တစ်ရက်ကို ၅သောင်းဝန်းကျင် နဲ့ တစ်လကို သိန်း(၂၀)ကျော်ဝင်တဲ့ အလုပ်တဲ့ဗျာ(ရုပ်သံ)

Zawgyi

တစ္ရက္ကို ၅ေသာင္းဝန္းက်င္ နဲ႔ တစ္လကို သိန္း(၂၀)ေက်ာ္ဝင္တဲ့အလုပ္တဲ့ဗ်ာ(႐ုပ္သံ)

႐ုပ္သံကို ေအာက္ဆုံးတြင္ ေဖာ္ျပထားပါသည္…။

ပတ္ဝန္းက်င္ေတြမွာ ေျခေကာင္း လက္ေကာင္းေတြနဲ႔ လုပ္စားေနတဲ့ အဖြဲ႕လိုက္ရွိတယ္‼️

လမ္းေဘး၊ ကားမွတ္တိုင္ေတြမွာ ပိုက္ဆံလိုက္ေတာင္းစားတဲ့သူေတြ တစ္ရက္ကို အနည္းဆုံး(၃)ေသာင္း အမ်ားဆုံး(၅)ေသာင္း ဝင္တယ္တဲ့

မိသားစုလိုက္ လူစုခြဲ လုပ္စားတာေတြလည္းရွိတယ္

တေန႔ကဆို အေမျဖစ္သူက ဖုန္းဆိုင္ေဘးမွာရွိတဲ့ အရိပ္ရတမာပင္ေလးေအာက္မွာ စားစရာအထုပ္ေတြနဲ႔ ယပ္ေတာင္ေလးခတ္ၿပီး ဖ်ာေလးခင္း ေအးေဆးထိုင္ေနတာ၊

ကေလးေတြက ဖုန္းဆိုင္အဝင္အထြက္လူေတြဆီက ေတာင္းယူတယ္၊

တျခားတေယာက္က မီနီစတိုးဆိုင္ေရွ႕မွာ လူအဝင္အထြက္ ေစာင့္ေတာင္းယူတယ္၊

တျခားတေယာက္က ကားမွတ္တိုင္မွာ အတက္အဆင္း ေစာင့္ေတာင္းယူတယ္၊

အခ်ိန္က်ရင္ လူစုၿပီး ေငြေရတြက္ ဝယ္စရာရွိတာ ဝယ္ျပန္သြားၾကတယ္။

တခ်ိဳ႕ေနရာဆိုရင္ ေတာင္းတဲ့တေယာက္ကို ေပးလိုက္တာ၊ အဲ့ေပးတာကို တျခားသူေတြကျမင္ၿပီး အဖြဲ႕လိုက္တန္းစီ လာေတာင္းၾကတာေတြလည္းရွိတယ္။

ကိုယ္ခ်င္းစာ သနားတတ္ၿပီး ေပးလိုက္ရတဲ့သူမွာေတာ့ ခက္ခက္ခဲခဲ ႀကိဳးစားပီးရွာထားရတာ၊

ခုေနာက္ပိုင္းဆို ကိုယ္က အဲ့လိုလူေတြကို ေပးခ်င္တယ္ လႉခ်င္တယ္ဆိုရင္ေတာင္ အရင္ဆုံး အကဲခတ္တယ္၊ တကယ္ႏြမ္းပါးေနလို႔လားေပါ့။

အထူးသျဖင့္ ခႏၶာကိုယ္အဂၤါအစိတ္အပိုင္းမျပည့္စုံတာ ခ်ိဳ႕တဲ့တာ အဲ့လိုလူေတြဆို ပိုသနားလို႔ပဲ လႉျဖစ္ ေပးျဖစ္ေတာ့တယ္။

