ ေဂါသစ္လက္ရာ တည္ေဆာက္ပုံ နည္းစနစ္မ်ားႏွင့္ ေငြေၾကး ေထာက္ပံ့မႈ မျပည့္စုံမႈေၾကာင့္ ႏွစ္ ၇၀၀ တည္ေဆာက္ရမည္ဟု ဆိုသည္။

ခရစ္ယာန္ ဘုန္းေတာ္ႀကီး Horatio Potter က ဘုရားေက်ာင္းႀကီး စတင္တည္ေဆာက္ႏိုင္ရန္ ကူညီေဆာင္႐ြက္ခဲ့ကာ ၁၈၈၇ ခုႏွစ္တြင္ သူကြယ္လြန္ခ်ိန္အထိ တည္ေဆာက္မႈမ်ားကို မစတင္ႏိုင္ခဲ့ေခ်။ ဘုန္းေတာ္ႀကီး၏ တူျဖစ္သူ Henry Codman Potter က ဘုရားေက်ာင္းကို တစ္ဦးတည္း ေငြေၾကးေထာက္ပံ့မႈျဖင့္ေဆာက္လုပ္ရန္ စီစဥ္ခဲ့ကာ ၁၃ ဧကက်ယ္ဝန္းသည့္ ေျမေနရာကို ဝယ္ယူခဲ့သည္။

၁၈၉၂ ခုႏွစ္တြင္ အေဆာက္အအုံကို ပႏၷက္ခ်ခဲ့ၿပီး ၁၈၉၉ ခုႏွစ္တြင္ တည္ေဆာက္ေရး လုပ္ငန္းမ်ားကို ပထမဆုံး စတင္ခဲ့သည္။ ၁၉၁၆ ခုႏွစ္တြင္ ဘုရားေက်ာင္း အလယ္ပိုင္း Nave ေနရာကို ပႏၷက္ခ်ခဲ့သည္။ စိန႔္ဂြၽန္း ကက္သယ္ဒရယ္သည္ နယူးေယာက္ၿမိဳ႕ေတာ္ ၊ အမ္စတာဒမ္ ရိပ္သာလမ္းတြင္ တည္ရွိကာ ယခုအခါ သက္တမ္း ႏွစ္ ၁၀၀ ေက်ာ္ခဲ့ၿပီျဖစ္သည္။

လာမည့္ ဆယ္စုႏွစ္မ်ားတြင္ အေဆာက္ အအုံေဟာင္းႀကီးကို ဆက္လက္ တည္ေဆာက္မည္ဟု ဆိုေသာ္လည္း နည္းလမ္းေပါင္းစုံျဖင့္ေဆာင္႐ြက္ရမည့္ ရံပုံေငြ ေကာက္ခံရရွိမႈအေပၚ မူတည္ေနသျဖင့္ မည္သည့္ အခ်ိန္တြင္ ၿပီးဆုံးမည္ ဆိုသည့္ အခ်ိန္ဇယားကို ေရးဆြဲႏိုင္ျခင္းမရွိေခ်။

၄။ တာကီယို ၊ ကေမာၻဒီးယား ( Ta Keo )

တာကီယိုသည္ ကမာၻေက်ာ္ ေရွးေဟာင္း ၿမိဳ႕ေတာ္အန္ေကာဝပ္တြင္ တည္ရွိသည့္ ေတာင္ပုံသဏၭာန္ ဘုရားေက်ာင္းတစ္ခု ျဖစ္သည္။ပိရမစ္ပုံစံ ျပဳလုပ္ထားသည့္ ဘုရားေက်ာင္း အထြတ္ေမွ်ာ္စင္ ငါးခု ထည့္သြင္း ထည့္ေဆာက္ထားသည့္ တာကီယိုသည္ တည္ေဆာက္ခဲ့သမွ် ဘုရား ေက်ာင္းမ်ားတြင္ အႀကီးဆုံးျဖစ္ႏိုင္ဖြယ္ရွိကာ တည္ေဆာက္မႈ အၿပီး မသတ္ခဲ့သည့္ အေဆာက္အအုံ တစ္ခု ျဖစ္ သည္။

တာကီယို သည္ ၿပီးစီးေအာင္ မတည္ေဆာက္ႏိုင္ခဲ့သည့္တိုင္ ေဝးလံေသာ ေနရာမွ ပင္ ျမင္ေတြ႕ရသည့္ ႀကီးမားေသာ အေဆာက္အအုံျဖစ္သည္။ ပင္မ အေဆာက္အအုံသည္ ျမင့္မားေသာ ေမွ်ာ္စင္ ငါးခုျဖစ္ကာ ေနာက္ဆုံး ပိရမစ္ေမွ်ာ္စင္သည္ ဒုတိယ ပစၥယံ အဆင့္ထက္ ၁၄ မီတာ (၄၆ ေပ) ပိုမို ျမင့္မားသည္။

ေမွ်ာ္စင္တိုင္ငါးခု အနက္ ေလးခုကို ေထာင့္ေလးေထာင့္တြင္ တစ္ခုစီထား၍ က်န္တစ္ခုကို အလယ္တြင္ထားကာ ျပင္ပနံရံမ်ားကို က်ဳံးတစ္ခုက ဝန္းရံထားသည္။ ႀကီးမားသည့္ အထိမ္းအမွတ္ အေဆာက္အအုံကိုသဲေက်ာက္တုံးမ်ားျဖင့္ တည္ေဆာက္ခဲ့ကာ အၿပီး မသတ္ႏိုင္ခဲ့သည့္ အေၾကာင္းရင္းကိုမည္သူမွ် မသိၾကေခ်။ ဘုရားေက်ာင္းမွ တူးေဖာ္ေတြ႕ရွိခဲ့သည့္ ေက်ာက္စာတြင္ ဘုရားေက်ာင္းကို မိုးႀကိဳး ပစ္ခံရၿပီးေနာက္ တည္ေဆာက္မႈမ်ားကို ရပ္တန႔္ခဲ့သည္ဟု ဆိုသည္။

ဘုရားေက်ာင္းကို မိုးႀကိဳး ထိမွန္ျခင္းသည္ မေကာင္းေသာ နိမိတ္ဟု ယူဆခဲ့ၾကသည္။ ကြၽမ္းက်င္သူ အခ်ိဳ႕ကကေလးဘုရင္ Jayavarman V က သူ၏ ဘုရင့္အာဏာကို ထိန္းသိမ္းရန္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ အေဆာက္အအုံ တည္ေဆာက္မႈ အၿပီးမသတ္ခဲ့ဟု ယုံၾကည္ၾကသည္။ အၿပီး မသတ္ခဲ့သည့္တိုင္ တာကီယိုသည္ ထူးျခားေသာ ျမင္ကြင္းတစ္ခုအျဖစ္ တည္ရွိေနေပသည္။

၅။ နီဖာရီဖရီ ပိရမစ္ ၊ အီဂ်စ္ ( Pyramid Of Neferefre )

ေရွးေဟာင္းအီဂ်စ္ဖာ႐ိုဘုရင္တစ္ပါးျဖစ္သည့္ နီဖာရီဖရီသည္ အဘူဆာ၏ ေရွးသခ်ႋဳင္းႀကီး (Necropolis) တြင္ အလြန္ႀကီးမားေသာ ပိရမစ္ တစ္လုံးကို တည္ေဆာက္ခဲ့ကာ ပိရမစ္မၿပီးဆုံးမီ ဖာ႐ိုကြယ္လြန္ခဲ့ သျဖင့္ မာစတာဘာ (Mastabe) ဂူႏွင့္ သခ်ႋဳင္းဗိမာန္တစ္ခုအျဖစ္ ေျပာင္းလဲခဲ့သည္။

ပိရမစ္ႀကီးကို ေအာက္ေျခကို Sahure ပိရမစ္အ႐ြယ္ နီးပါး တည္ေဆာက္ခဲ့ကာ ပိရမစ္ တည္ ေဆာက္သူမ်ားက ပိရမစ္ႀကီး၏ ေအာက္ေျခ အလယ္တြင္ က်င္းတစ္ခုကို တူးခဲ့သည္။ ယင္းက်င္းသည္ အေလာင္းထားရွိမည့္ ဂူဗိမာန္ေနရာ ျဖစ္သည္။ ပိရမစ္၏ ဝင္ေပါက္စႀကံကို ေျမာက္ဘက္ျခမ္းတြင္ တည္ေဆာက္ထားၿပီး ကတုတ္က်င္း ေျမာင္းရွည္တစ္ခုကို ဝင္ေပါက္မွ က်င္းထိပ္အထိ တူးခဲ့သည္။

ယင္းေနရာမွ ဖာ႐ို၏ ႐ုပ္ႂကြင္း အစိတ္ အပိုင္းအခ်ိဳ႕ကို ခႏၶာကိုယ္မွ ေတြ႕ရွိခဲ့သည္။ ယင္းတို႔ကို ၾကည့္၍ ဖာ႐ိုသည္ အသက္ ၂၂ ႏွစ္ သို႔မဟုတ္ ၂၃ ႏွစ္ တြင္ ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပႏိုင္ခဲ့သည္။ ပိရမစ္၏ အတြင္းပိုင္းသို႔ သြားသည့္ အထစ္ တစ္ခုတည္ေဆာက္မႈ ၿပီးဆုံးခဲ့ကာ ဂူတစ္လုံး အသြင္ ပုံေပၚလာခဲ့သည္။ သခ်ႋဳင္းဂူဗိမာန္ တည္ေဆာက္မႈသည္ အဆင့္ သုံးဆင့္အထိ ၿပီးစီးခဲ့ကာ အမိုးပြင့္ ခန္းမတစ္ေဆာင္ႏွင့္ ခန္းမ ေဆာင္သုံးခု ပါဝင္သည္။

၆။ စေကာ့တလန္ အမ်ိဳးသား အေဆာက္အအုံ ၊စေကာ့တလန္ ( National Monument Of Scotland )

