Categories
သမိုင်း

ဧရာမကျောင်းတော်ကြီး အန်ကောဝပ်

Zawgyi

(၁) အန္ေကာဝပ္ (Angkor Wat) ဟု ဆိုလိုက္သည္ႏွင့္ ကေမာၻဒီးယားႏိုင္ငံထဲက ကမာၻေက်ာ္ ေရွးေဟာင္းအေမြအႏွစ္ႀကီးတစ္ခုကို လူတိုင္းလူတိုင္း မ်က္လုံးထဲတြင္ ေျပး၍ ျမင္မိၾကစၿမဲျဖစ္ပါသည္။ ဝပ္ (Wat) ဆိုေသာ စကားလုံးက ေက်ာင္းကို ရည္ၫႊန္းပါသည္။ ႐ိုး႐ိုးေက်ာင္းမဟုတ္။ ဘာသာေရးႏွင့္ ဆက္ႏႊယ္သည့္ေက်ာင္း။ ၿခံစည္း႐ိုးကေလးသာျခားသည့္ ထိုင္းမွာေရာ ကေမာၻဒီးယားမွာပါ ဘုန္းေတာ္ ႀကီးေက်ာင္းေတြကလည္း ဝပ္ (Wat)၊ ဟိႏၵဴဘုရားေက်ာင္းေတြကလည္း ဝပ္ (Wat)။

အန္ေကာဝပ္ကေတာ့ ကမာၻ႔ထိပ္တန္းစာရင္းဝင္ ခမာႏိုင္ငံေတာ္အေမြအႏွစ္။ အခုရက္ေတြထဲ ထိုယဥ္ေက်းမႈအေမြအႏွစ္ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးထဲ၌ ကိုယ္လုံးတီးဓာတ္ပုံ အ႐ိုက္ခံသူတို႔ အေၾကာင္းေတြကို သတင္းစာ၊ ဂ်ာနယ္မ်ားထဲ၌ ဖတ္ရႈခြင့္ရလိုက္ရာ ကြၽန္ေတာ္ အံ့ၾသေန မိပါသည္။ ဘယ္လိုမ်ိဳး စိတ္ကူးႀကီးေတြပါလိမ့္။

(၂) အန္ေကာဝပ္က စီရမ္ရိ (Siem Reap) ျပည္နယ္ထဲမွာရွိပါသည္။ ဘန္ေကာက္မွ စီရမ္ရိသို႔ တစ္နာရီ ဝန္းက်င္ ေလယာဥ္စီးလိုက္ၿပီးသည္ႏွင့္ ကမာၻေက်ာ္ အန္ေကာဝပ္ဘုရားေက်ာင္း ရွိရာဆီသို႔ ေမာ္ေတာ္ ကားစီးၿပီး အေရာက္သြားႏိုင္ပါၿပီ။ အန္ေကာဝပ္က ပုဂံႏွင့္ေခတ္ၿပိဳင္။ ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့ေသာ ကေမာၻဒီးယားႏိုင္ငံက ၁၁ ရာစု ေႏွာင္းပိုင္းႏွစ္ကာလမ်ားတြင္ မၿငိမ္မသက္ မႈမ်ား၊ အစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့ပါသည္။

အာဏာကုန္ပိုင္စိုးႏိုင္ဖို႔ရာအတြက္ စင္ၿပိဳင္ႀကိဳးပမ္းၾကသူေတြႏွစ္ဦး၊ သုံးဦးအထိရွိခဲ့ေသာ ကာလမ်ားပင္ရွိခဲ့ဖူးပါသည္။ သို႔ျဖင့္ ၁၁ ရာစုကုန္ေလေသာအခါ ေနာက္ႏွစ္တစ္ရာရွည္ၾကာတည္တံ့မည့္ မင္းဆက္အသစ္ ေပၚေပါက္လာပါေတာ့သည္။ ပထမဦးဆုံးေပၚေပါက္ခဲ့ၾကသည့္ ေဇယ်ဗာမန္ (၆) ႏွင့္ ျအနိႏၵရာဗာမန္ (၁) တို႔၏ အေၾကာင္းကို လူသိအလြန္နည္းပါသည္။ သို႔ေသာ္ သူတို႔၏ တူေတာ္စပ္သူ သူရိယဗာမန္ (၂) ကမူ ထူးျခားေသာမင္းတစ္ပါးပဲ ျဖစ္ပါသည္။

ကမာၻေက်ာ္အန္ေကာဝပ္ကို တည္ေဆာက္ခဲ့သူမွာ သူရိယဗာမန္ (၂) ပင္ျဖစ္ပါ၏။ ေက်ာက္စာအေထာက္အထားတို႔အရ ထိုသူရိယဗာမန္ (၂) Suryavarman(II) သည္ ၿပိဳင္ဘက္မင္းတစ္ပါးကို အႏိုင္ရၿပီးေနာက္ ဘုန္းတန္ခိုးႀကီးမားလာခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။ စစ္ေျမျပင္တြင္ ရန္သူဘုရင္၏ ဆင္ဦးကင္းေပၚသို႔တက္ၿပီး လုပ္ႀကံပစ္လိုက္ပုံမွာ ေတာင္ေစာင္းတြင္ ေႁမြကို ဂဠဳန္က သုတ္ပစ္လိုက္သည့္ပမာႏွင့္ တူလွေၾကာင္း ေဖာ္ျပေလ့ရွိၾကပါသည္။

သူရိယဗာမန္ (၂) သည္ ဗီယက္နမ္ကို အတိုက္အခံျပဳကာ တ႐ုတ္၏ အားေပးမႈကိုခံယူၿပီး အန္ကာေခတ္ဘုရင္မ်ားထဲတြင္ တ႐ုတ္ႏွင့္ ဦးစြာ သံတမန္ဆက္ဆံခဲ့ေသာ ဘုရင္လည္းျဖစ္ပါသည္။ ယခုေခတ္ ထိုင္းႏိုင္ငံအေရွ႕ေျမာက္တြင္ရွိေသာ Pimai ႏွင့္ Phnom Rung အရပ္ေဒသမ်ားတြင္ အံ့ၾသခ်ီးက်ဴးဖြယ္ရာ ေက်ာင္းေတာ္မ်ားကို ထိုဘုရင္ တည္ေဆာက္ခဲ့ပါသည္။ သူရိယဗာမန္ (၂) က ဗိႆႏိုးနတ္ကို အျမတ္တႏိုးကိုးကြယ္သည္။ ထို႔ေၾကာင့္ အန္ကာေခတ္ (Angkor) ၏ အႀကီးမားဆုံး၊ အလွပဆုံး၊ အဆန္းၾကယ္ဆုံး၊ အခံ့ထည္ဆုံး အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးကို တည္ေဆာက္ခဲ့ပါသည္။

အန္ေကာဝပ္ေက်ာင္းေတာ္ဧရိယာက ဧက ငါးရာေက်ာ္သည္။ သူရိယဗာမန္ (၂) နန္းတက္စ အေစာပိုင္းႏွစ္မ်ားတြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ခရစ္ႏွစ္ ၁၁၅၀ သူ နတ္႐ြာစံသည္အထိ မၿပီးျပတ္ခဲ့။ ယခုအခါ ေပ်ာက္ဆုံးသြားၿပီျဖစ္ေသာ ေက်ာင္းေဆာင္အလယ္ရွိ ဗိႆႏိုးနတ္႐ုပ္ႀကီးသည္ သူရိယဗာမန္ (၂) ၏ (၃၃) ႏွစ္ေျမာက္ ေမြးေန႔ (ခရစ္ႏွစ္-၁၁၃၁) ကိုရည္႐ြယ္ကာ ထုလုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးသည္ အေနာက္ဘက္သို႔ မ်က္ႏွာဖြင့္ထားသည့္အတြက္ ထူးျခားသည္ဟုဆိုပါသည္။

ေက်ာင္းေဆာင္ပတ္ပတ္လည္ရွိ ႐ုပ္တုႀကီးမ်ားသည္ တစ္မိုင္ပတ္ပတ္လည္၌ ရွိေနၾကျခင္းျဖစ္ၿပီး အေနာက္ေျမာက္မွစကာ နာရီလက္တံ ေျပာင္းျပန္လည္သည့္ အေနအထားအတိုင္းၾကည့္ရင္း အၫႊန္းစာမ်ားကို ဖတ္သြားၾကရန္ျဖစ္ပါသည္။ ဤသို႔ေျပာင္းျပန္လွည့္ရသည့္ အဓိပၸာယ္မွာ ေသျခင္းတရားႏွင့္ ဆက္စပ္ေနၿပီး ‘‘အေနာက္ဘက္’’ ဟူသည့္ စကာလုံးကလည္း ခမာဘာသာစကားအရ က်ဆုံးျခင္း နစ္ျမဳပ္ျခင္းကို ကိုယ္စားျပဳေၾကာင္း ယူဆသူမ်ားရွိပါသည္။ ထို႔ေၾကာင့္ ျပင္သစ္ေလ့လာသူမ်ားက အန္ေကာဝပ္သည္ ေက်ာင္းေတာ္မဟုတ္ဘဲ ဂူသခ်ႋဳင္းျဖစ္ရမည္ဟု ျငင္းခုံခဲ့သည္မ်ားလည္း ရွိခဲ့ပါသည္။

အန္ေကာဝပ္ေက်ာင္းေတာ္ ဝန္းက်င္ႀကီးတစ္ခုလုံးသည္ နက္ရႈိင္းသည့္ သစ္ေတာအုပ္ႀကီး၏ အလယ္တြင္ ႏွစ္ေပါင္းမ်ားစြာ ပုန္းဝွက္ကြယ္ေပ်ာက္ကာ ငုပ္လွ်ိဳးေနခဲ့ျခင္းျဖစ္ၿပီး ျပင္သစ္ကိုလိုနီဘဝသို႔ က်ေရာက္စဥ္ ေန႔ရက္မ်ားတြင္မွ ျပင္သစ္တို႔က ျပန္လည္ေဖာ္ထုတ္ေပးခဲ့ျခင္းျဖစ္ပါသည္။ ၁၉၄၀ ႏွင့္ ၁၉၇၀ ၾကားတြင္ အန္ေကာဝပ္သို႔ ေလ့လာသူအမ်ားအျပား ေရာက္ရွိ၍ လာၾကပါသည္။ ၁၉၄၀ ၌ ေရာက္ရွိသူ Codes ဆိုသူက အန္ေကာဝပ္သည္ ေက်ာင္းလည္းဟုတ္၊ ဂူလည္း ဟုတ္သည္ဟုဆိုပါသည္။ အေနာက္သို႔ မ်က္ႏွာလွည့္ထားျခင္းသည္ ဗိႆႏိုးကို အ႐ိုအေသျပဳျခင္းတဲ့။ အန္ကာေခတ္ႀကီးတစ္ေခတ္လုံးတြင္ ဗိႆႏိုးကို ပူေဇာ္ေသာ ဘုရားေက်ာင္းဟူ၍ အန္ေကာဝပ္ တစ္ခုသာရွိပါသည္။

(၃) ၁၉၇၀ ျပည့္ ႏွစ္လယ္ပိုင္းတြင္ အန္ေကာဝပ္ေက်ာင္းေတာ္၏ အတိုင္းအတာမ်ားကို ေလ့လာသူ Eleanor Moron ဆိုသူတစ္ေယာက္ ေရာက္လာပါသည္။ ေက်ာင္းေတာ္၏ အတိုင္းအတာ၊ အမွတ္အသား မွန္သမွ်သည္ ေက်ာင္းေတာ္ကို ဒီဇိုင္းေရးဆြဲခဲ့သူတို႔က လွ်ိဳ႕ဝွက္အမွတ္အသားမ်ားျဖင့္ အဓိပၸာယ္ ေဖာ္ခဲ့ျခင္းျဖစ္မည္ဟု ခန႔္မွန္းၾကပါသည္။ ကေမာၻဒီးယားအတိုင္းအတာအရ အေနာက္ဘက္အေပါက္မွ ေက်ာင္းေဆာင္အလယ္အထိ ၁၇၂၈ ဘက္ (Bat) ရွိပါသည္။

အျခားသုံးဘက္မွာမူ ေက်ာင္းေဆာင္အလယ္သို႔ ေရာက္ေစရန္ ၁၂၉၆ ဘက္၊ ၈၆၇ဘက္၊ ၄၃၉ဘက္ အသီးသီးရွိပါသည္။ ထိုအကြာအေဝးပမာဏတို႔သည္ အိႏၵိယအယူအဆအရ ေခတ္ႀကီးေလးေခတ္ကို ကိုယ္စားျပဳသည္ဟု ဆိုပါသည္။ ေ႐ႊေခတ္သည္ ႏွစ္ ၁ ဒသမ ၇၂၈ သန္းၾကာၿပီး အျခားသုံးေခတ္သည္ ႏွစ္ ၁ ဒသမ ၂၉၆ သန္း၊ ၈၆၄၀၀၀ ႏွစ္ႏွင့္ ၄၃၂၀၀၀ ႏွစ္တို႔ ကိုယ္စားျပဳေၾကာင္းဆိုပါ၏။ အေစာဆုံးေခတ္သည္ ေနာက္ဆုံးေခတ္၏ ေလးဆ၊ ဒုတိယေခတ္၏ သုံးဆ၊ တတိယေခတ္၏ ႏွစ္ဆရွိၿပီး ယခုေခတ္သည္ ေနာက္ဆုံးေခတ္ျဖစ္ကာ အဆုံးတြင္ စၾကဝဠာႀကီး ပ်က္စီးသြားမည္ျဖစ္ေၾကာင္း ယူဆပါသည္။

ေၾသာ္- ကေမာၻဒီးယား အေျခခံအတိုင္းအတာ ဘက္ (Bat) တစ္ဘက္မွာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ေပ တဲ့။ လိုရာစနစ္သို႔ တြက္ခ်က္ၾကည့္ယူႏိုင္ပါသည္။ ထား။ သို႔ဆိုလွ်င္ နာရီလက္တံ ေျပာင္းျပန္အတိုင္း ဖတ္ၾကည့္ရမည္ဆိုသည့္ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးသည္ အခ်ိန္ကာလ ခရီးသြားျခင္းကို ကိုယ္စားျပဳတဲ့ အဓိပၸာယ္ပဲေပါ့။ အေနာက္ေပါက္မွ ဝင္ေရာက္လာလွ်င္ ေသျခင္းတရား၏ ဆန႔္က်င္ဘက္။ အိႏၵိယတို႔ ယုံၾကည္ၾကရာ အခ်ိန္ကာလ၏အစသို႔ ခ်ဥ္းကပ္လာသည့္ အနက္အဓိပၸာယ္။

Eleanor Moron က အန္ေကာဝပ္ေက်ာင္းတြင္ နကၡတ္တာရာအရ ဆက္စပ္မႈမ်ားလည္း ရွိသည္ဟု ဆိုပါသည္။ Phmum Bak အရပ္ရွိ ေတာင္ကုန္းကေလးတစ္ခုေပၚမွ ေနထြက္လာေသာ အခ်ိန္တြင္ ေနသည္ အေနာက္ဘက္ဝင္ေပါက္ႏွင့္ တစ္တန္းတည္း ျဖစ္ေနသည္ဟု ဆိုပါသည္။ အန္ေကာဝပ္ကို တည္ေဆာက္သူ သူရိယဗာမန္၏ အမည္ကပင္လွ်င္ ေနမင္းႀကီး၏ ကာကြယ္ေစာင့္ေရွာက္မႈကို ခံရသူဟု အဓိပၸာယ္သက္ေရာက္ေနသည္ မဟုတ္လား။ သို႔ဆိုလွ်င္ျဖင့္ အန္ေကာဝပ္ ေက်ာင္းေတာ္ႀကီးသည္ လွ်ိဳ႕ဝွက္စာမ်ားျဖင့္ ေရးသားထားသည့္ ဘာသာေရး ပေဟဠိပုစာၦတစ္ပုဒ္မ်ား ျဖစ္ေနေလေရာ့သလား မသိ။

(၄) သူရိယဗာမန္ (၂) ၏ ေခတ္တြင္ ေရကို ကန္ျဖင့္သိုေလွာင္ကာ တူးေျမာင္းမ်ားျဖင့္ ထိန္းသိမ္းခဲ့ရာ ေျခာက္ေသြ႕ေသာ ရာသီတြင္ တစ္သီးစာ၊ မိုးရာသီတြင္ ႏွစ္သီးစာအထိ ေရလုံေလာက္ခဲ့ပါသည္။ ေတာင္ဘက္အရပ္ရွိ ေတာင္ကုန္းေဒသမ်ား၊ ေျမာက္ဘက္အရပ္ရွိ လြင္ျပင္ေဒသမ်ားသို႔ ေရာက္သည္အထိ ေရကို ေခ်ာင္းငယ္မ်ားမွတစ္ဆင့္ ေပးပို႔ခဲ့ရာ ေနာက္ပိုင္းလိုအပ္မႈ မ်ားျပားလာေသာအခါ အန္ကာလြင္ျပင္ (Amkor) ၌ အာဟာရလုံေလာက္ေအာင္ မေပးစြမ္းႏိုင္ပါေလေတာ့။

အန္ေကာဝပ္ကို တည္ေဆာက္သည့္ သူရိယဗာမန္ (၂) ေခတ္ေရကို စီမံမႈ၊ ဆန္စပါးထုတ္လုပ္မႈ၊ ကိုးကြယ္ယုံၾကည္မႈႏွင့္ ဘုရားေက်ာင္းတည္ေဆာက္မႈတို႔က အီဂ်စ္တို႔ ေခတ္ေကာင္းစဥ္ကာလမ်ား၊ မာယာေခတ္ (Maya) ထြန္းကားစဥ္ကာလမ်ားႏွင့္ အသြင္တူသည္ဟု ဆိုပါသည္။ ထိုေခတ္၏ အံ့မခန္း ဗိသုကာလက္ရာ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးသည္ ခမာနီေခတ္မ်ားတြင္ကား ေပယ်ာလကန္ျပဳျခင္း ခံလိုက္ရပါေတာ့သည္။ ခမာနီတို႔၏ အန္ေကာဝပ္ေက်ာင္းေတာ္ႀကီးအေပၚ အျမင္က ၾကမ္းပါသည္။

‘‘ဘာမွ အဓိပၸာယ္မရွိတဲ့ ေက်ာက္တုံးႀကီးေတြ’’ ဆိုလား။ ေၾသာ္……….။

မူရင္းေရးသားသူအားCredit ေပးပါသည္။

Unicode

(၁) အန်ကောဝပ် (Angkor Wat) ဟု ဆိုလိုက်သည်နှင့် ကမ္ဘောဒီးယားနိုင်ငံထဲက ကမ္ဘာကျော် ရှေးဟောင်းအမွေအနှစ်ကြီးတစ်ခုကို လူတိုင်းလူတိုင်း မျက်လုံးထဲတွင် ပြေး၍ မြင်မိကြစမြဲဖြစ်ပါသည်။ ဝပ် (Wat) ဆိုသော စကားလုံးက ကျောင်းကို ရည်ညွှန်းပါသည်။ ရိုးရိုးကျောင်းမဟုတ်။ ဘာသာရေးနှင့် ဆက်နွှယ်သည့်ကျောင်း။ ခြံစည်းရိုးကလေးသာခြားသည့် ထိုင်းမှာရော ကမ္ဘောဒီးယားမှာပါ ဘုန်းတော် ကြီးကျောင်းတွေကလည်း ဝပ် (Wat)၊ ဟိန္ဒူဘုရားကျောင်းတွေကလည်း ဝပ် (Wat)။

အန်ကောဝပ်ကတော့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ခမာနိုင်ငံတော်အမွေအနှစ်။ အခုရက်တွေထဲ ထိုယဉ်ကျေးမှုအမွေအနှစ် အန်ကောဝပ်ကျောင်းတော်ကြီးထဲ၌ ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံသူတို့ အကြောင်းတွေကို သတင်းစာ၊ ဂျာနယ်များထဲ၌ ဖတ်ရှုခွင့်ရလိုက်ရာ ကျွန်တော် အံ့သြနေ မိပါသည်။ ဘယ်လိုမျိုး စိတ်ကူးကြီးတွေပါလိမ့်။

(၂) အန်ကောဝပ်က စီရမ်ရိ (Siem Reap) ပြည်နယ်ထဲမှာရှိပါသည်။ ဘန်ကောက်မှ စီရမ်ရိသို့ တစ်နာရီ ဝန်းကျင် လေယာဉ်စီးလိုက်ပြီးသည်နှင့် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်း ရှိရာဆီသို့ မော်တော် ကားစီးပြီး အရောက်သွားနိုင်ပါပြီ။ အန်ကောဝပ်က ပုဂံနှင့်ခေတ်ပြိုင်။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ၁၁ ရာစု နှောင်းပိုင်းနှစ်ကာလများတွင် မငြိမ်မသက် မှုများ၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

အာဏာကုန်ပိုင်စိုးနိုင်ဖို့ရာအတွက် စင်ပြိုင်ကြိုးပမ်းကြသူတွေနှစ်ဦး၊ သုံးဦးအထိရှိခဲ့သော ကာလများပင်ရှိခဲ့ဖူးပါသည်။ သို့ဖြင့် ၁၁ ရာစုကုန်လေသောအခါ နောက်နှစ်တစ်ရာရှည်ကြာတည်တံ့မည့် မင်းဆက်အသစ် ပေါ်ပေါက်လာပါတော့သည်။ ပထမဦးဆုံးပေါ်ပေါက်ခဲ့ကြသည့် ဇေယျဗာမန် (၆) နှင့် အြနိန္ဒရာဗာမန် (၁) တို့၏ အကြောင်းကို လူသိအလွန်နည်းပါသည်။ သို့သော် သူတို့၏ တူတော်စပ်သူ သူရိယဗာမန် (၂) ကမူ ထူးခြားသောမင်းတစ်ပါးပဲ ဖြစ်ပါသည်။

ကမ္ဘာကျော်အန်ကောဝပ်ကို တည်ဆောက်ခဲ့သူမှာ သူရိယဗာမန် (၂) ပင်ဖြစ်ပါ၏။ ကျောက်စာအထောက်အထားတို့အရ ထိုသူရိယဗာမန် (၂) Suryavarman(II) သည် ပြိုင်ဘက်မင်းတစ်ပါးကို အနိုင်ရပြီးနောက် ဘုန်းတန်ခိုးကြီးမားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ စစ်မြေပြင်တွင် ရန်သူဘုရင်၏ ဆင်ဦးကင်းပေါ်သို့တက်ပြီး လုပ်ကြံပစ်လိုက်ပုံမှာ တောင်စောင်းတွင် မြွေကို ဂဠုန်က သုတ်ပစ်လိုက်သည့်ပမာနှင့် တူလှကြောင်း ဖော်ပြလေ့ရှိကြပါသည်။

သူရိယဗာမန် (၂) သည် ဗီယက်နမ်ကို အတိုက်အခံပြုကာ တရုတ်၏ အားပေးမှုကိုခံယူပြီး အန်ကာခေတ်ဘုရင်များထဲတွင် တရုတ်နှင့် ဦးစွာ သံတမန်ဆက်ဆံခဲ့သော ဘုရင်လည်းဖြစ်ပါသည်။ ယခုခေတ် ထိုင်းနိုင်ငံအရှေ့မြောက်တွင်ရှိသော Pimai နှင့် Phnom Rung အရပ်ဒေသများတွင် အံ့သြချီးကျူးဖွယ်ရာ ကျောင်းတော်များကို ထိုဘုရင် တည်ဆောက်ခဲ့ပါသည်။ သူရိယဗာမန် (၂) က ဗိဿနိုးနတ်ကို အမြတ်တနိုးကိုးကွယ်သည်။ ထို့ကြောင့် အန်ကာခေတ် (Angkor) ၏ အကြီးမားဆုံး၊ အလှပဆုံး၊ အဆန်းကြယ်ဆုံး၊ အခံ့ထည်ဆုံး အန်ကောဝပ်ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော်ဧရိယာက ဧက ငါးရာကျော်သည်။ သူရိယဗာမန် (၂) နန်းတက်စ အစောပိုင်းနှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခရစ်နှစ် ၁၁၅၀ သူ နတ်ရွာစံသည်အထိ မပြီးပြတ်ခဲ့။ ယခုအခါ ပျောက်ဆုံးသွားပြီဖြစ်သော ကျောင်းဆောင်အလယ်ရှိ ဗိဿနိုးနတ်ရုပ်ကြီးသည် သူရိယဗာမန် (၂) ၏ (၃၃) နှစ်မြောက် မွေးနေ့ (ခရစ်နှစ်-၁၁၃၁) ကိုရည်ရွယ်ကာ ထုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ အန်ကောဝပ်ကျောင်းတော်ကြီးသည် အနောက်ဘက်သို့ မျက်နှာဖွင့်ထားသည့်အတွက် ထူးခြားသည်ဟုဆိုပါသည်။

ကျောင်းဆောင်ပတ်ပတ်လည်ရှိ ရုပ်တုကြီးများသည် တစ်မိုင်ပတ်ပတ်လည်၌ ရှိနေကြခြင်းဖြစ်ပြီး အနောက်မြောက်မှစကာ နာရီလက်တံ ပြောင်းပြန်လည်သည့် အနေအထားအတိုင်းကြည့်ရင်း အညွှန်းစာများကို ဖတ်သွားကြရန်ဖြစ်ပါသည်။ ဤသို့ပြောင်းပြန်လှည့်ရသည့် အဓိပ္ပာယ်မှာ သေခြင်းတရားနှင့် ဆက်စပ်နေပြီး ‘‘အနောက်ဘက်’’ ဟူသည့် စကာလုံးကလည်း ခမာဘာသာစကားအရ ကျဆုံးခြင်း နစ်မြုပ်ခြင်းကို ကိုယ်စားပြုကြောင်း ယူဆသူများရှိပါသည်။ ထို့ကြောင့် ပြင်သစ်လေ့လာသူများက အန်ကောဝပ်သည် ကျောင်းတော်မဟုတ်ဘဲ ဂူသင်္ချိုင်းဖြစ်ရမည်ဟု ငြင်းခုံခဲ့သည်များလည်း ရှိခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော် ဝန်းကျင်ကြီးတစ်ခုလုံးသည် နက်ရှိုင်းသည့် သစ်တောအုပ်ကြီး၏ အလယ်တွင် နှစ်ပေါင်းများစွာ ပုန်းဝှက်ကွယ်ပျောက်ကာ ငုပ်လျှိုးနေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကိုလိုနီဘဝသို့ ကျရောက်စဉ် နေ့ရက်များတွင်မှ ပြင်သစ်တို့က ပြန်လည်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။၁၉၄၀ နှင့် ၁၉၇၀ ကြားတွင် အန်ကောဝပ်သို့ လေ့လာသူအများအပြား ရောက်ရှိ၍ လာကြပါသည်။ ၁၉၄၀ ၌ ရောက်ရှိသူ Codes ဆိုသူက အန်ကောဝပ်သည် ကျောင်းလည်းဟုတ်၊ ဂူလည်း ဟုတ်သည်ဟုဆိုပါသည်။ အနောက်သို့ မျက်နှာလှည့်ထားခြင်းသည် ဗိဿနိုးကို အရိုအသေပြုခြင်းတဲ့။ အန်ကာခေတ်ကြီးတစ်ခေတ်လုံးတွင် ဗိဿနိုးကို ပူဇော်သော ဘုရားကျောင်းဟူ၍ အန်ကောဝပ် တစ်ခုသာရှိပါသည်။

(၃) ၁၉၇၀ ပြည့် နှစ်လယ်ပိုင်းတွင် အန်ကောဝပ်ကျောင်းတော်၏ အတိုင်းအတာများကို လေ့လာသူ Eleanor Moron ဆိုသူတစ်ယောက် ရောက်လာပါသည်။ ကျောင်းတော်၏ အတိုင်းအတာ၊ အမှတ်အသား မှန်သမျှသည် ကျောင်းတော်ကို ဒီဇိုင်းရေးဆွဲခဲ့သူတို့က လျှို့ဝှက်အမှတ်အသားများဖြင့် အဓိပ္ပာယ် ဖော်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြပါသည်။ ကမ္ဘောဒီးယားအတိုင်းအတာအရ အနောက်ဘက်အပေါက်မှ ကျောင်းဆောင်အလယ်အထိ ၁၇၂၈ ဘက် (Bat) ရှိပါသည်။

အခြားသုံးဘက်မှာမူ ကျောင်းဆောင်အလယ်သို့ ရောက်စေရန် ၁၂၉၆ ဘက်၊ ၈၆၇ဘက်၊ ၄၃၉ဘက် အသီးသီးရှိပါသည်။ ထိုအကွာအဝေးပမာဏတို့သည် အိန္ဒိယအယူအဆအရ ခေတ်ကြီးလေးခေတ်ကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ ရွှေခေတ်သည် နှစ် ၁ ဒသမ ၇၂၈ သန်းကြာပြီး အခြားသုံးခေတ်သည် နှစ် ၁ ဒသမ ၂၉၆ သန်း၊ ၈၆၄၀၀၀ နှစ်နှင့် ၄၃၂၀၀၀ နှစ်တို့ ကိုယ်စားပြုကြောင်းဆိုပါ၏။ အစောဆုံးခေတ်သည် နောက်ဆုံးခေတ်၏ လေးဆ၊ ဒုတိယခေတ်၏ သုံးဆ၊ တတိယခေတ်၏ နှစ်ဆရှိပြီး ယခုခေတ်သည် နောက်ဆုံးခေတ်ဖြစ်ကာ အဆုံးတွင် စကြဝဠာကြီး ပျက်စီးသွားမည်ဖြစ်ကြောင်း ယူဆပါသည်။

သြော်- ကမ္ဘောဒီးယား အခြေခံအတိုင်းအတာ ဘက် (Bat) တစ်ဘက်မှာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ပေ တဲ့။ လိုရာစနစ်သို့ တွက်ချက်ကြည့်ယူနိုင်ပါသည်။ ထား။ သို့ဆိုလျှင် နာရီလက်တံ ပြောင်းပြန်အတိုင်း ဖတ်ကြည့်ရမည်ဆိုသည့် အန်ကောဝပ်ကျောင်းတော်ကြီးသည် အချိန်ကာလ ခရီးသွားခြင်းကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အနောက်ပေါက်မှ ဝင်ရောက်လာလျှင် သေခြင်းတရား၏ ဆန့်ကျင်ဘက်။ အိန္ဒိယတို့ ယုံကြည်ကြရာ အချိန်ကာလ၏အစသို့ ချဉ်းကပ်လာသည့် အနက်အဓိပ္ပာယ်။

Eleanor Moron က အန်ကောဝပ်ကျောင်းတွင် နက္ခတ်တာရာအရ ဆက်စပ်မှုများလည်း ရှိသည်ဟု ဆိုပါသည်။ Phmum Bak အရပ်ရှိ တောင်ကုန်းကလေးတစ်ခုပေါ်မှ နေထွက်လာသော အချိန်တွင် နေသည် အနောက်ဘက်ဝင်ပေါက်နှင့် တစ်တန်းတည်း ဖြစ်နေသည်ဟု ဆိုပါသည်။ အန်ကောဝပ်ကို တည်ဆောက်သူ သူရိယဗာမန်၏ အမည်ကပင်လျှင် နေမင်းကြီး၏ ကာကွယ်စောင့်ရှောက်မှုကို ခံရသူဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်လား။ သို့ဆိုလျှင်ဖြင့် အန်ကောဝပ် ကျောင်းတော်ကြီးသည် လျှို့ဝှက်စာများဖြင့် ရေးသားထားသည့် ဘာသာရေး ပဟေဠိပုစ္ဆာတစ်ပုဒ်များ ဖြစ်နေလေရော့သလား မသိ။

(၄) သူရိယဗာမန် (၂) ၏ ခေတ်တွင် ရေကို ကန်ဖြင့်သိုလှောင်ကာ တူးမြောင်းများဖြင့် ထိန်းသိမ်းခဲ့ရာ ခြောက်သွေ့သော ရာသီတွင် တစ်သီးစာ၊ မိုးရာသီတွင် နှစ်သီးစာအထိ ရေလုံလောက်ခဲ့ပါသည်။ တောင်ဘက်အရပ်ရှိ တောင်ကုန်းဒေသများ၊ မြောက်ဘက်အရပ်ရှိ လွင်ပြင်ဒေသများသို့ ရောက်သည်အထိ ရေကို ချောင်းငယ်များမှတစ်ဆင့် ပေးပို့ခဲ့ရာ နောက်ပိုင်းလိုအပ်မှု များပြားလာသောအခါ အန်ကာလွင်ပြင် (Amkor) ၌ အာဟာရလုံလောက်အောင် မပေးစွမ်းနိုင်ပါလေတော့။

အန်ကောဝပ်ကို တည်ဆောက်သည့် သူရိယဗာမန် (၂) ခေတ်ရေကို စီမံမှု၊ ဆန်စပါးထုတ်လုပ်မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘုရားကျောင်းတည်ဆောက်မှုတို့က အီဂျစ်တို့ ခေတ်ကောင်းစဉ်ကာလများ၊ မာယာခေတ် (Maya) ထွန်းကားစဉ်ကာလများနှင့် အသွင်တူသည်ဟု ဆိုပါသည်။ ထိုခေတ်၏ အံ့မခန်း ဗိသုကာလက်ရာ အန်ကောဝပ်ကျောင်းတော်ကြီးသည် ခမာနီခေတ်များတွင်ကား ပေယျာလကန်ပြုခြင်း ခံလိုက်ရပါတော့သည်။ ခမာနီတို့၏ အန်ကောဝပ်ကျောင်းတော်ကြီးအပေါ် အမြင်က ကြမ်းပါသည်။

