“သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသများ”
Zawgyi
Source:စုစုစံ/ မိုးဇလ
Unicode
သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသများနှင့် နေ့စဉ်မိုးလေဝသ သတင်းထုတ်ပြန်ချက်များကို အများသိရှိနိုင်စေဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်။ ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။
ရွာသွန်းမြဲမိုးရေချိန်ထက် ၃ဆ ပိုမိုရွာသွန်းနိုင်တဲ့အတွက် မေခမြစ်၊ မလိခမြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်တို့ရဲ့ စိုးရိမ်ရေမှတ်များကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် ရေကြီးရေလျှံသတိပြုကြရန်နှင့် လာမည့် အောက်တိုဘာလတွင် လာနီညာ တစ်ကြော့ပြန်လာမှာဖြစ်တဲ့အတွက် မုတ္တမပင်လယ်ကွေ့ ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း
ရခိုင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်တာမို့ သီးနှံစိုက်ပျိုးတောင်သူများ ကြိုတင်ပြင်ထားကြပါ ဆိုပြီး ခန့်မှန်းလိုက်တိုင်းမှန်တဲ့ မိုးလေဝသ စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားပါတယ်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် နေ့စဉ်မိုးလေဝသထုတ်ပြန်ချက်အရ
ယနေ့ညနေအထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါတယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။
Source:စုစုစံ/ မိုးဇလ
“ရ ခို င် က မြို့ န ယ် လေး ခု မှာ ‌‌ေ ရ ကြီ းမှု ဒ ဏ် ခ ံ နေ ရ တဲ ့ ပြ ည် သူ များ ”
Zawgyi
Unicode
ရခိုင်မှာ မြို့နယ်လေးခုထိ ရေနစ်မြုပ်
ရခိုင်မှာ မြို့နယ်လေးခုထိ ရေနစ်မြုပ်၊ သံတွဲမြို့မှာရေအနည်းငယ်ပြန်ကျ
ရခိုင်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုတွေကြောင့် မြို့နယ်လေးခုမှာ ရေကြီးနစ်မြုပ်မှုတွေ နဲ့ရင်ဆိုင်နေကြရပြီး တစ်မြို့လုံးရေနစ်မြုပ်နေတဲ့ သံတွဲမြို့မှာတော့ မနေ့ကညအချိန်ရေပြန်ကျစပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။
မနေ့ကမနက်ပိုင်းရေတွေမြင့်တက်လာနေတဲ့အချိန်မှာတော့ ရပ်ကွက် သုံးခုလောက်က ရေမမြုပ်သေးပေမယ့် နေ့လယ်ပိုင်းမှာတော့ တောင်ကျရေတွေတိုးလာနေတဲ့အတွက် သံတွဲတစ်မြို့လုံးရေနစ်မြုပ်သွားခဲ့တာပါ။
အနိမ့်ပိုင်းနေရာတွေမှာဆို လူနှစ်ရပ်ကျော်တဲ့အထိ မြင့်တက်ခဲ့ကာ အမြင့်ပိုင်းနေရာတွေမှာတော့ လူတစ်ရပ်ကျော်လောက်ထိ နစ်မြုပ်ခဲ့တယ်လို့ လက်ရှိရေနစ်မြုပ်နေတဲ့ရပ်ကွက်တွေအတွင်းမှာ နေထိုင်သူတွေက ပြောဆိုကြပါတယ်။
