Sat. Jan 22nd, 2022
Zawgyi
ငြုပ်သီးစားပြီးဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်းဝမ်းသာအားရဖုန်းဆက်လာတယ်။
Unicode
ဆီးကြိတ်ရောဂါအတွက်ဆေးနည်းကောင်း
ခွေးတောက်ရွက် ငှက်ပြောသီးပြုတ်
ဆီးကြိတ်ရောဂါအတွက်ဆေးနည်းကောင်း
ဒီဆေးနည်းကိုကျေးဇူးတော်ရှင်မုံလယ်ဆရာတော်ကြီ း တပည့် ကိုတိုးလေးမှ ဒေါက်တာ ဒေါ်မြင့်မြင့် မှကျွန်တော်ထပ်ဆင့်သိရခြင်းပါခင်ဗျာ …
ငှက်ပြောသီးဖီးကြမ်းတစ်လုံးကို အခွံပေါ်မှအပေါက်ဖောက်ပါ ခွေးတောက်ရွက်(၇)ရွက်ပတ်ထုတ်ပြီး၊ သုံးခွက်တစ်ခွက်တင်ပြုတ်ပါ၊ အခွံခွါပြီးပြုတ်ပြီးငှက်ပျောသီးစားပါ
အရည်ကိုလည်းသောက်ပါ။ ကျွန်တော်ကိုယ်တိုင်ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့မထွက်တာ ဆီးအိမ်မှာအောင့်နေတာ ဆီးနည်းတာ စတဲ့စတာတွေသက်သာပြီး၊
ကောင်းသွားလို့ အခုအဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့တိုက်ဆိုင်သူများရှိရင်ပေါ့ခင်ဗျာ။
အဘဦးဆန်းဝေကိုနှာခေါင်းပိုက်ထည့်ထားရလို့ပြုတ်ရည်ကိုဘဲထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာအချိန်ပိုခြားသွားပြီး၊ ဆီးများများထွက်ပြီး ဆီးသွားရတာလွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ
ငြုပ်သီးစားပြီးဆီးအောင့်လေ့ရှိတဲ့့ ဇနီးကလည်းဝမ်းသာအားရဖုန်းဆက်လာတယ်။
ကျန်နေတဲ့ငှက်ပျောသီးဂွေးတောက်ရွက်ပြုတ် တစ်လုံးစားလိုက်တော့ သုံးညဆက်တိုက်ဆီးသုံးကြိမ် ထသွားရပြီး အခုဆီးအောင့်နေတာပျောက်သွားသတဲ့ခင်ဗျာ။
ဆီးဆေးကဆရာဝန်ခွင့်ပြုချက်ပါမှရောင်းချခွင့်ရှိတာမို့ ဒီနည်းကိုသာသုံးကြပါလို့