“ပေါက်ပန်းဖြူတစ်ပင် ရှင်အောင်စိုက် ကျန်းမာရေးအတွက် ရတနာသိုက်”

Zawgyi ျဖင့္ ဖတ္ရန္

ေပါက္ပန္းျဖဴပင္ကိုသိသူမ်ားပါသည္။ေပါက္ပန္းျဖဴပင္ကိုျမန္မာ့ေက်းလက္ေတာ႐ြာတိုင္းလိုလိုတြင္ေတြ႕ႏိုင္သည္။ေပါက္ပန္းျဖဴသာမဟုတ္၊ေပါက္ပန္းနီပင္ဆိုတာလည္းရွိပါေသးသည္။

ေပါက္ပန္းျဖဴႏွင့္ေပါက္ပန္းနီႏွစ္မ်ိဳးတြင္ေပါက္ပန္းနီကပို၍ေဆးဖက္ဝင္သည္။အသီး၊အေစ့၊ အျမစ္၊အပြင့္အ႐ြက္အားလုံးေဆးဖက္ဝင္သည္။ အ႐ြက္ကိုဟင္းခါးခ်က္ေသာက္ျခင္း၊တို႔ျမႇဳပ္စားျခင္းျပဳၾကသည္။

ေသြးကိုသန္႔ေစသည္။ၾကက္မ်က္သင့္ေရာဂါကို ေပါက္ပန္းနီပြင့္သတၱဳရည္ခတ္ေပးလွ်င္ေကာင္းသည္။တက္တတ္ေသာကေလးမ်ားအတြက္အ႐ြက္ကိုေထာင္းသတၱဳရည္ႏွင့္ခ်င္း(သို႔မဟုတ္) ၾကက္သြန္ျဖဴ၊သတၱဳရည္ေပါင္းစပ္ၿပီး ရႉေစရသည္ဟုေဆးနည္းကိုတင္ျပထားသည္။

က်ီးေပါင္းေရာဂါအတြက္ ေပါက္ပန္းျဖဴ

က်ီးေပါင္းေရာဂါကိုေပ်ာက္ခဲေသာေရာဂါအျဖစ္ဆိုၾကသည္။ထိုင္းမွာစာသင္ေနစဥ္ကလည္ပင္းက်ီးေပါင္းတက္ေရာဂါရခဲ့တယ္။ထိုင္းမွာေဆး႐ုံတက္ေတာ့အေမရိကန္ဆရာဝန္ကကုေပးတယ္။ ဒါေပမဲ့မသက္သာဘူး။

လည္ပင္းအ႐ိုးအဆစ္ထဲမွာအေၾကာကပ္ေနတယ္လို႔ရလဒ္ျပတယ္။အရမ္းကိုခံစားခဲ့ရတယ္။ ေဆးစာေစာင္တစ္ခုမွာေပါက္ပန္းျဖဴပင္ရဲ႕အပြင့္အေၾကာင္းကိုဖတ္မိရာကလက္ေတြ႕စားၾကည့္တာေဝဒနာလုံးဝေပ်ာက္သြားခဲ့တယ္။ေပါက္ပန္းျဖဴပြင့္မ်ားကို က်ီးေပါင္းေရာဂါေပ်ာက္ေစ ေသာေဆးဟုဆိုႏိုင္ပါသည္။

ေပါက္ပန္းျဖဴ(သို႔မဟုတ္)ေပါက္ပန္းနီပြင့္တို႔ သည္က်ီးေပါင္းေရာဂါကိုသက္သက္ေပ်ာက္ကင္း ႏိုင္ေၾကာင္းကိုယ္ေတြ႕ႏွင့္ယွဥ္၍ဘဝတူက်ီးေပါင္းေဝဒနာရွင္မ်ားကိုတင္ျပေဝငွလိုက္ပါသည္။

ျမန္မာ့ေဆးက်မ္းအဆို

အပြင့္ႏွင့္အ႐ြက္ကိုအမ်ားဆုံးသုံးသည္။ေဆးက်မ္းမ်ားတြင္ေအးသည္၊ေလကိုပြားေစသည္။ခါးသက္သက္ရွိသည္။သည္းေျခေရာဂါ၊အစာအိမ္ေရာဂါ၊ ႏွာရည္ယိုေရာဂါမ်ားကို ပယ္တတ္သည္။ အပြင့္ကေအးသည္။