သံတွဲရေကြီးမှုဟာ ရေတက်ချိန်မြန်လွန်းတဲ့အတွက် လူတွေစိုးရိမ်မှုတွေနဲ့ကြုံခဲ့ကြရပြီး ကယ်ဆယ်ရေးတွေကိုလည်း အပြည့်အဝမလုပ်နိုင်ကြတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ညောင်ပင်ဈေးရပ်ကွက်ကနေအိမ်အများစုတို့မှာ ဆက်နေလို့မရတဲ့အတွက် ဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့နေကြရပြီး စားရေးသောက်ရေးအခက်အခဲတွေဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
သံတွဲမြို့နယ်ဟာ ကိုဗစ် တတိယလှိုင်းအဖြစ်များတဲ့မြို့နယ်တစ်ခုဖြစ်တာကြောင့် ရောဂါကူးစက်ခံရမှာကို စိုးရိမ်ကြောက်လန့်နေကြတဲ့အချိန်မှာ အခုလိုရေကြီးနစ်မြုပ်မှုနဲ့ကြုံတွေ့လာရတဲ့အတွက် ကူညီကယ်ဆယ်
ယ နေ့ ည မှ စ ၍ ၁ ၇ ရ က် အ တွ င်း မို းကြီး ရေ လျှံ နို င် သ ည် မြို့ များ အ ထူး သ တိ ပေး ချ က်
Zawgyi
Unicode
မြေနိမ့်ရာနေရာ နေထိုင်သူတွေနဲ့ မြေပြိုနိုင်သော နေရာတွေနေ ထိုင်သူတွေ သတိထားကြပါ
၂၀၂၁ ဇွန်လ ၁၅ရက်နေ့ ညမှ ၁၇ရက် နေ့အတွင်း ကျိုက်ထို ဘီးလင်း သထုံ ဘားအံ ပေါင် မုတ္တမ မော်လမြိုင်ကျုံဒိုး ကော့ကရိတ် မြဝတီ မိုးကြီးရေလျှံ ဖြစ်နိုင်ပါသဖြင့် မြေနိမ့်ရာနေရာနေထိုင်သူတွေနဲ့ မြေပြိုနိုင်သောနေရာ နေထိုင်သူများ အထူးသ တိထားကြပါနော်။ (၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှအားအလွန် ကောင်းနေပါသည်။
မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ စစ် ကိုင်းတိုင်းဒေသကြီ အ ထက်ပိုင်း၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ က ချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက် ၍ မိုးကြီးနိုင်ပါ သည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်း တစ် လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေ ပြင်/မြေ ပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အ ထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂) ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်။ နေ ပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့် မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာ နှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့် မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အ ထိခန့် မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
လေပြင်းတိုက်ခတ်နိုင်သောဒေသနှင့်မိုးကြီးလာနိုင်သော ဒေသများကို အသိပေးခြင်း
Zawgyi
Unicode
လေပြင်းတိုက်ခတ်နိုင်သောဒေသနှင့်မိုးကြီးလာနိုင်သော ဒေသများကို အသိပေးခြင်း
