Zawgyi

အခါအားေလ်ာ္စြာလူတိုင္းဟာသူတို႔ရဲ႕မ်က္လုံးေတြထဲမွာမသာမယာခံစားမႈမ်ိဳးေတြကိုခံစားဖူးၾကမွာပါ။ကြၽန္ေတာ္တို႔အမ်ားစုအတြက္ေကာင္းမြန္စြာအိပ္စက္ျခင္းနဲ႔

အနားယူျခင္းကအျမင္အာ႐ုံကိုျပန္လည္ေကာင္းမြန္ေအာင္စြမ္းေဆာင္ႏိုင္ေသာ္လည္းအခ်ိဳ႕လကၡဏာေတြကေတာ့ကြၽန္ေတာ္အေနနဲ႔လ်စ္လ်ဴမရႈထားသင့္ပါဘူး။

ဒီေဆာင္းပါးထဲမွာေတာ့မ်က္လုံးၾကည့္တာနဲ႔သိႏိုင္မယ့္က်န္းမာေရးအေျခအေနေတြကိုေဖာ္ျပေပးထားၿပီး ထိုလကၡဏာေတြေတြ႕ၿပီဆိုတာနဲ႔ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။

(၁)မ်က္ၾကည္လႊာအေပၚကအျဖဴအစက္အေျပာက္

ဒီလကၡဏာကေတာ့မ်က္ကပ္မွန္တပ္တဲ့လူေတြမွာအမ်ားစုျဖစ္ေလ့ျဖစ္ထရွိၿပီးမ်က္လုံးကိုေရာဂါပိုးေတြဝင္ေရာက္ႏိုင္တဲ့လကၡဏာလည္းျဖစ္ပါတယ္။

မ်က္ကပ္မွန္တပ္ထားတဲ့လူမ်ားဟာမ်က္လုံးမွာဒဏ္ရာအေသးေလးေတြျဖစ္ေပၚေစကာထိုဒဏ္ရာေတြကေနတစ္ဆင့္ေရာဂါပိုးေတြ

ဝင္ေရာက္ႏိုင္ကာမ်က္ၾကည္လႊာေပၚမွာျပည္တည္နာေတြျဖစ္လာႏိုင္ပါတယ္။ဒီအခ်က္ဟာသက္တမ္းကုန္ဆုံးေနတဲ့မ်က္ကပ္မွန္ေတြကိုဝတ္ဆင္တဲ့လူေတြနဲ႔

ညဘက္ေတြပါအပါအဝင္တစ္ေန႔လုံးအခ်ိန္ၾကာရွည္စြာမ်က္ကပ္မွန္တပ္သူေတြမွာျဖစ္ေစႏိုင္ၿပီးအႏၲရာယ္ရွိတဲ့အေျခေနလည္းျဖစ္ပါတယ္။

(၂)မ်က္စိရဲ႕မ်က္ဝန္းပတ္ပတ္လည္ရွိအျဖဴအဝိုင္း

မ်ားေသာအားျဖင့္၎ဟာအိုမင္းျခင္းလကၡဏာျဖစ္ၿပီးစိုးရိမ္စရာေတာ့မရွိပါဘူး။ဒါေပမယ့္သင္ဟာအသက္အ႐ြယ္ႀကီးသူတစ္ေယာက္မဟုတ္ခဲ့ဘူးဆိုပါက

မ်က္ဝန္းပတ္လည္ရွိထိုအျဖဴဝိုင္းဟာကိုလက္စေရာနဲ႔triglyceridesပမာဏျမင့္မားေနတယ္လို႔လကၡဏာျပေနတာဘဲျဖစ္ပါတယ္။

ထိုအခ်က္ရဲ႕ဆိုလိုရင္းကေတာ့မ်ားေသာအားျဖင့္သင့္ဟာႏွလုံးေရာဂါနဲ႔ေလျဖတ္ေရာဂါျဖစ္ႏိုင္တယ္လို႔ျပသေနတာဘဲျဖစ္ပါတယ္။