ခါးသက္သည္။သုံးရက္ျခားဖ်ားျခင္း၊ၾကက္မ်က္သင့္ျခင္းတို႔ကိုေပ်ာက္ေစသည္။အ႐ြက္ကစပ္သည္။ခ်ိဳသည္၊ခါးသက္သက္ရွိသည္။ေသြးကိုစင္ၾကယ္ေစသည္။

အသီးမွာမ်ားမ်ားစားလွ်င္ ဝမ္းသက္ေစသည္။စိတ္ကိုၾကည္လင္ေစသည္။ထိုးေအာင့္နာ၊ အဆုတ္ေရာဂါ၊ႏွလုံးေရာဂါတို႔ကိုေပ်ာက္ကင္းေစေၾကာင္းဆိုပါသည္။

ေပါက္ပန္းပြင့္ျဖဴ၏ ေဆးအသုံး

အပြင့္ကိုအရည္ညႇစ္၍ မ်က္စဥ္းခတ္ေပးလွ်င္ မ်က္စိေဝတာ၊ မႈန္တာေတြေပ်ာက္သည္။

အျမစ္ကိုေရစင္ေအာင္ေဆး၍ ေရအနည္းငယ္ႏွင့္ ေထာင္းထုၿပီး မီးႏွင့္ေႏႊးကာ အဆစ္အျမစ္ ေရာင္ရမ္းျခင္း၊ ကိုက္ခဲျခင္းျဖစ္လွ်င္ ဆုတ္နယ္လိမ္းက်ံေပးရသည္။

အ႐ြက္(သို႔မဟုတ္)အပြင့္ကို ေထာင္းထု အရည္ညႇစ္ၿပီး ေခါင္းမကိုက္ေသာဘက္က ႏွာေခါင္းႏွင့္ ရႉသြင္းလွ်င္ ေခါင္းတစ္ျခမ္းကိုက္ေရာဂါေပ်ာက္သည္။

ေပါက္ပန္းျဖဴပြင့္ကို ျပဳတ္စား၊ သုပ္စား လွ်င္ ၾကက္မ်က္သင့္ေရာဂါ(က်ီးေပါင္းေရာဂါေပ်ာက္သည္၊ (ကိုယ္ေတြ႕)

အ႐ြက္ကိုအရည္ညႇစ္၊ခ်င္းေျခာက္၊ ပိတ္ခ်င္း၊ႀကံသကာတို႔ႏွင့္ဆတူေရာစပ္ၿပီးရႉေပးခဲ့လွ်င္စိတ္ပ်ံ႕လြင့္ျခင္း၊စိတ္ေဖာက္ျပန္ျခင္းေရာဂါတို႔ကိုသက္သာေပ်ာက္ကင္းေစသည္။

တုပ္ေကြးႏွင့္ အဖ်ားေရာဂါမ်ားအတြက္ အ႐ြက္ကိုၾကက္သြန္နီႏိုင္ႏိုင္ႏွင့္ေၾကာ္စားလွ်င္သက္သာေပ်ာက္ကင္းသည္။

အ႐ြက္ကိုင႐ုတ္ေကာင္း၊ႏြားက်င္ငယ္ေရႏွင့္ႀကိတ္ၿပီး ရႉေပးလွ်င္ ဝက္႐ူးနာကိုေပ်ာက္ေစသည္။

အိမ္တိုင္းမွာ ေပါက္ပန္းျဖဴ(သို႔)အနီတစ္ပင္ေလာက္ စိုက္ထားသင့္ပါတယ္။ ေဆးဖက္ဝင္ပုံမ်ား ကို ေဖာ္ျပၿပီးျဖစ္၍ လိုသလို သုံးႏိုင္ၾကပါသည္။ မီတာမင္ဓာတ္၊ သတၱဳဓာတ္မ်ား ႂကြယ္ဝစြာ ပါဝင္ေသာေၾကာင့္ မိမိအိမ္ေထာင္စုသာမက

