Categories
ထူးဆန်းထွေလာ

နှစ်ပေါင်း သန်း၁၀၀၀ခန့် ကမ္ဘာ့သမိုင်းမှ ပျောက်ဆုံးနေခဲ့တဲ့

Zawgyi

ကမာၻေျမရဲ႕ ဘူမိေဗဒ သမိုင္းမွာ ႏွစ္သန္း ၁၀၀၀ ေလာက္ ကာလႀကီး တစ္ခုဟာ အစရွာ မရပဲ ေပ်ာက္ဆုံးေန ခဲ့ပါတယ္။ ဘူမိေဗဒ ပညာရွင္ ေတြက ဒီ ကာလကို “ႀကီးမားသည့္ လႊာစဥ္ဆက္ျပတ္ ျဖစ္စဥ္ (Great Unconformity)” လို႔ အမည္ေပး ထားၾကပါတယ္။

ဒီ ကာလ ႀကီးကို စတင္ေတြ႕ရွိ ခဲ့တာ ၁၈၆၉ ခုႏွစ္ ကတဲက ျဖစ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စုမွာ ရွိတဲ့ ဂရင္း ကင္ၫြန္ (Grand Canyon) ေခ်ာက္ႀကီး ရဲ႕ နံရံက ေက်ာက္သားေတြကို ေလ့လာရင္း နဲ႔ ဘူမိေဗဒ ပညာရွင္ တစ္ဦး ျဖစ္သူ ဂြၽန္ ဝက္စလီ ေပါဝဲလ္ (John Wesley Powell) က ရွာေဖြ ေတြ႕ရွိ ခဲ့တာ ျဖစ္ပါတယ္။

ဘူမိေဗဒ ဘာသာရပ္မွာ အခ်ိန္ကို ေက်ာက္လႊာေတြမွာ အနည္က်တဲ့ အလႊာေတြနဲ႔ သတ္မွတ္ပါတယ္။ ႏႈန္းေျမေတြ အနည္က်ၿပီး ျဖစ္လာတဲ့ အနည္က် ေက်ာက္ေတြမွာ အနည္က် ခဲ့တဲ့ ေခတ္ အေျခအေနကို လိုက္ၿပီး အေရာင္မတူတဲ့ ေက်ာက္လႊာေတြ အျဖစ္ ေတြ႕ျမင္ ၾကရပါတယ္။

ဒီ ဂရင္းကင္ၫြန္ ေခ်ာက္ႀကီးရဲ႕ နံရံမွာ ရွိတဲ့ ေက်ာက္သားလႊာ ေတြကို ေလ့လာၾကည့္တဲ့ အခါမွာ ႏွစ္သန္း ၃၀၀၀ သက္တမ္းရွိတဲ့ အလႊာနဲ႔ ႏွစ္သန္း ၅၅၀ သက္တမ္းရွိ အလႊာ ႏွစ္ခုၾကားမွာ ႏွစ္သန္း ၁၀၀၀ စာေလာက္ ေက်ာက္လႊာေတြ ေပ်ာက္ဆုံး ေနတာကို ထူးထူး ဆန္းဆန္း ေတြ႕ရွိ ခဲ့ၾကရပါတယ္။

ထူးဆန္း ေနတာက ဒီ ေပ်ာက္ဆုံး ေနတဲ့ ကာလႀကီးရဲ႕ အဆုံးသတ္ ျဖစ္တဲ့ ႏွစ္သန္း ၅၅၀ ဟာ ကမ္ဘရီယမ္ ေပါက္ကြဲမႈႀကီး (Cambrian explosion) လို႔ ေခၚတဲ့ ကမာၻေပၚမွာ သက္ရွိ မ်ိဳးစိတ္ အသစ္ေတြ အမ်ားအျပား ႐ုတ္တရက္ ေပၚေပါက္လာတဲ့ ကာလႀကီး မတိုင္မိ ႏွစ္သန္း အနည္းငယ္ ကာလ ျဖစ္ေနပါတယ္။

