သက်ရောက်ဂြိုလ် တွက်နည်း နှင့် သက်ရောက်ဂြိုလ်အလိုက် ဆောင်ရန် ရှောင်ရန် များ

Zawgyi

သက္ေရာက္ရွစ္ပုံ-ေဟာမကုန္ဆိုသည့္အတိုင္း ကြၽန္ေတာ္ ဒီပို႔ေလး တစ္ခုထဲမွာပဲ သက္ေရာက္ရွစ္မ်ိဳးစလုံး ေပါင္း၍ ေရးသြားပါမည္။

သက္ေရာက္ၿဂိဳလ္ တြက္နည္းကိုေတာ့

ေအာက္ဆုံးတြင္ ပုံႏွင့္ တကြ တြက္ပုံတြက္နည္း ေဖာ္ျပထားပါတယ္။ တြက္ၾကည့္ၿပီးမွ ေဟာကိန္း ဖတ္ပါရန္ …. ကဲ မိမိ သက္ေရာက္ၿဂိဳလ္ အလိုက္ ေဆာင္ရန္ ေရွာင္ရန္ မ်ား ဖတ္ရႈႏိုင္ပါၿပီ…….

(တနဂၤေႏြၿဂိဳလ္ သက္ေရာက္ဟာကိန္း) ၿဂိဳလ္

အိမ္သစ္ဝင္ျခင္း။ လုပ္ငန္းသစ္ေပၚျခင္း။ အလုပ္အကိုင္ တိုးတက္ျခင္း။ ေနရာေကာင္းရျခင္း။ ငယ္႐ြယ္သူျဖစ္ပါက အိမ္ေထာင္က်တတ္ျခင္း။ လူအမား၏ အထင္ႀကီး ခံရျခင္း။ သူခိုးခိုး ခံရျခင္း။ ဘုရားဖူးခရီးသြားရျခင္း။ ေဆြမ်ိဳးဧည့္သည့္ ေရာက္လာျခင္း။ အေတာင္ပါေသာ သတၱဝါ ဝင္လာျခင္း။ သြတ္သံသစ္ဝင္ျခင္း။ အိမ္သာျပင္ရျခင္း။ သစ္ပင္စိုက္ရျခင္း။ မုဆိုးမဧည့္သည္ အိမ္သို႔ အလယ္ေရာက္လာျခင္း။ မိမိေထာက္ပံ့ေသာ ဘုန္းႀကီး လူထြက္ျခင္း။

ေျမအတြက္ စိတ္ညစ္ရျခင္း။ မိမိအိမ္တြင္ ပ်ားစြဲေသာနိမိတ္ေပၚျခင္း။ အမ်ိဳးသားျဖစ္ပါက မိန္းမတစ္ဦး ဒုကၡေပးျခင္း။ ေ႐ႊဝင္ျခင္း။ ဓါတ္ေတာ္ ၊ ရွင္သီဝလိ ၊ ဘုရားဆင္းတုေတာ္မ်ား အိမ္သို႔ ႂကြလာျခင္း။ သားသမီးရင္ေသြးရတနာရရွိျခင္း။ လမ္းေဖာက္ေသာလုပ္ငန္း၌ ပါဝင္ရတတ္ျခင္း။ ထြက္ၿပီးေသာ စက္ပစၥည္းမ်ား ျပန္ဝင္ျခင္း။ အဂၤါခ်ိဳ႕ယြင္းသူ ၊ စကားထစ္သူ အနားတြင္ ေရာက္လာျခင္း။ ေငြအတြက္ ေသာကေရာက္ရျခင္း။ ေပးထားေသာေငြမ်ားဆုံးျခင္း။ မိမိဝတ္ဆင္ေသာ လက္ဝတ္ရတနာ ေက်ာက္ျပဳတ္ထြက္ျခင္း။

ေခြး ေၾကာင္ ထြက္ျခင္း။ အခ်စ္ေရး ကံမေကာင္းျခင္း။ အလႉ (သို႔) မဂၤလာေဆာင္ ရက္ေ႐ြ႕ရျခင္း။ အိမ္ေခါင္ ပ်က္ေနတတ္ျခင္း။ အလုပ္၌ ရန္ေပၚျခင္း။ အထက္လူႀကီးေၾကာင့္ စိတ္ညစ္ရျခင္း။ စေနနံ ပစၥည္းမ်ားထြက္ျခင္း။ ကိုယ္ဝန္ေဆာင္သည္ ဝင္လာ၍ အမႈ႕ ျဖစ္တတ္ျခင္း။ အိမ္အနီးတြင္ မီးလန႔္ျခင္းမ်ား ျဖစ္တတ္ပါသည္။ ဒါကေတာ့ မိတ္ေဆြမ်ား တနဂၤေႏြ သက္ေရာက္တြက္ ႀကဳံေတြ႕ရမည့္ ေဟာကိန္းမ်ားျဖစ္ပါေၾကာင္း ။

(တနလၤာ ၿဂိဳလ္ သက္ေရာက္ေဟာကိန္း)

အလႉအတန္း မုခ် ျပဳလုပ္ရမည္။ ေငြအစုလိုက္ အၿပဳံလိုက္ ဝင္လိမ့္မည္။ ဒီႏွစ္တြင္ အိမ္ပိုင္ ကားပိုင္ႏွင့္ ျဖစ္ႏိုင္သည္။ ျဖတ္လမ္းစီးပြားေရး မလုပ္လွ်င္ မုခ်ႀကီးပြားမည္။ ကိုယ္န်င့္ မသင့္ျမတ္သူမ်ား ျပန္လည္ သင့္ျမတ္သြားလိမ့္မည္။ အေရးႀကီးေသာကံမ်ား ထိမ္းသိမ္းပါ။ မထိမ္ရင္ စေနသက္ေရာက္တြင္ မြဲမည္။ ေခါင္းရင္း(သို႔) မ်က္ႏွာခ်င္းဆိုင္အိမ္တြင္ မဂၤလာေပၚမည္။(ေကာင္း၏)