တစ္ရပ္ကြက္လုံးပါ ကုသိုလ္ျပဳေဝငွႏိုင္ပါသည္။ စီးပြားေရးအတြက္ လိုအပ္ပါက ေရာင္းခ်ႏိုင္ပါသည္။ သို႔ပါ၍ ေပါက္ပန္းျဖဴပင္ ရွင္ေအာင္စိုက္၊ က်န္းမာေရးအတြက္ ရတနာသိုက္ဟု တင္စားလိုပါသည္။

Ref:မ်ိဳးတင့္(ေညာင္ေလးပင္)

Unicode ျဖင့္ ဖတ္ရန္

ပေါက်ပန်းဖြူပင်ကိုသိသူများပါသည်။ပေါက်ပန်းဖြူပင်ကိုမြန်မာ့ကျေးလက်တောရွာတိုင်းလိုလိုတွင်တွေ့နိုင်သည်။ပေါက်ပန်းဖြူသာမဟုတ်၊ပေါက်ပန်းနီပင်ဆိုတာလည်းရှိပါသေးသည်။

ပေါက်ပန်းဖြူနှင့်ပေါက်ပန်းနီနှစ်မျိုးတွင်ပေါက်ပန်းနီကပို၍ဆေးဖက်ဝင်သည်။အသီး၊အစေ့၊ အမြစ်၊အပွင့်အရွက်အားလုံးဆေးဖက်ဝင်သည်။ အရွက်ကိုဟင်းခါးချက်သောက်ခြင်း၊တို့မြှုပ်စားခြင်းပြုကြသည်။

သွေးကိုသန့်စေသည်။ကြက်မျက်သင့်ရောဂါကို ပေါက်ပန်းနီပွင့်သတ္တုရည်ခတ်ပေးလျှင်ကောင်းသည်။တက်တတ်သောကလေးများအတွက်အရွက်ကိုထောင်းသတ္တုရည်နှင့်ချင်း(သို့မဟုတ်) ကြက်သွန်ဖြူ၊သတ္တုရည်ပေါင်းစပ်ပြီး ရှူစေရသည်ဟုဆေးနည်းကိုတင်ပြထားသည်။

ကျီးပေါင်းရောဂါအတွက် ပေါက်ပန်းဖြူ

ကျီးပေါင်းရောဂါကိုပျောက်ခဲသောရောဂါအဖြစ်ဆိုကြသည်။ထိုင်းမှာစာသင်နေစဉ်ကလည်ပင်းကျီးပေါင်းတက်ရောဂါရခဲ့တယ်။ထိုင်းမှာဆေးရုံတက်တော့အမေရိကန်ဆရာဝန်ကကုပေးတယ်။ ဒါပေမဲ့မသက်သာဘူး။

လည်ပင်းအရိုးအဆစ်ထဲမှာအကြောကပ်နေတယ်လို့ရလဒ်ပြတယ်။အရမ်းကိုခံစားခဲ့ရတယ်။ ဆေးစာစောင်တစ်ခုမှာပေါက်ပန်းဖြူပင်ရဲ့အပွင့်အကြောင်းကိုဖတ်မိရာကလက်တွေ့စားကြည့်တာဝေဒနာလုံးဝပျောက်သွားခဲ့တယ်။ပေါက်ပန်းဖြူပွင့်များကို ကျီးပေါင်းရောဂါပျောက်စေ သောဆေးဟုဆိုနိုင်ပါသည်။

ပေါက်ပန်းဖြူ(သို့မဟုတ်)ပေါက်ပန်းနီပွင့်တို့ သည်ကျီးပေါင်းရောဂါကိုသက်သက်ပျောက်ကင်း နိုင်ကြောင်းကိုယ်တွေ့နှင့်ယှဉ်၍ဘဝတူကျီးပေါင်းဝေဒနာရှင်များကိုတင်ပြဝေငှလိုက်ပါသည်။