စေကာ့တလန္ ႏိုင္ငံ၏ အမ်ိဳးသား အေဆာက္အအုံသည္ အီဒင္ဘာ့ခ္ၿမိဳ႕ရွိ ကာလ္တန္ေတာင္ထိပ္တြင္ ျမင့္မားစြာ တည္ရွိေနသည္။ ယင္းအေဆာက္အအုံသည္ အမ်ားေမွ်ာ္လင့္ခဲ့သည့္ အမ်ိဳးသား ရတနာ ပစၥည္းတစ္ခုထက္ စေကာ့တလန္၏ ရွက္ဖြယ္ အေဆာက္အအုံတစ္ခုဟု မၾကာခဏ ရည္ၫႊန္း ေျပာဆိုခဲ့ၾကသည္။

တည္ေဆာက္မႈ မၿပီးဆုံးခဲ့သည့္ ယင္းအေဆာက္အအုံကို အရွက္ရဖြယ္ တစ္ခုဟု ဆိုခဲ့ၾကသည္။ ယင္း အေဆာက္အအုံသည္ နပိုလီယံစစ္ပြဲကာလအတြင္း က်ဆုံးခဲ့သည့္ စစ္သားမ်ားႏွင့္ ေသဆုံးခဲ့သည့္ သေဘၤာသားမ်ားအတြက္ အထိမ္းအမွတ္ တစ္ခုအျဖစ္က်န္ရွိေနကာ တည္ေဆာက္မႈကား မည္သည့္ အခါမွ အၿပီးသတ္မည္ မဟုတ္ေခ်။

အေဆာက္အအုံ၏ ေအာက္ခံပႏၷက္ကို ၁၈၂၄ ခုတြင္ ခ်ခဲ့သည္။ သို႔ေသာ္ ၁၈၂၉ ခုႏွစ္တြင္ ျပည္သူမ်ား၏ ေငြေၾကး ေထာက္ပံ့မႈ ျပတ္လတ္ခဲ့သျဖင့္ တည္ေဆာက္မႈ လုပ္ငန္းမ်ား လ်င္ျမန္စြာ ရပ္ ဆိုင္းခဲ့သည္။ အေဆာက္အအုံႀကီး အၿပီးသတ္ႏိုင္ရန္ ႀကိဳးပမ္းမႈမ်ားစြာ ရွိခဲ့သည့္တိုင္ ယခုတိုင္ အၿပီးမသတ္ႏိုင္ခဲ့ေခ်။ၿပီးျပည့္စုံသည္ အထိသာ တည္ေဆာက္ႏိုင္ခဲ့မည္ ဆိုလွ်င္ စေကာ့တလန္ အမ်ိဳးသား အေဆာက္အအုံသည္ ဂရိႏိုင္ငံေအသင္ၿမိဳ႕ရွိ ပင္သာႏြန္ႏွင့္ တူညီမည္ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ တိုင္ ၁၂ တိုင္ကိုသာ ျမင္ေတြ႕ၾကရေပသည္။

၇။ လာဆာဂရာဒါ ဖမ္မလီယာ ၊ စပိန္ ( La Sagrada Familia )

သဘာဝတရားႏွင့္ ယုံၾကည္ကိုးကြယ္မႈကို လႈံ႕ေဆာ္ေနသည့္ လာဆာဂရာဒါ ဖမ္မလီယာ အေဆာက္အအုံကို ၁၈၈၂ ခုႏွစ္ကတည္းက စတင္တည္ေဆာက္ခဲ့သည္။ တိုင္လုံး ႏွစ္တန္း ပါရွိသည့္ အမိုးခုံး ဘုရားေက်ာင္း (Basilica) တည္ေဆာက္မႈသည္ ၇၀ ရာခိုင္ႏႈန္း ၿပီးစီးခဲ့ၿပီးေနာက္ ရပ္တန႔္သြားခဲ့ကာ ဗဟိုေမွ်ာ္စင္ႀကီး ေျခာက္လုံးကိုသာ ဆက္လက္ တည္ေဆာက္ခဲ့သည္။ ႏွစ္ ၁၃၀ ၾကာ တည္ေဆာက္ခဲ့သည့္ လာဆာဂရာဒါ ဖမ္မလီယာ သည္ အၿပီး မသတ္ဘဲ က်န္ရွိေနခဲ့သည္။

စပိန္ႏိုင္ငံ၊ ဘာစီလိုနာၿမိဳ႕ရွိ ႐ိုမန္ကက္သလစ္ ေက်ာင္းေတာ္ႀကီး တစ္ခုျဖစ္သည့္ လာဆာဂရာဒါ ဖမ္မလီယာ၏ တည္ေဆာက္မႈ ကုန္က်စရိတ္ကို မတြက္ခ်က္ႏိုင္ေတာ့ေခ်။သို႔ေသာ္ ေက်ာင္းႀကီး၏ ႏွစ္စဥ္ ရံပုံေငြသည္ အေမရိကန္ ေဒၚလာ ၂၇ သန္းရွိၿပီး ယင္းေငြမ်ားသည္ဘုရားေက်ာင္း ဝင္ေၾကးမ်ားႏွင့္ အလႉေငြမ်ား ျဖစ္သည္။

လာဆာဂရာဒါ ဖမ္မလီယာ၏ အသစ္ေဆာက္လုပ္မည့္ အျမင့္ဆုံးေမွ်ာ္စင္တိုင္ သည္ ၅၆၄ ေပ ျမင့္မည္ ျဖစ္သျဖင့္ ဥေရာပတိုက္တြင္ အျမင့္ဆုံး ဘာသာေရး အေဆာက္အအုံတစ္ခု ျဖစ္လာမည္ျဖစ္သည္။ အၿပီး မသတ္ခဲ့သည့္ လာဆာဂရာဒါ ဖမ္မလီယာကို ၂၀၂၆ ခုႏွစ္တြင္ အၿပီး တည္ ေဆာက္ရန္ စီစဥ္ထားကာ အလွဆင္ လုပ္ငန္းမ်ားအတြက္ ေနာက္ထပ္ အခ်ိန္ယူရမည္ ျဖစ္သည္။

၈။ ဘာရာကာမန္ ၊ အိႏၵိယ ( Bara Kaman )

ဘာရာကာမန္သည္ အိႏၵိယႏိုင္ငံရွိ ဝိဇယပုရ ေခၚ ဘိဂ်ပါ မင္းဆက္မွ ရွစ္ဆက္ေျမာက္ ဘုရင္ျဖစ္သူ ဒုတိယေျမာက္အလီ အေဒးလ္ရွား၏ ဂူဗိမာန္ျဖစ္ၿပီး တည္ေဆာက္မႈ အၿပီးမသတ္ခဲ့သည့္ အေဆာက္အဦ တစ္လုံးျဖစ္သည္။ မုခ္ခုံး ၁၂ ခုဟု အဓိပၸာယ္ရွိသည့္ ဘာရာကာမန္ကို ျမင္သမွ် ဂူဗိမာန္မ်ားထက္ ပိုမို လွပ၊ ႀကီးမားစြာ တည္ေဆာက္ရန္ ရည္႐ြယ္ခဲ့ကာ ေထာင္လိုက္ ႏွင့္ အလ်ားလိုက္ ခုံး ၁၂ တိုင္က အလီ အေဒးလ္ရွား၏ ဂူကို ဝန္းရံေနသည့္ပုံ တည္ေဆာက္ရန္ စီစဥ္ခဲ့သည္။

ဘာရာကာမန္ကို ၁၆၇၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ကာ အေဆာက္အအုံ မၿပီးစီးမီ အလီ အေဒးလ္ရွားသည္ ဖခင္ျဖစ္သူ၏ သတ္ျဖတ္ျခင္းေၾကာင့္ ကြယ္လြန္ခဲ့သည္။ ေျပာ႐ိုးစကားမ်ားအရ အေဆာက္အအုံ တည္ေဆာက္ၿပီးစီးပါက ဘာရာကာမန္၏ အရိပ္သည္ Gol Gumbaz (မင္းဆက္ကို တည္ေထာင္သူ အေဒးလ္ရွားဘုရင္၏ ဂူဗိမာန္) ေပၚသို႔ တစ္ဝက္ေက်ာ္ က်ေရာက္ေနမည္ကို မလိုလားသည့္ ဖခင္ျဖစ္သူက သားျဖစ္သူဘုရင္ အလီ အေဒးလ္ရွားကို အေဆာက္အဦ မၿပီးစီးေစရန္ သတ္ျဖတ္ခဲ့သည္ဟု ဆိုၾကသည္။

အိႏၵိယႏိုင္ငံ ေရွးေဟာင္းသုေတသန ဌာနက ဘာရာကာမန္ ကို ထိန္းသိမ္းေစာင့္ေရွာက္ထားသည္။ ဘာရာကာမန္ေရွ႕ရွိ ပန္းဥယ်ာဥ္ကိုလည္း ေကာင္းစြာ ထိန္းသိမ္းျပဳျပင္ ထားကာ လာေရာက္လည္ပတ္ၾကသူမ်ားသည္ ဂူဗိမာန္တြင္ တည္ေဆာက္ထားသည့္ မုခ္ခုံးႏွင့္ တိုင္ မ်ား၏ ဗိသုကာ အစြမ္းကို ခံစားႏိုင္ၾကေပသည္။

၉။ ႐ြိဳင္႐ုေရာင္း ဟိုတယ္ ၊ ေျမာက္ကိုရီးယား ( Ryugyong Hotel )

ေျမာက္ကိုရီးယား ႏိုင္ငံရွိ ႐ြိဳင္႐ုေရာင္း ဟိုတယ္ကို ၁၉၈၉ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ရန္ လ်ာထားခဲ့ေသာ္လည္း တိုတယ္ တည္ေဆာက္မႈသည္ ယေန႔တိုင္ မၿပီးစီးခဲ့ေခ်။ တည္ေဆာက္မႈသာ ၿပီးစီးခဲ့ပါက ႐ြိဳင္႐ုေရာင္း သည္ ထိုစဥ္က ကမာၻတြင္ သတၱမေျမာက္ အႀကီးဆုံး ႏွင့္ အျမင့္ဆုံးမိုးေမွ်ာ္ ဟိုတယ္ ေနရာတြင္ ရွိေနမည္ျဖစ္သည္။

