“ညတိုင်း ဝီစကီသောက်တတ်ပြီး ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိ ကမ္ဘာ့ အ ကြီး ဆုံး နွား ထီး”

Zawgyi ျဖင့္ ဖတ္ရန္

အိႏၵိယႏိုင္ငံရွိ အခုေဖာ္ျပမဲ့ Sultan အမည္ရွိႏြားထီးတစ္ေကာင္ဟာ ဝီစကီေသာက္ရတာကို အေတာ္ေလးႀကိဳက္ပါတယ္။၎ဟာ ညတိုင္း ဝီစကီတစ္ပုလင္းကို ေသာက္ပါတယ္။ Sultan က ဝီစကီရဲ႕အရသာကို ဘယ္လိုခံစားရလဲဆိုတာကိုေတာ့ ဘယ္သူမွမသိၾကပါဘူး။

အိႏၵိယႏိုင္ငံ Haryana ျပည္နယ္ရွိ Sultan ရဲ႕ပိုင္ရွင္ျဖစ္သူ Naresh Kumarက Sultan ဟာ ေဒၚလာ သုံးသန္းေက်ာ္တန္ဖိုးရွိၿပီး Sultan အား မနက္တိုင္း ၅ကီလိုမီတာအကြာအေဝးအထိ လမ္းေလွ်ာက္ထြက္ခိုင္းၿပီး ညေရာက္တိုင္း ဝီစကီတစ္ပုလင္းတိုက္ေၾကာင္း ေျပာျပခဲ့ပါတယ္။

ႏြားေတာင္ ညတိုင္း ဝီစကီတစ္ပုလင္းေသာက္ရတဲ့ဆိုေတာ့ ေကာင္းလိုက္တဲ့ကံဇာတာပါဘဲဗ်ာ။ Sultanဟာ လက္တစ္ေလာေလးမွာဘဲ အေတာ္ေလးကို နာမည္ႀကီးလာခဲ့တာပါ။ ၎ဟာ ၿပိဳင္ပြဲ ၇ ခုမွာ ပထမဆုခ်ည္းသာ ရရွိခဲ့ၿပီး ပိုင္ရွင္ျဖစ္သူက ၎ဟာ တစ္ႏိုင္ငံလုံးမွာ ေစ်းအႀကီးဆုံးႏွင့္ အႀကီးဆုံးေသာႏြားတစ္ေကာင္ျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုခဲ့ပါတယ္။ Sultan ရဲ႕အစားအေသာက္ကုန္က်စရိတ္ကေတာ့ သင့္ကို ပိုအံ့အားသင့္သြားေစမွာပါ။

၎ရဲ႕တစ္ႏွစ္စာအစားအေသာက္ကုန္က်စရိတ္က သင္အိမ္တစ္လုံးေဆာက္ၿပီး အသာေလးနပ္ေနလို႔ေတာင္ရပါတယ္။Sultan ဟာပန္းသီး ၃၃ ေပါင္၊ မုန္လာဥ ၄၄ ေပါင္၊အသီးအေစ့ ၂၂ ေပါင္ ႏွင့္ ျမက္စိမ္း၂၂ ေပါင္တို႔ကို ေန႔စဥ္ စားသုံးၿပီး ႏို႔ဘူးေပါင္း ဒါဇင္ေပါင္းမ်ားစြာကိုလည္း ေသာက္ပါေသးတယ္။ Sultanရဲ႕ အသုံးစရိတ္ကုန္က်ေငြကို ပိုင္ရွင္ျဖစ္သူ Nareshက ႏွစ္စဥ္ ေဒၚလာ ၁၅၀,၀၀၀ ဝန္းက်င္ရွိတဲ့ ၎ရဲ႕သုတ္ရည္တန္ဖိုးေလာက္ ကုန္က်ေၾကာင္း ခန္႔မွန္းေျပာဆိုထားပါတယ္။

Sultan ကို အနီးကပ္ ဂ႐ုစိုက္ထိန္းေက်ာင္းေပးရတဲ့ Lakhvir Singh က “ လူေတြက သူ႔သုတ္ရည္ကို ၀ယ္ဖို႔ ေနရာအႏွံ႔ကေနလာၾကတယ္ ၊သူက အရက္ကို ညေနတိုင္း ေသာက္တယ္ ၊ ကြၽန္ေတာ့္ႏြားေတြလည္း က်န္းမာပါတယ္ ဒါမဲ့ သူလိုေတာ့ အရက္မေသာက္တတ္ဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

