Zawgyi

သားစားတာက ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အသားဓာတ္နဲ႔ဗီတာမင္ေတြရႏိုင္တဲ့အျပင္ အရသာလည္းေကာင္းတာေၾကာင့္ အသားမႀကိဳက္တဲ့သူ နည္းပါတယ္။

အသားစားတာက ခႏၶာကိုယ္အတြက္ ေကာင္းတဲ့အခ်က္လည္းရွိသလို၊ ဆိုးတဲ့အခ်က္လည္းရွိၿပီး သူမ်ားအသက္ေသၿပီးမွရတဲ့ အစားအစာမို႔ တခ်ိဳ႕ေတြကလည္း သားသတ္လြတ္စားၾကပါတယ္။

သင့္အေနနဲ႔ ရက္အနည္းငယ္ေလာက္ အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ကိုပဲ မွ်တေအာင္ စားတဲ့အခါ ဒီေကာင္းက်ိဳးေတြကို ရပါလိမ့္မယ္။

(၁) ဝိတ္က်သြားမယ္

အသားစားျခင္းက ခႏၶာကိုယ္ကိုဖြံ႕ၿဖိဳးေစတာေၾကာင့္ ကေလးေတြကိုမ်ားမ်ားေကြၽးသင့္ၿပီး အ႐ြယ္ေရာက္ၿပီးတဲ့လူႀကီးေတြကေတာ့ အသားကိုအနည္းငယ္ပဲစားသင့္ပါတယ္။

ပုံမွန္အသားမ်ားမ်ားစားတတ္တဲ့သူက အသားမစားဘဲေရွာင္လိုက္တဲ့အခါ ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားပါလိမ့္မယ္။

ဒါေၾကာင့္ ဝိတ္က်ခ်င္သူေတြက အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ပဲစားသင့္တယ္လို႔ အႀကံျပဳၾကတာပါ။

(၂) အူလမ္းေၾကာင္းကိုသန႔္စင္ေစတယ္

စားလိုက္တဲ့အသားေတြကို ေခ်ဖ်က္ဖို႔အတြက္ အစာအိမ္ကအက္ဆစ္ဓာတ္တစ္မ်ိဳးကိုထုတ္လုပ္ၿပီး အဲ့ဒီအက္ဆစ္ဓာတ္က အူလမ္းေၾကာင္းမွာရွိတဲ့ ခႏၶာကိုယ္အက်ိဳးျပဳ ဘက္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္။

အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ပဲစားတဲ့အခါမွာေတာ့ အဲ့ဒီအက်ိဳးျပဳဘက္တီးရီးယားေတြကို ေကာင္းေကာင္းရွင္သန္ေစတာေၾကာင့္ အစာအိမ္နဲ႔အူလမ္းေၾကာင္းတေလွ်ာက္ကို သန႔္စင္ေစပါတယ္။

(၃) အသားအေရၾကည္လင္လာမယ္

အစာအိမ္နဲ႔အူလမ္းေၾကာင္းထဲက အက်ိဳးျပဳဘက္တီးရီးယားေတြက ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကိုေခ်ဖ်က္ေပးတာေၾကာင့္ ဝက္ၿခံနဲ႔အဆီျပန္တာေတြကိုသက္သာေစၿပီး အသားအေရကိုၾကည္လင္လာေစပါတယ္။

(၄) နဂိုကထက္ပိုၿပီးလန္းဆန္းေပါ့ပါးလာမယ္

အသားမစားဘဲ ဟင္းသီးဟင္း႐ြက္ေတြပဲစားတဲ့အခါ ခႏၶာကိုယ္ကအဆိပ္အေတာက္ကင္းစင္ေနတာေၾကာင့္ အလကားေနရင္း ေမာပန္းႏြမ္းနယ္ေနတာေတြမျဖစ္ေတာ့ဘဲ ေနရတာလန္းဆန္းၿပီး ၾကည္လင္ေပါ့ပါးေနပါတယ္။

အသားေလွ်ာ့စားေလ၊ ေနရတာေပါ့ပါးေလပါပဲ။

(၅) အဆီပိုေတြေလ်ာ့နည္းလာမယ္

အသားမ်ားမ်ားစားတဲ့သူေတြက ေသြးတြင္းကိုလက္စထေရာမ်ားေနၿပီး အဝလြန္ျခင္း၊ ဆီခ်ိဳေရာဂါနဲ႔ ႏွလုံးေရာဂါေတြ ပိုျဖစ္ႏိုင္ပါတယ္။