ႀကီးမားသည့္ ဟိုတယ္စီမံကိန္းကို ၁၉၈၇ ခုႏွစ္တြင္ စတင္ တည္ေဆာက္ခဲ့ကာ စီးပြားေရးက်ဆင္းမႈက ဟိုတယ္ စီမံကိန္းကို ရပ္ဆိုင္းေစခဲ့သည္။ ဟိုတယ္စီမံကိန္းတြင္ အခန္း ၃၀၀၀၊ ဆုံလည္ စားေသာက္ဆိုင္ ခုနစ္ခု၊ ကာစီႏိုခန္းမ၊ ကပြဲ႐ုံႏွင့္ သီးသန႔္ခန္း မ်ား ပါဝင္ခဲ့သည္။ ပိရမစ္ပုံသဏၭာန္ တည္ေဆာက္ခဲ့သည့္ ႐ြိဳင္႐ုေရာင္း ဟိုတယ္သည္ အထပ္ ၁၀၅ ထပ္ ပါရွိၿပီး မၾကာမီ ျပန္လည္ တည္ေဆာက္မည္ဟု ဆိုသည္။

ဟိုတယ္ မဖြင့္ႏိုင္ခဲ့ေသာ္လည္း တည္ေဆာက္ေရး လုပ္ငန္းမ်ားကို ႏွစ္မ်ားစြာ အလုပ္ လုပ္ခဲ့သည့္ ႐ုပ္ပုံမ်ားကို ျပသထားသည္။ အေဆာက္ အအုံျပင္ပတြင္ ကရိန္းမ်ား၊ေဆာက္လုပ္ေရး ယႏၲရားမ်ားကို ျမင္ေတြ႕ေနၾကရသျဖင့္ မၾကာမီ ျပန္လည္ တည္ေဆာက္မည္ဟု ေမွ်ာ္မွန္းၾကရေပသည္။ ႐ြိဳင္႐ုေရာင္း ဟိုတယ္သည္ အၿပီး မသတ္သည့္ အေဆာက္ အအုံ တစ္ခုအျဖစ္ တည္ရွိ ေနသည္။

၁၀။ မင္းကြန္း ပုထိုးေတာ္ႀကီး ၊ ျမန္မာ ( Mingun Pahtodawgyi )

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ စစ္ကိုင္းေဒသႀကီးမွ မင္းကြန္း႐ြာငယ္တြင္ မင္းကြန္းပုထိုးေတာ္ႀကီးကို ျမင္ေတြ႕ရသည္။ ဘုရင္ဘိုးေတာ္ဘုရားသည္ ထိုစဥ္က ကမာၻတြင္အႀကီးဆုံးေသာ ပုထိုးေတာ္ႀကီးကို တည္ေဆာက္ရန္ ဆႏၵရွိခဲ့သည္။အလြန္ႀကီးမားသည့္ ပုထိုးေတာ္ႀကီး ေဆာက္လုပ္မႈကို ၁၇၉၀ ျပည့္ႏွစ္တြင္စတင္ခဲ့ေသာ္လည္း အၿပီးသတ္တည္ေဆာက္ႏိုင္ခဲ့ျခင္း မရွိေခ်။

ဘိုးေတာ္ဘုရားသည္ မိမိေအာင္ႏိုင္ေသာ စစ္ပြဲမ်ားအတြင္း မ်ားစြာေသာ သုံ႔ပန္းမ်ားႏွင့္ အခိုင္းအေစမ်ားကိုရရွိခဲ့ကာ ယင္းတို႔ကို အသုံးျပဳ၍ ပုထိုးေတာ္ႀကီးကို တည္ေဆာက္ခဲ့သည္။ ပုထိုးေတာ္ႀကီးကို ဘုရင့္ဘ႑ာေတာ္ အေကာက္ေငြမ်ားျဖင့္ တည္ေဆာက္ခဲ့ၿပီး လူအမ်ားက ပုထိုးေတာ္ႀကီးၿပီးခ်ိန္တြင္ ဘိုးေတာ္ဘုရား ကြယ္လြန္မည္ဟု တေဘာင္မ်ား ဆိုခဲ့ၾကသည္။ ဘိုးေတာ္ဘုရားအေနျဖင့္ အဆိုပါပုထိုးကို ၁၅၂ မီတာ သို႔မဟုတ္ ၄၉၉ ေပ အျမင့္ ေဆာက္ရန္ ရည္႐ြယ္သည္။

တည္ေဆာက္မႈ မၿပီးစီးခဲ့သည့္အေဆာက္အအုံႀကီးသည္ ၁၆၄ ေပျမင့္ကာ ယင္းအျမင့္သည္ တည္ေဆာက္ရန္ ရည္႐ြယ္ခဲ့သည့္ အျမင့္၏ သုံးပုံ တစ္ပုံသာ ျဖစ္သည္။ပုထိုးေတာ္ႀကီး ေအာက္ေျခသည္ ၄၅၀ စတုရန္းေပ က်ယ္ဝန္းသည္။ ၁၈၃၉ ခုႏွစ္တြင္ လႈပ္ခဲ့သည့္ ငလ်င္ဒဏ္ေၾကာင့္ အက္ကြဲခဲ့သည့္ ႀကီးမားေသာ ကြဲေၾကာင္းမ်ားကို ပုထိုးေတာ္ႀကီးတြင္ ယေန႔တိုင္ ျမင္ႏိုင္ၾကကာ ကမာၻေပၚတြင္ အႀကီးေသာ အုတ္ႏွင့္ ေက်ာက္ပုံႀကီးတစ္ခုအျဖစ္ ထင္ရွားခဲ့သည္။

ကမာၻအႏွံ႔ သြားလာလည္ပတ္ေနၾကသည့္ ခရီးသြားမ်ားသည္ လွပခမ္းနားေသာ အေဆာက္အအုံမ်ားသာမက တစ္ဝက္တစ္ပ်က္ ေဆာက္လုပ္ထားသည့္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ၾကည့္ရႈရျခင္းကိုလည္း ႏွစ္ၿခိဳက္ေလ့ ရွိသျဖင့္ အၿပီးမသတ္ခဲ့သည့္ အေဆာက္အအုံမ်ားသည္ ကမာၻေက်ာ္သည္အထိ ထင္ရွားလာခဲ့ေပသည္။

မူရင္းေရးသားသူအား Credit ေပးပါသည္။

Unicode

ကမ္ဘာကျော် အဆောက်အအုံကြီးများထဲမှ အပြီးသတ် မတည်ဆောက်နိုင်ခဲ့သည့် အဆောက်အဦး (၁၀)ခု

ကမ္ဘာကျော် အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို တည်ဆောက်နိုင်ရန် ငွေကြေးဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ၍ နှစ်ကာလကြာရှည်စွာ အခက်အခဲများကို ရင်ဆိုင်ကြရသည်။ အစွမ်းကုန် အားထုတ်ကြသည့်တိုင် တစ်ခါတစ်ရံတွင် အထိမ်းအမှတ် အဆောက်အအုံများကို ပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့ခြင်းများလည်း ရှိခဲ့သည်။

လူအင်အား မလုံလောက်ခြင်း၊ ငွေကြေး မပြည့်စုံခြင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်စဉ် သေဆုံးမှုများ ဖြစ်ပွားခြင်းတို့သည် အဆောက်အအုံအပြီး မသတ်နိုင်ခြင်း အကြောင်းများတွင် ပါဝင်နိုင်ဖွယ် ရှိပေသည်။ သို့သော် ကမ္ဘာပေါ်တွင် ရှိနေသည့် အပြီးမသတ်ခဲ့သော အဆောက်အအုံအချို့သည် နောက်ဆုံးတည်ဆောက်ခဲ့သည့် အနေအထားအတိုင်း လှပစွာကျန်ရှိနေကြကာ လူအများ သွား ရောက် လည်ပတ်ကြသည့် နေရာများဖြစ်လာခဲ့ကြသည်။

ယင်းတို့အနက် အောက်တွင် ဖော်ပြမည့် အဆောက်အအုံများသည် အထင်ရှားဆုံး ဖြစ်ပေသည်။

၁။ ခရေဇီ ဟောက်စ် ၊ အမေရိကန်ပြည်ထောင်စု ( Crazy Horse Memorial)

ကမ္ဘာလှည့် ခရီးသွားအများစုသည် ကြီးမားသော ကျောက်တောင်ထွင်းရုပ်ထုများအကြောင်း ပြောကြလျှင် ဒါကိုတာပြည်နယ် တောင်ပိုင်းမှ Mount Rushmore ကို သတိရလေ့ရှိကြသည်။ သို့သော် ယင်းပြည်နယ်မှာပင် အပြီးအစီးသာ ထုလုပ်ခဲ့ပါက Mount Rushmore အပုစားလေးဟုဆိုနိုင်မည့် အခြားသော ကျောက်တောင်ပန်းပုရုပ် ရှိသည်။

ယင်းနေရာသည် အနက်ရောင်တောင်တန်းများပေါ်တွင် တည်ရှိနေသည့် Crazy Horse Memorial ဖြစ်သည်။ ယင်းရုပ်ထုစီမံကိန်းကို ၁၉၄၈ ခုနှစ်တွင် ပန်းပုဆရာ Korczak Ziolkowski က စတင်ခဲ့ကာ သူကွယ်လွန်သည့် ၁၉၈၂ ခုနှစ်အထိ ထုလုပ်ခဲ့သည်။ Oglala Lakota အကြီးအကဲက ပန်းပုဆရာအား မြောက်အမေရိက ဌာနေသားများကို ဂုဏ်ပြုသည့် အရုပ်တစ်ခု ထုလုပ်ပေးရန် ဖိတ် ခေါ်ခဲ့သည်။

