Zawgyi

ပရိတ္သတ္ႀကီးေရ …ေမာ္ဒယ္သ႐ုပ္ေဆာင္မင္းသမီး ေခ်ာေလး ထားထက္ထက္ ဟာဆိုရင္ ေမာ္ဒယ္ေလာက မွတစ္ဆင့္ သ႐ုပ္ေဆာင္ဘက္သို႔ကူးေျပာင္းလာခဲ့ၿပီး သူ႔ရဲ႕ခ်စ္စရာဟန္ပန္ အမူအယာေလး ေတြေၾကာင့္ပရိတ္သတ္ရဲ႕ခ်စ္ခင္ အားေပးမႈကို အျပည့္အဝ ရရွိထားတဲ့ အႏုပညာရွင္မင္းသမီေခ်ာေလးတစ္ေယာက္ပဲျဖဟ္ပါတယ္ေနာ္။ထားထက္ထက္ဟာဆိုရင္ ယခု လက္ရွိ ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေန ေတြ

နဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ အစပိုင္းမွစတင္ၿပီး လႈထုလႈပ္ရွားမႈမွာပါဝင္လာတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။အခုလို ပါဝင္ခဲ့တဲ့အတြက္လည္း ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူခံထားရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းရာသို႔တိမ္းေရွာင္ရင္း ျပည္သူေတြရဲ႕ အႏၲရာယ္ေတြကို ေရွ႕ဆုံးကေန ကာကြယ္ရန္ တတ္ႏိုင္သေလာက္ ႀကိဳးစားေနသူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ ေတာ္လွန္ေရးအတြက္ စစ္သင္တန္း တက္ေရာက္ သင္ၾကားေနတာ ျဖစ္ပါတယ္။ သူမေရာက္ရွိေနေသာ ေနရာတြင္ စားနပ္ရိကၡာလိုအပ္မႈမ်ားရွိေနတာေၾကာင့္ တတ္ႏိုင္သမွ်ပါဝင္လႉဒါန္းေပးၾကဖို႔ကိုလည္း အၿမဲတိုက္တြန္းေနတာလည္း ျဖစ္ပါတယ္။ မေန႔က ေျဖထားတဲ့ အင္တာဗ်ဴးတစ္ခုမွာလည္း သူမရဲ႕ လက္ရွိ ခံစားခ်က္ေတြကို ဝမ္းနည္းစြာျဖင့္ ဖြင့္ဟ ေျပာျပထားတာ ျဖစ္ပါတယ္။

သူမရဲ႕ မိသားစုဝင္မ်ားနဲ႔ သူငယ္ခ်င္းမ်ားအားလုံးကို သတိရေနၿပီး သူတို႔ေတြ ေဘးကင္းစြာ ေနၾကဖို႔ ေမွ်ာ္လင့္ေၾကာင္းကိုလည္း ေျပာထားတာ ျဖစ္ပါတယ္။ ထားထက္ထက္ကေတာ့ ဧၿပီလကတည္းက ေတာထဲတြင္ စစ္ပညာသင္ၾကားေနတာ ျဖစ္ၿပီး တတ္ႏိုင္တဲ့ဘက္ကေန အာဏာရွင္ကို တိုက္ထုတ္ဖို႔အတြက္ လုပ္ေဆာင္ေနတာပါ။ ေဖေဖာ္ဝါရီလကတည္းကစတင္ကာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ေသာ္လည္း တစ္ဖက္မွ အင္အားသုံး ေခ်မႈန္းခဲ့တာ ျဖစ္တဲ့အတြက္ အျပစ္မဲ့တဲ့ လူေပါင္းမ်ားစြာ က်ဆုံးခဲ့ရလို႔ ဝမ္းနည္းရၿပီး ေနာက္ဆုံးမွာေတာ့ ေတာ္လွန္ေရးအတြက္ လြတ္ေျမာက္နယ္ေျမသို႔ သြားေရာက္ဖို႔ အခုလို ဆုံးျဖတ္ခ်က္ ခ်ခဲ့တာ ျဖစ္ပါတယ္။

