မိဘျဖစ္ရတာ ဂုဏ္ယူဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ရတာ အၿမဲတမ္းေတာ့ မလြယ္ကူပါဘူး။ ကေလးတစ္ေယာက္ လိမၼာယဥ္ေက်းဖို႔၊ ပညာတတ္ဖို႔၊ ဘဝကို ေကာင္းေကာင္းမြန္မြန္ ရွင္သန္ႏိုင္ဖို႔ အခ်ိန္ေတြ အမ်ားႀကီး ယူရပါတယ္။ ကေလးေတြရဲ႕ တခ်ိဳ႕ အျပဳအမူေတြကို မသိခ်င္ေယာင္ ေဆာင္ထားလို႔ မရပါဘူး။

1. တစ္စုံတစ္ေယာက္ရဲ႕ မေကာင္းတဲ့ အျပဳအမူကို မေျပာျပတတ္ျခင္း

အတင္းအဖ်င္း ေျပာျခင္းနဲ႔ ႏိုးႏိုးၾကားၾကား ရွိျခင္းတို႔ရဲ႕ကြဲျပားပုံကို ကေလးသိေအာင္ ရွင္းျပဖို႔လိုပါတယ္။ ၿပီးေတာ့ ကေလးေျပာသမွ်ကို ေအးေအးေဆးေဆး နားေထာင္ေပးသင့္ ပါတယ္။ အဲဒီအခါ ကေလးနဲ႔ မိဘၾကားမွာ ျပႆနာေတြ ရွိလာတဲ့အခါ ေျဖရွင္းရ လြယ္ကူသြားပါတယ္။

2. ေမာင္ႏွမအခ်င္းခ်င္း ၿပိဳင္ဆိုင္ျခင္း

ကေလးေတြကို ဘက္မလိုက္ဘဲ မွ်မွ်တတ ဆက္ဆံေပးဖို႔ လိုပါတယ္။ ေမာင္ႏွမအခ်င္းခ်င္း ေလးစားမႈ ထားရျခင္းရဲ႕ အေရးႀကီးပုံကို ရွင္းျပေပးပါ။ ကေလးတစ္ေယာက္ခ်င္းစီ ကိုလည္း အခ်ိန္ေပးသင့္ပါတယ္။ အဲဒီအခါ ေမာင္ႏွမအခ်င္းခ်င္း ၿပိဳင္ဆိုင္မႈ နည္းလာၿပီး ရင္းႏွီးလာမွာပါ။

3. ခို းျခင္း

ကေလးက ခိုးတတ္ေနၿပီဆိုရင္ သင့္စိတ္ကို ၿငိမ္ၿငိမ္ ထားလိုက္ပါ။ ကေလးက ပထမဆုံးအႀကိမ္ အျဖစ္ ခိုးရင္ ခိုးရတဲ့ အေၾကာင္းရင္းကို သိေအာင္လုပ္ၿပီး ခိုးျခင္းက မေကာင္းတဲ့ အျပဳအမူျဖစ္ေၾကာင္း ေသခ်ာ ရွင္းျပသင့္ ပါတယ္။ ၿပီးေတာ့ ကေလးကို ခိုးတဲ့ ပစၥည္းကို ျပန္ေပးဖို႔၊ ပစၥည္းပိုင္ရွင္ကို ေတာင္းပန္ဖို႔ ရွင္းျပသင့္ ပါတယ္။ ကေလးက ခိုးၿပီးရင္း ခိုးေနရင္ စိတ္ေရာဂါ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ အဲဒီလိုမဟုတ္ရင္ ကေလးမွာ ခိုးတဲ့အက်င့္ ပါသြားမွာပါ။

4. မေလးမစား ဆက္ဆံျခင္း

ကေလးက မိဘေတြကိုသာမက တျခားသူေတြကိုပါ မေလးမစား ဆက္ဆံေနရင္ စိတ္ခံစားခ်က္နဲ႔ ဆႏၵကို နည္းမွန္လမ္းမွန္ ေဖာ္ျပတတ္ေအာင္ ကေလးကို သင္ေပးပါ။

