Categories
ထူးဆန်းထွေလာ

အသက်အရွယ်ကြီးတယ် ငယ်တယ်မရှိ အပျို လူပျို ဟူ၍လည်းမရှိ တစ်သက်လုံးရေမချိုးတဲ့ မျိုးနွယ်စုကြီး

Zawgyi

အသက္အ႐ြယ္ႀကီးတယ္ ငယ္တယ္မရွိ အပ်ိဳ လူပ်ိဳ ဟူ၍လည္းမရွိ တစ္သက္လုံးေရမခ်ိဳးတဲ့ မ်ိဳးႏြယ္စုႀကီး

စာဖတ္သူမ်ားကို ဦးဆုံး တင္ျပခ်င္တာက အပ်ိဳႀကီး လူပ်ိဳႀကီးလည္း မရွိ တစ္သက္မွာ တစ္ခါေလးေတာင္ ေရမခ်ိဳးတဲ့ လူမ်ိဳးႏြယ္စု အေၾကာင္းပါ။ အဲလို လူမ်ိဳးစု ကမာၻေပၚမွာ တကယ္ရွိတယ္ဆိုရင္ အံ့ဩသြားမလား။ မိတ္ေဆြတို႔ေရာ ေရမခ်ိဳးဘဲ ဘယ္ႏွစ္ရက္ေလာက္ ေနႏိုင္ၾကလဲ မသိဘူး။

နမီးဘီးယားႏိုင္ငံ ေျမာက္ပိုင္းမွာ ေနထိုင္ၾကတဲ့ Ovahimba လို႔ေခၚတဲ့ လူမ်ိဳးတစ္စုဟာ လူသိနည္းတဲ့ မ်ိဳးႏြယ္စု ျဖစ္ပါတယ္။ အသိပညာ၊ ယဥ္ေက်းမႈ၊ တိုးတက္ ဖြံ႕ၿဖိဳးမႈဟာလည္း အလြန္နည္းပါးၾကပါတယ္။ အံ့ၾသစရာေကာင္းတာက အဲဒီ Ovahimba လို႔ေခၚတဲ့ လူမ်ိဳးတစ္စုဟာ တစ္သက္လုံးမွာ တစ္ခါမွကို ေရမခ်ိဳးၾကတာပါပဲ။ ေရမခ်ိဳးၾကတဲ့အတြက္ သန႔္ရွင္းေရး မလုပ္ဘူးလားလို႔ ထင္စရာ ရွိပါတယ္။ ဒီလိုလည္း မဟုတ္ပါဘူး။

သူတို႔ လူမ်ိဳးေတြဟာ သန႔္ရွင္းေရးလည္း လုပ္ၾကပါတယ္။ သူတို႔ သန႔္ရွင္းေရး လုပ္ပုံက ေရခ်ိဳးတာ၊ ေရနဲ႔ သန႔္စင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ Ovahimba လူမ်ိဳးေတြရဲ႕ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ သန႔္ရွင္းေရးလုပ္တဲ့ ထုံးတမ္းစဥ္လာနည္းက မနက္ေစာေစာမွာ သူတို႔လူမ်ိဳးေတြ အသုံးျပဳတဲ့ ေဆးျမစ္ေတြကို မီးရႈိ႕ၿပီး တဲတစ္ခုလုံး မီးခိုးေတြ ဖုံးေနတဲ့အခါ ၎မီးခိုးလုံးေတြၾကားမွာ ႏွစ္နာရီၾကာမွ် ထိုင္ေနျခင္းဟာ သူတို႔အတြက္ သန႔္ရွင္းေရး လုပ္နည္းပါလို႔ ဆိုပါတယ္။

သူတို႔ ဝတ္ဆင္တဲ့ သားေရထည္ပစၥည္းေတြကိုလည္း ဒီလို မီးခိုးေတြနဲ႔ဘဲ သန႔္ရွင္းေရးလုပ္ၾကတာ ျဖစ္ပါတယ္။ Ovahimba လူမ်ိဳး ကေလးငယ္မ်ားဟာ သူတို႔ ကိုယ္ခႏၶာေပၚမွာ အဝတ္အစားဆိုတာ မရွိသေလာက္ နည္းပါးၿပီးေတာ့ အမ်ိဳးသမီး၊ ကေလး၊ လူႀကီး အားလုံးဟာ လည္ပင္းမွာ ပုတီးလို အဆင္တန္ဆာမ်ားကို ဝတ္ဆင္ ထားတတ္ၾကပါတယ္။

သို႔ေသာ္လည္း အမ်ိဳးသမီးေတြမွာေတာ့ အိမ္ေထာင္ရွိသူနဲ႔ မရွိသူ ဆြဲၾကတဲ့ လည္ဆြဲခ်င္းကေတာ့ မတူညီၾကပါဘူး။ အဲဒီ ေဒသကို ေရာက္ခဲ့ၾက သူမ်ားကေတာ့ Ovahimba လူမ်ိဳးေတြ သန႔္ရွင္းေရးလုပ္တဲ့ အခ်ိန္မွာ သူတို႔ေနထိုင္ရာ တဲအတြင္းမွာ မီးခိုးလုံးေတြ ျပည့္ေနၿပီးေတာ့ အသက္ေတာင္ ေကာင္းေကာင္းရႉလို႔ မရခဲ့ၾကဘူးလို႔ ျပန္လည္ ေျပာျပ ၾကပါတယ္။