ကိုယ္ဝန္ေဆာင္သည္ရွိက ေယာက္်ားေလး ေမြးမည္။ ေျခႏွစ္ေခ်ာင္းဝင္မည့္ႏွစ္ျဖစ္သည္။ ေက်ာက္ျမက္ရတနာဝင္ျခင္း ျဖစ္မည္။ အလုပ္ေျပာင္းေ႐ြ႕လိုျခင္း၊ စိတ္မဝင္စားျခင္း ျဖစ္မည္။ အိမ္ေထာင္ေရး ဒုကၡေတြ႕မည္။ အထက္လူႀကီးေၾကာင့္ စိတ္ညစ္ရတတ္သည္။ ဝန္ထမ္းဆိုပါက ရာထူးတက္မည္။ ထီေပါက္ကိန္းရွိသည္။ ထီထိုးပါ။ နတ္မသကဲ့သို႔ မေမွ်ာ္လင့္ပဲ အက်ိဳးျဖစ္ထြန္းမည္။ လူမ်ိဳးျခား မကိန္းရွိသည္။ ခရီး၊ မၾကာခန ထြက္ရတတ္သည္။ ေဆြမ်ိဳးမ်ားကို အကူအညီ ေပးရမည္။ သြတ္ ၊ သံ သစ္ ဝင္မည္။ သမီးရွိက အိမ္မွ ထြက္သြားတတ္သည္။ ပညာေရးႏွင့္ ပါတ္သက္၍ အခက္ႀကဳံမည္။

ေျမကိစၥ စကားေျပာရတတ္သည္။ ေ႐ႊထြက္ျခင္း (သို႔) ေ႐ႊအတြက္ စကားမ်ားရတ္သည္။ မိမိ၏ သားသမီးျဖစ္သူ မိမိအား ေတာ္လွန္၍ အိမ္မွ ထြက္သြားမည္။ ဘုရားဆင္းတု ၊ ပုံေတာ္မ်ား ေ႐ႊကြာမည္။ျပန္ျပင္ပါ။ ဆီးေရာဂါ ၊ မ်က္စိေရာဂါ ျဖစ္တတ္သည္။ အစာမွားတတ္သည္။ ပစ္စာ-တိုင္စာခံရတတ္သည္။ စာတစ္ေဆာင္ေၾကာင့္ ဒုကၡေတြ႕တတ္သည္။ ဒါကေတာ့ မိတ္ေဆြမ်ား တနလၤာသက္ေရာက္တြင္ ႀကဳံေတြ႕ရမည့္ အေၾကာင္းကိစၥမ်ား ျဖစ္ပါေၾကာင္း။

အဂၤါ ၿဂိဳလ္ သက္ေရာက္သို႔ေဟာကိန္း

လုပ္သမွ် အပ်က္အစီးမ်ားမည္။ စီးပြား ပ်က္ေတာ့မလိုလိုႏွင့္ တက္တက္ေျပာင္သြားတတ္သည္။ သင့္ထက္ ျမင့္သူ နိမ့္သူ ႏွစ္ဦးစလုံးက ဒုကၡေပးမည္။ လက္ရွိ အလုပ္ေနရာက ေျပာင္းေ႐ြ႕ လိုစိတ္ေပၚမည္။ေျပာင္းက ပိုဆိုးသြားမည္။ အစာ အဆိပ္ ျဖစ္တတ္သည္။ အမႈ႕ မျဖစ္ေအာင္ေနပါ။ ျဖစ္က ၾကာမည္။ ေငြျဖင့္လိုက္က ရႈံးမည္။ မည္သည့္ ပစၥည္းမွ မငွားပါႏွင့္ ။ဆုံးတတ္သည္။ လူမ်ိဳးျခား၊ ဘာသာျခား မစမည္။ အေဖာ္ခရီး ထြက္ရတတ္သည္။သြားနာျဖင္း၊ သြားကိုက္ျခင္း ျဖစ္တတ္သည္။ အိမ္ေထာင္ဖက္ က်န္းမာေရး ညံ့တတ္သည္။ ပညာေရးႏွင့္ ပါတ္သက္ေသာကိစၥမ်ား ေအာင္ျမင္မည္။ မေမွ်ာ္လင့္ပဲ မိတ္ေကာင္း ေဆြေကာင္းေတြ႕ရတတ္သည္။ ေျမဝင္တတ္သည္။

ေ႐ႊဝင္ျခင္း၊ ရွင္သီဝလိဝင္ျခင္း၊ ဘုရားစသည္ ဝင္ျခင္း ျဖစ္မည္။ ေရတြင္း ၊ ေရကန္ တူးရျခင္း ျဖစ္မည္။ မိမိ ေအာက္လက္ငယ္သားမ်ား ထြက္ေျပးသြားတတ္သည္။ အဂၤါ ခ်ိဳ႕ယြင္းသူ ၊ စကားထစ္သူ အိမ္သို႔ ေရာက္လာတတ္သည္။ ေငြ ေပ်ာက္ျခင္း ၊ အေႂကြးတင္ျခင္း။ ေျခေထာက္နာျခင္း ျဖစ္တတ္သည္။ အလႉ မဂၤလာရက္ေ႐ႊ႕ရတတ္သည္။ အေက်ာ မေကာင္းျခင္း ျဖစ္တတ္သည္။ အထက္ လူႀကီးေၾကာင့္ စိတ္ညစ္ရျခင္းမ်ား ျဖစ္တတ္သည္။ အိမ္ေထာင္ေရး ကံဇာတာညံတတ္သည္။ ဒါကေတာ့ မိတ္ေဆြမ်ား အဂၤါသက္ေရာက္တြင္ ႀကဳံေတြ႕ရမည့္ အေၾကာင္းကိစၥမ်ား ျဖစ္ပါေၾကာင္း..