‘‘ဘာမှ အဓိပ္ပာယ်မရှိတဲ့ ကျောက်တုံးကြီးတွေ’’ ဆိုလား။ သြော်……….။

မူရင်းရေးသားသူအားCredit ပေးပါသည်။

Categories
သိပ္ပံနှင့် နည်းပညာ

ယခုအချိန်ထိ သိပ္ပံပညာရှင်တွေကိုတောင် အဖြေရှာမရသေးတဲ့ ကမ္ဘာပေါ်ရှိ လျို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေတဲ့ အချို့အရာများ

Zawgyi

ယခုအခ်ိန္ထိ သိပၸံပညာရွင္ေတြကိုေတာင္ အေျဖရွာမရေသးတဲ့ ကမာၻေပၚရွိ လ်ိဳ႕ဝွက္ဆန္းၾကယ္စြာ တည္ရွိေနတဲ့ အခ်ိဳ႕အရာမ်ား

ကမာၻေပၚတြင္ သိပၸံပညာရွင္ေတြနဲ႔ သာမာန္ခရီးသြားေတြကို ရႈပ္ေထြးသြားေစႏိုင္တဲ့ အရာဝတၱဳေတြန႔ ေနရာေတြမ်ားစြာ ရွိလို႔ေနပါတယ္။ တစ္ခါတစ္ေလမွာ ဒီျဖစ္တည္မႈေတြက ကြၽႏု္ပ္တို႔ရဲ႕ဘိုးေဘးဘီဘင္ကတတည္းက သဘာဝကေနျပဳလုပ္ထားပုံရၿပီး လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အေဆာက္အဦေတြက ေရွးေဟာင္းသုေတသနပညာရွင္ေတြကို ပေဟဠိဆန္ေစခဲ့ပါတယ္။ ကမာၻေပၚတြင္ လ်ိဳ႕ဝွက္ဆန္းၾကယ္စြာတည္ရွိေနတဲ့ ျဖစ္တည္မႈတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

-ဆီးရီးယား Ain Dara ဘုရားေက်ာင္းရွိ ဧရာမေျခရာႀကီးမ်ား

ဆီးရီးယားႏိုင္ငံ Ain Dara ရွိ သံေခတ္ဘုရားေက်ာင္း ၾကမ္းျပင္တြင္ ထြင္းထုထားတဲ့ႀကီးမားတဲ့ ေျခရာတစ္စုံကို ေတြ႕ရွိခဲ့ၾကၿပီး ေနာက္ထပ္ေျခရာတစ္စုံကိုေတာ့ တံခါးအဝင္ဝတြင္ ေတြ႕ရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ေျခရာတစ္ခုစီဟာ အလ်ားတစ္မီတာခန႔္ရွည္လ်ားၿပီး လူရဲ႕သုံးေပခန္႔္ႀကီးမားတာ ျဖစ္ပါတယ္။ တံခါးအဝင္ဝတြင္ရွိတဲ့ ေျခရာဟာ ပထမေျခရာေတြရဲ႕ 10 မီတာအကြာတြင္ တည္ရွိတာ ျဖစ္ပါတယ္။

-ဆာဟာရမ်က္လုံး

Richat structure သို႔မဟုတ္ ဆာဟာရမ်က္လုံးဟာ ဆာဟာရသဲကႏၲရတြင္တည္ရွိတဲ့ ဘူမိေဗဒဆိုင္ရာအဂၤါရပ္တစ္ခု ျဖစ္ပါတယ္။ အစပိုင္းတြင္ ဘူမိေဗဒပညာရွင္ေတြက ဒါဟာ ၿဂိဳလ္သိမ္ၿဂိဳလ္မႊားတစ္ခုရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ ျဖစ္တယ္ဟု ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ ေလ့လာမႈေတြအရ အဆိုပါဖြဲ႕စည္းပုံအတြင္းရွိ ေက်ာက္တုံးေတြဟာ ကမာၻေျမကိုလုံးဝအေျခခံထားေၾကာင္း ေတြ႕ရွိၿပီးေနာက္ အစပိုင္းအယူအဆကို ျငင္းဆိုခဲ့ပါတယ္။

-Bosnia ရွိ Stone Sphere Ball

Bosnia ေတာအုပ္တြင္ေတြ႕ရွိခဲ့တဲ့ အက်ယ္ဆယ္ေပရွိတဲ့ ေက်ာက္ေဘာလုံးတစ္လုံးဟာ ၿပီးျပည့္စုံတဲ့စက္ဝိုင္းပုံသဏၭာန္ရွိၿပီး သိပၸံပညာရပ္ဆိုင္ရာအရ အျပင္းအထန္ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီေက်ာက္တုံးဟာ မိခင္သဘာဝအရ ဒါမွမဟုတ္ ေပ်ာက္ဆုံးသြားတဲ့ လူမႈတိုးတက္မႈေတြေၾကာင့္လားဆိုတာကို အေျဖရွာခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ဒီေက်ာက္ေဘာလုံးေတြဟာ ႏွစ္သန္းေပါင္းမ်ားစြာသက္တမ္းရွိၿပီး ဒါဟာ စည္းလုံးျခင္းလုပ္ငန္းစဥ္တစ္ခုျဖစ္ေၾကာင္းကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။

-Ellora, India

Ellora Caves ရွိ Kailasa ဘုရားေက်ာင္းဟာ ကမာၻေပၚရွိအဆန္းၾကယ္ဆုံးနဲ႔ အႀကီးဆုံးေသာေဆာက္လုပ္ေရးေတြထဲက တစ္ခုျဖစ္ၿပီး ေက်ာက္တုံးေတြကိုထြင္းထုထားတဲ့ ပုံစံမ်ိဳးနဲ႔ ေဆာက္လုပ္ထားတာ ျဖစ္ပါတယ္။ ေခတ္သစ္ေရွးေဟာင္းသုေတသနပညာရွင္ေတြက ေရွးေခတ္အိႏၵိယလူမ်ိဳးေတြဟာ ဘာေၾကာင့္ဒီလိုမ်ိဳး ထူးျခားတဲ့ဖြ႕ဲစည္းပုံကို ျပဳလုပ္ဖို႔လိုအပ္ေၾကာင္း ခန႔္မွန္းခ်က္ေတြ ျပဳလုပ္ခဲ့ၾကတာပါ။

မူရင္းေရးသားသူအားCredit ေပးပါသည္။

Unicode

ယခုအချိန်ထိ သိပ္ပံပညာရှင်တွေကိုတောင် အဖြေရှာမရသေးတဲ့ ကမ္ဘာပေါ်ရှိ လျို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေတဲ့ အချို့အရာများ

ကမ္ဘာပေါ်တွင် သိပ္ပံပညာရှင်တွေနဲ့ သာမာန်ခရီးသွားတွေကို ရှုပ်ထွေးသွားစေနိုင်တဲ့ အရာဝတ္တုတွေန့ နေရာတွေများစွာ ရှိလို့နေပါတယ်။ တစ်ခါတစ်လေမှာ ဒီဖြစ်တည်မှုတွေက ကျွနု်ပ်တို့ရဲ့ဘိုးဘေးဘီဘင်ကတတည်းက သဘာဝကနေပြုလုပ်ထားပုံရပြီး လျို့ဝှက်ဆန်းကြယ်တဲ့ အဆောက်အဦတွေက ရှေးဟောင်းသုတေသနပညာရှင်တွေကို ပဟေဠိဆန်စေခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် လျို့ဝှက်ဆန်းကြယ်စွာတည်ရှိနေတဲ့ ဖြစ်တည်မှုတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

-ဆီးရီးယား Ain Dara ဘုရားကျောင်းရှိ ဧရာမခြေရာကြီးများ

ဆီးရီးယားနိုင်ငံ Ain Dara ရှိ သံခေတ်ဘုရားကျောင်း ကြမ်းပြင်တွင် ထွင်းထုထားတဲ့ကြီးမားတဲ့ ခြေရာတစ်စုံကို တွေ့ရှိခဲ့ကြပြီး နောက်ထပ်ခြေရာတစ်စုံကိုတော့ တံခါးအဝင်ဝတွင် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ခြေရာတစ်ခုစီဟာ အလျားတစ်မီတာခန့်ရှည်လျားပြီး လူရဲ့သုံးပေခန့််ကြီးမားတာ ဖြစ်ပါတယ်။ တံခါးအဝင်ဝတွင်ရှိတဲ့ ခြေရာဟာ ပထမခြေရာတွေရဲ့ 10 မီတာအကွာတွင် တည်ရှိတာ ဖြစ်ပါတယ်။

-ဆာဟာရမျက်လုံး

Richat structure သို့မဟုတ် ဆာဟာရမျက်လုံးဟာ ဆာဟာရသဲကန္တရတွင်တည်ရှိတဲ့ ဘူမိဗေဒဆိုင်ရာအင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ အစပိုင်းတွင် ဘူမိဗေဒပညာရှင်တွေက ဒါဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်တယ်ဟု ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ အဆိုပါဖွဲ့စည်းပုံအတွင်းရှိ ကျောက်တုံးတွေဟာ ကမ္ဘာမြေကိုလုံးဝအခြေခံထားကြောင်း တွေ့ရှိပြီးနောက် အစပိုင်းအယူအဆကို ငြင်းဆိုခဲ့ပါတယ်။

-Bosnia ရှိ Stone Sphere Ball

Bosnia တောအုပ်တွင်တွေ့ရှိခဲ့တဲ့ အကျယ်ဆယ်ပေရှိတဲ့ ကျောက်ဘောလုံးတစ်လုံးဟာ ပြီးပြည့်စုံတဲ့စက်ဝိုင်းပုံသဏ္ဌာန်ရှိပြီး သိပ္ပံပညာရပ်ဆိုင်ရာအရ အပြင်းအထန်ဆွေးနွေးခဲ့ကြပါတယ်။ ဒီကျောက်တုံးဟာ မိခင်သဘာဝအရ ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ လူမှုတိုးတက်မှုတွေကြောင့်လားဆိုတာကို အဖြေရှာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီကျောက်ဘောလုံးတွေဟာ နှစ်သန်းပေါင်းများစွာသက်တမ်းရှိပြီး ဒါဟာ စည်းလုံးခြင်းလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

-Ellora, India

Ellora Caves ရှိ Kailasa ဘုရားကျောင်းဟာ ကမ္ဘာပေါ်ရှိအဆန်းကြယ်ဆုံးနဲ့ အကြီးဆုံးသောဆောက်လုပ်ရေးတွေထဲက တစ်ခုဖြစ်ပြီး ကျောက်တုံးတွေကိုထွင်းထုထားတဲ့ ပုံစံမျိုးနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ခေတ်သစ်ရှေးဟောင်းသုတေသနပညာရှင်တွေက ရှေးခေတ်အိန္ဒိယလူမျိုးတွေဟာ ဘာကြောင့်ဒီလိုမျိုး ထူးခြားတဲ့ဖွ့ဲစည်းပုံကို ပြုလုပ်ဖို့လိုအပ်ကြောင်း ခန့်မှန်းချက်တွေ ပြုလုပ်ခဲ့ကြတာပါ။

မူရင်းရေးသားသူအားCredit ပေးပါသည်။

Categories
သိပ္ပံနှင့် နည်းပညာ

တစ်နိုင်ငံလုံးက အိမ်တွေဆိုင်တွေမှာ ထားကြတဲ့ လှိမ့်ဝင်တည်သုံးယ တြာ အကြောင်း

Zawgyi

လွိမ့္ ဝင္ တည္ သုံး

၁။ မိတ္ေဆြတစ္ေယာက္နဲ႔ ၂ႏွစ္ခြဲေနမွ ျပန္ေတြ႕ေတာ့ သူ႔မိသားစုကေတာ္ေတာ္ေလး အဆင္ေျပေနၿပီး အရင္ ထရံအိ မ္ေလးေနရာမွာ အာစီတစ္ထပ္တိုက္ႀကီးနဲ႔ေပါ့ အရမ္းကိုအဆင္ေျပၿပီးေနာက္ထပ္တိုက္တစ္လုံးေတာင္ ေဆာက္ေနတ ယ္လို႔ ေျပာပါတယ္။

သူ႔လုပ္ငန္းက တအားလွိမ့္ဝင္သြားတာကို အဲ့ သူ႔အိမ္ေရွ႕အဝင္ ဝ မွာ လွိမ့္ဝင္ စဥ့္အ႐ုပ္ေလးကို အိမ္ဘက္ လွိမ့္ဝင္ေနတဲ့ ပုံခ်ိတ္ထားတာေတြ႕ရပါတယ္ အိမ္ဧည့္ခန္းမွာေတာ့ စဥ့္အိုးေလးတည္ေနတဲ့ပုံကို တင္ထားတာေတြ႕ရပါတယ္။ ေမးၾကည့္ေတာ့ လွိမ့္ ဝင္ တည္ သုံးေလတဲ့။ စီးပြားျဖစ္တယ္ လုပ္ငန္းေကာင္းတယ္တဲ့ဗ်ာ။

၂။ ကြၽန္ေတာ္တို႔ ၿမိဳ႕မွာ ထမင္းဆိုင္တစ္ဆိုင္ ရွိတယ္… အရမ္းကိုေရာင္းရတယ္…… အလႉေပးေနသလိုကိုေရာ င္းရတာ သူတို႔အိမ္မွာလည္း အိမ္ေရွ႕သံတံခါး အုတ္ခုံမွာ အဲဒီ လွိမ့္ဝင္ အ႐ုပ္ေလး အိမ္ဘက္ကို လွိမ့္ဝင္ေနတဲ့ ပုံေလး တင္ ထားတာေတြ႕ရပါတယ္။ သူ႔ထမင္းဆိုင္ကေတာ့ လူေတြ လွိမ့္ဝင္ေနေတာ့တာပါပဲဗ်ာ။

၃။ အဲ ဒါနဲ႔ လူမဝင္ လုပ္ငန္းမေကာင္းတဲ့ သူနဲ႔ အေႂကြးတင္ေနတဲ့မိတ္ေဆြ တစ္ေယာက္ ႏွစ္ေယာက္ကို အဲဒီ အ႐ု ပ္ေလး ႏွစ္ခုကို ထားဖို႔ ေျပာလိုက္တာသူတို႔လည္း ေက်ာက္ဆည္ တေပါင္းပြဲနဲ႔ႀကဳံေတာ့ စဥ့္ကူးက စဥ္အိုးသည္ေတြ လာတာနဲ႔ အဲဒီ အ႐ုပ္ေလးကို တစ္႐ုပ္ကို အိမ္ေရွမွာထားၿပီး တစ္႐ုပ္ကို အိမ္ထဲမွာထားဖို႔ ေျပာလိုက္တာ အဲဒီ ၃ေယာ က္ဟာ ၆လအတြင္း လုံးဝ မဆပ္ႏိုင္ေတာ့ဘူးလို႔ ထင္ထားတဲ့ အေႂကြးေတြ ေၾကၿပီး အဆင္ေျပ သူေတြျဖစ္ေန ပါၿပီဗ်ာ။

အဲဒါနဲ႔ ျပင္ဦးလြင္က ေဗဒင္ ဆရာ ဆရာဝင္းေမာ္ေအာင္ အိမ္လာေတာ့ အဲဒီ ယၾတာအေၾကာင္းေျပာျပလိုက္တာ သူလ ည္း သေဘာက်ၿပီး အဲဒါကို အားလုံး သိေအာင္ ေဖ့ဘြတ္ေပၚတင္ေပးပါ လို႔ ေျပာလို႔ တင္ေပးရာကေန လွိမ့္ဝင္တည္သုံး အိုးသည္ေတြ ေရာင္းမေလာက္ ျဖစ္ကုန္ေတာ့ တာပါပဲဗ်ာ။

”လွိမ့္ဝင္ တည္သုံး ” စဥ့္အိုးေလးေတြ ဘယ္လို ဓာတ္ဆင္ရတာပါလဲ အဲဒီလွိမ့္ဝင္ တည္သုံး အ႐ုပ္ေလးေတြ က ဟို အရင္ ေလာကီပညာရွင္ (ဆန္းပညာရွင္) ေတြ လုပ္သြားခဲ့တာပါ ။ ပညႇပ္သြားရာ ဓါတ္သက္ပါ ဆိုသလို လူအမ်ား သုံးစကား လွိမ့္ဝင္ ဆိုတာကို ယူၿပီး လွိမ့္ဝင္ ေနတဲ့ …အ႐ုပ္ကေလး ေတြ ကို စီရင္ေပးသြားတာပါ ။အဲဒီမွာ စဥ့္အိုး ေလး ကို လွိမ့္ဝင္ေနတဲ့ ေကာင္ေလး( ၂ ၄ ) ပုံ ေလးပါ ။ စဥ့္အိုးကို ဘာလို႔သုံးလဲ . တစ္ျခားဟာတစ္ ခု ခုကိုလည္း လွိမ့္ဝင္ လို႔ ရတာပဲ လို႔ ေတြးမိေတာ့ .. စဥ့္အိုး = ၃ ၁ ဆိုတာ ေအာင္ေစ = ေအးေစ = ၁ ၃ ကို ကက္က င္း႐ိုက္သြားတယ္ ထင္ပါ တယ္ ။လွိမ့္ဝင္ ဆိုတာကေတာ့ဗ်ာ

လွမ့္ဝင္ = ၄ ၄ = ေ႐ႊလာ = လူလာ = လိုရာ = ရလာ ဓါတ္ေပါ့.. လွိမ့္ဝင္ ၿပီးေတာ့ဘာလုပ္မလဲ ဆိုေတာ့တည္သုံးေလ တစ္႐ုပ္လုပ္သြားပါတယ္။လွိမ့္ဝင္လာတဲ့ဟာေတြကို ဘုရားတည္။ ေက်ာင္းတည္။ ဇရပ္ တည္။ သာသနာ တည္ ႏိုင္တဲ့ အထိ သုံး ႏိုင္ဖို႔ ေလာကီဝိဇၨာ အဘမ်ားက စီရင္ သြားခဲ့တဲ့ ဓါတ္အ႐ုပ္ေလးေတြပါ။ ဘယ္လိုသုံးမလဲ၊ ဘယ္လို ေဆာ င္မလဲဗ်ာ။

၁။ သန ေခ် ရပါတယ္။ အညံ့ေျခရပါတယ္။ ကိုယ့္စီးပြားအတြက္ အထြဋ္ အျမတ္ေဆာင္ မည့္ ပစၥည္းဟာ ကား နဲ႔သ ယ္လားရင္ အမ်ိဳးသား အမ်ိဳးသမီး ကေလး လူႀကီး ေက်ာ္ခြသြားတာ မ်ိဳး ၊ ကားထိုင္ခံေအာက္ထဲထည့္ သယ္လာတာမ်ိဳး ေတြရွိတတ္ပါတယ္။

အဲဒီလို အညံ့ဓါတ္ေတြ ကင္းဖို႔ ဆားရည္ (ေရ ၁ ဂါလံ ကို ဆား ၂ ဇြန္းထည့္ၿပီး)ကို ဇလုံထဲထည့္ၿပီး လက္ဆယ္ ေခ်ာင္း က ေဆးျဖစ္ေစ ဆိုၿပီး ၃ ခါ ေျပာၿပီး လက္ႏွစ္ဖက္ကို ဇလုံထဲထည့္ၿပီး သနပ္ခါး ေသြးသလို လက္ယာရစ္ ေမႊၿပီး ပါးစပ္ မွလည္း““ ဥဳမ္ သန သန သန အေပါင္း ေထာင္ေသာင္း ေၾကစရာ ေၾက ”” ဆိုၿပီး ၃၇ ေခါက္ ႐ြတ္ၿပီး မွ အဲဒီ အ႐ုပ္ မ်ားကို ၎ေရနဲ႔ ေဆးပါ။ ၿပီးမွ ၎ အ႐ုပ္မ်ားကို ေရေမႊး (နဝင္းေရ) ရည္နဲ႔ ပက္ျဖန္းၿပီးမွာ အိမ္ဘက္ သို႔ အိုးလွိမ့္ ဝင္ေနတဲ့ ပုံ အိုး ကို အိမ္ဘက္ အတြင္းသို႔ ထားၿပီး အိမ္ေရွ႕မွာ ထားလိုက္ပါ။ တည္သုံး အိုး ေလးကိုေတာ့ အလုပ္စားပြဲ၊ အိပ္ခန္းစားပြဲ၊ အိမ္ထဲမွာ ထားထားလိုက္ ထူးထူးျခားျခား အဆင္ေျပလာတာကို ေတြ႕ရပါလိမ့္မယ္ ခင္ဗ်ာ။

ဘယ္ေန႔ ဘယ္ အခ်ိန္မွာ ေဆာင္ တင္ထားရမလဲ မိမိေမြးေန႔မနက္ 9း45 မွာ တင္ ေဆာင္ထားပါေလ။ လူ မ ဝင္ေ သာ ဆိုင္မ်ား တည္းခိုခန္းမ်ား ဟိုတယ္မ်ား လူမ်ားလွိမ့္ဝင္လာ ပါလိမ့္မယ္။အေရာင္းအဝယ္ လုပ္ငန္းမ်ား သိသိသာ သာတိုးတက္လာ တာကို ေတြ႕ရပါလိမ့္မည္။ တစ္ပတ္ ေလာက္ လွိမ့္ဝင္ေနၿပီး ေနာက္ပိုင္းနည္းနည္း ပါးသြားတာ မ်ိဳးျဖစ္ခဲ့ရင္ေတာ့ လွိမ့္ဝင္ အ႐ုပ္ကေလး ကို မ်က္ႏွာ သစ္ေပးလိုက္ပါ။

ၿပီးေတာ့ ေရေမႊးေလး ျဖန္ေပးလိုက္ပါ။ ၿပီးေတာ့ ““လာထား လာထား”” ဆိုၿပီး လက္ခုတ္ တီးၿပီးေျပာ လိုက္ပါ။ ဝင္လာပါလိမ့္မယ္ဗ်ာ။ ပထမဆုံး ဝင္ေသာေငြမွ အနည္းအက်င္းကို ဘုရားလႉ လိုက္ပါ။ ၿပီးမွ က်န္တဲ့ ပိုက္ဆံကို သုံးပါေလ။ ပထမ ဆုံးဝင္တဲ့ ပိုက္ဆံကို အနိဌ ပစၥည္းေတြ ဝယ္မသုံးလိုက္ပါနဲ႔။ ေနာက္ၿပီး လာဒ္တိတ္ေစ တဲ့ အေၾကာင္းတရားေတြ ကို ေရွာင္ေပးရပါတယ္။ အရင္ က ေရးခဲ့ဖူးပါတယ္။ အခုျပန္ေရး ျပလိုက္ရပါတယ္ဗ်ာ။

၁။ မနက္ အိပ္ယာထလွ်င္ အိမ္သာ ထဲသို တန္း မသြားရ ၊ မီးဖို ေခ်ာင္ထဲသို႔ တန္းသြားၿပီး မီးေမြးျခင္း ထမင္းအိုးတ ည္းျခင္း တန္းမလုပ္ရပါ။ လာဒ္တိတ္တတ္ပါသည္။

၂။ ထမင္းစားလွ်င္ ေဘးမွာက်ေနသာ အမႈိက္မ်ားကို ထမင္းစားၿပီး လွ်င္ မိမိပန္းကန္ထဲသို႔ ထည့္ၿပီး ေဆးဖို႔ မယူသြား ရပါ။

၃။ စားၿပီး အိုးခြက္ပန္းကန္မ်ားကို မနက္မွ ေဆးေတာ့ပါမယ္ ဆိုၿပီး မီးဖို ေခ်ာင္ထဲမွာ မေဆးပဲ တစ္ညလုံး ပုံမထား သင့္ပါ ။

၄။ အိမ္ေထာင္ဦး အမ်ိဳးသား၏ အက်ီး ၊ စြတ္က်ယ္ ၊ တဘက္ ၊ ပုဆိုး အေဟာင္းမ်ားကို ၾကမ္းသုတ္ လက္သုတ္ ဖုန္သု တ္မလုပ္ရပါ။

၅။ လင္မယားအခ်င္းခ်င္း ၉ နာရီ မေက်ာ္မီ ေစာေစာစီးစီး စကားမ်ား ရန္ မျဖစ္ရ။ မျငဴစူးရ ၊ ေဒါသမျဖစ္ရပါ။ ေစာေစာ စီးစီး နိမိတ္ မေကာင္းေသာ အမဂၤလာ သီခ်င္းမ်ား မဖြင့္ရပါ ။ အဲဒီ ၅ ခ်က္ ၂ ခ်က္ေလာက္ လုပ္မိလွ်င္ လာဒ္တိတ္ေ စတတ္ပါတယ္။ ေငြဝင္ပါလွ်င္လည္း အသာလြတ္ ျပန္ျပန္ထြက္သြားတတ္ပါသည္။ ထို႔ေၾကာင့္ အဲဒီ အခ်က္မ်ား ကို ေရွာင္သင့္ပါသည္။ အားလုံး ေငြေၾကး ရတနာမ်ား လုပ္ငန္းေကာင္းမ်ား လွိမ့္ဝင္ၾကၿပီး အလႉ အတမ္း ၊ ဘာသာေရး ၊ သာသာနာေရး ။ ပရဟိတ အေရး အတြက္ တည္သုံးႏိုင္ၾကပါေစ လို႔ ဆုေတာင္း ေမတၱာ ပို႔သ ရင္း

Credit: ဆရာထြန္းေအာင္လူ ။ ေက်ာက္ဆည္ ။

Unicode

လှိမ့် ဝင် တည် သုံး

၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိ မ်လေးနေရာမှာ အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတ ယ်လို့ ပြောပါတယ်။

သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို အဲ့ သူ့အိမ်ရှေ့အဝင် ဝ မှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက် လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွေ့ရပါတယ်။ မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့။ စီးပွားဖြစ်တယ် လုပ်ငန်းကောင်းတယ်တဲ့ဗျာ။

၂။ ကျွန်တော်တို့ မြို့မှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်… အရမ်းကိုရောင်းရတယ်…… အလှူပေးနေသလိုကိုရော င်းရတာ သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါး အုတ်ခုံမှာ အဲဒီ လှိမ့်ဝင် အရုပ်လေး အိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ ပုံလေး တင် ထားတာတွေ့ရပါတယ်။ သူ့ထမင်းဆိုင်ကတော့ လူတွေ လှိမ့်ဝင်နေတော့တာပါပဲဗျာ။

၃။ အဲ ဒါနဲ့ လူမဝင် လုပ်ငန်းမကောင်းတဲ့ သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေ တစ်ယောက် နှစ်ယောက်ကို အဲဒီ အရု ပ်လေး နှစ်ခုကို ထားဖို့ ပြောလိုက်တာသူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့ စဉ့်ကူးက စဉ်အိုးသည်တွေ လာတာနဲ့ အဲဒီ အရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာထားဖို့ ပြောလိုက်တာ အဲဒီ ၃ယော က်ဟာ ၆လအတွင်း လုံးဝ မဆပ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အကြွေးတွေ ကြေပြီး အဆင်ပြေ သူတွေဖြစ်နေ ပါပြီဗျာ။

အဲဒါနဲ့ ပြင်ဦးလွင်က ဗေဒင် ဆရာ ဆရာဝင်းမော်အောင် အိမ်လာတော့ အဲဒီ ယတြာအကြောင်းပြောပြလိုက်တာ သူလ ည်း သဘောကျပြီး အဲဒါကို အားလုံး သိအောင် ဖေ့ဘွတ်ပေါ်တင်ပေးပါ လို့ ပြောလို့ တင်ပေးရာကနေ လှိမ့်ဝင်တည်သုံး အိုးသည်တွေ ရောင်းမလောက် ဖြစ်ကုန်တော့ တာပါပဲဗျာ။

”လှိမ့်ဝင် တည်သုံး ” စဉ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ အဲဒီလှိမ့်ဝင် တည်သုံး အရုပ်လေးတွေ က ဟို အရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ ။ ပညှပ်သွားရာ ဓါတ်သက်ပါ ဆိုသလို လူအများ သုံးစကား လှိမ့်ဝင် ဆိုတာကို ယူပြီး လှိမ့်ဝင် နေတဲ့ …အရုပ်ကလေး တွေ ကို စီရင်ပေးသွားတာပါ ။အဲဒီမှာ စဉ့်အိုး လေး ကို လှိမ့်ဝင်နေတဲ့ ကောင်လေး( ၂ ၄ ) ပုံ လေးပါ ။ စဉ့်အိုးကို ဘာလို့သုံးလဲ . တစ်ခြားဟာတစ် ခု ခုကိုလည်း လှိမ့်ဝင် လို့ ရတာပဲ လို့ တွေးမိတော့ .. စဉ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်က င်းရိုက်သွားတယ် ထင်ပါ တယ် ။လှိမ့်ဝင် ဆိုတာကတော့ဗျာ

လှမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့.. လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့တည်သုံးလေ တစ်ရုပ်လုပ်သွားပါတယ်။လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ် တည်။ သာသနာ တည် နိုင်တဲ့ အထိ သုံး နိုင်ဖို့ လောကီဝိဇ္ဇာ အဘများက စီရင် သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။ ဘယ်လိုသုံးမလဲ၊ ဘယ်လို ဆော င်မလဲဗျာ။

၁။ သန ချေ ရပါတယ်။ အညံ့ခြေရပါတယ်။ ကိုယ့်စီးပွားအတွက် အထွဋ် အမြတ်ဆောင် မည့် ပစ္စည်းဟာ ကား နဲ့သ ယ်လားရင် အမျိုးသား အမျိုးသမီး ကလေး လူကြီး ကျော်ခွသွားတာ မျိုး ၊ ကားထိုင်ခံအောက်ထဲထည့် သယ်လာတာမျိုး တွေရှိတတ်ပါတယ်။

အဲဒီလို အညံ့ဓါတ်တွေ ကင်းဖို့ ဆားရည် (ရေ ၁ ဂါလံ ကို ဆား ၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီး လက်ဆယ် ချောင်း က ဆေးဖြစ်စေ ဆိုပြီး ၃ ခါ ပြောပြီး လက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါး သွေးသလို လက်ယာရစ် မွှေပြီး ပါးစပ် မှလည်း““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက် ရွတ်ပြီး မှ အဲဒီ အရုပ် များကို ၎င်းရေနဲ့ ဆေးပါ။ ပြီးမှ ၎င်း အရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာ အိမ်ဘက် သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုး ကို အိမ်ဘက် အတွင်းသို့ ထားပြီး အိမ်ရှေ့မှာ ထားလိုက်ပါ။ တည်သုံး အိုး လေးကိုတော့ အလုပ်စားပွဲ၊ အိပ်ခန်းစားပွဲ၊ အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြား အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ် ခင်ဗျာ။

ဘယ်နေ့ ဘယ် အချိန်မှာ ဆောင် တင်ထားရမလဲ မိမိမွေးနေ့မနက် 9း45 မှာ တင် ဆောင်ထားပါလေ။ လူ မ ဝင်ေ သာ ဆိုင်များ တည်းခိုခန်းများ ဟိုတယ်များ လူများလှိမ့်ဝင်လာ ပါလိမ့်မယ်။အရောင်းအဝယ် လုပ်ငန်းများ သိသိသာ သာတိုးတက်လာ တာကို တွေ့ရပါလိမ့်မည်။ တစ်ပတ် လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်း ပါးသွားတာ မျိုးဖြစ်ခဲ့ရင်တော့ လှိမ့်ဝင် အရုပ်ကလေး ကို မျက်နှာ သစ်ပေးလိုက်ပါ။

ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ။ ပြီးတော့ ““လာထား လာထား”” ဆိုပြီး လက်ခုတ် တီးပြီးပြော လိုက်ပါ။ ဝင်လာပါလိမ့်မယ်ဗျာ။ ပထမဆုံး ဝင်သောငွေမှ အနည်းအကျင်းကို ဘုရားလှူ လိုက်ပါ။ ပြီးမှ ကျန်တဲ့ ပိုက်ဆံကို သုံးပါလေ။ ပထမ ဆုံးဝင်တဲ့ ပိုက်ဆံကို အနိဌ ပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့။ နောက်ပြီး လာဒ်တိတ်စေ တဲ့ အကြောင်းတရားတွေ ကို ရှောင်ပေးရပါတယ်။ အရင် က ရေးခဲ့ဖူးပါတယ်။ အခုပြန်ရေး ပြလိုက်ရပါတယ်ဗျာ။

၁။ မနက် အိပ်ယာထလျှင် အိမ်သာ ထဲသို တန်း မသွားရ ၊ မီးဖို ချောင်ထဲသို့ တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတ ည်းခြင်း တန်းမလုပ်ရပါ။ လာဒ်တိတ်တတ်ပါသည်။

၂။ ထမင်းစားလျှင် ဘေးမှာကျနေသာ အမှိုက်များကို ထမင်းစားပြီး လျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွား ရပါ။

၃။ စားပြီး အိုးခွက်ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ် ဆိုပြီး မီးဖို ချောင်ထဲမှာ မဆေးပဲ တစ်ညလုံး ပုံမထား သင့်ပါ ။

၄။ အိမ်ထောင်ဦး အမျိုးသား၏ အကျီး ၊ စွတ်ကျယ် ၊ တဘက် ၊ ပုဆိုး အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သု တ်မလုပ်ရပါ။

၅။ လင်မယားအချင်းချင်း ၉ နာရီ မကျော်မီ စောစောစီးစီး စကားများ ရန် မဖြစ်ရ။ မငြူစူးရ ၊ ဒေါသမဖြစ်ရပါ။ စောစော စီးစီး နိမိတ် မကောင်းသော အမင်္ဂလာ သီချင်းများ မဖွင့်ရပါ ။ အဲဒီ ၅ ချက် ၂ ချက်လောက် လုပ်မိလျှင် လာဒ်တိတ်ေ စတတ်ပါတယ်။ ငွေဝင်ပါလျှင်လည်း အသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။ ထို့ကြောင့် အဲဒီ အချက်များ ကို ရှောင်သင့်ပါသည်။ အားလုံး ငွေကြေး ရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီး အလှူ အတမ်း ၊ ဘာသာရေး ၊ သာသာနာရေး ။ ပရဟိတ အရေး အတွက် တည်သုံးနိုင်ကြပါစေ လို့ ဆုတောင်း မေတ္တာ ပို့သ ရင်း