ဒီ “ႀကီးမားသည့္ လႊာစဥ္ဆက္ျပတ္ ျဖစ္စဥ္ (Great Unconformity)” ကို ဂရင္း ကင္ၫြန္ ေခ်ာက္ႀကီး ထဲမွာ ထင္ထင္ရွားရွား ေတြ႕ျမင္ ႏိုင္သလို ဒါမ်ိဳး အလားတူ ေပ်ာက္ဆုံးေနတဲ့ ေက်ာက္လႊာ ေတြကိုလဲ အျခား ေဒသ ေတြမွာ က်ိဳၾကား က်ိဳၾကား ေတြ႕ရပါတယ္။

ဒီအခ်က္ကို မူတည္ၿပီး အခ်ိဳ႕ေသာ ဘူမိေဗဒ ပညာရွင္ ေတြက ဒီလို ဘူမိေက်ာက္လႊာ ေပ်ာက္ဆုံးမႈကို ျဖစ္ေစတဲ့ ျဖစ္ရပ္ဟာ တစ္ကမာၻလုံးမွာ အခ်ိန္တူ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ႀကီး တစ္ခုခုေၾကာင့္ ျဖစ္လိမ့္မယ္လို႔ ယူဆၾက ပါတယ္။

အခုေနာက္ဆုံး တင္ျပတဲ့ သုေတသန စာတမ္း တစ္ေစာင္ရဲ႕ အဆိုအရ ဒီလို ေပ်ာက္ဆုံးမႈ ႀကီးဟာ ျဖစ္စဥ္ တစ္ခုတည္း မဟုတ္ပဲ ကမာၻ တစ္ဝန္းမွာ ဆက္တိုက္ ျဖစ္ပ်က္ ခဲ့တဲ့ ျဖစ္စဥ္ေတြ အခ်ိန္ နီးကပ္စြာ ျဖစ္ေပၚမႈေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ တင္ျပ လာပါတယ္။ ေနာက္ၿပီး ဒီ ျဖစ္စဥ္ေတြ အားလုံးရဲ႕ တရားခံဟာ လြန္ခဲ့တဲ့ ႏွစ္သန္း တစ္ေထာင္ခန႔္က တည္ရွိခဲ့တဲ့ “႐ိုဒီနီယာ (Rodinia)” လို႔ေခၚတဲ့ မဟာ တိုက္ႀကီး နဲ႔ ဆက္စပ္မႈ ရွိေနတယ္ လို႔လဲ ဆိုပါတယ္။

အခု သုေတသန စာတမ္းကို ေက်ာက္သားေတြရဲ႕ သက္တမ္းကို သတ္မွတ္တဲ့ နည္းလမ္း တစ္ခု ျဖစ္တဲ့ Thermochronology ဆိုတဲ့ နည္းစနစ္ကို အေျခခံၿပီး တင္ျပထားတာ ျဖစ္ပါတယ္။ ဒီ နည္းစနစ္မွာ ေက်ာက္သားေတြ ထဲက အက္တမ္ ေတြကို အေသးစိတ္ ေလ့လာၿပီး ဒီ ေက်ာက္ေတြ ျဖစ္ေပၚ ခဲ့စဥ္က ရွိခဲ့တဲ့ အပူခ်ိန္ကို ျပန္လည္ တြက္ခ်က္ ယူတဲ့ နည္းလမ္း ျဖစ္ပါတယ္။

ဒီနည္း စနစ္ကို အသုံးျပဳၿပီး အေမရိကန္ ျပည္ေထာင္စု၊ ေကာ္လိုရာဒို ျပည္နယ္က ေက်ာက္လႊာေတြကို ေလ့လာ ခဲ့ၾကပါတယ္။ ဒီ ေက်ာက္လႊာ ေတြမွာ ေအာက္ေျခက ေက်ာက္လႊာက လြန္ခဲ့တဲ့ ႏွစ္သန္း ၁၀၀၀ ေက်ာ္ ခန႔္က ျဖစ္ၿပီး သူ႔အေပၚက အလႊာကေတာ့ ႏွစ္သန္း ၅၁၀ ေနာက္ပိုင္းမွ ျဖစ္လာတဲ့ အလႊာေတြ ျဖစ္ၾကပါတယ္။