ရုပ်ထုသည် လာကိုတာ ခေါင်းဆောင် Crazy Horse ကို ကိုယ်စားပြုရန် ဖြစ်ကာ ၁၉၉၀ ပြည့်နှစ်တွင် Crazy Horse ၏ ဦးခေါင်းပိုင်းကို အနက်ရောင်တောင်တန်းများတွင် လူသိများလာခဲ့သည်။ ရုပ်ထုကို ထုလုပ်ခဲ့စဉ်က ၂၂ ထပ် တိုက်တစ်လုံး အရွယ်ရှိသည့် ဦးခေါင်းပိုင်းကိုသာ အချိန်အများဆုံး ထုလုပ်ခဲ့ကာ နှစ်ပေါင်း ၇၀ အတွင်း ကျောက်တောင်မှ တန်ချိန်သန်းပေါင်းများစွာသော ကျောက်တုံးများကို ဖောက်ခွဲ၍ ဆွဲထုတ်ခဲ့ကြသည်။

Crazy Horse Memorial ကို အပြီးသတ်သည်အထိ ထုလုပ်နိုင်ခဲ့ပါက ၆၄ ထပ်တိုက် တစ်လုံး အရွယ်ရှိ မည်ဖြစ်ကာ မျက်လုံးများသည် ၁၇ ပေ ကျယ်ဝန်းမည် ဖြစ်သည်။ Crazy Horse Memorial ရုပ်ထုစီမံကိန်းကို ဝင်ကြေးနှင့် အလှူငွေများအပေါ်တွင်သာ မှီခိုခဲ့ကာ ရုပ်ထု၏ လက်ကို ထုလုပ်ခြင်း ပြီးစီးရန်ပင် နှစ်အတန်ကြာ အချိန်ယူရမည် ဖြစ်သည်။

၂။ ဟာဆန် မျှော်စင် ၊ မော်ရိုကို ( Hassan Tower )

Tour Hassan ဟု ထင်ရှားသည့်ဟာဆန်မျှော်စင်သည် မော်ရိုကိုနိုင်ငံ မြို့တော်၊ ရာဘက်တွင် တည်ရှိသည့်ကြီးမားသော ဗလီမျှော်စင်ကြီးဖြစ်သည်။ ၁၂ ရာစုတွင် ရာကွတ် အယ်လ် မန်ဆာ၏ အမိန့်ဖြင့် တည်ဆောက်ခဲ့သည့် ယင်းအဆောက်အအုံ စီမံကိန်းသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဗလီ မျှော်စင်ဖြစ်ကာ တည်ဆောက် ပြီးစီးခဲ့ပါက ယင်းဗလီသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုသည့် အဆောက်အအုံ ဖြစ်လာမည်ဖြစ်သည်။

ဗလီ ဆောက်လုပ်ရေး စီမံကိန်းသည် ဘုရင် ရာကွတ် အယ်လ် မန်ဆာ ကွယ်လွန်ပြီး လေးနှစ်အကြာတွင် ရပ်တန့် သွားခဲ့သည်။ ကြီးမားသော ဗလီ ကြီးသည် ရာဘက် မြို့တော် အသစ်၏ အလယ်၌ အလှပြ အဆောက်အအုံ တစ်ခုအဖြစ် ကျန်ရှိနေခဲ့ကာ စူလတန်ဘုရင်က စပိန်များအပေါ် အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်ပွဲကို ယင်းနေရာတွင်ကျင်းပခဲ့သည်။

လက်ရှိ မြင်တွေ့နေရသည့် ဗလီမျှော်စင်သည် ၄၄ မီတာ (၁၄၄ ပေ) မြင့်ကာ ဆောက်လုပ်ရန် ရည်ရွယ်ခဲ့သည့် အမြင့်၏ ထက်ဝက်ကျော် ဖြစ်သည်။ ကျောက်ဖြူသားကြမ်းခင်းပေါ်တွင် ပြန့်ကြဲတည်ရှိနေသည့် တိုင်လုံးများသည် အရေအတွက်၂၀၀ ကျော် ရှိသဖြင့် အဆောက်အအုံသာ ပြီးစီးခဲ့ပါက မည်မျှကြီးမားမည်ကို ဖော်ညွှန်းလျက်ရှိနေကာ တစ်ချိန်တည်းမှာပင်ဘုရားဝတ်ပြုသူ ၂၀၀၀၀ ကို လက်ခံနိုင်မည့် အကျယ်အဝန်း ဖြစ်သည်။ ဟာဆန်မျှော်စင်သည် ၂၀၁၂ ခုနှစ်တွင် ယူနက်စ်ကိုအဖွဲ့က သတ်မှတ်သည့် ကမ္ဘာ့ အမွေအနှစ် ဖြစ်လာခဲ့သည်။

၃။ စိန့်ဂျွန်း ကက်သယ်ဒရယ် ၊ အမေရိကန်ပြည်ထောင်စု ( Cathedral Of St. John The Divine )

ကမ္ဘာပေါ်တွင် တည်ဆောက်မှု မပြီးစီးခဲ့သည့် အကြီးဆုံးနှင့် လက်ရာအပြောင်မြောက်ဆုံး ခရစ်ယန်ဘုရားကျောင်းသည် စိန့်ဂျွန်း ကက်သယ်ဒရယ် ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် လမ်းညွှန်စာအုပ်အရ ယင်းဘုရားကျောင်း ပြီးစီးရန် ဂေါသစ်လက်ရာ တည်ဆောက်ပုံ နည်းစနစ်များနှင့် ငွေကြေး ထောက်ပံ့မှု မပြည့်စုံမှုကြောင့် နှစ် ၇၀၀ တည်ဆောက်ရမည်ဟု ဆိုသည်။

ခရစ်ယာန် ဘုန်းတော်ကြီး Horatio Potter က ဘုရားကျောင်းကြီး စတင်တည်ဆောက်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကာ ၁၈၈၇ ခုနှစ်တွင် သူကွယ်လွန်ချိန်အထိ တည်ဆောက်မှုများကို မစတင်နိုင်ခဲ့ချေ။ ဘုန်းတော်ကြီး၏ တူဖြစ်သူ Henry Codman Potter က ဘုရားကျောင်းကို တစ်ဦးတည်း ငွေကြေးထောက်ပံ့မှုဖြင့်ဆောက်လုပ်ရန် စီစဉ်ခဲ့ကာ ၁၃ ဧကကျယ်ဝန်းသည့် မြေနေရာကို ဝယ်ယူခဲ့သည်။

၁၈၉၂ ခုနှစ်တွင် အဆောက်အအုံကို ပန္နက်ချခဲ့ပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို ပထမဆုံး စတင်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ဘုရားကျောင်း အလယ်ပိုင်း Nave နေရာကို ပန္နက်ချခဲ့သည်။ စိန့်ဂျွန်း ကက်သယ်ဒရယ်သည် နယူးယောက်မြို့တော် ၊ အမ်စတာဒမ် ရိပ်သာလမ်းတွင် တည်ရှိကာ ယခုအခါ သက်တမ်း နှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။

လာမည့် ဆယ်စုနှစ်များတွင် အဆောက် အအုံဟောင်းကြီးကို ဆက်လက် တည်ဆောက်မည်ဟု ဆိုသော်လည်း နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ရမည့် ရံပုံငွေ ကောက်ခံရရှိမှုအပေါ် မူတည်နေသဖြင့် မည်သည့် အချိန်တွင် ပြီးဆုံးမည် ဆိုသည့် အချိန်ဇယားကို ရေးဆွဲနိုင်ခြင်းမရှိချေ။

၄။ တာကီယို ၊ ကမ္ဘောဒီးယား ( Ta Keo )

တာကီယိုသည် ကမ္ဘာကျော် ရှေးဟောင်း မြို့တော်အန်ကောဝပ်တွင် တည်ရှိသည့် တောင်ပုံသဏ္ဌာန် ဘုရားကျောင်းတစ်ခု ဖြစ်သည်။ပိရမစ်ပုံစံ ပြုလုပ်ထားသည့် ဘုရားကျောင်း အထွတ်မျှော်စင် ငါးခု ထည့်သွင်း ထည့်ဆောက်ထားသည့် တာကီယိုသည် တည်ဆောက်ခဲ့သမျှ ဘုရား ကျောင်းများတွင် အကြီးဆုံးဖြစ်နိုင်ဖွယ်ရှိကာ တည်ဆောက်မှု အပြီး မသတ်ခဲ့သည့် အဆောက်အအုံ တစ်ခု ဖြစ် သည်။

တာကီယို သည် ပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့သည့်တိုင် ဝေးလံသော နေရာမှ ပင် မြင်တွေ့ရသည့် ကြီးမားသော အဆောက်အအုံဖြစ်သည်။ ပင်မ အဆောက်အအုံသည် မြင့်မားသော မျှော်စင် ငါးခုဖြစ်ကာ နောက်ဆုံး ပိရမစ်မျှော်စင်သည် ဒုတိယ ပစ္စယံ အဆင့်ထက် ၁၄ မီတာ (၄၆ ပေ) ပိုမို မြင့်မားသည်။

မျှော်စင်တိုင်ငါးခု အနက် လေးခုကို ထောင့်လေးထောင့်တွင် တစ်ခုစီထား၍ ကျန်တစ်ခုကို အလယ်တွင်ထားကာ ပြင်ပနံရံများကို ကျုံးတစ်ခုက ဝန်းရံထားသည်။ ကြီးမားသည့် အထိမ်းအမှတ် အဆောက်အအုံကိုသဲကျောက်တုံးများဖြင့် တည်ဆောက်ခဲ့ကာ အပြီး မသတ်နိုင်ခဲ့သည့် အကြောင်းရင်းကိုမည်သူမျှ မသိကြချေ။ ဘုရားကျောင်းမှ တူးဖော်တွေ့ရှိခဲ့သည့် ကျောက်စာတွင် ဘုရားကျောင်းကို မိုးကြိုး ပစ်ခံရပြီးနောက် တည်ဆောက်မှုများကို ရပ်တန့်ခဲ့သည်ဟု ဆိုသည်။

ဘုရားကျောင်းကို မိုးကြိုး ထိမှန်ခြင်းသည် မကောင်းသော နိမိတ်ဟု ယူဆခဲ့ကြသည်။ ကျွမ်းကျင်သူ အချို့ကကလေးဘုရင် Jayavarman V က သူ၏ ဘုရင့်အာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အဆောက်အအုံ တည်ဆောက်မှု အပြီးမသတ်ခဲ့ဟု ယုံကြည်ကြသည်။ အပြီး မသတ်ခဲ့သည့်တိုင် တာကီယိုသည် ထူးခြားသော မြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေပေသည်။