(ဗုဒၶဟူး ၿဂိဳလ္ သက္ေရာက္ေဟာကိန္း)

ဂိုဏ္းဝင္တစ္ဦး ျဖစ္ပါက ပ်က္သြားမည္။ လြန္စြာ ပင္ပန္းလိမ့္မည္။ ေရာဂါလည္း ရတတ္သည္။ ဘာစားစား အရသာ မရွိသကဲ့သို႔ ျဖစ္မည္။ ေငြေၾကးမ်ား ဆုံးပါးတတ္သည္။ အိမ္မွ ပစၥည္းမ်ား ခ်ေရာင္းရသည့္ အထိ ေငြ ျပတ္သြားမည္။ အေမြ ရတတ္သည္ (မယူပါႏွင့္-) အလုပ္ ေျပာင္းလိုေသာ စိတ္ေပၚမည္။ ေျပာင္းေသာေနရာ၌လည္း အဆင္မေျပ ျဖစ္မည္။ တစ္သက္လုံး ဖုံးထားေသာ ကိစၥမ်ား ဒီအခ်ိန္ ေပၚသြားတတ္သည္။ ကိုယ္ဝန္ေဆာင္သည္ ရွိက ေဆး႐ုံ ပို႔ပါ။ အိမ္မွာေမြးရင္ ဒုကၡ ျဖစ္မည္။ ေဆြမ်ိဳးမ်ား ဆုံးပါးတတ္သည္။

လူငယ္ လူ႐ြယ္မ်ား ဒီအခ်ိန္ မိန္းမခိုးျခင္း လင္ေနာက္လိုက္ျခင္း ျပဳမယ္ဆိုရင္ မိဘက အေမြျဖတ္မည္။ မိမိ၏ အထက္လူႀကီးက မစကိန္းရွိတယ္။ ကိုးကြယ္စရာ ပုံေတာ္မ်ား ဝင္လာတတ္သည္။ ေသြးအားနည္းေသာ ေရာဂါမ်ား ရတတ္သည္။ အသက္ငယ္ငယ္ႏွင့္ ကာမဂုဏ္စိတ္ ကုန္ခမ္းသြားတတ္သည္။ ပညာေရး ကိစၥမ်ား ေအာင္ျမင္မည္။ပၪၨင္းခံရတတ္သည္။ ဘုရား ဆင္းတုေတာ္ ေ႐ႊစသည္ ဝင္လာမည္။ စိတ္ေထာင္း ကိုယ္ေက် ျဖစ္မည္။ သူတစ္ပါး ျပဳစားသည္ကို ခံစားရတတ္သည္။
ခါး ေျခ မ်က္ျခင္း ၊ နာျခင္း ျဖစ္မည္။ အိမ္ေထာင္ေရး မေကာင္းပါ။

(စေန ၿဂိဳလ္ သက္ေရာက္သို႔ေဟာကိန္း)

ႀကီးစြာေသာ ေဘးဒုကၡမ်ားႏွင့္ ႀကဳံေတြ႕ရတတ္သည္။ ေသာၾကာ သားသမီး တစ္ဦးကို ညအိပ္ ေခၚသိပ္လိုက္ပါ။ သူတစ္ပါ၏ မေကာင္းေျပာဆိုျခင္းကို အေၾကာင္းမဲ့ ခံရမည္။ အလုပ္ အကိုင္တြင္ ထိခိုက္တတ္သည္။ တစ္အိမ္သားလုံး က်န္းမာေရး ညံ့ေနတတ္သည္။ သက္ႀကီး ႐ြယ္အိုမ်ား မိမိအိမ္တြင္ လာေရာက္ တည္းခိုပါက အိမ္တြင္ ဆုံးပါး သြားတတ္သည္။ မီးကို အထူး ဂ႐ုစိုက္ပါ။ လွ်ပ္စစ္မီးကို သတိထား ကိုင္တြယ္ပါ။ အမႈ႕ ျဖစ္တတ္သည္။ ေဆး႐ုံေရာက္တတ္သည္။

ယခင္ႏွစ္မ်ားက က်န္ခဲ့ေသာ ေ႐ႊေငြမ်ား ကုန္ဆုံး သြားတတ္သည္။ ေလာကဓံတရာ၏ မတရား ညႇင္းပန္းႏွိပ္စက္မႈ႕ကို ခံရတတ္သည္။ မေမွ်ာ္လင့္ပဲ တရား သံေဝဂ ရမည္။ အိုးသစ္ အိမ္သစ္ ဝင္တတ္သည္။ အလုပ္သစ္ အကိုင္သစ္ ေျပာင္းရတတ္သည္။ သက္ေသ လိုက္ရတတ္သည္။ လူမ်ိဳးျခား ဒုကၡေပးျခင္း ခံရတတ္သည္။ အစိုးရႏွင့္ ပါတ္သက္ေသာ အမႈ႕ ျဖစ္တတ္သည္။ ခရီးသြားရတတ္သည္။ ေျမရတတ္သည္။ ေ႐ႊေပါင္ရတတ္သည္။ သားသမီးအတြက္ စိတ္ညစ္ရတတ္သည္။ စက္အတြက္ ဒုကၡေရာက္ရတတ္သည္။ အစစ္အေဆး အေမးအျမန္း ခံရတတ္သည္။ ေငြကို အေၾကာင္းျပဳ၍ စိတ္ညစ္ရတတ္သည္။ ေျခေထာက္ ေပါင္ ဥပါဒ္ေရာက္တတ္သည္။

(ၾကာသပေတး ၿဂိဳလ္ သက္ေရာက္ေဟာကိန္း)

အဖကို ကာျပန္ေသာ သီဟဗာဟုကိန္း ျဖစ္၏။ ဟိုဟာ လုပ္ရ ေကာင္းႏိုးႏိုး ဒီဟာ လုပ္ရ ေကာင္းႏိုးႏိုးျဖင့္ အခ်ိန္ ကုန္သြားတတ္၏။ လာဘ္လာဘလည္း အလြန္ ပိတ္ေနတတ္သည္။ ေငြမရွာပါႏွင့္။ ရွာသမွ် ျပန္ကုန္သြားတတ္၏။ ထီေပါက္ေသာ္ အိမ္သားတစ္ဦး ဆုံးပါးတတ္၏။ ပစၥည္းမ်ား ေရာင္းခ်၍ အလုပ္သစ္ လုပ္လိုစိတ္ ေပၚမည္။( လုပ္က မြဲသြားတတ္၏) ဒုကၡေပးမႈ႕၏ ေနာက္ဆုံးႏွစ္ ျဖစ္ေသာေၾကာင့္ အံႀကိတ္ခံပါ။ ဆရာတု ဘိုးေတာ္တုမ်ား အိမ္ေရာက္လာတတ္သည္။ စိန္ ၊ စက္ စေသာ ပစၥည္းမ်ား ဝင္လာတတ္၏။

