Sun. Nov 28th, 2021

Zawgyi

မိန္းမျမတ္ အဂၤါ (၉) ပါး

မိန္းမေကာင္း ၊ မိန္းမျမတ္ဆိုတာ ကိုယ့္သမိုင္း ကိုယ္တိုင္ေရး ကိုယ့္ဘဝတန္ဖိုး ၊ ကိုယ္သိ ကိုယ့္အရွိ ကိုယ္ထိန္း ျငမ္းမရွိလည္း၊ ဘုရားတည္နိင္ မွီခိုမကင္းနိင္တံ့ ၊ ႏြယ္တစင္းေတာ့ မဟုတ္ဘူး…

ကိုယ္လမ္းကိုယ္၊ ကိုယ္သာေဖာက္ ကိုယ့္ဒူးကို၊ ကိုယ္သာခြၽန္ ကိုယ့္ဝန္ကို၊ ကိုယ္သာထမ္း ကိုယ့္အားကိုယ္၊ ကိုးတတ္တယ္..။

မိန္းမေကာင္း ၊မိန္းမျမတ္ဆိုတာ ေလာကဓံရွစ္ပါး၊ ႀကံ့ႀကံ့ခံဖို႔ ေမြးဖြားလာၾကတာမိုးသည္း၊ ေလထန္ လွိူင္းဂယက္ေတြ ထန္ပါေစ၊ တက္မရွိလည္း၊

လက္နဲေလွာ္ ဘဝပင္လယ္ဆိုတာ၊ သု႔အေဖာ္ပဲ အားလည္းမေလ်ာ့၊ မာန္မေလ်ာ့ပဲ စိတ္ခံစားမႈကိုထိန္းခ်ဳပ္ႏိုင္ၾကတယ္။

မိန္းမအမ်ားစုဟာ ႐ုတ္ရင္း ၾကမ္းတမ္း သိမ္ဖ်င္းတဲ့၊ စကားဆန္းေတြနဲ႔ ဣသာမစၶရိယၾကားပါ ၊ ေပ်ာ္ပါး အတင္းစကား၊ အဖ်င္းစကား ေျပာၾကတာမ်ားေပမဲ့

မိန္းမေကာင္း၊ မိန္းမျမတ္ အမ်ားစုကေတာ့ အတင္းေျပာခဲပါတယ္ အဓိကကေတာ့ ၊အတင္းေျပာတယ္ ဆိုတာဟာ ၊ ႏွစ္ဦးႏွစ္ဖက္ က်ိဳးမဲ့စီးပြား ၊

အကုသိုလ္မ်ားတဲ့ အခ်ိန္ျဖဳန္းျခင္းတစ္မ်ိဳးလို႔ သူတို႔ ခံယူထားတဲ့အတြက္ အတင္းမေျပာၾကဘူး…။

ပုရိသေယာက်္ား စိတ္ဝင္စားဖို႔ ၊ ယုယပိုက္ေထြး အလိမ္အညာေလးနဲ႔ ပလီပလာ ၊ မူမာယာၾကားမွာ သာယာရစ္မူး ၊ ေပ်ာ္ျမဴးခ်င္တာကို မိန္းမအမ်ားစုက ၊

ခံယူခ်င္ၾကေပမယ့္ မိန္းမေကာင္း ၊ မိန္းမျမတ္ေတြကေတာ့ ဘဝကို ႐ိုးရွင္း၊ ေက်ာ့ရွင္းတဲ့အိ​ေျႏၵ အပိုအလုပ္ေတြ သူတို႔မလုပ္ ဘဝကို … ႐ိုးရွင္းစြာအသက္ရွင္​ ျဖတ္သန္းခ်င္ၾကတယ္..။

ေဖာက္ျပန္​ေနတဲ့ ၊ ေလာက သစၥာစကားဟာ ၊ ေ႐ႊထက္ရွားတဲ့ ေခတ္ႀကီးမွာ ၊ အာဏာရာထူး စည္းစိမ္ထူးေတြနဲ႔ ျမဴဆြယ္မရ တစ္လင္ တစ္မယား ၊ မိန္းမေကာင္း ၊