မြန်မာ့ဆေးကျမ်းအဆို

အပွင့်နှင့်အရွက်ကိုအများဆုံးသုံးသည်။ဆေးကျမ်းများတွင်အေးသည်၊လေကိုပွားစေသည်။ခါးသက်သက်ရှိသည်။သည်းခြေရောဂါ၊အစာအိမ်ရောဂါ၊ နှာရည်ယိုရောဂါများကို ပယ်တတ်သည်။ အပွင့်ကအေးသည်။

ခါးသက်သည်။သုံးရက်ခြားဖျားခြင်း၊ကြက်မျက်သင့်ခြင်းတို့ကိုပျောက်စေသည်။အရွက်ကစပ်သည်။ချိုသည်၊ခါးသက်သက်ရှိသည်။သွေးကိုစင်ကြယ်စေသည်။

အသီးမှာများများစားလျှင် ဝမ်းသက်စေသည်။စိတ်ကိုကြည်လင်စေသည်။ထိုးအောင့်နာ၊ အဆုတ်ရောဂါ၊နှလုံးရောဂါတို့ကိုပျောက်ကင်းစေကြောင်းဆိုပါသည်။

ပေါက်ပန်းပွင့်ဖြူ၏ ဆေးအသုံး

အပွင့်ကိုအရည်ညှစ်၍ မျက်စဉ်းခတ်ပေးလျှင် မျက်စိဝေတာ၊ မှုန်တာတွေပျောက်သည်။

အမြစ်ကိုရေစင်အောင်ဆေး၍ ရေအနည်းငယ်နှင့် ထောင်းထုပြီး မီးနှင့်နွှေးကာ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းဖြစ်လျှင် ဆုတ်နယ်လိမ်းကျံပေးရသည်။

အရွက်(သို့မဟုတ်)အပွင့်ကို ထောင်းထု အရည်ညှစ်ပြီး ခေါင်းမကိုက်သောဘက်က နှာခေါင်းနှင့် ရှူသွင်းလျှင် ခေါင်းတစ်ခြမ်းကိုက်ရောဂါပျောက်သည်။

ပေါက်ပန်းဖြူပွင့်ကို ပြုတ်စား၊ သုပ်စား လျှင် ကြက်မျက်သင့်ရောဂါ(ကျီးပေါင်းရောဂါပျောက်သည်၊ (ကိုယ်တွေ့)

အရွက်ကိုအရည်ညှစ်၊ချင်းခြောက်၊ ပိတ်ချင်း၊ကြံသကာတို့နှင့်ဆတူရောစပ်ပြီးရှူပေးခဲ့လျှင်စိတ်ပျံ့လွင့်ခြင်း၊စိတ်ဖောက်ပြန်ခြင်းရောဂါတို့ကိုသက်သာပျောက်ကင်းစေသည်။

တုပ်ကွေးနှင့် အဖျားရောဂါများအတွက် အရွက်ကိုကြက်သွန်နီနိုင်နိုင်နှင့်ကြော်စားလျှင်သက်သာပျောက်ကင်းသည်။

အရွက်ကိုငရုတ်ကောင်း၊နွားကျင်ငယ်ရေနှင့်ကြိတ်ပြီး ရှူပေးလျှင် ဝက်ရူးနာကိုပျောက်စေသည်။

အိမ်တိုင်းမှာ ပေါက်ပန်းဖြူ(သို့)အနီတစ်ပင်လောက် စိုက်ထားသင့်ပါတယ်။ ဆေးဖက်ဝင်ပုံများ ကို ဖော်ပြပြီးဖြစ်၍ လိုသလို သုံးနိုင်ကြပါသည်။ မီတာမင်ဓာတ်၊ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် မိမိအိမ်ထောင်စုသာမက

တစ်ရပ်ကွက်လုံးပါ ကုသိုလ်ပြုဝေငှနိုင်ပါသည်။ စီးပွားရေးအတွက် လိုအပ်ပါက ရောင်းချနိုင်ပါသည်။ သို့ပါ၍ ပေါက်ပန်းဖြူပင် ရှင်အောင်စိုက်၊ ကျန်းမာရေးအတွက် ရတနာသိုက်ဟု တင်စားလိုပါသည်။

Ref:မျိုးတင့်(ညောင်လေးပင်)