5. မ႐ိုးသားျခင္း

ကေလးက အမွားတစ္ခုခု လုပ္မိရင္ အလြန္အမင္းႀကီး မဆူသင့္ပါဘူး။ ႐ိုးသားမႈ၊ ယုံၾကည္မႈတို႔ရဲ႕ အေရးပါပုံကို ကေလးကို ရွင္းျပပါ။ ကေလးနဲ႔ သင့္ေတာ္မယ့္ ျပစ္ဒဏ္ကိုေပးဖို႔က အေရးႀကီးပါတယ္။ ကေလးက လိမ္တတ္၊ ညာတတ္ေနရင္ ကေလးမွာ ျပႆနာ ႀကီးႀကီးမားမား ရွိေနတဲ့ လကၡဏာပါ။ အဲဒီအခါ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

6. ဂ်ီက်ျခင္း

ကေလးရဲ႕ေရွ႕မွာ စိတ္မရွည္တဲ့ အမူအရာကို မျပဖို႔ အေရးႀကီးပါတယ္။ ကေလးနဲ႔ စကားေျပာတဲ့အခါ ပုံမွန္အသံနဲ႔ပဲ ေျပာပါ။ ကေလးက ခဏခဏ ဂ်ီက်တတ္ေနရင္ သင့္ရဲ႕ အရင္းႏွီးဆုံးသူနဲ႔ အနီးဆုံးသူၾကားက ဆက္ဆံေရးကို ျပန္ေလ့လာ ၾကည့္ပါ။ မိသားစု မဟုတ္ဘဲ တျခားသူေတြနဲ႔ ဆက္ဆံရာမွာလည္း ကေလးကို ဂ်ီမက် သင့္ေၾကာင္း ရွင္းျပသင့္ပါတယ္။

7. အမူအရာ ႐ိုင္းျပျခင္း

ကေလးရဲ႕ အျပဳအမူေတြကို သင္ေပးတဲ့အခါ အရမ္းႀကီး မတင္းမာသင့္ပါဘူး။ မိသားစုဝင္ေတြ အေပၚမွာသာမက တျခားသူေတြ အေပၚမွာပါ အလိုက္သိတတ္ဖို႔၊ ယဥ္ေက်းဖို႔အတြက္ သင္ေပးသင့္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသား မိသားစုဝင္ေတြက အမူအရာယဥ္ ေက်းတာကို အၿမဲ ျမင္ရတဲ့အခါ ကေလးကလည္း အမူအရာ ယဥ္ေက်းသြားပါတယ္။

Zombie (Lovemedia)

မိဘဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းပါတယ်။ ဒါပေမယ့် ကလေးတွေကို ပြုစုပျိုးထောင်ရတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး။ ကလေးတစ်ယောက် လိမ္မာယဉ်ကျေးဖို့၊ ပညာတတ်ဖို့၊ ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ဖို့ အချိန်တွေ အများကြီး ယူရပါတယ်။ ကလေးတွေရဲ့ တချို့ အပြုအမူတွေကို မသိချင်ယောင် ဆောင်ထားလို့ မရပါဘူး။

1. တစ်စုံတစ်ယောက်ရဲ့ မကောင်းတဲ့ အပြုအမူကို မပြောပြတတ်ခြင်း

အတင်းအဖျင်း ပြောခြင်းနဲ့ နိုးနိုးကြားကြား ရှိခြင်းတို့ရဲ့ကွဲပြားပုံကို ကလေးသိအောင် ရှင်းပြဖို့လိုပါတယ်။ ပြီးတော့ ကလေးပြောသမျှကို အေးအေးဆေးဆေး နားထောင်ပေးသင့် ပါတယ်။ အဲဒီအခါ ကလေးနဲ့ မိဘကြားမှာ ပြဿနာတွေ ရှိလာတဲ့အခါ ဖြေရှင်းရ လွယ်ကူသွားပါတယ်။

2. မောင်နှမအချင်းချင်း ပြိုင်ဆိုင်ခြင်း

ကလေးတွေကို ဘက်မလိုက်ဘဲ မျှမျှတတ ဆက်ဆံပေးဖို့ လိုပါတယ်။ မောင်နှမအချင်းချင်း လေးစားမှု ထားရခြင်းရဲ့ အရေးကြီးပုံကို ရှင်းပြပေးပါ။ ကလေးတစ်ယောက်ချင်းစီ ကိုလည်း အချိန်ပေးသင့်ပါတယ်။ အဲဒီအခါ မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှု နည်းလာပြီး ရင်းနှီးလာမှာပါ။

