‘ ငါ ‘ မလုပ်လဲ သူများလုပ်မှာပဲမထင်လိုက်နဲ့

Zawgyi

တခါတုန္းက ႐ြာေလး တ႐ြာမွာ ပြဲလုပ္ဖို႔ ရွိေနပါသတဲ့။ ေက်း႐ြာေတြမွာ လုပ္တဲ့ ပြဲေလး ဆိုေတာ့လည္း ထုံးစံ အတိုင္း စည္ကားေအာင္ လုပ္ရမွာက သူႀကီးရဲ႕ တာဝန္ပဲ မဟုတ္လား။ ဒီေတာ့ သူႀကီးက ေမာင္းကို ထု၊ လူစုၿပီးေတာ့ ေျပာပါသတဲ့။

“လာမယ့္ စေနေန႔ ညေနမွာ က်ဳပ္တို႔႐ြာမွာ ပြဲေတာ္ လုပ္မွာကို လူတိုင္းလည္း အသိျဖစ္တယ္။ ပြဲေတာ္မွာ လာတဲ့ လူေတြကို ဧည့္ခံဖို႔အတြက္ အစားအေသာက္ကို ႐ြာက လူေတြကပဲ စုေပါင္း ေကြၽးေမြးရေအာင္။

ဒီေတာ့ က်ဳပ္အိမ္ေရွ႕မွာ ရာဝင္အိုးႀကီး တလုံး ထားထားမယ္။ စေနေန႔ မနက္က်ရင္ ႐ြာသားေတြက တအိမ္ကို ႏြားႏို႔ ၂ ပိႆာစီ လာထည့္ၾကပါ။ ပြဲေတာ္ကို လာတဲ့လူေတြကို ႏြားႏို႔နဲ႔ ဧည့္ခံမယ္” လို႔ ေၾကညာပါသတဲ့။

႐ြာသားတေယာက္က အိမ္ျပန္ေရာက္ေတာ့ စဥ္းစားမိသတဲ့။ “ပြဲေတာ္မွာ ႏြားႏို႔တိုက္ဖို႔ ဆိုေတာ့ အိမ္တိုင္း ကေတာ့ ပို႔ရမွာပဲ။ ငါလည္း ပို႔ေတာ့ ပို႔ခ်င္တယ္။

ဒါေပမဲ့ ငါ့မွာက သားသမီး ကလည္းမ်ား၊ မိန္းမကလည္း မမာနဲ႔ ဆိုေတာ့ စီးပြားေရး ကအဆင္ေျပ လွတယ္ မဟုတ္ဘူး။ ႏြားႏို႔ ၂ ပိႆာရဲ႕ တန္ဖိုး ဆိုတာကလည္း နည္းတာ မဟုတ္ေလေတာ့ ငါ အပို မသုံးႏိုင္ဘူး။ ဘယ္လိုလုပ္ရင္ ေကာင္းမလဲ” ဆိုၿပီး စဥ္းစားပါသတဲ့။

စဥ္းစားေနရင္းနဲ႔မွ သူအႀကံတခုကို ရလိုက္တဲ့ အတြက္ အရမ္း ဝမ္းသာသြားၿပီး အဲဒီလို လုပ္ဖို႔ပဲ ဆုံးျဖတ္လိုက္ ပါသတဲ့။ သူ႔အႀကံ ကေတာ့ သူႀကီး အမိန႔္နဲ႔ ႐ြာပြဲေတာ္ အတြက္ အလႉဆိုေတာ့ လူတိုင္းကေတာ့ ႏြားႏို႔ လာထည့္ၾက မွာပဲ။

ငါကေတာ့ ဆင္းရဲတဲ့ လူလည္း ျဖစ္ျပန္၊ စီးပြားေရးလည္း အဆင္မေျပျပန္ ဆိုေတာ့ ႏြားႏို႔အစား ေရ ၂ ပိႆာပဲ သြားထည့္လိုက္မယ္။

