Zawgyi

ေျခဟန္လက္ဟန္ အမူအရာ ကြၽမ္းက်င္ပညာရွင္ေတြက ကိုယ္ေနကိုယ္ထား၊ လႈပ္ရွားပုံ၊ ျပဳမႈပုံေတြကို ဖတ္တတ္ၾကပါတယ္။

ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ လူေတြမွာ ဝမ္းတြင္းသိ ဆိုၿပီး ရွိတတ္ၾကပါတယ္။ ေအာက္ကပုံေလးကို ၾကည့္ၿပီး တျခားသူေတြရဲ႕ အမူအယာေတြကို ဖတ္ၾကည့္ရေအာင္။ ကေလးအေမက ဘယ္သူျဖစ္မလဲ။
အခန္းထဲမွာ အမ်ိဳးသမီးႏွစ္ေယာက္ ထိုင္ေနၾကပါတယ္။ ကေလးေလးက ၾကမ္းျပင္ေပၚမွာ ေဆာ့ေနပါတယ္။ အမ်ိဳးသမီး ႏွစ္ေယာက္က တူတယ္လို႔ ထင္ရေပမယ့္ မ်က္ႏွာနဲ႔ ကိုယ္ဟန္အေနအထားက ကြဲျပားေနပါတယ္။ အခ်ိန္ယူၿပီး အေျဖရွာၾကည့္ပါေနာ္။

ကေလးရဲ႕အေမက ဘယ္ဘက္က အမ်ိဳးသမီးပါ။ သူမထိုင္ေနတဲ့ ပုံစံက ေျပာျပေနပါတယ္။ ဘယ္ဘက္အမ်ိဳးသမီးက အနည္းငယ္ ကိုင္းၫြတ္ေနၿပီး ေျခေထာက္က ကေလးနားကို ေရာက္ေနပါတယ္။ ၿပီးေတာ့ အမ်ိဳးသမီးရဲ႕မ်က္ႏွာက ေအးေအးေဆးေဆး အနားယူတယ္လို႔ ထင္ရေပမယ့္ ကေလးကိုေစာင့္ေရွာက္ၾကည့္ရႉေနေၾကာင္း မ်က္ႏွာက ေဖာ္ျပေနပါတယ္။

ကေလးထိုင္ေနတဲ့ ပုံစံကလည္း တိုက္ဆိုင္တာ မဟုတ္ပါဘူး။ ကေလးက အေမနဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနျခင္း ျဖစ္ပါတယ္။ ကေလးေတြက အိမ္မွာ ေဆာ့ကစားေနတဲ့ အခါ အေမရွိတဲ့ဘက္၊ အေမျမင္ႏိုင္တဲ့ ေနရာမွာေတာ့ ေဆာ့ရတာ ပိုႀကိဳက္ပါတယ္။ လုံၿခဳံၿပီး အေမက ေစာင့္ေရွာက္ေပးေနတယ္လို႔ ကေလးေတြမွာ ခံစားရလို႔ ျဖစ္ပါတယ္။ Zombie (Lovemedia)

Unicode

ခြေဟန်လက်ဟန် အမူအရာ ကျွမ်းကျင်ပညာရှင်တွေက ကိုယ်နေကိုယ်ထား၊ လှုပ်ရှားပုံ၊ ပြုမှုပုံတွေကို ဖတ်တတ်ကြပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေတော့ လူတွေမှာ ဝမ်းတွင်းသိ ဆိုပြီး ရှိတတ်ကြပါတယ်။ အောက်ကပုံလေးကို ကြည့်ပြီး တခြားသူတွေရဲ့ အမူအယာတွေကို ဖတ်ကြည့်ရအောင်။ ကလေးအမေက ဘယ်သူဖြစ်မလဲ။

အခန်းထဲမှာ အမျိုးသမီးနှစ်ယောက် ထိုင်နေကြပါတယ်။ ကလေးလေးက ကြမ်းပြင်ပေါ်မှာ ဆော့နေပါတယ်။ အမျိုးသမီး နှစ်ယောက်က တူတယ်လို့ ထင်ရပေမယ့် မျက်နှာနဲ့ ကိုယ်ဟန်အနေအထားက ကွဲပြားနေပါတယ်။ အချိန်ယူပြီး အဖြေရှာကြည့်ပါနော်။

ကလေးရဲ့အမေက ဘယ်ဘက်က အမျိုးသမီးပါ။ သူမထိုင်နေတဲ့ ပုံစံက ပြောပြနေပါတယ်။ ဘယ်ဘက်အမျိုးသမီးက အနည်းငယ် ကိုင်းညွတ်နေပြီး ခြေထောက်က ကလေးနားကို ရောက်နေပါတယ်။ ပြီးတော့ အမျိုးသမီးရဲ့မျက်နှာက အေးအေးဆေးဆေး အနားယူတယ်လို့ ထင်ရပေမယ့် ကလေးကိုစောင့်ရှောက်ကြည့်ရှူနေကြောင်း မျက်နှာက ဖော်ပြနေပါတယ်။

ကလေးထိုင်နေတဲ့ ပုံစံကလည်း တိုက်ဆိုင်တာ မဟုတ်ပါဘူး။ ကလေးက အမေနဲ့ မျက်နှာချင်းဆိုင် ထိုင်နေခြင်း ဖြစ်ပါတယ်။ ကလေးတွေက အိမ်မှာ ဆော့ကစားနေတဲ့ အခါ အမေရှိတဲ့ဘက်၊ အမေမြင်နိုင်တဲ့ နေရာမှာတော့ ဆော့ရတာ ပိုကြိုက်ပါတယ်။ လုံခြုံပြီး အမေက စောင့်ရှောက်ပေးနေတယ်လို့ ကလေးတွေမှာ ခံစားရလို့ ဖြစ်ပါတယ်။ Zombie (Lovemedia)