“ဘာသာစကားမျိုးစုံကို မွှတ်နေအောင် ပြောတတ်လို့ အရမ်းနာမည်ကြီးနေတဲ့ လမ်းဘေးဈေးသည်လေး(ရုပ်သံ)”

Zawgyi ျဖင့္ ဖတ္ရန္

ဘာသာစကားမ်ိဳးစုံကို မႊတ္ေနေအာင္ ေျပာတတ္လို႔ အရမ္းနာမည္ႀကီးေနတဲ့ လမ္းေဘးေဈးသည္ေလး(႐ုပ္သံ)

ကေမာၻဒီးယားႏိုင္ငံက အမွတ္ရလက္ေဆာင္ ပစၥည္းေတြကို လမ္းေဘးမွာ ျခင္းေလးလြယ္ၿပီး လိုက္ေရာင္းရတဲ့ ေဈးသည္ ကေလးတစ္ေယာက္ရဲ႕ဘာသာစကားမ်ိဳးစုံကို မႊတ္ထြတ္ေနေအာင္ ေျပာတတ္တဲ့ ႐ုပ္သံဟာ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံ႔ၿပီး လက္တေလာ နာမည္ႀကီးေနပါတယ္။

အသက္၁၂ ႏွစ္ဝန္းက်င္ေလာက္သာ ရွိေသးတဲ့ ကေလးေလးဟာ အနည္းဆုံး ဘာသာစကား ၉ မ်ိဳးကို လည္ပတ္ေအာင္ ေျပာႏိုင္ဆိုႏိုင္ပါတယ္။ သူေျပာဆိုႏိုင္တဲ့ ဘာသာစကားေတြထဲမွာ ထိုင္း၊ တ႐ုပ္၊ ဂ်ပန္၊ ဖိလစ္ပိုင္၊ စပိန္၊ မေလးရွား၊ ကိုရီးယား၊ ဂ်ာမန္ နဲ႔ အဂၤလိပ္ ဘာသာစကားေတြ ပါဝင္ပါတယ္။ ဒီထက္ပိုတဲ့ ဘာသာစကားေတြလည္း ေျပာႏိုင္ေကာင္း ေျပာႏိုင္ပါလိမ့္မယ့္။

တ႐ုတ္ဘာသာမွာဆိုရင္ ကြမ္တုံးလိုသာမက မန္ဒရင္းလိုပါေျပာဆိုႏိုင္ပါတယ္။ ႐ုပ္သံထဲမွာ ေဈးဝယ္သူ အမ်ိဳးသမီးတစ္ေယာက္က သူဟာအမွန္တစ္ကယ္ပဲ ဘာသာစကားမ်ိဳးစုံ ေျပာတတ္ရဲလားဆိုတာစမ္းသပ္ခဲ့ရာ အံ့ၾသစရာေကာင္းေလာက္ေအာင္ တစ္ခြန္းစ ႏွစ္ခြန္းစ မဟုတ္ပဲ ေဈးေရာင္းေဈးဝယ္ အျပင္ အျခားအေၾကာင္းအရာေတြကိုပါ စဥ္းစားတုံ႔ဆိုင္းျခင္းမရွိပဲ ဘာသာစကားတစ္ခုကေန တစ္ခုကို ေျပာင္းလဲၿပီး ေျပာဆိုသြားတာကို ေတြ႕ခဲ့ရပါတယ္။

ဒီစကားေတြအားလုံးကို သင္တန္းေတြတက္ၿပီး ဆရာနဲ႔ သင္ယူခဲ့တာမ်ိဳးမဟုတ္ပဲ ႏိုင္ငံတကာ ကမာၻလွည့္ခရီးသြားဧည့္သည့္ေတြဆီကေန ျဖည္းျဖည္းျခင္း သင္ယူခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ မ်က္ႏွာေလးကလည္း ခ်ိဳ၊ အေရာင္းအဝယ္ကလည္း ကြၽမ္းက်င္၊ ဘာသာစကားေပါင္းစုံလည္း တတ္ကြၽမ္းတဲ့ ဒီကေလးေလးတစ္ေန႔က်ရင္ ဂ်က္မားလို မီလီယံနာသူေဌးႀကီး တစ္ေယာက္ မျဖစ္လာဖူးလို႔ ဘယ္သူေျပာႏိုင္ပါ့မလဲ။ ခ်ီးက်ဴးပါတယ္ ကေလးေရ။