ဒီ အခါမွာ ပညာရွင္ ေတြဟာ ဘာသြား ေတြ႕ရ သလဲ ဆိုေတာ့ ေအာက္ေျခ ေက်ာက္လႊာဟာ လြန္ခဲ့တဲ့ ႏွစ္သန္း ၇၀၀ ခန႔္က အတြန္းခံ ရၿပီး ကမာၻ႔ မ်က္ႏွာျပင္ ေပၚကို ေရာက္လာ ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ့ေနာက္ သူ႔ရဲ႕ အေပၚယံ မ်က္ႏွာျပင္ဟာ ေရ၊ ေလ ေတြရဲ႕ တိုက္စားမႈေၾကာင့္ ျပဳန္းတီးလို႔ သြားခဲ့ပါတယ္။

ဒီ ျပဳန္းတီးသြား တဲ့ ေက်ာက္လႊာ ေပၚမွာမွ ေနာက္ထပ္ အသစ္ ျဖစ္လာတဲ့ ေက်ာက္လႊာေတြ ထပ္ၿပီး အနည္က် လာခဲ့တယ္လို႔ ဆိုပါတယ္။ တနည္း အားျဖင့္ ေပ်ာက္ဆုံးသြား ခဲ့တဲ့ ကမာၻ႔ ေက်ာက္လႊာ ထု ႀကီးဟာ ေရ၊ ေလ ေတြရဲ႕ တိုက္စားမႈေၾကာင့္ ပ်က္စီးသြား ခဲ့ရတာ ျဖစ္ၿပီး သူ႔ေပၚမွာမွ ေနာက္ထပ္ ေက်ာက္လႊာ အသစ္ေတြ ထပ္ အနည္က် လာတဲ့ အတြက္ ဒီ ၾကားအလႊာဟာ လပ္ ေနရတာ ျဖစ္တယ္ ဆိုတာပဲ ျဖစ္ပါတယ္။

ဒီလို ႏွစ္သန္း ၁၀၀၀ နီးပါး ရွိတဲ့ ေက်ာက္လႊာေတြ ျပဳန္းတီး ရတာဟာ သက္ရွိ ေတြရဲ႕ ဆင့္ကဲ ျဖစ္စဥ္ သမိုင္း (evolution) ကို ေလ့လာေနတဲ့ ပညာရွင္ေတြ အတြက္ အခက္အခဲ ျဖစ္ေစပါတယ္။ ဒီလို ေက်ာက္လႊာေတြ ပ်က္စီး သြားရတာနဲ႔ အတူ ဒီ အလႊာ ေတြထဲက ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေတြလဲ ေပ်ာက္ဆုံး ပ်က္စီး သြားရပါတယ္။ ဒီေတာ့ သက္ရွိေတြရဲ႕ ဆင့္ကဲ ျဖစ္စဥ္မွာ မသိတဲ့ ၾကား ကြက္လပ္ေတြ ျဖစ္ေပၚ လာေစပါတယ္။

အခုလို ေအာက္ေျခ ေက်ာက္လႊာထုႀကီးေတြ ကမာၻ႔ မ်က္ႏွာျပင္ ေပၚကို တိုးထြက္ လာရတာဟာ မဟာ တိုက္ႀကီး ျဖစ္တဲ့ ႐ိုဒီနီယာ ေၾကာင့္လို႔ ပညာရွင္ ေတြက ယူဆ ၾကပါတယ္။ ဒီ”႐ိုဒီနီယာ” ဟာ သူ႔ေနာက္မွ ေပၚလာတဲ့ ပန္ဂီယာ (Pangaea) မဟာတိုက္ႀကီးထက္ အရင္ေစာၿပီး ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဒီ ႐ိုဒီနီယာ မဟာ တိုက္ႀကီး ဟာလဲ သူ႔အရင္က သူ႔လို မဟာ တိုက္ႀကီး တစ္ခုရဲ႕ အစိတ္အပိုင္းေတြ တစစီ လြင့္ေျမာ သြားခဲ့ၿပီး ႏွစ္သန္းေပါင္း မ်ားစြာ အၾကာမွာ ျပန္လည္ ေပါင္းစုၿပီး ျဖစ္ေပၚ လာတာလို႔ ယူဆ ၾကပါတယ္။

ဒီလို အစိတ္အပိုင္းေတြ လြင့္ေျမာ သြားတဲ့ ကာလ အပိုင္းအျခား အတြင္းမွာ ဒီ အစိတ္အပိုင္း ေတြရဲ႕ အနားစြန္း ပတ္ျခာလည္ ေဒသ ေတြဟာ ေရ၊ ေလ တို႔ရဲ႕ တိုက္စားမႈကို ခံခဲ့ ၾကရပါတယ္။

