Zawgyi







Unicode

သရုပ်ဆောင် မင်းမော်ကွန်း တိုက်ပွဲမှာ ကျည်ထိတဲ့သတင်းအမှားအား ပုံနှင့်တကွ ရှင်းပြလိုက်တဲ့ လွတ်မြောက်နယ်မြေရောက် ရဲဘော်တစ်ဦး

မနေ့ညက Facebook ပေါ်တွင် သတင်းတစ်ခု အတော်လေး ပျံ့နှံ့သွားပြီး ပရိသတ်တွေ စိတ်ပူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကတော့ သရုပ်ဆောင် မင်းမော်ကွန်းတစ်ယောက် ဖာပွန်တိုက်ပွဲတွင် ညာဘက်ပေါင် ကျည်ဖောက်ဝင်တယ်ဆိုပြီး သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒီသတင်းမဟုတ်မှန်တဲ့ကြောင်းကိုလည်း မင်းမော်ကွန်းရဲ့Facebook အကောင့်တွင် ” ဘယ်ပေါင်မှမထိပါဘူးမဟုတ်တာတွေမတင်ကြပါနဲ့” ဆိုပြီး ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

မင်းမော်ကွန်းဟာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေတာဝန်ထမ်းဆောင်လျက် ရှိနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးထဲမှာ အတူဆုံတွေ့ခဲ့ကြတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကလည်း မင်းမော်ကွန်း ပေါင်မှာကျည်ဖောက်ဝင်တယ်ဆိုတာဟာ

သတင်းအမှားသာ ဖြစ်ပြီး အခုလက်ရှိမှာဘေးကင်းလုံခြုံတဲ့တစ်နေရာမှာ တော်လှန်ရေးအတွက် အလုပ်တွေ ကြိုးကြိုးစားစားလုပ်ကိုင်နေကြောင်း ပုံနှင့်တကွ သက်သေပြထားတာ ဖြစ်ပါတယ်။ ကောလဟလသတင်းဖြန့်နေတဲ့သူများကိုလည်း လူသိများချင်ရင် တခြားသတင်းတွေ တင်ကြဖို့နဲ့ နာမည်ကြီးသူတွေရဲ့ သတင်းအတုတွေ လျှောက်မဖွကြဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မင်းမော်ကွန်းရဲ့ ဓာတ်ပုံလေးတွေကို မြင်တွေ့လိုက်မှသာ စိတ်အေးသွားရကြောင်းကို commenများတွင် ရေးသားထားကြတာပါ။ တော်လှန်ရေးတိုက်ပွဲများအတွက် ကြိုးစားပြင်ဆင်ပေးနေကြသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းမေတ္တာပို့သပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ Source and Photo Crd-Kyaw Kyaw Htay Lwin’s

ကျွန်တော်တို့ရဲ့ Shwe Myanmar သတင်းများကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အများပြည်သူ သိရှိနိုင်ရန် ထပ်ဆင့် Share ပေးဖို့ တောင်းဆိုပါရစေ… မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘယကင်းဝေးကြပါစေ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