ေနရာတကာမွာ လက္ျဖန႔္ေတာင္းတိုင္း မေပးခ်င္ေတာ့ဘူး။

ကားနဲ႔ေလာ္စပီကာ ေန႔ျပတ္ငွား လူစုၿပီး တ႐ြာဝင္ တ႐ြာထြက္၊ တရပ္ကြက္ဝင္ တရပ္ကြက္ထြက္ လိုက္အလႉခံေနတာ၊ ၿပီးေတာ့ ရတဲ့ေငြ ခြဲယူျပန္ၾကတာပဲ။ အဲ့လိုလူလိမ္ေတြလည္းရွိေသးတယ္။ႀကဳံဖူးလို႔ေျပာတာပါ။

ဟိုတေလာကဆိုရင္လည္း ေအာင္မဂၤလာကားဝင္း ကားဂိတ္က ခရီးသည္ေတြဆီ စာအိတ္ေတြ လက္ေပၚခ်ေပးသြားတယ္၊ ခဏၾကာေတာ့ ျပန္လာသိမ္းတယ္၊

ကိုယ္ကလည္းမသိေတာ့ ဘယ္ရမလဲ စပ္စုတာေပါ့၊ အလႉေငြေတာင္းခံတာတဲ့၊ ဘာလုပ္ဖို႔လဲလို႔ေမးေတာ့ အေမ့မ်က္စိခြဲဖို႔တဲ့၊

အာ့နဲ႔ စိတ္မပူနဲ႔ ကူညီေပးမယ္၊ လိုက္မေတာင္းနဲ႔ေတာ့ ခြဲစိတ္ဖို႔ပရဟိတကူညီတဲ့မိတ္ေဆြေတြရွိတယ္

သားအေမကို ေခၚသြားေပးမယ္ဆိုေတာ့ ဘာမွျပန္မေျပာဘူး၊ စာအိတ္ယူၿပီး ထြက္ေျပးသြားတယ္။ အဲ့လိုစာအိတ္သမားေတြလည္း ရွိေနတာပဲ။

လိုက္ေတာင္း႐ုံနဲ႔အဲေလာက္ရေနေတာ့ ဘယ္သူက ကိုယ့္ေျခေထာက္ေပၚရပ္တည္ၿပီး ကိုယ့္ခြန္အားဗလနဲ႔ ႀကိဳးစားခ်င္စိတ္ရွိေတာ့မွာလဲ။

ဒီလိုနဲ႔ လူေတြဟာ အလြယ္လမ္းကိုလိုက္ၿပီး အရွက္တရားေတြကို ေငြနဲ႔ဖုံးလႊမ္းသြားၾကတယ္။

CreditVD 📌

Unicode

တစ်ရက်ကို ၅သောင်းဝန်းကျင် နဲ့ တစ်လကို သိန်း(၂၀)ကျော်ဝင်တဲ့အလုပ်တဲ့ဗျာ(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

ပတ်ဝန်းကျင်တွေမှာ ခြေကောင်း လက်ကောင်းတွေနဲ့ လုပ်စားနေတဲ့ အဖွဲ့လိုက်ရှိတယ်‼️

လမ်းဘေး၊ ကားမှတ်တိုင်တွေမှာ ပိုက်ဆံလိုက်တောင်းစားတဲ့သူတွေ တစ်ရက်ကို အနည်းဆုံး(၃)သောင်း အများဆုံး(၅)သောင်း ဝင်တယ်တဲ့

မိသားစုလိုက် လူစုခွဲ လုပ်စားတာတွေလည်းရှိတယ်

တနေ့ကဆို အမေဖြစ်သူက ဖုန်းဆိုင်ဘေးမှာရှိတဲ့ အရိပ်ရတမာပင်လေးအောက်မှာ စားစရာအထုပ်တွေနဲ့ ယပ်တောင်လေးခတ်ပြီး ဖျာလေးခင်း အေးဆေးထိုင်နေတာ၊