Credit: ဆရာထွန်းအောင်လူ ။ ကျောက်ဆည် ။

Categories
အထွေထွေဗဟုသုတ

အလုပ်ဆင်းရန် မျက်မမြင်ဖခင်ဖြစ်သူအား နေ့စဉ် တုတ်ချောင်းဖြင့် ရှေ့ကနေဦးဆောင်လမ်းပြပေးလေ့ရှိတဲ့ ၅နှစ်အရွယ် သမီးငယ်လေး

Zawgyi

ဖိလစ္ပိုင္ႏိုင္ငံမွခ်စ္စရာေကာင္းတဲ့အသက္ ၅ ႏွစ္အ႐ြယ္မိန္းကေလးငယ္တစ္ဦးဟာ သူမ၏ မ်က္မျမင္ဖခင္ျဖစ္သူ Nelson Pepe အားေန႔စဥ္အလုပ္သို႔ေခၚေဆာင္သြားပုံကိုမွတ္တမ္းတင္ထားတဲ့ဗီဒီယိုတစ္ခုဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Rubylyn Capunes Pabillion အမည္ရွိ အမ်ိဳးသားဟာ Facebook ေပၚတြင္ အဆိုပါၾကည္ႏူးစရာဗီဒီယိုကိုတင္ေပးခဲ့ၿပီး “ ဒါက Dodong လို႔ေခၚတဲ့မ်က္မျမင္အမ်ိဳးသားတစ္ဦးနဲ႔ သူ႔ရဲ႕ ၅ႏွစ္အ႐ြယ္သမီးေလးတစ္ဦးရဲ႕အေၾကာင္းပါ။

ကေလးမေလးက သူ႔အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ သူ႔အဖကို လယ္ကြင္းသို႔သြားတာ သို႔မဟုတ္ အိမ္သို႔ျပန္တာေတြကို အေရွ႕ကေန လမ္းျပဖို႔ ကူညီေပးေလ့ရွိတယ္ ၊ ေက်းဇူးျပဳၿပီး ဒီဗီဒီယိုကို share ျခင္းျဖင့္သူတို႔ကိုကူညီေပးပါ၊ ဒါကအားလုံးအတြက္လႈံ႕ေဆာ္မႈတစ္ခုျဖစ္ေစမွာပါ ” ဟုေရးသားေဖာ္ျပေပးခဲ့တာပါ။

ဗီဒီယိုထဲအရ အျဖဴေရာင္ဝတ္စုံဝတ္ထားတဲ့ သမီးေလး Jenny ဟာ တုတ္ေခ်ာင္းကိုအသုံးျပဳၿပီး Southern Leyte ျပည္နယ္ Sogod ရွိအုန္းၿခံတစ္ဝိုက္မွာ ဖခင္ျဖစ္သူ Pepe အား ေရွ႕ကေနလမ္းျပေပးေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ထို႔ေနာက္ ဖခင္ Pepe ဟာသမီးျဖစ္သူရဲ႕အကူအညီျဖင့္ ေရသြားေသာက္ေနတာကိုလည္းျမင္ေတြ႕ႏိုင္ပါတယ္။ ABS-CBNသတင္းအရ Pepeဟာ ေန႔စဥ္အုန္းပင္အပင္ ၆၀ ကိုတက္ကာ PHP 300 ( ေဒၚလာ ၅.၅၄ )ရရွိပါတယ္။

သူဟာ မ်က္စိကြယ္ေနေပမဲ့ သူ႔မိသားစုကိုေထာက္ပံ့ျခင္းကို မရပ္တန႔္ခဲ့ပါဘူး။၎သုံးမိနစ္စာဗီဒီယိုဟာ သူမ၏ဖခင္အား Jenny ၏ခ်စ္ခင္မႈႏွင့္သစၥာရွိမႈကိုျပသသည့္အေနႏွင့္ Facebook ေပၚတြင္အလ်င္အျမန္ျပန႔္ႏွံ႔သြားၿပီး sharer ေပါင္း ၅၀,၀၀၀ ေက်ာ္အထိရွိခဲ့ၿပီး ကမာၻတစ္ဝွမ္းရွိေထာင္ေပါင္းမ်ားစြာေသာလူမႈမီဒီယာအသုံးျပဳသူမ်ားဟာ အေဖနဲ႔သမီးတို႔၏ဗီဒီယိုဖိုင္ေၾကာင့္ ႏွလုံးသားထိမိသြားခဲ့ၾကရပါတယ္။

ထို႔ေနာက္ ဗီဒီယိုေၾကာင့္ ၎တို႔သားအဖဟာ Rating K မဂၢဇင္းရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့တာေၾကာင့္၎တို႔ရဲ႕အကူအညီျဖင့္ ဖခင္ Pepe ဟာ ေနာက္ဆုံးတြင္ သူ၏မ်က္လုံးအေျခအေနကိုေရာဂါရွာေဖြရန္ မနီလာၿမိဳ႕သို႔သြားခဲ့ရပါတယ္။Pepe ဟာ မ်က္စိျမင္လႊာပ်က္စီးေစသည့္ retinal detachment ႏွင့္ retinitis pigmentosaဟုေခၚေသာရွားပါးမ်ိဳး႐ိုးမ်က္စိေရာဂါရွိခဲ့ေနပါတယ္။

ေဆးဘက္ဆိုင္ရာအကူအညီအျပင္ ၎တို႔က Pepe အပါအဝင္ သူ႔ကေလးသုံးေယာက္နဲ႔ဇနီးျဖစ္သူတို႔ကို အႏၲရာယ္နည္းတဲ့ပတ္ဝန္းက်င္သို႔ ေနရာေျပာင္းေပးခဲ့ၿပီး သူ႔ကို အသက္ေမြးဝမ္းေက်ာင္းသင္တန္းမ်ားေပးခဲ့ၾကပါတယ္။

Unicode

ဖိလစ်ပိုင်နိုင်ငံမှချစ်စရာကောင်းတဲ့အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဟာ သူမ၏ မျက်မမြင်ဖခင်ဖြစ်သူ Nelson Pepe အားနေ့စဉ်အလုပ်သို့ခေါ်ဆောင်သွားပုံကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတစ်ခုဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ Rubylyn Capunes Pabillion အမည်ရှိ အမျိုးသားဟာ Facebook ပေါ်တွင် အဆိုပါကြည်နူးစရာဗီဒီယိုကိုတင်ပေးခဲ့ပြီး “ ဒါက Dodong လို့ခေါ်တဲ့မျက်မမြင်အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့ ၅နှစ်အရွယ်သမီးလေးတစ်ဦးရဲ့အကြောင်းပါ။

ကလေးမလေးက သူ့အသက်အရွယ်နဲ့မလိုက်အောင် သူ့အဖကို လယ်ကွင်းသို့သွားတာ သို့မဟုတ် အိမ်သို့ပြန်တာတွေကို အရှေ့ကနေ လမ်းပြဖို့ ကူညီပေးလေ့ရှိတယ် ၊ ကျေးဇူးပြုပြီး ဒီဗီဒီယိုကို share ခြင်းဖြင့်သူတို့ကိုကူညီပေးပါ၊ ဒါကအားလုံးအတွက်လှုံ့ဆော်မှုတစ်ခုဖြစ်စေမှာပါ ” ဟုရေးသားဖော်ပြပေးခဲ့တာပါ။

ဗီဒီယိုထဲအရ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ သမီးလေး Jenny ဟာ တုတ်ချောင်းကိုအသုံးပြုပြီး Southern Leyte ပြည်နယ် Sogod ရှိအုန်းခြံတစ်ဝိုက်မှာ ဖခင်ဖြစ်သူ Pepe အား ရှေ့ကနေလမ်းပြပေးနေတာကို တွေ့မြင်နိုင်ပါတယ်။ထို့နောက် ဖခင် Pepe ဟာသမီးဖြစ်သူရဲ့အကူအညီဖြင့် ရေသွားသောက်နေတာကိုလည်းမြင်တွေ့နိုင်ပါတယ်။ ABS-CBNသတင်းအရ Pepeဟာ နေ့စဉ်အုန်းပင်အပင် ၆၀ ကိုတက်ကာ PHP 300 ( ဒေါ်လာ ၅.၅၄ )ရရှိပါတယ်။

သူဟာ မျက်စိကွယ်နေပေမဲ့ သူ့မိသားစုကိုထောက်ပံ့ခြင်းကို မရပ်တန့်ခဲ့ပါဘူး။၎င်းသုံးမိနစ်စာဗီဒီယိုဟာ သူမ၏ဖခင်အား Jenny ၏ချစ်ခင်မှုနှင့်သစ္စာရှိမှုကိုပြသသည့်အနေနှင့် Facebook ပေါ်တွင်အလျင်အမြန်ပြန့်နှံ့သွားပြီး sharer ပေါင်း ၅၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိထောင်ပေါင်းများစွာသောလူမှုမီဒီယာအသုံးပြုသူများဟာ အဖေနဲ့သမီးတို့၏ဗီဒီယိုဖိုင်ကြောင့် နှလုံးသားထိမိသွားခဲ့ကြရပါတယ်။

ထို့နောက် ဗီဒီယိုကြောင့် ၎င်းတို့သားအဖဟာ Rating K မဂ္ဂဇင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာကြောင့်၎င်းတို့ရဲ့အကူအညီဖြင့် ဖခင် Pepe ဟာ နောက်ဆုံးတွင် သူ၏မျက်လုံးအခြေအနေကိုရောဂါရှာဖွေရန် မနီလာမြို့သို့သွားခဲ့ရပါတယ်။Pepe ဟာ မျက်စိမြင်လွှာပျက်စီးစေသည့် retinal detachment နှင့် retinitis pigmentosaဟုခေါ်သောရှားပါးမျိုးရိုးမျက်စိရောဂါရှိခဲ့နေပါတယ်။

ဆေးဘက်ဆိုင်ရာအကူအညီအပြင် ၎င်းတို့က Pepe အပါအဝင် သူ့ကလေးသုံးယောက်နဲ့ဇနီးဖြစ်သူတို့ကို အန္တရာယ်နည်းတဲ့ပတ်ဝန်းကျင်သို့ နေရာပြောင်းပေးခဲ့ပြီး သူ့ကို အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခဲ့ကြပါတယ်။

Categories
သမိုင်း

သမိုင်းမှာ နာမည်ဆို းနှင့်ကျော်ကြားခဲ့သူ နန်းမတော်မယ်နုရဲ့ ရာဇဝင်

Zawgyi

သမိုင္းမွာနာမည္ဆိုးႏွင့္ေက်ာ္ၾကားသူ နန္းမေတာ္မယ္ႏုရာဇဝင္

နန္းမေတာ္မယ္ႏုဟုဆိုလိုက္သည္ႏွင့္ “တိုင္းျပည္ခိုက္ေသာေျမးအဖြား(၃)ဆက္၊ ပထမအဂၤလိပ္-ျမန္မာ စစ္ရႈံးသူမယ္ႏု၊ သူ႔သမီးဆင္ျဖဴမရွင္ နန္းတြင္းအာဏာလုပြဲအတြက္ မင္းတုန္းမင္း ၏ သားေတာ္(40)ေက်ာ္ကိုသတ္ကာ သီေပါမင္းကိုသူ႔သမီး စုဖုရားလတ္ႏွင့္လက္ထပ္ေပးသူ၊ ေျမးမေတာ္စုဖုရားလတ္ သီေပါမင္းကိုေက်ာ္၍ အမိန႔္ မနာခံေသာ) ဟုနာမည္ဆိုးႏွင့္ေက်ာ္ၾကားသူ အျဖစ္သိၾကသလို အင္းဝရွိမယ္ႏုအုဋ္ေက်ာင္းကိုလည္း ျမင္ေယာင္မိၾကမည္ျဖစ္ပါသည္။

ဟုတ္ပါသည္၊မယ္ႏုသည္ မဟာေအာင္ေျမဘုံစံ မယ္ႏု အုဋ္ေက်ာင္းႀကီး၏ ဒကာမျဖစ္သလို သူမဘဝ၏ အံ့ဖြယ္အတိတ္ကံအက်ိဳးေပး၊ ပင္ကိုယ္ စိတ္ထက္ျမက္ႂကြပ္ဆတ္မႈ၊ အတၱႀကီးၿပီး အေၾကာက္တရားကင္းမႈ၊ ဆင္ျခင္တုံတရားနည္းၿပီး တဇြတ္ထိုးႏိုင္မႈတို႔က သူမကိုအထြဋ္အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။

နန္းမေတာ္မယ္ႏုသည္ ဖလံခုံ႐ြာဇာတိေထာင္မႉး သီဟေက်ာ္စြာဘြဲ႕ခံ ဦးလႈပ္ႏွင့္ေဒၚငယ္တို႔မွ 18June,1783 အင္းဝၿမိဳ႕၌ေမြးဖြားသည္။ ေမြးခ်င္းႏွစ္ေယာက္ရွိၿပီးက်န္ တစ္ေယာက္မွာေမာင္အိုျဖစ္သည္။ မယ္ႏုသည္ေ႐ႊလင္ဗန္းႏွင့္ အခ်င္းေဆးေသာ ေတာ္ဝင္မ်ိဳး႐ိုးမဟုတ္ သာမာန္အရပ္သူတစ္ဦးသာ ျဖစ္ေသာ္လည္း သူမဘဝတြင္ ထူးဆန္းမႈႀကီးႀကီးမားမား (2)ႀကိမ္ႀကဳံေတြ႕ခဲ့သည္။

မယ္ႏုငယ္စဥ္က အိမ္မွာလူႀကီးမိဘမ်ားႏွင့္ တစ္႐ြာမွတစ္႐ြာသို႔သြားလာရာ လမ္းဇရပ္တစ္ခု၌အိပ္ၾကသည္။ မယ္ႏုကထမင္းခ်က္တာဝန္ယူ၍ ခ်က္ျပဳတ္ရာမနက္မိုးလင္းေသာအခါ မယ္ႏုထမင္းခ်က္ခဲ့ေသာေနရာ၌ မႈိပြင့္ႀကီးတစ္ပြင့္ေပါက္လာရာ လူႀကီးမ်ားကအံ့ဘြယ္ နိမိတ္ေကာင္းဟုမွတ္ယူၾကသည္။

မယ္ႏုအသက္၁၂ႏွစ္သမီးအ႐ြယ္ ျမစ္ဆိပ္၌ေရခ်ိဳးခ်ိန္တြင္ သူမ၏အနီေရာင္ေရလဲလုံခ်ည္ကို စြန္ရဲ တစ္ေကာင္မွခ်ီယူသြားၿပီး အမရပူရနန္းေတာ္အတြင္းရွိ မိဖုရားမ်ားစံပယ္ရာ ေတာင္နန္းေဆာင္ အမိုး၌ခ်ထားခဲ့သည္။

ဘိုးေတာ္ဘုရားက လုံခ်ည္ပိုင္ရွင္ကို ရွာေဖြစစ္ေဆးေဖာ္ထုတ္ကာမယ္ႏုကို ေတာင္နန္းအပ်ိဳေတာ္အျဖစ္ ခန႔္ထားလိုက္ရာမွ အရႈပ္ေတာ္ပုံဖန္တီးမည့္ အဓိကဇာတ္ေကာင္ကိုေခၚမိသည့္ အမွားႀကီးတစ္ခုဘိုးေတာ္ဘုရား ျပဳလုပ္မိသြားသည္။

ကုန္းေဘာင္မင္းဆက္တြင္ နန္းသက္အရွည္ဆုံး ဘိုးေတာ္ဘုရား သည္ (37)ႏွစ္ၾကာနန္းစံၿပီး ဘႀကီးေတာ္စစ္ကိုင္းမင္းကို အိမ္ေရွ႕အရာအပ္ႏွင္းၿပီး ညီေတာ္သာယာဝတီမင္းသားကို ဒုတိယႏွင့္ဘႀကီးေတာ္္၏ သားေတာ္ စၾကာမင္းသားေလးကိုတတိယ နန္းလ်ာထားသည္။

ဘႀကီးေတာ္မွာအိမ္ေရွ႕မင္း ရာထူးသာရွိေသးၿပီး မိဖုရားေခါင္ႀကီးမွာ ဆင္ျဖဳရွင္မယ္ျဖစ္သည္။ ဆင္ျဖဴမယ္သည္ စၾကာမင္းသားေလးကိုေမြးၿပီး ၁ပတ္အၾကာ1812 ေအာက္တိုဘာလတြင္ ကြယ္လြန္ေလသည္။

မယ္ႏုသည္စက္စက္ယိုေအာင္လွသူဟု မဆိုႏိုင္သည့္တိုင္ ပကတိ႐ုပ္ရည္ကားတည္ၾကည္သည္။ အေျပာခ်ိဳ ၍ကိုယ္ေနဟန္အခ်ိဳးက်ကာ သြယ္လ်ေက်ာ့ရွင္းၿပီး သူမ၏နန္းမူရာမွာ နန္းတြင္းသူမ်ားအတုယူရသည ္အထိမဟာဆန္သည္။

ေယာက်ာ္းတကာတို႔ ႏွစ္သက္ခံရၿပီး ထိုအထဲတြင္ အိမ္ေရွ႕မင္း ဘႀကီးေတာ္လည္း ပါဝင္သည္။ အမရပူရနန္းတြင္း၌ အိမ္ေရွ႕မင္းအားမယ္ႏုထက္ မဟာဆီမဟာေသြးအခ်င္းခ်င္း အိမ္ေထာင္ျပဳေစလို ဤ“လူမွာအမ်ိဳးၾကက္မွာအ႐ိုး”ဟု ဘႀကီးေတာ္ကိုသတိေပးသည္။ မယ္ႏုကလည္း “လူမွာအခ်စ္ ၾကက္မွာအျမစ္” ဟုေခ်ပကာဘႀကီးေတာ္ကို ရေအာင္သိမ္းသြင္းခဲ့သည္။

ဘိုးေတာ္ဘုရားလြန္ေသာ္ဘႀကီးေတာ္သည္ 1819ဇြန္လ(5)ရက္တြင္ နန္းတက္ကာ(1823)ၿမိဳ႕ေတာ္ကို အမရပူရမွအင္းဝသို႔ေ႐ႊ႕သည္။ ဘႀကီးေတာ္သည္ခပ္ေအးေအးေနတတ္သလို မယ္ႏုကိုအလြန ခ်စ္သျဖင့္ အဂၢမေဟသီ ေတာင္ညာစံ မိဘုရားေခါင္ေျမာက္ေလသည္။ မယ္ႏုသည္ပင္ကိုယ္ထက္ျမက္သူပီပီ နန္းတြင္းတစ္ခုလုံးအေရးသာမက တိုင္းေရးျပည္ေရးကို စိတ္တိုင္းက်ခ်ယ္လွယ္ေတာ့သည္။သ

နန္းတြင္းမွာလဲအမ်ိဳးနိမ့္သူ မိဖုရားေခါင္ျဖစ္လာၿပီး ဓားထက္၍သာေၾကာက္ရသည္ မည္သူကမွမယ္ႏုကို မၾကည္ျဖဴၾကေခ်။ ယခင္ဘုရင္ႏွင့္မိဘုရား ရာဇပလႅင္ေပၚ အတူမထိုင္ေသာ္လည္း မယ္ႏုသည္ ထိုအစဥ္အလာကိုဖ်က္ကာ အတူထိုင္သျဖင့္ တ႐ုတ္သံမႉးမ်ား အံ့အားသင့္ၾကသည္။ 1819တြင္ မယ္ႏုသည္ သူ႔ေမာင္အရင္းျဖစ္တဲ့ေမာင္အိုကို စလင္းၿမိဳ႕ကိုစားေစၿပီး နန္းေတာ္တြင္းသူမ၏ အာဏာစက္ကိုခိုင္မာေအာင္တည္ေထာင္သည္။

ထို႔အျပင္ေမာင္အိုအား သတိုးဓမၼရာဇာဘြဲ႕ခ်ီးျမင့္ လိုက္သလို ဘႀကီးေတာ္ကလည္း သူ႔ေယာက္ဖအားေျမႇာက္စားသည့္အေနျဖင့္ ထိပ္တန္းမင္းညီမင္းသားစာရင္းသြင္းကာ၊ လႊတ္ေတာ္တက္ခြင့္ေပးသည့္အျပင္ ေ႐ႊထီးရွစ္ခ်က္မိုး ခစားခြင့္ေပးသျဖင့္ ေမာင္အိုသည္နားထင္ ေသြးေရာက္သြားေလသည္။ ေရွသမိုင္းမွာနာမည္ဆိုးႏွင့္ေက်ာ္ၾကားသူ နန္းမေတာ္မယ္ႏုရာဇဝင္ေခတ္ကမင္းသားမ်ား၏ အဆင့္အတန္း ကို ထီးေဆာင္းအေရအတြက္ အနည္းအမ်ားျဖင့္ ခြဲျခားေလ့ရွိသည္။

ညီေတာ္သာယာဝတီမင္းပင္ ထီးဆယ္ခ်က္သာမိုးခြင့္ရွိ၍ ေယာက္ဖေတာ္ေမာင္အိုသည္ ညီေတာ္အိမ္ေရွ႕မင္းထက္ မဆိုသေလာက္သာ နိမ့္သည့္သေဘာသက္ေရာက္ေစသည္။ ေန႔ခ်င္းညခ်င္း ေမာင္အိုတန္ခိုးထြားလာသျဖင့္ ကုန္းေဘာင္ မ်ိဳးဆက္ကိုအျပဳတ္ျဖဳတ္ၿပီး သူကိုယ္တိုင္ဘုရင္ လုပ္ရန္ ႀကံေလေတာ့သည္။ ထို႔ေၾကာင့္နန္းတြင္း အားၿပိဳင္မႈ (3)စုကြဲေပၚေပါက္လာသည္။

(1)ႏိုင္ငံေရးအာဏာပိုင္ဆိုင္ေသာေမာင္အိုႏွင့္ မယ္ႏုကတစ္ဖြဲ႕(2)သူတို႔၏မဟာၿပိဳင္ဘက္မ်ားတြင္ဘႀကီးေတာ္မင္းၿပီးေနာက္ နန္းၫြန႔္နန္းလ်ာဆက္ခံဖို႔ အခြင့္အေရးရွိသူ သာယာဝတီမင္းသည္ ထိပ္ဆုံးျဖစ္သည္။ သူကိုယ္တိုင္လက္႐ုံးရည္ႏွင့္ျပည့္စုံ သလို ေနာက္လိုက္အင္အားေကာင္း မ်ားစြာပိုင္ဆိုင္ထားသည္။ (3)စၾကာမင္းသားေခၚ ေညာင္ရမ္းမင္းသားေလးသည္ ေမြးဖြားစဥ္ကစၾကဝေတးမင္း တို႔ ဘုန္းႀကီးသည့္လကၡဏာရပ္မ်ားျဖစ္ၾကေသာ

ဥကၠာပ်ံ၊ငလ်င္လႈပ္၊ ေတာ္လဲျမည္ျခင္း၊လက္ဝါးမ်ားတြင္ ခ႐ုပတ္ႏွင့္မွဲ႔ရွင္မ်ား ထူးျခားထင္ရွားစြာေတြ႕ရျခင္း၊ အခ်င္းစလြယ္သိုင္းျခင္း၊ ခုနစ္ရက္ရလွ်င္မယ္ေတာ္ကြယ္လြန္၍ ဖြားဖက္ေတာ္ခုနစ္ဦးလည္းေပၚျခင္း၊ ႐ုပ္ရည္အင္မတန္ ေခ်ာေမာလွပ၍ နန္းတြင္းသူနန္းတြင္းသားမ်ား တိုင္းသူျပည္သားမ်ားက အလြန္ခ်စ္ခင္ႏွစ္သက္ၾကသည့္ လူထု အင္အားကိုပိုင္ဆိုင္ေသာ ဘႀကီးေတာ္၏တစ္ဦးတည္းေသာသားျဖစ္သျဖင့္ ဘႀကီးေတာ္ကနန္းလႊဲ လိုသည္မွာ ေတြးၾကည့္ယုံျဖင့္သိႏိုင္ပါသည္။

ထို႔ေၾကာင့္ေမာင္အိုသည္ စၾကာမင္းသားေလး နားထြင္းၿပီး အိမ္ေရွ႕အရာအပ္ႏွင္းျခင္း ကိစၥကို အခ်ိန္ဆြဲသည္။ အသက္(20)က်မွ နားထြင္းသည့္ တိုင္ႏိုင္ငံေရးအာဏာကို မင္းသားေလးအားလႊဲမေပးခဲ့ေခ်။ မယ္ႏုႏွင့္ေမာင္အိုသည္ ဘႀကီးေတာ္ႏွင့္မယ္ႏုနန္းစံေသာ (18)ႏွစ္လုံးလုံး သာယာဝတီမင္းကို အသိအမွတ္မျပဳခ်ယ္လွယ္ၿပီး ေနာင္ေတာ္ႏွင့္ေတြ႕ခြင့္ပိတ္ပင္သည္။

ထိုေခတ္ကမယ္ႏုေၾကာက္ရသူ တစ္ဦးရွိသည္ ထိုသူမွာဆရာေတာ ဦးဗုဓ္ျဖစ္သည္။ သကၠရာဇ္1822ခုႏွစ္တြင္ ဘႀကီးေတာ္ႏွင့္နန္းမေတာ္မယ္ႏုတို႔က ေက်ာင္းေဆာက္လုပ္ရာတြင္ ငါးႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီး သကၠရာဇ္1827ခုႏွစ္တြင္ မဟာေအာင္ေျမဘုံစံဟု ကမၸည္းထိုးကာေညာင္ကန္ ဆရာေတာ္ ဦးပိုအားလႉဒါန္းခဲ့သည္။

တစ္ႏွစ္အၾကာတြင္ဆရာေတာ္ဦးပို ပ်ံလြန္ေတာ္မူၿပီးေနာက္ ဒုတိယေညာင္ကန္ဆရာေတာ္ဦးဗုဓ္အား ထပ္မံလႉဒါန္းခဲ့သည္။ အုတ္ေက်ာင္း အက်ယ္အဝန္းမွာ အလ်ား192ေပ၊ အနံ112ေပႏွင့္ အျမင့္94ေပရွိၿပီး ေက်ာင္းတည္ေဆာက္ရာတြင္ ေငြက်ပ္သုံးသိန္းကုန္က်ေၾကာင္း၊ သကၠရာဇ္1838ျပည့္ႏွစ္တြင္ ငလ်င္ဒဏ္ေၾကာင့္ၿပိဳက်ခဲ့ရာ နန္းမေတာ္ မယ္ႏု၏သမီးေတာ္ ဆင္ျဖဴမရွင္က သကၠရာဇ္1872ခုႏွစ္တြင္ ထပ္မံျပဳျပင္ခဲ့ေၾကာင္း မွတ္တမ္းမ်ားအရသိရသည္။

ေက်ာင္းႀကီးကိုအုတ္၊အဂၤေတတို႔ျဖင့္ မိဖုရားေခါင္ႀကီးမယ္ႏုက တည္ေဆာက္ခဲ့ေသာေၾကာင့္ မယ္ႏု အုတ္ေက်ာင္းဟုထင္ရွားခဲ့သည္။ ပညာရွင္မ်ား၏ ဗိသုကာလက္ရာ၊ ပန္းရန္ႏွင့္ပန္းတေမာ့ အႏုပညာ လက္ရာမ်ား ေက်ာင္းေဆာင္ႀကီးအတြင္းရွိ စႀကႍ ပတ္လမ္းႏွင့္အခန္းဖြဲစည္းပုံမ်ား၊ အဝင္ေပါက္ သစ္သားတံခါးမ်ားကို အသံမ်ားဖန္တီးတပ္ဆင္ပုံတို႔ေၾကာင့္ ခံ့ညားထည္ဝါလွေသာ ေက်ာင္းႀကီးျဖစ္ သည္။

ဘႀကီးေတာ္နန္းတက္ ဘိသိက္မဂၤလာသြန္း အခမ္းအနား ဆင္ယင္ေသာအခါ၌ မဏိပူရေစာ္ဘြား မတက္ေရာက္ေခ်။ မဏိပူရေစာ္ဘြားကို သင္ခန္းစာေပးရန္လိုက္ဖမ္းရာ အဂၤလိပ္ပိုင္နယ္ထဲအထိဝင္ေျပးသျဖင့္ အဂၤလိပ္တို႔ႏွင့္နယ္စပ္ျပႆနာၿငိလာရာမွ အဂၤလိပ္တို႔(1824)တြင္ စစ္ေၾကညာသည္။ စစ္သူႀကီးမဟာဗႏၶဳလသည္ ရခိုင္တြင္ စခန္းခ်ကာ ျမဝတီမင္းႀကီးဦးစက ပန္းဝါတြင္ အဂၤလိပ္တို႔ကိုအႏိုင္တိုက္သည္။

ျမန္မာတပ္မ်ားဘဂၤလားနယ္ အထိေရာက္ေနသျဖင့္ အဂၤလိပ္ဘုရင္ခံပင္ က်ီးလန႔္စာစားေနရသည္။ ဗႏၶဳလသာစစ္တေကာင္းထိ တက္တိုက္၍ဖိအားေပးခဲ့မည္ဆိုလွ်င္ အဂၤလိပ္တို႔ပ်ာယာခတ္သြားႏိုင္သည္။

အဂၤလိပ္တို႔သည္ ထိုအေျခေနကိုရိပ္စားမိသျဖင့္ ရန္ကုန္ဖက္မွပတ္ဝင္၍ တန္ျပန္တိုက္စစ္ဆင္ေသာ ဗ်ဴဟာကိုသုံးကာ စစ္မ်က္ႏွာေျပာင္းလိုက္ေလသည္။ ထိုအခ်ိန္သာယာဝတီလို အဆင့္ျမင့္ မင္းသားက ရန္ကုန္သို႔ဆင္း၍ကာကြယ္ရန ္သူစုေဆာင္းထားသည့္လူသူမ်ားႏွင့္ အဂၤလိပ္ စစ္သေဘၤာမ်ားကို ခုခံတိုက္ခိုက္လိုေၾကာင္း တင္ျပသည္။

ဘႀကီးေတာ္ကလည္းသေဘာတူကာ အျမန္ေစလႊတ္ခ်င္ေသာ္လည္း ၿပိဳင္ဘက္စလင္းမင္းသား ႀကီးေမာင္အိုႏွင့္ မႉးမတ္မ်ားက သာယာဝတီ မင္းသားအားလက္နက္ဆင္၍လႊတ္လိုက္လွ်င္ ပုန္ကန္လိမ့္မည္ဟုကန႔္ကြက္ကာ ႏိုင္ငံ့အေရးေတာ္ထက္ အာဏာရရွိလိုေသာ ပုဂၢိဳလ္ေရးကိုဦးစားေပးခဲ့သည္မွာ စိတ္ပ်က္စရာျဖစ္ေလသည္။

ဘႀကီးေတာ္လည္းအရိပ္ကိုရန္သူထင္၍ ေနာက္ဆုံးတြင္ မဟာဗႏၵဳလျပန္လာသည္ အထိေစာင့္ၿပီးမွ သြားေရာက္တိုက္ရန္ အမိန႔္ခ်လိုက္ေလသည္။

ထို႔ေၾကာင့္ရခိုင္မွျပန္လာမည့္ ဗႏၵဳလကိုေစာင့္ရင္း ၅လအထိၾကာသြားသျဖင့္ ထိုအခ်ိန္တြင္အဂၤလိပ္တို႔ကလည္း ေ႐ႊတိဂုံကုန္းေတာ္တစ္ဝိုက္ကို အခိုင္အမာ တပ္စြဲ၍ အသာစီးရသြားေတာ့သည္။ သာယာဝတီမင္း၏တပ္မ်ားသည္ ရန္ကုန္သို႔ခ်ီ၍ က်ိဳက္ကလို႔ တြင္တပ္ခ်ထားသည္။

အဂၤလိပ္တို႔က သာယာဝတီ ၏တပ္ကိုဝိုင္းတိုက္ေသာ္လည္း အႏိုင္မရခဲ့ေခ်။ သာယာဝတီမင္းသားႀကီးက အေျခအေနရိပ္စားမိသျဖင့္ ေစာေစာစီးစီး စစ္ေျပၿငိမ္းရန္တင္ျပေသာ္လည္း ေမာင္အို၊မယ္ႏုတို႔မွလက္မခံပဲ စစ္ကို သာထပ္တိုးတိုက္သည္။

ဗႏၵဳလဓႏုျဖဴတြင္က်သြားသျဖင့္ အဂၤလိပ္တပ္ေတြလည္းေနျပည္ေတာ္ႏွင့္ မိုင္(၄၀)သာေဝးသည့္ ရႏၲပို႐ြာသို႔ေရာက္မွ စစ္ေျပၿငိမ္းေရးစာခ်ဴပ္ခ်ဳပ္ရေတာ့၏။ နယ္ေျမဆုံး၊စစ္သူႀကီးက်၊ စစ္ေလ်ာ္ေၾကးေငြ(1)ကုေဋပါေပးရမည္ျဖစ္သျဖင့္ ဘႀကီးေတာ္မွာ မေထြးႏိုင္မအံႏိုင္ စိတ္ဓာတ္က်လာကာ စိတ္က်ေရာဂါပါ ဝင္လာေလေတာ့သည္။

