Zawgyi

သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံ ကေတာ့ အလႉေရစက္ လက္နဲ႔မကြာဆိုသလို ကုသိုလ္ေရးမွာ ေရွ႕ဆုံးကေန ဦးေဆာင္ လႉဒါန္းေနသူတစ္ဦးျဖစ္ပါတယ္။ စိတ္ထားေကာင္းၿပီး လူတိုင္းအေပၚလည္း ကူညီခ်င္စိတ္ရွိသူ ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ခ်စ္ခင္အားေပးေနၾကတာပါ။ ဒီလိုကာလမွာလည္း အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြ အတြက္ လိုအပ္တာမ်ားကို မၾကာခဏ လႉဒါန္းေပးရင္း တတ္ႏိုင္သေလာက္ ရရာေနရာကေန ပါဝင္ေနသူ တစ္ေယာက္ပါ ။

စစ္ေဘးေရွာင္ ျပည္သူေတြ အတြက္လည္း ခ်စ္ခင္ရတဲ့ မိတ္ေဆြေတြနဲ႔ စုေပါင္းကာ ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။ ႐ုပ္ေလးလည္း လွသလို စိတ္ထားေလးကလည္း မြန္ျမတ္လွတာေၾကာင့္ ပရိသတ္ေတြက သေဘာက် ႏွစ္သက္ၿပီး ခ်ီးက်ဴးေနရတဲ့ သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒါ့အျပင္ သူမကိုယ္တိုင္ ဒီဇိုင္းထြင္ထားတဲ့ အက်ႌေတြကိုလည္းေရာင္းခ်ကာ ရသမွ်ေငြေၾကးေတြနဲ႔ အလႉအတန္းေတြ ျပဳလုပ္လ်က္ရွိပါတယ္ ။

အခုလည္း ၿမိဳ႕မလူမူ႔ကူညီေရးအသင္းနဲ႔ ေပါင္းပီး စစ္ေဘးေရွာင္ စခန္းေတြမွာ မုန႔္ေတြသြားလႉခဲ့ေၾကာင္းေဖာ္ျပလာပါတယ္။ ေနာက္ထပ္လည္း ခ်င္းျပည္နယ္က စစ္ေဘးေရွာင္ စခန္းေတြဆီပို႔ဖို႔ ေဆးဝါး ၊ အစားအေသာက္ ၊ အေႏြးထည္ ၊ ေစာင္ အားလုံးစီစဥ္ၿပီးေၾကာင္းနဲ႔ မိုးတြင္းကာလမို႔ မိုးကာအက်ႌေလးပဲ လိုအပ္ေတာ့တာေၾကာင့္ ဝိုင္းဝန္းလႉဒါန္းေပးၾကဖို႔ကိုလည္း ” ၿမိဳ႕မလူမူ႔ကူညီေရးအသင္းနဲ႔ ေပါင္းပီး စစ္ေဘးေရွာင္ စခန္းေတြမွာ မုန႔္ေတြသြားလႈခဲ့ပါတယ္ လက္ရွိမွာသူတိူ႔အတြက္

အဓိက လိုေနတာကေတာ့ မိုးကာအက်ီေတြပါ.. ခ်င္းျပည္ကစစ္ေဘးေရွာင္ စခန္းပို႔ဖို႔လဲ ေဆးဝါး အစားအေသာက္ အေႏြးထည္ ေစာင္ အားလုံးစီစဥ္ပီးပါပီ.. မိုးကာအက်ီေတြပဲ လိုအပ္ပါေတာ့တယ္.. မိုးကာအက်ႌေတြ လႉဒါန္းေပးဖို႔ ေတာင္းဆိုပါရေစ.. ေဆာင္းလဲ အမ်ားႀကီးမလႈႏိုင္ေတာ့လို႔ပါ.. အထည္ ၁၀၀၀ ေလာက္လိုအပ္ပါမယ္..တထည္ကို ငါးေထာင္ေလာက္က်ပါမယ္..၁၀၀၀ပဲဖစ္ဖစ္ ၂၀၀၀ပဲဖစ္ဖစ္ ႏိုင္သေလာက္လႈဒါန္းေပးပါ..အားလုံးစုပီးရသေလာက္ဝယ္ပီးလႉဒါန္းေပးပါမယ္..လႉမယ္ဆို cb လာေမးေပးပါေနာ္ ” ခုလိုေရးသား ေဝမွ်လာရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Credit;Myanmarload

Unicode

သရုပ်ဆောင် ဆောင်းယွန်းစံ ကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလို ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ ဦးဆောင် လှူဒါန်းနေသူတစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ။ ဒီလိုကာလမှာလည်း အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေ အတွက် လိုအပ်တာများကို မကြာခဏ လှူဒါန်းပေးရင်း တတ်နိုင်သလောက် ရရာနေရာကနေ ပါဝင်နေသူ တစ်ယောက်ပါ ။

စစ်ဘေးရှောင် ပြည်သူတွေ အတွက်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်သက်ပြီး ချီးကျူးနေရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် သူမကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ အင်္ကျီတွေကိုလည်းရောင်းချကာ ရသမျှငွေကြေးတွေနဲ့ အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ် ။

အခုလည်း မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှူခဲ့ကြောင်းဖော်ပြလာပါတယ်။ နောက်ထပ်လည်း ချင်းပြည်နယ်က စစ်ဘေးရှောင် စခန်းတွေဆီပို့ဖို့ ဆေးဝါး ၊ အစားအသောက် ၊ အနွေးထည် ၊ စောင် အားလုံးစီစဉ်ပြီးကြောင်းနဲ့ မိုးတွင်းကာလမို့ မိုးကာအင်္ကျီလေးပဲ လိုအပ်တော့တာကြောင့် ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ကိုလည်း ” မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ..

ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပီးပါပီ.. မိုးကာအကျီတွေပဲ လိုအပ်ပါတော့တယ်.. မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်..၁၀၀၀ပဲဖစ်ဖစ် ၂၀၀၀ပဲဖစ်ဖစ် နိုင်သလောက်လှုဒါန်းပေးပါ..အားလုံးစုပီးရသလောက်ဝယ်ပီးလှူဒါန်းပေးပါမယ်..လှူမယ်ဆို cb လာမေးပေးပါနော် ” ခုလိုရေးသား ဝေမျှလာရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit;Myanmarload