Unicode

မကြာသေးခင်က အသက်(၆၀)အရွယ် ထိုင်းတံငါသည်အဖိုးအိုတစ်ယောက် အလေးချိန် ပေါင်(၂၂၀)လောက်တောင်ရှိတဲ့ ငါးကြီးအန်ဖက်ကို ရရှိခဲ့ပါတယ်။ တံငါသည်တစ်ဦးပီပီ ဒါက ဘာလဲဆိုတာ သိတာမို့ သူ့တူကို ချက်ချင်းလှမ်းခေါ်ပြီး ငါးကြီးအန်ဖက်ကို အိမ်သယ်ယူခဲ့ပါတယ်။ ၎င်းအဖိုးအိုအနေနဲ့ ဒီငါးကြီးအန်ဖက်ကို ရောင်းနိုင်ခဲ့ရင် ပေါင်(၂.၄)သန်းလောက်အထိ ရရွိမွာပါ။

တချို့က ငါးကြီးအန်ဖက်ကို ငါးကြီးက အန်ထုတ်တာလို့ ထင်နေကြပါတယ်။ တကယ်က အစာခြေတဲ့စနစ်ကနေ စွန့်ထုတ်လိုက်တဲ့ ပျော့ချွဲချွဲအရာသာ ဖြစ်ပါတယ်။ ဒါကို အလွယ်အားဖြင့် ငါးကြီးအန်ဖက်လို့ ခေါ်ကြတာပါ။ တကယ်က ချေးအဆင့်မရောက်သေးတဲ့ ချေးခါးအဆင့် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဝေလငါးချေး (Whale poo)လို့ ခေါ်ကြပါတယ်။ Ambergris လို့နောက်တိုင်းက ပိုသိပါတယ်။

တချို့က ငါးကြီးအန်ဖက်ကို ငါးသုတ်ပိုးက ဖြစ်လာတာလို့ ပြောနေကြတာရှိပေမယ့် အဲဒါ မှားပါတယ်။ ဒီလို အမှတ်မှားရခြင်းရဲ့ ဖြစ်နိုင်ဖွယ်အချက်ကတော့ ဒီငါးကြီးအန်ဖက်ကို ထုတ်လုပ်နိုင်တဲ့ ငါးဟာ Sperm Whale လို့ခေါ်တဲ့ ဝေလငါးမျိုးရင်းတစ်ခုကပဲ ထုတ်လုပ်နိုင်တာပါ။ ဒီမွာပါတဲ့ Sperm ဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့သုံးနေတဲ့ သုတ်ပိုးရဲ့ အင်္ဂလိပ်စာလုံးပေါင်းနဲ့ အတူတူဖြစ်လို့ ငါကြီးအန်ဖက်ကို ငါးကြီးရဲ့သုတ်လို့ မှားယွင်းတာ ဖြစ်နိုင်ပါတယ်။

Sperm Whale တွေကို Cachalot တွေလို့လည်း ခေါ်ကြပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ အကြီးမားဆုံး အသားစားသတ္တဝါဖြစ်ပါတယ်။ သူတို့ဟာ ကင်းမွန်တို့ ရေဘဝဲတို့ကို အလွယ်တကူဖမ်းစားလေ့ရှိပြီး၊ အစာအိမ်ထဲမှာ အဲဒီအစားအစာတစ်ချို့ဟာ ခြေဖျက်ဖို့ ခက်ခဲရာကနေ သည်းခြေအရည်အနှစ်တွေနဲ့ပေါင်းပြီး အစာမကြေဖြစ်ရာမှ အပြင်ကို မစင်အဆင့်မရောက်ဘဲ စွန့်ထုတ်လိုက်ရတာပါ။