လူတိုင္း ႏြားႏို႔ ထည့္ထားတဲ့ အိုးထဲကို ငါေရ ၂ ပိသာေလာက္ ေရာ႐ုံနဲ႔ေတာ့ ဘာမွ မျဖစ္သြားေလာက္ ပါဘူး ဆိုၿပီး ေတြးမိေတာ့ သူ အေတာ္ စိတ္ခ်မ္းသာ သြားတယ္။

ႏြားႏို႔ထည့္ရမဲ့ စေနေန႔ မနက္က်ေတာ့ သူလည္း ေရ ၂ ပိသာကို ႏြားႏို႔ ပုံးထဲထည့္ၿပီး သူႀကီးအိမ္ေရွ႕က အိုးထဲကို သြားထည့္ခဲ့တယ္တဲ့။

အိုးႀကီးကလည္း ရာဝင္ စဥ့္အိုးႀကီး ျဖစ္ေနေလေတာ့ အထဲမွာ ေမွာင္ေမွာင္မည္းမည္း ဘာမွ မျမင္ရေလေတာ့ သူ႔အတြက္ အေတာ္ေလး အဆင္ေျပသြား တာေပါ့။

အဲဒီလိုနဲ႔ ညေန ေရာက္လာလို႔ ဧည့္သည္ေတြကို ဧည့္ခံရေတာ့မယ့္ အခ်ိန္ေရာက္ေတာ့ သူႀကီးက ဧည့္သည္ေတြကို ႐ြာသားေတြစုေပါင္း ဧည့္ခံမႈအျဖစ္ ႏြားႏို႔နဲ႔ ဧည့္ခံမယ့္ အေၾကာင္း ေၾကျငာၿပီး ႏြားႏို႔ အိုးကို ဖြင့္ၿပီး ခြက္နဲ႔ ခပ္လိုက္သတဲ့။

ၿပီးေတာ့မွ ဧည့္ သည္ ေတြကို ခြက္ေပးမယ္ အလုပ္မွာ သူႀကီးရဲ႕ မ်က္ႏွာဟာ ပ်က္သြားၿပီး ခြက္ကို အိုးထဲ ျပန္ထည့္ၿပီး ျပန္ခပ္ျပန္သတဲ့။

သူႀကီးတေယာက္ အိုးထဲကို ခြက္နဲ႔ ခပ္လိုက္ ၾကည့္လိုက္ ျပန္ခပ္လိုက္ လုပ္ေနရင္းကေန တျဖည္းျဖည္း မ်က္ႏွာႀကီး နီလာၿပီး “ေဟ့၊ ဒီအိုးထဲကို ႏြားႏို႔ ၂ ပိသာစီ ထည့္ရမယ္ မွာထားရက္နဲ႔ ေရေတြ ထည့္တာ ဘယ္သူေတြလဲကြ” လို႔ ေအာ္လိုက္တယ္။

ဒီေတာ့ ႐ြာသားေတြလည္း အေျပး လာၾကည့္ၾကေတာ့ အိုးႀကီး တလုံးလုံးမွာ ႏြားႏို႔နဲ႔ တူတာဆိုလို႔ တစက္မွ မရွိပဲ တအိုးလုံးဟာ ေရေတြခ်ည္း ျဖစ္ေနတာကို ေတြ႕ရ ပါသတဲ့။

Credit ~မူရင္း

Unicode

တခါတုန်းက ရွာလေး တရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ ပွဲလေး ဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီးရဲ့ တာဝန်ပဲ မဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့။

“လာမယ့် စနေနေ့ ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကို လူတိုင်းလည်း အသိဖြစ်တယ်။ ပွဲတော်မှာ လာတဲ့ လူတွေကို ဧည့်ခံဖို့အတွက် အစားအသောက်ကို ရွာက လူတွေကပဲ စုပေါင်း ကျွေးမွေးရအောင်။