ေငြမရွိသျဖင့္မယ္ႏုက သူပိုင္ပစၥည္းမ်ားထုခြဲ၍ စစ္ေလ်ာ္ေၾကးေငြ ပထအရစ္ကိုေပးေလသည္။ အုပ္ခ်ဳပ္ေရးပိုင္းကို မကိုင္တြယ္ႏိုင္ေတာ့ပဲ အစစအရာရာကို မယ္ႏုႏွင့္စလင္းမင္းသားႀကီးေမာင္အိုတို႔ျဖင့္သာ လႊဲအပ္ထားေလေတာ့သည္။ညသူတို႔ေမာင္ႏွမကို သာယာဝတီအျပင္ျပည္သူမ်ားက စုန္းမဟုစြပ္စြဲသလို သူတို႔ကလည္းသူခိုးဓားျပ လက္ခံ ဟုသာယာဝတီကိုစြပ္စြဲသည္။

ေမာင္အိုသည္မိမိရဲ႕ ဆူးေျငႇာင့္ခလုတ္ျဖစ္ေသာ သာယာဝတီမင္းကိုရွင္းရန္ ဓားျပမႈျဖင့္အမႈဆင္ကာ သာယာဝတီမင္း၏အိမ္ကို လူ(200)ျဖင့္ဝိုင္းေလရာ သာယာဝတီဘက္မွလူမ်ား ခုခံရင္းဧရာဝတီျမစ္ကို ကူး၍ ေ႐ႊဘိုသို႔ထြက္ေျပးေရွာင္တိမ္းသည္။ မယ္ႏုတို႔ကိုျပည္သူမ်ား မႏွစ္သက္သျဖင့္ အာဏာသည္ သာယာဝတီဘက္သို႔ အလိုလိုေရာက္သြားသည္။လူသူစုေဆာင္းကာ 1837ေဖေဖာ္ဝါရီလတြင္ အင္းဝကိုဝိုင္းသည္။

၂လအၾကာတြင္ေအာင္ျမင္ၿပီး ဘႀကီးေတာ္စစ္ကိုင္းမင္းကိုနန္းခ်ကာ မယ္ႏုကိုအက်ယ္ခ်ဳပ္ ေမာင္အို တို႔လူစုကို ေထာင္ထဲပို႔ေလသည္။ အရာရာသည္ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားသည္။

မယ္ႏုတို႔ အုပ္စုသည္ ပုန္ကန္သည့္အေနျဖင့္ အဂၤလိပ္တို႔ကို စာလႊတ္ဆက္သြယ္၍ အဂၤလိပ္တို႔အလိုရွိသမွ် အကုန္ေပးကာ ဘႀကီးေတာ္အားျပန္လည္နန္းတင္ေပးရန္ အကူညီေတာင္းေသာ္လည္း အဂၤလိပ္တို႔က နန္းက်ဘုရင္အား ဘာအေၾကာင္းမွမျပန္ေတာ့ေခ်။

သာယာဝတီမင္းသေဘာထားႀကီးစြာျဖင့္ ေကာင္းမြန္စြာထားေသာ္လည္း ေမာင္အိုတို႔ေနာက္လိုက္မ်ားက ပုန္ကန္ၾကေသာေၾကာင့္ အမရပူရၿမိဳ႕ အက်ဥ္းေထာင္၌ သကၠရာဇ္1840ခုႏွစ္၊ ေမလတြင္ ကြပ္မ်က္လိုက္သည္။ ေနာက္ဆုံးသာယာဝတီမင္း သည္ 12May1840တြင္ မယ္ႏုအားေသဒဏ္ခ်မည္ကို မင္းမ်ိဳးမင္းႏြယ္အျဖစ္ အသိအမွတ္ျပဳေပးသည့္အေနျဖင့္ မဟာဆီမဟာေသြး ေျမမက်ရေစရန္ ေရတြင္ေဖ်ာက္ဖ်က္ဖို႔အမိန႔္ခ်သည္။ ဘုန္းရွင္ ကံရွင္ မယ္ႏုတစ္ေယာက္ ကံတရား၏ မ်က္ႏွာသာေပးျခင္းကား ဤေန႔သည္ေနာက္ဆုံးေန႔ ျဖစ္ေလေတာ့သည္။

မယ္ႏုလည္းေနာက္ဆုံးအေနျဖင့္ မိမိကိုးကြယ္သည့္ ဆရာေတာ္ဦးဗုဒ္အား ဖူးေျမႇာ္ခြင့္ျပဳရန္ ၿမိဳ႕ဝန္အား ခြင့္ေတာင္းရာ ခြင့္ျပဳေသာေၾကာင့္ ေညာင္ကန္ေက်ာင္း (ယခုမဟာမုနိဘုရားႀကီးအေရွ႕ဘက္‌) သို႔ ေရာက္ေအာင္ပို႔ေဆာင္ေပးခဲ့သည္။

မယ္ႏုေက်ာင္းသို႔ေရာက္ေသာအခါ ဆရာေတာ္မွာစာၾကည့္ေနသည္။ မယ္ႏုမွဆရာေတာ္အား ေနာက္ဆုံးဖူးေျမႇာ္ေအာင္ လာရျခင္းျဖစ္ေၾကာင္းေလွ်ာက္ထားရာ ဆရာေတာ္ဦးဗုဒ္မွ ရာဇဝင္တြင္မည့္တရားကို တိုတို တုတ္တုတ္မိန႔္ေတာ္မူသည္။

“မိႏု၊သူ႔ေႂကြးရွိရင္ဆပ္ရလိမ့္မည္” ဟုမိန႔္ဆိုလိုက္သည္။ မယ္ႏုလည္းဦးခ်ၿပီး ျပန္ဆင္းလာရာေလွ ကားအေရာက္တြင္ “ေတာ္ၿပီ၊ငါေသဝံ့ၿပီ၊ ငါေသရဲၿပီ၊ငါေသေပ်ာ္ၿပီ၊ ဆရာေတာ္ဘုရားကို ႏွစ္ေပါင္းမ်ားစြာကိုးကြယ္လာတာ ဘယ္အခါမွငါ့နာမည္တပ္၍ စကားမေျပာဖူးဘူး။

ဤကဲ့သို႔စာၾကည့္ရာမွေန၍ ငါ့ဘက္သို႔လွည့္၍ၾကည့္သည္ ဟူ၍လည္းမရွိ၊ သည္ကေန႔မွပဲငါ့ဘက္လွည့္တယ္။ ငါ့နာမည္ကိုေခၚေတာ္ မူတယ္။ ေဟာလိုက္တဲ့တရားကလည္း မိႏု၊သူ႔ေႂကြးရွိရင္ ဆပ္ရလိမ့္မည္တဲ့။ ေတာ္ၿပီ၊ေသလမ္းေျဖာင့္ၿပီ၊ ငါ့ကိုဆရာေတာ္က ေသစရိတ္ေပးလိုက္ၿပီ” ဟုထပ္တလဲလဲေျပာကာ ဝမ္းေျမာက္ဝမ္းသာစြာႏွင့္ပင္

အာဏာပါးကြက္သားတို႔၏ ေခၚေဆာင္ရာသို႔ညိဳးငယ္ျခင္းမရွိဘဲ လိုက္ပါသြားေလေတာ့သည္။ ဗုဒၶတရားေတာ္ကို အတိုခ်ဳပ္သေဘာေပါက္ေစေသာ သာဓကမ်ားအနက္ မယ္ႏုသည္ ပၪၥဝဂၢီတို႔မွ အငယ္ဆုံးရွင္အႆဇိ၏ “ေယဓမၼာ”ဂါထာကိုသတိရမိသည္။

ဘုရားရွင္၏တရားဦးနာၿပီး ရွင္အႆဇိရာဇၿဂိဳလ္ျပည္ ရွင္သာရိပုတၱရာႏွင့္ေတြ႕၍ ရွင္သာရိပုတၱရာမွ သူ႔အားေမးသည္မွာ

“ငါ့ရွင္၊သင္၏မ်က္စိတို႔သည္ ၾကည္လင္ကုန္၏။ အေရအဆင္းလည္း သန႔္ရွင္းစင္ၾကယ္ကုန္၏။ သင္သည္အဘယ္သူကိုရည္၍ ရဟန္းျပဳသနည္း။ အဘယ္သူကသင္၏ဆရာနည္း၊ အဘယ္သူ၏ တရားကိုႏွစ္သက္သနည္း” ရွင္အႆဇိတက “ငါ့ရွင္၊ငါသည္ အငယ္သည္သာတည္း။

အဘိဓမၼာ ကိုအက်ယ္အားျဖင့္ သင့္အားေဟာၾကားအံ့ေသာငွာမတတ္ႏိုင္။ အက်ဥ္းအားျဖင့္ေသာ္ကား အနက္ကို ငါဆိုအံ့” ဟုဆိုကာေယဓမၼာဂါထာကို ေဟာေတာ္မူ၏။ အဓိပၸါယ္ကား“အၾကင္တရားတို႔သည္ အေၾကာင္းလွ်င္အမွန္ရွိကုန္၏။ ထိုအေၾကာင္းကို ျမတ္စြာဘုရားေဟာ၏။ ထိုအေၾကာင္းတရားတို႔ ခ်ဳပ္ၿငိမ္းရာလည္းရွိ၏။ ထိုခ်ဳပ္ျခင္းကိုလည္း ျမတ္စြာဘုရားေဟာ၏။ ငါ၏ဆရာရဟန္းႀကီးသည္ ဤသို႔အယူဝါဒရွိ၏”

မယ္ႏုသည္ထိုဂါထာေတာ္ကိုခ်င့္ခ်ိန္ၿပီး သာယာဝတီမင္းအသက္ကိုရန္ရွာခဲ့၍ သူႏွင့္ယွဥ္ၿပိဳင္ရာသူ အႏိူင္ရသည္။ ရန္ကိုရန္ခ်င္းတုံ႔ျပန္ျခင္းက လမ္းေဟာင္းကိုသာျပန္ေရာက္ေစသည္။

ဤအေၾကာင္းတို႔ခ်ဳပ္ၿငိမ္းျခင္းကား ရန္ညိဳးရန္စတို႔ကိုသင္ပုန္းေခ်၍ သူ႔အေပၚတင္ခဲ့ေသာ အေႂကြးျမန္ျမန္ဆပ္ကာ ေႂကြးၿမီကင္းရွင္းၿပီး ၿငိမ္းခ်မ္းေသာ ဘဝသစ္ကေလးတစ္ခု ထူေထာင္ႏိုင္ရန္ျဖစ္ေၾကာင္းကို နားလည္သြားခဲ့သည္။

သတၱဝါတိုင္းသူ႔ထိုက္သူ႔ကံျဖစ္သည္ဆိုလွ်င္ တစ္နည္းအားျဖင့္ ငါ့ထိုက္ငါ့ကံျဖစ္သည္ မဟုတ္ပါေလာ။ ဆရာေတာ္တရားကား သူမအတြက္ေတာ့ အဖိုးတန္ဆုံးေသစရိတ္ေပးလိုက္ျခင္းဟု သေဘာေပါက္ေသာေၾကာင့္ မယ္ႏုဝမ္းသာသြား ရွာသည္။

ထိုေန႔ေန႔လည္ပိုင္းတြင္ မယ္ႏုသည္ ဘႀကီးေတာ္အား ေနာက္ဆုံးသြားေရာက္ကန္ေတာ့ ႏႈတ္ဆက္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာဘဝ၊ အသက္၊ရာထူး၊စည္းစိမ္၊ ႏိုင္ငံေတာ္အရာအားလုံး သူပိုင္ဆိုင္ႏိုင္သမွ်ကိုေပး၍ ခ်စ္ခဲ့ေသာၾကင္ယာေတာ္ ဘႀကီးေတာ္၏ ေျခေတာ္အစုံေပၚ မ်က္ႏွာအပ္ကာ မ်က္ရည္စက္မ်ားစြာ ေျခဖမိုးေတာ္ေပၚက်လ်က္ လက္အုပ္ခ်ီကန္ေတာ့ရင္း အေရာင္မွိန္မွိန္အေဆာင္ေရာင္မဲ့ သလြန္ထက္တြင္ထိုင္ေနေသာ နန္းက်ဘုရင္လင္ေတာ္ေမာင္အား နန္းမေတာ္မယ္ႏု။

“ေမာင္ေတာ္ဘုရား၊ ႏွမေတာ္ဒီကေန႔ ဘဝေျပာင္းရေတာ့မွာျဖစ္လို႔ ေမာင္ေတာ္ဘုရားကိုေနာက္ဆုံး ႏႈတ္ဆက္ရွိခိုးကန္ေတာ့ခဲ့ပါတယ္ဘုရား။ ေမာင္ေတာ္မင္းတရားရဲ႕ဘုန္းရိပ္ကို ခိုလႈံစံစားခဲ့တဲ့ ႏွစ္ကာလမ်ားအတြင္း ႏွမေတာ္ဘက္ကျပဳမိမွားခဲ့တဲ့ အျပစ္ရွိခဲ့ပါရင္ ခြင့္လႊတ္သနားေတာ္မူပါဘုရား”

ဘႀကီးေတာ္သည္သလြန္ေပၚမွ နန္းမေတာ္မယ္ႏု၏ ဆံေကသာကို လက္ျဖင့္အသာအယာထိထားသည္။

အရႈံးမ်ားစြာရႈံးၿပီးေနာက္ အခ်စ္ဆုံးသူကိုေသကြဲ ခြဲ ဆုံးရႈံးရမည့္အခ်ိန္တို႔ ဆိုက္ေရာက္လာၿပီျဖစ္ သျဖင့္ စိတ္ေသာကမီးတို႔ စိတ္ႏွလုံးကိုေလာင္ကြၽမ္း ကာ ပတ္ဝန္းက်င္တစ္ခုလုံး မျမင္ႏိုင္ေတာ့ေအာင္ေဝဝါးသြားေစသည့္မ်က္ရည္မ်ား မ်က္ဝန္းအိမ္၌ ျပည့္ေနသည္။

ဘႀကီးေတာ္သည္မ်က္ဝန္းမ်ား မွိတ္ခ်လိုက္ရာ နန္းမေတာ္မယ္ႏု၏ ဆံေကသာေပၚ မ်က္ရည္မ်ား စီးက်ေလေတာ့သည္။ ရင္၌ဆို႔ႏွင့္လြန္းလွသျဖင့္ ရႈိက္၍ငိုခ်လိုက္သည္။ “ႏွမေတာ္ရယ္၊ ႏွမေတာ္မွာ ခြင့္မလႊတ္စရာ ဘာအျပစ္မွမရွိခဲ့ပါဘူးကြယ္” ဘႀကီးေတာ္၏ခ်စ္ျခင္းေမတၱာကား ေလးစားစရာ ေကာင္းလွသလို ထိုအတြက္ေနာင္တ တစ္စုံတရာ လည္းမရခဲ့ေခ်။

“ေမာင္ေတာ္ဘုရားရယ္၊ ႏွမေတာ္ရဲ႕ေနာက္ဆုံး ဝင္သက္၊ ထြက္သက္မရပ္သြားမွီ ႏွမေတာ္ရဲဘဝ ကို အျမင့္ဆုံးျမႇင့္တင္ေပးခဲ့တဲ့ ေမာင္ေတာ္ဘုရားရဲ႕ ေက်းဇူးအေထြေထြအတြက္ ေမာင္ေတာ္ဘုရားရဲ႕ ေျခေတာ္အစုံကိုဦးတိုက္ၿပီး ေက်နပ္ေအာင္ ကန္ေတာ့ခြင့္ျပဳပါဘုရား” ဟုေျခေတာ အစုံအား မ်က္ႏွာနဖူးဆံပင္တို႔ျဖင့္ ဦးတိုက္ကန္ေတာ့ေနစဥ္ အေဆာင္ေတာ္တြင္း သမီးေတာ္ကေလး မယ္သဲဝင္လာသည္။

သမီးေတာ္ေလး၏စိတ္တြင္ မေကာင္းမႈတစ္စုံတခု ကို ခံစားမိေနသျဖင့္ မယ္ေတာ္၏ရင္ခြင္တြင္း ေျပး ဝင္ဖက္၍ငိုေလသည္။ “မယ္မယ္ဘုရား၊ သမီးေတာ္ ကေလးကိုပစ္ထားၿပီး ဘယ္ကိုသြားေနတာလဲ ဘုရား။ သမီးေတာ္ေလးမွာ လြမ္းလို႔ေသရေတာ့မယ္ ဘုရား”

“မယ္မယ္ဘုရားလည္း သမီးေတာ္ေလးကို လြမ္းေနပါတယ္။ အခုလည္းမယ္မယ္ဘုရားေလ အေရးႀကီးတဲ့ကိစၥရွိလို႔ ဟိုး…အေဝးႀကီးကို ခရီးထြက္ဖို႔ရွိေသးတယ္။ သမီးေတာ္ေလး ခမည္းေတာ္ဘုရားနဲ႔အတူ လိမ္လိမ္မာမာေနခဲ့ေနာ္။ မယ္ဘုရားစကားကို နားေထာင္ပါကြယ္” သားအမိႏွစ္ဦးပါးခ်င္းအပ္ကာ ငိုရင္း

“ဟင့္အင္း၊ဒီတစ္ခါေတာ့ သမီးေတာ္ေလးကို ပစ္ထားၿပီး ဘယ္မွမသြားရေတာ့ဘူး မယ္မယ္ဘုရားနဲ႔လိုက္မွာပဲ” ခမည္းေတာ္၊မယ္ေတာ္၊ သမီးေတာ္ကေလးတို႔ မိသားစုအသိုက္အျမျုံပိုကြဲၿပီး ေနာက္တစ္ႀကိမ္ျပန္ဆုံခြင့္ဟူေသာ ေမွ်ာ္လင့္ခ်က္ ကေလးပင္ဆုတ္ကိုင္ထားခြင့္ ကင္းမဲ့သြားေသာေၾကကြဲဖြယ္ရာ ေခ်ာ့သူမရွိငိုပြဲႀကီးျဖစ္သည္။

မင္းမႈထမ္း၊ရံေ႐ြေတာ္တို႔ ထိုျမင္ကြင္းကိုမၾကည့္ရက္သျဖင့္ တံခါးအကြယ္တြင္ႀကိတ္ငိုၾကသည္။ တာဝန္အရအမရပူရၿမိဳ႕ဝန္ပင္ မ်က္ရည္က်မည္စိုးသျဖင့္ အေဝးသို႔ထြက္သြားကာ မင္းမႈထမ္းတစ္ဦးကိုတီးတိုးေျပာသည္။ ထိုမင္းမႈထမ္းသည္ မယ္ႏုဆီေရာက္လာ၍ “မိဘုရားႀကီး၊ ထြက္ခြာဖို႔အခ်ိန္က်ပါၿပီလို႔ ၿမိဳ႕ဝန္မင္းကေျပာပါတယ္၊ ေနရာကထပါေတာ့”

ေနာက္ထပ္မင္းမႈထမ္းတို႔သည္ မယ္ႏုဆီဝင္လာၿပီး လက္ႏွစ္ဘက္ကို ဆြဲယူလိုက္ၾကသည္။ “မသြားရဘူးမယ္မယ္ဘုရား ဘယ္ကိုမွမသြားရဘူး သြားရင္ သမီးေတာ္ေလးလည္းလိုက္မွာပဲ” ဟုတစာစာေအာ္ဟစ္ေနရာ မယ္ႏု၏နားမ်ားအတြင္းပဲ့တင္ထပ္ကာ တျဖည္းျဖည္းေဝးသြားေလေတာ့သည္။ ေၾကးတိုက္မွလာေသာ ႏြားလွည္းေပၚတက္ကာ ေနာက္သို႔ တစ္ခ်က္ပင္လွည့္ မၾကည့္ေတာ့ေခ်။

ေနလုံးႀကီးသည္ဝင္းလက္ေသာ အလင္းေရာင္တို႔ကို ေလွ်ာ့ခ်၍ အေနာက္ဘက္ေတာင္တန္းေပၚ နိမ့္ဆင္း သြားသည္။ မယ္ႏုကိုတင္လာေသာ လွည္းပေတာင္းျမည္သံကိုၾကားေသာ္ အနီးရွိဘုန္းႀကီးေက်ာင္းေခြးမ်ားအူၾကသည္မွာ ကံၾကမၼာဆိုးအတြက္ ျမည္သံမ်ားျဖစ္ေနသည္။ ေတာင္သမန္အင္းေရျပင္အနီးသို႔ေရာက္ေသာ္ အာဏာပကြက္သားတို႔သည္ နန္းမေတာ္မယ္ႏုအား ခဲထည့္ထားေသာေ႐ႊနားကြတ္ ကတၱီပါအိတ္နီတြင္ထည့္၍ ပိတ္ၿပီးေရျပင္သို႔ျပစ္ခ်လိုက္သည္။

ျမႇပ္မျမႇပ္ေသခ်ာေအာင္ ခဏေစာင့္ၾကည့္သည္ ေတာင္သမန္အင္းေရျပင္ေပၚတြင္ ေရပြက္ကေလး တစ္ပြက္ႏွစ္ပြက္ထလာၿပီး ေရျပင္မွာျပကတိျပန္ၿငိမ္္သြားၿပီး ေလေျပညင္းကေလး ေရျပင္ထက္မွ ျဖတ္သန္းတိုက္ခတ္သြားသည္။ နန္းမေတာ္မယ္ႏု၏ ေနာက္ဆုံးထြက္သက္ ေရပြက္ကေလးမဟုတ္ပါေလာ။

ကုန္းေဘာင္ေခတ္၏မြန္းတည့္ခ်ိန္ ဘုန္းဩဇာ အျပည့္ႏွင့္ ေ႐ႊအိမ္နန္းၾကငွန္းထက္တြင္ အမ်ိဳးသမီးတို႔အတြက္ အထြတ္ထိပ္ျဖစ္ေသာ အဂၢမေဟသီ မိဖုရားေခါင္ရာထူးကို ရယူခဲ့ေသာ္လည္း လူ႔ဘဝသည္မည္သည့္အရာမွ် ၾကာရွည္မတည္ၿမဲဘဲ တစ္ခဏအခ်ိန္တြင္းသာ ရွိသည္ကို နန္းမေတာ္မယ္ႏုကသူမ၏ ေနာက္ဆုံး ထြက္သက္ေရပြက္ကေလးအခ်ိန္မွ်ျဖင့္ ကြၽႏ္ုပ္တို႔အား သင္ခန္းစာေပးသြားခဲ့သည္ မဟုတ္ပါေလာ။

Credit to original Uploader

Unicode

သမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်

နန်းမတော်မယ်နုဟုဆိုလိုက်သည်နှင့် “တိုင်းပြည်ခိုက်သောမြေးအဖွား(၃)ဆက်၊ ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူမယ်နု၊ သူ့သမီးဆင်ဖြူမရှင် နန်းတွင်းအာဏာလုပွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကိုသတ်ကာ သီပေါမင်းကိုသူ့သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော်စုဖုရားလတ် သီပေါမင်းကိုကျော်၍ အမိန့် မနာခံသော) ဟုနာမည်ဆိုးနှင့်ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိမယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ်ပါသည်။

ဟုတ်ပါသည်၊မယ်နုသည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမဘဝ၏ အံ့ဖွယ်အတိတ်ကံအကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက်ကြွပ်ဆတ်မှု၊ အတ္တကြီးပြီး အကြောက်တရားကင်းမှု၊ ဆင်ခြင်တုံတရားနည်းပြီး တဇွတ်ထိုးနိုင်မှုတို့က သူမကိုအထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

နန်းမတော်မယ်နုသည် ဖလံခုံရွာဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18June,1783 အင်းဝမြို့၌မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာမောင်အိုဖြစ်သည်။ မယ်နုသည်ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုးမဟုတ် သာမာန်အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမဘဝတွင် ထူးဆန်းမှုကြီးကြီးမားမား (2)ကြိမ်ကြုံတွေ့ခဲ့သည်။

မယ်နုငယ်စဉ်က အိမ်မှာလူကြီးမိဘများနှင့် တစ်ရွာမှတစ်ရွာသို့သွားလာရာ လမ်းဇရပ်တစ်ခု၌အိပ်ကြသည်။ မယ်နုကထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာမနက်မိုးလင်းသောအခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့်ပေါက်လာရာ လူကြီးများကအံ့ဘွယ် နိမိတ်ကောင်းဟုမှတ်ယူကြသည်။

မယ်နုအသက်၁၂နှစ်သမီးအရွယ် မြစ်ဆိပ်၌ရေချိုးချိန်တွင် သူမ၏အနီရောင်ရေလဲလုံချည်ကို စွန်ရဲ တစ်ကောင်မှချီယူသွားပြီး အမရပူရနန်းတော်အတွင်းရှိ မိဖုရားများစံပယ်ရာ တောင်နန်းဆောင် အမိုး၌ချထားခဲ့သည်။

ဘိုးတော်ဘုရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာမယ်နုကို တောင်နန်းအပျိုတော်အဖြစ် ခန့်ထားလိုက်ရာမှ အရှုပ်တော်ပုံဖန်တီးမည့် အဓိကဇာတ်ကောင်ကိုခေါ်မိသည့် အမှားကြီးတစ်ခုဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။

ကုန်းဘောင်မင်းဆက်တွင် နန်းသက်အရှည်ဆုံး ဘိုးတော်ဘုရား သည် (37)နှစ်ကြာနန်းစံပြီး ဘကြီးတော်စစ်ကိုင်းမင်းကို အိမ်ရှေ့အရာအပ်နှင်းပြီး ညီတော်သာယာဝတီမင်းသားကို ဒုတိယနှင့်ဘကြီးတော််၏ သားတော် စကြာမင်းသားလေးကိုတတိယ နန်းလျာထားသည်။

ဘကြီးတော်မှာအိမ်ရှေ့မင်း ရာထူးသာရှိသေးပြီး မိဖုရားခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာမင်းသားလေးကိုမွေးပြီး ၁ပတ်အကြာ1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။

မယ်နုသည်စက်စက်ယိုအောင်လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကားတည်ကြည်သည်။ အပြောချို ၍ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏နန်းမူရာမှာ နန်းတွင်းသူများအတုယူရသည ်အထိမဟာဆန်သည်။

ယောကျာ်းတကာတို့ နှစ်သက်ခံရပြီး ထိုအထဲတွင် အိမ်ရှေ့မင်း ဘကြီးတော်လည်း ပါဝင်သည်။ အမရပူရနန်းတွင်း၌ အိမ်ရှေ့မင်းအားမယ်နုထက် မဟာဆီမဟာသွေးအချင်းချင်း အိမ်ထောင်ပြုစေလို ဤ“လူမှာအမျိုးကြက်မှာအရိုး”ဟု ဘကြီးတော်ကိုသတိပေးသည်။ မယ်နုကလည်း “လူမှာအချစ် ကြက်မှာအမြစ်” ဟုချေပကာဘကြီးတော်ကို ရအောင်သိမ်းသွင်းခဲ့သည်။

ဘိုးတော်ဘုရားလွန်သော်ဘကြီးတော်သည် 1819ဇွန်လ(5)ရက်တွင် နန်းတက်ကာ(1823)မြို့တော်ကို အမရပူရမှအင်းဝသို့ရွှေ့သည်။ ဘကြီးတော်သည်ခပ်အေးအေးနေတတ်သလို မယ်နုကိုအလွန ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။ မယ်နုသည်ပင်ကိုယ်ထက်မြက်သူပီပီ နန်းတွင်းတစ်ခုလုံးအရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျချယ်လှယ်တော့သည်။သ

နန်းတွင်းမှာလဲအမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာကြောက်ရသည် မည်သူကမှမယ်နုကို မကြည်ဖြူကြချေ။ ယခင်ဘုရင်နှင့်မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နုသည် ထိုအစဉ်အလာကိုဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819တွင် မယ်နုသည် သူ့မောင်အရင်းဖြစ်တဲ့မောင်အိုကို စလင်းမြို့ကိုစားစေပြီး နန်းတော်တွင်းသူမ၏ အာဏာစက်ကိုခိုင်မာအောင်တည်ထောင်သည်။

ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာဘွဲ့ချီးမြင့် လိုက်သလို ဘကြီးတော်ကလည်း သူ့ယောက်ဖအားမြှောက်စားသည့်အနေဖြင့် ထိပ်တန်းမင်းညီမင်းသားစာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့်ပေးသည့်အပြင် ရွှေထီးရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့် မောင်အိုသည်နားထင် သွေးရောက်သွားလေသည်။ ရှေသမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်ခေတ်ကမင်းသားများ၏ အဆင့်အတန်း ကို ထီးဆောင်းအရေအတွက် အနည်းအများဖြင့် ခွဲခြားလေ့ရှိသည်။

ညီတော်သာယာဝတီမင်းပင် ထီးဆယ်ချက်သာမိုးခွင့်ရှိ၍ ယောက်ဖတော်မောင်အိုသည် ညီတော်အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်သည့်သဘောသက်ရောက်စေသည်။ နေ့ချင်းညချင်း မောင်အိုတန်ခိုးထွားလာသဖြင့် ကုန်းဘောင် မျိုးဆက်ကိုအပြုတ်ဖြုတ်ပြီး သူကိုယ်တိုင်ဘုရင် လုပ်ရန် ကြံလေတော့သည်။ ထို့ကြောင့်နန်းတွင်း အားပြိုင်မှု (3)စုကွဲပေါ်ပေါက်လာသည်။

(1)နိုင်ငံရေးအာဏာပိုင်ဆိုင်သောမောင်အိုနှင့် မယ်နုကတစ်ဖွဲ့(2)သူတို့၏မဟာပြိုင်ဘက်များတွင်ဘကြီးတော်မင်းပြီးနောက် နန်းညွန့်နန်းလျာဆက်ခံဖို့ အခွင့်အရေးရှိသူ သာယာဝတီမင်းသည် ထိပ်ဆုံးဖြစ်သည်။ သူကိုယ်တိုင်လက်ရုံးရည်နှင့်ပြည့်စုံ သလို နောက်လိုက်အင်အားကောင်း များစွာပိုင်ဆိုင်ထားသည်။ (3)စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးသည် မွေးဖွားစဉ်ကစကြဝတေးမင်း တို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော

ဥက္ကာပျံ၊ငလျင်လှုပ်၊ တော်လဲမြည်ခြင်း၊လက်ဝါးများတွင် ခရုပတ်နှင့်မှဲ့ရှင်များ ထူးခြားထင်ရှားစွာတွေ့ရခြင်း၊ အချင်းစလွယ်သိုင်းခြင်း၊ ခုနစ်ရက်ရလျှင်မယ်တော်ကွယ်လွန်၍ ဖွားဖက်တော်ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည်အင်မတန် ချောမောလှပ၍ နန်းတွင်းသူနန်းတွင်းသားများ တိုင်းသူပြည်သားများက အလွန်ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အားကိုပိုင်ဆိုင်သော ဘကြီးတော်၏တစ်ဦးတည်းသောသားဖြစ်သဖြင့် ဘကြီးတော်ကနန်းလွှဲ လိုသည်မှာ တွေးကြည့်ယုံဖြင့်သိနိုင်ပါသည်။

ထို့ကြောင့်မောင်အိုသည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာအပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲသည်။ အသက်(20)ကျမှ နားထွင်းသည့် တိုင်နိုင်ငံရေးအာဏာကို မင်းသားလေးအားလွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အိုသည် ဘကြီးတော်နှင့်မယ်နုနန်းစံသော (18)နှစ်လုံးလုံး သာယာဝတီမင်းကို အသိအမှတ်မပြုချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့်ပိတ်ပင်သည်။

ထိုခေတ်ကမယ်နုကြောက်ရသူ တစ်ဦးရှိသည် ထိုသူမှာဆရာတော ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ်1822ခုနှစ်တွင် ဘကြီးတော်နှင့်နန်းမတော်မယ်နုတို့က ကျောင်းဆောက်လုပ်ရာတွင် ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး သက္ကရာဇ်1827ခုနှစ်တွင် မဟာအောင်မြေဘုံစံဟု ကမ္ပည်းထိုးကာညောင်ကန် ဆရာတော် ဦးပိုအားလှူဒါန်းခဲ့သည်။

တစ်နှစ်အကြာတွင်ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဒုတိယညောင်ကန်ဆရာတော်ဦးဗုဓ်အား ထပ်မံလှူဒါန်းခဲ့သည်။ အုတ်ကျောင်း အကျယ်အဝန်းမှာ အလျား192ပေ၊ အနံ112ပေနှင့် အမြင့်94ပေရှိပြီး ကျောင်းတည်ဆောက်ရာတွင် ငွေကျပ်သုံးသိန်းကုန်ကျကြောင်း၊ သက္ကရာဇ်1838ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ်1872ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

ကျောင်းကြီးကိုအုတ်၊အင်္ဂတေတို့ဖြင့် မိဖုရားခေါင်ကြီးမယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နု အုတ်ကျောင်းဟုထင်ရှားခဲ့သည်။ ပညာရှင်များ၏ ဗိသုကာလက်ရာ၊ ပန်းရန်နှင့်ပန်းတမော့ အနုပညာ လက်ရာများ ကျောင်းဆောင်ကြီးအတွင်းရှိ စင်္ကြံ ပတ်လမ်းနှင့်အခန်းဖွဲစည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါးများကို အသံများဖန်တီးတပ်ဆင်ပုံတို့ကြောင့် ခံ့ညားထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။

ဘကြီးတော်နန်းတက် ဘိသိက်မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သောအခါ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွားကို သင်ခန်းစာပေးရန်လိုက်ဖမ်းရာ အင်္ဂလိပ်ပိုင်နယ်ထဲအထိဝင်ပြေးသဖြင့် အင်္ဂလိပ်တို့နှင့်နယ်စပ်ပြဿနာငြိလာရာမှ အင်္ဂလိပ်တို့(1824)တွင် စစ်ကြေညာသည်။ စစ်သူကြီးမဟာဗန္ဓုလသည် ရခိုင်တွင် စခန်းချကာ မြဝတီမင်းကြီးဦးစက ပန်းဝါတွင် အင်္ဂလိပ်တို့ကိုအနိုင်တိုက်သည်။