ေငြ လူလိမ္ ခံရတတ္၏။ ခင္မင္သူ ခ်စ္သူေၾကာင့္ ဒုကၡေတြ႕တတ္၏။ အလုပ္သစ္ အကိုင္သစ္ေပၚမည္။ အလုပ္သစ္သို႔ ေျပာင္းေ႐ႊ႕လိုစိတ္ ေပၚမည္။ နတ္အုန္းသီး ကန္ေတာ့ပြဲ အုန္သီးတို႔မွ အစို႔ေပါက္မည္။ လူမ်ိဳးျခားႏွင့္ လက္ေအာက္ငယ္သားမ်ား အက်ိဳး ျပဳမည္။ ေသာကႏွင့္ ယွဥ္ေသာ ခရီး သြားရတတ္သည္။ မိတ္ေဆြ အေပါင္းအသင္းမ်ားႏွင့္ လမ္းခြဲရတတ္၏။ မိမိ၏ သားသမီးျဖစ္သူ အိမ္က ထြက္သြားတတ္သည္။ ေ႐ႊထြက္မည္။ မိမိ၏ သားသမီး လက္ေျခ မ်က္သြားတတ္၏။

(ရာဟု ၿဂိဳလ္ သက္ေရာက္ေဟာကိန္း)

ဤအခ်ိန္သည္ ကိုယ္က်င့္တရား အထူး အေရးႀကီးပါသည္။ ကိုယ္က်င့္တရား ပ်က္ေသာ္ ႏွစ္ရွည္ ဒုကၡ ေရာက္ရတတ္၏။ အမႈ႕ ျဖစ္ေနသူကို ေငြမေခ်းရ၊ အာမခံ မေပးရ။ မိမိေနအိမ္သို႔ ဘုရား ပုံေတာ္မ်ား ႂကြလာမည္။( အလြန္ေကာင္းသည္)။ ဒီႏွစ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္သင့္သည္။ လုပ္ငန္းသစ္မ်ား စတင္ျပဳလုပ္ရတတ္၏။ (အက်ိဳးေပးမည္)။ စီးပြားေရး လြန္စြာ အဆင္ေျပမည္။ အိမ္ေထာင္ေရး ဇယား ရႈပ္ေထြးတတ္၏။ ဘုရား ဓါတ္ပုံ ဆင္းတုေတာ္မ်ား ဝင္လာမည္။ ေ႐ႊဝင္မည္။ (တိုးပြားလာမည္) ေအာက္လူ ေတာ္လွန္ ပုန္ကန္တတ္သည္။ ေငြဝင္မည္။

အလႉ မဂၤလာေဆာင္မ်ား ျပဳလုပ္ေပးရတတ္၏။ နာေရးကို အေၾကာင္းျပဳ၍ ခရီးသြားရတတ္၏။ အိမ္ေထာင္ဖက္ႏွင့္ စကားမ်ားရတတ္၏။ သြားႏႈတ္ရတတ္၏။ ဂတိစကား ပ်က္တတ္၏။ ဆရာသမားကဲ့သို႔ေသာ ပုဂၢိဳဟ္န်င့္ အဆင္မေျပ ျဖစ္မည္။ မိတ္ေဆြႏွင့္ စကားမ်ားရတတ္၏။

(ေသာၾကာ ၿဂိဳလ္ သက္ေရာက္ေဟာကိန္း)

မိဘကို ျပဳစု ေစာင့္ေရွာက္ႏိုင္ေသာ အခ်ိန္ျဖစ္သည္။ စီပြားတက္ျခင္း ၊ အလုပ္အကိုင္ တိုးတက္ျခင္းမ်ားႀကဳံမည္။ ခရီးေဝးသြား၇တတ္သည္။ ႏိုင္ငံျခား ခရီး သြားရတတ္၏။ ျပည္တြင္း ျပည္ပ ဘုရားဖူးခရီး ထြက္ရတတ္၏။ ရာထူး တိုးတက္ကိန္းရွိသည္။ ဤအခ်ိန္ ခ်မ္းသာကိန္း ဆိုက္ၿပီ။ အစစ အရာရာ တိုးတက္ကိန္းရွိသည္။ အစိုးရ ဝန္ထမ္းမ်ား သင္တန္း တက္ရမည္။မိတ္ေကာင္းေဆြေကာင္း ေတြ႕မည္။

ႏွလုံးကို အေၾကာင္းျပဳေသာ ေရာဂါ ရတတ္၏။ စက္ပစၥည္း ဝင္မည္ (အက်ိဳးေပးမည္)။ အုန္းစို႔ေပါက္ေသာ္ ေကာင္း၏။ ရပ္ေဝးမွ စာတစ္ေဆာင္ ေရာက္လာမည္။ ေငြရွာရလြယ္ကူေသာႏွစ္ျဖစ္မည္။ အလုပ္တြင္ အနည္းငယ္ အတိုက္အခံ ႀကဳံရတတ္၏။ အလုပ္ေနရာ ေျပာင္းရမည္ (ေကာင္း၏) အမႈ႕ ျဖစ္တတ္သည္ (စိုးရိမ္စရာ မလိုပါ) အိမ္ေထာင္ဖက္အတြက္ စိတ္ညစ္ရတတ္၏။

ကဲ…မိတ္ေဆြ….. တြက္နည္း စၾကရေအာင္ဗ်ာ။ မခက္ပါဘူး။

သင္၏ လက္ရွိ အသက္ကိုတည္ပါ။ ၈-ႏွင့္ စားပါ။ အႂကြင္းအတိုင္း သင္၏ ေမြးနံ ၿဂိဳဟ္အိမ္ ကစ၍ ေထာက္ပါ။ ၁-ႂကြင္းလွ်င္ ၁-ကြက္ေထာက္ပါ။ ၂-ႂကြင္းလွ်င္ ၂-ကြက္ေထာက္ပါ။ ၃-ႂကြင္းလွ်င္ ၃-ကြက္ေထာက္ပါ။ က်ရာ ၿဂိဳဟ္ခြင္ဟာ မိတ္ေဆြရဲ႕ သက္ေရာက္ရာ ၿဂိဳဟ္ခြင္ပါပဲ။ ေအာက္မွာ ကြၽန္ေတာ္ပုံတစ္ပုံ တင္ျပပါ့မယ္။ ၾကည့္ရေအာင္ဗ်ာ။ မျမင္ရရင္ေတာ့ ပုံကို ႏွိပ္ၿပီး ၾကည့္ပါဗ်ာ…