ထူးျခားတာ ေနာက္တစ္ခုက အမ်ိဳးသမီးမ်ားဟာ အပ်ိဳေဖာ္ ဝင္လာရင္ ဖခင္ကသင့္ေတာ္တဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အိမ္ေထာင္ခ်ေပးတာပါ။ အပ်ိဳႀကီး လူပ်ိဳႀကီးလည္း မရွိၾကပါဘူး။ အိမ္မွာ ဧည့္သည္တစ္ေယာက္ ေရာက္လာရင္လည္း အိမ္ရွင္အမ်ိဳးသမီးနဲ႔ အတူ အိပ္စက္ခြင့္ ျပဳၾကတာပါ ။ ဒါဟာသူတို႔လူမ်ိဳးစုရဲ႕ ဓေလ့တစ္ခုပါတဲ့ ။အိမ္ရွင္အမ်ိဳးသားက အိမ္အျပင္ထြက္ၿပီး အိပ္စက္ၾကရပါတယ္။

မီးခိုးေတြနဲ႔ဘဲ သန႔္ရွင္းေရး လုပ္လို႔လားမသိ။ သူတို႔ရဲ႕ အေရာင္ကေတာင္ မီးခိုးေရာင္ ေပါက္ေနသလိုပါဘဲ။ ေရခ်ိဳးဖို႔ ပ်င္းတဲ့ သူငယ္ခ်င္းမ်ား ၊ Single ျဖစ္ေနသူမ်ား (အမည္ မေျပာေတာ့ပါဘူးေနာ္) အဲဒီကို သြားပါလို႔ အႀကံျပဳလိုက္တယ္ေနာ္။

Credit To Original Uploader

Unicode

အသက်အရွယ်ကြီးတယ် ငယ်တယ်မရှိ အပျို လူပျို ဟူ၍လည်းမရှိ တစ်သက်လုံးရေမချိုးတဲ့ မျိုးနွယ်စုကြီး

စာဖတ်သူများကို ဦးဆုံး တင်ပြချင်တာက အပျိုကြီး လူပျိုကြီးလည်း မရှိ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စု အကြောင်းပါ။ အဲလို လူမျိုးစု ကမ္ဘာပေါ်မှာ တကယ်ရှိတယ်ဆိုရင် အံ့ဩသွားမလား။ မိတ်ဆွေတို့ရော ရေမချိုးဘဲ ဘယ်နှစ်ရက်လောက် နေနိုင်ကြလဲ မသိဘူး။

နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ လူသိနည်းတဲ့ မျိုးနွယ်စု ဖြစ်ပါတယ်။ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက် ဖွံ့ဖြိုးမှုဟာလည်း အလွန်နည်းပါးကြပါတယ်။ အံ့သြစရာကောင်းတာက အဲဒီ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါပဲ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေး မလုပ်ဘူးလားလို့ ထင်စရာ ရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။

သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေ ဖုံးနေတဲ့အခါ ၎င်းမီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေး လုပ်နည်းပါလို့ ဆိုပါတယ်။

သူတို့ ဝတ်ဆင်တဲ့ သားရေထည်ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။ Ovahimba လူမျိုး ကလေးငယ်များဟာ သူတို့ ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီး၊ ကလေး၊ လူကြီး အားလုံးဟာ လည်ပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင် ထားတတ်ကြပါတယ်။

သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူ ဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။ အဲဒီ ဒေသကို ရောက်ခဲ့ကြ သူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့ အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည် ပြောပြ ကြပါတယ်။

ထူးခြားတာ နောက်တစ်ခုက အမျိုးသမီးများဟာ အပျိုဖော် ဝင်လာရင် ဖခင်ကသင့်တော်တဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ချပေးတာပါ။ အပျိုကြီး လူပျိုကြီးလည်း မရှိကြပါဘူး။ အိမ်မှာ ဧည့်သည်တစ်ယောက် ရောက်လာရင်လည်း အိမ်ရှင်အမျိုးသမီးနဲ့ အတူ အိပ်စက်ခွင့် ပြုကြတာပါ ။ ဒါဟာသူတို့လူမျိုးစုရဲ့ ဓလေ့တစ်ခုပါတဲ့ ။အိမ်ရှင်အမျိုးသားက အိမ်အပြင်ထွက်ပြီး အိပ်စက်ကြရပါတယ်။

မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေး လုပ်လို့လားမသိ။ သူတို့ရဲ့ အရောင်ကတောင် မီးခိုးရောင် ပေါက်နေသလိုပါဘဲ။ ရေချိုးဖို့ ပျင်းတဲ့ သူငယ်ချင်းများ ၊ Single ဖြစ်နေသူများ (အမည် မပြောတော့ပါဘူးနော်) အဲဒီကို သွားပါလို့ အကြံပြုလိုက်တယ်နော်။

Credit To Original Uploader

Leave a Reply

Your email address will not be published.