Categories
ထူးဆန်းထွေလာ

မိမိသိမ်းဆည်းထားသည့် ကျောက်တုံးကြီးမှာ အလွန်အဖိုးတန် ကျောက်တုံးတစ်တုံးမှန်း သိလိုက်ရချိန်မှာတော့

Zawgyi

မိမိသိမ္းဆည္းထားသည့္ ေက်ာက္တုံးႀကီးမွာ အလြန္အဖိုးတန္ ေက်ာက္တုံးတစ္တုံးမွန္း သိလိုက္ရခ်ိန္မွာေတာ့

David Hole လို႔ အမည္ရတဲ့ ရတနာမုဆိုးတစ္ေယာက္ဟာ သူရဲ႕စင္ေပၚမွာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ သိမ္းဆည္းထားတဲ့ အမည္မသိ ေက်ာက္တုံးတစ္ခုက အလြန္ အဖိုးတန္မွန္း သိလိုက္ရခ်ိန္မွာေတာ့ အေတာ္ေလးကို စိတ္လႈပ္ရွားခဲ့ရေၾကာင္း သိရပါတယ္။ သူဟာ အဲဒီေက်ာက္တုံးကို ထုခြဲၾကည့္ဖို႔ ႀကိဳးစားရာက မကြဲတဲ့အတြက္ သာမန္ေက်ာက္တုံး မဟုတ္ဘူးဆိုတာ သိလိုက္ရတာပါ။

အရင္ကေတာ့ အဲဒီေက်ာက္တုံးအတြင္းမွာ ေ႐ႊခဲေတြ ပါေလာက္မယ္ ေမွ်ာ္မွန္းခ်က္နဲ႔ သိမ္းထားခဲ့တာပါ။ ဒါေပမယ့္ သူ႔မွာရွိတဲ့ အမာဆုံး ကိရိယာေတြနဲ႔ အဲဒီ ေက်ာက္တုံးကို ႐ိုက္ခြဲၾကည့္ခ်ိန္မွာေတာ့ေက်ာက္တုံးက မကြဲဘဲ စို႔ေတြ၊ တူေတြသာ က်ိဳးကုန္ၾကတယ္လို႔ ဆိုပါတယ္။ ဒီလိုနဲ႔ သူဟာ အဲဒီေက်ာက္တုံးကို သူက မဲလ္ဘုန္းျပတိုက္ဆီ ယူလာခဲ့ပါတယ္။

ကြၽမ္းက်င္ပညာရွင္ေတြ စစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ ဒီေက်ာက္သားဟာ ကမာၻေျမက ေက်ာက္သား မဟုတ္မွန္း ေတြ႕လိုက္ရပါတယ္။ တကယ္ေတာ့ ဒါဟာ ဥကၠာခဲတစ္ခုပါ။ ဘယ္ေလာက္ သက္တမ္း ရွိၿပီလဲဆိုရင္ ႏွစ္ေပါင္း (၄.၆)ဘီလီယံ အထိ သက္တမ္း ရွိေနတာပါ။ ပညာရွင္ အခ်ိဳ႕ကဆို ဒီေက်ာက္တုံးဟာ ေနအဖြဲ႕စည္းႀကီး စတင္ ေပၚေပါက္ကတည္းက ရွိခဲ့တဲ့အရာလို႔ ဆိုပါတယ္။

သမိုင္းေၾကာင္းကို ျပန္ေကာက္ရရင္ Hole ဟာ ဒီေက်ာက္တုံးကို လြန္ခဲ့တဲ့ (၂၀၁၅) ခုႏွစ္ကမွ မဲလ္ဘုန္းၿမိဳ႕အနီး Maryborough က ေျမဝါစိုင္ခဲ တစ္ခုထဲကေန ေကာက္ရခဲ့တာျဖစ္ပါတယ္။ အေလးခ်ိန္ အလြန္စီးတဲ့အတြက္ အထဲမွာ ေ႐ႊပါႏိုင္တယ္ဆိုၿပီး သိမ္းထားခဲ့တာပါ။ အေလးခ်ိန္မွာ (၁၇)ကီလိုဂရမ္ သို႔မဟုတ္ ေပါင္ (၄၀) ရွိပါတယ္။