၅။ နီဖာရီဖရီ ပိရမစ် ၊ အီဂျစ် ( Pyramid Of Neferefre )

ရှေးဟောင်းအီဂျစ်ဖာရိုဘုရင်တစ်ပါးဖြစ်သည့် နီဖာရီဖရီသည် အဘူဆာ၏ ရှေးသင်္ချိုင်းကြီး (Necropolis) တွင် အလွန်ကြီးမားသော ပိရမစ် တစ်လုံးကို တည်ဆောက်ခဲ့ကာ ပိရမစ်မပြီးဆုံးမီ ဖာရိုကွယ်လွန်ခဲ့ သဖြင့် မာစတာဘာ (Mastabe) ဂူနှင့် သင်္ချိုင်းဗိမာန်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ပိရမစ်ကြီးကို အောက်ခြေကို Sahure ပိရမစ်အရွယ် နီးပါး တည်ဆောက်ခဲ့ကာ ပိရမစ် တည် ဆောက်သူများက ပိရမစ်ကြီး၏ အောက်ခြေ အလယ်တွင် ကျင်းတစ်ခုကို တူးခဲ့သည်။ ယင်းကျင်းသည် အလောင်းထားရှိမည့် ဂူဗိမာန်နေရာ ဖြစ်သည်။ ပိရမစ်၏ ဝင်ပေါက်စကြံကို မြောက်ဘက်ခြမ်းတွင် တည်ဆောက်ထားပြီး ကတုတ်ကျင်း မြောင်းရှည်တစ်ခုကို ဝင်ပေါက်မှ ကျင်းထိပ်အထိ တူးခဲ့သည်။

ယင်းနေရာမှ ဖာရို၏ ရုပ်ကြွင်း အစိတ် အပိုင်းအချို့ကို ခန္ဓာကိုယ်မှ တွေ့ရှိခဲ့သည်။ ယင်းတို့ကို ကြည့်၍ ဖာရိုသည် အသက် ၂၂ နှစ် သို့မဟုတ် ၂၃ နှစ် တွင် သေဆုံးခဲ့ကြောင်း ဖော်ပြနိုင်ခဲ့သည်။ ပိရမစ်၏ အတွင်းပိုင်းသို့ သွားသည့် အထစ် တစ်ခုတည်ဆောက်မှု ပြီးဆုံးခဲ့ကာ ဂူတစ်လုံး အသွင် ပုံပေါ်လာခဲ့သည်။ သင်္ချိုင်းဂူဗိမာန် တည်ဆောက်မှုသည် အဆင့် သုံးဆင့်အထိ ပြီးစီးခဲ့ကာ အမိုးပွင့် ခန်းမတစ်ဆောင်နှင့် ခန်းမ ဆောင်သုံးခု ပါဝင်သည်။

၆။ စကော့တလန် အမျိုးသား အဆောက်အအုံ ၊စကော့တလန် ( National Monument Of Scotland )

စကော့တလန် နိုင်ငံ၏ အမျိုးသား အဆောက်အအုံသည် အီဒင်ဘာ့ခ်မြို့ရှိ ကာလ်တန်တောင်ထိပ်တွင် မြင့်မားစွာ တည်ရှိနေသည်။ ယင်းအဆောက်အအုံသည် အများမျှော်လင့်ခဲ့သည့် အမျိုးသား ရတနာ ပစ္စည်းတစ်ခုထက် စကော့တလန်၏ ရှက်ဖွယ် အဆောက်အအုံတစ်ခုဟု မကြာခဏ ရည်ညွှန်း ပြောဆိုခဲ့ကြသည်။

တည်ဆောက်မှု မပြီးဆုံးခဲ့သည့် ယင်းအဆောက်အအုံကို အရှက်ရဖွယ် တစ်ခုဟု ဆိုခဲ့ကြသည်။ ယင်း အဆောက်အအုံသည် နပိုလီယံစစ်ပွဲကာလအတွင်း ကျဆုံးခဲ့သည့် စစ်သားများနှင့် သေဆုံးခဲ့သည့် သင်္ဘောသားများအတွက် အထိမ်းအမှတ် တစ်ခုအဖြစ်ကျန်ရှိနေကာ တည်ဆောက်မှုကား မည်သည့် အခါမှ အပြီးသတ်မည် မဟုတ်ချေ။

အဆောက်အအုံ၏ အောက်ခံပန္နက်ကို ၁၈၂၄ ခုတွင် ချခဲ့သည်။ သို့သော် ၁၈၂၉ ခုနှစ်တွင် ပြည်သူများ၏ ငွေကြေး ထောက်ပံ့မှု ပြတ်လတ်ခဲ့သဖြင့် တည်ဆောက်မှု လုပ်ငန်းများ လျင်မြန်စွာ ရပ် ဆိုင်းခဲ့သည်။ အဆောက်အအုံကြီး အပြီးသတ်နိုင်ရန် ကြိုးပမ်းမှုများစွာ ရှိခဲ့သည့်တိုင် ယခုတိုင် အပြီးမသတ်နိုင်ခဲ့ချေ။ပြီးပြည့်စုံသည် အထိသာ တည်ဆောက်နိုင်ခဲ့မည် ဆိုလျှင် စကော့တလန် အမျိုးသား အဆောက်အအုံသည် ဂရိနိုင်ငံအေသင်မြို့ရှိ ပင်သာနွန်နှင့် တူညီမည်ဖြစ်သည်။ လက်ရှိအချိန်တွင် တိုင် ၁၂ တိုင်ကိုသာ မြင်တွေ့ကြရပေသည်။

၇။ လာဆာဂရာဒါ ဖမ်မလီယာ ၊ စပိန် ( La Sagrada Familia )

သဘာဝတရားနှင့် ယုံကြည်ကိုးကွယ်မှုကို လှုံ့ဆော်နေသည့် လာဆာဂရာဒါ ဖမ်မလီယာ အဆောက်အအုံကို ၁၈၈၂ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့သည်။ တိုင်လုံး နှစ်တန်း ပါရှိသည့် အမိုးခုံး ဘုရားကျောင်း (Basilica) တည်ဆောက်မှုသည် ၇၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ကာ ဗဟိုမျှော်စင်ကြီး ခြောက်လုံးကိုသာ ဆက်လက် တည်ဆောက်ခဲ့သည်။ နှစ် ၁၃၀ ကြာ တည်ဆောက်ခဲ့သည့် လာဆာဂရာဒါ ဖမ်မလီယာ သည် အပြီး မသတ်ဘဲ ကျန်ရှိနေခဲ့သည်။

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ရှိ ရိုမန်ကက်သလစ် ကျောင်းတော်ကြီး တစ်ခုဖြစ်သည့် လာဆာဂရာဒါ ဖမ်မလီယာ၏ တည်ဆောက်မှု ကုန်ကျစရိတ်ကို မတွက်ချက်နိုင်တော့ချေ။သို့သော် ကျောင်းကြီး၏ နှစ်စဉ် ရံပုံငွေသည် အမေရိကန် ဒေါ်လာ ၂၇ သန်းရှိပြီး ယင်းငွေများသည်ဘုရားကျောင်း ဝင်ကြေးများနှင့် အလှူငွေများ ဖြစ်သည်။

လာဆာဂရာဒါ ဖမ်မလီယာ၏ အသစ်ဆောက်လုပ်မည့် အမြင့်ဆုံးမျှော်စင်တိုင် သည် ၅၆၄ ပေ မြင့်မည် ဖြစ်သဖြင့် ဥရောပတိုက်တွင် အမြင့်ဆုံး ဘာသာရေး အဆောက်အအုံတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အပြီး မသတ်ခဲ့သည့် လာဆာဂရာဒါ ဖမ်မလီယာကို ၂၀၂၆ ခုနှစ်တွင် အပြီး တည် ဆောက်ရန် စီစဉ်ထားကာ အလှဆင် လုပ်ငန်းများအတွက် နောက်ထပ် အချိန်ယူရမည် ဖြစ်သည်။

၈။ ဘာရာကာမန် ၊ အိန္ဒိယ ( Bara Kaman )

ဘာရာကာမန်သည် အိန္ဒိယနိုင်ငံရှိ ဝိဇယပုရ ခေါ် ဘိဂျပါ မင်းဆက်မှ ရှစ်ဆက်မြောက် ဘုရင်ဖြစ်သူ ဒုတိယမြောက်အလီ အဒေးလ်ရှား၏ ဂူဗိမာန်ဖြစ်ပြီး တည်ဆောက်မှု အပြီးမသတ်ခဲ့သည့် အဆောက်အဦ တစ်လုံးဖြစ်သည်။ မုခ်ခုံး ၁၂ ခုဟု အဓိပ္ပာယ်ရှိသည့် ဘာရာကာမန်ကို မြင်သမျှ ဂူဗိမာန်များထက် ပိုမို လှပ၊ ကြီးမားစွာ တည်ဆောက်ရန် ရည်ရွယ်ခဲ့ကာ ထောင်လိုက် နှင့် အလျားလိုက် ခုံး ၁၂ တိုင်က အလီ အဒေးလ်ရှား၏ ဂူကို ဝန်းရံနေသည့်ပုံ တည်ဆောက်ရန် စီစဉ်ခဲ့သည်။

ဘာရာကာမန်ကို ၁၆၇၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ အဆောက်အအုံ မပြီးစီးမီ အလီ အဒေးလ်ရှားသည် ဖခင်ဖြစ်သူ၏ သတ်ဖြတ်ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။ ပြောရိုးစကားများအရ အဆောက်အအုံ တည်ဆောက်ပြီးစီးပါက ဘာရာကာမန်၏ အရိပ်သည် Gol Gumbaz (မင်းဆက်ကို တည်ထောင်သူ အဒေးလ်ရှားဘုရင်၏ ဂူဗိမာန်) ပေါ်သို့ တစ်ဝက်ကျော် ကျရောက်နေမည်ကို မလိုလားသည့် ဖခင်ဖြစ်သူက သားဖြစ်သူဘုရင် အလီ အဒေးလ်ရှားကို အဆောက်အဦ မပြီးစီးစေရန် သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။

အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ဌာနက ဘာရာကာမန် ကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ဘာရာကာမန်ရှေ့ရှိ ပန်းဥယျာဉ်ကိုလည်း ကောင်းစွာ ထိန်းသိမ်းပြုပြင် ထားကာ လာရောက်လည်ပတ်ကြသူများသည် ဂူဗိမာန်တွင် တည်ဆောက်ထားသည့် မုခ်ခုံးနှင့် တိုင် များ၏ ဗိသုကာ အစွမ်းကို ခံစားနိုင်ကြပေသည်။

၉။ ရွိုင်ရုရောင်း ဟိုတယ် ၊ မြောက်ကိုရီးယား ( Ryugyong Hotel )

မြောက်ကိုရီးယား နိုင်ငံရှိ ရွိုင်ရုရောင်း ဟိုတယ်ကို ၁၉၈၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရန် လျာထားခဲ့သော်လည်း တိုတယ် တည်ဆောက်မှုသည် ယနေ့တိုင် မပြီးစီးခဲ့ချေ။ တည်ဆောက်မှုသာ ပြီးစီးခဲ့ပါက ရွိုင်ရုရောင်း သည် ထိုစဉ်က ကမ္ဘာတွင် သတ္တမမြောက် အကြီးဆုံး နှင့် အမြင့်ဆုံးမိုးမျှော် ဟိုတယ် နေရာတွင် ရှိနေမည်ဖြစ်သည်။

ကြီးမားသည့် ဟိုတယ်စီမံကိန်းကို ၁၉၈၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ကာ စီးပွားရေးကျဆင်းမှုက ဟိုတယ် စီမံကိန်းကို ရပ်ဆိုင်းစေခဲ့သည်။ ဟိုတယ်စီမံကိန်းတွင် အခန်း ၃၀၀၀၊ ဆုံလည် စားသောက်ဆိုင် ခုနစ်ခု၊ ကာစီနိုခန်းမ၊ ကပွဲရုံနှင့် သီးသန့်ခန်း များ ပါဝင်ခဲ့သည်။ ပိရမစ်ပုံသဏ္ဌာန် တည်ဆောက်ခဲ့သည့် ရွိုင်ရုရောင်း ဟိုတယ်သည် အထပ် ၁၀၅ ထပ် ပါရှိပြီး မကြာမီ ပြန်လည် တည်ဆောက်မည်ဟု ဆိုသည်။

ဟိုတယ် မဖွင့်နိုင်ခဲ့သော်လည်း တည်ဆောက်ရေး လုပ်ငန်းများကို နှစ်များစွာ အလုပ် လုပ်ခဲ့သည့် ရုပ်ပုံများကို ပြသထားသည်။ အဆောက် အအုံပြင်ပတွင် ကရိန်းများ၊ဆောက်လုပ်ရေး ယန္တရားများကို မြင်တွေ့နေကြရသဖြင့် မကြာမီ ပြန်လည် တည်ဆောက်မည်ဟု မျှော်မှန်းကြရပေသည်။ ရွိုင်ရုရောင်း ဟိုတယ်သည် အပြီး မသတ်သည့် အဆောက် အအုံ တစ်ခုအဖြစ် တည်ရှိ နေသည်။

၁၀။ မင်းကွန်း ပုထိုးတော်ကြီး ၊ မြန်မာ ( Mingun Pahtodawgyi )

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းဒေသကြီးမှ မင်းကွန်းရွာငယ်တွင် မင်းကွန်းပုထိုးတော်ကြီးကို မြင်တွေ့ရသည်။ ဘုရင်ဘိုးတော်ဘုရားသည် ထိုစဉ်က ကမ္ဘာတွင်အကြီးဆုံးသော ပုထိုးတော်ကြီးကို တည်ဆောက်ရန် ဆန္ဒရှိခဲ့သည်။အလွန်ကြီးမားသည့် ပုထိုးတော်ကြီး ဆောက်လုပ်မှုကို ၁၇၉၀ ပြည့်နှစ်တွင်စတင်ခဲ့သော်လည်း အပြီးသတ်တည်ဆောက်နိုင်ခဲ့ခြင်း မရှိချေ။

ဘိုးတော်ဘုရားသည် မိမိအောင်နိုင်သော စစ်ပွဲများအတွင်း များစွာသော သုံ့ပန်းများနှင့် အခိုင်းအစေများကိုရရှိခဲ့ကာ ယင်းတို့ကို အသုံးပြု၍ ပုထိုးတော်ကြီးကို တည်ဆောက်ခဲ့သည်။ ပုထိုးတော်ကြီးကို ဘုရင့်ဘဏ္ဍာတော် အကောက်ငွေများဖြင့် တည်ဆောက်ခဲ့ပြီး လူအများက ပုထိုးတော်ကြီးပြီးချိန်တွင် ဘိုးတော်ဘုရား ကွယ်လွန်မည်ဟု တဘောင်များ ဆိုခဲ့ကြသည်။ ဘိုးတော်ဘုရားအနေဖြင့် အဆိုပါပုထိုးကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။

တည်ဆောက်မှု မပြီးစီးခဲ့သည့်အဆောက်အအုံကြီးသည် ၁၆၄ ပေမြင့်ကာ ယင်းအမြင့်သည် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် အမြင့်၏ သုံးပုံ တစ်ပုံသာ ဖြစ်သည်။ပုထိုးတော်ကြီး အောက်ခြေသည် ၄၅၀ စတုရန်းပေ ကျယ်ဝန်းသည်။ ၁၈၃၉ ခုနှစ်တွင် လှုပ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အက်ကွဲခဲ့သည့် ကြီးမားသော ကွဲကြောင်းများကို ပုထိုးတော်ကြီးတွင် ယနေ့တိုင် မြင်နိုင်ကြကာ ကမ္ဘာပေါ်တွင် အကြီးသော အုတ်နှင့် ကျောက်ပုံကြီးတစ်ခုအဖြစ် ထင်ရှားခဲ့သည်။

ကမ္ဘာအနှံ့ သွားလာလည်ပတ်နေကြသည့် ခရီးသွားများသည် လှပခမ်းနားသော အဆောက်အအုံများသာမက တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားသည့် ရှေးဟောင်းအဆောက်အအုံများကို ကြည့်ရှုရခြင်းကိုလည်း နှစ်ခြိုက်လေ့ ရှိသဖြင့် အပြီးမသတ်ခဲ့သည့် အဆောက်အအုံများသည် ကမ္ဘာကျော်သည်အထိ ထင်ရှားလာခဲ့ပေသည်။

မူရင်းရေးသားသူအား Credit ပေးပါသည်။

Categories
သမိုင်း

အင်းသားတို့ရဲ့ နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ ငွေပန်းထိမ်

Zawgyi

အင္းသားတို႔ရဲ႕ ႏွစ္ေပါင္း ၁၅၀ေက်ာ္ၾကာ မ်ိဳးဆက္ ၄ ဆက္တိုင္ရွိခဲ့ၿပီျဖစ္တဲ့ ေငြပန္းထိမ္

ကေလးငယ္ရပ္ ကြက္ က အင္းသားတို႔ရဲ႕ေငြပန္းထိမ္ ျမန္မာ႐ိုးရာ လက္မႈပညာ ပန္းဆယ္မ်ိဳးထဲမွ တစ္ခု ျဖစ္သည္။ ပန္းထိမ္သည္ အဖိုးတန္ေသာ ေ႐ႊ၊ ေငြႏွင့္ သတၱဳစသည္တို႔ျဖင့္ လူတို႔၏ လက္ဝတ္ရတနာ၊ အသုံးအေဆာင္ အမ်ိဳးမ်ိဳးတို႔ကို သီးသန႔္ျပဳလုပ္ျခင္း၊ ေက်ာက္မ်က္မ်ိဳးစုံ တို႔ျဖင့္ တြဲဖက္၍ ျပဳလုပ္ေသာ အတတ္ပညာျဖစ္ပါသည္ ရွမ္းျပည္ေတာင္ပိုင္းအင္းေလးေဒသ

အလည္လာေရာက္လွ်င္ ႐ိုးရာေငြပန္းထိမ္လုပ္ငန္းမ်ားဆီသို႔ သြားေရာက္လည္ပတ္ဖူးၾကလိမ့္မည္ထင္ပါသည္ ေ႐ႊပန္းထိမ္ထက္လုပ္ရခက္ၿပီး လက္ဝင္လွေသာေငြပန္းထိမ္ပညာမွာ ႐ိုးရာအႏုလက္ရာမ်ား ဓေလ့စ႐ိုက္မ်ား အေလ့အထေကာင္းမ်ား ႐ိုးရာအေမြအႏွစ္အေငြ႕အသက္တို႔ ကိန္းေအာင္းပုံေဖာ္ထားေသာ႐ုပ္လုံး႐ုပ္ႂကြမ်ားျဖင့္အသက္ဝင္တင့္တယ္လွေသာ အင္းသားတို႔ရဲ႕ေငြပန္းထိမ္လက္မူ႔ပစၥည္းမ်ား၏တင့္တယ္လွပပုံမွာရႈ႕မၿငီးႏိုင္ေသာရတနာမ်ားပင္ျဖစ္ပါသည္။

ဆြမ္းေတာ္ကပ္ရန္ဆြမ္းေတာ္အုပ္ ဆြမ္းေတာ္ကလပ္ ေငြပန္းအိုး ေငြေရစက္အိုး ဆြမ္းေတာ္ခြက္ ေသာက္ေတာ္ေရခြက္ႏွင့္ အေဆာင္ပစၥည္းမ်ား အထြဋ္အျမတ္ထားရာ ဘုရားဆင္းတုေတာ္မ်ား ေစတီမ်ား ႏွင့္ေငြထည္လက္ဝတ္ရတနာမ်ိဳးစုံတို႔ကို ျပဳလုပ္ဖန္တီးသည့္အင္းထဲမွေငြပန္းထိမ္လုပ္ငန္းမ်ားသည္ျပည္တြင္းလက္မူ႔ပစၥည္းထုတ္ကုန္မ်ား အျဖစ္နာမည္ႀကီးလွပါသည္။