ဒီတော့ ကျုပ်အိမ်ရှေ့မှာ ရာဝင်အိုးကြီး တလုံး ထားထားမယ်။ စနေနေ့ မနက်ကျရင် ရွာသားတွေက တအိမ်ကို နွားနို့ ၂ ပိဿာစီ လာထည့်ကြပါ။ ပွဲတော်ကို လာတဲ့လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်” လို့ ကြေညာပါသတဲ့။

ရွာသားတယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့။ “ပွဲတော်မှာ နွားနို့တိုက်ဖို့ ဆိုတော့ အိမ်တိုင်း ကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ ပို့ချင်တယ်။

ဒါပေမဲ့ ငါ့မှာက သားသမီး ကလည်းများ၊ မိန်းမကလည်း မမာနဲ့ ဆိုတော့ စီးပွားရေး ကအဆင်ပြေ လှတယ် မဟုတ်ဘူး။ နွားနို့ ၂ ပိဿာရဲ့ တန်ဖိုး ဆိုတာကလည်း နည်းတာ မဟုတ်လေတော့ ငါ အပို မသုံးနိုင်ဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ” ဆိုပြီး စဉ်းစားပါသတဲ့။

စဉ်းစားနေရင်းနဲ့မှ သူအကြံတခုကို ရလိုက်တဲ့ အတွက် အရမ်း ဝမ်းသာသွားပြီး အဲဒီလို လုပ်ဖို့ပဲ ဆုံးဖြတ်လိုက် ပါသတဲ့။ သူ့အကြံ ကတော့ သူကြီး အမိန့်နဲ့ ရွာပွဲတော် အတွက် အလှူဆိုတော့ လူတိုင်းကတော့ နွားနို့ လာထည့်ကြ မှာပဲ။

ငါကတော့ ဆင်းရဲတဲ့ လူလည်း ဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန် ဆိုတော့ နွားနို့အစား ရေ ၂ ပိဿာပဲ သွားထည့်လိုက်မယ်။

လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ ပိသာလောက် ရောရုံနဲ့တော့ ဘာမှ မဖြစ်သွားလောက် ပါဘူး ဆိုပြီး တွေးမိတော့ သူ အတော် စိတ်ချမ်းသာ သွားတယ်။

နွားနို့ထည့်ရမဲ့ စနေနေ့ မနက်ကျတော့ သူလည်း ရေ ၂ ပိသာကို နွားနို့ ပုံးထဲထည့်ပြီး သူကြီးအိမ်ရှေ့က အိုးထဲကို သွားထည့်ခဲ့တယ်တဲ့။

အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေလေတော့ အထဲမှာ မှောင်မှောင်မည်းမည်း ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေး အဆင်ပြေသွား တာပေါ့။

အဲဒီလိုနဲ့ ညနေ ရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မယ့် အချိန်ရောက်တော့ သူကြီးက ဧည့်သည်တွေကို ရွာသားတွေစုပေါင်း ဧည့်ခံမှုအဖြစ် နွားနို့နဲ့ ဧည့်ခံမယ့် အကြောင်း ကြေငြာပြီး နွားနို့ အိုးကို ဖွင့်ပြီး ခွက်နဲ့ ခပ်လိုက်သတဲ့။

ပြီးတော့မှ ဧည့် သည် တွေကို ခွက်ပေးမယ် အလုပ်မှာ သူကြီးရဲ့ မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန်သတဲ့။

သူကြီးတယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက် လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီး နီလာပြီး “ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ ပိသာစီ ထည့်ရမယ် မှာထားရက်နဲ့ ရေတွေ ထည့်တာ ဘယ်သူတွေလဲကွ” လို့ အော်လိုက်တယ်။

ဒီတော့ ရွာသားတွေလည်း အပြေး လာကြည့်ကြတော့ အိုးကြီး တလုံးလုံးမှာ နွားနို့နဲ့ တူတာဆိုလို့ တစက်မှ မရှိပဲ တအိုးလုံးဟာ ရေတွေချည်း ဖြစ်နေတာကို တွေ့ရ ပါသတဲ့။

Credit ~မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*