လက်ရှိ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရခိုင်ပြည်နယ်‌ဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိ‌တယ်။
ယနေ့ လေထုအနေအထားအရမွန်ပြည်နယ်ကျိုက်ထို အနီးတဝိုက်မှာလေထု ဖိအား ကျဆင်းနေတာကိုတွေမြင်ရပါတယ်။
ကပ္ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ် မြောက်ဘက်မှာမုတ်သုန်အားကောင်းနေတာကိုတွေမြင်ရပါတယ်။
တခါတစ်ရံ မှာလေပြင်းတွေလည်း တိုက်ခတ်လာနိုင်တဲ့ပုံစံမျိုးတွေ လည်းတွေ့နေရပါတယ်။
ဖြစ်လာနိုင်တာကဖိအားနည်း နေရာကိုအားကောင်းနေတဲ့ မုတ်သုန် တိုးဝင်လာနိင်ပြီးမိုးတိမ် ဧရိယာ ကျယ်ပြန့်လာနိုင်တဲ့ပုံမျိုးပါ။
ဒါကြောင့် မွန်ပြည်နယ်ဒေသများကရင်ပြည်နယ်ဒေသတနင်္သာရီတိုင်း‌ဒေသတွေမိုးကြီးလာနိုင်သေးတယ်။ မွန်ပြည်နယ် ကျိုက်ထိုနှင့် မုတ္တမကြားဒေသတွေမှာမိုးတအားကြီးနိုင်တယ်။
စိုးရိမ်စရာက ဒီဒေသတွေမှာတောင်ပြိုခြင်း‌ဖြစ်စဉ်‌တွေဖြစ်ခဲ့ဘူးတော့ဒီလိုမိုးကြီးလာရင်စိုးရိမ်မှု့တော့ ဖြစ်လာနိုင်ပါတယ်။ ရန်ကုန်တိုင်း ပဲခူးတိုင်းလည်းမိုးကြီးလာနိုင်သေးတယ်။
ရန်ကုန်တိုင်း ကတော့ ရေဝပ်တဲ့နေရာတွေရေစီးဆင်းမှု့နည်းတဲ့ဒေသတွေတော့ ရေလျံခြင်းဖြစ်စဉ်တွေ ထပ်မံကြုံတွေ့လာနိုင်ပါတယ်။
ကျန်ပြည်နယ်တိုင်းတွေကတော့ဒေသလိုက်ပြီး မိုးရွာသွန်းမှာပါ။ေ နရာကွက်မိုးကြီးမှုတွေလေပြင်းတိုက်ခတ်မှု့တွေ ရှိလာနိုင်ပါတယ်။
အထူးသဖြစ် မန္တလေးတိုင်း အနီးတဝိုက်မြစ်ဝကျွန်းပေါ်ဒေသရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်မကွေးတိုင်းရှမ်းပြည်နယ်ဘက်တွေမှာလေပြင်းတိုက်ခတ်မှု့တွေကြုံတွေလာနိုင်ပါတယ်။
မန္တလေးတိုင်းဘက်မှာ ပြင်းထန်နိုင်ပါတယ်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားမြောက်ပိုင်းနှင့်ဆက်စပ်နေသောမြန်မာ့ပင်လယ်ပြင်ကမ်းနီးကမ်းဝေးနှင့်ဒေသများမိုးသက်လေပြင်းများကျရောက်နိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ် လေပြင်မြေပြင်လေတိုက်နှုန်း တစ်နာရီမိုင် 40 ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအမြင့် ရခိုင်ကမ်းလွန် အမြင့်ဆုံး 11 ပေမွန်တနင်္သာရီကမ်းလွန်မှာ 8 ပေထိ ရှိနိုင်ပါတယ်။
နောက်နေ့တွေမှာလည်းရန်ကုန်တိုင်းမြစ်ဝကျွန်းပေါ်ဒေသရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ဒေသအချို့မှာ မိုးဆက်လက်ရွာသွန်းနိုင်ပါတယ်လို့ခန့်မှန်းမိပါတယ်။
ယ နေ့ ရ န် ကု န် မြို့ စော် ဘွား ကြီး ကု န်း ရေ ကြီး ရေ လျံ မှု အ ခြေ အ နေ
Zawgyi
Unicode
ယနေ့ (7.5.2016) ရက်နေ့တွင် ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းတွင် မိုးသည်းထည်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ရေကြီးရေလျန်မှုမှာ နှစ်စဉ်ဖြစ်ပွားလျှက်ရှိပြီး ယခုနှစ်တွင် မိုးခေါင်မှုနှင့် ကြုံတွေ့ရပြီး ယခုအချိန်သည် ပထမဆုံး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု ပထမဆုံးဖြစ်သည်။
ယခုရေကြီးမှု‌ကြောင့် ပြည်သူအချို့ ဒုက္ခရောက်ရှိကာ သွားရေးလာရေး ခက်ခဲမှုနှင့် ကြုံတွေနေရသည်။ ရန်ကုန်မြို့သည် လူနေထူထပ်ပြီး သန့်ရှင်းသပ်ရပ်မှု နည်းပါးကာ ရေစီးရေလာကောင်းမွန်းစေရန် ရေနှုတ်‌မြှောင်းများ ဖောက်ထားသော်လည်း ရေနှုန်မြှောင်းများတွင် အမှိုက်များပြည့်လျှံနေခြင်း၊
ပိတ်ဆို့ထားခြင်းကြောင့် ယခုကဲ့သို့ ရေကြီးမျုများ နှစ်စဉ်ကြုံတွေ့နေခြင်းဖြစ်ကြောင်း ဒေသခံတွေပြောစကားအရ သိရပါတယ်။ ရေစီးရေလာကောင်းအောင် ရေနှုတ်မြှောင်းတွေဖောက်ထားတယ်၊ ဒါပေမဲ့ ပြည်သူလူထုကလည်း စည်းကမ်းကမရှိတော့ ပိုဆိုးတာပေါ့ဗျာ၊ ဘယ်အစိုးရတက်တက် ပြည်သူလူထုကမှမလိုက်နာရင် အခုလို ရေကြီးနေဦးမှာပဲ ဟု ဒေသခံတစ်ဦးက ဆိုတယ်။
အညာမြေမှ မိုးမျှော်နေကြသူများအတွက် ရွှေမိုးကြီးလာတော့မယ်
Unicode
အညာမြေမှ မိုးမျှော်နေကြသူများအတွက် ရွှေမိုးကြီးလာတော့မယ်
မိုးနည်းဒေသဖြစ်တဲ့ အညာမြေတွေမှာ ၂၅ ရက် ၂၆ ရက်တွေမှာ မျှော်လင့်နေကြတဲ့ရွှေမိုးကြီး ရွာသွန်းမှာဖြစ်ပြီး
အပူချိန်တွေလဲ လျော့ကျသွားတော့မှာပါ အားလုံးလဲ ဝမ်းမြောက်ဝမ်းသာဖြစ်စေမယ့် သတင်းကောင်းလေးလို့ထင်ပါတယ်
မိုးမျှော်နေတဲ့သူများအတွက် သတင်းကောင်းလေးမို့ အားလုံးသိအောင်လဲ မျှဝေပေးကြပါအုံး
ယနေ့ရန်ကုန်မှာတော့ ရွာနေပါပီ Tropical Depression 93B လေဝဲကီးက မုတ်သုန်လေဆွဲတင်လာတာကိုမြင်တွေ့ရတာဖြစ်ပါတယ်
Indaman island ကျွန်းကနေ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြစ်ဝကို တိမ်တိုက်တွေရွှေနေတာမြင်ကြရမှာပါ
မုတ္တမပင်လယ်ကွေ့ကိုလေဦးထိုးနေပြီး ခရမ်းသုံးခွ သထုံ နောက် ၅ရက်အတွင်း မိုးကြီးနိုင်သလို ပဲခူးညောင်လေးပင်ဖြူး တောင်ငူအထိပါ မိုးပေးတော့မှာပါ
source su su san
Zawgyi
source su su san
25.5.2021 နံနက် ( ၃ ) နာ ရီ အ ချိ န် မှာ မု န် တို င်း ဖြ တ် သွားနိုင်သည့်မြို့များ
Zawgyi
Unicode
(25.5.2021) နံနက်(၃)နာရီအချိန်မှာ မုန်တိုင်းဖြတ်မည့်မြို့များ
မနက် (3)နာရီမှာ ဘိုကလေးမြို့ပေါ်ကနေ ဖြတ်သွားမယ်လို့ ခန့်မှန်းထားပါတယ်
မုန်တိုင်းဖြတ်သွားမည့်မြို့များ
ဖျာပုံ ဘိုကလေး မော်ကျွန်း မြောင်းမြ ပုသိမ် ငွေဆောင် ချောင်းသာ ဧရာဝတီတိုင်းတခုလုံး ရန်ကုန်မြို့ အဖျားခတ်ပါမည်
(25.5.2021)၊ နံနက်(10)နာရီမှာ ချောင်းသာ၊ ငွေဆောင်ပေါ်က ဖြတ်မည်လို့ ခန့်မှန်းထားပါတယ်.. သတိပိုသည်မရှိ… ပြန်မျှဝေပေးပါ။