ကလေးတွေက ဖုန်းဆိုင်အဝင်အထွက်လူတွေဆီက တောင်းယူတယ်၊

တခြားတယောက်က မီနီစတိုးဆိုင်ရှေ့မှာ လူအဝင်အထွက် စောင့်တောင်းယူတယ်၊

တခြားတယောက်က ကားမှတ်တိုင်မှာ အတက်အဆင်း စောင့်တောင်းယူတယ်၊

အချိန်ကျရင် လူစုပြီး ငွေရေတွက် ဝယ်စရာရှိတာ ဝယ်ပြန်သွားကြတယ်။

တချို့နေရာဆိုရင် တောင်းတဲ့တယောက်ကို ပေးလိုက်တာ၊ အဲ့ပေးတာကို တခြားသူတွေကမြင်ပြီး အဖွဲ့လိုက်တန်းစီ လာတောင်းကြတာတွေလည်းရှိတယ်။

ကိုယ်ချင်းစာ သနားတတ်ပြီး ပေးလိုက်ရတဲ့သူမှာတော့ ခက်ခက်ခဲခဲ ကြိုးစားပီးရှာထားရတာ၊

ခုနောက်ပိုင်းဆို ကိုယ်က အဲ့လိုလူတွေကို ပေးချင်တယ် လှူချင်တယ်ဆိုရင်တောင် အရင်ဆုံး အကဲခတ်တယ်၊ တကယ်နွမ်းပါးနေလို့လားပေါ့။

အထူးသဖြင့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းမပြည့်စုံတာ ချို့တဲ့တာ အဲ့လိုလူတွေဆို ပိုသနားလို့ပဲ လှူဖြစ် ပေးဖြစ်တော့တယ်။

နေရာတကာမှာ လက်ဖြန့်တောင်းတိုင်း မပေးချင်တော့ဘူး။

ကားနဲ့လော်စပီကာ နေ့ပြတ်ငှား လူစုပြီး တရွာဝင် တရွာထွက်၊ တရပ်ကွက်ဝင် တရပ်ကွက်ထွက် လိုက်အလှူခံနေတာ၊ ပြီးတော့ ရတဲ့ငွေ ခွဲယူပြန်ကြတာပဲ။ အဲ့လိုလူလိမ်တွေလည်းရှိသေးတယ်။ကြုံဖူးလို့ပြောတာပါ။

ဟိုတလောကဆိုရင်လည်း အောင်မင်္ဂလာကားဝင်း ကားဂိတ်က ခရီးသည်တွေဆီ စာအိတ်တွေ လက်ပေါ်ချပေးသွားတယ်၊ ခဏကြာတော့ ပြန်လာသိမ်းတယ်၊

ကိုယ်ကလည်းမသိတော့ ဘယ်ရမလဲ စပ်စုတာပေါ့၊ အလှူငွေတောင်းခံတာတဲ့၊ ဘာလုပ်ဖို့လဲလို့မေးတော့ အမေ့မျက်စိခွဲဖို့တဲ့၊

အာ့နဲ့ စိတ်မပူနဲ့ ကူညီပေးမယ်၊ လိုက်မတောင်းနဲ့တော့ ခွဲစိတ်ဖို့ပရဟိတကူညီတဲ့မိတ်ဆွေတွေရှိတယ်

သားအမေကို ခေါ်သွားပေးမယ်ဆိုတော့ ဘာမှပြန်မပြောဘူး၊ စာအိတ်ယူပြီး ထွက်ပြေးသွားတယ်။ အဲ့လိုစာအိတ်သမားတွေလည်း ရှိနေတာပဲ။

လိုက်တောင်းရုံနဲ့အဲလောက်ရနေတော့ ဘယ်သူက ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး ကိုယ့်ခွန်အားဗလနဲ့ ကြိုးစားချင်စိတ်ရှိတော့မှာလဲ။

ဒီလိုနဲ့ လူတွေဟာ အလွယ်လမ်းကိုလိုက်ပြီး အရှက်တရားတွေကို ငွေနဲ့ဖုံးလွှမ်းသွားကြတယ်။

CreditVD 📌

Be the first to comment

Leave a Reply

Your email address will not be published.


*