Zawgyi

လူငယ္ေတြအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ဦးသန႔္ရဲ႕ စကား (၅)ခြန္း

၁။ ရည္႐ြယ္ခ်က္ရွိပါ

ေလာက၌ ရည္႐ြယ္ခ်က္မရွိေသာ သူသည္ တက္မပါတဲ့ ေလွလို ေရစီးအတိုင္း ေမ်ာခ်င္ရာ ေမ်ာေနတတ္သည္။ ႀကီးပြားလိုေသာ သူတိုင္းသည္ ရည္႐ြယ္ခ်က္ ရွိရမည္။

သုံးေလာကထြက္ထား ျမတ္စြာဘုရားရွင္ေတာင္ ငါသည္ ဘုရားျဖစ္ကိုျဖစ္ရမယ္ဆိုတဲ့ တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္ေၾကာင့္သာ ကြၽန္ေတာ္တို႔ကိုးကြယ္ေနတဲ့ ဗုဒၶျမတ္စြာ အျဖစ္ေရာက္ရွိေတာ္မူခဲ့သည္။ မည္သူမဆို ငယ္စဥ္ကတည္းက မွန္းေျခရွိရမည္။

မွန္းေျခရွိေသာ သူသည္ မိမိလုပ္ငန္းတြင္ လြယ္ကူ႐ုံသာမက မွန္းေျခမရွိသူထက္ ႏႈိင္းယွဥ္မရေအာင္ သာလြန္၍ ႀကီးပြားၾကေလသည္။

၂။ သူမ်ားနဲ႔မတူေအာင္ လုပ္ပါ

ဒီလို ေျပာလိုက္ရင္ပဲ အဆန္းႀကီး ျဖစ္ေနလိမ့္မည္။သို႔ရာတြင္ ေစ့ေစ့ေတြးၾကည့္ေသာ္ ႀကီးပြားေသာသူတို႔ရဲ႕ လက္စြဲအခ်က္ ျဖစ္ေနေပသည္။သူမ်ားကဲ့သို႔ လုပ္လွ်င္ သူမ်ားလိုပဲ ျဖစ္လိမ့္မည္။

သူမ်ားထက္ ပိုႀကီးပြား ေအာင္ျမင္ခ်င္ရင္ သူမ်ားမလုပ္ႏိုင္ေသးေသာ ဆန္းသစ္ေသာ အရာေတြကို ကိုယ္လုပ္ရမည္။ ျမတ္စြာဘုရားသည္ သူတစ္ပါးနဲ႔ မတူေသာ အက်င့္ကို က်င့္ႀကံခဲ့ေသာေၾကာင့္ ဘုရားရွင္အျဖစ္သို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္ေပသည္။

၃။ အမ်ားသေဘာ မလိုက္ပါနဲ႔

အမ်ားသေဘာသည္ အမွားေပါ၏။ လက္ေတြ႕ဘဝမွာ ပညာရွိသူနဲ႔ မရွိသူကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ပညာရွိေတြဟာ အလြန္နည္းတဲ့ပမာဏေလာက္သာ ရွိတာျဖစ္ပါတယ္။

အမ်ားသေဘာ မလိုက္ပါနဲ႔ဟုဆိုရာတြင္ အမ်ားရဲ႕မွန္ကန္မႈကို ဆန႔္က်င့္ရမည္ဟု ဆိုလိုျခင္း မဟုတ္ပါ။ မည္သည့္ ကိစၥမဆို အမ်ားသေဘာဟု ဆိုေသာသူေတြကို အသုံးမခ်သူဟု မွတ္အပ္၏။

အမ်ား သေဘာသည္ မွားလွ်င္ မွားေၾကာင္း ၫႊန္ျပႏိုင္ရမည္။ ဆန႔္က်င္ႏိုင္ရမည္။ ေရလိုက္ငါးလိုက္ေနေသာ သူသည္ မႀကီးပြားႏိုင္ေခ်။