တခါ ဒီတိုက္ႀကီး ေတြ ျပန္စုမိ ၾကတဲ့အခါ သူတို႔ အခ်င္းခ်င္း တိုက္မိတဲ့ ေနရာေတြမွာ ဟိမဝႏၲာ ေတာင္တမ္း လိုမ်ိဳး ေတာင္တမ္းေတြ ျဖစ္ေပၚ လာပါတယ္။ ဒီ ေတာင္တန္း ေဒသေတြမွာ အခ်င္းခ်င္း ပြတ္တိုက္မႈ ေၾကာင့္ေရာ၊ ေရေလ တိုက္စားမႈ ေၾကာင့္ပါ ေက်ာက္လႊာေတြ အေျမာက္အမ်ား ဆုံးရႈံးကုန္ ၾကပါတယ္။

ဒီ ႐ိုဒီနီယာ ေမြးဖြားတဲ့ ျဖစ္စဥ္ မွာေရာ၊ ျပန္လည္ ကြဲထြက္ သြားတဲ့ ျဖစ္စဥ္မွာပါ ေက်ာက္လႊာထု အေျမာက္အမ်ား ဆုံးရႈံး ကုန္ပါတယ္။ ရလဒ္ကေတာ့ ေနရာ အႏွံ႔ အျပားမွာ မေရွးမေႏွာင္း ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္စဥ္ အမ်ားအျပားေၾကာင့္ “ႀကီးမားသည့္ လႊာစဥ္ဆက္ျပတ္ ျဖစ္စဥ္ (Great Unconformity)” ျဖစ္ေပၚ လာရတာလို႔ ပညာရွင္ ေတြက သုံးသပ္ ၾကပါတယ္။

ဒီ ေကာက္ခ်က္ကို ခ်ခဲ့တာဟာ ဒီစာတမ္း တင္ျပတဲ့ သုေတသန အဖြဲ႕ တခုတည္းေတာ့ မဟုတ္ပါဘူး။ အေမရိကန္ ျပည္ေထာင္စု ကာလီဖိုးနီးယား ျပည္နယ္က ကာလီဖိုးနီးယား တကၠသိုလ္ (စန္တာ ဘာဘရာ) (University of California-Santa Barbara) က ပညာရွင္ ေတြကလဲ အလားတူ ေကာက္ခ်က္ ခ်ခဲ့ ၾကပါတယ္။

အခု ေတြ႕ရွိခ်က္ဟာ ဒါဝင္ တင္ျပခဲ့တဲ့ ကမ္ဘရီယမ္ ေပါက္ကြဲမႈႀကီး ျဖစ္စဥ္ နဲ႔ ပတ္သက္ၿပီး မေျဖရွင္းႏိုင္ ေသးတဲ့ ေမးခြန္းေတြကို အေျဖေပး ႏိုင္ေကာင္း ေပးႏိုင္ လိမ့္မယ္လို႔ ဆိုပါတယ္။ ဘာ့ေၾကာင့္ ဒီကာလမွာ ႐ုတ္တရက္ သက္ရွိ မ်ိဳးစိတ္ အသစ္ေတြ အေျမာက္အမ်ား ေပၚထြန္းလာလဲ ဆိုတဲ့ ေမးခြန္းကို အေျဖေပးႏိုင္ဖို႔ ပညာရွင္ ေတြဟာ ႏွစ္ ၂၀၀ ေလာက္ ႀကိဳးစားခဲ့ ၾကတာပါ။ ဒါေပမယ့္ အခုေတာ့ အေျဖေပးေကာင္း ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Ref: Explaining a billion-year gap in the fossil record | Big Think
မူရင္းရးသားသူအား Credit ေပးပါတယ္ဗ်။

Unicode

ကမ္ဘာမြေရဲ့ ဘူမိဗေဒ သမိုင်းမှာ နှစ်သန်း ၁၀၀၀ လောက် ကာလကြီး တစ်ခုဟာ အစရှာ မရပဲ ပျောက်ဆုံးနေ ခဲ့ပါတယ်။ ဘူမိဗေဒ ပညာရှင် တွေက ဒီ ကာလကို “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” လို့ အမည်ပေး ထားကြပါတယ်။