ႏွစ္ေပါင္း ၁၅၀ေက်ာ္ၾကာ မ်ိဳးဆက္ ၄ဆက္တိုင္ရွိခဲ့ၿပီျဖစ္တဲ့ အင္းေလးေဒသ ဟဲယာ႐ြာမ ကေလးငယ္ရပ္ကြက္ က ဦးေ႐ႊေအး ​​ ​​ေဒၚသိဂႌေအး မိသားစု ႐ိုးရာေငြပန္းထိမ္လုပ္ငန္းကို မွတ္တမ္းတင္ေဖာ္ျပေပးအပ္ပါတယ္ဗ်ား ဖုန္း 09251007119 ေညာင္ေ႐ႊမွတ္စု

Unicode

အင်းသားတို့ရဲ့ နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ ငွေပန်းထိမ်

ကလေးငယ်ရပ် ကွက် က အင်းသားတို့ရဲ့ငွေပန်းထိမ် မြန်မာရိုးရာ လက်မှုပညာ ပန်းဆယ်မျိုးထဲမှ တစ်ခု ဖြစ်သည်။ ပန်းထိမ်သည် အဖိုးတန်သော ရွှေ၊ ငွေနှင့် သတ္တုစသည်တို့ဖြင့် လူတို့၏ လက်ဝတ်ရတနာ၊ အသုံးအဆောင် အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံ တို့ဖြင့် တွဲဖက်၍ ပြုလုပ်သော အတတ်ပညာဖြစ်ပါသည် ရှမ်းပြည်တောင်ပိုင်းအင်းလေးဒေသ

အလည်လာရောက်လျှင် ရိုးရာငွေပန်းထိမ်လုပ်ငန်းများဆီသို့ သွားရောက်လည်ပတ်ဖူးကြလိမ့်မည်ထင်ပါသည် ရွှေပန်းထိမ်ထက်လုပ်ရခက်ပြီး လက်ဝင်လှသောငွေပန်းထိမ်ပညာမှာ ရိုးရာအနုလက်ရာများ ဓလေ့စရိုက်များ အလေ့အထကောင်းများ ရိုးရာအမွေအနှစ်အငွေ့အသက်တို့ ကိန်းအောင်းပုံဖော်ထားသောရုပ်လုံးရုပ်ကြွများဖြင့်အသက်ဝင်တင့်တယ်လှသော အင်းသားတို့ရဲ့ငွေပန်းထိမ်လက်မူ့ပစ္စည်းများ၏တင့်တယ်လှပပုံမှာရှု့မငြီးနိုင်သောရတနာများပင်ဖြစ်ပါသည်။

ဆွမ်းတော်ကပ်ရန်ဆွမ်းတော်အုပ် ဆွမ်းတော်ကလပ် ငွေပန်းအိုး ငွေရေစက်အိုး ဆွမ်းတော်ခွက် သောက်တော်ရေခွက်နှင့် အဆောင်ပစ္စည်းများ အထွဋ်အမြတ်ထားရာ ဘုရားဆင်းတုတော်များ စေတီများ နှင့်ငွေထည်လက်ဝတ်ရတနာမျိုးစုံတို့ကို ပြုလုပ်ဖန်တီးသည့်အင်းထဲမှငွေပန်းထိမ်လုပ်ငန်းများသည်ပြည်တွင်းလက်မူ့ပစ္စည်းထုတ်ကုန်များ အဖြစ်နာမည်ကြီးလှပါသည်။

နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ အင်းလေးဒေသ ဟဲယာရွာမ ကလေးငယ်ရပ်ကွက် က ဦးရွှေအေး ​​ ​​ဒေါ်သိင်္ဂီအေး မိသားစု ရိုးရာငွေပန်းထိမ်လုပ်ငန်းကို မှတ်တမ်းတင်ဖော်ပြပေးအပ်ပါတယ်ဗျား ဖုန်း 09251007119 ညောင်ရွှေမှတ်စု

Categories
သမိုင်း

မင်းတုန်းမင်းရဲ့ မိ ဖု ရား (၁၀၀) ကျော် ထဲ က ရုပ် ရ ည် အ ချော မော ဆုံး သ ရ စိ မ်း မိ ဖုရားကြီး အကြောင်း

Zawgyi

မင္းတုန္းမင္းရဲ႕ မိဖုရား (၁၀၀) ေက်ာ္ထဲက ႐ုပ္ရည္အေခ်ာေမာဆုံး သရစိမ္းမိဖုရားႀကီး အေၾကာင္း

သရစိမ္းမိဖုရားႀကီး (႐ုပ္ရည္ အေခ်ာေမာဆုံးမိဖုရား)၊ သရစိမ္းမိဖုရားႀကီး ဟာ မင္းတုန္မင္းရဲ႕ ေ႐ႊတိုက္စာရင္းဝင္မိဖုရားေတြထဲမွာ ႐ုပ္ရည္အေခ်ာေမာဆုံးေသာ မိဖုရားတစ္ပါးျဖစ္ခဲ့ပါတယ္။ မင္းတုန္းမင္းႀကီးရဲ႕ အျခားေသာ ရွမ္းမိဖုရား၊ ထိုင္းမိဖုရားတို႔နဲ႔အၿပိဳင္ ႐ုပ္ရည္လွခဲ့သူလည္း ျဖစ္ပါတယ္။

သရစိမ္းမိဖုရားႀကီးဟာ မိဖုရားျဖစ္တဲ့အခ်ိန္မွာ အသက္ (၁၆)ႏွစ္သာ ရွိပါေသးတယ္။ သူ႔ရဲ႕ မေအတူ ဖေအကြဲ အစ္မေတာ္မိဖုရားေတြျဖစ္တဲ့ လင္ပန္မိဖုရားနဲ႔ သက္ပန္းမိဖုရားတို႔ထံ ဝင္ထြက္ခစားရင္း မင္းတုန္းဘုရင္ကေတြ႕ျမင္ၿပီး ႐ုပ္ရည္ေခ်ာေမာတာနဲ႔ မိဖုရားအျဖစ္ေကာက္ယူခဲ့တာ ျဖစ္ပါတယ္။

သရစိမ္းမိဖုရားႀကီးဟာ “သုသီရိနႏၵာမေဟ” ဘြဲ႕ ရရွိ ၿပီးတဲ့ေနာက္မွာ ဘုရင္က ခ်စ္ခင္ျမတ္ႏိုးလြန္းတဲ့အတြက္ ဘ႑ာစိုး ရာထူးကိုပါ ေပးအပ္ခဲ့ၿပီး ဘုရင့္အေဆာင္ေတာ္မွာ အၿမဲေနခဲ့ရသူလဲျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ သရစိမ္းမိဖုရားဟာ မေဟဘြဲ႕ခံ မိဖုရားတစ္ပါးသာျဖစ္ေပမယ့္ ဓာတ္ပုံထဲမွာ ပါတဲ့အတိုင္းမ်ားျပားလြန္းလွတဲ့ ရတနာ လက္ဝတ္လက္စားမ်ား ဆင္ျမန္းထားတာကို ၾကည့္ျခင္းျဖင့္ မင္းတုန္းဘုရင္ရဲ႕ ျမတ္ႏိုးမႈဟာ ဘယ္ေလာက္ထိရွိမယ္ဆိုတာ ခန႔္မွန္းႏိုင္ပါတယ္။

မိဖုရားႀကီးဟာ ေနာင္မြန္ထိပ္ေခါင္တင္၊ တိုင္တားထိပ္ေခါင္တင္၊ မႈိင္းလုံထိပ္ေခါင္တင္ ဆိုတဲ့ သမီးေတာ္သုံးပါးဖြားျမင္ခဲ့ၿပီး သမီးေတာ္သုံးပါးစလုံးဟာလည္း မယ္ေတာ္မိဖုရားႀကီးအတိုင္းပင္ ႐ုပ္ရည္ေခ်ာေမာခဲ့သူေတြျဖစ္႐ုံမက မင္းတုန္းမင္းႀကီးရဲ႕ အျခားေသာ ကုန္းေဘာင္မင္းေသြးပါတဲ့ စုဖုရားဘြဲ႕ခံ မင္းသမီးေတြနဲ႔အၿပိဳင္ “ဃနမတၱက” အဆင္တန္ဆာကို ဆင္ျမန္းခြင့္ရခဲ့သူေတြလဲျဖစ္ပါတယ္။

သီေပါမင္းလက္ထက္ေရာက္တဲ့အခါမွာ သရစိမ္းမိဖုရားႀကီးရဲ႕ အစ္မေတာ္ေတြျဖစ္တဲ့ လင္ပန္းမိဖုရား၊ သက္ပန္းမိဖုရားတို႔ ေတြ အဖမ္းအဆီးခံခဲ့ရေပမယ့္ သူ(သရစိမ္းမိဖုရားႀကီး)နဲ႔ သမီးေတာ္သုံးပါးဟာ ဘာဒုကၡမွမေရာက္ခဲ့ပါဘူး။ ဒုကၡမေရာက္ခဲ့တဲ့အျပင္ သီေပါမင္းရဲ႕ မုဒၶါဘိတ္သိတ္ခံယူပြဲမွာ သရစိမ္းမိဖုရားႀကီး ရဲ႕ သမီးေတာ္လတ္ျဖစ္တဲ့ တိုင္တားမင္းသမီးဟာ ေငြေမာင္းကိုင္စြဲလို႔ မဂၤလာစကားသုံးခြန္းဆိုခဲ့ရပါတယ္။