၄။ ျပဳျပင္ရမွာ မေၾကာက္ပါနဲ႔

ေလာက၌ ဘာသာေရး ကိစၥကလြဲ၍ အရာအားလုံးသည္ ျပဳျပင္ေျပာင္းလဲလွ်က္ ရွိေနသည္။ အဝတ္အစား အေျပာအဆို အေနအထိုင္ အယူအဆမ်ား အားလုံးသည္ အၿမဲေျပာင္းလဲလွ်က္ ရွိေနသည္။

ယခုေခတ္သည္ ကိုယ္က အလြန္ျမန္ႏိုင္မွ ေတာ္႐ုံေလာက္သာ ေရာက္ႏိုင္သည္။အေျပးသြား အေျပးလာေသာ ေခတ္ျဖစ္၏။ ႀကီးပြားေအာင္ျမင္ဖို႔ ကိုယ့္ရဲ႕ မေကာင္းေသာအခ်က္ အားနည္းခ်က္ေတြကို ျပဳျပင္ရမွာ လုံးဝမေၾကာက္ပါနဲ႔။အခ်ိန္မဆြဲပါနဲ႔။ ခ်က္ခ်င္းေျပာင္းလဲယူပါ။

၅။ အယုံမလြယ္ပါနဲ႔

မစဥ္းစားဘဲ အယုံလြယ္သူေတြ ေပါေသာတိုင္းျပည္သည္ ေအာက္တန္းစားတိုင္းျပည္ ျဖစ္၏။ ၎တိုင္းျပည္ရဲ႕ အသိဉာဏ္ကို ခ်င့္ခ်ိန္ႏိုင္ရန္ ၎တိုင္းျပည္ရဲ႕ သတင္းစာကို ဖတ္၍ သိႏိုင္သည္။

သတင္းစာမ်ားတြင္ ဘုရားဆင္းတုမွ မ်က္ရည္က်ျခင္း၊ ကိုယ္ဝန္ရွိေသာ ဥစၥာေစာင့္မ၊ နတ္ေပးေသာ ကေလး စတဲ့ ေခါင္းစဥ္ တပ္ထားတဲ့ ေဆာင္းပါးမ်ားကို အလုအယက္ ဖတ္ေနတဲ့ ကာလပတ္လုံး….

ျမန္မာလူမ်ိဳးတို႔ရဲ႕ အဆင့္အတန္းသည္ တိုးတက္ရန္ မ်ားစြာလိုေသးသည္ဟု ဆိုရေပမည္။ေျပာတိုင္းလည္း မယုံပါနဲ႔၊ ယုံတိုင္းလည္းမေျပာပါနဲ႔၊ ခ်င့္ခ်ိန္ၿပီးမွ ေျပာဆိုရာ၏။ ဤသည္လည္း ႀကီးပြားေရး ေလွကားတစ္ထစ္ေပတည္း။

Credit: Original Writer

Unicode

လူငယ်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဦးသန့်ရဲ့ စကား (၅)ခွန်း

၁။ ရည်ရွယ်ချက်ရှိပါ

လောက၌ ရည်ရွယ်ချက်မရှိသော သူသည် တက်မပါတဲ့ လှေလို ရေစီးအတိုင်း မျောချင်ရာ မျောနေတတ်သည်။ ကြီးပွားလိုသော သူတိုင်းသည် ရည်ရွယ်ချက် ရှိရမည်။

သုံးလောကထွက်ထား မြတ်စွာဘုရားရှင်တောင် ငါသည် ဘုရားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့်သာ ကျွန်တော်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓမြတ်စွာ အဖြစ်ရောက်ရှိတော်မူခဲ့သည်။ မည်သူမဆို ငယ်စဉ်ကတည်းက မှန်းခြေရှိရမည်။

မှန်းခြေရှိသော သူသည် မိမိလုပ်ငန်းတွင် လွယ်ကူရုံသာမက မှန်းခြေမရှိသူထက် နှိုင်းယှဉ်မရအောင် သာလွန်၍ ကြီးပွားကြလေသည်။

