Zawgyi

ဖခင္အရင္းမွ လိမ္ညာၿပီးေကာက္ရတာဟုဆိုကာ ေဂဟာသို႔လာေပးၿပီးေနာက္ကြယ္က ျဖစ္ရပ္အမွန္ကို မတင္ခ်င္ေပမယ့္ အနည္းငယ္

အသိေပးျခင္းဟုဆိုကာေျပာျပလာတဲ့ ခိုင္ႏွင္းေဝ.. အႏုပညာလႈပ္ရွားမႈမ်ားကို ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ လုပ္ကိုင္လာခဲ့ၿပီး ပရိသတ္ေတြရဲ႕

အားေပးခ်စ္ခင္မႈေတြကို ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝပဲ ျဖစ္ပါတယ္။ သူမကေတာ့ ပရဟိတလုပ္ငန္းေတြကိုလည္းအားႀကိဳးမာန္တက္

လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာကို တည္ေထာင္ထားၿပီး ခိုကိုးရာမဲ့ျဖစ္ေနေသာ ကေလးငယ္မ်ားကို

မိခင္ရင္းသဖြယ္ ထိန္းသိမ္းေစာင့္ေရွာက္ေပးေနတာလည္း ျဖစ္ပါတယ္။ မေန႔ညက လွည္းတန္းဂုံးတံတားေအာက္တြင္ စြန႔္ပစ္ခံထားရတဲ့ (၂) လအ႐ြယ္

သမီးေလးကို အမ်ိဳးသားတစ္ဦးမွေဂဟာသို႔ လာပို႔ေပးခဲ့တဲ့အေၾကာင္း ခိုင္ႏွင္းေဝရဲ႕ လူမႈကြန္ယက္တြင္ တင္ထားတာ ျဖစ္ပါတယ္။ကေလးကအရမ္းငိုေနတာေၾကာင့္

လတ္တေလာ ေခၚယူေစာင့္ေရွာက္ထားၿပီး စုံစမ္းစရာရွိတာမ်ား စုံစမ္းစစ္ေဆးမယ့္အေၾကာင္းကိုလည္း ေရးသားထားတာ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကေတာ့ ဒီကေလးနဲ႔ပတ္သက္တဲ့ ေနာက္ကြယ္က ျဖစ္ရပ္မွန္မ်ားကို ေရးသားေျပာျပလာတာ ျဖစ္ပါတယ္။

ဖခင္ျဖစ္သူမွ ေကာက္ရတယ္ဆိုၿပီး ကေလးကို ေဂဟာသို႔ လာပို႔ခဲ့တာျဖစ္ၿပီး ဒီေန႔ အေမအရင္းက ငိုယိုၿပီးလိုက္လာၿပီး အေၾကာင္းရင္းေတြကို ေျပာျပလာတာ ျဖစ္ပါတယ္။

” ဒီ သမီးေလး အေမ အရင္း လိုက္လာပါတယ္ရွင္..အေဖ အရင္းက ေကာက္ရတယ္ဆိုၿပီး လာအပ္ေပမဲ့ အေမက မသိဘဲ ကြၽန္မတို႔ေဂဟာ ေရာက္ေနတယ္ဆိုတာ

သိလို႔ ငိုယိုၿပီး လိုက္လာတာျဖစ္ပါတယ္…ပထမ အိမ္ေထာင္ နဲ႔ ဒုတိယ အိမ္ေထာင္ ဇယား အရႈပ္ၾကားထဲ သမီးမိန္းကေလးကို ယခုလို ေနာက္ တစ္ႀကိမ္

မစြန႔္ပစ္ေအာင္ (ပုံေတြ မတင္ခ်င္ေပမဲ့) အနည္းငယ္ အသိေပးျခင္းျဖစ္ပါတယ္.. မေန႔က ကေလးကို မသမာသူေတြ လက္ထဲ ေရာက္မွာဆိုးလို႔ လက္ခံထားၿပီး

မသကၤာလို႔ စုံစမ္းမႈေတြ လုပ္ရင္း အျဖစ္မွန္ ေပၚလာတဲ့ အတြက္ မိခင္ အရင္း လက္ထဲကို ျပန္ထည့္ ေပးလိုက္ပါတယ္ရွင္။မိခင္ေကာင္း ပီသတဲ့အမ်ိဳးသမီးကေတာ့

သူ႔ကေလး ျပန္ရလို႔ ေပ်ာ္ေနရွာပါတယ္..ကေလးကို ေတြ႕ေတြ႕ခ်င္း ကြၽန္မသမီးေလးကို ႏို႔တိုက္ပါရေစလို႔ ခြင့္ေတာင္းၿပီး ငိုေနရွာပါတယ္.

အိမ္ေထာင္ေရး ကိစၥေတြ ကြၽန္မတို႔နဲ႔ မဆိုင္လို႔ မေျပာေတာ့ဘဲ မိခင္တစ္ေယာက္ကို ကိုယ္ခ်င္းစာလို႔ သမီးေလးကို မိခင္လက္ထဲ ျပန္အပ္ေပးခဲ့ပါတယ္ရွင္…

(မ်က္ႏွာေတြ မအုပ္ဘဲ တင္ရျခင္းမွာ ေနာက္ေနာင္ မလုပ္ရဲေအာင္ ကေလးအတြက္ စဥ္းစားၿပီး တင္ရျခင္း ျဖစ္ပါတယ္…

အမႈ အခင္းထိ ျဖစ္ေအာင္ မလုပ္ေတာ့ဘဲ အနီးကပ္ ေစာင့္ၾကည့္ေနမည္ ျဖစ္ေၾကာင္း ေျပာၿပီး လက္မွတ္မ်ား ၊သက္ေသမ်ား ယူထားလိုက္ပါတယ္ရွင္)” ဆိုၿပီး

