ကလေးတွေရဲ့အနာဂတ်ကို ရုပ်ဆိုးသွားစေနိုင်တဲ့ မိဘတွေရဲ့အပြုအမူ (၉)မျိုး

Zawgyi

လူသားတိုင္းက ၿပီးျပည့္စုံေနသူေတြ မဟုတ္ၾကတာေၾကာင့္ အမွားေတြနဲ႔လည္း မကင္းပါဘူး။ အဲဒါေၾကာင့္ မိမိရဲ႕မရည္႐ြယ္ဘဲ လုပ္မိတဲ့ အျပဳအမူတခ်ိဳ႕က သူတစ္ပါးကို ထိခိုက္သြားေစတာလည္း ရွိပါတယ္။ ကေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့အခါမွာလည္း အခ်ိဳ႕နည္းလမ္းေတြက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြ ပိုရေနတတ္ပါတယ္။

၁။ မိမိကေလးကို အျခားသူေတြေရွ႕မွာ အျပစ္ေပးျခင္း

ကေလးက အမွားလုပ္မိတဲ့အခါ တခ်ိဳ႕မိဘေတြက စိတ္ျမန္ကိုယ္ျမန္နဲ႔ သူစိမ္းေတြ ေရွ႕မွာတင္ အျပစ္ေပးလိုက္ၾကပါတယ္။ အဲဒီအခ်ိန္မွာ ေဘးပတ္ဝန္းက်င္မွာ တျခားသူေတြရွိေနမွန္း သတိမထားမိေတာ့ပါဘူး။

ဒါေပမယ့္ ကေလးရဲ႕စိတ္ထဲမွာေတာ့ တျခားသူေတြ သူ႔အေပၚဘယ္လိုျမင္သြားမလဲ ဆိုတာကို စိုးရိမ္စိတ္ ျဖစ္လာပါတယ္။ လူအမ်ားႀကီးရွိတဲ့ေနရာမွာ ကေလးကို အျပစ္ေပးတာက လူေၾကာက္တဲ့စိတ္ေတြ၊ ရွက္စိတ္ေတြပိုၿပီး ကိုယ့္ကိုယ့္ကိုယ္ ယုံၾကည္မႈလည္း ေလ်ာ့ေစပါတယ္။

၂။ အတိတ္က ကိစၥေတြကို ဆြဲေျပာျခင္း

အခ်ိဳ႕မိဘေတြက ကေလးေတြ အျပစ္လုပ္မိတဲ့အခါ အရင္က အျပစ္ေတြကိုပါ ဆြဲေခၚၿပီး ထည့္ေျပာတတ္ၾကပါတယ္။ တစ္ခါတရံ အတိတ္က အျပစ္ေတြအတြက္ပါ ေပါင္းၿပီး အျပစ္ေပးတတ္ၾကပါတယ္။ တကယ္ေတာ့ အဲဒီအျပဳအမူက ကေလးေတြအတြက္ေတာ့ မိဘအေပၚမွာ ရင္းႏွီးမႈေတြ ေလ်ာ့သြားေစမွာပါ။

၃။ ကိုယ့္ကိုယ္ကိုယ္အတြက္ပဲ အခ်ိန္ေပးျခင္း

ကေလးေတြကို မေပြ႕ဖက္တာ၊ ခ်စ္ေၾကာင္းမေျပာတာ၊ ဂ႐ုမစိုက္တာက အထီးက်န္တဲ့စိတ္ကို ရသြားေစႏိုင္ပါတယ္။ ကေလးေတြရဲ႕ခံစားခ်က္ကို နားမေထာင္ေပးတဲ့အခါ ကေလးေတြကလည္း တျခားသူရဲ႕ခံစားခ်က္ကို နားလည္ေပးႏိုင္မွာ မဟုတ္ပါဘူး။

၄။ မေကာင္းတဲ့ အေလ့အထမ်ား

မိဘေတြဆိုတာ ကေလးေတြအတြက္ အၿမဲစံျပပါပဲ။ မိဘေတြရဲ႕အျပဳအမူတခ်ိဳ႕က မွားေနေပမယ့္လည္း ကေလးေတြရဲ႕စိတ္ထဲမွာေတာ့ မွန္တယ္လို႔ ထင္ေနမွာပါပဲ။ မိဘရဲ႕ေကာင္းတဲ့အျပဳအမူ၊ ဆိုးတဲ့အျပဳအမူ အားလုံးက ကေလးအေပၚ လႊမ္းမိုးႏိုင္စြမ္း ရွိပါတယ္။

၅။ အထိန္းခ်ဳပ္လြန္ျခင္း

တခ်ိဳ႕မိဘေတြက တစ္ခါတရံမွာ အထိန္းခ်ဳပ္လြန္ၿပီး သူတို႔သေဘာဆႏၵအတိုင္းပဲ လုပ္ခိုင္းပါတယ္။ အဲဒီအခါ မိဘရဲ႕ဆုံးျဖတ္ခ်က္မပါရင္ ဘာကိုမွ မလုပ္တတ္သူေတြအျဖစ္ကို ေရာက္သြားတတ္ပါတယ္။