၂။ သူများနဲ့မတူအောင် လုပ်ပါ

ဒီလို ပြောလိုက်ရင်ပဲ အဆန်းကြီး ဖြစ်နေလိမ့်မည်။သို့ရာတွင် စေ့စေ့တွေးကြည့်သော် ကြီးပွားသောသူတို့ရဲ့ လက်စွဲအချက် ဖြစ်နေပေသည်။သူများကဲ့သို့ လုပ်လျှင် သူများလိုပဲ ဖြစ်လိမ့်မည်။

သူများထက် ပိုကြီးပွား အောင်မြင်ချင်ရင် သူများမလုပ်နိုင်သေးသော ဆန်းသစ်သော အရာတွေကို ကိုယ်လုပ်ရမည်။ မြတ်စွာဘုရားသည် သူတစ်ပါးနဲ့ မတူသော အကျင့်ကို ကျင့်ကြံခဲ့သောကြောင့် ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။

၃။ အများသဘော မလိုက်ပါနဲ့

အများသဘောသည် အမှားပေါ၏။ လက်တွေ့ဘဝမှာ ပညာရှိသူနဲ့ မရှိသူကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပညာရှိတွေဟာ အလွန်နည်းတဲ့ပမာဏလောက်သာ ရှိတာဖြစ်ပါတယ်။

အများသဘော မလိုက်ပါနဲ့ဟုဆိုရာတွင် အများရဲ့မှန်ကန်မှုကို ဆန့်ကျင့်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ မည်သည့် ကိစ္စမဆို အများသဘောဟု ဆိုသောသူတွေကို အသုံးမချသူဟု မှတ်အပ်၏။

အများ သဘောသည် မှားလျှင် မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်နိုင်ရမည်။ ရေလိုက်ငါးလိုက်နေသော သူသည် မကြီးပွားနိုင်ချေ။

၄။ ပြုပြင်ရမှာ မကြောက်ပါနဲ့

လောက၌ ဘာသာရေး ကိစ္စကလွဲ၍ အရာအားလုံးသည် ပြုပြင်ပြောင်းလဲလျှက် ရှိနေသည်။ အဝတ်အစား အပြောအဆို အနေအထိုင် အယူအဆများ အားလုံးသည် အမြဲပြောင်းလဲလျှက် ရှိနေသည်။

ယခုခေတ်သည် ကိုယ်က အလွန်မြန်နိုင်မှ တော်ရုံလောက်သာ ရောက်နိုင်သည်။အပြေးသွား အပြေးလာသော ခေတ်ဖြစ်၏။ ကြီးပွားအောင်မြင်ဖို့ ကိုယ့်ရဲ့ မကောင်းသောအချက် အားနည်းချက်တွေကို ပြုပြင်ရမှာ လုံးဝမကြောက်ပါနဲ့။အချိန်မဆွဲပါနဲ့။ ချက်ချင်းပြောင်းလဲယူပါ။

၅။ အယုံမလွယ်ပါနဲ့

မစဉ်းစားဘဲ အယုံလွယ်သူတွေ ပေါသောတိုင်းပြည်သည် အောက်တန်းစားတိုင်းပြည် ဖြစ်၏။ ၎င်းတိုင်းပြည်ရဲ့ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်းပြည်ရဲ့ သတင်းစာကို ဖတ်၍ သိနိုင်သည်။

သတင်းစာများတွင် ဘုရားဆင်းတုမှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စတဲ့ ခေါင်းစဉ် တပ်ထားတဲ့ ဆောင်းပါးများကို အလုအယက် ဖတ်နေတဲ့ ကာလပတ်လုံး….

မြန်မာလူမျိုးတို့ရဲ့ အဆင့်အတန်းသည် တိုးတက်ရန် များစွာလိုသေးသည်ဟု ဆိုရပေမည်။ပြောတိုင်းလည်း မယုံပါနဲ့၊ ယုံတိုင်းလည်းမပြောပါနဲ့၊ ချင့်ချိန်ပြီးမှ ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကားတစ်ထစ်ပေတည်း။

Credit: Original Writer