ဥပမာ တြက္ျပပါ့မယ္ဗ်ာ…

ဒီလိုပါ.။ တနဂၤေႏြသား အသက္ (၂၅)ကို တြက္ၾကည့္မယ္ဗ်ာ။ သူရဲ႕အသက္ (၂၅)ကို ၈-နဲ႔စားဗ်ာ။ ၁-ႂကြင္းတယ္။ တစ္ႂကြင္းေတာ့ တနဂၤေႏြ ၿဂိဳဟ္အိမ္ကေန တစ္ကြက္ေထာက္ဗ်ာ။ အဲဒါဆိုရင္ တနဂၤေႏြ ၿဂိဳဟ္မွာပဲ က်ပါတယ္။ ဒါေၾကာင့္ သူဟာ တနဂၤေႏြ သက္ေရာက္ ျဖစ္ပါတယ္။ က်န္တဲ့ ေန႔သားသမီးေတြ မည္သူမဆို အတူတူပါပဲ။ သတိထားရမွာ တစ္ခုက ကိုယ္ေန႔ရဲ႕ ေဒါင့္ကေန စေထာက္ရတယ္ ဆိုတာေလးကိုေတာ့ ဂ႐ုစိုက္ပါဗ်ာ။

ေစတနာေကာင္းျဖင့္

Credit – ဆရာဟိန္းတင့္ေဇာ္

Unicode

သက်ရောက်ရှစ်ပုံ-ဟောမကုန်ဆိုသည့်အတိုင်း ကျွန်တော် ဒီပို့လေး တစ်ခုထဲမှာပဲ သက်ရောက်ရှစ်မျိုးစလုံး ပေါင်း၍ ရေးသွားပါမည်။

သက်ရောက်ဂြိုလ် တွက်နည်းကိုတော့

အောက်ဆုံးတွင် ပုံနှင့် တကွ တွက်ပုံတွက်နည်း ဖော်ပြထားပါတယ်။ တွက်ကြည့်ပြီးမှ ဟောကိန်း ဖတ်ပါရန် …. ကဲ မိမိ သက်ရောက်ဂြိုလ် အလိုက် ဆောင်ရန် ရှောင်ရန် များ ဖတ်ရှုနိုင်ပါပြီ…….

(တနင်္ဂနွေဂြိုလ် သက်ရောက်ဟာကိန်း) ဂြိုလ်

အိမ်သစ်ဝင်ခြင်း။ လုပ်ငန်းသစ်ပေါ်ခြင်း။ အလုပ်အကိုင် တိုးတက်ခြင်း။ နေရာကောင်းရခြင်း။ ငယ်ရွယ်သူဖြစ်ပါက အိမ်ထောင်ကျတတ်ခြင်း။ လူအမား၏ အထင်ကြီး ခံရခြင်း။ သူခိုးခိုး ခံရခြင်း။ ဘုရားဖူးခရီးသွားရခြင်း။ ဆွေမျိုးဧည့်သည့် ရောက်လာခြင်း။ အတောင်ပါသော သတ္တဝါ ဝင်လာခြင်း။ သွတ်သံသစ်ဝင်ခြင်း။ အိမ်သာပြင်ရခြင်း။ သစ်ပင်စိုက်ရခြင်း။ မုဆိုးမဧည့်သည် အိမ်သို့ အလယ်ရောက်လာခြင်း။ မိမိထောက်ပံ့သော ဘုန်းကြီး လူထွက်ခြင်း။

မြေအတွက် စိတ်ညစ်ရခြင်း။ မိမိအိမ်တွင် ပျားစွဲသောနိမိတ်ပေါ်ခြင်း။ အမျိုးသားဖြစ်ပါက မိန်းမတစ်ဦး ဒုက္ခပေးခြင်း။ ရွှေဝင်ခြင်း။ ဓါတ်တော် ၊ ရှင်သီဝလိ ၊ ဘုရားဆင်းတုတော်များ အိမ်သို့ ကြွလာခြင်း။ သားသမီးရင်သွေးရတနာရရှိခြင်း။ လမ်းဖောက်သောလုပ်ငန်း၌ ပါဝင်ရတတ်ခြင်း။ ထွက်ပြီးသော စက်ပစ္စည်းများ ပြန်ဝင်ခြင်း။ အင်္ဂါချို့ယွင်းသူ ၊ စကားထစ်သူ အနားတွင် ရောက်လာခြင်း။ ငွေအတွက် သောကရောက်ရခြင်း။ ပေးထားသောငွေများဆုံးခြင်း။ မိမိဝတ်ဆင်သော လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း။

ခွေး ကြောင် ထွက်ခြင်း။ အချစ်ရေး ကံမကောင်းခြင်း။ အလှူ (သို့) မင်္ဂလာဆောင် ရက်ရွေ့ရခြင်း။ အိမ်ခေါင် ပျက်နေတတ်ခြင်း။ အလုပ်၌ ရန်ပေါ်ခြင်း။ အထက်လူကြီးကြောင့် စိတ်ညစ်ရခြင်း။ စနေနံ ပစ္စည်းများထွက်ခြင်း။ ကိုယ်ဝန်ဆောင်သည် ဝင်လာ၍ အမှု့ ဖြစ်တတ်ခြင်း။ အိမ်အနီးတွင် မီးလန့်ခြင်းများ ဖြစ်တတ်ပါသည်။ ဒါကတော့ မိတ်ဆွေများ တနင်္ဂနွေ သက်ရောက်တွက် ကြုံတွေ့ရမည့် ဟောကိန်းများဖြစ်ပါကြောင်း ။

(တနင်္လာ ဂြိုလ် သက်ရောက်ဟောကိန်း)