၆။ အလိုလိုက္ျခင္း

မိဘေတြက သားသမီးေတြကို ခ်စ္တဲ့စိတ္ေၾကာင့္ အထိန္းအကြပ္မဲ့ၿပီး အၿမဲ အလိုလိုက္မိတတ္ၾကပါတယ္။ အလိုလိုက္ခံရတာနဲ႔ အသားက်သြားတဲ့ကေလးက တစ္ကိုယ္ေကာင္းဆန္တဲ့ အက်င့္ကို ရသြားၿပီး အျခားသူေတြနဲ႔ ဆက္ဆံဖို႔ ခက္ခဲသြားပါတယ္။ ထိန္းခ်ဳပ္လို႔မရတဲ့ ကေလးက မိဘေတြအတြက္သာမက ပတ္ဝန္းက်င္ကိုလည္း စိတ္အေႏွာင့္အယွက္ ျဖစ္ေစမွာပါ။

၇။ ယုံၾကည္မႈ မရွိျခင္း

မိဘေတြရဲ႕ယုံၾကည္မႈက ကေလးေတြအတြက္ေတာ့ တံတိုင္းလိုပါပဲ။ အထူးသျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ မိဘေတြရဲ႕ယုံၾကည္မႈက အရမ္းကို အေရးပါပါတယ္။ မိသားစုက အၿမဲယုံၾကည္မႈေတြ ေပးေနရင္ ကေလးေတြအတြက္ အားအင္ေတြ တိုးေနမွာပါ။

၈။ ေဒါသႀကီးတဲ့ အျပဳအမူ

ကေလးေတြက မိဘေတြကိုၾကည့္ၿပီး ျပႆနာေတြ ေျဖရွင္းနည္းကို အတုယူၾကပါတယ္။ ကေလးေတြအေပၚ ႐ိုင္းတဲ့အသုံးအႏႈန္းေတြ၊ ေဒါသႀကီးတဲ့ အျပဳအမူေတြနဲ႔ ဆက္ဆံရင္ ကေလးေတြကလည္း သူတို႔ႀကဳံရတဲ့ျပႆနာကို ေဒါသနဲ႔ပဲ ေျဖရွင္းသြားပါလိမ့္မယ္။

၉။ ျပႆနာေတြကေန ေရွာင္ေျပးျခင္း

ျပႆနာေတြကို အၿပီးသတ္ဖို႔ နည္းလမ္းက လမ္းေလွ်ာက္ထြက္ၿပီး ေမ့ပစ္လိုက္ပါလို႔ ေျပာၾကပါတယ္။ တကယ္ေတာ့ ျပႆနာေတြက သူ႔အလိုလို ၿပီးဆုံးသြားတတ္တဲ့အရာေတြ မဟုတ္ပါဘူး။ ေအာ္ႀကီးဟစ္က်ယ္ ေျပာလိုက္လို႔လည္း ျပႆနာကေန ႐ုန္းမထြက္ႏိုင္တာေၾကာင့္ အက်ိဳးသင့္အေၾကာင္းသင့္နည္းနဲ႔ ျပႆနာေတြကို ေျဖရွင္းတတ္ေအာင္ သင္ၾကားေပးပါ။

ေလးစားစြာျဖင့္ Credit–Zombie

Unicode

လူသားတိုင်းက ပြီးပြည့်စုံနေသူတွေ မဟုတ်ကြတာကြောင့် အမှားတွေနဲ့လည်း မကင်းပါဘူး။ အဲဒါကြောင့် မိမိရဲ့မရည်ရွယ်ဘဲ လုပ်မိတဲ့ အပြုအမူတချို့က သူတစ်ပါးကို ထိခိုက်သွားစေတာလည်း ရှိပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာလည်း အချို့နည်းလမ်းတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုရနေတတ်ပါတယ်။

၁။ မိမိကလေးကို အခြားသူတွေရှေ့မှာ အပြစ်ပေးခြင်း

ကလေးက အမှားလုပ်မိတဲ့အခါ တချို့မိဘတွေက စိတ်မြန်ကိုယ်မြန်နဲ့ သူစိမ်းတွေ ရှေ့မှာတင် အပြစ်ပေးလိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဘေးပတ်ဝန်းကျင်မှာ တခြားသူတွေရှိနေမှန်း သတိမထားမိတော့ပါဘူး။

ဒါပေမယ့် ကလေးရဲ့စိတ်ထဲမှာတော့ တခြားသူတွေ သူ့အပေါ်ဘယ်လိုမြင်သွားမလဲ ဆိုတာကို စိုးရိမ်စိတ် ဖြစ်လာပါတယ်။ လူအများကြီးရှိတဲ့နေရာမှာ ကလေးကို အပြစ်ပေးတာက လူကြောက်တဲ့စိတ်တွေ၊ ရှက်စိတ်တွေပိုပြီး ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုလည်း လျော့စေပါတယ်။

