တ ရု တ် လူမျိုး တို့သည်လည်း ရှေးအစဉ်လာမှပင် ဂန္ဓာလရာဇ်မှဲ့သျှတ္တရကျမ်းများကို လက်ခံယုံကြည် အသုံးပြုလာခဲ့ကြပါသည်။ အမှန်ပင်လည်း လက်ခံယုံကြည် ထိုက်ပါပေသည်။ မြန်မာ သမိုင်းကို လေ့လာကြည့်လျှင်လည်း နဖူးတွင် မှဲ့အရှင် ပါရှိသော ဒွတ္တဘောင် မင်းကြီးကို အားလုံး သိကြပြီး ဖြစ်မှာပါ။ သာဓက ပြစရာ အများသားပါ။

မြန်မာရိုးရာနည်း အရတော့ နဖူးဆံစမှ “ရတနာဆံကျစ်မှဲ့.. ပါးမို့မို့ပေါ်မှ “စံပယ်တင်မှဲ့.. နှုတ်ခမ်းအထက် /ဘေးဘယ်ညာမှ “ရွှေပိတုန်းစုတ်မှဲ့… မေးစေ့ ဘယ်ညာအောက်မှ “မေတ္တာနွယ်ပန်းမှဲ့… ရင်လည်ရင်ညွှန့်မှ “ရတနာရွှေအိုးမှဲ့… စလွယ်ကို လွယ်သိုင်းထားသလိုသော ” မှဲ့စလွယ် ဟူ၍ တော်ဝင်တန်းဝင်မှဲ့များ အကြောင်းလည်း သိကြပြီး ဖြစ်မည်။

ကျောကုန်းထက်မှ “နေလောင်ခံမှဲ့.. မျက်ရည် စည်းကြောင်းပေါ်မှ “မျက်ရည်ခံမှဲ့ စသည့် ဆိုးကျိုးပေးသော မှဲ့များ အကြောင်းလည်း ရှိသေး၏ (နောက်ဆက်တွဲတင်ပြပေးပါမည်)

လိုရင်းကို ရေးပြပါအဲ့.. သတိပြုရန်မှာ မှဲ့သည် ထင်ရှားနေချိန် ပိုအကျိုးပေး တတ်၏။

၁။ အရောင်းဝယ် လုပ်ငန်းတွင် ထွန်းပေါက်မည်။

၂။ ဘဝကို ဆင်းရဲ ခက်ခဲစွာ ဖြတ်ကျော်၍ အောင်မြင်မည်။

၃။ အဆင် ချောမောစွာ ဘဝဖြတ်သန်း ရမည်။

၎။ အပူသောကကို ပေးတတ်၏

၅။ ငွေကြေး အမြောက်များ ပိုင်ဆိုင်မည်။

၆။ ကာမဓာတ်သွေးဓာတ် ချို့ယွင်းအားနည်း စေမည်။

၇။ အိမ်ထောင်ဘက်ကို ဒုက္ခတွေ့ စေတတ်သည်။

၈။ အလုပ်မှာ အတိုက်ခံ နှောက်ယှက်များ စေတတ်သည်။

၉။ ခရီးမှာ/ အရပ်ဝေးမှာ ဘေးအန္တရာယ် တွေ့တတ်သည်။

၁၀။ အရပ်ဝေးမှာ ကံကောင်းသူ ဖြစ်စေသည်။

၁၁။ ဂုဏ်သတင်း ကျော်ဇောပါမည်။

၁၂။ သားသမီးဦး ပျက်စီးစေ/ ဆုံးရှုံးစေတတ်၏

၁၃။ (နံပါတ် ၁၂ နည်းတူ)

၁၄။ ထိခိုက်ပြင်းထန် /သေရာပါ ဒါဏ်ရာရ စေတတ်သည်။

၁၅။ မိခင် (သို့) ဖခင်ကို ခိုက်စေပါသည်။

၁၆။ အချစ်ရေး ကံမကောင်း တတ်ပါ။

၁၇။ ဝန်ထမ်း အကျိုးပေးမည် အကြီးကဲတို့ မြောက်စားမည်။

၁၈။ အမှုခင်းကြီးစွာ ဖြစ်စေတတ်သည်။

၁၉။ အလုပ်လက်မဲ့ အချိန်ကြာစွာ နေရတတ်သည်။

၂၀။ တဖြေးဖြေး ပုံမှန်သာ အကျိုးပေးပြီး ကံကောင်းမည်။

၂၁။ ဘွဲ့ထူး ဂုဏ်ထူးတွေ စည်းစိမ်ချမ်းသာတွေ ပိုင်ဆိုင်မည်။

၂၂။ ပူဆွေး ဝမ်းနည်းခြင်း များစေမည်။

၂၃။ အသက်ရှည်ရှည် မနေရတတ်ပါ။

၂၄။ နှုတ်မဆတ်ချင် တတ်သောကြောင့် အမှု များမည်။

၂၅။ ဝေဒနာရောဂါ ချူချာ နေစေတတ်သည်။

၂၆။ စိတ်ရှည် သီးခံပြီး ကျိုးစားတတ်သူပါ။

၂၇။ အပျော်အပါး လောင်းကစား ဝါသနာပါ တတ်သည်။

၂၈။ ငွေရှာရ လွယ်ကူစေနိုင်သည်။

၂၉။ ပုံမှန် ကျိုးစားယုံဖြင့် အောင်မြင်မှု ရစေပါမည်။

၃၀။ ထောင်ထဲမှာ အချိန်ကြာမြင့်စွာ နေရတတ်သည်။

၃၁။ အသုံးဖြုန်းကြီး တတ်ပြီး ငွေကြောင့် ဒုက္ခတွေ့ တတ်၏

၃၂။ စိတ်ချမ်းသာသော ဘဝကို ရပါမည်။

၃၃။ မိသားစု ဘဝကို ပျက်စီးသွားစေတတ်သည်။

၃၄။ အသက်ရှည် စေပါမည်။

၃၅။ စည်းစိမ်ချမ်းသာများနဲ့ ပျော်ရွှင်စွာ နေရတတ်ပါသည်။

အဆင်ပြေကြပါစေဗျာ။

ဆရာအောင်ချမ်း- အွန်လိုင်း ဗေဒင်လက္ခဏာ