အဲ့ဒီအခါမွာ နန္းမေတာ္စုဖုရားလတ္က တိုင္တားမင္းသမီးေလးကို ခ်စ္ခင္လြန္းလို႔ သူ႔ေရွ႕မွာရွိေနတဲ့ ရတနာပုံထဲက ရတနာေတြကို ႏွစ္သက္သေလာက္ယူဖို႔ ေျပာဆိုခဲ့ၿပီး မင္းသမီးေလးက ေၾကာက္လန႔္ေနလို႔ မယူရဲတဲ့အတြက္ နန္းမေတာ္စုဖုရားလတ္ကိုယ္တိုင္ ဖလားနဲ႔သုံးလုံး ရတနာေတြကို ေပးခဲ့တဲ့အထိ သီေပါမင္းလက္ထက္မွာ မ်က္ႏွာပြင့္လန္းခဲ့ၾကရပါတယ္။

ပါေတာ္မူၿပီးေနာက္မွာ မိဖုရားႀကီးနဲ႔ သမီးေတာ္သုံးပါးကို ရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ၿပီး ပင္စင္ ၁၅၀နဲ႔ အိမ္လခ ၆၀ ေပးခဲ့ပါတယ္။ မိဖုရားႀကီး ဟာ ရန္ကုန္ၿမိဳ႕မွာ ေျမေနရာ ၆ ဧကက်ယ္ဝန္းတဲ့ ၿခံႀကီးထဲမွာ အုတ္ခံ ႏွစ္ထပ္စံအိမ္ေတာ္ႀကီးကို ဝယ္ယူၿပီးေနထိုင္ခဲ့ပါတယ္။

မိဖုရားႀကီး ရဲ႕ စံအိမ္ေတာ္ႀကီးဟာ မင္းေဆြမင္းမ်ိဳးမ်ား၊ မွန္နန္းအပ်ိဳေတာ္မ်ား၊ ဘုရင္လက္ထက္က ခစားခဲ့ၾကတဲ့ အမႉထမ္း ပုဂၢိဳလ္မ်ားနဲ႔ အၿမဲမျပတ္စည္ကားခဲ့ၿပီး ေန႔စဥ္ ဆန္တစ္တင္းခ်က္ကုန္အထိ ခ်က္ျပဳတ္ခဲ့ရပါတယ္။

မိဖုရားႀကီးဟာ ရန္ကုန္မွာပဲစံေနခဲ့ၿပီး အသက္ ၈၃ ႏွစ္ ၁၂၈၇ခုႏွစ္မွာ ကံေတာ္ကုန္ခဲ့လို႔ မိဖုရားႀကီးကိုယ္တိုင္ ေျမေနရာဝယ္ယူထားတဲ့ ငါးထပ္ႀကီးဘုရားအနီးက ဝကၤပါေတာင္ကုန္းေပၚမွာ အုတ္နန္းျပႆ ဒ္ထားၿပီး သၿဂႋဳလ္ ခဲ့ၾကပါတယ္။ ကိုးကား ကုန္းေဘာင္အလြန္ မင္းနႏၵသူ

မူရင္းေရးသားသူအား ေလးစားစြာ Credit ေပးပါသည္။

Unicode

မင်းတုန်းမင်းရဲ့ မိဖုရား (၁၀၀) ကျော်ထဲက ရုပ်ရည်အချောမောဆုံး သရစိမ်းမိဖုရားကြီး အကြောင်း

သရစိမ်းမိဖုရားကြီး (ရုပ်ရည် အချောမောဆုံးမိဖုရား)၊ သရစိမ်းမိဖုရားကြီး ဟာ မင်းတုန်မင်းရဲ့ ရွှေတိုက်စာရင်းဝင်မိဖုရားတွေထဲမှာ ရုပ်ရည်အချောမောဆုံးသော မိဖုရားတစ်ပါးဖြစ်ခဲ့ပါတယ်။ မင်းတုန်းမင်းကြီးရဲ့ အခြားသော ရှမ်းမိဖုရား၊ ထိုင်းမိဖုရားတို့နဲ့အပြိုင် ရုပ်ရည်လှခဲ့သူလည်း ဖြစ်ပါတယ်။

သရစိမ်းမိဖုရားကြီးဟာ မိဖုရားဖြစ်တဲ့အချိန်မှာ အသက် (၁၆)နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ မအေတူ ဖအေကွဲ အစ်မတော်မိဖုရားတွေဖြစ်တဲ့ လင်ပန်မိဖုရားနဲ့ သက်ပန်းမိဖုရားတို့ထံ ဝင်ထွက်ခစားရင်း မင်းတုန်းဘုရင်ကတွေ့မြင်ပြီး ရုပ်ရည်ချောမောတာနဲ့ မိဖုရားအဖြစ်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

သရစိမ်းမိဖုရားကြီးဟာ “သုသီရိနန္ဒာမဟေ” ဘွဲ့ ရရှိ ပြီးတဲ့နောက်မှာ ဘုရင်က ချစ်ခင်မြတ်နိုးလွန်းတဲ့အတွက် ဘဏ္ဍာစိုး ရာထူးကိုပါ ပေးအပ်ခဲ့ပြီး ဘုရင့်အဆောင်တော်မှာ အမြဲနေခဲ့ရသူလဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ သရစိမ်းမိဖုရားဟာ မဟေဘွဲ့ခံ မိဖုရားတစ်ပါးသာဖြစ်ပေမယ့် ဓာတ်ပုံထဲမှာ ပါတဲ့အတိုင်းများပြားလွန်းလှတဲ့ ရတနာ လက်ဝတ်လက်စားများ ဆင်မြန်းထားတာကို ကြည့်ခြင်းဖြင့် မင်းတုန်းဘုရင်ရဲ့ မြတ်နိုးမှုဟာ ဘယ်လောက်ထိရှိမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

မိဖုရားကြီးဟာ နောင်မွန်ထိပ်ခေါင်တင်၊ တိုင်တားထိပ်ခေါင်တင်၊ မှိုင်းလုံထိပ်ခေါင်တင် ဆိုတဲ့ သမီးတော်သုံးပါးဖွားမြင်ခဲ့ပြီး သမီးတော်သုံးပါးစလုံးဟာလည်း မယ်တော်မိဖုရားကြီးအတိုင်းပင် ရုပ်ရည်ချောမောခဲ့သူတွေဖြစ်ရုံမက မင်းတုန်းမင်းကြီးရဲ့ အခြားသော ကုန်းဘောင်မင်းသွေးပါတဲ့ စုဖုရားဘွဲ့ခံ မင်းသမီးတွေနဲ့အပြိုင် “ဃနမတ္တက” အဆင်တန်ဆာကို ဆင်မြန်းခွင့်ရခဲ့သူတွေလဲဖြစ်ပါတယ်။

သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာ သရစိမ်းမိဖုရားကြီးရဲ့ အစ်မတော်တွေဖြစ်တဲ့ လင်ပန်းမိဖုရား၊ သက်ပန်းမိဖုရားတို့ တွေ အဖမ်းအဆီးခံခဲ့ရပေမယ့် သူ(သရစိမ်းမိဖုရားကြီး)နဲ့ သမီးတော်သုံးပါးဟာ ဘာဒုက္ခမှမရောက်ခဲ့ပါဘူး။ ဒုက္ခမရောက်ခဲ့တဲ့အပြင် သီပေါမင်းရဲ့ မုဒ္ဓါဘိတ်သိတ်ခံယူပွဲမှာ သရစိမ်းမိဖုရားကြီး ရဲ့ သမီးတော်လတ်ဖြစ်တဲ့ တိုင်တားမင်းသမီးဟာ ငွေမောင်းကိုင်စွဲလို့ မင်္ဂလာစကားသုံးခွန်းဆိုခဲ့ရပါတယ်။

အဲ့ဒီအခါမှာ နန်းမတော်စုဖုရားလတ်က တိုင်တားမင်းသမီးလေးကို ချစ်ခင်လွန်းလို့ သူ့ရှေ့မှာရှိနေတဲ့ ရတနာပုံထဲက ရတနာတွေကို နှစ်သက်သလောက်ယူဖို့ ပြောဆိုခဲ့ပြီး မင်းသမီးလေးက ကြောက်လန့်နေလို့ မယူရဲတဲ့အတွက် နန်းမတော်စုဖုရားလတ်ကိုယ်တိုင် ဖလားနဲ့သုံးလုံး ရတနာတွေကို ပေးခဲ့တဲ့အထိ သီပေါမင်းလက်ထက်မှာ မျက်နှာပွင့်လန်းခဲ့ကြရပါတယ်။

ပါတော်မူပြီးနောက်မှာ မိဖုရားကြီးနဲ့ သမီးတော်သုံးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ပြီး ပင်စင် ၁၅၀နဲ့ အိမ်လခ ၆၀ ပေးခဲ့ပါတယ်။ မိဖုရားကြီး ဟာ ရန်ကုန်မြို့မှာ မြေနေရာ ၆ ဧကကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ အုတ်ခံ နှစ်ထပ်စံအိမ်တော်ကြီးကို ဝယ်ယူပြီးနေထိုင်ခဲ့ပါတယ်။

မိဖုရားကြီး ရဲ့ စံအိမ်တော်ကြီးဟာ မင်းဆွေမင်းမျိုးများ၊ မှန်နန်းအပျိုတော်များ၊ ဘုရင်လက်ထက်က ခစားခဲ့ကြတဲ့ အမှူထမ်း ပုဂ္ဂိုလ်များနဲ့ အမြဲမပြတ်စည်ကားခဲ့ပြီး နေ့စဉ် ဆန်တစ်တင်းချက်ကုန်အထိ ချက်ပြုတ်ခဲ့ရပါတယ်။

မိဖုရားကြီးဟာ ရန်ကုန်မှာပဲစံနေခဲ့ပြီး အသက် ၈၃ နှစ် ၁၂၈၇ခုနှစ်မှာ ကံတော်ကုန်ခဲ့လို့ မိဖုရားကြီးကိုယ်တိုင် မြေနေရာဝယ်ယူထားတဲ့ ငါးထပ်ကြီးဘုရားအနီးက ဝင်္ကပါတောင်ကုန်းပေါ်မှာ အုတ်နန်းပြဿ ဒ်ထားပြီး သင်္ဂြိုလ် ခဲ့ကြပါတယ်။ ကိုးကား ကုန်းဘောင်အလွန် မင်းနန္ဒသူ

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။