Zawgyi

ဇာတ္လမ္းတြဲေတြမ်ားစြာ ႐ိုက္ကူးထားၿပီး ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ နန္းစႏၵာလွထြန္းကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာလည္း ျပည္သူေတြနဲ႔အတူ ပါဝင္ေနသူပဲ ျဖစ္ပါတယ္..။ နန္းစႏၵာလွထြန္းကေတာ့ ေဖေဖာ္ဝါရီလ အစပိုင္းကတည္းက အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္ လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ေနသူလည္း ျဖစ္ပါတယ္..။

က်ဆုံးသြားၾကတဲ့ သူရဲေကာင္းျပည္သူေတြအတြက္လည္း တတ္ႏိုင္သေလာက္ ေဖးမကူညီတတ္တဲ့ နန္းစႏၵာလွထြန္းကေတာ့ လတ္တေလာအေျခအေနေတြမွာ ေသြးေအးသြားၾကသူေတြနဲ႔ ပတ္သက္ၿပီး ေျပာျပလာပါတယ္..။ တခ်ိဳ႕ မိသားစုေတြအတြက္ ျပန္မရႏိုင္ေတာ့တဲ့ ဆုံးရႈံးမႈေတြမ်ားစြာရွိေပမယ့္ ကိုယ္တိုင္မခံစားရလို႔ ေသြးေအးသြားၾကတဲ့ လူတခ်ိဳ႕နဲ႔ ပတ္သက္ၿပီး ထိထိမိမိ ဖြင့္ဟေျပာျပလာတာ ျဖစ္ပါတယ္..။

“မင္းက ေတာ္ေသးတယ္”

ေတာ္ေသးတာေပါ့

မ်က္လုံးကို က်ည္ထိသြားတဲ့ကေလး‌ေလးဟာ

မင္း သမီးေလးမဟုတ္လို႔ ေတာ္ေသးတာေပါ့

ေတာ္ေသးတာေပါ့

ေသဆုံးသြားတဲ့ အေယာက္(၇၀၀)ေက်ာ္ထဲ

အဖမ္းခံေနရတဲ့ လူေထာင္ေက်ာ္ထဲ မင္းမိသားစု မပါတာ

ေတာ္ေသးတာေပါ့

လုပ္ငန္းေတြရပ္ဆိုင္းသြားလို႔ အလုပ္မရွိတဲ့ၾကားထဲ ခုန္တက္သြားတဲ့ကုန္ေဈးႏႈန္းနဲ႔ ညႇိၿပီး

ထိန္းစားေနရတဲ့ ညေနစာထမင္းဝိုင္းထဲ မင္းမိသားစု မပါတာ

ေတာ္ေသးတာေပါ့

ယုံၾကည္မႈေတြရပ္တန႔္လို႔ စုထားတဲ့ေခြၽးနည္းစာအတြက္ ကိုယ့္ေငြကို ေငြနဲ႔ ျပန္ဝယ္ရတဲ့ထဲ မင္းမပါတာ

ေတာ္ေသးတာေပါ့

လက္နက္ႀကီးက်မွစိုးလို႔ ႐ြာလုံးကြၽတ္ ထြက္ေျပးရတဲ့ထဲ မင္းတို႔ မပါတာ

ေတာ္ေသးတာေပါ့

ဒီရက္အတြင္းမွာ ထိခိုက္သြားတဲ့ဘဝေတြထဲ မင္းမပါဘဲ ရယ္က်ဲက်ဲေနႏိုင္ေသးတာ

ေတာ္ေသးတာေပါ့

မင္းေနရာ ေနရိပ္ေသးတာ ဝမ္းသာပါတယ္ ဒါေပမယ့္အျပင္မွာေရာ ရင္မွာေရာ ေနပူရွိန္ျပင္းတယ္ သူငယ္ခ်င္း

မင္းအိမ္က မဟုတ္လို႔ မင္း မၾကားေသးတာပါ

ငိုသံေတြက လမ္းမမွာ…” ဆိုၿပီး ေျပာျပထားတာပါ..။

နန္းစႏၵာလွထြန္းရဲ႕ အဲ့ဒီပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း သူမရဲ႕ခိုင္မာျပတ္သားတဲ့ စိတ္ထားေတြကို ခ်ီးက်ဴးကာ အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Unicode

ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသမီးချော နန်းစန္ဒာလှထွန်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။ နန်းစန္ဒာလှထွန်းကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက အရေးတော်ပုံအောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေသူလည်း ဖြစ်ပါတယ်..။

ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီတတ်တဲ့ နန်းစန္ဒာလှထွန်းကတော့ လတ်တလောအခြေအနေတွေမှာ သွေးအေးသွားကြသူတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။ တချို့ မိသားစုတွေအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေများစွာရှိပေမယ့် ကိုယ်တိုင်မခံစားရလို့ သွေးအေးသွားကြတဲ့ လူတချို့နဲ့ ပတ်သက်ပြီး ထိထိမိမိ ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်..။

“မင်းက တော်သေးတယ်”

တော်သေးတာပေါ့

မျက်လုံးကို ကျည်ထိသွားတဲ့ကလေး‌လေးဟာ

မင်း သမီးလေးမဟုတ်လို့ တော်သေးတာပေါ့

တော်သေးတာပေါ့

သေဆုံးသွားတဲ့ အယောက်(၇၀၀)ကျော်ထဲ

အဖမ်းခံနေရတဲ့ လူထောင်ကျော်ထဲ မင်းမိသားစု မပါတာ

တော်သေးတာပေါ့

လုပ်ငန်းတွေရပ်ဆိုင်းသွားလို့ အလုပ်မရှိတဲ့ကြားထဲ ခုန်တက်သွားတဲ့ကုန်ဈေးနှုန်းနဲ့ ညှိပြီး

ထိန်းစားနေရတဲ့ ညနေစာထမင်းဝိုင်းထဲ မင်းမိသားစု မပါတာ

တော်သေးတာပေါ့

ယုံကြည်မှုတွေရပ်တန့်လို့ စုထားတဲ့ချွေးနည်းစာအတွက် ကိုယ့်ငွေကို ငွေနဲ့ ပြန်ဝယ်ရတဲ့ထဲ မင်းမပါတာ

တော်သေးတာပေါ့

လက်နက်ကြီးကျမှစိုးလို့ ရွာလုံးကျွတ် ထွက်ပြေးရတဲ့ထဲ မင်းတို့ မပါတာ

တော်သေးတာပေါ့

ဒီရက်အတွင်းမှာ ထိခိုက်သွားတဲ့ဘဝတွေထဲ မင်းမပါဘဲ ရယ်ကျဲကျဲနေနိုင်သေးတာ

တော်သေးတာပေါ့

မင်းနေရာ နေရိပ်သေးတာ ဝမ်းသာပါတယ် ဒါပေမယ့်အပြင်မှာရော ရင်မှာရော နေပူရှိန်ပြင်းတယ် သူငယ်ချင်း

မင်းအိမ်က မဟုတ်လို့ မင်း မကြားသေးတာပါ

ငိုသံတွေက လမ်းမမှာ…” ဆိုပြီး ပြောပြထားတာပါ..။

နန်းစန္ဒာလှထွန်းရဲ့ အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေကို ချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။