ကလေးဘဝကတည်းက ဘာကိုပဲ စားစား ရေဆေးပြီးမှ စားသင့်တယ်လို့ လူကြီး မိဘတွေက သင်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ အစားအစာတွေကို ရေဆေးပြီးမှစားရင် ပိုအန္တရာယ် ရှိပါတယ်။ တချို့အစားအစာတွေကို ရေဆေးပြီး စားလိုက်တဲ့အခါ ဘက်တီးရီးယားတွေက ပျံ့နှံ့သွားပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်

ရေမဆေးဘဲ စားသင့်တဲ့ အစားအစာများ

1. ကြက်ဥ၊ ဘဲဥ

ကြက်ဥရဲ့ အခွံပေါ်မှာ ဘက်တီးရီးယားတွေကို သဘာဝအတိုင်း ကာကွယ်ပေးထားတဲ့ အရာတစ်ခု ပါဝင်ပါတယ်။ ကြက်ဥကို ရေဆေးလိုက်တဲ့အခါ ဘက်တီးရီးယားတွေကို ကာကွယ်ပေးထားတဲ့ အရာလေးက ပျောက်သွားပါတယ်။ အဲဒါကြောင့် ကြက်ဥကို ရေမဆေးသင့် ပါဘူး။

2. ကြက်သား

လတ်ဆတ်တဲ့ ကြက်သားပေါ်က ဘက်တီးရီးယားတွေက ကျန်းမာရေးအတွက် အလွန်အန္တရာယ် များပါတယ်။ လူအများစု သိထားတာကတော့ အစာအဆိပ်သင့်စေတဲ့ ပိုးပါ။ ကြက်သားကို မချက်ခင်မှာ ရေဆေးရမယ်လို့ လူအများစုက သိထားပါတယ်။

ကြက်သားကို ရေဆေးတဲ့ အခါ ရေက ဘက်တီးရီးယားတွေကို လက်ပေါ် ပျံ့နှံ့သွားစေပြီး ကြက်သားထဲကိုလည်း စိမ့်ဝင်သွားစေပါတယ်။ အဲဒါကြောင့် ကြက်သားကို နှစ်ခါပြုတ်လိုက်ခြင်းက အကောင်းဆုံးလို့ စားဖိုမှူးတွေက ပြောပါတယ်။ တခါပြုတ်ပြီးရင် ရေကို အသစ်လဲ ပေးရပါမယ်။

3. အသား

အမဲသား၊ ဝက်သား၊ သိုးစားတွေကိုလည်း ရေမဆေးသင့်ပါဘူး။ အသားပေါ်က ဘက်တီးရီးယားတွေ လက်ပေါ်ကို ရောက်သွားနိုင်ပြီး အသားထဲ စိမ့်ဝင်သွားနိုင်လို့ပါ။ ဘက်တီးရီးယားတွေကို အပူချိန်မြင့်မြင့် ထားပြီး ဖယ်ရှားနိုင်ပါတယ်။ ဒါမှမဟုတ် မချက်ခင်မှာ အသားက ထွက်တဲ့ အရည်တွေကို စုပ်ယူနိုင်အောင် ပုဝါနဲ့ အုပ်ထားပေးပါ။

4. Pasta

Pasta ကို ရေဆေးလိုက်တဲ့အခါမှာ ကစီဓါတ်တွေ ပါသွားပါတယ်။ အဲဒါကြောင့် pasta ကို သုပ်စားမယ်ဆိုရင် ပြုတ်ပြီးမှ ရေဆေးသင့်ပါတယ်။

5. မှို

မှိုကို ရေဆေးတာ၊ ရေစိမ်ထားတာက မကောင်းပါဘူး။ ရေမြန်မြန် ဆေးချပြီး ခြောက်အောင် ပြုလုပ်လို့လည်း ရပါတယ်။

ရေဆေးပြီးမှ စားသင့်တဲ့ အစားအစာများ

1. အခွံခွာစရာမလိုတဲ့ အသီးအနှံများ

အခွံခွာစရာမလိုတဲ့ အသီးအနှံတွေက သန့်ရှင်းလတ်ဆတ်နေရင် ရေဆေးစရာ မလိုပါဘူး။ ဒါပေမယ့် ပိုးသတ်ဆေး မဖျန်းဘဲ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲ ရေဆေးစရာ မလိုတာပါ။ အဲဒီလို သဘာဝ အသီးအနှံတွေကို ပုဝါသန့်သန့်လေးနဲ့ သုတ်ပြီးထားရင် ရပါတယ်။

2. သံဘူးများ

ဘက်တီးရီးယားတွေက သံဘူးထဲကို မဝင်နိုင်ပါဘူး။ ဒါပေမယ့် သံဘူးကို ဖောက်တဲ့အခါ သံဘူးပေါ်က ပိုးမွှားတွေ ဝင်နိုင်တာကြောင့် သံဘူးကို မဖောက်ခင် ရေဆေးသင့်ပါတယ်။

3. အခွံခွာစရာလိုတဲ့ အသီးအနှံများ

အခွံခွာစရာလိုတဲ့ ငှက်ပျောသီး၊ ဖရဲသီး စတဲ့အသီးတွေကို ရေဆေးပြီးမှ စားသင့်ပါတယ်။


4. အစေ့အဆံများ

အစေ့အဆံတွေကို အခွံခွာပြီးရင်တောင် ရေဆေးသင့်ပါတယ်။ အစေ့အဆံတွေကို ဘယ်လိုသိမ်းဆည်းထားလဲ၊ ဘယ်လို တင်ပို့သလဲဆိုတာ မသိရပါဘူး။ အစေ့အဆံတွေမှာ ကပ်ပါးကောင်တွေ ကပ်ငြိနေတတ်တာကြောင့် ရေဆေးပြီးမှ စားသင့်ပါတယ်။

5. အခြောက်ခံထားတဲ့ အသီးအနှံများ

အခြောက်ခံထားတဲ့ အသီးအနှံတွေက မသန့်ရှင်းဆုံးလို့ ပြောလို့ ရပါတယ်။ အခြောက်ခံ ထားတဲ့ အသီးအနှံတွေကို ကောင်းကောင်းမွန်မွန် ထုပ်ပိုးထား ရင်တောင် ရေဆေးတာတို့၊ ရေစိမ်တာတို့ ပြုလုပ်သင့်ပါတယ်။