(၃)မ်က္လုံးနီရဲေနျခင္း

မ်က္လုံးနီျခင္းရဲ႕အေၾကာင္းအရင္းမွာအိပ္ခ်ိန္မလုံေလာက္ျခင္း၊အလုပ္မ်ားစြာလုပ္ရျခင္းႏွင့္ေလနဲ႔ေနေရာင္တို႔ထိေတြ႕မႈမ်ားတာတို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။

အကယ္၍မ်က္လုံးဟာအေၾကာင္းျပခ်က္မရွိဘဲနီလာတယ္ဆိုပါက၎ဟာအတြင္းပိုင္းဖိအား(glaucoma)သက္ေရာက္တာျဖစ္ၿပီး

အတြင္းပိုင္းဖိအားျမင့္မားျခင္းနဲ႔ဆီးခ်ိဳေရာဂါတို႔ျဖစ္ေစႏိုင္ပါတယ္။

(၄)ေျခာက္ေသြ႕ေသာမ်က္လုံး

ေျခာက္ေသြ႕ေသာမ်က္လုံးဟာ သက္ေတာင့္သက္သာမရွိျခင္းနဲ႔ယားယံျခင္းကိုျဖစ္ေပၚေစၿပီးေတာ့လက္ျဖင့္ပြတ္တိုက္မႈေၾကာင့္ႏူးညံေသာ

မ်က္လုံးအတြင္းသားကိုလည္းထိခိုက္ေစႏိုင္ပါတယ္။၎ဟာမ်က္ခြ႕တြန႔္တာေတြျဖစ္လာေစႏိုင္ၿပီးေလတိုက္ခံရမႈေတြပိုၿပီးသက္ေရာက္လာေစကာ

မ်က္လုံးကိုပိုၿပီးေျခာက္ေသြ႕လာေစပါတယ္။မ်က္လုံးယားယံျခင္းကိုျဖစ္ေစႏိုင္တဲ့အမ်ားဆုံးအေၾကာင္းအရင္းမွာရာသီအလိုက္ဓာတ္မတည့္ျခင္းေတြေၾကာင့္ျဖစ္ပါတယ္။

မ်က္လုံးေျခာက္ေသြ႕မႈအလြန္မ်ားျပားလာပါက အလင္းေရာင္ကိုမခံႏိုင္ျခင္းေတြျဖစ္လာေစကာ၎ဟာSjogren’s syndromeလို႔ေခၚ

တဲ့ရွားပါးတဲ့ကိုယ္ခံအားစနစ္ေဖာက္ျပန္တဲ့ေရာဂါျဖစ္ေစႏိုင္ေၾကာင္းၫြန္ျပေနပါတယ္။

(၅)မ်က္လုံးအေရွ႕မွာအေရာင္မရွိတဲ့အစက္အေျပာက္ေတြျမင္ရျခင္း

ထိုအစက္အေျပာက္ကိုေတာ့ကြၽန္ေတာ္တို႔ဟာၾကည္လင္ေနတဲ့ေကာင္းကင္ေတြ၊ေတာက္ပတဲ့ဆီးႏွင္းေတြနဲ႔အျဖဴေရာင္ေနာက္ခံ၊နံရံေတြေပၚ

မွာဆိုျမင္ေတြ႕ရတတ္ပါတယ္။ကြၽန္ေတာ္တို႔အေတာ္မ်ားမ်ားကေတာ့ဒီအရာေတြကိုေတြ႕ရတတ္ၿပီးအေရအတြက္မ်ားျပားစြာေတြ႕လာရၿပီ

ဆိုပါကretinal tear နဲ႔ retinal detachmentလို႔ေခၚတဲ့ေရာဂါေတြျဖစ္လာႏိုင္ေၾကာင္းသတိေပးေနတာဘဲျဖစ္ပါတယ္။

Unicode

အခါအားလျော်စွာလူတိုင်းဟာသူတို့ရဲ့မျက်လုံးတွေထဲမှာမသာမယာခံစားမှုမျိုးတွေကိုခံစားဖူးကြမှာပါ။ကျွန်တော်တို့အများစုအတွက်ကောင်းမွန်စွာအိပ်စက်ခြင်းနဲ့