Maryborough ဆိုတာ (၁၉) ရာစုႏွစ္က ေ႐ႊမုဆိုးေတြ အလြန္ ေျခရႈပ္ခဲ့ရာ ေဒသျဖစ္ၿပီး၊ ထူးျခားတာက အဲဒီေဒသတဝိုက္မွာ လြန္ခဲ့တဲ့ရာစုႏွစ္အတြင္းက ဥကၠာခဲေတြ အစုလိုက္ အၿပဳံလိုက္ က်ေရာက္ခဲ့ဖူးပါတယ္။ ဒီေက်ာက္တုံးဟာ ၾသစေတးလ်ႏိုင္ငံ၊ ဗစ္တိုးရီးယား ျပည္နယ္မွာ ဥကၠာခဲႏွစ္ခု လာေရာက္ထိမွန္ခဲ့ေၾကာင္း၊ ဒီေက်ာက္တုံးက အပိုင္းအစ တစ္ခု ျဖစ္ေၾကာင္း လုပ္သက္ (၃၇) ႏွစ္ရွိ ဘူမိေဗဒပညာရွင္ Dermot Henry က ေျပာပါတယ္။

ဒီေက်ာက္တုံးဟာ ဗစ္တိုးရီးယားမွာ ေတြ႕ရတဲ့ ဥကၠာခဲ အပိုင္းအစေတြထဲက (၁၇)ခုေျမာက္ျဖစ္ၿပီး၊ ဒီေက်ာက္တုံးဟာ ေနမင္းႀကီး စတင္ေမြးဖြားစဥ္က ပတ္လည္ ဝန္းရံေနတဲ့ ေက်ာက္တုံး ျဖစ္ပုံရေၾကာင္း၊ ေနမင္းႀကီးဆီကေန မီးလွ်ံေတြနဲ႔ ေပါက္ကြဲ ထြက္လာခ်ိန္မွာ ေက်ာက္စိုင္ေက်ာက္ခဲေတြ အာကာသအတြင္း လြင့္စင္ခဲ့ရာ၊ အာကာသထဲမွာ သက္တမ္းအားျဖင့္ (၄.၆) ဘီလီယံေလာက္ က်င္လည္ေနခဲ့ပါသတဲ့။

အဲဒီကတည္းက ဗစ္တိုးရီးယား နယ္ေျမမွာ ေ႐ႊစိုင္ခဲေတြ ေထာင္နဲ႔ခ်ီ တူးေဖာ္ ရရွိခဲ့တာေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ အခု ေက်ာက္တုံးကေတာ့ H5 ရဲ႕ မူလဘူတ ကြန္ဒ႐ိုက္ဥကၠာခဲျဖစ္ေၾကာင္း၊ အထဲမွာ ေနေရာင္ရဲ႕ အဦးဆုံးေရာင္ျခည္ေၾကာင့္ ျဖစ္ေပၚလာတဲ့ အလြန္ေသးငယ္တဲ့ သတၱဳ အမႈန္စေလးေတြနဲ႔ ဖြဲ႕စည္းထားတယ္လို႔ ဆိုပါတယ္။

ေက်ာက္တုံးထဲမွာ ဆီလီကိတ္၊ သံ၊ နီကယ္၊ မဂၢနီစီယံ၊ ကာဘြန္နဲ႔ ေရအစိုင္အခဲ အနည္းငယ္ ပါဝင္ေၾကာင္း သိရပါတယ္။ ဒါဟာ အဂၤါၿဂိဳဟ္နဲ႔ ၾကာသပေတးၿဂိဳဟ္ကို Asteroid belt အတြင္းက ေက်ာက္စိုင္ေက်ာက္ခဲေတြရဲ႕ ဖြဲ႕စည္းပုံနဲ႔ တူညီေနတယ္လို႔ သိရပါတယ္။ ဥကၠာခဲသက္တမ္းေပၚမူတည္ၿပီး (၁)ဂရမ္မွာ ေဒၚလာ (၁၀၀၀) ေလာက္ ေပါက္ေဈး ရွိပါတယ္။