ငါးကြီးအန်ဖက်ကို စောစောကပြောတဲ့ Sperm Whale ကပဲ ထုတ်လုပ်နိုင်တာပါ။ သိပ္ပံပညာရှင်များရဲ့အဆိုအရ ငါးကြီးအန်ဖက်ကို Sperm Whale အကောင်တစ်ရာမှာ တစ်ကောင်လောက်ခန့်ကသာ ထုတ်လုပ်နိုင်ပြီး၊ နှစ်ကာလရှည်ကြာစွာ သမုဒ္ဒရာထဲ မျောနေရင်းကနေ အစက စေးပြစ်တဲ့ကျိချွဲချွဲ အလုံးအခဲကြီးကနေ နောက်တော့ ရာသီဥတုကြောင့် ဖယောင်းကဲ့သို့ အတုံးကြီး ဖြစ်သွားပါတယ်။ အဲဒီကေန ရေမျောကမ်းတင် ဖြစ်လာရတာပါ။ တစ်ခါတလေ ဝေလငါးသေတွေရဲ့ ဝမ်းဗိုက်ထဲကနေ ရနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။

ငါးကြီးအန်ဖက်က ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတော့ ကမ္ဘာကျော်အဆင့်မြင့် ရေမွှေးထုတ်လုပ်ရေးတွေမှာ သုံးပါတယ်။ ငါးကြီးအန်ဖက်ဆီက အနံ့အသက်ကို ယူတာမဟုတ်ပါဘူး။ ငါးကြီးအန်ဖက်ဆီကပါတဲ့ ဓာတ်ပေါင်းပစ္စည်းတွေက ရေမွေးရဲ့အနံ့အသက်ကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက ငါးကြီးအန်ဖက်ဟာ ဈေးအကြီးဆုံးအရာ ဖြစ်ခဲ့တာပါ။

ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ထားတဲ့ ရေမွေးတစ်ပုလင်းဟာ ဒေါ်လာ (၅၀၀)ကေန ဒေါ်လာ သောင်းနဲ့ချီ ဈေးကောင်းရတာမျိုး ရှိပါတယ်။ ငါးကြီးအန်ဖက်ရဲ့အတွင်းမှာ ဓာတ်အမျိုးပေါင်း (၂၀)လောက်အထိ ပါဝင်ပြီး၊ တစ်ခုနဲ့တစ်ခု ကျစ်လစ်သိပ်သည်းပုံမတူသလို ဈေးလည်း မတူညီပါဘူး။ သာမန်အားဖြင့် ငါးကြီးအန်ဖက် တစ်ကီလိုဂရမ်ဟာ ပျမ်းမျှ ဒေါ်လာ(၁၃၅၀၀၀)ဝန်းကျင်လောက် ဈေးရနိုင်ပါတယ်။

ဆောင်းပါးအစပိုင်းမှာ ဖော်ပြခဲ့တဲ့ ထိုင်းတံငါသည် Naris Suwannasang ကေတာ့ ပေါင်(၂၂၀)လောက် အလေးချိန်ရှိတဲ့ ငါးကြီးအန်ဖက်ကို ရခဲ့တာပါ။ ကီလိုအားဖြင့် (၁၀၀)ကီလိုလောက် အလေးချိန်ရှိပြီး ဈေးနှုန်းအားဖြင့် စတာလင်ပေါင် (၂.၄)သန်းလောက်အထိ ရမယ်လို့ သိရပါတယ်။ (မှတ်ချက် ယခုဆောင်းပါးရေးနေချိန်မှာ ရေတစ်ကီလိုရဲ့ပေါက်ဈေးဟာ ဒေါ်လာ(၅၈၇၈၁) ဖြစ်ပါတယ်။)

Credit #လင်းဇော်ကို

Zawgyi

မၾကာေသးခင္က အသက္(၆၀)အ႐ြယ္ ထိုင္းတံငါသည္အဖိုးအိုတစ္ေယာက္ အေလးခ်ိန္ ေပါင္(၂၂၀)ေလာက္ေတာင္ရွိတဲ့ ငါးႀကီးအန္ဖက္ကို ရရွိခဲ့ပါတယ္။ တံငါသည္တစ္ဦးပီပီ ဒါက ဘာလဲဆိုတာ သိတာမို႔ သူ႔တူကို ခ်က္ခ်င္းလွမ္းေခၚၿပီး ငါးႀကီးအန္ဖက္ကို အိမ္သယ္ယူခဲ့ပါတယ္။ ၎အဖိုးအိုအေနနဲ႔ ဒီငါးႀကီးအန္ဖက္ကို ေရာင္းႏိုင္ခဲ့ရင္ ေပါင္(၂.၄)သန္းေလာက္အထိ ရ႐ြိမြာပါ။