Sultan လုပ္လိုက္လို႔ ႏြားေတြအကုန္လုံး အရက္ေသာက္တာကိုအက်င့္တစ္ခုလို ျဖစ္မလာဖို႔ဘဲ ဆုေတာင္းရမွာပါ။ထို႔အျပင္ Sultanဟာ တစ္ရက္မွာ ႏွစ္ႀကိမ္ေရခ်ိဳးပါေသးတယ္ဗ်ာ။Sultan ကေတာ့ သူ႔ဘဝနဲ႔သူကို သာယာေနေတာ့တာပါဘဲဗ်ာ။

Unicode ဖြင့် ဖတ်ရန်

အိန္ဒိယနိုင်ငံရှိ အခုဖော်ပြမဲ့ Sultan အမည်ရှိနွားထီးတစ်ကောင်ဟာ ဝီစကီသောက်ရတာကို အတော်လေးကြိုက်ပါတယ်။၎င်းဟာ ညတိုင်း ဝီစကီတစ်ပုလင်းကို သောက်ပါတယ်။ Sultan က ဝီစကီရဲ့အရသာကို ဘယ်လိုခံစားရလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။

အိန္ဒိယနိုင်ငံ Haryana ပြည်နယ်ရှိ Sultan ရဲ့ပိုင်ရှင်ဖြစ်သူ Naresh Kumarက Sultan ဟာ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိပြီး Sultan အား မနက်တိုင်း ၅ကီလိုမီတာအကွာအဝေးအထိ လမ်းလျှောက်ထွက်ခိုင်းပြီး ညရောက်တိုင်း ဝီစကီတစ်ပုလင်းတိုက်ကြောင်း ပြောပြခဲ့ပါတယ်။

နွားတောင် ညတိုင်း ဝီစကီတစ်ပုလင်းသောက်ရတဲ့ဆိုတော့ ကောင်းလိုက်တဲ့ကံဇာတာပါဘဲဗျာ။ Sultanဟာ လက်တစ်လောလေးမှာဘဲ အတော်လေးကို နာမည်ကြီးလာခဲ့တာပါ။ ၎င်းဟာ ပြိုင်ပွဲ ၇ ခုမှာ ပထမဆုချည်းသာ ရရှိခဲ့ပြီး ပိုင်ရှင်ဖြစ်သူက ၎င်းဟာ တစ်နိုင်ငံလုံးမှာ စျေးအကြီးဆုံးနှင့် အကြီးဆုံးသောနွားတစ်ကောင်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ Sultan ရဲ့အစားအသောက်ကုန်ကျစရိတ်ကတော့ သင့်ကို ပိုအံ့အားသင့်သွားစေမှာပါ။

၎င်းရဲ့တစ်နှစ်စာအစားအသောက်ကုန်ကျစရိတ်က သင်အိမ်တစ်လုံးဆောက်ပြီး အသာလေးနပ်နေလို့တောင်ရပါတယ်။Sultan ဟာပန်းသီး ၃၃ ပေါင်၊ မုန်လာဥ ၄၄ ပေါင်၊အသီးအစေ့ ၂၂ ပေါင် နှင့် မြက်စိမ်း၂၂ ပေါင်တို့ကို နေ့စဉ် စားသုံးပြီး နို့ဘူးပေါင်း ဒါဇင်ပေါင်းများစွာကိုလည်း သောက်ပါသေးတယ်။ Sultanရဲ့ အသုံးစရိတ်ကုန်ကျငွေကို ပိုင်ရှင်ဖြစ်သူ Nareshက နှစ်စဉ် ဒေါ်လာ ၁၅၀,၀၀၀ ဝန်းကျင်ရှိတဲ့ ၎င်းရဲ့သုတ်ရည်တန်ဖိုးလောက် ကုန်ကျကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။

Sultan ကို အနီးကပ် ဂရုစိုက်ထိန်းကျောင်းပေးရတဲ့ Lakhvir Singh က “ လူတွေက သူ့သုတ်ရည်ကို ၀ယ်ဖို့ နေရာအနှံ့ကနေလာကြတယ် ၊သူက အရက်ကို ညနေတိုင်း သောက်တယ် ၊ ကျွန်တော့်နွားတွေလည်း ကျန်းမာပါတယ် ဒါမဲ့ သူလိုတော့ အရက်မသောက်တတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

Sultan လုပ်လိုက်လို့ နွားတွေအကုန်လုံး အရက်သောက်တာကိုအကျင့်တစ်ခုလို ဖြစ်မလာဖို့ဘဲ ဆုတောင်းရမှာပါ။ထို့အပြင် Sultanဟာ တစ်ရက်မှာ နှစ်ကြိမ်ရေချိုးပါသေးတယ်ဗျာ။Sultan ကတော့ သူ့ဘဝနဲ့သူကို သာယာနေတော့တာပါဘဲဗျာ။