Sat. Jan 22nd, 2022

Zawgyi

အစာအိမ္ေလထိုး၊ ေလေအာင့္တယ္ဆိုတာ တကယ္ကိုခံစားရခက္တဲ့ ေဝဒနာတစ္ခုပါ။ စားခ်င္တာေတြစားၿပီး ဗိုက္ထဲမွာ တင္းၿပီးေအာင့္လာလို႔ တကယ္ကို သက္ေသာင့္သက္သာ မရွိေစပါဘူး။ အစာအိမ္ျပႆနာရွိတဲ့သူ အမ်ားစု ျဖစ္တတ္ၿပီး၊

ေလထစာေတြ စားလိုက္ရင္ ပိုဆိုးသြားတတ္ပါတယ္။ ဒါေၾကာင့္ ေလထတဲ့ ေဝဒနာကို မခံစားခ်င္ဘူးဆိုရင္ ဘယ္လိုအစားအေသာက္ေတြက ေလထေစလဲဆိုတာ သိထားဖို႔လိုအပ္ၿပီး ေရွာင္သင့္ပါတယ္။

ပဲအမ်ိဳးမ်ိဳး

အမွ်င္ဓာတ္၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့ အျပင္ ပ႐ိုတင္းဓာတ္ေတြ အမ်ားႀကီးပါတဲ့ ပဲအမ်ိဳးမ်ိဳးဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတယ္ေပမယ့္ ဆိုးက်ိဳးအေနနဲ႔ ေလေအာင့္တာကိုျဖစ္ေစတတ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ပဲမွာပါတဲ့ ကာဘိုဟိုက္ဒရိတ္ တစ္မ်ိဳးဟာ အူအတြင္းမွာ ရွိတဲ့ ဘက္တီးရီးယားေၾကာင့္ အခ်ဥ္ေပါက္သြားၿပီး gas ေတြထြက္လာတာျဖစ္ပါတယ္။ ဒီထြက္လာတဲ့ ေလေတြဟာ အျပင္ကို မထြက္ႏိုင္ဘဲ အူထဲမွာပဲ ပတ္ေနလို႔ ေလထိုးေလေအာင့္ ျဖစ္ရတာျဖစ္ပါတယ္။

Gas ပါတဲ့ ေဖ်ာ္ရည္မ်ား

Gas ပါတဲ့ ေဖ်ာ္ရည္ေတြေၾကာင့္ အစာအိမ္နဲ႔ အူထဲကို gas ေတြ တိုက္႐ိုက္ဝင္သြားၿပီး ေလထိုးေလေအာင့္ကိုျဖစ္ေစပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳ ေရာဂါနဲ႔ အဝလြန္ေရာဂါကို ျဖစ္ေစတဲ့ အခ်ိဳရည္ေတြကို မေသာက္ရင္ အေကာင္းဆုံးပါ။ အဲဒီအစား လတ္လတ္ဆတ္ဆတ္သစ္သီး ေဖ်ာ္ရည္ေတြကို ေသာက္ေပးပါ။

ဂ်ဳံၾကမ္း

ဂ်ဳံၾကမ္းထဲမွာ Gluten လို႔ေခၚတဲ့ ပ႐ိုတင္းတစ္မ်ိဳးပါၿပီး ေလထျခင္း၊ အစာအိမ္ေအာင့္ျခင္းနဲ႔ ဝမ္းေလွ်ာျခင္းတို႔ကို ျဖစ္ေစတဲ့ အဓိကတရားခံပါ။

ေပါင္မုန႔္ျဖဴ၊ ပါစတာနဲ႔ အျခား ဖုတ္ထားတဲ့ မုန႔္ေတြထဲမွာ Gluten ေတြ အမ်ားႀကီးပါလို႔ သူတို႔ကေလထေစတဲ့ အစားအစာေတြပါ။

ၾကက္သြန္နီ ၾကက္သြန္ျဖဴ

ၾကက္သြန္နီမွာ ပါဝင္တဲ့ fructans လို႔ေခၚတဲ့ ေပ်ာ္ဝင္လြယ္တဲ့ အမွ်င္ဓာတ္တစ္မ်ိဳးျဖစ္ၿပီး သူက ေလထျခင္းကိုျဖစ္ေစပါတယ္။ fructans ဟာ ၾကက္သြန္ျဖဴ မွာလည္း ပါတာေၾကာင့္ သူတို႔ကိုစားၿပီးရင္ ေလထျခင္းကို ျဖစ္ေစတတ္ပါတယ္။

