Zawgyi

ေနျပည္ေတာ္မွ ျပင္ဦးလြင္ အနီးစခန္းေလဆိပ္သို႔ ထြက္ခြာလာေသာ တပ္မေတာ္သုံးေလယာဥ္တစင္းသည္ ယေန႔ ဇြန္လ (၁၀)ရက္ေန႔ မနက္အေစာပိုင္းမွာ ျပင္ဦးလြင္ အနီးစခန္းေလဆိပ္သို႔အဆင္း ရာသီဥတုဆိုး႐ြားမႈေၾကာင့္ ေလဆိပ္အနီး သံမဏိစက္႐ုံအေနာက္ဘက္ မီတာ၃၀၀အကြာတြင္ ပ်က္က်ခဲ့ေၾကာင္း သိရသည္။

ေလယာဥ္ပ်က္က်သည့္ေနရာသို႔ မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကယ္ဆယ္ေရးအဖြဲ႕တို႔က ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။အဆိုပါေလယာဥ္သည္ အင္ဂ်င္ ၂ လုံးတပ္ Breech 1900D သယ္ယူပို႔ေဆာင္ေရးအမ်ိဳးအစားေလယာဥ္ဟု ကနဦးသိရွိရေသာ္လည္း အတည္မျပဳႏိုင္ေသးေပ။ေလယာဥ္ပ်က္က်မႈေၾကာင့္ ဗိုလ္မႉး မိုးထက္ေက်ာ္(DSA-42)၊ ဗိုလ္ႀကီး ျမင့္စိုး(DSA-56)၊ ဗိုလ္မႉး ေဇာ္ထူး(DSA-47)၊ ဗိုလ္ႀကီး စိုးဟိန္းထက္ (DSTA-17)၊ တပ္ၾကပ္ႀကီး ေကာင္းစံဝင္း၊တပ္ၾကပ္လမင္းဝင္းသိန္း၊ ဆရာေတာ္ ဥဴးေတေဇာဘာသ၊ ဥဴးကဝိဘာသ၊

ကုန္းေဘာင္ ပထမံနဝင္း ဦးေအာင္၊ ေဒၚေဌးေဌးခိုင္၊ ေဒၚလဲ့လဲ့ဝင္း၊ ဦးျမဖူး၊ ေမာင္ခန႔္ဝင္းကိုႏွင့္ ေမာင္ပိုင္ဘုန္းျပည့္တို႔ လိုက္ပါလာၿပီး ေလယာဥ္ပ်က္က်မႈေၾကာင့္ တပ္ၾကပ္ႀကီး ေကာင္းစံဝင္းႏွင့္ ေမာင္ပိုင္ဘုန္းျပည့္ ႏွစ္ေယာက္သာ အသက္ရွင္ေၾကာင္း သိရသည္။

Unicode

နေပြည်တော်မှ ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ထွက်ခွာလာသော တပ်မတော်သုံးလေယာဉ်တစင်းသည် ယနေ့ ဇွန်လ (၁၀)ရက်နေ့ မနက်အစောပိုင်းမှာ ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့အဆင်း ရာသီဥတုဆိုးရွားမှုကြောင့် လေဆိပ်အနီး သံမဏိစက်ရုံအနောက်ဘက် မီတာ၃၀၀အကွာတွင် ပျက်ကျခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျသည့်နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလေယာဉ်သည် အင်ဂျင် ၂ လုံးတပ် Breech 1900D သယ်ယူပို့ဆောင်ရေးအမျိုးအစားလေယာဉ်ဟု ကနဦးသိရှိရသော်လည်း အတည်မပြုနိုင်သေးပေ။ လေယာဉ်ပျက်ကျမှုကြောင့် ဗိုလ်မှူး မိုးထက်ကျော်(DSA-42)၊ ဗိုလ်ကြီး မြင့်စိုး(DSA-56)၊ ဗိုလ်မှူး ဇော်ထူး(DSA-47)၊ ဗိုလ်ကြီး စိုးဟိန်းထက် (DSTA-17)၊ တပ်ကြပ်ကြီး ကောင်းစံဝင်း၊တပ်ကြပ်လမင်းဝင်းသိန်း၊ ဆရာတော် ဥူးတေဇောဘာသ၊ ဥူးကဝိဘာသ၊

ကုန်းဘောင် ပထမံနဝင်း ဦးအောင်၊ ဒေါ်ဌေးဌေးခိုင်၊ ဒေါ်လဲ့လဲ့ဝင်း၊ ဦးမြဖူး၊ မောင်ခန့်ဝင်းကိုနှင့် မောင်ပိုင်ဘုန်းပြည့်တို့ လိုက်ပါလာပြီး လေယာဉ်ပျက်ကျမှုကြောင့် တပ်ကြပ်ကြီး ကောင်းစံဝင်းနှင့် မောင်ပိုင်ဘုန်းပြည့် နှစ်ယောက်သာ အသက်ရှင်ကြောင်း သိရသည်။