မိန္းမျမတ္မ်ားဟာ ကိုယ့္ခ်စ္သူ ၊ ကိုယ့္ခင္ပြန္း ကိုယ့္ၾကင္ေဖာ္ တစ္ေယာက္ တည္းကိုသာ စြဲစြဲၿမဲၿမဲခ်စ္ၿပီး … သစၥာခိုင္ၿမဲ ၊ ေ႐ႊလက္တြဲလိုကာ အိမ္ေထာင္ဖက္ အေပၚမွာလည္းသစၥာရွိတယ္..။

မိန္းမျမတ္ေတြဆိုတာ ကိုယ့္ဝါသနာ ၊ ကိုယ္ခံယူခ်က္ကိုယ့္ဒႆနနဲ႔ကိုယ္ ကိုယ္ဘဝလမ္းေၾကာင္း ေျဖာင့္တန္းေအာင္ ၊ ပန္းခ်ီဆြဲ ကိုယ္ပိုင္ဘဝကို ကိုယ္ကိုင္တိုင္ထုဆစ္

လက္ေတြ႕ၾကေအာင္ အေကာင္ အထည္ေဖာ္ ေလာကႀကီးအတြက္ ႐ိုးရွင္းစြာ အသက္ေမြးၾကသူမ်ားျဖစ္ၿပီး ဆန္းျပားစြာ ေတြးေခၚ ကိုယ္ပိုင္ဝါသနာ ႏွင့္ခံယူခ်က္ရွိသူေတြသာျဖစ္တယ္..။

မိန္းမေကာင္း ၊ မိန္းမျမတ္ဆိုတာ အသိတရားျမင့္မား ၊ဘာသာတရားကို ကိုင္းရွိူင္း႐ိုေသတယ္ ႀကီးသူကို႐ိုေသ ၊ ငယ္သူကိုေလးစား နိမ့္ပါးသူကို ၊

သနားညႇာတာ ဘာသာရပ္တစ္ခုကို အလြယ္တကူ ၊ တတ္ေျမာက္ႏိုင္တဲ့ အစြမ္းသတၱိရွိၾကတယ္….

ဥာဏ္ေကာင္းတယ္မဆိုလို အေၾကာင္းအက်ိဳး ၊ အေကာင္းအဆိုးကို ျပတ္ျပတ္သားသား ၊ ဆုံးျဖတ္ႏိုင္တဲ့ အသိတရား ျမင့္မားတယ္ေဖာ္ေ႐ြတဲ့အၿပဳံး ၊

႐ႊင္ၿပဳံးတဲ့အမူအယာ လန္းဆန္းတဲ့ ၊ ပန္းတစ္ပြင့္အလား မိန္းမေကာင္း ၊ မိန္းမျမတ္တို႔ဟာ စိတ္ထားၾကည္သလို မ်က္နာကလည္း ခ်ိဳလွပါတယ္..

ၿပဳံး႐ႊင္ေနတဲ့ မ်က္ႏွာထားဟာ တိမ္သလာကင္းတဲ့ ၊ လျပည့္ညရဲ႕ ဖိုးလမင္းႀကီးက ၊ အားက်ေလာက္ေအာင္ ျမင္ရသူအေပါင္းရဲ႕ စိတ္ကို ၾကည္ႏူးေစပါတယ္

ဆူပုတ္ေနတဲ့ မ်က္ႏွာထားကို ဘယ္ေတာ့မွ ၊ ေဖာ္ျပေလ့မရွိဘဲ အၿမဲတမ္း ၿပဳံး႐ႊင္ တက္ႂကြေနၿပီး မ်က္ႏွာထား ၊ လြန္စြာ ခ်ိဳသာတယ္။

မိန္းမေကာင္း ၊ မိန္းမျမတ္ေတြဆိုတာ ႀကီးငယ္မဟူ ၊ ႐ြယ္တူမေ႐ႊး လူမ်ိဳးတစ္ရာ့တစ္ပါးနဲ႔ ေျပလည္ေအာင္ ၊အလိုက္သင့္ ေပါင္းသင္းတတ္ၿပီး လူမုန္းမမ်ား ၊

