“အရင်လိုMASK တပ်၊ လက်ဆေးရုံနဲ့တင် မရတော့တာကြောင့် အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ရမယ့် နည်းလမ်းကောင်းတွေကို ရေးသားဝေမျှလာတဲ့ သင်ဇာဝင့်ကျော်”

Zawgyi

အရင္လိုMASK တပ္၊ လက္ေဆး႐ုံနဲ႔တင္ မရေတာ့တာေၾကာင့္ အာဟာရျပည့္ဝစြာ ေနထိုင္စားေသာက္ရမယ့္ နည္းလမ္းေကာင္းေတြကို ေရးသားေဝမွ်လာတဲ့ သင္ဇာဝင့္ေက်ာ္

လတ္တေလာအေျခအေနမွာ ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားမႈေတြ အရမ္းကို ျမန္ဆန္ေနတာ ျဖစ္ပါတယ္။ အရင္လိုMask တပ္၊ လက္ေဆး႐ုံနဲ႔တင္ မရေတာ့ဘဲ ေသေသခ်ာခ်ာ ဂ႐ုတစိုက္နဲ႔ ေနထိုင္သြားလာဖို႔ လိုအပ္ေနပါၿပီ။အႏုပညာရွင္မ်ားကလည္း အာဟာရျပည့္ဝေအာင္ စားေသာက္ရန္နဲ႔ အားကစားေလ့က်င့္ခန္းတစ္ခုခု လုပ္ဖို႔အတြက္တိုက္တြန္းေနၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။

မေန႔ညကလည္းသ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ရဲ႕ လူမႈကြန္ယက္တြင္ က်န္းမာေရးေကာင္းမြန္ေစရန္ ေနထိုင္စားေသာက္ရမယ့္ နည္းလမ္းေကာင္းေတြကို ေရးသားေဝမွ်ထားတာ ျဖစ္ပါတယ္။ သူမကေတာ့ Stay at home ကာလမွာ hand stand training ျပန္စၿပီျဖစ္ၿပီး က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အရက္၊ေဆးလိပ္ မတည့္တာမွန္သမွ် အကုန္ေရွာင္တဲ့အေၾကာင္း ေရးသားထားပါတယ္။

ဒါ့အျပင္ အားကစားပုံမွန္လုပ္ေလ့ရွိၿပီး ေဆးအေနနဲ႔ vitamin Cတစ္မ်ိဳးတည္းကိုသာ ေသာက္သုံးပါတယ္။ က်န္တဲ့ ခႏၶာကိုယ္မွာ လိုအပ္တဲ့vitamin ေတြကိုေတာ့ ေဆးအျဖစ္မေသာက္သုံးဘဲ အသီးအႏွံနဲ႔ အသားငါးေတြသာ ေ႐ြးစားျဖစ္တဲ့အေၾကာင္းေဝမွ်ထားပါတယ္။ မနက္ (၈) နာရီမထိုးခင္ ေနပူစာလႈံၿပီး အရမ္းအေရးႀကီးတဲ့ ကိစၥရွိမွသာ အျပင္ကို ထြက္တဲ့အေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။

ဒီရက္ပိုင္းေတြမွာ ဘာသာေရးလည္း ပိုလုပ္ျဖစ္ၿပီး တရားထိုင္ၿပီး ဝင္ေလထြက္ေလမွတ္ရင္း စိတ္ပိုၿငိမ္ေအာင္အသက္ရႈေလ့က်င့္ခန္းေတြလည္း လုပ္လို႔ရေၾကာင္း ေဝမွ်ထားပါတယ္။ ဒီကာလမွာ ကိုယ္ခံအားေကာင္းေစဖို႔အတြက္ စိတ္ညစ္စရာေတြ သိပ္မေတြးဘဲပိုစား၊ပိုအိပ္ဖို႔လိုေၾကာင္း သူမလက္ရွိေနထိုင္တဲ့ ပုံစံေတြကို ေရးသားထားတာ ျဖစ္ပါတယ္။ အားလုံးလည္း COVID ေရာဂါဆိုးႀကီးကို တိုက္ထုတ္ႏိုင္ပါေစလို႔လည္း ဆုေတာင္းေပးထားပါေသးတယ္။