ဒီ ကာလ ကြီးကို စတင်တွေ့ရှိ ခဲ့တာ ၁၈၆၉ ခုနှစ် ကတဲက ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဂရင်း ကင်ညွန် (Grand Canyon) ချောက်ကြီး ရဲ့ နံရံက ကျောက်သားတွေကို လေ့လာရင်း နဲ့ ဘူမိဗေဒ ပညာရှင် တစ်ဦး ဖြစ်သူ ဂျွန် ဝက်စလီ ပေါဝဲလ် (John Wesley Powell) က ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဘူမိဗေဒ ဘာသာရပ်မှာ အချိန်ကို ကျောက်လွှာတွေမှာ အနည်ကျတဲ့ အလွှာတွေနဲ့ သတ်မှတ်ပါတယ်။ နှုန်းမြေတွေ အနည်ကျပြီး ဖြစ်လာတဲ့ အနည်ကျ ကျောက်တွေမှာ အနည်ကျ ခဲ့တဲ့ ခေတ် အခြေအနေကို လိုက်ပြီး အရောင်မတူတဲ့ ကျောက်လွှာတွေ အဖြစ် တွေ့မြင် ကြရပါတယ်။

ဒီ ဂရင်းကင်ညွန် ချောက်ကြီးရဲ့ နံရံမှာ ရှိတဲ့ ကျောက်သားလွှာ တွေကို လေ့လာကြည့်တဲ့ အခါမှာ နှစ်သန်း ၃၀၀၀ သက်တမ်းရှိတဲ့ အလွှာနဲ့ နှစ်သန်း ၅၅၀ သက်တမ်းရှိ အလွှာ နှစ်ခုကြားမှာ နှစ်သန်း ၁၀၀၀ စာလောက် ကျောက်လွှာတွေ ပျောက်ဆုံး နေတာကို ထူးထူး ဆန်းဆန်း တွေ့ရှိ ခဲ့ကြရပါတယ်။

ထူးဆန်း နေတာက ဒီ ပျောက်ဆုံး နေတဲ့ ကာလကြီးရဲ့ အဆုံးသတ် ဖြစ်တဲ့ နှစ်သန်း ၅၅၀ ဟာ ကမ်ဘရီယမ် ပေါက်ကွဲမှုကြီး (Cambrian explosion) လို့ ခေါ်တဲ့ ကမ္ဘာပေါ်မှာ သက်ရှိ မျိုးစိတ် အသစ်တွေ အများအပြား ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကာလကြီး မတိုင်မိ နှစ်သန်း အနည်းငယ် ကာလ ဖြစ်နေပါတယ်။

ဒီ “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” ကို ဂရင်း ကင်ညွန် ချောက်ကြီး ထဲမှာ ထင်ထင်ရှားရှား တွေ့မြင် နိုင်သလို ဒါမျိုး အလားတူ ပျောက်ဆုံးနေတဲ့ ကျောက်လွှာ တွေကိုလဲ အခြား ဒေသ တွေမှာ ကျိုကြား ကျိုကြား တွေ့ရပါတယ်။

ဒီအချက်ကို မူတည်ပြီး အချို့သော ဘူမိဗေဒ ပညာရှင် တွေက ဒီလို ဘူမိကျောက်လွှာ ပျောက်ဆုံးမှုကို ဖြစ်စေတဲ့ ဖြစ်ရပ်ဟာ တစ်ကမ္ဘာလုံးမှာ အချိန်တူ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီး တစ်ခုခုကြောင့် ဖြစ်လိမ့်မယ်လို့ ယူဆကြ ပါတယ်။

အခုနောက်ဆုံး တင်ပြတဲ့ သုတေသန စာတမ်း တစ်စောင်ရဲ့ အဆိုအရ ဒီလို ပျောက်ဆုံးမှု ကြီးဟာ ဖြစ်စဉ် တစ်ခုတည်း မဟုတ်ပဲ ကမ္ဘာ တစ်ဝန်းမှာ ဆက်တိုက် ဖြစ်ပျက် ခဲ့တဲ့ ဖြစ်စဉ်တွေ အချိန် နီးကပ်စွာ ဖြစ်ပေါ်မှုကြောင့် ဖြစ်နိုင်တယ်လို့ တင်ပြ လာပါတယ်။ နောက်ပြီး ဒီ ဖြစ်စဉ်တွေ အားလုံးရဲ့ တရားခံဟာ လွန်ခဲ့တဲ့ နှစ်သန်း တစ်ထောင်ခန့်က တည်ရှိခဲ့တဲ့ “ရိုဒီနီယာ (Rodinia)” လို့ခေါ်တဲ့ မဟာ တိုက်ကြီး နဲ့ ဆက်စပ်မှု ရှိနေတယ် လို့လဲ ဆိုပါတယ်။

