Zawgyi

မလိုခ်င္ပါပဲ ရလာတဲ့လမ္းခြဲေတြမွာ ကိုယ္ ၿပိဳလဲခဲ့ဖူးတာေပါ့ … အရာရာမွာ ႏွလုံးသားနဲ႔ရင္းထားေတာ့ ေနရာတကာ ရင္နဲ႔အမွ် နာက်င္ရတာဟာ သဘာ၀ တဲ့ ။

ကိုယ္မမွားခဲ့ပါပဲ ကိုယ္ခံစားရတာေတြကို ဒီေန႔ဒီအခ်ိန္မွာပဲ ရပ္တန႔္လိုက္ခ်င္ၿပီ ။ တစ္ေန႔ ျပန္ဆုံျဖစ္ခဲ့ရင္ အလွဆုံးၿပဳံးျပႏိုင္တဲ့သူက ကိုယ္ျဖစ္ပါေစ ။

ကြၽန္မ ႐ိုးသားခဲ့ဖူးတယ္ …. သိပ္ခ်စ္တာကို သိပ္ခ်စ္တယ္လို႔ ေျပာျပခဲ့ဖူးသလို သိပ္ကို ခ်စ္ျပခဲ့ဖူးတယ္ ။

လူတစ္ေယာက္ကို ခ်စ္တဲ့အခါ အဲ့ဒီလူရဲ႕ဆိုးျခင္းေကာင္းျခင္းေတြကို ခ်စ္တတ္ေပးရတယ္တဲ့ အဲ့ဒီစကားေတြကို တကယ္ႀကီး ယုံၿပီး

တကယ္ႀကီး လိုက္နာခဲ့ဖူးတဲ့ ႐ူးေပါေပါေကာင္မေလးေပါ့ … နားလည္မႈေတြ ေပးခဲ့ဖူးသလို ခဏခဏလဲ ခြင့္လႊတ္ခဲ့ဖူးပါတယ္ ။

တစ္ေန႔က်ရင္ေတာ့ နားလည္လာမွာပါဆိုတဲ့ မေသခ်ာမႈႀကီးကို ေသေသခ်ာခ်ာ ဆုတ္ကိုင္ထားၿပီး မေရရာမႈေတြၾကားမွာ

ကြၽန္မ ႐ူးခဲ့တာေလ … ေနာက္ဆုံးရလာဒ္ကေတာ့ ကိုယ္ေမွ်ာ္လင့္ထားသလို ေပ်ာ္႐ႊင္စြာ ဇာတ္သိမ္းၾကေလသတည္းမဟုတ္ပဲ …

မျဖစ္ႏိုင္တဲ့ ဇာတ္လမ္းကို ဒီမွာတင္ ဒီလို အဆုံးသတ္ၾကတာေပါ့ ဆိုတဲ့ မေပါင္းရျခင္းေတြဟာ ဇာတ္သိမ္းခန္းေပါ့ ။

လြယ္လိုက္တာလို႔ … ေရ႐ႊတ္႐ုံက လြဲလို႔တျခားဘာမ်ား တတ္ႏိုင္ခဲ့မွာလဲ ကိုယ္ ခ်စ္ခဲ့တာ ကိုယ္ကိုယ္တိုင္ သိခဲ့သလို

ကိုယ္ဘယ္ေလာက္ခ်စ္ခဲ့သလဲဆိုတာလဲ ကိုယ္ကိုယ္တိုင္ပဲ သိပါတယ္ .. ကိုယ့္အနားရွိခဲ့တုန္းကလဲ အတတ္ႏိုင္ဆုံး

ေပ်ာ္ေအာင္ ထားခဲ့သလို ကိုယ့္အနား မေနခ်င္ေတာ့ဘူးဆိုတဲ့အခ်ိန္က်ရင္လဲ က်န္ခဲ့ရတာေပါ့ …

တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အေၾကာင္းသင့္လို႔ျပန္ဆုံၾကရင္ေတာ့ … အလွဆုံးၿပဳံးျပႏိုင္တဲ့ ကြၽန္မ ပဲ ျဖစ္ပါေစ ..