မြန်မာတပ်များဘင်္ဂလားနယ် အထိရောက်နေသဖြင့် အင်္ဂလိပ်ဘုရင်ခံပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလသာစစ်တကောင်းထိ တက်တိုက်၍ဖိအားပေးခဲ့မည်ဆိုလျှင် အင်္ဂလိပ်တို့ပျာယာခတ်သွားနိုင်သည်။

အင်္ဂလိပ်တို့သည် ထိုအခြေနေကိုရိပ်စားမိသဖြင့် ရန်ကုန်ဖက်မှပတ်ဝင်၍ တန်ပြန်တိုက်စစ်ဆင်သော ဗျူဟာကိုသုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။ ထိုအချိန်သာယာဝတီလို အဆင့်မြင့် မင်းသားက ရန်ကုန်သို့ဆင်း၍ကာကွယ်ရန ်သူစုဆောင်းထားသည့်လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်း တင်ပြသည်။

ဘကြီးတော်ကလည်းသဘောတူကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက်စလင်းမင်းသား ကြီးမောင်အိုနှင့် မှူးမတ်များက သာယာဝတီ မင်းသားအားလက်နက်ဆင်၍လွှတ်လိုက်လျှင် ပုန်ကန်လိမ့်မည်ဟုကန့်ကွက်ကာ နိုင်ငံ့အရေးတော်ထက် အာဏာရရှိလိုသော ပုဂ္ဂိုလ်ရေးကိုဦးစားပေးခဲ့သည်မှာ စိတ်ပျက်စရာဖြစ်လေသည်။

ဘကြီးတော်လည်းအရိပ်ကိုရန်သူထင်၍ နောက်ဆုံးတွင် မဟာဗန္ဒုလပြန်လာသည် အထိစောင့်ပြီးမှ သွားရောက်တိုက်ရန် အမိန့်ချလိုက်လေသည်။

ထို့ကြောင့်ရခိုင်မှပြန်လာမည့် ဗန္ဒုလကိုစောင့်ရင်း ၅လအထိကြာသွားသဖြင့် ထိုအချိန်တွင်အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံကုန်းတော်တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲ၍ အသာစီးရသွားတော့သည်။ သာယာဝတီမင်း၏တပ်များသည် ရန်ကုန်သို့ချီ၍ ကျိုက်ကလို့ တွင်တပ်ချထားသည်။

အင်္ဂလိပ်တို့က သာယာဝတီ ၏တပ်ကိုဝိုင်းတိုက်သော်လည်း အနိုင်မရခဲ့ချေ။ သာယာဝတီမင်းသားကြီးက အခြေအနေရိပ်စားမိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန်တင်ပြသော်လည်း မောင်အို၊မယ်နုတို့မှလက်မခံပဲ စစ်ကို သာထပ်တိုးတိုက်သည်။

ဗန္ဒုလဓနုဖြူတွင်ကျသွားသဖြင့် အင်္ဂလိပ်တပ်တွေလည်းနေပြည်တော်နှင့် မိုင်(၄၀)သာဝေးသည့် ရန္တပိုရွာသို့ရောက်မှ စစ်ပြေငြိမ်းရေးစာချူပ်ချုပ်ရတော့၏။ နယ်မြေဆုံး၊စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ(1)ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော်မှာ မထွေးနိုင်မအံနိုင် စိတ်ဓာတ်ကျလာကာ စိတ်ကျရောဂါပါ ဝင်လာလေတော့သည်။

ငွေမရှိသဖြင့်မယ်နုက သူပိုင်ပစ္စည်းများထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ်ကိုပေးလေသည်။ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့်စလင်းမင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ညသူတို့မောင်နှမကို သာယာဝတီအပြင်ပြည်သူများက စုန်းမဟုစွပ်စွဲသလို သူတို့ကလည်းသူခိုးဓားပြ လက်ခံ ဟုသာယာဝတီကိုစွပ်စွဲသည်။

မောင်အိုသည်မိမိရဲ့ ဆူးငြှောင့်ခလုတ်ဖြစ်သော သာယာဝတီမင်းကိုရှင်းရန် ဓားပြမှုဖြင့်အမှုဆင်ကာ သာယာဝတီမင်း၏အိမ်ကို လူ(200)ဖြင့်ဝိုင်းလေရာ သာယာဝတီဘက်မှလူများ ခုခံရင်းဧရာဝတီမြစ်ကို ကူး၍ ရွှေဘိုသို့ထွက်ပြေးရှောင်တိမ်းသည်။ မယ်နုတို့ကိုပြည်သူများ မနှစ်သက်သဖြင့် အာဏာသည် သာယာဝတီဘက်သို့ အလိုလိုရောက်သွားသည်။လူသူစုဆောင်းကာ 1837ဖေဖော်ဝါရီလတွင် အင်းဝကိုဝိုင်းသည်။

၂လအကြာတွင်အောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းကိုနန်းချကာ မယ်နုကိုအကျယ်ချုပ် မောင်အို တို့လူစုကို ထောင်ထဲပို့လေသည်။ အရာရာသည်နေ့ချင်းညချင်း ပြောင်းလဲသွားသည်။

မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့်အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့အလိုရှိသမျှ အကုန်ပေးကာ ဘကြီးတော်အားပြန်လည်နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်အား ဘာအကြောင်းမှမပြန်တော့ချေ။

သာယာဝတီမင်းသဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း မောင်အိုတို့နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ်1840ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။ နောက်ဆုံးသာယာဝတီမင်း သည် 12May1840တွင် မယ်နုအားသေဒဏ်ချမည်ကို မင်းမျိုးမင်းနွယ်အဖြစ် အသိအမှတ်ပြုပေးသည့်အနေဖြင့် မဟာဆီမဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့အမိန့်ချသည်။ ဘုန်းရှင် ကံရှင် မယ်နုတစ်ယောက် ကံတရား၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။

မယ်နုလည်းနောက်ဆုံးအနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခုမဟာမုနိဘုရားကြီးအရှေ့ဘက်‌) သို့ ရောက်အောင်ပို့ဆောင်ပေးခဲ့သည်။

မယ်နုကျောင်းသို့ရောက်သောအခါ ဆရာတော်မှာစာကြည့်နေသည်။ မယ်နုမှဆရာတော်အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်းလျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင်တွင်မည့်တရားကို တိုတို တုတ်တုတ်မိန့်တော်မူသည်။

“မိနု၊သူ့ကြွေးရှိရင်ဆပ်ရလိမ့်မည်” ဟုမိန့်ဆိုလိုက်သည်။ မယ်နုလည်းဦးချပြီး ပြန်ဆင်းလာရာလှေ ကားအရောက်တွင် “တော်ပြီ၊ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာကိုးကွယ်လာတာ ဘယ်အခါမှငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။

ဤကဲ့သို့စာကြည့်ရာမှနေ၍ ငါ့ဘက်သို့လှည့်၍ကြည့်သည် ဟူ၍လည်းမရှိ၊ သည်ကနေ့မှပဲငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကိုခေါ်တော် မူတယ်။ ဟောလိုက်တဲ့တရားကလည်း မိနု၊သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။ တော်ပြီ၊သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟုထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင်

အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ညိုးငယ်ခြင်းမရှိဘဲ လိုက်ပါသွားလေတော့သည်။ ဗုဒ္ဓတရားတော်ကို အတိုချုပ်သဘောပေါက်စေသော သာဓကများအနက် မယ်နုသည် ပဉ္စဝဂ္ဂီတို့မှ အငယ်ဆုံးရှင်အဿဇိ၏ “ယေဓမ္မာ”ဂါထာကိုသတိရမိသည်။

ဘုရားရှင်၏တရားဦးနာပြီး ရှင်အဿဇိရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာမှ သူ့အားမေးသည်မှာ

“ငါ့ရှင်၊သင်၏မျက်စိတို့သည် ကြည်လင်ကုန်၏။ အရေအဆင်းလည်း သန့်ရှင်းစင်ကြယ်ကုန်၏။ သင်သည်အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း။ အဘယ်သူကသင်၏ဆရာနည်း၊ အဘယ်သူ၏ တရားကိုနှစ်သက်သနည်း” ရှင်အဿဇိတက “ငါ့ရှင်၊ငါသည် အငယ်သည်သာတည်း။

အဘိဓမ္မာ ကိုအကျယ်အားဖြင့် သင့်အားဟောကြားအံ့သောငှာမတတ်နိုင်။ အကျဉ်းအားဖြင့်သော်ကား အနက်ကို ငါဆိုအံ့” ဟုဆိုကာယေဓမ္မာဂါထာကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား“အကြင်တရားတို့သည် အကြောင်းလျှင်အမှန်ရှိကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားဟော၏။ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းရာလည်းရှိ၏။ ထိုချုပ်ခြင်းကိုလည်း မြတ်စွာဘုရားဟော၏။ ငါ၏ဆရာရဟန်းကြီးသည် ဤသို့အယူဝါဒရှိ၏”

မယ်နုသည်ထိုဂါထာတော်ကိုချင့်ချိန်ပြီး သာယာဝတီမင်းအသက်ကိုရန်ရှာခဲ့၍ သူနှင့်ယှဉ်ပြိုင်ရာသူ အနိူင်ရသည်။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းက လမ်းဟောင်းကိုသာပြန်ရောက်စေသည်။

ဤအကြောင်းတို့ချုပ်ငြိမ်းခြင်းကား ရန်ညိုးရန်စတို့ကိုသင်ပုန်းချေ၍ သူ့အပေါ်တင်ခဲ့သော အကြွေးမြန်မြန်ဆပ်ကာ ကြွေးမြီကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေးတစ်ခု ထူထောင်နိုင်ရန်ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။

သတ္တဝါတိုင်းသူ့ထိုက်သူ့ကံဖြစ်သည်ဆိုလျှင် တစ်နည်းအားဖြင့် ငါ့ထိုက်ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်တရားကား သူမအတွက်တော့ အဖိုးတန်ဆုံးသေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်နုဝမ်းသာသွား ရှာသည်။

ထိုနေ့နေ့လည်ပိုင်းတွင် မယ်နုသည် ဘကြီးတော်အား နောက်ဆုံးသွားရောက်ကန်တော့ နှုတ်ဆက်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ၊ အသက်၊ရာထူး၊စည်းစိမ်၊ နိုင်ငံတော်အရာအားလုံး သူပိုင်ဆိုင်နိုင်သမျှကိုပေး၍ ချစ်ခဲ့သောကြင်ယာတော် ဘကြီးတော်၏ ခြေတော်အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက်များစွာ ခြေဖမိုးတော်ပေါ်ကျလျက် လက်အုပ်ချီကန်တော့ရင်း အရောင်မှိန်မှိန်အဆောင်ရောင်မဲ့ သလွန်ထက်တွင်ထိုင်နေသော နန်းကျဘုရင်လင်တော်မောင်အား နန်းမတော်မယ်နု။

“မောင်တော်ဘုရား၊ နှမတော်ဒီကနေ့ ဘဝပြောင်းရတော့မှာဖြစ်လို့ မောင်တော်ဘုရားကိုနောက်ဆုံး နှုတ်ဆက်ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော်မင်းတရားရဲ့ဘုန်းရိပ်ကို ခိုလှုံစံစားခဲ့တဲ့ နှစ်ကာလများအတွင်း နှမတော်ဘက်ကပြုမိမှားခဲ့တဲ့ အပြစ်ရှိခဲ့ပါရင် ခွင့်လွှတ်သနားတော်မူပါဘုရား”

ဘကြီးတော်သည်သလွန်ပေါ်မှ နန်းမတော်မယ်နု၏ ဆံကေသာကို လက်ဖြင့်အသာအယာထိထားသည်။

အရှုံးများစွာရှုံးပြီးနောက် အချစ်ဆုံးသူကိုသေကွဲ ခွဲ ဆုံးရှုံးရမည့်အချိန်တို့ ဆိုက်ရောက်လာပြီဖြစ် သဖြင့် စိတ်သောကမီးတို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ ပတ်ဝန်းကျင်တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေဝါးသွားစေသည့်မျက်ရည်များ မျက်ဝန်းအိမ်၌ ပြည့်နေသည်။

ဘကြီးတော်သည်မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု၏ ဆံကေသာပေါ် မျက်ရည်များ စီးကျလေတော့သည်။ ရင်၌ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ငိုချလိုက်သည်။ “နှမတော်ရယ်၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှမရှိခဲ့ပါဘူးကွယ်” ဘကြီးတော်၏ချစ်ခြင်းမေတ္တာကား လေးစားစရာ ကောင်းလှသလို ထိုအတွက်နောင်တ တစ်စုံတရာ လည်းမရခဲ့ချေ။

“မောင်တော်ဘုရားရယ်၊ နှမတော်ရဲ့နောက်ဆုံး ဝင်သက်၊ ထွက်သက်မရပ်သွားမှီ နှမတော်ရဲဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော်ဘုရားရဲ့ ကျေးဇူးအထွေထွေအတွက် မောင်တော်ဘုရားရဲ့ ခြေတော်အစုံကိုဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော အစုံအား မျက်နှာနဖူးဆံပင်တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲဝင်လာသည်။

သမီးတော်လေး၏စိတ်တွင် မကောင်းမှုတစ်စုံတခု ကို ခံစားမိနေသဖြင့် မယ်တော်၏ရင်ခွင်တွင်း ပြေး ဝင်ဖက်၍ငိုလေသည်။ “မယ်မယ်ဘုရား၊ သမီးတော် ကလေးကိုပစ်ထားပြီး ဘယ်ကိုသွားနေတာလဲ ဘုရား။ သမီးတော်လေးမှာ လွမ်းလို့သေရတော့မယ် ဘုရား”

“မယ်မယ်ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်းမယ်မယ်ဘုရားလေ အရေးကြီးတဲ့ကိစ္စရှိလို့ ဟိုး…အဝေးကြီးကို ခရီးထွက်ဖို့ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့အတူ လိမ်လိမ်မာမာနေခဲ့နော်။ မယ်ဘုရားစကားကို နားထောင်ပါကွယ်” သားအမိနှစ်ဦးပါးချင်းအပ်ကာ ငိုရင်း

“ဟင့်အင်း၊ဒီတစ်ခါတော့ သမီးတော်လေးကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရားနဲ့လိုက်မှာပဲ” ခမည်းတော်၊မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြြုံပိုကွဲပြီး နောက်တစ်ကြိမ်ပြန်ဆုံခွင့်ဟူသော မျှော်လင့်ချက် ကလေးပင်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့သွားသောကြေကွဲဖွယ်ရာ ချော့သူမရှိငိုပွဲကြီးဖြစ်သည်။

မင်းမှုထမ်း၊ရံရွေတော်တို့ ထိုမြင်ကွင်းကိုမကြည့်ရက်သဖြင့် တံခါးအကွယ်တွင်ကြိတ်ငိုကြသည်။ တာဝန်အရအမရပူရမြို့ဝန်ပင် မျက်ရည်ကျမည်စိုးသဖြင့် အဝေးသို့ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကိုတီးတိုးပြောသည်။ ထိုမင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍ “မိဘုရားကြီး၊ ထွက်ခွာဖို့အချိန်ကျပါပြီလို့ မြို့ဝန်မင်းကပြောပါတယ်၊ နေရာကထပါတော့”

နောက်ထပ်မင်းမှုထမ်းတို့သည် မယ်နုဆီဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။ “မသွားရဘူးမယ်မယ်ဘုရား ဘယ်ကိုမှမသွားရဘူး သွားရင် သမီးတော်လေးလည်းလိုက်မှာပဲ” ဟုတစာစာအော်ဟစ်နေရာ မယ်နု၏နားများအတွင်းပဲ့တင်ထပ်ကာ တဖြည်းဖြည်းဝေးသွားလေတော့သည်။ ကြေးတိုက်မှလာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။

နေလုံးကြီးသည်ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ် နိမ့်ဆင်း သွားသည်။ မယ်နုကိုတင်လာသော လှည်းပတောင်းမြည်သံကိုကြားသော် အနီးရှိဘုန်းကြီးကျောင်းခွေးများအူကြသည်မှာ ကံကြမ္မာဆိုးအတွက် မြည်သံများဖြစ်နေသည်။ တောင်သမန်အင်းရေပြင်အနီးသို့ရောက်သော် အာဏာပကွက်သားတို့သည် နန်းမတော်မယ်နုအား ခဲထည့်ထားသောရွှေနားကွတ် ကတ္တီပါအိတ်နီတွင်ထည့်၍ ပိတ်ပြီးရေပြင်သို့ပြစ်ချလိုက်သည်။

မြှပ်မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန်အင်းရေပြင်ပေါ်တွင် ရေပွက်ကလေး တစ်ပွက်နှစ်ပွက်ထလာပြီး ရေပြင်မှာပြကတိပြန်ငြိမ််သွားပြီး လေပြေညင်းကလေး ရေပြင်ထက်မှ ဖြတ်သန်းတိုက်ခတ်သွားသည်။ နန်းမတော်မယ်နု၏ နောက်ဆုံးထွက်သက် ရေပွက်ကလေးမဟုတ်ပါလော။

ကုန်းဘောင်ခေတ်၏မွန်းတည့်ချိန် ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်းထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝသည်မည်သည့်အရာမျှ ကြာရှည်မတည်မြဲဘဲ တစ်ခဏအချိန်တွင်းသာ ရှိသည်ကို နန်းမတော်မယ်နုကသူမ၏ နောက်ဆုံး ထွက်သက်ရေပွက်ကလေးအချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာပေးသွားခဲ့သည် မဟုတ်ပါလော။

Credit to original Uploader

Categories
အထွေထွေဗဟုသုတ

ရှေးလူကြီးများက ခွေးလိုမနေနှင့် သိုးတွေလိုနေဟု ဆုံးမရခြင်း၏ အကြောင်းအရင်း

Zawgyi

ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေနဟု ဆုံးမၾကျခင္း အေၾကာင္းအရင္း

” ေခြးက်င့္ေခြးႀကံ ”

တစ္ေန႔တြင္ ေတာကစားထြက္လာေသာ ဘုရင္က ႐ြာအနီး ျမက္ခင္းတြင္ သိုးအုပ္ႀကီးကို ေတြ႕လိုက္ရသျဖင့္ သူႏွင့္အတူ ျမင္းစီးကာ ေဘးခ်င္း ယွဥ္လိုက္လာေသာ ပညာရွိ အမတ္ႀကီးကို ေမးလိုက္ေလသည္။ အမတ္ႀကီး ဘယ္မွာ ၾကည့္လိုက္ ၾကည့္လိုက္ သိုးေတြက အုပ္စုလိုက္ ေတြ႕ရတယ္ေနာ္ ” ” ေခြးေတြကိုေတာ့ ဘာျဖစ္လို႔ အဲဒီလို အုပ္စုလိုက္ မေတြ႕ရတာလဲ။ မွန္လွပါ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကို မနက္ျဖန္မွ ေျဖပါရေစဘုရား ”

ေကာင္းၿပီေလ …

ထိုေန႔ နန္းေတာ္ကို ျပန္ေရာက္လာသည့္ ညေနတြင္ အမတ္ႀကီးက အခန္းႏွစ္ခန္းကို ျပင္ဆင္ေစသည္။

အခန္းတစ္ခန္းထဲတြင္ အသားပုံႀကီးတစ္ပုံကို ခ်ထားၿပီး ေခြး အေကာင္ ၂၀ ကို ထည့္ကာ ေသာ့ပိတ္ထား လိုက္သည္။ အျခား အခန္းထဲတြင္ ျမက္ထုံးမ်ားကို ခ်ကာ သိုးအေကာင္ ၂၀ ကို အခန္းအတြင္း ေမာင္းသြင္းၿပီး တံခါး ပိတ္ထားလိုက္ေလသည္။ ေနာက္တစ္ေန႔ နံနက္တြင္ အမတ္ႀကီးက သူစီမံထားသည့္ အေၾကာင္းအရာကို မင္းႀကီးအား ေလွ်ာက္တင္ကာ အခန္းမ်ားဆီသို႔ ေခၚလာေလသည္။

ပထမ ေခြးေတြ ထည့္ထားသည့္ အခန္းကို ဖြင့္လိုက္သည္။ဘုရင္ႀကီးက အံ့အားသင့္သြားသည္။ ေခြးေတြ အားလုံး အသက္ေပ်ာက္ေနသည္။ အခန္းအလယ္တြင္ ခ်ထားသည့္ အသားပုံႀကီးကား ေနရာမပ်က္ ရွိေနသည္။ ေခြးတစ္ေကာင္မွ် အသားပုံကို စားသြားသည့္ပုံ မေပၚေပ။

ေနာက္တစ္ခန္းကို ဘုရင္အားေခၚၿပီး ဖြင့္ၾကည့္ၾကသည္။ သိုးေတြအားလုံး လွဲေလ်ာင္းကာ အိပ္စက္ေနၾကသည္။ အခန္းအလယ္တြင္ ခ်ေပးထားသည့္ ျမက္ေတြလည္း မရွိေတာ့ေပ။ ထိုအျဖစ္အပ်က္မ်ားကို ဘုရင္ႀကီးအား အမတ္ႀကီးက ျပသၿပီးေနာက္ …

ေခြးေတြဟာ သူတို႔ကို ေကြၽးထားတဲ့ အသားေတြကို တစ္စက္မွ် မစားရဘဲ ေသကုန္ၾကရျခင္းမွာ တစ္ေကာင္ႏွင့္ တစ္ေကာင္ တိုက္ခိုက္ကာ တစ္ကိုယ္ေကာင္း ဆန္ျခင္းေၾကာင့္ပါ ဘုရား။ သိုးေတြကေတာ့ ေအးခ်မ္းစြာ မွ်ေဝစားေသာက္တတ္သည့္ အေလ့အထေၾကာင့္ အသက္ရွင္ကာ ေနထိုင္ႏိုင္ျခင္း ျဖစ္ေၾကာင္းပါဘုရား ဟု ေလွ်ာက္တင္ေလသည္။

ေခြးမ်ားသည္ အုပ္စုလိုက္ဖြဲ႕ကာ ေနထိုင္တတ္ေသာ အေလ့အထ နည္းေလသည္။

အေကာင္နည္းနည္း စုမိလွ်င္ပင္ ျပႆနာရွာကာ မာန္ဖီတတ္သည္။ အစားအစာ ႏွင့္ ကာမ အတြက္ဆိုလွ်င္ ေခြးမ်ားသည္ တစ္ေကာင္ႏွင့္တစ္ေကာင္ မညႇာမတာ ကိုက္ၾက မာန္ဖီတတ္ၾကသည္။ ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေနဟု ဆုံးမၾကျခင္းမွာ တစ္ေကာင္ႏွင့္တစ္ေကာင္ မကိုက္ဘဲ ၿငိမ္းခ်မ္းစြာျဖင့္ အတူတကြ မွ်ေဝတတ္ေသာစိတ္ ရွိသည့္ လူ႔ေဘာင္ အဖြဲ႕အစည္းသည္သာ တိုးတက္စည္ပင္ ဖြံ႕ၿဖိဳးမည္ ျဖစ္ေၾကာင္းကို ျပဆိုျခင္းျဖစ္သည္။

ေခြးေတြလို ငါ့တြက္ ငါ့ဟာ ငါ့ဥစၥာ ဆိုၿပီး ေလာဘတက္ ကိုက္လွ်င္ ေသၾကမည္။ အတၱ ေလာဘ နဲ႔ တစ္ကိုယ္ေကာင္းစိတ္ ေမြးသူမ်ားသည္ ေခြးသ႑န္ ႏွင့္ တူေပသည္။ သိုးေတြလို မွ်ေဝစိတ္ ထားလွ်င္ ရွင္ၾကမည္။ သူ႔ဖက္ ကိုယ့္ဖက္ သူ႔အတြက္ ကိုယ့္အတြက္ မွ်တစြာ ေနထိုင္သူသည္ သိုးသ႑န္ႏွင့္ တူေပသည္။

𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫

Unicode

ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်း အကြောင်းအရင်း

” ခွေးကျင့်ခွေးကြံ ”

တစ်နေ့တွင် တောကစားထွက်လာသော ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရသဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်း ယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်။ အမတ်ကြီး ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော် ” ” ခွေးတွေကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ။ မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား ”

ကောင်းပြီလေ …

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်။

အခန်းတစ်ခန်းထဲတွင် အသားပုံကြီးတစ်ပုံကို ချထားပြီး ခွေး အကောင် ၂၀ ကို ထည့်ကာ သော့ပိတ်ထား လိုက်သည်။ အခြား အခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါး ပိတ်ထားလိုက်လေသည်။ နောက်တစ်နေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည်။

ပထမ ခွေးတွေ ထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည်။ဘုရင်ကြီးက အံ့အားသင့်သွားသည်။ ခွေးတွေ အားလုံး အသက်ပျောက်နေသည်။ အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည်။ ခွေးတစ်ကောင်မျှ အသားပုံကို စားသွားသည့်ပုံ မပေါ်ပေ။

နောက်တစ်ခန်းကို ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်။ သိုးတွေအားလုံး လှဲလျောင်းကာ အိပ်စက်နေကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။ ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် …

ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစ်စက်မျှ မစားရဘဲ သေကုန်ကြရခြင်းမှာ တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ကာ တစ်ကိုယ်ကောင်း ဆန်ခြင်းကြောင့်ပါ ဘုရား။ သိုးတွေကတော့ အေးချမ်းစွာ မျှဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား ဟု လျှောက်တင်လေသည်။

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည်။

အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည်။ အစားအစာ နှင့် ကာမ အတွက်ဆိုလျှင် ခွေးများသည် တစ်ကောင်နှင့်တစ်ကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်။ ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တစ်ကောင်နှင့်တစ်ကောင် မကိုက်ဘဲ ငြိမ်းချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သောစိတ် ရှိသည့် လူ့ဘောင် အဖွဲ့အစည်းသည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည် ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။

ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်။ အတ္တ လောဘ နဲ့ တစ်ကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည်။ သိုးတွေလို မျှဝေစိတ် ထားလျှင် ရှင်ကြမည်။ သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ့်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်။

𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫

Categories
အထွေထွေဗဟုသုတ

“ထမင်းပူကိုမစားပါနဲ့” “ကြွေသီးကိုသာစားပါ” “ရောက်ရာဒေသခြေရာချခဲ့ပါ” စကားပုံ၏အဓိပ္ပါယ်

Zawgyi

“ထမင္းပူကို မစားပါနဲ႔” “ေႂကြသီးကိုသာ စားပါ”

“ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ” စကားပုံ၏ အဓိပၸါယ္

(၁) ထမင္းပူကို မစားနဲ႔။

(၂) ေႂကြသီးကိုသာ စားပါ။

(၃) ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ။

စကား (၃) ခြန္းရဲ႕ အဓိပၸါယ္

(၁) ဘ၀တစ္ေလွ်ာက္လုံးမွာ ထမင္းပူကို မစားပါနဲ႔။ ထမင္းေအးကိုပဲ စားပါ။ ထမင္းပူဆိုတာ သူတစ္ပါး မ်က္ရည္ေပါက္ႀကီးငယ္က်မွ စားရတဲ့ ထမင္းကို ေခၚတာပါ။ ဘယ္ေတာ့မွ မစားမိပါေစနဲ႔။ အခုအခ်ိန္ စားေကာင္းခ်င္ ေကာင္းမယ္၊ သံသရာမွာ အလြန္ ပူေလာင္တတ္တယ္။ ထမင္းေအး ဆိုတာကေတာ့ မင္းကို ခ်စ္လို႔ ခင္လို႔ တန္ဖိုးထားလို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့ ထမင္းပဲ။ ငါးပိရည္နဲ႔ပဲ စားရ စားရ သံသရာမွာ ေအးျမပါတယ္။ စားတတ္ေအာင္ ႀကိဳးစားပါေနာ္။

(၂) အသီးကို စားမယ္ဆိုရင္ ေႂကြသီးကိုပဲ စားပါ။ ဘယ္ေတာ့မွ ခူးမစားပါနဲ႔။ ေႂကြသီးစားပါ ဆိုတာ မင္းကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့ အသီးကို စားပါလို႔ ဆိုလိုတာပါ။ ဒါေပမယ့္ ေႂကြသီးတိုင္းလည္း မစားရဘူး ။ ေႂကြသီးေပမယ့္ မစင္ပုံေပၚက်ရင္ မင္းမစားေတာ့ဘူး မဟုတ္လား။ ဒီလိုပဲ ေႂကြသီးေတာ့ ေႂကြသီး။

မင္းကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ လာေပးတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာ ေမွ်ာ္လင့္ခ်က္ေတြ ရလိုမႈေတြ ပါေနရင္ မစားရဘူး။ မစားေကာင္းပါဘူး။ ခူးမစားပါနဲ႔ဆိုတာ မင္က ကူညီိစရာရွိရင္ ကူညီ၊ လုပ္စရာရွိရင္ လုပ္ေပးလိုက္ပါ။ အဲဒါကို ကူညီခ၊ လုပ္ေပးခ ေတာင္းေနရင္ ခူးစားတာပဲ။ သူတစ္ပါးကို ကူညီပါ။ သူတို႔ဆီက ေက်းဇူးတင္စကားတစ္ခြန္းေတာင္ မေမွ်ာ္လင့္ပါနဲ႔။ ေမွ်ာ္လင့္ၿပီး ကူညီတာ ခူးစားတာပဲ။ မင္း ဘယ္ေတာ့မွ ခူးမစားပါေလနဲ႔။

(၃) တတိယ စကားကေတာ့ – ခ်ိဳးငွက္ေလးေတြ ခါငွက္ေလးေတြဟာ ေျမမွာနားၿပီး ျပန္သြားရင္ ေျခရာထားခဲ့တယ္။ ဒီလိုပါပဲ၊ မင္းလည္း ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္ မင္း ျပန္ရင္ မင္း ေျခရာက်န္ခဲ့ပါေစ။ ဒီလိုပါပဲ လူ႔ေလာကႀကီးကို တို႔တေတြ လာခဲ့ၾက၊ တို႔ျပန္ရင္ တို႔ေျခရာေတြ က်န္မွ ျဖစ္မယ္။ သေဘာက်၍ ျပန္လည္ မွ်ေဝပါသည္။

Credit – (ဘဝဂုဏ္ရည္) အရွင္ကုသလ USA

Unicode

“ထမင်းပူကို မစားပါနဲ့” “ကြွေသီးကိုသာ စားပါ”

“ရောက်ရာဒေသ ခြေရာချခဲ့ပါ” စကားပုံ၏ အဓိပ္ပါယ်

(၁) ထမင်းပူကို မစားနဲ့။

(၂) ကြွေသီးကိုသာ စားပါ။

(၃) ရောက်ရာဒေသ ခြေရာချခဲ့ပါ။

စကား (၃) ခွန်းရဲ့ အဓိပ္ပါယ်

(၁) ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ။ ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ ထမင်းကို ခေါ်တာပါ။ ဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန် စားကောင်းချင် ကောင်းမယ်၊ သံသရာမှာ အလွန် ပူလောင်တတ်တယ်။ ထမင်းအေး ဆိုတာကတော့ မင်းကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ။ ငါးပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။

(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ။ ဘယ်တော့မှ ခူးမစားပါနဲ့။ ကြွေသီးစားပါ ဆိုတာ မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့ အသီးကို စားပါလို့ ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး ။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် မင်းမစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။

မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှုတွေ ပါနေရင် မစားရဘူး။ မစားကောင်းပါဘူး။ ခူးမစားပါနဲ့ဆိုတာ မင်က ကူညီိစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။ သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ။ မင်း ဘယ်တော့မှ ခူးမစားပါလေနဲ့။

(၃) တတိယ စကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ်။ ဒီလိုပါပဲ၊ မင်းလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် မင်း ပြန်ရင် မင်း ခြေရာကျန်ခဲ့ပါစေ။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေ လာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ်။ သဘောကျ၍ ပြန်လည် မျှဝေပါသည်။

Credit – (ဘဝဂုဏ်ရည်) အရှင်ကုသလ USA

Categories
ထူးဆန်းထွေလာ

ရင်သပ်ရှုမောဖွယ်ရာကောင်းသော ကမ္ဘာတစ်ဝန်းက ထင်ရှား‌ကျော်ကြား တောင်ပေါ်လမ်းများ

Zawgyi

ရင္သပ္ရႈေမာဖြယ္ရာေကာင္းေသာ ကမာၻတစ္ဝန္းက ထင္ရွား‌ေက်ာ္ၾကား ေတာင္ေပၚလမ္းမ်ား

ကမာၻတစ္ဝန္းမွာရွိတဲ့ ေတာင္ေပၚကားလမ္းေတြအေၾကာင္းကို စုစည္းတင္ျပေပးလိုက္ ပါတယ္။အခ်ိဳ႕ အခ်က္အလက္ေတြကေတာ့ လက္ရွိအေနအထားနဲ႔ ကိုက္ညီခ်င္မွကိုက္ညီမွာပါ။ ဒါေပမဲ့ ဒီေတာင္ေပၚကားလမ္းေတြဟာ စီးနင္းလိုက္ပါသူေတြအတြက္ အသည္းယား စဖြယ္ျဖစ္သလို စိတ္ဝင္စားစရာစရာေတြနဲ႔ျပည့္ေနတာကို ေတြ႕ရွိရပါတယ္။

၁။ ကိုလ္ ဒီ တူရီနီ (Col de Turini) (ျပင္သစ္)

