Zawgyi







Crd

Unicode

မိုးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်ရိုသေသူပဲ ဖြစ်ပါတယ်..။

မိုးဟေကိုကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပေမယ့် ကျန်းမာရေးမကောင်းဖြစ်တဲ့ မိခင်ဖြစ်သူအတွက်လည်း စိတ်ထိခိုက်ပင်ပန်းနေတာ တွေ့ရပါတယ်..။

မိုးရဲ့ မိခင်ဖြစ်သူကတော့ လတ်တလောမှာ ကျန်းမာရေးကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး မိုးကိုယ်တိုင် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်..။

မိုးဟေကိုကတော့ မိခင်ဖြစ်သူအတွက် ဆုတောင်းပေးရင်း လက်ရှိအခြေအနေတွေကိုလည်း ပရိသတ်တွေကို အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

“Get Well Soon” ဆိုပြီး မိခင်ဖြစ်သူ အမြန်ဆုံး နေကောင်းကျန်းမာစေဖို့ ဆုတောင်းပေးထားတာဖြစ်ပြီး ပရိသတ်တွေကလည်း မိုးရဲ့မိခင်အတွက် မိုးနဲ့အတူဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

မိခင်ကြီးအတွက် သားသမီးကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင်အပင်ပန်းခံကာ ကိုယ်ဖိရင်ဖိအသေးစိတ်ပြုစုစောင့်ရှောက်နေတဲ့ မိုးကိုတော့ အားလုံးက ချီးကျူးအားပေးနေကြတာလည်း ဖြစ်ပါတယ်..။

Crd