Zawgyi
Unicode
အဆောင် စာကျက်ခန်းမှာ စာကျက်နေတဲ့ ကျနော် ဆရာမ အသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာခဲ့ တယ်.. ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့
ဖိနပ်တရံ ကျနော်နှာခေါင်းရှုံ့လိုက်မိတယ်၊ဧည့်ခန်းထဲ ဝင်မိတော့ ကုလားထိုင်မှာ ထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေ ပေါ်အောင် ပြုံးနေတဲ့ အဖေ အဝတ်အစား
ကလဲ ဖရို ဖရဲ သား အဖေသား အတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ် လာပို့တာလေ..။အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း
မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျနော်ကို ပြုံးကြည့်နေတယ်…အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . .
အခုဟာကစုပ်ပြက်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပျက်စုပ်ပြက် နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့.. အင်းပါသားရယ် မတ္တရာမှာ
အသီးအနှံ ပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေ တွေ့ချင်လို့ မန္တလေး ဆင်းလာတာပါ ကွယ် နောက်လာရင် အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား
ကျန်းမာရေးဂရုစိုက်အုံး…ခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အဖေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။ဒီနောက်ပိုင်း အဖေပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ
မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့..အမ နှစ်ယောက် ရှိပေမဲ့ ရွာ မူလတန်းကျောင်းလေး မှာ
(၄) တန်းအထိ ပညာသင်ခဲ့ ရတာ အငယ်ဆုံးသား ကျနော်ကတော့ အလယ် တန်းကို မတ္တရာ မှာထား (၉) တန်းအောင် (၁၀)တန်းရောက်တော့ အဖေက ပညာတက်စေချင်
သည့်အတွက် အမေတားသည့်ကြားက မန္တလေးကဘော်ဒါတခုမှာာင်းအိပ်ကျောင်းစားပို့ကာ ကျောင်းထားပေးသည်၊ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီ အဖေက
မန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည် အဖေကိုမေးတော့ အဖေ စိုက်ခင်းတွေကို စိတ်မချလို့မလာတာတဲ့ အမတွေမျက်နှာမကောင်း ဘာလို့လဲ
မေးတော့ခရီးပန်းလို့တဲ့..(၁၀) တန်းတွေ စာမေးပွဲ ပြီးတော့ မကြီး လာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲ သို့ ရောက်တော့ အဖေ အမေ
သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အမေက`သား´လို့အော်ရင် ပြေးဖက် ငိုပါလေရော မကြီးနဲ့မလေးလည်း ဝိုင်းဖက်ငိုကြတယ်လေ၊အာ့ကြမှ
အမေအဖေရောဟင်…။ သား မင်းအဖေ ပိုးထိလို့ဆုံးတာ(၁)လလောက်ရှိပြီကွဲ့..`ဗျာ´ အဲ့တာ ဘာလို့ မပြောတာလဲ အမေ.. နင့်အဖေက မပြောရဘူးတဲ့ ငါ့သား စာမေးပွဲ
အတွက် စိတ်အနှောင့်အယှက် ဖြစ်မယ်တဲ့သား ဘော်ဒါကြေး အတွက် မတ္တရာက သီးနှံပွဲရုံက ငွေတွေ ထုတ် ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ညဖက်နင့်အဖေ
ငါးရှာရတယ်လေ . . . နင့်ပညာရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူး အစုပ်နဲ့ မိန်းမနဲ့ သမီး အပျို (၂) ယောက် အတွက် ဦး စားပေးရသေးတယ်လေ။
ဟိုမှာ နင့်အဖေ စီးခဲ့တဲ့ ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန် နောက်ကျ သွားပြီးလေ အမေတို့အ သက်မှီရုံလေး နောက်ဆုံး အသက်
ငွေ့ငွေ့မှာ မှာသွားသေးတယ်တကယ်လို့ သူ သေသွားရင် သားကို စာမေးပွဲ ပြီးမှ ပြောပါတဲ့ ပြီးတော့ သားကို ဘွဲ့ရအောင် ထားပါလို့ မှာသွားသေးတယ် သားရယ် ဟင့်
ဟင့်ဟင့်..၊ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ ခေါင်ရင်းမှာ ထောင်ထားတဲ့ အဖေ့ ဖိနပ်စုပ်လေး ရင်မှာပိုက် ရင်း အားရ ပါးရအော်လိုက်မိပါတယ် . . .
အဖေမူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်ဗျာ။ ကောင်းလွန်းလို့ ဖတ်ရင်း မျက်ရည်လည်မိတယ်။
ပရိတ်သက်ကြီးလဲ သင်ခန်းစာ ယူနိုင် စေရန် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။