3. ခိုးခြင်း

ကလေးက ခိုးတတ်နေပြီဆိုရင် သင့်စိတ်ကို ငြိမ်ငြိမ် ထားလိုက်ပါ။ ကလေးက ပထမဆုံးအကြိမ် အဖြစ် ခိုးရင် ခိုးရတဲ့ အကြောင်းရင်းကို သိအောင်လုပ်ပြီး ခိုးခြင်းက မကောင်းတဲ့ အပြုအမူဖြစ်ကြောင်း သေချာ ရှင်းပြသင့် ပါတယ်။ ပြီးတော့ ကလေးကို ခိုးတဲ့ ပစ္စည်းကို ပြန်ပေးဖို့၊ ပစ္စည်းပိုင်ရှင်ကို တောင်းပန်ဖို့ ရှင်းပြသင့် ပါတယ်။ ကလေးက ခိုးပြီးရင်း ခိုးနေရင် စိတ်ရောဂါ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင် ကလေးမှာ ခိုးတဲ့အကျင့် ပါသွားမှာပါ။

4. မလေးမစား ဆက်ဆံခြင်း

ကလေးက မိဘတွေကိုသာမက တခြားသူတွေကိုပါ မလေးမစား ဆက်ဆံနေရင် စိတ်ခံစားချက်နဲ့ ဆန္ဒကို နည်းမှန်လမ်းမှန် ဖော်ပြတတ်အောင် ကလေးကို သင်ပေးပါ။

5. မရိုးသားခြင်း

ကလေးက အမှားတစ်ခုခု လုပ်မိရင် အလွန်အမင်းကြီး မဆူသင့်ပါဘူး။ ရိုးသားမှု၊ ယုံကြည်မှုတို့ရဲ့ အရေးပါပုံကို ကလေးကို ရှင်းပြပါ။ ကလေးနဲ့ သင့်တော်မယ့် ပြစ်ဒဏ်ကိုပေးဖို့က အရေးကြီးပါတယ်။ ကလေးက လိမ်တတ်၊ ညာတတ်နေရင် ကလေးမှာ ပြဿနာ ကြီးကြီးမားမား ရှိနေတဲ့ လက္ခဏာပါ။ အဲဒီအခါ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

6. ဂျီကျခြင်း

ကလေးရဲ့ရှေ့မှာ စိတ်မရှည်တဲ့ အမူအရာကို မပြဖို့ အရေးကြီးပါတယ်။ ကလေးနဲ့ စကားပြောတဲ့အခါ ပုံမှန်အသံနဲ့ပဲ ပြောပါ။ ကလေးက ခဏခဏ ဂျီကျတတ်နေရင် သင့်ရဲ့ အရင်းနှီးဆုံးသူနဲ့ အနီးဆုံးသူကြားက ဆက်ဆံရေးကို ပြန်လေ့လာ ကြည့်ပါ။ မိသားစု မဟုတ်ဘဲ တခြားသူတွေနဲ့ ဆက်ဆံရာမှာလည်း ကလေးကို ဂျီမကျ သင့်ကြောင်း ရှင်းပြသင့်ပါတယ်။

7. အမူအရာ ရိုင်းပြခြင်း

ကလေးရဲ့ အပြုအမူတွေကို သင်ပေးတဲ့အခါ အရမ်းကြီး မတင်းမာသင့်ပါဘူး။ မိသားစုဝင်တွေ အပေါ်မှာသာမက တခြားသူတွေ အပေါ်မှာပါ အလိုက်သိတတ်ဖို့၊ ယဉ်ကျေးဖို့အတွက် သင်ပေးသင့်ပါတယ်။ အရွယ်ရောက်ပြီးသား မိသားစုဝင်တွေက အမူအရာယဉ် ကျေးတာကို အမြဲ မြင်ရတဲ့အခါ ကလေးကလည်း အမူအရာ ယဉ်ကျေးသွားပါတယ်။

Zombie (Lovemedia)