တခ်ိဳ႕က ငါးႀကီးအန္ဖက္ကို ငါးႀကီးက အန္ထုတ္တာလို႔ ထင္ေနၾကပါတယ္။ တကယ္က အစာေျခတဲ့စနစ္ကေန စြန႔္ထုတ္လိုက္တဲ့ ေပ်ာ့ခြၽဲခြၽဲအရာသာ ျဖစ္ပါတယ္။ ဒါကို အလြယ္အားျဖင့္ ငါးႀကီးအန္ဖက္လို႔ ေခၚၾကတာပါ။ တကယ္က ေခ်းအဆင့္မေရာက္ေသးတဲ့ ေခ်းခါးအဆင့္ ျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ေဝလငါးေခ်း (Whale poo)လို႔ ေခၚၾကပါတယ္။ Ambergris လို႔ေနာက္တိုင္းက ပိုသိပါတယ္။

တခ်ိဳ႕က ငါးႀကီးအန္ဖက္ကို ငါးသုတ္ပိုးက ျဖစ္လာတာလို႔ ေျပာေနၾကတာရွိေပမယ့္ အဲဒါ မွားပါတယ္။ ဒီလို အမွတ္မွားရျခင္းရဲ႕ ျဖစ္ႏိုင္ဖြယ္အခ်က္ကေတာ့ ဒီငါးႀကီးအန္ဖက္ကို ထုတ္လုပ္ႏိုင္တဲ့ ငါးဟာ Sperm Whale လို႔ေခၚတဲ့ ေဝလငါးမ်ိဳးရင္းတစ္ခုကပဲ ထုတ္လုပ္ႏိုင္တာပါ။ ဒီမြာပါတဲ့ Sperm ဆိုတဲ့စကားလုံးဟာ ကြၽန္ေတာ္တို႔သုံးေနတဲ့ သုတ္ပိုးရဲ႕ အဂၤလိပ္စာလုံးေပါင္းနဲ႔ အတူတူျဖစ္လို႔ ငါႀကီးအန္ဖက္ကို ငါးႀကီးရဲ႕သုတ္လို႔ မွားယြင္းတာ ျဖစ္ႏိုင္ပါတယ္။

Sperm Whale ေတြကို Cachalot ေတြလို႔လည္း ေခၚၾကပါတယ္။ ပင္လယ္သမုဒၵရာထဲမွာ အႀကီးမားဆုံး အသားစားသတၱဝါျဖစ္ပါတယ္။ သူတို႔ဟာ ကင္းမြန္တို႔ ေရဘဝဲတို႔ကို အလြယ္တကူဖမ္းစားေလ့ရွိၿပီး၊ အစာအိမ္ထဲမွာ အဲဒီအစားအစာတစ္ခ်ိဳ႕ဟာ ေျခဖ်က္ဖို႔ ခက္ခဲရာကေန သည္းေျခအရည္အႏွစ္ေတြနဲ႔ေပါင္းၿပီး အစာမေၾကျဖစ္ရာမွ အျပင္ကို မစင္အဆင့္မေရာက္ဘဲ စြန႔္ထုတ္လိုက္ရတာပါ။