ေရးသားထားတာ ျဖစ္ပါတယ္။မိခင္နဲ႔ကေလးအခုလို ျပန္လည္ဆုံဆည္းခြင့္ရတဲ့အတြက္မုဒိတာပြားရပါတယ္။

ခိုင္ႏွင္းေဝလည္း ပရဟိတအလုပ္ေတြကို ဒီ့ထက္မက လုပ္ေဆာင္ႏိုင္ပါေစလို႔လည္းဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Khine Hnin Wai’s Facebook Page

Unicode

ဖခင်အရင်းမှ လိမ်ညာပြီးကောက်ရတာဟုဆိုကာ ဂေဟာသို့လာပေးပြီးနောက်ကွယ်က ဖြစ်ရပ်အမှန်ကို မတင်ချင်ပေမယ့် အနည်းငယ်

အသိပေးခြင်းဟုဆိုကာပြောပြလာတဲ့ ခိုင်နှင်းဝေ.. အနုပညာလှုပ်ရှားမှုများကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေရဲ့

အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ သူမကတော့ ပရဟိတလုပ်ငန်းတွေကိုလည်းအားကြိုးမာန်တက်

လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး ခိုကိုးရာမဲ့ဖြစ်နေသော ကလေးငယ်များကို

မိခင်ရင်းသဖွယ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညက လှည်းတန်းဂုံးတံတားအောက်တွင် စွန့်ပစ်ခံထားရတဲ့ (၂) လအရွယ်

သမီးလေးကို အမျိုးသားတစ်ဦးမှဂေဟာသို့ လာပို့ပေးခဲ့တဲ့အကြောင်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်တွင် တင်ထားတာ ဖြစ်ပါတယ်။ကလေးကအရမ်းငိုနေတာကြောင့်

လတ်တလော ခေါ်ယူစောင့်ရှောက်ထားပြီး စုံစမ်းစရာရှိတာများ စုံစမ်းစစ်ဆေးမယ့်အကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကတော့ ဒီကလေးနဲ့ပတ်သက်တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်များကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူမှ ကောက်ရတယ်ဆိုပြီး ကလေးကို ဂေဟာသို့ လာပို့ခဲ့တာဖြစ်ပြီး ဒီနေ့ အမေအရင်းက ငိုယိုပြီးလိုက်လာပြီး အကြောင်းရင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

” ဒီ သမီးလေး အမေ အရင်း လိုက်လာပါတယ်ရှင်..အဖေ အရင်းက ကောက်ရတယ်ဆိုပြီး လာအပ်ပေမဲ့ အမေက မသိဘဲ ကျွန်မတို့ဂေဟာ ရောက်နေတယ်ဆိုတာ

သိလို့ ငိုယိုပြီး လိုက်လာတာဖြစ်ပါတယ်…ပထမ အိမ်ထောင် နဲ့ ဒုတိယ အိမ်ထောင် ဇယား အရှုပ်ကြားထဲ သမီးမိန်းကလေးကို ယခုလို နောက် တစ်ကြိမ်

မစွန့်ပစ်အောင် (ပုံတွေ မတင်ချင်ပေမဲ့) အနည်းငယ် အသိပေးခြင်းဖြစ်ပါတယ်.. မနေ့က ကလေးကို မသမာသူတွေ လက်ထဲ ရောက်မှာဆိုးလို့ လက်ခံထားပြီး

မသင်္ကာလို့ စုံစမ်းမှုတွေ လုပ်ရင်း အဖြစ်မှန် ပေါ်လာတဲ့ အတွက် မိခင် အရင်း လက်ထဲကို ပြန်ထည့် ပေးလိုက်ပါတယ်ရှင်။မိခင်ကောင်း ပီသတဲ့အမျိုးသမီးကတော့

သူ့ကလေး ပြန်ရလို့ ပျော်နေရှာပါတယ်..ကလေးကို တွေ့တွေ့ချင်း ကျွန်မသမီးလေးကို နို့တိုက်ပါရစေလို့ ခွင့်တောင်းပြီး ငိုနေရှာပါတယ်.

အိမ်ထောင်ရေး ကိစ္စတွေ ကျွန်မတို့နဲ့ မဆိုင်လို့ မပြောတော့ဘဲ မိခင်တစ်ယောက်ကို ကိုယ်ချင်းစာလို့ သမီးလေးကို မိခင်လက်ထဲ ပြန်အပ်ပေးခဲ့ပါတယ်ရှင်…

(မျက်နှာတွေ မအုပ်ဘဲ တင်ရခြင်းမှာ နောက်နောင် မလုပ်ရဲအောင် ကလေးအတွက် စဉ်းစားပြီး တင်ရခြင်း ဖြစ်ပါတယ်…

အမှု အခင်းထိ ဖြစ်အောင် မလုပ်တော့ဘဲ အနီးကပ် စောင့်ကြည့်နေမည် ဖြစ်ကြောင်း ပြောပြီး လက်မှတ်များ ၊သက်သေများ ယူထားလိုက်ပါတယ်ရှင်)” ဆိုပြီး

ရေးသားထားတာ ဖြစ်ပါတယ်။မိခင်နဲ့ကလေးအခုလို ပြန်လည်ဆုံဆည်းခွင့်ရတဲ့အတွက်မုဒိတာပွားရပါတယ်။

ခိုင်နှင်းဝေလည်း ပရဟိတအလုပ်တွေကို ဒီ့ထက်မက လုပ်ဆောင်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page