ျပင္သစ္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဒီလမ္းမဟာ ပင္လယ္ေရမ်က္ႏွာျပင္ထက္ ၁ မိုင္ေက်ာ္အထက္မွာရွိတဲ့ လမ္းမတစ္ခု ျဖစ္ပါတယ္။ အဲဒီလမ္းဟာ Lantosque ၿမိဳ႕မွတစ္ဆင့္ Bollene-Vesubie ၿမိဳ႕တို႔ကို ဆက္သြယ္ေပးထားတဲ့ လမ္းေၾကာင္းလည္း ျဖစ္ပါတယ္။ပုံမွာျမင္ေတြ႕ရတဲ့အတိုင္း လမ္းေၾကာင္းရဲ႕ အကြာအေဝးဟာ ၁၉ မိုင္ခန႔္ကြာေဝးၿပီး ေတာင္စဥ္ေတာင္တန္းေတြေအာက္မွာ ေဖာက္လုပ္ထားတဲ့ လမ္းမႀကီးဆိုတာကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ဒီလမ္းမႀကီးကို ျပင္သစ္အစိုးရက ၁၉၄၈ ခုႏွစ္ကတည္းက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ၿပီး ယေန႔ အခ်ိန္အထိ အမ်ားျပည္သူသုံးစြဲသြားလာႏိုင္ေအာင္ မြမ္းမံျပင္ဆင္မႈေတြနဲ႔ ေဆာင္႐ြက္ေပးခဲ့တဲ့ လမ္းမႀကီးလည္းျဖစ္ပါတယ္။

၂။ အီတလီႏိုင္ငံက စတယ္လ္ဗီယို (Stelvio Pass) ေတာင္ေပၚျဖတ္လမ္း

အီတလီႏိုင္ငံေျမာက္ပိုင္း StifserJoch ေတာင္တန္းမွာ တည္ေဆာက္ထားတဲ့ အေဝးေျပးလမ္းတစ္ခုလည္း ျဖစ္ပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၉ဝ၄၅ ေပရွိတဲ့ ေတာင္တန္းေပၚမွာ တည္ေဆာက္ထားတဲ့ လမ္းႀကီးဟာ ဆြစ္ဇာလန္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္လ်က္ရွိတဲ့ ေတာင္ေပၚလမ္းမႀကီးလည္း ျဖစ္ပါတယ္။ဒီလမ္းမႀကီးကို အီတလီအစိုးရက ၁၉၅၃ ခုႏွစ္ကတည္းက အေကာင္အထည္ေဖာ္တည္ေဆာက္လာခဲ့ျခင္းလည္း ျဖစ္ပါတယ္။လက္ရွိ အခ်ိန္မွာေတာ့ ပုံမွာျမင္ေတြ႕ ရ တဲ့အတိုင္း ႏွစ္ႏိုင္ငံနယ္စပ္ ျဖတ္သန္းသြားလာသူေတြအတြက္သာမက ေဒသတြင္းအျပန္အလွန္ ကူးလူးဆက္ဆံမႈေတြအတြက္ပါ အဓိကအေရးပါတဲ့လမ္းေၾကာင္း တစ္ခုလည္း ျဖစ္ေနတာကို ျမင္ေတြ႕ရပါတယ္။

၃။ အိႏၵိယႏိုင္ငံက လဲဟ္ မနာလီ (Leh-Manali ) အေဝးေျပးလမ္းမ

အိႏၵိယႏိုင္ငံ Himachal Pradesh ျပည္နယ္မွာ တည္ရွိတဲ့ အေဝးေျပးလမ္းတစ္ခုလည္း ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ Ladakh ျပည္နယ္နဲ႔ Manali ျပည္နယ္ကို ဆက္သြယ္ေပးထားတဲ့ ၎လမ္းဟာ အကြာအေဝးအားျဖင့္ ၄၉၀ ကီလိုမီတာ (၃၀၀ မိုင္) ရွည္လ်ားပါတယ္။ ဒီလမ္းမႀကီးဟာ ရာသီဥတုအေျခအေနအရ ႏွစ္စဥ္ ေမလကေန ဇြန္လအတြင္း လမ္းေၾကာင္းပိတ္သိမ္းထားရၿပီး က်န္လမ်ားမွာေတာ့ ခရီးသြားေတြအတြက္ ဖြင့္လွစ္ေပးထားတဲ့ လမ္းမႀကီးတစ္ခုလည္း ျဖစ္ပါတယ္။ ဒီလမ္းမႀကီးနဲ႔ ပတ္သက္ၿပီး နယ္စပ္လမ္းေၾကာင္းေတြကို ထိန္းသိမ္းေရးအဖြဲ႕အစည္း (BRO) က အၿမဲတမ္း ေစာင့္ၾကည့္စစ္ေဆးေပးေနပါတယ္။ အထူးသျဖင့္ ပင္လယ္ေရမ်က္ႏွာျပင္းအထက္ ၁၇၄၈၀ ေပ (၅၃၂၈ မီတာ) အေပၚတြင္ တည္ရွိတဲ့ ဒီလမ္းမႀကီးကို အိႏၵိယအစိုးရအဖြဲ႕က အၿမဲတမ္းေစာင့္ၾကည့္ ၾကပ္မတ္ေပးေနပါတယ္။

၄။ ဘိုလီးဗီးယားႏိုင္ငံက ေသမင္းတမန္လမ္းမ

ယြန္းဂါ့စ္ (Yungas) လမ္းမႀကီးလို႔ အမည္တြင္ၿပီး ဘိုလီးဗီးယားႏိုင္ငံမွာေတာ့ အထင္ကရလမ္းမႀကီး တစ္ခုအျဖစ္ မည္တြင္လ်က္ရွိေနပါတယ္။ ဒီလမ္းေၾကာင္းကို ႏိုင္ငံတကာက စိတ္ဝင္စားသူေတြကလည္း လာေရာက္ေလ့လာ ေနၾကပါတယ္။ အေထာက္အထားေတြအရ လမ္းမေပၚမွာ ႏွစ္စဥ္လူဦးေရ ၂ဝဝ က ေန ၃ဝဝ ခန႔္အထိ ထိခိုက္ပ်က္စီးခဲ့ရတဲ့ အေထာက္အထားေတြလည္း ရွိေနပါတယ္။ ဒီလိုရွိေပမဲ့လည္း ထူးဆန္းျဖစ္ရပ္ေတြကို ေလ့လာသူမ်ားမ်ားအတြက္ လာေရာက္မွတ္တမ္းတင္မႈ မ်ားကလည္း ရွိေနပါတယ္။ ပုံမွာျမင္ေတြ႕ရသည့္အတိုင္း Yungas လမ္းမဟာ ေတာင္စြန္းေတာင္ၾကားေတြမွာ ကတ္ကတ္သတ္သတ္ တည္ေဆာက္ေပးထားတဲ့ လမ္းမႀကီးဆိုတာကိုလည္း ျမင္ေတြ႕ရမွာပါ။ ဒါေပမဲ့ ဒီလမ္းမႀကီးဟာ လူမႈစီးပြား ကူးလူးဆက္ဆံေရးအတြက္ မျဖစ္မေနအသုံးျပဳရတဲ့ အတြက္ေၾကာင့္ ေဒသခံျပည္သူေတြဟာ အသုံးျပဳေနရဆဲျဖစ္ေၾကာင္းကို တင္ျပလိုက္ရပါတယ္

၅။ ႐ုရွားႏိုင္ငံက လီနာ (Lena) လမ္းမ

႐ုရွားႏိုင္ငံက Lena လမ္းမႀကီးဟာ အကြာအေဝးအားျဖင့္ မိုင္ ၆ဝဝ ခန႔္ ရွည္လ်ားပါတယ္။ ဒီလမ္းမႀကီးက ေတာင္ေပၚေတာင္ၾကားတြင္မက ႏွင္းျပင္ကိုပါ ျဖတ္သန္းသြားလာရတဲ့ လမ္းမႀကီးတစ္ခုလည္း ျဖစ္ပါတယ္။ ေဆာင္းႏွင္း ကာလမွာေတာ့ ဒီလမ္းမႀကီးဟာ ဆီးႏွင္းမ်ားပိတ္ဆို႔ၿပီး လမ္းေပ်ာက္တဲ့အထိ ျဖစ္တတ္တာကို ေတြ႕ရွိရပါတယ္။ နမူနာအားျဖင့္ အဲဒီေဒသမွာ ဇန္နဝါရီလဆိုရင္ အပူခ်ိန္ဟာ အႏုတ္ ၄၅ ဒီဂရီ ဖာရင္ဟိုက္ေအာက္အထိ က်ဆင္းတတ္တာေၾကာင့္ လမ္းေၾကာင္းရွာေဖြရတဲ့ျပႆနာေတြ လည္းရွိေနတဲ့ လမ္းမႀကီးလည္းျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ႐ုရွားအစိုးရက ဒီလမ္းမႀကီးနဲ႔ ပါတ္သက္လို႔ လိုအပ္တဲ့ကိစၥရပ္ေတြေဆာင္႐ြက္ရာမွာ ျပည္နယ္အစိုးရနဲ႔ ညႇိႏႈိင္းၿပီးေဆာင္႐ြက္ သြားလာရတယ္လို႔လည္း သိရွိရပါတယ္။

Credit_Author:ရဲမာန္ခ

Unicode

ရင်သပ်ရှုမောဖွယ်ရာကောင်းသော ကမ္ဘာတစ်ဝန်းက ထင်ရှား‌ကျော်ကြား တောင်ပေါ်လမ်းများ

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တောင်ပေါ်ကားလမ်းတွေအကြောင်းကို စုစည်းတင်ပြပေးလိုက် ပါတယ်။အချို့ အချက်အလက်တွေကတော့ လက်ရှိအနေအထားနဲ့ ကိုက်ညီချင်မှကိုက်ညီမှာပါ။ ဒါပေမဲ့ ဒီတောင်ပေါ်ကားလမ်းတွေဟာ စီးနင်းလိုက်ပါသူတွေအတွက် အသည်းယား စဖွယ်ဖြစ်သလို စိတ်ဝင်စားစရာစရာတွေနဲ့ပြည့်နေတာကို တွေ့ရှိရပါတယ်။

၁။ ကိုလ် ဒီ တူရီနီ (Col de Turini) (ပြင်သစ်)

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒီလမ်းမဟာ ပင်လယ်ရေမျက်နှာပြင်ထက် ၁ မိုင်ကျော်အထက်မှာရှိတဲ့ လမ်းမတစ်ခု ဖြစ်ပါတယ်။ အဲဒီလမ်းဟာ Lantosque မြို့မှတစ်ဆင့် Bollene-Vesubie မြို့တို့ကို ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း လမ်းကြောင်းရဲ့ အကွာအဝေးဟာ ၁၉ မိုင်ခန့်ကွာဝေးပြီး တောင်စဉ်တောင်တန်းတွေအောက်မှာ ဖောက်လုပ်ထားတဲ့ လမ်းမကြီးဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလမ်းမကြီးကို ပြင်သစ်အစိုးရက ၁၉၄၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယနေ့ အချိန်အထိ အများပြည်သူသုံးစွဲသွားလာနိုင်အောင် မွမ်းမံပြင်ဆင်မှုတွေနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ လမ်းမကြီးလည်းဖြစ်ပါတယ်။

၂။ အီတလီနိုင်ငံက စတယ်လ်ဗီယို (Stelvio Pass) တောင်ပေါ်ဖြတ်လမ်း

အီတလီနိုင်ငံမြောက်ပိုင်း StifserJoch တောင်တန်းမှာ တည်ဆောက်ထားတဲ့ အဝေးပြေးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉ဝ၄၅ ပေရှိတဲ့ တောင်တန်းပေါ်မှာ တည်ဆောက်ထားတဲ့ လမ်းကြီးဟာ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိတဲ့ တောင်ပေါ်လမ်းမကြီးလည်း ဖြစ်ပါတယ်။ ဒီလမ်းမကြီးကို အီတလီအစိုးရက ၁၉၅၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်တည်ဆောက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။လက်ရှိ အချိန်မှာတော့ ပုံမှာမြင်တွေ့ ရ တဲ့အတိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူတွေအတွက်သာမက ဒေသတွင်းအပြန်အလှန် ကူးလူးဆက်ဆံမှုတွေအတွက်ပါ အဓိကအရေးပါတဲ့လမ်းကြောင်း တစ်ခုလည်း ဖြစ်နေတာကို မြင်တွေ့ရပါတယ်။

၃။ အိန္ဒိယနိုင်ငံက လဲဟ် မနာလီ (Leh-Manali ) အဝေးပြေးလမ်းမ

အိန္ဒိယနိုင်ငံ Himachal Pradesh ပြည်နယ်မှာ တည်ရှိတဲ့ အဝေးပြေးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ Ladakh ပြည်နယ်နဲ့ Manali ပြည်နယ်ကို ဆက်သွယ်ပေးထားတဲ့ ၎င်းလမ်းဟာ အကွာအဝေးအားဖြင့် ၄၉၀ ကီလိုမီတာ (၃၀၀ မိုင်) ရှည်လျားပါတယ်။ ဒီလမ်းမကြီးဟာ ရာသီဥတုအခြေအနေအရ နှစ်စဉ် မေလကနေ ဇွန်လအတွင်း လမ်းကြောင်းပိတ်သိမ်းထားရပြီး ကျန်လများမှာတော့ ခရီးသွားတွေအတွက် ဖွင့်လှစ်ပေးထားတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလမ်းမကြီးနဲ့ ပတ်သက်ပြီး နယ်စပ်လမ်းကြောင်းတွေကို ထိန်းသိမ်းရေးအဖွဲ့အစည်း (BRO) က အမြဲတမ်း စောင့်ကြည့်စစ်ဆေးပေးနေပါတယ်။ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင်းအထက် ၁၇၄၈၀ ပေ (၅၃၂၈ မီတာ) အပေါ်တွင် တည်ရှိတဲ့ ဒီလမ်းမကြီးကို အိန္ဒိယအစိုးရအဖွဲ့က အမြဲတမ်းစောင့်ကြည့် ကြပ်မတ်ပေးနေပါတယ်။

၄။ ဘိုလီးဗီးယားနိုင်ငံက သေမင်းတမန်လမ်းမ

ယွန်းဂါ့စ် (Yungas) လမ်းမကြီးလို့ အမည်တွင်ပြီး ဘိုလီးဗီးယားနိုင်ငံမှာတော့ အထင်ကရလမ်းမကြီး တစ်ခုအဖြစ် မည်တွင်လျက်ရှိနေပါတယ်။ ဒီလမ်းကြောင်းကို နိုင်ငံတကာက စိတ်ဝင်စားသူတွေကလည်း လာရောက်လေ့လာ နေကြပါတယ်။ အထောက်အထားတွေအရ လမ်းမပေါ်မှာ နှစ်စဉ်လူဦးရေ ၂ဝဝ က နေ ၃ဝဝ ခန့်အထိ ထိခိုက်ပျက်စီးခဲ့ရတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ ဒီလိုရှိပေမဲ့လည်း ထူးဆန်းဖြစ်ရပ်တွေကို လေ့လာသူများများအတွက် လာရောက်မှတ်တမ်းတင်မှု များကလည်း ရှိနေပါတယ်။

ပုံမှာမြင်တွေ့ရသည့်အတိုင်း Yungas လမ်းမဟာ တောင်စွန်းတောင်ကြားတွေမှာ ကတ်ကတ်သတ်သတ် တည်ဆောက်ပေးထားတဲ့ လမ်းမကြီးဆိုတာကိုလည်း မြင်တွေ့ရမှာပါ။ ဒါပေမဲ့ ဒီလမ်းမကြီးဟာ လူမှုစီးပွား ကူးလူးဆက်ဆံရေးအတွက် မဖြစ်မနေအသုံးပြုရတဲ့ အတွက်ကြောင့် ဒေသခံပြည်သူတွေဟာ အသုံးပြုနေရဆဲဖြစ်ကြောင်းကို တင်ပြလိုက်ရပါတယ်

၅။ ရုရှားနိုင်ငံက လီနာ (Lena) လမ်းမ

ရုရှားနိုင်ငံက Lena လမ်းမကြီးဟာ အကွာအဝေးအားဖြင့် မိုင် ၆ဝဝ ခန့် ရှည်လျားပါတယ်။ ဒီလမ်းမကြီးက တောင်ပေါ်တောင်ကြားတွင်မက နှင်းပြင်ကိုပါ ဖြတ်သန်းသွားလာရတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းနှင်း ကာလမှာတော့ ဒီလမ်းမကြီးဟာ ဆီးနှင်းများပိတ်ဆို့ပြီး လမ်းပျောက်တဲ့အထိ ဖြစ်တတ်တာကို တွေ့ရှိရပါတယ်။ နမူနာအားဖြင့် အဲဒီဒေသမှာ ဇန်နဝါရီလဆိုရင် အပူချိန်ဟာ အနုတ် ၄၅ ဒီဂရီ ဖာရင်ဟိုက်အောက်အထိ ကျဆင်းတတ်တာကြောင့် လမ်းကြောင်းရှာဖွေရတဲ့ပြဿနာတွေ လည်းရှိနေတဲ့ လမ်းမကြီးလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရုရှားအစိုးရက ဒီလမ်းမကြီးနဲ့ ပါတ်သက်လို့ လိုအပ်တဲ့ကိစ္စရပ်တွေဆောင်ရွက်ရာမှာ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးဆောင်ရွက် သွားလာရတယ်လို့လည်း သိရှိရပါတယ်။

Credit_Author:ရဲမာန်ခ

Categories
ထူးဆန်းထွေလာ

ပလတ်စတစ်ကို စားသောက်ပြီး ရှင်သန်နိုင်တဲ့ ပိုးတုံးလုံးကို သိပ္ပံပညာရှင်တွေ တွေ့ရှိ

Zawgyi

ပလတ္စတစ္ကို စားေသာက္ၿပီး ရွင္သန္ႏိုင္တဲ့ ပိုးတုံးလုံးကို သိပၸံပညာရွင္ေတြ ေတြ႕ရွိ

ပလတ္စတစ္ကို စားေသာက္ၿပီး ရွင္သန္တဲ့ ပိုးတုံးလုံးတစ္မ်ိဳးကို ေတြ႕ရွိမႈဟာ ပလတ္စတစ္ ျပန္လည္အသုံးခ်ေရး ႀကိဳးပမ္းမႈကို တစ္ေခတ္ဆန္းေစလိမ့္မယ္လို႔ သုေတသီေတြက ဆိုပါတယ္။ superworm လို႔ လူသိမ်ားတဲ့ Zophobas morio ပိုးတုံးလုံးဟာ ပိုလီစတိုင္ရင္း(polystyrene)ကို စားသုံးၿပီး ရွင္သန္ႏိုင္ေၾကာင္း ၾသစေၾတးလ် သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့တာပါ။ သူတို႔ရဲ႕ အူထဲမွာရွိတဲ့ အင္ဇိုင္းေၾကာင့္ ပလတ္စတစ္ေတြကို ေခ်ဖ်က္ႏိုင္တာျဖစ္မယ္လို႔ သုေတသီေတြက ယုံၾကည္ထားပါတယ္။

” Superworm ေတြက ပလတ္စတစ္ ျပန္လည္အသုံးခ်ေရး စက္႐ုံငယ္ေတြလိုပါပဲ။ polystyrene ေတြကို ပါးစပ္ကေန ဝါးမ်ိဳၿပီး အူထဲမွာရွိတဲ့ ဘက္တီးရီးယားေတြကို ေကြၽးၾကတာပါ” လို႔ ေဒါက္တာ ခရစၥရင္ကီက ေျပာပါတယ္။ ကြင္းစ္လန္းတကၠသိုလ္က သုေတသီအဖြဲ႕ဟာ သီတင္းပတ္ ၃ ၾကာကာလအတြင္း superworm ၃ စုကို မတူညီတဲ့ အစာေတြ ေကြၽးခဲ့တာပါ။ အဲဒီအထဲမွာ polystyrene ကို စားသုံးတဲ့ superworm ေတြက ပိုႀကီးထြားလာတာကို ေတြ႕ရွိခဲ့ပါတယ္။

superworm ရဲ႕ အူထဲမွာရွိတဲ့ အင္ဇိုင္းေတြဟာ polystyrene နဲ႔ styren ေတြကို ေခ်ဖ်က္ႏိုင္စြမ္းရွိတာ ေတြ႕ရပါတယ္။ polystyrene နဲ႔ styren ဟာ ပါဆယ္ထုတ္တဲ့ ေဖာ့ဘူးေတြ၊ အပူခံေဖာ့ျပားေတြနဲ႔ ကားပစၥည္းအစိတ္အပိုင္းေတြမွာ ျမင္ရေလ့ရွိတဲ့ အရာေတြ ျဖစ္ပါတယ္။ အခုေတြ႕ရွိမႈေၾကာင့္ ပလတ္စတစ္ပစၥည္း ျပန္အသုံးခ် စက္႐ုံ(recycling plant)အျဖစ္ အသုံးျပဳဖို႔ ပိုးတုံးလုံးေမြးျမဴေရးၿခံေတြ တည္ေဆာက္ဖို႔ေတာ့ မရွိပါဘူး။

ပလတ္စတစ္ေတြကို ေခ်ဖ်က္ရာမွာ ဘယ္အင္ဇိုင္းက အထိေရာက္ဆုံးလဲဆိုတာကို ခြဲျခားေဖာ္ထုတ္ၿပီး recycle လုပ္ရာမွာ အသုံးျပဳဖို႔ အဲဒီအင္ဇိုင္းကို အႀကီးအက်ယ္ ထုတ္လုပ္ဖို႔ စဥ္းစားေနၾကပါတယ္။ စြန႔္ပစ္ပလတ္စတစ္ပစၥည္းေတြကို စက္ေတြနဲ႔ ႀကိတ္ခြဲၿပီး အဲဒီအင္ဇိုင္းနဲ႔ ေခ်ဖ်က္ဖို႔ ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာလည္း တျခားသုေတသနအဖြဲ႕ေတြက ဘက္တီးရီးယားနဲ႔ မႈိေတြ အသုံးျပဳဖို႔ ပလတ္စတစ္ေတြကို ေအာင္ျမင္စြာ ေခ်ဖ်က္ႏိုင္ခဲ့ဖူးပါတယ္။ ဒါပေမဲ့ အဲဒီနည္းပညာေတြက စီးပြားျဖစ္အသုံးျပဳႏိုင္ေလာက္တဲ့ အဆင့္အထိ ေရာက္ရွိလာပါ့မလားဆိုတဲ့ ေမးခြန္းေတြေတာ့ ရွိေနပါတယ္။

မူရင္းေရးသားသူအား Credit ေပးပါသည္။

Unicode

ပလတ်စတစ်ကို စားသောက်ပြီး ရှင်သန်နိုင်တဲ့ ပိုးတုံးလုံးကို သိပ္ပံပညာရှင်တွေ တွေ့ရှိ

ပလတ်စတစ်ကို စားသောက်ပြီး ရှင်သန်တဲ့ ပိုးတုံးလုံးတစ်မျိုးကို တွေ့ရှိမှုဟာ ပလတ်စတစ် ပြန်လည်အသုံးချရေး ကြိုးပမ်းမှုကို တစ်ခေတ်ဆန်းစေလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။ superworm လို့ လူသိများတဲ့ Zophobas morio ပိုးတုံးလုံးဟာ ပိုလီစတိုင်ရင်း(polystyrene)ကို စားသုံးပြီး ရှင်သန်နိုင်ကြောင်း သြစတြေးလျ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။ သူတို့ရဲ့ အူထဲမှာရှိတဲ့ အင်ဇိုင်းကြောင့် ပလတ်စတစ်တွေကို ချေဖျက်နိုင်တာဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

” Superworm တွေက ပလတ်စတစ် ပြန်လည်အသုံးချရေး စက်ရုံငယ်တွေလိုပါပဲ။ polystyrene တွေကို ပါးစပ်ကနေ ဝါးမျိုပြီး အူထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ကျွေးကြတာပါ” လို့ ဒေါက်တာ ခရစ္စရင်ကီက ပြောပါတယ်။ ကွင်းစ်လန်းတက္ကသိုလ်က သုတေသီအဖွဲ့ဟာ သီတင်းပတ် ၃ ကြာကာလအတွင်း superworm ၃ စုကို မတူညီတဲ့ အစာတွေ ကျွေးခဲ့တာပါ။ အဲဒီအထဲမှာ polystyrene ကို စားသုံးတဲ့ superworm တွေက ပိုကြီးထွားလာတာကို တွေ့ရှိခဲ့ပါတယ်။

superworm ရဲ့ အူထဲမှာရှိတဲ့ အင်ဇိုင်းတွေဟာ polystyrene နဲ့ styren တွေကို ချေဖျက်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ polystyrene နဲ့ styren ဟာ ပါဆယ်ထုတ်တဲ့ ဖော့ဘူးတွေ၊ အပူခံဖော့ပြားတွေနဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေမှာ မြင်ရလေ့ရှိတဲ့ အရာတွေ ဖြစ်ပါတယ်။ အခုတွေ့ရှိမှုကြောင့် ပလတ်စတစ်ပစ္စည်း ပြန်အသုံးချ စက်ရုံ(recycling plant)အဖြစ် အသုံးပြုဖို့ ပိုးတုံးလုံးမွေးမြူရေးခြံတွေ တည်ဆောက်ဖို့တော့ မရှိပါဘူး။

ပလတ်စတစ်တွေကို ချေဖျက်ရာမှာ ဘယ်အင်ဇိုင်းက အထိရောက်ဆုံးလဲဆိုတာကို ခွဲခြားဖော်ထုတ်ပြီး recycle လုပ်ရာမှာ အသုံးပြုဖို့ အဲဒီအင်ဇိုင်းကို အကြီးအကျယ် ထုတ်လုပ်ဖို့ စဉ်းစားနေကြပါတယ်။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို စက်တွေနဲ့ ကြိတ်ခွဲပြီး အဲဒီအင်ဇိုင်းနဲ့ ချေဖျက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားသုတေသနအဖွဲ့တွေက ဘက်တီးရီးယားနဲ့ မှိုတွေ အသုံးပြုဖို့ ပလတ်စတစ်တွေကို အောင်မြင်စွာ ချေဖျက်နိုင်ခဲ့ဖူးပါတယ်။ ဒါပမေဲ့ အဲဒီနည်းပညာတွေက စီးပွားဖြစ်အသုံးပြုနိုင်လောက်တဲ့ အဆင့်အထိ ရောက်ရှိလာပါ့မလားဆိုတဲ့ မေးခွန်းတွေတော့ ရှိနေပါတယ်။

မူရင်းရေးသားသူအား Credit ပေးပါသည်။

Categories
ထူးဆန်းထွေလာ

မြန်မာ့ဝိဇ္ဇာဓရလောက၌ လွန်စွာနာမည်ကြီးလှသော အံ့ဖွယ်အဆောင်ပိတုန်းအကြောင်း

Zawgyi

ျမန္မာ့ဝိဇၨာဓရေလာက၌ လြန္စြာနာမည္ႀကီးလွေသာ အံ့ဖြယ္အေဆာင္ပိတုန္းအေၾကာင္း

ပိေတာက္သားျဖင့္ လုပ္ထားေသာ လွည္းပေဒါင္းသားကို ဖင္ေဖာက္ၿပီး ျပဒါးထည့္ ပဒိုင္းသားနဲ႔ ပိတ္ကာ ေလာကီအစီအရင္ ပညာမ်ားအတိုင္း အသက္သြင္း သိဒၶိတင္ အေစာင့္သြင္းကာ စီရင္ၾကကုန္၏။ စီရင္နည္းမွာ ပိေတာက္ ပေဒါင္း ျပဒါး ပဒိုင္း ကက္ကင္းဓာတ္မ်ား ဆင့္ကာ မႏၲန္စုတ္တာမ်ားအထိ တူညီၾကေသာ္လည္း စုတ္ရမည့္ မႏၲန္ မ်ား စီရင္သည့္ အယူအဆ မ်ားမွာ ဆရာတဦးနဲ႔ တဦး ေတ့လြဲေလးေတြ လြဲကာ မူေတြ ကြဲသြားၾက၏။

က်မ္းဂန္လာ အာစရိယဝါဒမ်ား အတိုင္း တိတိက်က် စီရင္ရပါမူ တႏွစ္မွတခါ တလမွာ ၾကာသာပေတးႏွင့္ စေနရက္ ၂ ရက္၌သာ စီရင္ရတာမို႔ မလြယ္ေရးခ် မလြယ္ပါ။ မည္သို႔ပင္ဆိုေစ မည္သို႔ပင္ မူေတြ ကြဲပါေစ။ အဓိက မိမိစီရင္သည့္ ပိတုန္းသည္ အမွန္တကယ္ အသက္ဝင္ဖို႔က အဓိကက်၏ မဟုတ္ေလာ။ အသက္ရွိေသာ ပိတုန္း သိဒၶိေျမာက္ေသာ ပိတုန္း မွသာအတိုက္အခိုက္ ကိစၥေတြမွာ စိတ္ခ်ရမည္ မဟုတ္ပါေလာ။

စီရင္သည့္ ပိတုန္းေကာင္သည္ တကယ္အသက္ဝင္က စုန္း ဖုတ္ တေစၦ မိစာၦမ်ားတင္မက ဂုံးေခ်ာဂုံးတိုက္မလိုတမာ မိမိအား ရန္ျပဳ တိုက္ခိုက္ၾကေသာသူမ်ား ကိုပင္လွ်င္ အလိုလိုတန္ျပန္ေသာ သတၱိထူး ရွိေပရာ။ အတိဒုကၡ ေရာက္ေနေသာ (၇) ရက္ သားသမီးမ်ားအတြက္ အမွန္ပင္အဖိုးအနဂၣ ထိုက္တန္ေသာ အေဆာင္ပညာတခု ျဖစ္၏။ အသက္ဝင္ေအာင္ သြင္းတတ္ဖို႔က ဤပညာ၏ ဝွက္ဖဲ တခ်ပ္ ျဖစ္၏။

ကြၽႏ္ုပ္သည္ ၾဆာသခင္၏ ခိုင္းေစခ်က္အရ ငါ့သားေရ ဝိဇၨာယာနပညာမွာ နာမည္ႀကီးလွတဲ့ ေ႐ႊတိဂုံအေရွ႕ဘက္မုဒ္ရွိ ဝိဇၨာယာန အစီအရင္ပိတုန္း ပဒိုင္းဘုရားရွိ ပိဒိုင္းအဖိုအမ ၂ေကာင္၏ ေမတၱာကို ရေအာင္ အရယူထားကြယ့္ ဟူေသာ မိန႔္မွာခ်က္အတိုင္း လြန္ခဲ့ေသာ တစ္ႏွစ္ခန႔္ကေမတၱာသုတ္ျဖင့္ အထူးရက္ရွည္အဓိဌာန္ ဝင္ခဲ့ ရဖူး၏။

ထိုအက်ိဳးဆက္ေၾကာင့္ကြၽႏ္ုပ္ေဆးကုရာ၌ ပိတုန္းအေဆာင္မ်ားစီရင္ရာ၌ လည္ေကာင္း။ အေရးႀကဳံက အကူညီလိုက အဖပိတုန္းနဲ႔ အေမပိတုန္းမယ္ေတာ္ႀကီးေရ ဟူ၍ တ လိုက္႐ုံ မွ် ျဖင့္ ထူးကဲစြာျဖင့္ လာေရာက္ ကူညီၾကေသာ အျဖစ္ပ်က္မ်ားစြာမွာ ေျပာမယုံ ႀကဳံ ဖူးမွ သိ ဟူေသာ စကားကဲ့ သို႔ အႀကိမ္ႀကိမ္အခါခါ မေရမတြက္ႏိုင္ခဲ့ ရေပ။

တေၾကာင္းတဂါတာ တ႐ြာ တပုဒ္ဆန္း သူ႔မူ သူ႔နည္းစနစ္ အားေလ်ာ္စြာ ဂမၻီရ လမ္းေၾကာင္းေပၚရွိ ၾဆာအမ်ိဳးမ်ိဳး စီရင္ေနၾကေသာ္လည္း အခ်ိဳ႕က ပိတုန္းေဆာင္လွ်င္ = လာဘ္ပိတ္တတ္၏။ အခ်ိဳက ေငြမၿမဲ ။ အခ်ိဳ႕က တိုက္ပိတုန္းမို႔ ေအာက္လမ္းဆန္၏။ (သူ႔မူ ႏွင့္သူ ) အမ်ိဳးမ်ိဳး ေျပာၾကေသာ္လည္း ကြၽႏ္ုပ္၏မူ မွာမူ မိမိဘက္ကသာ မွန္ကန္ေလေလ ျပင္းထန္စြာ အစြမ္းျပေလေလျဖစ္၏။ အထက္လမ္းအေဆာင္ ျဖစ္သည့္အားေလွ်ာ္စြာ မိမိဘက္ကသာမွန္ပေစ မိစာၦပညာမ်ား၌ တင္မက ဂုံးခ်ာ ဂုံးတိုက္ မလိုတမာ အတိုက္အခံ ျပဳေနသူမ်ားအားပင္လွ်င္ ဂြၽန္းျပန္ေအာင္ တုန္႔ျပန္ တတ္ေပရာ စိန္ေခၚလွ်င္ တိမ္အေပၚထိ လိုက္မည့္ ပိတုန္း ဟူ၍ ျမန္မာ့ဝိဇၨာဓရ ေလာက၌ ေခတ္အဆက္ဆက္ ေက်ာ္ၾကား ခဲ့ ေပ၏။