အခု သုတေသန စာတမ်းကို ကျောက်သားတွေရဲ့ သက်တမ်းကို သတ်မှတ်တဲ့ နည်းလမ်း တစ်ခု ဖြစ်တဲ့ Thermochronology ဆိုတဲ့ နည်းစနစ်ကို အခြေခံပြီး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီ နည်းစနစ်မှာ ကျောက်သားတွေ ထဲက အက်တမ် တွေကို အသေးစိတ် လေ့လာပြီး ဒီ ကျောက်တွေ ဖြစ်ပေါ် ခဲ့စဉ်က ရှိခဲ့တဲ့ အပူချိန်ကို ပြန်လည် တွက်ချက် ယူတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒီနည်း စနစ်ကို အသုံးပြုပြီး အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်က ကျောက်လွှာတွေကို လေ့လာ ခဲ့ကြပါတယ်။ ဒီ ကျောက်လွှာ တွေမှာ အောက်ခြေက ကျောက်လွှာက လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀၀ ကျော် ခန့်က ဖြစ်ပြီး သူ့အပေါ်က အလွှာကတော့ နှစ်သန်း ၅၁၀ နောက်ပိုင်းမှ ဖြစ်လာတဲ့ အလွှာတွေ ဖြစ်ကြပါတယ်။

ဒီ အခါမှာ ပညာရှင် တွေဟာ ဘာသွား တွေ့ရ သလဲ ဆိုတော့ အောက်ခြေ ကျောက်လွှာဟာ လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀ ခန့်က အတွန်းခံ ရပြီး ကမ္ဘာ့ မျက်နှာပြင် ပေါ်ကို ရောက်လာ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့နောက် သူ့ရဲ့ အပေါ်ယံ မျက်နှာပြင်ဟာ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့် ပြုန်းတီးလို့ သွားခဲ့ပါတယ်။

ဒီ ပြုန်းတီးသွား တဲ့ ကျောက်လွှာ ပေါ်မှာမှ နောက်ထပ် အသစ် ဖြစ်လာတဲ့ ကျောက်လွှာတွေ ထပ်ပြီး အနည်ကျ လာခဲ့တယ်လို့ ဆိုပါတယ်။ တနည်း အားဖြင့် ပျောက်ဆုံးသွား ခဲ့တဲ့ ကမ္ဘာ့ ကျောက်လွှာ ထု ကြီးဟာ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့် ပျက်စီးသွား ခဲ့ရတာ ဖြစ်ပြီး သူ့ပေါ်မှာမှ နောက်ထပ် ကျောက်လွှာ အသစ်တွေ ထပ် အနည်ကျ လာတဲ့ အတွက် ဒီ ကြားအလွှာဟာ လပ် နေရတာ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒီလို နှစ်သန်း ၁၀၀၀ နီးပါး ရှိတဲ့ ကျောက်လွှာတွေ ပြုန်းတီး ရတာဟာ သက်ရှိ တွေရဲ့ ဆင့်ကဲ ဖြစ်စဉ် သမိုင်း (evolution) ကို လေ့လာနေတဲ့ ပညာရှင်တွေ အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒီလို ကျောက်လွှာတွေ ပျက်စီး သွားရတာနဲ့ အတူ ဒီ အလွှာ တွေထဲက ကျောက်ဖြစ်ရုပ်ကြွင်း တွေလဲ ပျောက်ဆုံး ပျက်စီး သွားရပါတယ်။ ဒီတော့ သက်ရှိတွေရဲ့ ဆင့်ကဲ ဖြစ်စဉ်မှာ မသိတဲ့ ကြား ကွက်လပ်တွေ ဖြစ်ပေါ် လာစေပါတယ်။