အလှူအတန်း မုချ ပြုလုပ်ရမည်။ ငွေအစုလိုက် အပြုံလိုက် ဝင်လိမ့်မည်။ ဒီနှစ်တွင် အိမ်ပိုင် ကားပိုင်နှင့် ဖြစ်နိုင်သည်။ ဖြတ်လမ်းစီးပွားရေး မလုပ်လျှင် မုချကြီးပွားမည်။ ကိုယ်နျင့် မသင့်မြတ်သူများ ပြန်လည် သင့်မြတ်သွားလိမ့်မည်။ အရေးကြီးသောကံများ ထိမ်းသိမ်းပါ။ မထိမ်ရင် စနေသက်ရောက်တွင် မွဲမည်။ ခေါင်းရင်း(သို့) မျက်နှာချင်းဆိုင်အိမ်တွင် မင်္ဂလာပေါ်မည်။(ကောင်း၏)

ကိုယ်ဝန်ဆောင်သည်ရှိက ယောက်ျားလေး မွေးမည်။ ခြေနှစ်ချောင်းဝင်မည့်နှစ်ဖြစ်သည်။ ကျောက်မြက်ရတနာဝင်ခြင်း ဖြစ်မည်။ အလုပ်ပြောင်းရွေ့လိုခြင်း၊ စိတ်မဝင်စားခြင်း ဖြစ်မည်။ အိမ်ထောင်ရေး ဒုက္ခတွေ့မည်။ အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။ ဝန်ထမ်းဆိုပါက ရာထူးတက်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ နတ်မသကဲ့သို့ မမျှော်လင့်ပဲ အကျိုးဖြစ်ထွန်းမည်။ လူမျိုးခြား မကိန်းရှိသည်။ ခရီး၊ မကြာခန ထွက်ရတတ်သည်။ ဆွေမျိုးများကို အကူအညီ ပေးရမည်။ သွတ် ၊ သံ သစ် ဝင်မည်။ သမီးရှိက အိမ်မှ ထွက်သွားတတ်သည်။ ပညာရေးနှင့် ပါတ်သက်၍ အခက်ကြုံမည်။

မြေကိစ္စ စကားပြောရတတ်သည်။ ရွှေထွက်ခြင်း (သို့) ရွှေအတွက် စကားများရတ်သည်။ မိမိ၏ သားသမီးဖြစ်သူ မိမိအား တော်လှန်၍ အိမ်မှ ထွက်သွားမည်။ ဘုရားဆင်းတု ၊ ပုံတော်များ ရွှေကွာမည်။ပြန်ပြင်ပါ။ ဆီးရောဂါ ၊ မျက်စိရောဂါ ဖြစ်တတ်သည်။ အစာမှားတတ်သည်။ ပစ်စာ-တိုင်စာခံရတတ်သည်။ စာတစ်ဆောင်ကြောင့် ဒုက္ခတွေ့တတ်သည်။ ဒါကတော့ မိတ်ဆွေများ တနင်္လာသက်ရောက်တွင် ကြုံတွေ့ရမည့် အကြောင်းကိစ္စများ ဖြစ်ပါကြောင်း။

အင်္ဂါ ဂြိုလ် သက်ရောက်သို့ဟောကိန်း

လုပ်သမျှ အပျက်အစီးများမည်။ စီးပွား ပျက်တော့မလိုလိုနှင့် တက်တက်ပြောင်သွားတတ်သည်။ သင့်ထက် မြင့်သူ နိမ့်သူ နှစ်ဦးစလုံးက ဒုက္ခပေးမည်။ လက်ရှိ အလုပ်နေရာက ပြောင်းရွေ့ လိုစိတ်ပေါ်မည်။ပြောင်းက ပိုဆိုးသွားမည်။ အစာ အဆိပ် ဖြစ်တတ်သည်။ အမှု့ မဖြစ်အောင်နေပါ။ ဖြစ်က ကြာမည်။ ငွေဖြင့်လိုက်က ရှုံးမည်။ မည်သည့် ပစ္စည်းမှ မငှားပါနှင့် ။ဆုံးတတ်သည်။ လူမျိုးခြား၊ ဘာသာခြား မစမည်။ အဖော်ခရီး ထွက်ရတတ်သည်။သွားနာဖြင်း၊ သွားကိုက်ခြင်း ဖြစ်တတ်သည်။ အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်သည်။ ပညာရေးနှင့် ပါတ်သက်သောကိစ္စများ အောင်မြင်မည်။ မမျှော်လင့်ပဲ မိတ်ကောင်း ဆွေကောင်းတွေ့ရတတ်သည်။ မြေဝင်တတ်သည်။

ရွှေဝင်ခြင်း၊ ရှင်သီဝလိဝင်ခြင်း၊ ဘုရားစသည် ဝင်ခြင်း ဖြစ်မည်။ ရေတွင်း ၊ ရေကန် တူးရခြင်း ဖြစ်မည်။ မိမိ အောက်လက်ငယ်သားများ ထွက်ပြေးသွားတတ်သည်။ အင်္ဂါ ချို့ယွင်းသူ ၊ စကားထစ်သူ အိမ်သို့ ရောက်လာတတ်သည်။ ငွေ ပျောက်ခြင်း ၊ အကြွေးတင်ခြင်း။ ခြေထောက်နာခြင်း ဖြစ်တတ်သည်။ အလှူ မင်္ဂလာရက်ရွှေ့ရတတ်သည်။ အကျော မကောင်းခြင်း ဖြစ်တတ်သည်။ အထက် လူကြီးကြောင့် စိတ်ညစ်ရခြင်းများ ဖြစ်တတ်သည်။ အိမ်ထောင်ရေး ကံဇာတာညံတတ်သည်။ ဒါကတော့ မိတ်ဆွေများ အင်္ဂါသက်ရောက်တွင် ကြုံတွေ့ရမည့် အကြောင်းကိစ္စများ ဖြစ်ပါကြောင်း..