ကေမာၻဒီးယားကို အလည္ေရာက္ခဲ့လို႔ ဒီကေလးေလးနဲ႔ ဆုံခဲ့ရင္ ျမန္မာစကားေရာ ေျပာတတ္လားဆိုတာ စမ္းသပ္ၾကည့္ခဲ့ၾကပါဦး။

Unicode ဖြင့် ဖတ်ရန်

ဘာသာစကားမျိုးစုံကို မွှတ်နေအောင် ပြောတတ်လို့ အရမ်းနာမည်ကြီးနေတဲ့ လမ်းဘေးဈေးသည်လေး(ရုပ်သံ)

ကမ္ဘောဒီးယားနိုင်ငံက အမှတ်ရလက်ဆောင် ပစ္စည်းတွေကို လမ်းဘေးမှာ ခြင်းလေးလွယ်ပြီး လိုက်ရောင်းရတဲ့ ဈေးသည် ကလေးတစ်ယောက်ရဲ့ဘာသာစကားမျိုးစုံကို မွှတ်ထွတ်နေအောင် ပြောတတ်တဲ့ ရုပ်သံဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ပြီး လက်တလော နာမည်ကြီးနေပါတယ်။

အသက်၁၂ နှစ်ဝန်းကျင်လောက်သာ ရှိသေးတဲ့ ကလေးလေးဟာ အနည်းဆုံး ဘာသာစကား ၉ မျိုးကို လည်ပတ်အောင် ပြောနိုင်ဆိုနိုင်ပါတယ်။ သူပြောဆိုနိုင်တဲ့ ဘာသာစကားတွေထဲမှာ ထိုင်း၊ တရုပ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ စပိန်၊ မလေးရှား၊ ကိုရီးယား၊ ဂျာမန် နဲ့ အင်္ဂလိပ် ဘာသာစကားတွေ ပါဝင်ပါတယ်။ ဒီထက်ပိုတဲ့ ဘာသာစကားတွေလည်း ပြောနိုင်ကောင်း ပြောနိုင်ပါလိမ့်မယ့်။

တရုတ်ဘာသာမှာဆိုရင် ကွမ်တုံးလိုသာမက မန်ဒရင်းလိုပါပြောဆိုနိုင်ပါတယ်။ ရုပ်သံထဲမှာ ဈေးဝယ်သူ အမျိုးသမီးတစ်ယောက်က သူဟာအမှန်တစ်ကယ်ပဲ ဘာသာစကားမျိုးစုံ ပြောတတ်ရဲလားဆိုတာစမ်းသပ်ခဲ့ရာ အံ့သြစရာကောင်းလောက်အောင် တစ်ခွန်းစ နှစ်ခွန်းစ မဟုတ်ပဲ ဈေးရောင်းဈေးဝယ် အပြင် အခြားအကြောင်းအရာတွေကိုပါ စဉ်းစားတုံ့ဆိုင်းခြင်းမရှိပဲ ဘာသာစကားတစ်ခုကနေ တစ်ခုကို ပြောင်းလဲပြီး ပြောဆိုသွားတာကို တွေ့ခဲ့ရပါတယ်။

ဒီစကားတွေအားလုံးကို သင်တန်းတွေတက်ပြီး ဆရာနဲ့ သင်ယူခဲ့တာမျိုးမဟုတ်ပဲ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားဧည့်သည့်တွေဆီကနေ ဖြည်းဖြည်းခြင်း သင်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာလေးကလည်း ချို၊ အရောင်းအဝယ်ကလည်း ကျွမ်းကျင်၊ ဘာသာစကားပေါင်းစုံလည်း တတ်ကျွမ်းတဲ့ ဒီကလေးလေးတစ်နေ့ကျရင် ဂျက်မားလို မီလီယံနာသူဌေးကြီး တစ်ယောက် မဖြစ်လာဖူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။ ချီးကျူးပါတယ် ကလေးရေ။

ကမ္ဘောဒီးယားကို အလည်ရောက်ခဲ့လို့ ဒီကလေးလေးနဲ့ ဆုံခဲ့ရင် မြန်မာစကားရော ပြောတတ်လားဆိုတာ စမ်းသပ်ကြည့်ခဲ့ကြပါဦး။