အခုလို အောက်ခြေ ကျောက်လွှာထုကြီးတွေ ကမ္ဘာ့ မျက်နှာပြင် ပေါ်ကို တိုးထွက် လာရတာဟာ မဟာ တိုက်ကြီး ဖြစ်တဲ့ ရိုဒီနီယာ ကြောင့်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ ဒီ”ရိုဒီနီယာ” ဟာ သူ့နောက်မှ ပေါ်လာတဲ့ ပန်ဂီယာ (Pangaea) မဟာတိုက်ကြီးထက် အရင်စောပြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီ ရိုဒီနီယာ မဟာ တိုက်ကြီး ဟာလဲ သူ့အရင်က သူ့လို မဟာ တိုက်ကြီး တစ်ခုရဲ့ အစိတ်အပိုင်းတွေ တစစီ လွင့်မြော သွားခဲ့ပြီး နှစ်သန်းပေါင်း များစွာ အကြာမှာ ပြန်လည် ပေါင်းစုပြီး ဖြစ်ပေါ် လာတာလို့ ယူဆ ကြပါတယ်။

ဒီလို အစိတ်အပိုင်းတွေ လွင့်မြော သွားတဲ့ ကာလ အပိုင်းအခြား အတွင်းမှာ ဒီ အစိတ်အပိုင်း တွေရဲ့ အနားစွန်း ပတ်ခြာလည် ဒေသ တွေဟာ ရေ၊ လေ တို့ရဲ့ တိုက်စားမှုကို ခံခဲ့ ကြရပါတယ်။

တခါ ဒီတိုက်ကြီး တွေ ပြန်စုမိ ကြတဲ့အခါ သူတို့ အချင်းချင်း တိုက်မိတဲ့ နေရာတွေမှာ ဟိမဝန္တာ တောင်တမ်း လိုမျိုး တောင်တမ်းတွေ ဖြစ်ပေါ် လာပါတယ်။ ဒီ တောင်တန်း ဒေသတွေမှာ အချင်းချင်း ပွတ်တိုက်မှု ကြောင့်ရော၊ ရေလေ တိုက်စားမှု ကြောင့်ပါ ကျောက်လွှာတွေ အမြောက်အများ ဆုံးရှုံးကုန် ကြပါတယ်။

ဒီ ရိုဒီနီယာ မွေးဖွားတဲ့ ဖြစ်စဉ် မှာရော၊ ပြန်လည် ကွဲထွက် သွားတဲ့ ဖြစ်စဉ်မှာပါ ကျောက်လွှာထု အမြောက်အများ ဆုံးရှုံး ကုန်ပါတယ်။ ရလဒ်ကတော့ နေရာ အနှံ့ အပြားမှာ မရှေးမနှောင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် အများအပြားကြောင့် “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” ဖြစ်ပေါ် လာရတာလို့ ပညာရှင် တွေက သုံးသပ် ကြပါတယ်။

ဒီ ကောက်ချက်ကို ချခဲ့တာဟာ ဒီစာတမ်း တင်ပြတဲ့ သုတေသန အဖွဲ့ တခုတည်းတော့ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က ကာလီဖိုးနီးယား တက္ကသိုလ် (စန်တာ ဘာဘရာ) (University of California-Santa Barbara) က ပညာရှင် တွေကလဲ အလားတူ ကောက်ချက် ချခဲ့ ကြပါတယ်။

အခု တွေ့ရှိချက်ဟာ ဒါဝင် တင်ပြခဲ့တဲ့ ကမ်ဘရီယမ် ပေါက်ကွဲမှုကြီး ဖြစ်စဉ် နဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင် သေးတဲ့ မေးခွန်းတွေကို အဖြေပေး နိုင်ကောင်း ပေးနိုင် လိမ့်မယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့် ဒီကာလမှာ ရုတ်တရက် သက်ရှိ မျိုးစိတ် အသစ်တွေ အမြောက်အများ ပေါ်ထွန်းလာလဲ ဆိုတဲ့ မေးခွန်းကို အဖြေပေးနိုင်ဖို့ ပညာရှင် တွေဟာ နှစ် ၂၀၀ လောက် ကြိုးစားခဲ့ ကြတာပါ။ ဒါပေမယ့် အခုတော့ အဖြေပေးကောင်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Explaining a billion-year gap in the fossil record | Big Think
မူရင်းရးသားသူအား Credit ပေးပါတယ်ဗျ။

Leave a Reply

Your email address will not be published.