အသားမစားဘဲေနလိုက္တဲ့အခါမွာေတာ့ အဆီပိုေတြေလ်ာ့နည္းလာၿပီး ဆီးခ်ိဳနဲ႔ႏွလုံးေရာဂါလည္းျဖစ္ႏိုင္ေခ်နည္းသြားပါတယ္။

written by PP

Unicode

သားစားတာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အသားဓာတ်နဲ့ဗီတာမင်တွေရနိုင်တဲ့အပြင် အရသာလည်းကောင်းတာကြောင့် အသားမကြိုက်တဲ့သူ နည်းပါတယ်။

အသားစားတာက ခန္ဓာကိုယ်အတွက် ကောင်းတဲ့အချက်လည်းရှိသလို၊ ဆိုးတဲ့အချက်လည်းရှိပြီး သူများအသက်သေပြီးမှရတဲ့ အစားအစာမို့ တချို့တွေကလည်း သားသတ်လွတ်စားကြပါတယ်။

သင့်အနေနဲ့ ရက်အနည်းငယ်လောက် အသားမစားဘဲ ဟင်းသီးဟင်းရွက်ကိုပဲ မျှတအောင် စားတဲ့အခါ ဒီကောင်းကျိုးတွေကို ရပါလိမ့်မယ်။

(၁) ဝိတ်ကျသွားမယ်

အသားစားခြင်းက ခန္ဓာကိုယ်ကိုဖွံ့ဖြိုးစေတာကြောင့် ကလေးတွေကိုများများကျွေးသင့်ပြီး အရွယ်ရောက်ပြီးတဲ့လူကြီးတွေကတော့ အသားကိုအနည်းငယ်ပဲစားသင့်ပါတယ်။

ပုံမှန်အသားများများစားတတ်တဲ့သူက အသားမစားဘဲရှောင်လိုက်တဲ့အခါ ကိုယ်အလေးချိန်လျော့ကျသွားပါလိမ့်မယ်။

ဒါကြောင့် ဝိတ်ကျချင်သူတွေက အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲစားသင့်တယ်လို့ အကြံပြုကြတာပါ။

(၂) အူလမ်းကြောင်းကိုသန့်စင်စေတယ်

စားလိုက်တဲ့အသားတွေကို ချေဖျက်ဖို့အတွက် အစာအိမ်ကအက်ဆစ်ဓာတ်တစ်မျိုးကိုထုတ်လုပ်ပြီး အဲ့ဒီအက်ဆစ်ဓာတ်က အူလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

အသားမစားဘဲ ဟင်းသီးဟင်းရွက်ပဲစားတဲ့အခါမှာတော့ အဲ့ဒီအကျိုးပြုဘက်တီးရီးယားတွေကို ကောင်းကောင်းရှင်သန်စေတာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်ကို သန့်စင်စေပါတယ်။

(၃) အသားအရေကြည်လင်လာမယ်

အစာအိမ်နဲ့အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုချေဖျက်ပေးတာကြောင့် ဝက်ခြံနဲ့အဆီပြန်တာတွေကိုသက်သာစေပြီး အသားအရေကိုကြည်လင်လာစေပါတယ်။

(၄) နဂိုကထက်ပိုပြီးလန်းဆန်းပေါ့ပါးလာမယ်

အသားမစားဘဲ ဟင်းသီးဟင်းရွက်တွေပဲစားတဲ့အခါ ခန္ဓာကိုယ်ကအဆိပ်အတောက်ကင်းစင်နေတာကြောင့် အလကားနေရင်း မောပန်းနွမ်းနယ်နေတာတွေမဖြစ်တော့ဘဲ နေရတာလန်းဆန်းပြီး ကြည်လင်ပေါ့ပါးနေပါတယ်။

အသားလျှော့စားလေ၊ နေရတာပေါ့ပါးလေပါပဲ။

(၅) အဆီပိုတွေလျော့နည်းလာမယ်

အသားများများစားတဲ့သူတွေက သွေးတွင်းကိုလက်စထရောများနေပြီး အဝလွန်ခြင်း၊ ဆီချိုရောဂါနဲ့ နှလုံးရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။

အသားမစားဘဲနေလိုက်တဲ့အခါမှာတော့ အဆီပိုတွေလျော့နည်းလာပြီး ဆီးချိုနဲ့နှလုံးရောဂါလည်းဖြစ်နိုင်ချေနည်းသွားပါတယ်။

written by PP