၂။ အတိတ်က ကိစ္စတွေကို ဆွဲပြောခြင်း

အချို့မိဘတွေက ကလေးတွေ အပြစ်လုပ်မိတဲ့အခါ အရင်က အပြစ်တွေကိုပါ ဆွဲခေါ်ပြီး ထည့်ပြောတတ်ကြပါတယ်။ တစ်ခါတရံ အတိတ်က အပြစ်တွေအတွက်ပါ ပေါင်းပြီး အပြစ်ပေးတတ်ကြပါတယ်။ တကယ်တော့ အဲဒီအပြုအမူက ကလေးတွေအတွက်တော့ မိဘအပေါ်မှာ ရင်းနှီးမှုတွေ လျော့သွားစေမှာပါ။

၃။ ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ အချိန်ပေးခြင်း

ကလေးတွေကို မပွေ့ဖက်တာ၊ ချစ်ကြောင်းမပြောတာ၊ ဂရုမစိုက်တာက အထီးကျန်တဲ့စိတ်ကို ရသွားစေနိုင်ပါတယ်။ ကလေးတွေရဲ့ခံစားချက်ကို နားမထောင်ပေးတဲ့အခါ ကလေးတွေကလည်း တခြားသူရဲ့ခံစားချက်ကို နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။

၄။ မကောင်းတဲ့ အလေ့အထများ

မိဘတွေဆိုတာ ကလေးတွေအတွက် အမြဲစံပြပါပဲ။ မိဘတွေရဲ့အပြုအမူတချို့က မှားနေပေမယ့်လည်း ကလေးတွေရဲ့စိတ်ထဲမှာတော့ မှန်တယ်လို့ ထင်နေမှာပါပဲ။ မိဘရဲ့ကောင်းတဲ့အပြုအမူ၊ ဆိုးတဲ့အပြုအမူ အားလုံးက ကလေးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။

၅။ အထိန်းချုပ်လွန်ခြင်း

တချို့မိဘတွေက တစ်ခါတရံမှာ အထိန်းချုပ်လွန်ပြီး သူတို့သဘောဆန္ဒအတိုင်းပဲ လုပ်ခိုင်းပါတယ်။ အဲဒီအခါ မိဘရဲ့ဆုံးဖြတ်ချက်မပါရင် ဘာကိုမှ မလုပ်တတ်သူတွေအဖြစ်ကို ရောက်သွားတတ်ပါတယ်။

၆။ အလိုလိုက်ခြင်း

မိဘတွေက သားသမီးတွေကို ချစ်တဲ့စိတ်ကြောင့် အထိန်းအကွပ်မဲ့ပြီး အမြဲ အလိုလိုက်မိတတ်ကြပါတယ်။ အလိုလိုက်ခံရတာနဲ့ အသားကျသွားတဲ့ကလေးက တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်ကို ရသွားပြီး အခြားသူတွေနဲ့ ဆက်ဆံဖို့ ခက်ခဲသွားပါတယ်။ ထိန်းချုပ်လို့မရတဲ့ ကလေးက မိဘတွေအတွက်သာမက ပတ်ဝန်းကျင်ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။

၇။ ယုံကြည်မှု မရှိခြင်း

မိဘတွေရဲ့ယုံကြည်မှုက ကလေးတွေအတွက်တော့ တံတိုင်းလိုပါပဲ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ မိဘတွေရဲ့ယုံကြည်မှုက အရမ်းကို အရေးပါပါတယ်။ မိသားစုက အမြဲယုံကြည်မှုတွေ ပေးနေရင် ကလေးတွေအတွက် အားအင်တွေ တိုးနေမှာပါ။

၈။ ဒေါသကြီးတဲ့ အပြုအမူ

ကလေးတွေက မိဘတွေကိုကြည့်ပြီး ပြဿနာတွေ ဖြေရှင်းနည်းကို အတုယူကြပါတယ်။ ကလေးတွေအပေါ် ရိုင်းတဲ့အသုံးအနှုန်းတွေ၊ ဒေါသကြီးတဲ့ အပြုအမူတွေနဲ့ ဆက်ဆံရင် ကလေးတွေကလည်း သူတို့ကြုံရတဲ့ပြဿနာကို ဒေါသနဲ့ပဲ ဖြေရှင်းသွားပါလိမ့်မယ်။

၉။ ပြဿနာတွေကနေ ရှောင်ပြေးခြင်း

ပြဿနာတွေကို အပြီးသတ်ဖို့ နည်းလမ်းက လမ်းလျှောက်ထွက်ပြီး မေ့ပစ်လိုက်ပါလို့ ပြောကြပါတယ်။ တကယ်တော့ ပြဿနာတွေက သူ့အလိုလို ပြီးဆုံးသွားတတ်တဲ့အရာတွေ မဟုတ်ပါဘူး။ အော်ကြီးဟစ်ကျယ် ပြောလိုက်လို့လည်း ပြဿနာကနေ ရုန်းမထွက်နိုင်တာကြောင့် အကျိုးသင့်အကြောင်းသင့်နည်းနဲ့ ပြဿနာတွေကို ဖြေရှင်းတတ်အောင် သင်ကြားပေးပါ။

လေးစားစွာဖြင့် Credit–Zombie

Be the first to comment

Leave a Reply

Your email address will not be published.


*