ထက္ျမက္စြာ အစီအရင္ ျပဳထားေသာ ပိတုန္း ပဒိုင္းတေကာင္ကို အေပါက္ေဖာက္ ႀကိဳးတပ္ကာ လည္ပင္းဆြဲ နယ္လွည့္ လက္ေဝွ႔ထိုးစားကာ အထိအခိုက္ နည္း၍ နာမည္ေက်ာ္ၾကားလွေသာ လက္ေဝွ႔သမားမ်ားအေၾကာင္း လည္း ျမန္မာ့ရာဇဝင္၌ အထင္အရွား ရွိခဲ့ဖူး၏။ မည္သို႔ပင္ျဖစ္ေစ ပေယာဂ အတိုက္အခိုက္မ်ား တင္မက လွည့္ၾကည့္စရာ မလို ဒဏ္ျပန္အားေကာင္းလွၿပီး လူမိစာၦမ်ား၏ ရန္ျပဳ ျခင္းမ်ားကိုပင္ သီးမခံ ျပင္းျပင္းထန္ထန္လက္တုန႔္ျပန္တတ္ေသာ ကိုယ္လုံ ကိုယ္ခံ ပိတုန္းတိုက္ခိုက္ေရး ပိတုန္းသူခိုး ရန္သူလုံ အိမ္ေစာင့္ပိတုန္း လူမိစာၦ မလိုတမာ မေကာင္းႀကံသူမ်ားအထိ ဆတ္ဆတ္ထိမခံ လက္တုန႔္ျပန္ တတ္ေသာ ျမန္မာ့ဝိဇၨာဓရပညာေလာက၌ လူႀကိဳက္မ်ားလွေသာ ပိတုန္း အစီအရင္ ပိတုန္းေကာင္ေလးမ်ားသည္ မည္သည့္အခါ မွ် တိမ္ေကာလိမ့္မည္ မဟုတ္ေၾကာင္း ပိတုန္း အေၾကာင္း တေမးတည္း ေမးေနၾကေသာ က်ေနာ့္ ပရိတ္သတ္မ်ားအတြက္ ဤေဆာင္းပါးျဖင့္ အေျဖေပး ေရးသားရင္း – ၾဆာစိုင္း

ပန္းေတာင္း ၿမိဳ႕မွရွိတဲ့ ဝန္အျပည့္နဲ႔ ႐ုန္းေနခ်ိန္ က်ိဳးတဲ့ လွည္းပေဒါင္း အက်ိဳးႏွင့္ ပိတုန္း႐ုပ္ ထုၿပီး ဖင္တြင္ အေပါက္ေဖါက္ၿပီး ျပဒါးထည့္ ပဒိုင္းသားႏွင့္ ပိတ္ ၿပီး ပဒံဘုရားတြင္ ပိတ္ျဖဴ ခင္းရမည္။ ပိတ္ျဖဴအေပၚမွာ စံပါယ္ပန္းေလးေတြ တင္ၿပီး ပဌာန္း ၁၀၈ ေခါက္ ေမတၱာသုတ္ ၁၀၈ ေခါက္ ၿပီးလွ်င္ အာဆိပ္ထည့္ ဂါထာ ၁၀၈ ႐ြတ္ၿပီး ပိတုန္းကို အသက္သြင္းၾကပါတယ္။ ေ႐ႊေဆးေလး ခ်ထားၿပီး ပိတ္ျဖဴႏွင့္ ထုတ္ထားရပါတယ္။ ခရီးသြားခ်ိန္ အိမ္ထုပ္တန္းမွာ ပိတ္ျဖဴထဲ စံပါယ္ပန္းထည့္ၿပီး ခ်ည္ထားခဲ့လွ်င္ စိတ္ခ်ရပါတယ္။ သူခိုးမ်ား လာခိုးလွ်င္ အိမ္ေပ်ာက္ေနပါတယ္။

( မွတ္ခ်က္ ) ပဒံဘုရားသည္ လႈိင္သာယာ ပဒံဘက္တြက္ရွိပါသည္။

”ပိတုန္း႐ုပ္အေဆာင္ႏွင့္ ပိတုန္း ပုတီး အစီအရင္”

ပိတုန္း႐ုပ္ ေလာကီအစီရင္သည္ ေရွးျမန္မာလူမ်ိဳးတို႔၏ ကိုယ္ပိုင္ေလာကီပညာစစ္ ျဖစ္သည္။ မတလုံးေၾက ဆရာေတာ္ ခင္ႀကီးေဖ်ာ္မွ စတင္ဘစီမံခဲ့သည္ဟူ၍ ၎ထိုထက္ ေရွးက်ေသာ ပုဂံေခတ္ သံသပိတ္ႀကီး လက္ထက္မွစတင္၍ စီရင္ခဲ့သည္ ဟူ၍လည္းေကာင္းတိတိက်က် မသိရေသာ္လည္း ျမန္မာ့ေလာကီပညာ စစ္စစ္ဟူသည္ကားေသခ်ာလွပါသည္။

ပိတုန္း႐ုပ္အေဆာင္ အစီရင္ကို ေခတ္အဆက္ဆက္ အသုံးျပဳခဲ့ၾကသည္။ အထက္ပညာသည္မ်ားက အထက္အစီရင္ျဖင့္၎ ခုလတ္ပညာသည္မ်ားက ခုလတ္ပညာျဖင့္လည္းေကာင္း ေအာက္ပညာရွင္မ်ားက ေအာက္အစီရင္ျဖင့္ လည္းေကာင္း ရွမ္းေလာကီပညာ ကရင္ ေလာကီပညာ တို႔တြင္လည္း ပိတုန္း အေဆာင္အစီရင္သည္ မပါမၿပီးေသာ အစီရင္တစ္ခု ျဖစ္လာခဲ့သည္ကို ေထာက္၍ ပိတုန္းအစီရင္သည္ အက်ိဳးေပး ထင္ရွားေၾကာင္း သိျမင္ႏိုင္ပါသည္။

စီရင္မူအေပၚ မူတည္၍ တိုက္ပိတုန္း ပီယပိတုန္း စသည္ျဖင့္ စီရင္ပုံ ကြဲလာသလို ပိတုန္းအေရာင္မွာလဲ ေ႐ႊပိတုန္း ေငြပိတုန္း မူလပိတုန္းေရာင္ စသည္ျဖင့္လဲ အသုံးျပဳလာၾကသည္ကို ေတြ႕ရသည္။ ေလာကီပညာသည္သဘာဝမွ လာေသာ ပညာသာျဖစ္၍ သဘာဝႏွင့္ လိုက္ေလ်ာညီေထြဖို႔ အေရးႀကီးပါသည္။

တခ်ိဳ႕ကလဲ ဓမၼာ အတြင္းရန္ မိေန၍ အတိုက္မ်ားေၾကာင္း ရန္ဓာတ္မ်ားေၾကာင္း အစြမ္းႀကီး၍ သတိထားစီရင္ရမည္ျဖစ္ေၾကာင္း စသည္ျဖင့္ေထာက္ျပ ေျပာဆိုၾကပါသည္။ ပိတုန္းအစီရင္သည္ အစြမ္းႀကီးသေလာက္ ရန္ဓာတ္မိေနသည္မွာလဲ အမွန္ျဖစ္ပါသည္။ ထိုအတြက္လဲ ရန္ဓာတ္ကိုေျဖရန္ ေျဖနည္း သိဖို႔ လိုပါသည္။

ေျဖ နည္းသိပါက မည္သည့္ေန႔သားမဆို ေဆာင္ႏိုင္ပါသည္။ အထူးသျဖင့္ ေသာၾကာသားမ်ား အထူး ေဆာင္သင့္ပါသည္။ ပိတုန္း အစီအရင္ႏွင့္ တြဲ၍လည္း ပိေတာက္သားပုတီးတြင္ ပိတုန္း႐ုပ္ စီရင္၍လည္း အသုံးျပဳၾကပါသည္။ ပိတုန္း႐ုပ္၏ အစြမ္းကို ယူ၍ ပုတီးစီရင္ပါကလဲ ပိတုန္း႐ုပ္သည္ ပိတုန္းႏွင့္ တူရပါမည္။ ပိတုန္းသည္ ပိတုန္း႐ုပ္ႏွင့္ မတူပါက အစြမ္းထက္ျမတ္မည္ မဟုတ္ပါ။

အဘယ္ေၾကာင့္ဆိုေသာ္ ပိေတာက္ ပိတုန္း ပုတီးဟု ေခၚ ေသာ္လည္း ပုတီးကို ပိေတာက္သားျဖင့္ စီရင္ၿပီး ပိတုန္း ႐ုပ္တြင္သာ လွည္းပေဒါင္း ပိေတာက္သား ကို လိုေသာ နကၡတ္မိခ်ိန္တြင္ ပီပီသသထု ျပဒါးသြင္း ပဒိုင္းေစ့ႏွင့္ပိတ္၍ ပိတုန္း႐ုပ္ကို ေသခ်ာ စီရင္ထားျခင္းျဖစ္၍ ပိတုန္း႐ုပ္ ပီျပင္ဖို႔လိုပါသည္။

”ပိတုန္း႐ုပ္ အေၾကာင္း သိေကာင္းစရာ”

လွည္းပေတာင္း ျဖစ္ရပါမည္ ။ပိေတာက္သား ျဖစ္ရပါမည္ ။ ပန္းေတာင္းၿမိဳ႕က လွည္းပေတာင္း းပိေတာက္သားကို ပိတုန္း႐ုပ္ထု ထုပါမည္ ။ ပိတုန္း ႐ုပ္သည္ အေတာင္ပံ ျဖန႔္ေနေသာပုံ ျဖစ္ရမည္ ျဖစ္ၿပီး ပါးစပ္ ႏႈတ္သီး ဟထားရပါမည္။ ရန္သူ အား တုပ္ေတာ့ ကိုက္ေတာ့မည့္ဟန္ ထုရပါမည္။ ပိတုန္း႐ုပ္ သည္ မာန္ပါပါ ႏွင့္ ေဒါသဟန္ ျဖင့္ရန္သူမ်ား ကို တိုက္ခိုက္ေတာ့မည့္ပုံ ထုရမည္။ သို႔မွသာ … အစြမ္းထက္ ေသာ သိဒၶိတန္ခိုး ႏွင့္ျပည့္စုံေသာ သိဒၶိဝင္ ပိတုန္း တစ္ေကာင္ကို ေဆာင္႐ြက္ စီရင္ႏိုင္ေပမည္။ ဤသို႔ သိဒၶိဝင္ ပိတုန္း မ်ိဴး ရရွိလာမွသာ လိုရာ ကို လိုအပ္သလို ခိုင္းေစႏိုင္ပါမည္။

ပိတုန္း႐ုပ္ ၏ အာနိသင္ စြမ္းအား ကို

၁။ လွည္းပေတာင္း … မွန္ကန္ ခဲ့ပါလွ်င္ သိဒၶိ စြမ္းအား ၂၅%

၂။ ပိေတာက္သား … မွန္ကန္ ခဲ့ပါလွ်င္ သိဒၶိ စြမ္းအား ၂၅%

၃။ ပိတုန္း႐ုပ္ …….. မွန္ကန္ ခဲ့ပါလွ်င္ သိဒၶိ စြမ္းအား ၂၅%

၄။ ျပဒါးထည့္ … မွန္ကန္ ခဲ့ပါလွ်င္ သိဒၶိ စြမ္းအား ၂၅%

စုစုေပါင္း ပိတုန္း႐ုပ္ တစ္ေကာင္ ၏ အာနိသင္ သိဒၶိ စြမ္းအား သည္ ၁၀၀% ရွိရပါမည္ ။ ေဖာ္ျပပါ အခ်က္ တစ္ခ်က္ ေလ်ာ့ ပါက ထင္သေလာက္ မစြမ္း ႏိုင္ပါ ။ မိမိ ေဆာင္ထား ေသာ ပိတုန္း႐ုပ္ သည္ မည္သည့္သိဒၶိ မွမရွိ .. ထုလုပ္ ေဆာင္႐ြက္ပုံ မွာ … လွည္းပေတာင္း ပိေတာက္ သား ကို ပိတုန္း ႐ုပ္ထု ပိတုန္းဖင္ ကို အေပါက္ေဖာက္ အေပါက္ ထဲ ျပဒါး ထည့္ ပါ။ ပဒိုင္းအျမစ္ႏွင့္ အေပါက္ ကို ျပန္ပိတ္ပါ ။

ၿပီး လွ်င္ ေဆးကတၱရာ အနက္ သုတ္ပါ ။( ေ႐ႊမခ်ရပါ ) ထုလုပ္ရမည့္ ေန႔ မွာ … တနဂၤေႏြ .. အဂၤါ .. စေန .. ထို သုံးေန႔ တြင္ ေဆာင္႐ြက္ စီမံရပါ မည္ ။ နကၡတ္ အခ်ိန္ အခါ မမွန္ပါက ထင္သေလာက္ မစြမ္း ႏိုင္ပါ ။ ပိတုန္း ႐ုပ္ ထု႔ လုပ္ ရာ အခ်ိန္ သည္ ႏွစ္ဘက္ကဏ္း ခါးပါဒ္ နကၡတ္ ဝရစုပ္ အခ်ိန္အခါ ျဖစ္ရန္ အလြန္ အေရး ႀကီးသည္။ ဤသို႔ … ပိတုန္း ႐ုပ္ မ်ား ထုလုပ္ ၿပီး ေနာက္ရဟႏၲာ သမုပ္ ခဲ့ေသာ သိမ္ တစ္ခုတြင္ သိမ္ ထဲရွိ ဘုရား ေရွ႕ တြင္

ဆြမ္း (၅) ပြဲ လက္ဖတ္ (၅) ယို (၅) မ်ိဴး

ဘူးသီးေၾကာ္ ဘယာေၾကာ္ ပဲေၾကာ္ ၾကက္သြန္ေၾကာ္ အာလူးေၾကာ္ အေၾကာ္ (၅) မ်ိဴး (၃) ခုစီ ထည့္ ပါ။

စံပါယ္ပန္း (၈) ပြင့္ ႏွင္းဆီပန္း (၈) ပြင့္ ႏွင္းပန္း (၈) ခက္ ထီးျဖဴ (၃) လက္ တံခြန္ (၃)လက္ ဖေယာင္းတိုင္ (၈) တိုင္ ထြန္းဘုရား ကို ကပ္လႈ ပူေဇာ္ ၍ လိုအပ္ေသာဆုေတာင္း ရပါမည္။ ၿပီးလွ်င္ ေအာက္ပါ ဂါထာ မ်ား ႏွင့္ သိဒၶိ တင္အသက္သြင္း ရပါမည္။

၁။ ဥဳမ္ ဣတိပိအရဟံ အဝိညာဏကၾသသထံသဝိညာဏကံ သမံ အံ့ အံ့(၁၈) ေခါက္ ႐ြတ္၍ အသက္သြင္းရမည္။

၂။ ဥဳမ္ ဗုဒၶံ သိဒၶိ ဓမၼံသိဒၶိ သံဃံသိဒၶိ မာတာပိတုသိဒၶိ အာစရိယာသိဒၶိ ျဗဟၼသိဒၶိ ေဒဝသိဒၶိ ဝိဇၨာဓရသိဒၶိ ယကၡသိဒၶိ သိဒၶိ အေပါင္း ေထာင္ေသာင္း တည္ပါေစသတည္း ထက္ပါေစသည္း ေအာင္ပါေစသတည္း။(၁၈) ေခါက္ ႐ြတ္ဖတ္ ၍ သိဒၶိ တင္ပါ

၃။ ဗုဒၶဂုဏံ ဗုဒၶစကၠံ ဓမၼဂုဏံ ဓမၼစကၠံ သံဃဂုဏံ သံဃစကၠံ မာတာပီတုဂုဏံ မာတာပိတစကၠံ အာစရိယဂုဏံ အာစရိယစကၠံ သဗၺဂုဏံ ႏုဘာေဝန သဗၺစကၠံ ႏုဘာေဝနတိုက္ ၾဆာ တိုက္ ခိုက္ ၾဆာ ခိုက္ ႏွိမ္ ၾဆာႏွိမ္ ခ်ဴပ္ ၾဆာ ခ်ဴပ္ ေစ ။ ဤ ပိတုန္းေစ ပိတုန္းႏႈန္း ဂါထာ ႏွင့္ (၉) ေခါက္႐ြတ္ ဖတ္ ၍ ပိတုန္း ႐ုပ္ ကို ႏႈိးထား ပါ ။

အေရးအေၾကာင္း ရွိလွ်င္ ဤ ပိတုန္းေစ ပိတုန္းအႏိုးဂါထာ ကို အနည္းဆုံး (၇) ေခါက္ အမ်ားဆုံး (၉) ေခါက္ .. ႐ြတ္ဖတ္ပါ။ မိမိ အား သူမ်ား မေကာင္းႀကံစည္ ၍ မရေပ။ ရန္သူ ကို ပိတုန္း ႐ုပ္ က သိျမင္နိင္ေပသည္။လိုအပ္သလို ခိုင္းေစ ၍ ရသည္။ အတိုက္ခိုက္ မွန္သမွ် ကာကြယ္သည္။ မိမိ ႏွင့္ တသားထဲ ထားပါ။ အေရးေၾကာင္းတစုံတခုရွိလွ်င္ ပိတုန္း႐ုပ္ကမိမိအားအိမ္မက္ေပးသည္။ အိမ္မက္ထဲတြင္ ပိတုန္း႐ုပ္ ကို ျမင္ေတြ႕ရ၏။ ပိတုန္း႐ုပ္ အား လက္ကိုင္ပုဝါ ေထာင့္စြန္း တြင္ထုံးခ်ည္ ၍ ေဆာင္ထား ရသည္။ မည္သူ မွ်မေတြ႕ေစရ။

အိမ္ တြင္ အေစာင့္ ထား မည္ဆိုပါကပိေတာက္သား အပိုင္း တစ္ခုကို အေပါက္ေဖာက္အေပါက္ထဲ ပိတုန္း ထည့္ ၿပီးလွ်င္ ပိေတာက္သား ႏွင့္ ျပန္ပိတ္ မိမိ ၏ အိမ္ ၿခံ ေျမ တြင္ ျမဳပ္ထားရပါ မည္ ။ တိုက္ခန္း ျဖစ္ပါက ထိုပိေတာက္သား အား ေထာင့္တေနရာတြင္ မျမင္ေအာင္ ထားရမည္။ေထာင့္ ေလး ေထာင့္ ေလးေကာင္ ျမဳပ္ရမည္။ တစ္ေကာင္ ထား တိုင္း ပိတုန္းေစ ပိတုန္းႏႈိး ဂါထာ(၉) ေခါက္ ႐ြတ္ရပါမည္။

ဤသို႔ လွ်င္ ပိတုန္း႐ုပ္ အာနိသင္ ႀကီးမား၏ ။ရန္သူမ်ိဴး ၅ ပါး ကာကြယ္ ၏ ။သူခိုး ဓားျပ ေဘး အႏုၾကမ္းစီး ေဘး ကာကြယ္၏ ။ လျပည့္လကြယ္ (၁၂) နာရီ တြင္ ပိတုန္းအားစပယ္ (၈) ပြင့္ ႏွင့္ အစာေႂကြး ၿပီး လေရာင္ျပရ၏ ။ အိမ္ ေက်ာင္း ဇရပ္ သိမ္ စသည္မ်ားတြင္၎ ၿခံ ေျမ လယ္ယာ အိမ္ဝင္း ေက်ာင္းဝင္း စသည္မ်ားတြင္လည္း ပိတုန္း႐ုပ္ကို အေစာင့္ အေနျဖင့္ျမဳပ္၍ စီရင္ထားႏိုင္ေပသည္ ။

အေဆာင္စီရင္ပုံ မွာ

ပိေတာက္သား အပိုင္း တစ္ပိုင္း ကို ျဖတ္ပါ ။အေပၚမွေန၍ လြန္ ႏွင့္ေဖာက္ပါ ။ထို အေပါက္ ထဲသို႔ ပိတုန္း႐ုပ္ ျပန္ထည့္ပါ ။ ၿပီး လွ်င္ ပိေတာက္သား ႏွင့္ပင္ က်ပ္ေနေအာင္စို႔ ႐ိုက္ၿပီး ပိတ္ပါ ။ မိမိ ၏ အိမ္ ၿခံဝင္းၿခံေလးေထာင့္ ( သို႔ ) ၿခံ ရွစ္ေထာင့္ တြင္ ပိတုန္း႐ုပ္ ထည့္ထားေသာ ပိေတာက္သား ပိုင္း အား ျမဳပ္ပါ ။ေက်ာက္ေလာင္း ၿပီး ျမဳပ္ထားပါက ပိတုန္း႐ုပ္ထည့္ ထားေသာ ပိေတာက္သား သည္ ေနာင္ႏွစ္ေပါင္းမ်ားစြာေျမႀကီးထဲ မပ်က္စီးပဲႏွင့္ ထာဝရ တည့္တံ့ေစႏိုင္ပါသည္။

ျမဳပ္ပုံ ျမဳပ္နည္း- မွာ

ပထမ ဦးစြာ အိမ္မွာျမဳပ္လွ်င္အိမ္၏ အလယ္ဗဟိုတြင္ ပိတုန္းတစ္ေကာင္ ျမဳပ္ရမည္။ ၿပီး မွ ေထာင့္ေလးေထာင့္ တြင္ ျမဳပ္ရပါမည္ ။ၿခံဝင္း ျဖစ္ပါ လွ်င္လည္း အလယ္ဗဟို ေျမႀကီးတြင္ ပထမဆုံး ပိတုန္း တစ္ေကာင္ စတင္ျမဳပ္ရပါမည္။ တစ္ေကာင္ ျမဳပ္တိုင္း ျမဳပ္ေတာ့မည္ ဆိုပါက ပိတုန္းေစ ဂါထာ ပိတုန္းႏႈိး ဂါထာ ျဖင့္ (၉) ေခါက္ ႐ြတ္ဆိုၿပီး ျမဳပ္ရပါမည္ ။ ထိုနည္းတူ လယ္ေျမ ယာေျမ မ်ားတြင္လည္းထိုနည္း အတိုင္း ပင္ ျဖစ္ေပသည္ ။

ဤကဲ့သို႔ ပိတုန္း႐ုပ္ကို စီရင္ ေဆာင္႐ြက္ထားေသာအိမ္သည္ မေကာင္းေသာ (၃၇) မင္းနတ္မ်ားနတ္မိစာၦ မ်ား မပူးကပ္ဝံ့ အေႏွာက္အယွက္ မျပဳစုန္းကေဝ သရဲတဘက္မ်ား မကပ္ႏိုင္။ ထို႔ျပင္ သူခိုးဓားျပ အႏုၾကမ္းသမား မ်ား အႏၲရာယ္မျပဳ႕ႏိုင္ ခိုးရန္လာပါက မိမိ အိမ္ အား ရွာမေတြ႕ႏိုင္ေပ။ အိမ္ ေက်ာင္း ဇရပ္ သိမ္ စသည္မ်ားတြင္၎ၿခံ ေျမ လယ္ယာ အိမ္ဝင္း ေက်ာင္းဝင္း စသည္မ်ားတြင္လည္း ပိတုန္း႐ုပ္ကို အေစာင့္ အေနျဖင့္ ျမဳပ္၍ စီရင္ထားႏိုင္ေပသည္။

ျဖစ္ရပ္မွန္ တစ္ခုမွာ

ေမာ္လၿမိဳင္ၿမိဳ႕ နယ္အတြင္းမွ မြန္႐ြာတစ္႐ြာတြင္ မိသားစုတစ္စု ရွိေလသည္ ။ဝိုင္းလုပ္ဝိုင္းစား ျဖစ္ေသာေၾကာင့္ ႏွစ္အနဲငယ္ၾကာ အိမ္ႀကီး အိမ္ေကာင္း ႏွင့္ စီးပြားတိုးတက္လာသည္။ မိသားစု႔တြင္ လည္း ေမြးျမဴေရး ႏွင့္ ေအာင္ျမင္လာေပ သည္ ။ ဤ တြင္ တႏွစ္လွ်င္ ၁ ႀကိမ္ ၂ ႀကိမ္ ကြၽဲေပ်ာက္ႏြားေပ်ာက္ မည္သူက ခိုး မွန္း မသိ ျဖစ္ေလ၏ ။ ညေရးညတာလဲ အျပင္ မထြက္ရဲ သိသိႀကီး ႏွင့္ လက္ လႊတ္ ၾကည့္ေနရ၏ ။ တစ ထက္ တစ သူခိုး မ်ား က အတင့္ရဲလာ၏ ။ထို စဥ္ ေဝပုလႅဆရာေတာ္ ႀကီး ထံ ေရာက္ရွိ လာေပသည္ ။

ဆရာေတာ္ … ” ဟဲ့ .. ဒကာမႀကီး ေတြ မလာစဖူး အလာထူး ပါလား ..? ဘာကိစၥရွိပါသလဲ..?ရွိခဲ့ရင္ ေလွ်ာက္တင္စမ္း ဟဲ့ … ” ဒကာမႀကီး …. ” တန္ခိုးႀကီးေသာ ဆရာေတာ္သိဒၶိႀကီးေသာ ဆရာေတာ္ ၿမိဳ႕နယ္အႏွံ႔ေက်ာ္ၾကားေန၍ ဆရာေတာ္ထံအားကိုးတႀကီး ေရာက္ လာၾကတာပါ ဘုရား

တပည့္ေတာ္မ တို႔ဟာ မရွိဆင္းရဲ တဲ့ ဘဝကေနတက္လာတာပါ ဘုရား လူဆိုးသူခိုးေတြကဆိတ္ေတြ႕ရင္ဆိတ္ခိုးႏြားေတြ႕ႏြားခိုးနဲ႔တပည့္ေတာ္တို႔လဲ ညေရး ညတာအျပင္ဘက္ မလိုက္ရဲ ေတာ့ သူတို႔ အႀကိဳက္ ျဖစ္ေနတာ ဘုရား ။ဒါမို႔ အိမ္ အား သူခိုး အခိုး မခံရေလေအာင္ ..အေဆာင္ ျဖစ္ေစ ယၾတာ ျဖစ္ေစ စြန႔္ေတာ္မူပါဘုရား ..” ဟု႔ ေလွ်ာက္ တင္ေလသည္။

ဆရာေတာ္ ….”ေအး ..ေအး ..ဒါဆိုရင္ပိတုန္း႐ုပ္ထုထုဟပိတုန္း႐ုပ္ေတြကို အိမ္ အလည္ဗဟို မွာအိမ္တိုင္ ထဲ တစိေကာင္ထည့္ အိမ္ ေလးတိုင္မွာ လြန္နဲ႔ ေဖာက္ အေပါက္ထဲပိတုန္း႐ုပ္ ျပန္ထည့္ ပိတ္.. ငါ ကိုယ္တိုင္ ဂါထာ စုပ္ ၿပီးအမိန႔္ ျပန္ေပး မယ္ .. နင္တို႔ကသာ ငါ ၫႊန္ျပသလိုပိတုန္း ႐ုပ္ ေတြ ကိုသာ ခပ္မ်ားမ်ား ရေအာင္ သြားထု ၾက ” ထိုသို႔ အမိန႔္ေပး ၿပီး ခ်က္ခ်င္းပင္ ေန႔ေကာင္းရက္ျမတ္ေ႐ြး ၍ ပိတုန္း႐ုပ္ စီစဥ္ရေလ၏ ။

ပိတုန္း ႐ုပ္ မ်ား ထဲ ျပဒါး ထည့္ ပဒိုင္း ျမစ္ႏွင့္ ဆို႔ပိတ္ၿပီး ေဆးကတၱရာ အမဲ သုတ္ေနလွန္းေဆး သုတ္ထား ရာ ေျခာက္သြား မွ ပိတုန္း႐ုပ္အား အသက္သြင္း သိဒၶိတင္ ၍ ပိတုန္းအႏႈိးအေစဂါထာ ထပ္စုပ္ မနိး ၍ လိုရာ ကို အမိန႔္ေပးၿပီးအိမ္တိုင္ ႀကီးထဲတြင္ အေပါက္ေဖာက္ ပိတုန္း႐ုပ္မ်ား ကိုထည့္ ၍ အေသ ပိတ္လိုကိပါေတာ့၏။

ၿခံ ေလးေထာင့္ တြင္ လည္း ပိတုန္း တစ္ေကာင္စီထည့္ ၍ အမိန႔္ ျပန္ခဲ့ေလသည္။ပိတုန္း႐ုပ္ ျမဳပ္ၿပီး .. ေနာင္ လ အနဲငယ္ ၾကာေသာ္ထို မိသားစု႔ သည္ ဝမ္းသာအားရ ျဖင့္ လာေရာက္ကန္ေတာ့ ၾကေလသည္။ ဆရာေတာ္ ….. ” ဟဲ့ … နင္တို႔ေတြ ေနေကာင္းၾကရဲ႕လား ပစၥည္းေတြ အခိုးခံရေသးလား ဟဲ့ ”

ဒကာမမ်ား …. ” … သူခိုးေတြ လာၿပီး ဝန္ခ် ေတာင္း ပန္ သြားပါတယ္ ဘုရား .. ပိတုန္း ျမဳပ္ေပးပီးလ အနဲငယ္ ၾကာ မွာ သူတို႔ လာခိုး တဲ့ အခါ သူတို႔ဟာ အိမ္ ကို လဲ ရွာမေတြ႕ၿခံလဲ ရွာမေတြ႕ပါဘုရား .. ဒီလိုနဲ႔ မိုးလင္းသြားတဲ့အခါျပန္ေျပးရေတာ့တာေပ့ါဘုရား …သူခိုးေတြဟာဘယ္ႏွစ္ႀကိမ္ေလာက္ လာၿပီး ခိုးတာေတာ့ မသိပါဘုရား .. ခိုးဖို႔ လာလိုက္ မေတြ႕လိုက္နဲ႔ ေနာက္ဆုံးမွာ ဝန္ခ် ေတာင္းပန္သြားတာပါ ဘုရား ..”

“.. အေဒၚ တို႔အိမ္ မွ ကြၽဲ ႏြား ပစၥည္း ေတြ ခိုးယူေနတာ က်ေနာ္တို႔ အဖြဲ႕ ပါ .. ဒီအတြက္ …က်ေနာ္တို႔ ဝန္ခ်ေတာင္းပန္ပါတယ္ … ေနာင္ ေနာင္ ကိုလဲအေဒၚ တို႔ အိမ္က ပစၥည္း ေတြ မခိုး ေတာ့ပါ ဘူး။လို႔ သစၥာ လဲ ျပဳ႕ပါတယ္ .. ကတိ လည္း ေပးပါတယ္ … ခိုးယူမိတဲ့ အမွား အတြက္ လည္း ေနာင္တရလို႔ မဆုံး ပါ ဘူး ..ဘာ ေၾကာင့္ ဆို ေတာ့ .. အေဒၚ တို႔ အိမ္ မွာဘာအေဆာင္ ရွိသလဲ ..?ဘာေတြလုပ္ထားလဲေတာ့ က်ေနာ္တို႔ မေျပာတက္ပါ ဘူး ..