(ဗုဒ္ဓဟူး ဂြိုလ် သက်ရောက်ဟောကိန်း)

ဂိုဏ်းဝင်တစ်ဦး ဖြစ်ပါက ပျက်သွားမည်။ လွန်စွာ ပင်ပန်းလိမ့်မည်။ ရောဂါလည်း ရတတ်သည်။ ဘာစားစား အရသာ မရှိသကဲ့သို့ ဖြစ်မည်။ ငွေကြေးများ ဆုံးပါးတတ်သည်။ အိမ်မှ ပစ္စည်းများ ချရောင်းရသည့် အထိ ငွေ ပြတ်သွားမည်။ အမွေ ရတတ်သည် (မယူပါနှင့်-) အလုပ် ပြောင်းလိုသော စိတ်ပေါ်မည်။ ပြောင်းသောနေရာ၌လည်း အဆင်မပြေ ဖြစ်မည်။ တစ်သက်လုံး ဖုံးထားသော ကိစ္စများ ဒီအချိန် ပေါ်သွားတတ်သည်။ ကိုယ်ဝန်ဆောင်သည် ရှိက ဆေးရုံ ပို့ပါ။ အိမ်မှာမွေးရင် ဒုက္ခ ဖြစ်မည်။ ဆွေမျိုးများ ဆုံးပါးတတ်သည်။

လူငယ် လူရွယ်များ ဒီအချိန် မိန်းမခိုးခြင်း လင်နောက်လိုက်ခြင်း ပြုမယ်ဆိုရင် မိဘက အမွေဖြတ်မည်။ မိမိ၏ အထက်လူကြီးက မစကိန်းရှိတယ်။ ကိုးကွယ်စရာ ပုံတော်များ ဝင်လာတတ်သည်။ သွေးအားနည်းသော ရောဂါများ ရတတ်သည်။ အသက်ငယ်ငယ်နှင့် ကာမဂုဏ်စိတ် ကုန်ခမ်းသွားတတ်သည်။ ပညာရေး ကိစ္စများ အောင်မြင်မည်။ပဉ္ဇင်းခံရတတ်သည်။ ဘုရား ဆင်းတုတော် ရွှေစသည် ဝင်လာမည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်မည်။ သူတစ်ပါး ပြုစားသည်ကို ခံစားရတတ်သည်။
ခါး ခြေ မျက်ခြင်း ၊ နာခြင်း ဖြစ်မည်။ အိမ်ထောင်ရေး မကောင်းပါ။

(စနေ ဂြိုလ် သက်ရောက်သို့ဟောကိန်း)

ကြီးစွာသော ဘေးဒုက္ခများနှင့် ကြုံတွေ့ရတတ်သည်။ သောကြာ သားသမီး တစ်ဦးကို ညအိပ် ခေါ်သိပ်လိုက်ပါ။ သူတစ်ပါ၏ မကောင်းပြောဆိုခြင်းကို အကြောင်းမဲ့ ခံရမည်။ အလုပ် အကိုင်တွင် ထိခိုက်တတ်သည်။ တစ်အိမ်သားလုံး ကျန်းမာရေး ညံ့နေတတ်သည်။ သက်ကြီး ရွယ်အိုများ မိမိအိမ်တွင် လာရောက် တည်းခိုပါက အိမ်တွင် ဆုံးပါး သွားတတ်သည်။ မီးကို အထူး ဂရုစိုက်ပါ။ လျှပ်စစ်မီးကို သတိထား ကိုင်တွယ်ပါ။ အမှု့ ဖြစ်တတ်သည်။ ဆေးရုံရောက်တတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေငွေများ ကုန်ဆုံး သွားတတ်သည်။ လောကဓံတရာ၏ မတရား ညှင်းပန်းနှိပ်စက်မှု့ကို ခံရတတ်သည်။ မမျှော်လင့်ပဲ တရား သံဝေဂ ရမည်။ အိုးသစ် အိမ်သစ် ဝင်တတ်သည်။ အလုပ်သစ် အကိုင်သစ် ပြောင်းရတတ်သည်။ သက်သေ လိုက်ရတတ်သည်။ လူမျိုးခြား ဒုက္ခပေးခြင်း ခံရတတ်သည်။ အစိုးရနှင့် ပါတ်သက်သော အမှု့ ဖြစ်တတ်သည်။ ခရီးသွားရတတ်သည်။ မြေရတတ်သည်။ ရွှေပေါင်ရတတ်သည်။ သားသမီးအတွက် စိတ်ညစ်ရတတ်သည်။ စက်အတွက် ဒုက္ခရောက်ရတတ်သည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ငွေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ခြေထောက် ပေါင် ဥပါဒ်ရောက်တတ်သည်။

(ကြာသပတေး ဂြိုလ် သက်ရောက်ဟောကိန်း)

အဖကို ကာပြန်သော သီဟဗာဟုကိန်း ဖြစ်၏။ ဟိုဟာ လုပ်ရ ကောင်းနိုးနိုး ဒီဟာ လုပ်ရ ကောင်းနိုးနိုးဖြင့် အချိန် ကုန်သွားတတ်၏။ လာဘ်လာဘလည်း အလွန် ပိတ်နေတတ်သည်။ ငွေမရှာပါနှင့်။ ရှာသမျှ ပြန်ကုန်သွားတတ်၏။ ထီပေါက်သော် အိမ်သားတစ်ဦး ဆုံးပါးတတ်၏။ ပစ္စည်းများ ရောင်းချ၍ အလုပ်သစ် လုပ်လိုစိတ် ပေါ်မည်။( လုပ်က မွဲသွားတတ်၏) ဒုက္ခပေးမှု့၏ နောက်ဆုံးနှစ် ဖြစ်သောကြောင့် အံကြိတ်ခံပါ။ ဆရာတု ဘိုးတော်တုများ အိမ်ရောက်လာတတ်သည်။ စိန် ၊ စက် စသော ပစ္စည်းများ ဝင်လာတတ်၏။

ငွေ လူလိမ် ခံရတတ်၏။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်၏။ အလုပ်သစ် အကိုင်သစ်ပေါ်မည်။ အလုပ်သစ်သို့ ပြောင်းရွှေ့လိုစိတ် ပေါ်မည်။ နတ်အုန်းသီး ကန်တော့ပွဲ အုန်သီးတို့မှ အစို့ပေါက်မည်။ လူမျိုးခြားနှင့် လက်အောက်ငယ်သားများ အကျိုး ပြုမည်။ သောကနှင့် ယှဉ်သော ခရီး သွားရတတ်သည်။ မိတ်ဆွေ အပေါင်းအသင်းများနှင့် လမ်းခွဲရတတ်၏။ မိမိ၏ သားသမီးဖြစ်သူ အိမ်က ထွက်သွားတတ်သည်။ ရွှေထွက်မည်။ မိမိ၏ သားသမီး လက်ခြေ မျက်သွားတတ်၏။