ဒီေရာက္ရွိေနစဥ္အတြင္း ေန႔စဥ္ လုပ္ေဆာင္ရတဲ့ လုပ္ငန္းေဆာင္တာေတြကိုလည္း ပရိသတ္ေတြသိရွိရေအာင္ ေျပာျပထားပါေသးတယ္။ ထားထက္ထက္ရဲ႕ မိသားစုဝင္မ်ားမွ သူမရဲ႕ပါဝင္ေဆာင္႐ြက္မႈေတြကို Facebook မွ ျမင္ေတြ႕ကာ ျပန္လာဖို႔ ေျပာေသာ္လည္း သူတို႔နဲ႔ အဆက္အသြယ္ မလုပ္ဘဲေနခဲ့ေၾကာင္းကိုလည္း ေျပာျပထားပါတယ္။ စစ္မွန္တဲ့ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ႀကီး ျပန္ျဖစ္သြားတဲ့အခါသူမလုပ္ခ်င္တဲ့ အရာေလးေတြကိုလည္း ေျပာျပခဲ့ပါတယ္။

Credit; MMLoad

Unicode

ပရိတ်သတ်ကြီးရေ …မော်ဒယ်သရုပ်ဆောင်မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် မော်ဒယ်လောက မှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ကူးပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာဟန်ပန် အမူအယာလေး တွေကြောင့်ပရိတ်သတ်ရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေးတစ်ယောက်ပဲဖြဟ်ပါတယ်နော်။ထားထက်ထက်ဟာဆိုရင် ယခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တွေ

နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး လှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့တိမ်းရှောင်ရင်း ပြည်သူတွေရဲ့ အန္တရာယ်တွေကို ရှေ့ဆုံးကနေ ကာကွယ်ရန် တတ်နိုင်သလောက် ကြိုးစားနေသူဖြစ်ပါတယ်။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် စစ်သင်တန်း တက်ရောက် သင်ကြားနေတာ ဖြစ်ပါတယ်။ သူမရောက်ရှိနေသော နေရာတွင် စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့် တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း အမြဲတိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။ မနေ့က ဖြေထားတဲ့ အင်တာဗျူးတစ်ခုမှာလည်း သူမရဲ့ လက်ရှိ ခံစားချက်တွေကို ဝမ်းနည်းစွာဖြင့် ဖွင့်ဟ ပြောပြထားတာ ဖြစ်ပါတယ်။

သူမရဲ့ မိသားစုဝင်များနဲ့ သူငယ်ချင်းများအားလုံးကို သတိရနေပြီး သူတို့တွေ ဘေးကင်းစွာ နေကြဖို့ မျှော်လင့်ကြောင်းကိုလည်း ပြောထားတာ ဖြစ်ပါတယ်။ ထားထက်ထက်ကတော့ ဧပြီလကတည်းက တောထဲတွင် စစ်ပညာသင်ကြားနေတာ ဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် လုပ်ဆောင်နေတာပါ။ ဖေဖော်ဝါရီလကတည်းကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှ အင်အားသုံး ချေမှုန်းခဲ့တာ ဖြစ်တဲ့အတွက် အပြစ်မဲ့တဲ့ လူပေါင်းများစွာ ကျဆုံးခဲ့ရလို့ ဝမ်းနည်းရပြီး နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ သွားရောက်ဖို့ အခုလို ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ဒီရောက်ရှိနေစဉ်အတွင်း နေ့စဉ် လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပရိသတ်တွေသိရှိရအောင် ပြောပြထားပါသေးတယ်။ ထားထက်ထက်ရဲ့ မိသားစုဝင်များမှ သူမရဲ့ပါဝင်ဆောင်ရွက်မှုတွေကို Facebook မှ မြင်တွေ့ကာ ပြန်လာဖို့ ပြောသော်လည်း သူတို့နဲ့ အဆက်အသွယ် မလုပ်ဘဲနေခဲ့ကြောင်းကိုလည်း ပြောပြထားပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်ဖြစ်သွားတဲ့အခါသူမလုပ်ချင်တဲ့ အရာလေးတွေကိုလည်း ပြောပြခဲ့ပါတယ်။

Credit; MMLoad