ခ်စ္ခင္သူမ်ားၿပီးလူတိုင္းႏွင့္ တည့္ေအာင္ ေပါင္းသင္းတတ္တဲ့ ၊ အသိတရားလည္း လက္ကိုင္ထားတဲ့အတြက္ဆက္ဆံေရး ပါရဂူဘြဲ႕ရေလာက္ေအာင္ ဆက္ဆံေရး ေကာင္းမြန္ၾကပါတယ္။ ႐ႊင္လန္းခ်မ္းေျမ့ပါေစ …

ေလးစားစြာျဖင့္

Credit; Moe. Moe Zat

Unicode

မိန်းမမြတ် အင်္ဂါ (၉) ပါး

မိန်းမကောင်း ၊ မိန်းမမြတ်ဆိုတာ ကိုယ့်သမိုင်း ကိုယ်တိုင်ရေး ကိုယ့်ဘဝတန်ဖိုး ၊ ကိုယ်သိ ကိုယ့်အရှိ ကိုယ်ထိန်း ငြမ်းမရှိလည်း၊ ဘုရားတည်နိင် မှီခိုမကင်းနိင်တံ့ ၊ နွယ်တစင်းတော့ မဟုတ်ဘူး…

ကိုယ်လမ်းကိုယ်၊ ကိုယ်သာဖောက် ကိုယ့်ဒူးကို၊ ကိုယ်သာချွန် ကိုယ့်ဝန်ကို၊ ကိုယ်သာထမ်း ကိုယ့်အားကိုယ်၊ ကိုးတတ်တယ်..။

မိန်းမကောင်း ၊မိန်းမမြတ်ဆိုတာ လောကဓံရှစ်ပါး၊ ကြံ့ကြံ့ခံဖို့ မွေးဖွားလာကြတာမိုးသည်း၊ လေထန် လှိူင်းဂယက်တွေ ထန်ပါစေ၊ တက်မရှိလည်း၊

လက်နဲလှော် ဘဝပင်လယ်ဆိုတာ၊ သု့အဖော်ပဲ အားလည်းမလျော့၊ မာန်မလျော့ပဲ စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ကြတယ်။

မိန်းမအများစုဟာ ရုတ်ရင်း ကြမ်းတမ်း သိမ်ဖျင်းတဲ့၊ စကားဆန်းတွေနဲ့ ဣသာမစ္ဓရိယကြားပါ ၊ ပျော်ပါး အတင်းစကား၊ အဖျင်းစကား ပြောကြတာများပေမဲ့

မိန်းမကောင်း၊ မိန်းမမြတ် အများစုကတော့ အတင်းပြောခဲပါတယ် အဓိကကတော့ ၊အတင်းပြောတယ် ဆိုတာဟာ ၊ နှစ်ဦးနှစ်ဖက် ကျိုးမဲ့စီးပွား ၊

အကုသိုလ်များတဲ့ အချိန်ဖြုန်းခြင်းတစ်မျိုးလို့ သူတို့ ခံယူထားတဲ့အတွက် အတင်းမပြောကြဘူး…။

ပုရိသယောကျ်ား စိတ်ဝင်စားဖို့ ၊ ယုယပိုက်ထွေး အလိမ်အညာလေးနဲ့ ပလီပလာ ၊ မူမာယာကြားမှာ သာယာရစ်မူး ၊ ပျော်မြူးချင်တာကို မိန်းမအများစုက ၊

ခံယူချင်ကြပေမယ့် မိန်းမကောင်း ၊ မိန်းမမြတ်တွေကတော့ ဘဝကို ရိုးရှင်း၊ ကျော့ရှင်းတဲ့အိ​န္ဒြေ အပိုအလုပ်တွေ သူတို့မလုပ် ဘဝကို … ရိုးရှင်းစွာအသက်ရှင်​ ဖြတ်သန်းချင်ကြတယ်..။

ဖောက်ပြန်​နေတဲ့ ၊ လောက သစ္စာစကားဟာ ၊ ရွှေထက်ရှားတဲ့ ခေတ်ကြီးမှာ ၊ အာဏာရာထူး စည်းစိမ်ထူးတွေနဲ့ မြူဆွယ်မရ တစ်လင် တစ်မယား ၊