(ရာဟု ဂြိုလ် သက်ရောက်ဟောကိန်း)

ဤအချိန်သည် ကိုယ်ကျင့်တရား အထူး အရေးကြီးပါသည်။ ကိုယ်ကျင့်တရား ပျက်သော် နှစ်ရှည် ဒုက္ခ ရောက်ရတတ်၏။ အမှု့ ဖြစ်နေသူကို ငွေမချေးရ၊ အာမခံ မပေးရ။ မိမိနေအိမ်သို့ ဘုရား ပုံတော်များ ကြွလာမည်။( အလွန်ကောင်းသည်)။ ဒီနှစ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်သည်။ လုပ်ငန်းသစ်များ စတင်ပြုလုပ်ရတတ်၏။ (အကျိုးပေးမည်)။ စီးပွားရေး လွန်စွာ အဆင်ပြေမည်။ အိမ်ထောင်ရေး ဇယား ရှုပ်ထွေးတတ်၏။ ဘုရား ဓါတ်ပုံ ဆင်းတုတော်များ ဝင်လာမည်။ ရွှေဝင်မည်။ (တိုးပွားလာမည်) အောက်လူ တော်လှန် ပုန်ကန်တတ်သည်။ ငွေဝင်မည်။

အလှူ မင်္ဂလာဆောင်များ ပြုလုပ်ပေးရတတ်၏။ နာရေးကို အကြောင်းပြု၍ ခရီးသွားရတတ်၏။ အိမ်ထောင်ဖက်နှင့် စကားများရတတ်၏။ သွားနှုတ်ရတတ်၏။ ဂတိစကား ပျက်တတ်၏။ ဆရာသမားကဲ့သို့သော ပုဂ္ဂိုဟ်နျင့် အဆင်မပြေ ဖြစ်မည်။ မိတ်ဆွေနှင့် စကားများရတတ်၏။

(သောကြာ ဂြိုလ် သက်ရောက်ဟောကိန်း)

မိဘကို ပြုစု စောင့်ရှောက်နိုင်သော အချိန်ဖြစ်သည်။ စီပွားတက်ခြင်း ၊ အလုပ်အကိုင် တိုးတက်ခြင်းများကြုံမည်။ ခရီးဝေးသွား၇တတ်သည်။ နိုင်ငံခြား ခရီး သွားရတတ်၏။ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီး ထွက်ရတတ်၏။ ရာထူး တိုးတက်ကိန်းရှိသည်။ ဤအချိန် ချမ်းသာကိန်း ဆိုက်ပြီ။ အစစ အရာရာ တိုးတက်ကိန်းရှိသည်။ အစိုးရ ဝန်ထမ်းများ သင်တန်း တက်ရမည်။မိတ်ကောင်းဆွေကောင်း တွေ့မည်။

နှလုံးကို အကြောင်းပြုသော ရောဂါ ရတတ်၏။ စက်ပစ္စည်း ဝင်မည် (အကျိုးပေးမည်)။ အုန်းစို့ပေါက်သော် ကောင်း၏။ ရပ်ဝေးမှ စာတစ်ဆောင် ရောက်လာမည်။ ငွေရှာရလွယ်ကူသောနှစ်ဖြစ်မည်။ အလုပ်တွင် အနည်းငယ် အတိုက်အခံ ကြုံရတတ်၏။ အလုပ်နေရာ ပြောင်းရမည် (ကောင်း၏) အမှု့ ဖြစ်တတ်သည် (စိုးရိမ်စရာ မလိုပါ) အိမ်ထောင်ဖက်အတွက် စိတ်ညစ်ရတတ်၏။

ကဲ…မိတ်ဆွေ….. တွက်နည်း စကြရအောင်ဗျာ။ မခက်ပါဘူး။

သင်၏ လက်ရှိ အသက်ကိုတည်ပါ။ ၈-နှင့် စားပါ။ အကြွင်းအတိုင်း သင်၏ မွေးနံ ဂြိုဟ်အိမ် ကစ၍ ထောက်ပါ။ ၁-ကြွင်းလျှင် ၁-ကွက်ထောက်ပါ။ ၂-ကြွင်းလျှင် ၂-ကွက်ထောက်ပါ။ ၃-ကြွင်းလျှင် ၃-ကွက်ထောက်ပါ။ ကျရာ ဂြိုဟ်ခွင်ဟာ မိတ်ဆွေရဲ့ သက်ရောက်ရာ ဂြိုဟ်ခွင်ပါပဲ။ အောက်မှာ ကျွန်တော်ပုံတစ်ပုံ တင်ပြပါ့မယ်။ ကြည့်ရအောင်ဗျာ။ မမြင်ရရင်တော့ ပုံကို နှိပ်ပြီး ကြည့်ပါဗျာ…

ဥပမာ တွက်ပြပါ့မယ်ဗျာ…

ဒီလိုပါ.။ တနင်္ဂနွေသား အသက် (၂၅)ကို တွက်ကြည့်မယ်ဗျာ။ သူရဲ့အသက် (၂၅)ကို ၈-နဲ့စားဗျာ။ ၁-ကြွင်းတယ်။ တစ်ကြွင်းတော့ တနင်္ဂနွေ ဂြိုဟ်အိမ်ကနေ တစ်ကွက်ထောက်ဗျာ။ အဲဒါဆိုရင် တနင်္ဂနွေ ဂြိုဟ်မှာပဲ ကျပါတယ်။ ဒါကြောင့် သူဟာ တနင်္ဂနွေ သက်ရောက် ဖြစ်ပါတယ်။ ကျန်တဲ့ နေ့သားသမီးတွေ မည်သူမဆို အတူတူပါပဲ။ သတိထားရမှာ တစ်ခုက ကိုယ်နေ့ရဲ့ ဒေါင့်ကနေ စထောက်ရတယ် ဆိုတာလေးကိုတော့ ဂရုစိုက်ပါဗျာ။

စေတနာကောင်းဖြင့်

Credit – ဆရာဟိန်းတင့်ဇော်

Be the first to comment

Leave a Reply

Your email address will not be published.


*