အနည္းဆုံး ကြၽန္မ အဆင္ေျပပါတယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ အႏိုင္ေလး ယူပါရေစ ။ မိန္းမသားတို႔အတြက္ – သွ်င္ယြန္း

Crd; သွ်င္ယြန္း

Unicode

မလိုချင်ပါပဲ ရလာတဲ့လမ်းခွဲတွေမှာ ကိုယ် ပြိုလဲခဲ့ဖူးတာပေါ့ … အရာရာမှာ နှလုံးသားနဲ့ရင်းထားတော့ နေရာတကာ ရင်နဲ့အမျှ နာကျင်ရတာဟာ သဘာ၀ တဲ့ ။

ကိုယ်မမှားခဲ့ပါပဲ ကိုယ်ခံစားရတာတွေကို ဒီနေ့ဒီအချိန်မှာပဲ ရပ်တန့်လိုက်ချင်ပြီ ။ တစ်နေ့ ပြန်ဆုံဖြစ်ခဲ့ရင် အလှဆုံးပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်ပါစေ ။

ကျွန်မ ရိုးသားခဲ့ဖူးတယ် …. သိပ်ချစ်တာကို သိပ်ချစ်တယ်လို့ ပြောပြခဲ့ဖူးသလို သိပ်ကို ချစ်ပြခဲ့ဖူးတယ် ။

လူတစ်ယောက်ကို ချစ်တဲ့အခါ အဲ့ဒီလူရဲ့ဆိုးခြင်းကောင်းခြင်းတွေကို ချစ်တတ်ပေးရတယ်တဲ့ အဲ့ဒီစကားတွေကို တကယ်ကြီး ယုံပြီး

တကယ်ကြီး လိုက်နာခဲ့ဖူးတဲ့ ရူးပေါပေါကောင်မလေးပေါ့ … နားလည်မှုတွေ ပေးခဲ့ဖူးသလို ခဏခဏလဲ ခွင့်လွှတ်ခဲ့ဖူးပါတယ် ။

တစ်နေ့ကျရင်တော့ နားလည်လာမှာပါဆိုတဲ့ မသေချာမှုကြီးကို သေသေချာချာ ဆုတ်ကိုင်ထားပြီး မရေရာမှုတွေကြားမှာ

ကျွန်မ ရူးခဲ့တာလေ … နောက်ဆုံးရလာဒ်ကတော့ ကိုယ်မျှော်လင့်ထားသလို ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းမဟုတ်ပဲ …

မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ဒီမှာတင် ဒီလို အဆုံးသတ်ကြတာပေါ့ ဆိုတဲ့ မပေါင်းရခြင်းတွေဟာ ဇာတ်သိမ်းခန်းပေါ့ ။

လွယ်လိုက်တာလို့ … ရေရွှတ်ရုံက လွဲလို့တခြားဘာများ တတ်နိုင်ခဲ့မှာလဲ ကိုယ် ချစ်ခဲ့တာ ကိုယ်ကိုယ်တိုင် သိခဲ့သလို

ကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာလဲ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် .. ကိုယ့်အနားရှိခဲ့တုန်းကလဲ အတတ်နိုင်ဆုံး

ပျော်အောင် ထားခဲ့သလို ကိုယ့်အနား မနေချင်တော့ဘူးဆိုတဲ့အချိန်ကျရင်လဲ ကျန်ခဲ့ရတာပေါ့ …

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြောင်းသင့်လို့ပြန်ဆုံကြရင်တော့ … အလှဆုံးပြုံးပြနိုင်တဲ့ ကျွန်မ ပဲ ဖြစ်ပါစေ ..

အနည်းဆုံး ကျွန်မ အဆင်ပြေပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အနိုင်လေး ယူပါရစေ ။ မိန်းမသားတို့အတွက် – သျှင်ယွန်း

Crd; သျှင်ယွန်း