ေဂၚဖီထုပ္ေတြ

ေဂၚဖီထုပ္ ေတြ၊ ပန္းေဂၚဖီစိမ္း နဲ႔ မုန္လာစိမ္းတို႔မွာ အလြယ္တကူ မေခ်ဖ်က္ႏိုင္တဲ့ အမွ်င္ဓာတ္ေတြပါတာေၾကာင့္ သူတို႔ဟာ ေလထိုးေလေအာင့္ကို ျဖစ္ေစတဲ့ အစားအေသာက္ေတြပါ။

ႏို႔ နဲ႔ ႏို႔ထြက္ ပစၥည္းေတြ

ကယ္လ္ဆီယမ္နဲ႔ ပ႐ိုတင္းဓာတ္ ေတြ ႂကြယ္ဝစြာပါဝင္ၿပီး ေသာက္လို႔၊ စားလို႔ေကာင္းတဲ့ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ lactose ဓာတ္ တစ္မ်ိဳးပါဝင္တာေၾကာင့္ lactose ကို မေခ်ဖ်က္ႏိုင္တဲ့ လူေတြ အေနနဲ႔ ႏို႔ေသာက္ၿပီးတိုင္း ေလထ၊ ဗိုက္ေအာင့္တာေတြ ျဖစ္ေနရတာပါ။

သဘာဝ အခ်ိဳ မဟုတ္တဲ့ အစားအစာေတြ

ေဖ်ာ္ရည္ေတြ၊ ပီေက ေတြ၊ ေတြ မွာ အေတြ႕မ်ားတဲ့ သဘာဝအတိုင္းမဟုတ္တဲ့ သၾကားဓာတ္ ေတြျဖစ္တဲ့ xylitol, sorbitol and mannitol တို႔ဟာ ဘက္တီးရီးယားေတြ ရဲ႕ တည္ေနရာျဖစ္တဲ့ အူမႀကီးထဲ တန္းေရာက္သြားၿပီး ေလထျခင္းကိုျဖစ္ေစပါတယ္။

ဘီယာ

မုေယာစပါး တို႔၊ ပန္းဂ်ဳံတို႔၊ ဘာလီေစ့တို႔ကို အေျခခံၿပီးထုတ္ထားတဲ့ ဘီယာ ေသာက္လြန္းရင္ ဗိုက္ပူတာကို ျဖစ္ေစ႐ုံမက အူအတြင္းက ဘက္တီးရီးယားေတြနဲ႔ ဓာတ္ျပဳလို႔ ေလထျခင္းကိုလည္း ျဖစ္ေစတတ္ပါတယ္။

ကဲ ကိုယ္ကလည္း အစတည္းက ေလထတတ္တဲ့သူ၊ အစာအိမ္နဲ႔ ပက္သက္တဲ့ ျပႆနာေတြလည္းရွိတဲ့သူဆိုရင္ေတာ့ ေလထေစတဲ့ အစားအေသာက္ေတြကို ေရွာင္စားတာကသာ အေကာင္းဆုံးပါ။

Credit – Hello Health Group

Unicode

အစာအိမ်လေထိုး၊ လေအောင့်တယ်ဆိုတာ တကယ်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ စားချင်တာတွေစားပြီး ဗိုက်ထဲမှာ တင်းပြီးအောင့်လာလို့ တကယ်ကို သက်သောင့်သက်သာ မရှိစေပါဘူး။ အစာအိမ်ပြဿနာရှိတဲ့သူ အများစု ဖြစ်တတ်ပြီး၊

လေထစာတွေ စားလိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လေထတဲ့ ဝေဒနာကို မခံစားချင်ဘူးဆိုရင် ဘယ်လိုအစားအသောက်တွေက လေထစေလဲဆိုတာ သိထားဖို့လိုအပ်ပြီး ရှောင်သင့်ပါတယ်။

ပဲအမျိုးမျိုး

အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အပြင် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့ ပဲအမျိုးမျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ပေမယ့် ဆိုးကျိုးအနေနဲ့ လေအောင့်တာကိုဖြစ်စေတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပဲမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဟာ အူအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် အချဉ်ပေါက်သွားပြီး gas တွေထွက်လာတာဖြစ်ပါတယ်။ ဒီထွက်လာတဲ့ လေတွေဟာ အပြင်ကို မထွက်နိုင်ဘဲ အူထဲမှာပဲ ပတ်နေလို့ လေထိုးလေအောင့် ဖြစ်ရတာဖြစ်ပါတယ်။