ငါးႀကီးအန္ဖက္ကို ေစာေစာကေျပာတဲ့ Sperm Whale ကပဲ ထုတ္လုပ္ႏိုင္တာပါ။ သိပၸံပညာရွင္မ်ားရဲ႕အဆိုအရ ငါးႀကီးအန္ဖက္ကို Sperm Whale အေကာင္တစ္ရာမွာ တစ္ေကာင္ေလာက္ခန႔္ကသာ ထုတ္လုပ္ႏိုင္ၿပီး၊ ႏွစ္ကာလရွည္ၾကာစြာ သမုဒၵရာထဲ ေမ်ာေနရင္းကေန အစက ေစးျပစ္တဲ့က်ိခြၽဲခြၽဲ အလုံးအခဲႀကီးကေန ေနာက္ေတာ့ ရာသီဥတုေၾကာင့္ ဖေယာင္းကဲ့သို႔ အတုံးႀကီး ျဖစ္သြားပါတယ္။ အဲဒီေကန ေရေမ်ာကမ္းတင္ ျဖစ္လာရတာပါ။ တစ္ခါတေလ ေဝလငါးေသေတြရဲ႕ ဝမ္းဗိုက္ထဲကေန ရႏိုင္တာမ်ိဳးလည္း ရွိတတ္ပါတယ္။

ငါးႀကီးအန္ဖက္က ဘယ္ေနရာေတြမွာ အသုံးဝင္သလဲဆိုေတာ့ ကမာၻေက်ာ္အဆင့္ျမင့္ ေရေမႊးထုတ္လုပ္ေရးေတြမွာ သုံးပါတယ္။ ငါးႀကီးအန္ဖက္ဆီက အနံ႔အသက္ကို ယူတာမဟုတ္ပါဘူး။ ငါးႀကီးအန္ဖက္ဆီကပါတဲ့ ဓာတ္ေပါင္းပစၥည္းေတြက ေရေမြးရဲ႕အနံ႔အသက္ကို ႏွစ္ေပါင္းမ်ားစြာ ထိန္းထားႏိုင္တဲ့ ဂုဏ္သတၱိရွိတာေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ေပါင္းေထာင္ခ်ီကတည္းက ငါးႀကီးအန္ဖက္ဟာ ေဈးအႀကီးဆုံးအရာ ျဖစ္ခဲ့တာပါ။

ငါးႀကီးအန္ဖက္နဲ႔ ထုတ္လုပ္ထားတဲ့ ေရေမြးတစ္ပုလင္းဟာ ေဒၚလာ (၅၀၀)ေကန ေဒၚလာ ေသာင္းနဲ႔ခ်ီ ေဈးေကာင္းရတာမ်ိဳး ရွိပါတယ္။ ငါးႀကီးအန္ဖက္ရဲ႕အတြင္းမွာ ဓာတ္အမ်ိဳးေပါင္း (၂၀)ေလာက္အထိ ပါဝင္ၿပီး၊ တစ္ခုနဲ႔တစ္ခု က်စ္လစ္သိပ္သည္းပုံမတူသလို ေဈးလည္း မတူညီပါဘူး။ သာမန္အားျဖင့္ ငါးႀကီးအန္ဖက္ တစ္ကီလိုဂရမ္ဟာ ပ်မ္းမွ် ေဒၚလာ(၁၃၅၀၀၀)ဝန္းက်င္ေလာက္ ေဈးရႏိုင္ပါတယ္။

ေဆာင္းပါးအစပိုင္းမွာ ေဖာ္ျပခဲ့တဲ့ ထိုင္းတံငါသည္ Naris Suwannasang ေကတာ့ ေပါင္(၂၂၀)ေလာက္ အေလးခ်ိန္ရွိတဲ့ ငါးႀကီးအန္ဖက္ကို ရခဲ့တာပါ။ ကီလိုအားျဖင့္ (၁၀၀)ကီလိုေလာက္ အေလးခ်ိန္ရွိၿပီး ေဈးႏႈန္းအားျဖင့္ စတာလင္ေပါင္ (၂.၄)သန္းေလာက္အထိ ရမယ္လို႔ သိရပါတယ္။ (မွတ္ခ်က္ ယခုေဆာင္းပါးေရးေနခ်ိန္မွာ ေရတစ္ကီလိုရဲ႕ေပါက္ေဈးဟာ ေဒၚလာ(၅၈၇၈၁) ျဖစ္ပါတယ္။)

Credit #လင္းေဇာ္ကို