အနားယူခြင်းကအမြင်အာရုံကိုပြန်လည်ကောင်းမွန်အောင်စွမ်းဆောင်နိုင်သော်လည်းအချို့လက္ခဏာတွေကတော့ကျွန်တော်အနေနဲ့လျစ်လျူမရှုထားသင့်ပါဘူး။

ဒီဆောင်းပါးထဲမှာတော့မျက်လုံးကြည့်တာနဲ့သိနိုင်မယ့်ကျန်းမာရေးအခြေအနေတွေကိုဖော်ပြပေးထားပြီး ထိုလက္ခဏာတွေတွေ့ပြီဆိုတာနဲ့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

(၁)မျက်ကြည်လွှာအပေါ်ကအဖြူအစက်အပြောက်

ဒီလက္ခဏာကတော့မျက်ကပ်မှန်တပ်တဲ့လူတွေမှာအများစုဖြစ်လေ့ဖြစ်ထရှိပြီးမျက်လုံးကိုရောဂါပိုးတွေဝင်ရောက်နိုင်တဲ့လက္ခဏာလည်းဖြစ်ပါတယ်။

မျက်ကပ်မှန်တပ်ထားတဲ့လူများဟာမျက်လုံးမှာဒဏ်ရာအသေးလေးတွေဖြစ်ပေါ်စေကာထိုဒဏ်ရာတွေကနေတစ်ဆင့်ရောဂါပိုးတွေ

ဝင်ရောက်နိုင်ကာမျက်ကြည်လွှာပေါ်မှာပြည်တည်နာတွေဖြစ်လာနိုင်ပါတယ်။ဒီအချက်ဟာသက်တမ်းကုန်ဆုံးနေတဲ့မျက်ကပ်မှန်တွေကိုဝတ်ဆင်တဲ့လူတွေနဲ့

ညဘက်တွေပါအပါအဝင်တစ်နေ့လုံးအချိန်ကြာရှည်စွာမျက်ကပ်မှန်တပ်သူတွေမှာဖြစ်စေနိုင်ပြီးအန္တရာယ်ရှိတဲ့အခြေနေလည်းဖြစ်ပါတယ်။

(၂)မျက်စိရဲ့မျက်ဝန်းပတ်ပတ်လည်ရှိအဖြူအဝိုင်း

များသောအားဖြင့်၎င်းဟာအိုမင်းခြင်းလက္ခဏာဖြစ်ပြီးစိုးရိမ်စရာတော့မရှိပါဘူး။ဒါပေမယ့်သင်ဟာအသက်အရွယ်ကြီးသူတစ်ယောက်မဟုတ်ခဲ့ဘူးဆိုပါက

မျက်ဝန်းပတ်လည်ရှိထိုအဖြူဝိုင်းဟာကိုလက်စရောနဲ့triglyceridesပမာဏမြင့်မားနေတယ်လို့လက္ခဏာပြနေတာဘဲဖြစ်ပါတယ်။

ထိုအချက်ရဲ့ဆိုလိုရင်းကတော့များသောအားဖြင့်သင့်ဟာနှလုံးရောဂါနဲ့လေဖြတ်ရောဂါဖြစ်နိုင်တယ်လို့ပြသနေတာဘဲဖြစ်ပါတယ်။

(၃)မျက်လုံးနီရဲနေခြင်း

မျက်လုံးနီခြင်းရဲ့အကြောင်းအရင်းမှာအိပ်ချိန်မလုံလောက်ခြင်း၊အလုပ်များစွာလုပ်ရခြင်းနှင့်လေနဲ့နေရောင်တို့ထိတွေ့မှုများတာတို့ကြောင့်ဖြစ်နိုင်ပါတယ်။

အကယ်၍မျက်လုံးဟာအကြောင်းပြချက်မရှိဘဲနီလာတယ်ဆိုပါက၎င်းