Zawgyi

နာမည္ေလးက ထူးထူးဆန္းဆန္း ျဒာ တဲ့လား….။ ဖခင္ – ဦးတင္ဝင္း၊ မိခင္- ေဒၚခင္သန္းေဝ တို႔ရဲ႕ သမီးငယ္ေလးက အသက္ (၁၆) ႏွစ္၊ မိသားစုေလးဟာလႈိင္သာယာ (၉) ရပ္ကြက္မွာ၊ မိသားစုလိုက္ အေဆာင္ငွားၿပီးေနၾကသတဲ့။ မိခင္ျဖစ္သူက နံ႐ိုးထိခိုက္မိထားတာမို႔ အလုပ္ မလုပ္ႏိုင္ဘဲ ဖခင္ျဖစ္သူကပဲ ေရခဲေခ်ာင္းေရာင္းၿပီးသမီးျဖစ္သူကိုလည္း ေက်ာင္းထားလို႔ မိသားစုရဲ႕ စားဝတ္ေနေရးအတြက္ ႀကိဳးစား႐ုန္းကန္ရရွာတဲ့ဘဝေလး။

အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္း၊လႈိင္သာယာကေန တကၠသိုလ္ဝင္တန္း ခုံအမွတ္ ဆသယ_၃၈၄ နဲ႔၊ ၂၀၁၉/၂၀၂၀ ပညာသင္ႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ အဂၤလိပ္စာ၊ သခ်ၤာ၊ ႐ူပေဗဒ၊ ဇီဝေဗဒဂုဏ္ထူးေလးဘာသာနဲ႔အတူ သမီးေလးျဖစ္သူက ႏွစ္ခ်င္းေပါက္ေအာင္ျမင္ခဲ့ပါတယ္။ ႏြမ္းပါးတဲ့ ကေလးငယ္ေလးရဲ႕ ႀကိဳးစားေအာင္ျမင္မႈအတြက္ သြားေရာက္ၿပီး ဂုဏ္ျပဳစကားဆို စကားေျပာၾကည့္တဲ့အခါသူမရဲ႕ ရည္မွန္းခ်က္က

နာမက်န္းမႈေတြကို ကုသမႈေပးတဲ့ ဆရာဝန္ဘဝတဲ့။ အမွတ္စာရင္းထြက္တဲ့အခါ၊ ေဆးေက်ာင္းတက္ဖို႔ အမွတ္မီတဲ့အခါမွာညီမေလးရဲ႕ ပညာေရးအတြက္ အကူအညီေပးႏိုင္သူေတြနဲ႔ ေတြ႕ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ … ျဒာေရ…။ ကာယကံရွင္ရဲ႕ ခြင့္ျပဳခ်က္ျဖင့္ ဓာတ္ပုံအား႐ိုက္ယူ ေဖာ္ျပအပ္ပါသည္)

credit Nine Nine

Unicode

နာမည်လေးက ထူးထူးဆန်းဆန်း ဒြာ တဲ့လား….။ ဖခင် – ဦးတင်ဝင်း၊ မိခင်- ဒေါ်ခင်သန်းဝေ တို့ရဲ့ သမီးငယ်လေးက အသက် (၁၆) နှစ်၊ မိသားစုလေးဟာလှိုင်သာယာ (၉) ရပ်ကွက်မှာ၊ မိသားစုလိုက် အဆောင်ငှားပြီးနေကြသတဲ့။ မိခင်ဖြစ်သူက နံရိုးထိခိုက်မိထားတာမို့ အလုပ် မလုပ်နိုင်ဘဲ ဖခင်ဖြစ်သူကပဲ ရေခဲချောင်းရောင်းပြီးသမီးဖြစ်သူကိုလည်း ကျောင်းထားလို့ မိသားစုရဲ့ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရရှာတဲ့ဘဝလေး။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊လှိုင်သာယာကနေ တက္ကသိုလ်ဝင်တန်း ခုံအမှတ် ဆသယ_၃၈၄ နဲ့၊ ၂၀၁၉/၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒဂုဏ်ထူးလေးဘာသာနဲ့အတူ သမီးလေးဖြစ်သူက နှစ်ချင်းပေါက်အောင်မြင်ခဲ့ပါတယ်။ နွမ်းပါးတဲ့ ကလေးငယ်လေးရဲ့ ကြိုးစားအောင်မြင်မှုအတွက် သွားရောက်ပြီး ဂုဏ်ပြုစကားဆို စကားပြောကြည့်တဲ့အခါသူမရဲ့ ရည်မှန်းချက်က

နာမကျန်းမှုတွေကို ကုသမှုပေးတဲ့ ဆရာဝန်ဘဝတဲ့။ အမှတ်စာရင်းထွက်တဲ့အခါ၊ ဆေးကျောင်းတက်ဖို့ အမှတ်မီတဲ့အခါမှာညီမလေးရဲ့ ပညာရေးအတွက် အကူအညီပေးနိုင်သူတွေနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … ဒြာရေ…။ ကာယကံရှင်ရဲ့ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံအားရိုက်ယူ ဖော်ပြအပ်ပါသည်)

credit Nine Nine