ကိုယ့်စေတနာအတိုင်း အကျိုးပေးမယ်

Zawgyi

တခါက လူတေယာက္ဟာ ဘုန္ႀကီးေက်ာင္းအဝင္ တံခါးဝကို ေရာက္လာခဲ့တယ္။ ရဟန္းတပါးက တံခါးကို လာဖြင့္ေပးတယ္။ အဲဒီလူက ရဟန္းကို သူ႔လက္ထဲမွာ ကိုင္လာတဲ့ စပ်စ္သီး တခိုင္ကို ကပ္ၿပီး အခုလို ေျပာလိုက္တယ္။ “ဒီစပ်စ္သီးက တပည့္ေတာ္ရဲ႕ ၿခံမွာ စိုက္ထားတဲ့ အသီးေတြထဲက အလွဆုံး အေကာင္းဆုံးပါ။ အရွင္ဘုရားကို ကပ္လႉတာပါ ဘုရား” “ေအးကြာ၊ ဒကာေတာ္ရဲ႕ စပ်စ္သီးေတြဟာ အရသာရွိပုံ ရတယ္။ ဘုန္းႀကီး ဆရာေတာ္ကို ကပ္လိုက္မယ္”

“မဟုတ္ပါဘူး ဘုရား။ ဒီအသီးေတြဟာ အရွင္ဘုရား အတြက္ပါ။ တပည့္ေတာ္ ေက်ာင္းကို လာတိုင္း အရွင္ဘုရားပဲ တံခါး လာဖြင့္ေပးတယ္။ မႏွစ္က ေရႀကီးၿပီး တပည့္ေတာ္ စိုက္ထားတဲ့ သီးႏွံေတြ ပ်က္စီးသြားလို႔ တပည့္ေတာ္မွာ စားစရာ မရွိတုန္း အရွင္ဘုရားရဲ႕ ဆြမ္းထဲက တပည့္ေတာ္ကို ခြဲေဝေကြၽးတယ္။ အဲဒီအတြက္ ေက်းဇူးတင္လြန္းလို႔ အရွင္ဘုရားကို ေပးလႉတာပါ ဘုရား” “ဒါဆိုရင္လည္း ေကာင္းပါၿပီ။ ဘုန္းႀကီး ယူထားလိုက္မယ္”

ရဟန္းလည္း စပ်စ္ခိုင္ကို သူ႔အခန္းထဲက နံရံမွာ ခ်ိတ္ဆြဲထားၿပီး မစားရက္ဘဲ တစိမ့္စိမ့္ ၾကည့္ေနတယ္။ ၿပီးေတာ့ သူ႔ကို စာသင္ေပးတဲ့ ဆရာေတာ္ကို စားေစခ်င္တယ္။ ဒါေၾကာင့္ စပ်စ္ခိုင္ကို ဆရာေတာ္ထံ ကပ္လိုက္တယ္။ ဆရာေတာ္လည္း ရဟန္းကပ္တဲ့ စပ်စ္ခိုင္ကို ၾကည့္ရင္း စားခ်င္စိတ္ ေပၚလာတယ္။ ဒါေပမဲ့ ေနမေကာင္း ျဖစ္ေနတဲ့ ကပၸိယႀကီးကို သတိရၿပီး သူ အစားအေသာက္ ပ်က္ေနရွာတယ္။ သူ စပ်စ္သီး စားရရင္ ဝမ္းသာသြားမယ္လို႔ စဥ္းစားၿပီး ကပၸိယႀကီးကို စပ်စ္ခိုင္ စြန႔္ႀကဲလိုက္တယ္။

ကပၸိယႀကီး ကလည္း အလြန္လွပၿပီး အရသာရွိမယ့္ စပ်စ္သီးေတြကို စားခါနီးမွ တခုကို သတိရ လိုက္တယ္။ ေက်ာင္းက ထမင္းခ်က္ဟာ သူ႔အေပၚ အလြန္ ေကာင္းတယ္။ သူေနမေကာင္းတုန္း စားစရေလး ေတြကို ႀကံဖန္ ခ်က္ေကြၽး ရွာတယ္။ ဒါေၾကာင့္ ဒီစပ်စ္သီးကို သူစားပါေစ ဆိုၿပီး စပ်စ္ခိုင္ကို ထမင္းခ်က္ကို ေပးလိုက္ျပန္တယ္။ ထမင္းခ်က္လည္း စပ်စ္သီးကို စားခါနီးမွ ေက်ာင္းမွာ အငယ္ဆုံး ျဖစ္တဲ့ ကိုရင္ေလးကို သတိရလိုက္တယ္။ သူဟာ ကိုရင္ေလးကို အလြန္ ခ်စ္တယ္။

ဒါေၾကာင့္ စပ်စ္ခိုင္ကို ကိုရင္ေလးကို ကပ္လိုက္ ျပန္တယ္။ ကိုရင္ေလးဟာ သူအျပင္က ျပန္လာတိုင္း ေက်ာင္းတံခါးကို လာဖြင့္ေပးတဲ့ ရဟန္းကို သတိရလိုက္ ျပန္တယ္။ ရဟန္းဟာ သူ႔ကို ေက်ာင္းမွာ ဘယ္လို ေနရမယ္၊ ဘယ္လို ထိုင္ရမယ္ ဆိုၿပီး အၿမဲ လမ္းၫႊန္ ဆုံးမတယ္။ ရဟန္းကို သူ အလြန္ေလးစားတယ္။ ဒါေၾကာင့္ အဲဒီ စပ်စ္သီးကို မစားဘဲ ရဟန္းကို ကပ္လိုက္တယ္။ ရဟန္းလည္း သူက ဆရာေတာ္ကို ကပ္လိုက္တဲ့ စပ်စ္သီးဟာ ေနာက္ဆုံး သူ႔ဆီ ျပန္ေရာက္ လာတာဟာ သူစားထိုက္လို႔ပဲ ဆိုၿပီး စပ်စ္သီးေတြကို အားရပါးရ စားလိုက္ပါေတာ့တယ္။

ဒီအျဖစ္အပ်က္ေလးဟာ ဘာကို ျပလိုက္သလဲ။ က်ေနာ္တို႔ဟာ အက်ိဳး တစုံတရာ မေမွ်ာ္ကိုးပဲ အလႉအတန္း ျပဳလိုက္ရင္ လႉရတဲ့ အက်ိဳးဟာ မိမိဆီ မလြဲမေသြ ေရာက္လာမယ္ ဆိုတာပါ။

ေလးစားစြာျဖင့္ Credit – မူရင္းေရးသူ

Unicode

တခါက လူတယောက်ဟာ ဘုန်ကြီးကျောင်းအဝင် တံခါးဝကို ရောက်လာခဲ့တယ်။ ရဟန်းတပါးက တံခါးကို လာဖွင့်ပေးတယ်။ အဲဒီလူက ရဟန်းကို သူ့လက်ထဲမှာ ကိုင်လာတဲ့ စပျစ်သီး တခိုင်ကို ကပ်ပြီး အခုလို ပြောလိုက်တယ်။ “ဒီစပျစ်သီးက တပည့်တော်ရဲ့ ခြံမှာ စိုက်ထားတဲ့ အသီးတွေထဲက အလှဆုံး အကောင်းဆုံးပါ။ အရှင်ဘုရားကို ကပ်လှူတာပါ ဘုရား” “အေးကွာ၊ ဒကာတော်ရဲ့ စပျစ်သီးတွေဟာ အရသာရှိပုံ ရတယ်။ ဘုန်းကြီး ဆရာတော်ကို ကပ်လိုက်မယ်”

“မဟုတ်ပါဘူး ဘုရား။ ဒီအသီးတွေဟာ အရှင်ဘုရား အတွက်ပါ။ တပည့်တော် ကျောင်းကို လာတိုင်း အရှင်ဘုရားပဲ တံခါး လာဖွင့်ပေးတယ်။ မနှစ်က ရေကြီးပြီး တပည့်တော် စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးသွားလို့ တပည့်တော်မှာ စားစရာ မရှိတုန်း အရှင်ဘုရားရဲ့ ဆွမ်းထဲက တပည့်တော်ကို ခွဲဝေကျွေးတယ်။ အဲဒီအတွက် ကျေးဇူးတင်လွန်းလို့ အရှင်ဘုရားကို ပေးလှူတာပါ ဘုရား” “ဒါဆိုရင်လည်း ကောင်းပါပြီ။ ဘုန်းကြီး ယူထားလိုက်မယ်”

ရဟန်းလည်း စပျစ်ခိုင်ကို သူ့အခန်းထဲက နံရံမှာ ချိတ်ဆွဲထားပြီး မစားရက်ဘဲ တစိမ့်စိမ့် ကြည့်နေတယ်။ ပြီးတော့ သူ့ကို စာသင်ပေးတဲ့ ဆရာတော်ကို စားစေချင်တယ်။ ဒါကြောင့် စပျစ်ခိုင်ကို ဆရာတော်ထံ ကပ်လိုက်တယ်။ ဆရာတော်လည်း ရဟန်းကပ်တဲ့ စပျစ်ခိုင်ကို ကြည့်ရင်း စားချင်စိတ် ပေါ်လာတယ်။ ဒါပေမဲ့ နေမကောင်း ဖြစ်နေတဲ့ ကပ္ပိယကြီးကို သတိရပြီး သူ အစားအသောက် ပျက်နေရှာတယ်။ သူ စပျစ်သီး စားရရင် ဝမ်းသာသွားမယ်လို့ စဉ်းစားပြီး ကပ္ပိယကြီးကို စပျစ်ခိုင် စွန့်ကြဲလိုက်တယ်။

ကပ္ပိယကြီး ကလည်း အလွန်လှပပြီး အရသာရှိမယ့် စပျစ်သီးတွေကို စားခါနီးမှ တခုကို သတိရ လိုက်တယ်။ ကျောင်းက ထမင်းချက်ဟာ သူ့အပေါ် အလွန် ကောင်းတယ်။ သူနေမကောင်းတုန်း စားစရလေး တွေကို ကြံဖန် ချက်ကျွေး ရှာတယ်။ ဒါကြောင့် ဒီစပျစ်သီးကို သူစားပါစေ ဆိုပြီး စပျစ်ခိုင်ကို ထမင်းချက်ကို ပေးလိုက်ပြန်တယ်။ ထမင်းချက်လည်း စပျစ်သီးကို စားခါနီးမှ ကျောင်းမှာ အငယ်ဆုံး ဖြစ်တဲ့ ကိုရင်လေးကို သတိရလိုက်တယ်။ သူဟာ ကိုရင်လေးကို အလွန် ချစ်တယ်။

ဒါကြောင့် စပျစ်ခိုင်ကို ကိုရင်လေးကို ကပ်လိုက် ပြန်တယ်။ ကိုရင်လေးဟာ သူအပြင်က ပြန်လာတိုင်း ကျောင်းတံခါးကို လာဖွင့်ပေးတဲ့ ရဟန်းကို သတိရလိုက် ပြန်တယ်။ ရဟန်းဟာ သူ့ကို ကျောင်းမှာ ဘယ်လို နေရမယ်၊ ဘယ်လို ထိုင်ရမယ် ဆိုပြီး အမြဲ လမ်းညွှန် ဆုံးမတယ်။ ရဟန်းကို သူ အလွန်လေးစားတယ်။ ဒါကြောင့် အဲဒီ စပျစ်သီးကို မစားဘဲ ရဟန်းကို ကပ်လိုက်တယ်။ ရဟန်းလည်း သူက ဆရာတော်ကို ကပ်လိုက်တဲ့ စပျစ်သီးဟာ နောက်ဆုံး သူ့ဆီ ပြန်ရောက် လာတာဟာ သူစားထိုက်လို့ပဲ ဆိုပြီး စပျစ်သီးတွေကို အားရပါးရ စားလိုက်ပါတော့တယ်။

ဒီအဖြစ်အပျက်လေးဟာ ဘာကို ပြလိုက်သလဲ။ ကျနော်တို့ဟာ အကျိုး တစုံတရာ မမျှော်ကိုးပဲ အလှူအတန်း ပြုလိုက်ရင် လှူရတဲ့ အကျိုးဟာ မိမိဆီ မလွဲမသွေ ရောက်လာမယ် ဆိုတာပါ။

လေးစားစွာဖြင့် Credit – မူရင်းရေးသူ

Be the first to comment

Leave a Reply

Your email address will not be published.


*