အခု ေက်ာက္တုံးႀကီးဆိုရင္ သက္တမ္း အရင့္ဆုံးလို႔ ေျပာလို႔ ရတာေၾကာင့္ (၁) ကီလိုဂရမ္မွာ ေဒၚလာ သန္းနဲ႔ခ်ီ ေပါက္ေဈးရွိႏိုင္ၿပီး၊ အနည္းဆုံး ေဒၚလာ (၁၇)သန္းေလာက္ထိ ရဖို႔ရွိေနတယ္လို႔ ခန႔္မွန္းသူေတြက ဆိုေနၾကပါတယ္။ သို႔ေပမယ့္ ပညာရွင္ တစ္ေယာက္ကေတာ့ သူ႔အေနနဲ႔ အဖိုး ဘယ္ေလာက္ဆိုတာ မခန႔္မွန္းႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။

Credit – လင္းေဇာ္ကို , Ref ; The Sun

Unicode

မိမိသိမ်းဆည်းထားသည့် ကျောက်တုံးကြီးမှာ အလွန်အဖိုးတန် ကျောက်တုံးတစ်တုံးမှန်း သိလိုက်ရချိန်မှာတော့

David Hole လို့ အမည်ရတဲ့ ရတနာမုဆိုးတစ်ယောက်ဟာ သူရဲ့စင်ပေါ်မှာ အချိန်တော်တော်ကြာအောင် သိမ်းဆည်းထားတဲ့ အမည်မသိ ကျောက်တုံးတစ်ခုက အလွန် အဖိုးတန်မှန်း သိလိုက်ရချိန်မှာတော့ အတော်လေးကို စိတ်လှုပ်ရှားခဲ့ရကြောင်း သိရပါတယ်။ သူဟာ အဲဒီကျောက်တုံးကို ထုခွဲကြည့်ဖို့ ကြိုးစားရာက မကွဲတဲ့အတွက် သာမန်ကျောက်တုံး မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။

အရင်ကတော့ အဲဒီကျောက်တုံးအတွင်းမှာ ရွှေခဲတွေ ပါလောက်မယ် မျှော်မှန်းချက်နဲ့ သိမ်းထားခဲ့တာပါ။ ဒါပေမယ့် သူ့မှာရှိတဲ့ အမာဆုံး ကိရိယာတွေနဲ့ အဲဒီ ကျောက်တုံးကို ရိုက်ခွဲကြည့်ချိန်မှာတော့ကျောက်တုံးက မကွဲဘဲ စို့တွေ၊ တူတွေသာ ကျိုးကုန်ကြတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီကျောက်တုံးကို သူက မဲလ်ဘုန်းပြတိုက်ဆီ ယူလာခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေ စစ်ဆေးကြည့်လိုက်ချိန်မှာတော့ ဒီကျောက်သားဟာ ကမ္ဘာမြေက ကျောက်သား မဟုတ်မှန်း တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒါဟာ ဥက္ကာခဲတစ်ခုပါ။ ဘယ်လောက် သက်တမ်း ရှိပြီလဲဆိုရင် နှစ်ပေါင်း (၄.၆)ဘီလီယံ အထိ သက်တမ်း ရှိနေတာပါ။ ပညာရှင် အချို့ကဆို ဒီကျောက်တုံးဟာ နေအဖွဲ့စည်းကြီး စတင် ပေါ်ပေါက်ကတည်းက ရှိခဲ့တဲ့အရာလို့ ဆိုပါတယ်။

သမိုင်းကြောင်းကို ပြန်ကောက်ရရင် Hole ဟာ ဒီကျောက်တုံးကို လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်ကမှ မဲလ်ဘုန်းမြို့အနီး Maryborough က မြေဝါစိုင်ခဲ တစ်ခုထဲကနေ ကောက်ရခဲ့တာဖြစ်ပါတယ်။ အလေးချိန် အလွန်စီးတဲ့အတွက် အထဲမှာ ရွှေပါနိုင်တယ်ဆိုပြီး သိမ်းထားခဲ့တာပါ။ အလေးချိန်မှာ (၁၇)ကီလိုဂရမ် သို့မဟုတ် ပေါင် (၄၀) ရှိပါတယ်။