မိန်းမကောင်း ၊ မိန်းမမြတ်များဟာ ကိုယ့်ချစ်သူ ၊ ကိုယ့်ခင်ပွန်း ကိုယ့်ကြင်ဖော် တစ်ယောက် တည်းကိုသာ စွဲစွဲမြဲမြဲချစ်ပြီး … သစ္စာခိုင်မြဲ ၊ ရွှေလက်တွဲလိုကာ အိမ်ထောင်ဖက် အပေါ်မှာလည်းသစ္စာရှိတယ်..။

မိန်းမမြတ်တွေဆိုတာ ကိုယ့်ဝါသနာ ၊ ကိုယ်ခံယူချက်ကိုယ့်ဒဿနနဲ့ကိုယ် ကိုယ်ဘဝလမ်းကြောင်း ဖြောင့်တန်းအောင် ၊ ပန်းချီဆွဲ ကိုယ်ပိုင်ဘဝကို

ကိုယ်ကိုင်တိုင်ထုဆစ် လက်တွေ့ကြအောင် အကောင် အထည်ဖော် လောကကြီးအတွက် ရိုးရှင်းစွာ အသက်မွေးကြသူများဖြစ်ပြီး ဆန်းပြားစွာ တွေးခေါ် ကိုယ်ပိုင်ဝါသနာ နှင့်ခံယူချက်ရှိသူတွေသာဖြစ်တယ်..။

မိန်းမကောင်း ၊ မိန်းမမြတ်ဆိုတာ အသိတရားမြင့်မား ၊ဘာသာတရားကို ကိုင်းရှိူင်းရိုသေတယ် ကြီးသူကိုရိုသေ ၊ ငယ်သူကိုလေးစား နိမ့်ပါးသူကို ၊

သနားညှာတာ ဘာသာရပ်တစ်ခုကို အလွယ်တကူ ၊ တတ်မြောက်နိုင်တဲ့ အစွမ်းသတ္တိရှိကြတယ်….

ဥာဏ်ကောင်းတယ်မဆိုလို အကြောင်းအကျိုး ၊ အကောင်းအဆိုးကို ပြတ်ပြတ်သားသား ၊ ဆုံးဖြတ်နိုင်တဲ့ အသိတရား မြင့်မားတယ်

ဖော်ရွေတဲ့အပြုံး ၊ ရွှင်ပြုံးတဲ့အမူအယာ လန်းဆန်းတဲ့ ၊ ပန်းတစ်ပွင့်အလား မိန်းမကောင်း ၊ မိန်းမမြတ်တို့ဟာ စိတ်ထားကြည်သလို မျက်နာကလည်း ချိုလှပါတယ်..

ပြုံးရွှင်နေတဲ့ မျက်နှာထားဟာ တိမ်သလာကင်းတဲ့ ၊ လပြည့်ညရဲ့ ဖိုးလမင်းကြီးက ၊ အားကျလောက်အောင် မြင်ရသူအပေါင်းရဲ့ စိတ်ကို ကြည်နူးစေပါတယ်

ဆူပုတ်နေတဲ့ မျက်နှာထားကို ဘယ်တော့မှ ၊ ဖော်ပြလေ့မရှိဘဲ အမြဲတမ်း ပြုံးရွှင် တက်ကြွနေပြီး မျက်နှာထား ၊ လွန်စွာ ချိုသာတယ်။

မိန်းမကောင်း ၊ မိန်းမမြတ်တွေဆိုတာ ကြီးငယ်မဟူ ၊ ရွယ်တူမရွှေး လူမျိုးတစ်ရာ့တစ်ပါးနဲ့ ပြေလည်အောင် ၊အလိုက်သင့် ပေါင်းသင်းတတ်ပြီး လူမုန်းမများ ၊

ချစ်ခင်သူများပြီးလူတိုင်းနှင့် တည့်အောင် ပေါင်းသင်းတတ်တဲ့ ၊ အသိတရားလည်း လက်ကိုင်ထားတဲ့အတွက်ဆက်ဆံရေး ပါရဂူဘွဲ့ရလောက်အောင် ဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ …

လေးစားစွာဖြင့်

Credit; Moe. Moe Zat