Gas ပါတဲ့ ဖျော်ရည်များ

Gas ပါတဲ့ ဖျော်ရည်တွေကြောင့် အစာအိမ်နဲ့ အူထဲကို gas တွေ တိုက်ရိုက်ဝင်သွားပြီး လေထိုးလေအောင့်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးချို ရောဂါနဲ့ အဝလွန်ရောဂါကို ဖြစ်စေတဲ့ အချိုရည်တွေကို မသောက်ရင် အကောင်းဆုံးပါ။ အဲဒီအစား လတ်လတ်ဆတ်ဆတ်သစ်သီး ဖျော်ရည်တွေကို သောက်ပေးပါ။

ဂျုံကြမ်း

ဂျုံကြမ်းထဲမှာ Gluten လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးပါပြီး လေထခြင်း၊ အစာအိမ်အောင့်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတဲ့ အဓိကတရားခံပါ။

ပေါင်မုန့်ဖြူ၊ ပါစတာနဲ့ အခြား ဖုတ်ထားတဲ့ မုန့်တွေထဲမှာ Gluten တွေ အများကြီးပါလို့ သူတို့ကလေထစေတဲ့ အစားအစာတွေပါ။

ကြက်သွန်နီ ကြက်သွန်ဖြူ

ကြက်သွန်နီမှာ ပါဝင်တဲ့ fructans လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပြီး သူက လေထခြင်းကိုဖြစ်စေပါတယ်။ fructans ဟာ ကြက်သွန်ဖြူ မှာလည်း ပါတာကြောင့် သူတို့ကိုစားပြီးရင် လေထခြင်းကို ဖြစ်စေတတ်ပါတယ်။

ဂေါ်ဖီထုပ်တွေ

ဂေါ်ဖီထုပ် တွေ၊ ပန်းဂေါ်ဖီစိမ်း နဲ့ မုန်လာစိမ်းတို့မှာ အလွယ်တကူ မချေဖျက်နိုင်တဲ့ အမျှင်ဓာတ်တွေပါတာကြောင့် သူတို့ဟာ လေထိုးလေအောင့်ကို ဖြစ်စေတဲ့ အစားအသောက်တွေပါ။

နို့ နဲ့ နို့ထွက် ပစ္စည်းတွေ

ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓာတ် တွေ ကြွယ်ဝစွာပါဝင်ပြီး သောက်လို့၊ စားလို့ကောင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ lactose ဓာတ် တစ်မျိုးပါဝင်တာကြောင့် lactose ကို မချေဖျက်နိုင်တဲ့ လူတွေ အနေနဲ့ နို့သောက်ပြီးတိုင်း လေထ၊ ဗိုက်အောင့်တာတွေ ဖြစ်နေရတာပါ။

သဘာဝ အချို မဟုတ်တဲ့ အစားအစာတွေ

ဖျော်ရည်တွေ၊ ပီကေ တွေ၊ တွေ မှာ အတွေ့များတဲ့ သဘာဝအတိုင်းမဟုတ်တဲ့ သကြားဓာတ် တွေဖြစ်တဲ့ xylitol, sorbitol and mannitol တို့ဟာ ဘက်တီးရီးယားတွေ ရဲ့ တည်နေရာဖြစ်တဲ့ အူမကြီးထဲ တန်းရောက်သွားပြီး လေထခြင်းကိုဖြစ်စေပါတယ်။

ဘီယာ

မုယောစပါး တို့၊ ပန်းဂျုံတို့၊ ဘာလီစေ့တို့ကို အခြေခံပြီးထုတ်ထားတဲ့ ဘီယာ သောက်လွန်းရင် ဗိုက်ပူတာကို ဖြစ်စေရုံမက အူအတွင်းက ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုလို့ လေထခြင်းကိုလည်း ဖြစ်စေတတ်ပါတယ်။

ကဲ ကိုယ်ကလည်း အစတည်းက လေထတတ်တဲ့သူ၊ အစာအိမ်နဲ့ ပက်သက်တဲ့ ပြဿနာတွေလည်းရှိတဲ့သူဆိုရင်တော့ လေထစေတဲ့ အစားအသောက်တွေကို ရှောင်စားတာကသာ အကောင်းဆုံးပါ။

Credit – Hello Health Group