Maryborough ဆိုတာ (၁၉) ရာစုနှစ်က ရွှေမုဆိုးတွေ အလွန် ခြေရှုပ်ခဲ့ရာ ဒေသဖြစ်ပြီး၊ ထူးခြားတာက အဲဒီဒေသတဝိုက်မှာ လွန်ခဲ့တဲ့ရာစုနှစ်အတွင်းက ဥက္ကာခဲတွေ အစုလိုက် အပြုံလိုက် ကျရောက်ခဲ့ဖူးပါတယ်။ ဒီကျောက်တုံးဟာ သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယား ပြည်နယ်မှာ ဥက္ကာခဲနှစ်ခု လာရောက်ထိမှန်ခဲ့ကြောင်း၊ ဒီကျောက်တုံးက အပိုင်းအစ တစ်ခု ဖြစ်ကြောင်း လုပ်သက် (၃၇) နှစ်ရှိ ဘူမိဗေဒပညာရှင် Dermot Henry က ပြောပါတယ်။

ဒီကျောက်တုံးဟာ ဗစ်တိုးရီးယားမှာ တွေ့ရတဲ့ ဥက္ကာခဲ အပိုင်းအစတွေထဲက (၁၇)ခုမြောက်ဖြစ်ပြီး၊ ဒီကျောက်တုံးဟာ နေမင်းကြီး စတင်မွေးဖွားစဉ်က ပတ်လည် ဝန်းရံနေတဲ့ ကျောက်တုံး ဖြစ်ပုံရကြောင်း၊ နေမင်းကြီးဆီကနေ မီးလျှံတွေနဲ့ ပေါက်ကွဲ ထွက်လာချိန်မှာ ကျောက်စိုင်ကျောက်ခဲတွေ အာကာသအတွင်း လွင့်စင်ခဲ့ရာ၊ အာကာသထဲမှာ သက်တမ်းအားဖြင့် (၄.၆) ဘီလီယံလောက် ကျင်လည်နေခဲ့ပါသတဲ့။

အဲဒီကတည်းက ဗစ်တိုးရီးယား နယ်မြေမှာ ရွှေစိုင်ခဲတွေ ထောင်နဲ့ချီ တူးဖော် ရရှိခဲ့တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အခု ကျောက်တုံးကတော့ H5 ရဲ့ မူလဘူတ ကွန်ဒရိုက်ဥက္ကာခဲဖြစ်ကြောင်း၊ အထဲမှာ နေရောင်ရဲ့ အဦးဆုံးရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ အလွန်သေးငယ်တဲ့ သတ္တု အမှုန်စလေးတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ကျောက်တုံးထဲမှာ ဆီလီကိတ်၊ သံ၊ နီကယ်၊ မဂ္ဂနီစီယံ၊ ကာဘွန်နဲ့ ရေအစိုင်အခဲ အနည်းငယ် ပါဝင်ကြောင်း သိရပါတယ်။ ဒါဟာ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကို Asteroid belt အတွင်းက ကျောက်စိုင်ကျောက်ခဲတွေရဲ့ ဖွဲ့စည်းပုံနဲ့ တူညီနေတယ်လို့ သိရပါတယ်။ ဥက္ကာခဲသက်တမ်းပေါ်မူတည်ပြီး (၁)ဂရမ်မှာ ဒေါ်လာ (၁၀၀၀) လောက် ပေါက်ဈေး ရှိပါတယ်။

အခု ကျောက်တုံးကြီးဆိုရင် သက်တမ်း အရင့်ဆုံးလို့ ပြောလို့ ရတာကြောင့် (၁) ကီလိုဂရမ်မှာ ဒေါ်လာ သန်းနဲ့ချီ ပေါက်ဈေးရှိနိုင်ပြီး၊ အနည်းဆုံး ဒေါ်လာ (၁၇)သန်းလောက်ထိ ရဖို့ရှိနေတယ်လို့ ခန့်မှန်းသူတွေက ဆိုနေကြပါတယ်။ သို့ပေမယ့် ပညာရှင် တစ်ယောက်ကတော့ သူ့အနေနဲ့ အဖိုး ဘယ်လောက်ဆိုတာ မခန့်မှန်းနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

Credit – လင်းဇော်ကို , Ref ; The Sun

Leave a Reply

Your email address will not be published.