ဒီကာလမွာ အတတ္ႏိုင္ဆုံး အိမ္မွာ ေနထိုင္ျခင္းဟာ ေရာဂါထိန္းခ်ဳပ္ဖို႔ အေကာင္းဆုံး နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ ေနထိုင္စားေသာက္ရင္း ဒီေရာဂါႀကီးကို ေက်ာ္ျဖတ္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Unicode

အရင်လိုMASK တပ်၊ လက်ဆေးရုံနဲ့တင် မရတော့တာကြောင့် အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ရမယ့် နည်းလမ်းကောင်းတွေကို ရေးသားဝေမျှလာတဲ့ သင်ဇာဝင့်ကျော်

လတ်တလောအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေ အရမ်းကို မြန်ဆန်နေတာ ဖြစ်ပါတယ်။ အရင်လိုMask တပ်၊ လက်ဆေးရုံနဲ့တင် မရတော့ဘဲ သေသေချာချာ ဂရုတစိုက်နဲ့ နေထိုင်သွားလာဖို့ လိုအပ်နေပါပြီ။အနုပညာရှင်များကလည်း အာဟာရပြည့်ဝအောင် စားသောက်ရန်နဲ့ အားကစားလေ့ကျင့်ခန်းတစ်ခုခု လုပ်ဖို့အတွက်တိုက်တွန်းနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

မနေ့ညကလည်းသရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ လူမှုကွန်ယက်တွင် ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်စားသောက်ရမယ့် နည်းလမ်းကောင်းတွေကို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ သူမကတော့ Stay at home ကာလမှာ hand stand training ပြန်စပြီဖြစ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရက်၊ဆေးလိပ် မတည့်တာမှန်သမျှ အကုန်ရှောင်တဲ့အကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် အားကစားပုံမှန်လုပ်လေ့ရှိပြီး ဆေးအနေနဲ့ vitamin Cတစ်မျိုးတည်းကိုသာ သောက်သုံးပါတယ်။ ကျန်တဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့vitamin တွေကိုတော့ ဆေးအဖြစ်မသောက်သုံးဘဲ အသီးအနှံနဲ့ အသားငါးတွေသာ ရွေးစားဖြစ်တဲ့အကြောင်းဝေမျှထားပါတယ်။ မနက် (၈) နာရီမထိုးခင် နေပူစာလှုံပြီး အရမ်းအရေးကြီးတဲ့ ကိစ္စရှိမှသာ အပြင်ကို ထွက်တဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

ဒီရက်ပိုင်းတွေမှာ ဘာသာရေးလည်း ပိုလုပ်ဖြစ်ပြီး တရားထိုင်ပြီး ဝင်လေထွက်လေမှတ်ရင်း စိတ်ပိုငြိမ်အောင်အသက်ရှုလေ့ကျင့်ခန်းတွေလည်း လုပ်လို့ရကြောင်း ဝေမျှထားပါတယ်။ ဒီကာလမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် စိတ်ညစ်စရာတွေ သိပ်မတွေးဘဲပိုစား၊ပိုအိပ်ဖို့လိုကြောင်း သူမလက်ရှိနေထိုင်တဲ့ ပုံစံတွေကို ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံးလည်း COVID ရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်ပါစေလို့လည်း ဆုတောင်းပေးထားပါသေးတယ်။

ဒီကာလမှာ အတတ်နိုင်ဆုံး အိမ်မှာ နေထိုင်ခြင်းဟာ ရောဂါထိန်းချုပ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် နေထိုင်စားသောက်ရင်း ဒီရောဂါကြီးကို ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။