အေဒၚ တို႔ အိမ္ က်ေနာ္တို႔ ခိုး ဖို႔ လာတာ၃ ခါ ေလာက္ ရွိပါၿပီ ။ ဒါေပမဲ့ .. ထူးဆန္းတာကေန႔ ခင္း ပိုင္း က အိမိ ကို ဘယ္လို မွတ္ထားပါေစခိုး ဖို႔ လာရင္ လမ္းမွား အိမ္မွား အိမ္ကို ရွာလို႔မေတြ႕ပဲ အိမ္ ရွာရင္း မိုး လင္း သြားတာနဲ႔ျပန္ေျပး ရေတာ့တာပဲ လို႔ . ေျပာသြား ပါတယ္ဘုရား .. ဤ ကား ဆရာေတာ္ ႀကီး အစီအရင္ ျဖစ္ေသာပိတုန္း ႐ုပ္၏ကိုယ္ေတြ႕ အား ဆရာေတာ္ မွေရး သား တင္ျပ ခဲ့ ျခင္း ျဖစ္ေပသည္ ။ ဆရာေတာ္၏ ပိတုန္း႐ုပ္ အစီရင္အား ျမဳပ္ႏွံအေဆာင္ အျဖစ္ေဆာင္ၿပီး ေနာက္ ျဖစ္ရပ္မွန္မ်ားစြာ ဆရာေတာ္ တင္ျပ ခဲ့သည္ မ်ား ကိုအလ်ဥ္း သင့္သလို ေရးသား ေဖာ္ ျပ ေပးသြားပါဦးမည္ ။

က်မ္းကိုး ေဝပုလႅရာမ ဆရာေတာ္

ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode

မြန်မာ့ဝိဇ္ဇာဓရလောက၌ လွန်စွာနာမည်ကြီးလှသော အံ့ဖွယ်အဆောင်ပိတုန်းအကြောင်း

ပိတောက်သားဖြင့် လုပ်ထားသော လှည်းပဒေါင်းသားကို ဖင်ဖောက်ပြီး ပြဒါးထည့် ပဒိုင်းသားနဲ့ ပိတ်ကာ လောကီအစီအရင် ပညာများအတိုင်း အသက်သွင်း သိဒ္ဓိတင် အစောင့်သွင်းကာ စီရင်ကြကုန်၏။ စီရင်နည်းမှာ ပိတောက် ပဒေါင်း ပြဒါး ပဒိုင်း ကက်ကင်းဓာတ်များ ဆင့်ကာ မန္တန်စုတ်တာများအထိ တူညီကြသော်လည်း စုတ်ရမည့် မန္တန် များ စီရင်သည့် အယူအဆ များမှာ ဆရာတဦးနဲ့ တဦး တေ့လွဲလေးတွေ လွဲကာ မူတွေ ကွဲသွားကြ၏။

ကျမ်းဂန်လာ အာစရိယဝါဒများ အတိုင်း တိတိကျကျ စီရင်ရပါမူ တနှစ်မှတခါ တလမှာ ကြာသာပတေးနှင့် စနေရက် ၂ ရက်၌သာ စီရင်ရတာမို့ မလွယ်ရေးချ မလွယ်ပါ။ မည်သို့ပင်ဆိုစေ မည်သို့ပင် မူတွေ ကွဲပါစေ။ အဓိက မိမိစီရင်သည့် ပိတုန်းသည် အမှန်တကယ် အသက်ဝင်ဖို့က အဓိကကျ၏ မဟုတ်လော။ အသက်ရှိသော ပိတုန်း သိဒ္ဓိမြောက်သော ပိတုန်း မှသာအတိုက်အခိုက် ကိစ္စတွေမှာ စိတ်ချရမည် မဟုတ်ပါလော။

စီရင်သည့် ပိတုန်းကောင်သည် တကယ်အသက်ဝင်က စုန်း ဖုတ် တစ္ဆေ မိစ္ဆာများတင်မက ဂုံးချောဂုံးတိုက်မလိုတမာ မိမိအား ရန်ပြု တိုက်ခိုက်ကြသောသူများ ကိုပင်လျှင် အလိုလိုတန်ပြန်သော သတ္တိထူး ရှိပေရာ။ အတိဒုက္ခ ရောက်နေသော (၇) ရက် သားသမီးများအတွက် အမှန်ပင်အဖိုးအနဂ္ဃ ထိုက်တန်သော အဆောင်ပညာတခု ဖြစ်၏။ အသက်ဝင်အောင် သွင်းတတ်ဖို့က ဤပညာ၏ ဝှက်ဖဲ တချပ် ဖြစ်၏။

ကျွန်ုပ်သည် ဆြာသခင်၏ ခိုင်းစေချက်အရ ငါ့သားရေ ဝိဇ္ဇာယာနပညာမှာ နာမည်ကြီးလှတဲ့ ရွှေတိဂုံအရှေ့ဘက်မုဒ်ရှိ ဝိဇ္ဇာယာန အစီအရင်ပိတုန်း ပဒိုင်းဘုရားရှိ ပိဒိုင်းအဖိုအမ ၂ကောင်၏ မေတ္တာကို ရအောင် အရယူထားကွယ့် ဟူသော မိန့်မှာချက်အတိုင်း လွန်ခဲ့သော တစ်နှစ်ခန့်ကမေတ္တာသုတ်ဖြင့် အထူးရက်ရှည်အဓိဌာန် ဝင်ခဲ့ ရဖူး၏။

ထိုအကျိုးဆက်ကြောင့်ကျွန်ုပ်ဆေးကုရာ၌ ပိတုန်းအဆောင်များစီရင်ရာ၌ လည်ကောင်း။ အရေးကြုံက အကူညီလိုက အဖပိတုန်းနဲ့ အမေပိတုန်းမယ်တော်ကြီးရေ ဟူ၍ တ လိုက်ရုံ မျှ ဖြင့် ထူးကဲစွာဖြင့် လာရောက် ကူညီကြသော အဖြစ်ပျက်များစွာမှာ ပြောမယုံ ကြုံ ဖူးမှ သိ ဟူသော စကားကဲ့ သို့ အကြိမ်ကြိမ်အခါခါ မရေမတွက်နိုင်ခဲ့ ရပေ။

တကြောင်းတဂါတာ တရွာ တပုဒ်ဆန်း သူ့မူ သူ့နည်းစနစ် အားလျော်စွာ ဂမ္ဘီရ လမ်းကြောင်းပေါ်ရှိ ဆြာအမျိုးမျိုး စီရင်နေကြသော်လည်း အချို့က ပိတုန်းဆောင်လျှင် = လာဘ်ပိတ်တတ်၏။ အချိုက ငွေမမြဲ ။ အချို့က တိုက်ပိတုန်းမို့ အောက်လမ်းဆန်၏။ (သူ့မူ နှင့်သူ ) အမျိုးမျိုး ပြောကြသော်လည်း ကျွန်ုပ်၏မူ မှာမူ မိမိဘက်ကသာ မှန်ကန်လေလေ ပြင်းထန်စွာ အစွမ်းပြလေလေဖြစ်၏။ အထက်လမ်းအဆောင် ဖြစ်သည့်အားလျှော်စွာ မိမိဘက်ကသာမှန်ပစေ မိစ္ဆာပညာများ၌ တင်မက ဂုံးချာ ဂုံးတိုက် မလိုတမာ အတိုက်အခံ ပြုနေသူများအားပင်လျှင် ဂျွန်းပြန်အောင် တုန့်ပြန် တတ်ပေရာ စိန်ခေါ်လျှင် တိမ်အပေါ်ထိ လိုက်မည့် ပိတုန်း ဟူ၍ မြန်မာ့ဝိဇ္ဇာဓရ လောက၌ ခေတ်အဆက်ဆက် ကျော်ကြား ခဲ့ ပေ၏။

ထက်မြက်စွာ အစီအရင် ပြုထားသော ပိတုန်း ပဒိုင်းတကောင်ကို အပေါက်ဖောက် ကြိုးတပ်ကာ လည်ပင်းဆွဲ နယ်လှည့် လက်ဝှေ့ထိုးစားကာ အထိအခိုက် နည်း၍ နာမည်ကျော်ကြားလှသော လက်ဝှေ့သမားများအကြောင်း လည်း မြန်မာ့ရာဇဝင်၌ အထင်အရှား ရှိခဲ့ဖူး၏။ မည်သို့ပင်ဖြစ်စေ ပယောဂ အတိုက်အခိုက်များ တင်မက လှည့်ကြည့်စရာ မလို ဒဏ်ပြန်အားကောင်းလှပြီး လူမိစ္ဆာများ၏ ရန်ပြု ခြင်းများကိုပင် သီးမခံ ပြင်းပြင်းထန်ထန်လက်တုန့်ပြန်တတ်သော ကိုယ်လုံ ကိုယ်ခံ ပိတုန်းတိုက်ခိုက်ရေး ပိတုန်းသူခိုး ရန်သူလုံ အိမ်စောင့်ပိတုန်း လူမိစ္ဆာ မလိုတမာ မကောင်းကြံသူများအထိ ဆတ်ဆတ်ထိမခံ လက်တုန့်ပြန် တတ်သော မြန်မာ့ဝိဇ္ဇာဓရပညာလောက၌ လူကြိုက်များလှသော ပိတုန်း အစီအရင် ပိတုန်းကောင်လေးများသည် မည်သည့်အခါ မျှ တိမ်ကောလိမ့်မည် မဟုတ်ကြောင်း ပိတုန်း အကြောင်း တမေးတည်း မေးနေကြသော ကျနော့် ပရိတ်သတ်များအတွက် ဤဆောင်းပါးဖြင့် အဖြေပေး ရေးသားရင်း – ဆြာစိုင်း

ပန်းတောင်း မြို့မှရှိတဲ့ ဝန်အပြည့်နဲ့ ရုန်းနေချိန် ကျိုးတဲ့ လှည်းပဒေါင်း အကျိုးနှင့် ပိတုန်းရုပ် ထုပြီး ဖင်တွင် အပေါက်ဖေါက်ပြီး ပြဒါးထည့် ပဒိုင်းသားနှင့် ပိတ် ပြီး ပဒံဘုရားတွင် ပိတ်ဖြူ ခင်းရမည်။ ပိတ်ဖြူအပေါ်မှာ စံပါယ်ပန်းလေးတွေ တင်ပြီး ပဌာန်း ၁၀၈ ခေါက် မေတ္တာသုတ် ၁၀၈ ခေါက် ပြီးလျှင် အာဆိပ်ထည့် ဂါထာ ၁၀၈ ရွတ်ပြီး ပိတုန်းကို အသက်သွင်းကြပါတယ်။ ရွှေဆေးလေး ချထားပြီး ပိတ်ဖြူနှင့် ထုတ်ထားရပါတယ်။ ခရီးသွားချိန် အိမ်ထုပ်တန်းမှာ ပိတ်ဖြူထဲ စံပါယ်ပန်းထည့်ပြီး ချည်ထားခဲ့လျှင် စိတ်ချရပါတယ်။ သူခိုးများ လာခိုးလျှင် အိမ်ပျောက်နေပါတယ်။

( မှတ်ချက် ) ပဒံဘုရားသည် လှိုင်သာယာ ပဒံဘက်တွက်ရှိပါသည်။

”ပိတုန်းရုပ်အဆောင်နှင့် ပိတုန်း ပုတီး အစီအရင်”

ပိတုန်းရုပ် လောကီအစီရင်သည် ရှေးမြန်မာလူမျိုးတို့၏ ကိုယ်ပိုင်လောကီပညာစစ် ဖြစ်သည်။ မတလုံးကြေ ဆရာတော် ခင်ကြီးဖျော်မှ စတင်ဘစီမံခဲ့သည်ဟူ၍ ၎င်းထိုထက် ရှေးကျသော ပုဂံခေတ် သံသပိတ်ကြီး လက်ထက်မှစတင်၍ စီရင်ခဲ့သည် ဟူ၍လည်းကောင်းတိတိကျကျ မသိရသော်လည်း မြန်မာ့လောကီပညာ စစ်စစ်ဟူသည်ကားသေချာလှပါသည်။

ပိတုန်းရုပ်အဆောင် အစီရင်ကို ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည်။ အထက်ပညာသည်များက အထက်အစီရင်ဖြင့်၎င်း ခုလတ်ပညာသည်များက ခုလတ်ပညာဖြင့်လည်းကောင်း အောက်ပညာရှင်များက အောက်အစီရင်ဖြင့် လည်းကောင်း ရှမ်းလောကီပညာ ကရင် လောကီပညာ တို့တွင်လည်း ပိတုန်း အဆောင်အစီရင်သည် မပါမပြီးသော အစီရင်တစ်ခု ဖြစ်လာခဲ့သည်ကို ထောက်၍ ပိတုန်းအစီရင်သည် အကျိုးပေး ထင်ရှားကြောင်း သိမြင်နိုင်ပါသည်။

စီရင်မူအပေါ် မူတည်၍ တိုက်ပိတုန်း ပီယပိတုန်း စသည်ဖြင့် စီရင်ပုံ ကွဲလာသလို ပိတုန်းအရောင်မှာလဲ ရွှေပိတုန်း ငွေပိတုန်း မူလပိတုန်းရောင် စသည်ဖြင့်လဲ အသုံးပြုလာကြသည်ကို တွေ့ရသည်။ လောကီပညာသည်သဘာဝမှ လာသော ပညာသာဖြစ်၍ သဘာဝနှင့် လိုက်လျောညီထွေဖို့ အရေးကြီးပါသည်။

တချို့ကလဲ ဓမ္မာ အတွင်းရန် မိနေ၍ အတိုက်များကြောင်း ရန်ဓာတ်များကြောင်း အစွမ်းကြီး၍ သတိထားစီရင်ရမည်ဖြစ်ကြောင်း စသည်ဖြင့်ထောက်ပြ ပြောဆိုကြပါသည်။ ပိတုန်းအစီရင်သည် အစွမ်းကြီးသလောက် ရန်ဓာတ်မိနေသည်မှာလဲ အမှန်ဖြစ်ပါသည်။ ထိုအတွက်လဲ ရန်ဓာတ်ကိုဖြေရန် ဖြေနည်း သိဖို့ လိုပါသည်။

ဖြေ နည်းသိပါက မည်သည့်နေ့သားမဆို ဆောင်နိုင်ပါသည်။ အထူးသဖြင့် သောကြာသားများ အထူး ဆောင်သင့်ပါသည်။ ပိတုန်း အစီအရင်နှင့် တွဲ၍လည်း ပိတောက်သားပုတီးတွင် ပိတုန်းရုပ် စီရင်၍လည်း အသုံးပြုကြပါသည်။ ပိတုန်းရုပ်၏ အစွမ်းကို ယူ၍ ပုတီးစီရင်ပါကလဲ ပိတုန်းရုပ်သည် ပိတုန်းနှင့် တူရပါမည်။ ပိတုန်းသည် ပိတုန်းရုပ်နှင့် မတူပါက အစွမ်းထက်မြတ်မည် မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် ပိတောက် ပိတုန်း ပုတီးဟု ခေါ် သော်လည်း ပုတီးကို ပိတောက်သားဖြင့် စီရင်ပြီး ပိတုန်း ရုပ်တွင်သာ လှည်းပဒေါင်း ပိတောက်သား ကို လိုသော နက္ခတ်မိချိန်တွင် ပီပီသသထု ပြဒါးသွင်း ပဒိုင်းစေ့နှင့်ပိတ်၍ ပိတုန်းရုပ်ကို သေချာ စီရင်ထားခြင်းဖြစ်၍ ပိတုန်းရုပ် ပီပြင်ဖို့လိုပါသည်။

”ပိတုန်းရုပ် အကြောင်း သိကောင်းစရာ”

လှည်းပတောင်း ဖြစ်ရပါမည် ။ပိတောက်သား ဖြစ်ရပါမည် ။ ပန်းတောင်းမြို့က လှည်းပတောင်း းပိတောက်သားကို ပိတုန်းရုပ်ထု ထုပါမည် ။ ပိတုန်း ရုပ်သည် အတောင်ပံ ဖြန့်နေသောပုံ ဖြစ်ရမည် ဖြစ်ပြီး ပါးစပ် နှုတ်သီး ဟထားရပါမည်။ ရန်သူ အား တုပ်တော့ ကိုက်တော့မည့်ဟန် ထုရပါမည်။ ပိတုန်းရုပ် သည် မာန်ပါပါ နှင့် ဒေါသဟန် ဖြင့်ရန်သူများ ကို တိုက်ခိုက်တော့မည့်ပုံ ထုရမည်။ သို့မှသာ … အစွမ်းထက် သော သိဒ္ဓိတန်ခိုး နှင့်ပြည့်စုံသော သိဒ္ဓိဝင် ပိတုန်း တစ်ကောင်ကို ဆောင်ရွက် စီရင်နိုင်ပေမည်။ ဤသို့ သိဒ္ဓိဝင် ပိတုန်း မျိူး ရရှိလာမှသာ လိုရာ ကို လိုအပ်သလို ခိုင်းစေနိုင်ပါမည်။

ပိတုန်းရုပ် ၏ အာနိသင် စွမ်းအား ကို

၁။ လှည်းပတောင်း … မှန်ကန် ခဲ့ပါလျှင် သိဒ္ဓိ စွမ်းအား ၂၅%

၂။ ပိတောက်သား … မှန်ကန် ခဲ့ပါလျှင် သိဒ္ဓိ စွမ်းအား ၂၅%

၃။ ပိတုန်းရုပ် …….. မှန်ကန် ခဲ့ပါလျှင် သိဒ္ဓိ စွမ်းအား ၂၅%

၄။ ပြဒါးထည့် … မှန်ကန် ခဲ့ပါလျှင် သိဒ္ဓိ စွမ်းအား ၂၅%

စုစုပေါင်း ပိတုန်းရုပ် တစ်ကောင် ၏ အာနိသင် သိဒ္ဓိ စွမ်းအား သည် ၁၀၀% ရှိရပါမည် ။ ဖော်ပြပါ အချက် တစ်ချက် လျော့ ပါက ထင်သလောက် မစွမ်း နိုင်ပါ ။ မိမိ ဆောင်ထား သော ပိတုန်းရုပ် သည် မည်သည့်သိဒ္ဓိ မှမရှိ .. ထုလုပ် ဆောင်ရွက်ပုံ မှာ … လှည်းပတောင်း ပိတောက် သား ကို ပိတုန်း ရုပ်ထု ပိတုန်းဖင် ကို အပေါက်ဖောက် အပေါက် ထဲ ပြဒါး ထည့် ပါ။ ပဒိုင်းအမြစ်နှင့် အပေါက် ကို ပြန်ပိတ်ပါ ။

ပြီး လျှင် ဆေးကတ္တရာ အနက် သုတ်ပါ ။( ရွှေမချရပါ ) ထုလုပ်ရမည့် နေ့ မှာ … တနင်္ဂနွေ .. အင်္ဂါ .. စနေ .. ထို သုံးနေ့ တွင် ဆောင်ရွက် စီမံရပါ မည် ။ နက္ခတ် အချိန် အခါ မမှန်ပါက ထင်သလောက် မစွမ်း နိုင်ပါ ။ ပိတုန်း ရုပ် ထု့ လုပ် ရာ အချိန် သည် နှစ်ဘက်ကဏ်း ခါးပါဒ် နက္ခတ် ဝရစုပ် အချိန်အခါ ဖြစ်ရန် အလွန် အရေး ကြီးသည်။ ဤသို့ … ပိတုန်း ရုပ် များ ထုလုပ် ပြီး နောက်ရဟန္တာ သမုပ် ခဲ့သော သိမ် တစ်ခုတွင် သိမ် ထဲရှိ ဘုရား ရှေ့ တွင်

ဆွမ်း (၅) ပွဲ လက်ဖတ် (၅) ယို (၅) မျိူး

ဘူးသီးကြော် ဘယာကြော် ပဲကြော် ကြက်သွန်ကြော် အာလူးကြော် အကြော် (၅) မျိူး (၃) ခုစီ ထည့် ပါ။

စံပါယ်ပန်း (၈) ပွင့် နှင်းဆီပန်း (၈) ပွင့် နှင်းပန်း (၈) ခက် ထီးဖြူ (၃) လက် တံခွန် (၃)လက် ဖယောင်းတိုင် (၈) တိုင် ထွန်းဘုရား ကို ကပ်လှု ပူဇော် ၍ လိုအပ်သောဆုတောင်း ရပါမည်။ ပြီးလျှင် အောက်ပါ ဂါထာ များ နှင့် သိဒ္ဓိ တင်အသက်သွင်း ရပါမည်။

၁။ ဥုမ် ဣတိပိအရဟံ အဝိညာဏကသြသထံသဝိညာဏကံ သမံ အံ့ အံ့(၁၈) ခေါက် ရွတ်၍ အသက်သွင်းရမည်။

၂။ ဥုမ် ဗုဒ္ဓံ သိဒ္ဓိ ဓမ္မံသိဒ္ဓိ သံဃံသိဒ္ဓိ မာတာပိတုသိဒ္ဓိ အာစရိယာသိဒ္ဓိ ဗြဟ္မသိဒ္ဓိ ဒေဝသိဒ္ဓိ ဝိဇ္ဇာဓရသိဒ္ဓိ ယက္ခသိဒ္ဓိ သိဒ္ဓိ အပေါင်း ထောင်သောင်း တည်ပါစေသတည်း ထက်ပါစေသည်း အောင်ပါစေသတည်း။(၁၈) ခေါက် ရွတ်ဖတ် ၍ သိဒ္ဓိ တင်ပါ

၃။ ဗုဒ္ဓဂုဏံ ဗုဒ္ဓစက္ကံ ဓမ္မဂုဏံ ဓမ္မစက္ကံ သံဃဂုဏံ သံဃစက္ကံ မာတာပီတုဂုဏံ မာတာပိတစက္ကံ အာစရိယဂုဏံ အာစရိယစက္ကံ သဗ္ဗဂုဏံ နုဘာဝေန သဗ္ဗစက္ကံ နုဘာဝေနတိုက် ဆြာ တိုက် ခိုက် ဆြာ ခိုက် နှိမ် ဆြာနှိမ် ချူပ် ဆြာ ချူပ် စေ ။ ဤ ပိတုန်းစေ ပိတုန်းနှုန်း ဂါထာ နှင့် (၉) ခေါက်ရွတ် ဖတ် ၍ ပိတုန်း ရုပ် ကို နှိုးထား ပါ ။

အရေးအကြောင်း ရှိလျှင် ဤ ပိတုန်းစေ ပိတုန်းအနိုးဂါထာ ကို အနည်းဆုံး (၇) ခေါက် အများဆုံး (၉) ခေါက် .. ရွတ်ဖတ်ပါ။ မိမိ အား သူများ မကောင်းကြံစည် ၍ မရပေ။ ရန်သူ ကို ပိတုန်း ရုပ် က သိမြင်နိင်ပေသည်။လိုအပ်သလို ခိုင်းစေ ၍ ရသည်။ အတိုက်ခိုက် မှန်သမျှ ကာကွယ်သည်။ မိမိ နှင့် တသားထဲ ထားပါ။ အရေးကြောင်းတစုံတခုရှိလျှင် ပိတုန်းရုပ်ကမိမိအားအိမ်မက်ပေးသည်။ အိမ်မက်ထဲတွင် ပိတုန်းရုပ် ကို မြင်တွေ့ရ၏။ ပိတုန်းရုပ် အား လက်ကိုင်ပုဝါ ထောင့်စွန်း တွင်ထုံးချည် ၍ ဆောင်ထား ရသည်။ မည်သူ မျှမတွေ့စေရ။

အိမ် တွင် အစောင့် ထား မည်ဆိုပါကပိတောက်သား အပိုင်း တစ်ခုကို အပေါက်ဖောက်အပေါက်ထဲ ပိတုန်း ထည့် ပြီးလျှင် ပိတောက်သား နှင့် ပြန်ပိတ် မိမိ ၏ အိမ် ခြံ မြေ တွင် မြုပ်ထားရပါ မည် ။ တိုက်ခန်း ဖြစ်ပါက ထိုပိတောက်သား အား ထောင့်တနေရာတွင် မမြင်အောင် ထားရမည်။ထောင့် လေး ထောင့် လေးကောင် မြုပ်ရမည်။ တစ်ကောင် ထား တိုင်း ပိတုန်းစေ ပိတုန်းနှိုး ဂါထာ(၉) ခေါက် ရွတ်ရပါမည်။

ဤသို့ လျှင် ပိတုန်းရုပ် အာနိသင် ကြီးမား၏ ။ရန်သူမျိူး ၅ ပါး ကာကွယ် ၏ ။သူခိုး ဓားပြ ဘေး အနုကြမ်းစီး ဘေး ကာကွယ်၏ ။ လပြည့်လကွယ် (၁၂) နာရီ တွင် ပိတုန်းအားစပယ် (၈) ပွင့် နှင့် အစာကြွေး ပြီး လရောင်ပြရ၏ ။ အိမ် ကျောင်း ဇရပ် သိမ် စသည်များတွင်၎င်း ခြံ မြေ လယ်ယာ အိမ်ဝင်း ကျောင်းဝင်း စသည်များတွင်လည်း ပိတုန်းရုပ်ကို အစောင့် အနေဖြင့်မြုပ်၍ စီရင်ထားနိုင်ပေသည် ။

အဆောင်စီရင်ပုံ မှာ

ပိတောက်သား အပိုင်း တစ်ပိုင်း ကို ဖြတ်ပါ ။အပေါ်မှနေ၍ လွန် နှင့်ဖောက်ပါ ။ထို အပေါက် ထဲသို့ ပိတုန်းရုပ် ပြန်ထည့်ပါ ။ ပြီး လျှင် ပိတောက်သား နှင့်ပင် ကျပ်နေအောင်စို့ ရိုက်ပြီး ပိတ်ပါ ။ မိမိ ၏ အိမ် ခြံဝင်းခြံလေးထောင့် ( သို့ ) ခြံ ရှစ်ထောင့် တွင် ပိတုန်းရုပ် ထည့်ထားသော ပိတောက်သား ပိုင်း အား မြုပ်ပါ ။ကျောက်လောင်း ပြီး မြုပ်ထားပါက ပိတုန်းရုပ်ထည့် ထားသော ပိတောက်သား သည် နောင်နှစ်ပေါင်းများစွာမြေကြီးထဲ မပျက်စီးပဲနှင့် ထာဝရ တည့်တံ့စေနိုင်ပါသည်။

မြုပ်ပုံ မြုပ်နည်း- မှာ

ပထမ ဦးစွာ အိမ်မှာမြုပ်လျှင်အိမ်၏ အလယ်ဗဟိုတွင် ပိတုန်းတစ်ကောင် မြုပ်ရမည်။ ပြီး မှ ထောင့်လေးထောင့် တွင် မြုပ်ရပါမည် ။ခြံဝင်း ဖြစ်ပါ လျှင်လည်း အလယ်ဗဟို မြေကြီးတွင် ပထမဆုံး ပိတုန်း တစ်ကောင် စတင်မြုပ်ရပါမည်။ တစ်ကောင် မြုပ်တိုင်း မြုပ်တော့မည် ဆိုပါက ပိတုန်းစေ ဂါထာ ပိတုန်းနှိုး ဂါထာ ဖြင့် (၉) ခေါက် ရွတ်ဆိုပြီး မြုပ်ရပါမည် ။ ထိုနည်းတူ လယ်မြေ ယာမြေ များတွင်လည်းထိုနည်း အတိုင်း ပင် ဖြစ်ပေသည် ။

ဤကဲ့သို့ ပိတုန်းရုပ်ကို စီရင် ဆောင်ရွက်ထားသောအိမ်သည် မကောင်းသော (၃၇) မင်းနတ်များနတ်မိစ္ဆာ များ မပူးကပ်ဝံ့ အနှောက်အယှက် မပြုစုန်းကဝေ သရဲတဘက်များ မကပ်နိုင်။ ထို့ပြင် သူခိုးဓားပြ အနုကြမ်းသမား များ အန္တရာယ်မပြု့နိုင် ခိုးရန်လာပါက မိမိ အိမ် အား ရှာမတွေ့နိုင်ပေ။ အိမ် ကျောင်း ဇရပ် သိမ် စသည်များတွင်၎င်းခြံ မြေ လယ်ယာ အိမ်ဝင်း ကျောင်းဝင်း စသည်များတွင်လည်း ပိတုန်းရုပ်ကို အစောင့် အနေဖြင့် မြုပ်၍ စီရင်ထားနိုင်ပေသည်။

ဖြစ်ရပ်မှန် တစ်ခုမှာ

မော်လမြိုင်မြို့ နယ်အတွင်းမှ မွန်ရွာတစ်ရွာတွင် မိသားစုတစ်စု ရှိလေသည် ။ဝိုင်းလုပ်ဝိုင်းစား ဖြစ်သောကြောင့် နှစ်အနဲငယ်ကြာ အိမ်ကြီး အိမ်ကောင်း နှင့် စီးပွားတိုးတက်လာသည်။ မိသားစု့တွင် လည်း မွေးမြူရေး နှင့် အောင်မြင်လာပေ သည် ။ ဤ တွင် တနှစ်လျှင် ၁ ကြိမ် ၂ ကြိမ် ကျွဲပျောက်နွားပျောက် မည်သူက ခိုး မှန်း မသိ ဖြစ်လေ၏ ။ ညရေးညတာလဲ အပြင် မထွက်ရဲ သိသိကြီး နှင့် လက် လွှတ် ကြည့်နေရ၏ ။ တစ ထက် တစ သူခိုး များ က အတင့်ရဲလာ၏ ။ထို စဉ် ဝေပုလ္လဆရာတော် ကြီး ထံ ရောက်ရှိ လာပေသည် ။

ဆရာတော် … ” ဟဲ့ .. ဒကာမကြီး တွေ မလာစဖူး အလာထူး ပါလား ..? ဘာကိစ္စရှိပါသလဲ..?ရှိခဲ့ရင် လျှောက်တင်စမ်း ဟဲ့ … ” ဒကာမကြီး …. ” တန်ခိုးကြီးသော ဆရာတော်သိဒ္ဓိကြီးသော ဆရာတော် မြို့နယ်အနှံ့ကျော်ကြားနေ၍ ဆရာတော်ထံအားကိုးတကြီး ရောက် လာကြတာပါ ဘုရား

တပည့်တော်မ တို့ဟာ မရှိဆင်းရဲ တဲ့ ဘဝကနေတက်လာတာပါ ဘုရား လူဆိုးသူခိုးတွေကဆိတ်တွေ့ရင်ဆိတ်ခိုးနွားတွေ့နွားခိုးနဲ့တပည့်တော်တို့လဲ ညရေး ညတာအပြင်ဘက် မလိုက်ရဲ တော့ သူတို့ အကြိုက် ဖြစ်နေတာ ဘုရား ။ဒါမို့ အိမ် အား သူခိုး အခိုး မခံရလေအောင် ..အဆောင် ဖြစ်စေ ယတြာ ဖြစ်စေ စွန့်တော်မူပါဘုရား ..” ဟု့ လျှောက် တင်လေသည်။

ဆရာတော် ….”အေး ..အေး ..ဒါဆိုရင်ပိတုန်းရုပ်ထုထုဟပိတုန်းရုပ်တွေကို အိမ် အလည်ဗဟို မှာအိမ်တိုင် ထဲ တစိကောင်ထည့် အိမ် လေးတိုင်မှာ လွန်နဲ့ ဖောက် အပေါက်ထဲပိတုန်းရုပ် ပြန်ထည့် ပိတ်.. ငါ ကိုယ်တိုင် ဂါထာ စုပ် ပြီးအမိန့် ပြန်ပေး မယ် .. နင်တို့ကသာ ငါ ညွှန်ပြသလိုပိတုန်း ရုပ် တွေ ကိုသာ ခပ်များများ ရအောင် သွားထု ကြ ” ထိုသို့ အမိန့်ပေး ပြီး ချက်ချင်းပင် နေ့ကောင်းရက်မြတ်ရွေး ၍ ပိတုန်းရုပ် စီစဉ်ရလေ၏ ။

ပိတုန်း ရုပ် များ ထဲ ပြဒါး ထည့် ပဒိုင်း မြစ်နှင့် ဆို့ပိတ်ပြီး ဆေးကတ္တရာ အမဲ သုတ်နေလှန်းဆေး သုတ်ထား ရာ ခြောက်သွား မှ ပိတုန်းရုပ်အား အသက်သွင်း သိဒ္ဓိတင် ၍ ပိတုန်းအနှိုးအစေဂါထာ ထပ်စုပ် မနိး ၍ လိုရာ ကို အမိန့်ပေးပြီးအိမ်တိုင် ကြီးထဲတွင် အပေါက်ဖောက် ပိတုန်းရုပ်များ ကိုထည့် ၍ အသေ ပိတ်လိုကိပါတော့၏။

ခြံ လေးထောင့် တွင် လည်း ပိတုန်း တစ်ကောင်စီထည့် ၍ အမိန့် ပြန်ခဲ့လေသည်။ပိတုန်းရုပ် မြုပ်ပြီး .. နောင် လ အနဲငယ် ကြာသော်ထို မိသားစု့ သည် ဝမ်းသာအားရ ဖြင့် လာရောက်ကန်တော့ ကြလေသည်။ ဆရာတော် ….. ” ဟဲ့ … နင်တို့တွေ နေကောင်းကြရဲ့လား ပစ္စည်းတွေ အခိုးခံရသေးလား ဟဲ့ ”

ဒကာမများ …. ” … သူခိုးတွေ လာပြီး ဝန်ချ တောင်း ပန် သွားပါတယ် ဘုရား .. ပိတုန်း မြုပ်ပေးပီးလ အနဲငယ် ကြာ မှာ သူတို့ လာခိုး တဲ့ အခါ သူတို့ဟာ အိမ် ကို လဲ ရှာမတွေ့ခြံလဲ ရှာမတွေ့ပါဘုရား .. ဒီလိုနဲ့ မိုးလင်းသွားတဲ့အခါပြန်ပြေးရတော့တာပေ့ါဘုရား …သူခိုးတွေဟာဘယ်နှစ်ကြိမ်လောက် လာပြီး ခိုးတာတော့ မသိပါဘုရား .. ခိုးဖို့ လာလိုက် မတွေ့လိုက်နဲ့ နောက်ဆုံးမှာ ဝန်ချ တောင်းပန်သွားတာပါ ဘုရား ..”

“.. အဒေါ် တို့အိမ် မှ ကျွဲ နွား ပစ္စည်း တွေ ခိုးယူနေတာ ကျနော်တို့ အဖွဲ့ ပါ .. ဒီအတွက် …ကျနော်တို့ ဝန်ချတောင်းပန်ပါတယ် … နောင် နောင် ကိုလဲအဒေါ် တို့ အိမ်က ပစ္စည်း တွေ မခိုး တော့ပါ ဘူး။လို့ သစ္စာ လဲ ပြု့ပါတယ် .. ကတိ လည်း ပေးပါတယ် … ခိုးယူမိတဲ့ အမှား အတွက် လည်း နောင်တရလို့ မဆုံး ပါ ဘူး ..ဘာ ကြောင့် ဆို တော့ .. အဒေါ် တို့ အိမ် မှာဘာအဆောင် ရှိသလဲ ..?ဘာတွေလုပ်ထားလဲတော့ ကျနော်တို့ မပြောတက်ပါ ဘူး ..

အဒေါ် တို့ အိမ် ကျနော်တို့ ခိုး ဖို့ လာတာ၃ ခါ လောက် ရှိပါပြီ ။ ဒါပေမဲ့ .. ထူးဆန်းတာကနေ့ ခင်း ပိုင်း က အိမိ ကို ဘယ်လို မှတ်ထားပါစေခိုး ဖို့ လာရင် လမ်းမှား အိမ်မှား အိမ်ကို ရှာလို့မတွေ့ပဲ အိမ် ရှာရင်း မိုး လင်း သွားတာနဲ့ပြန်ပြေး ရတော့တာပဲ လို့ . ပြောသွား ပါတယ်ဘုရား .. ဤ ကား ဆရာတော် ကြီး အစီအရင် ဖြစ်သောပိတုန်း ရုပ်၏ကိုယ်တွေ့ အား ဆရာတော် မှရေး သား တင်ပြ ခဲ့ ခြင်း ဖြစ်ပေသည် ။ ဆရာတော်၏ ပိတုန်းရုပ် အစီရင်အား မြုပ်နှံအဆောင် အဖြစ်ဆောင်ပြီး နောက် ဖြစ်ရပ်မှန်များစွာ ဆရာတော် တင်ပြ ခဲ့သည် များ ကိုအလျဉ်း သင့်သလို ရေးသား ဖော် ပြ ပေးသွားပါဦးမည် ။

ကျမ်းကိုး ဝေပုလ္လရာမ ဆရာတော်

လေးစားစွာဖြင့် ခရက်ဒစ်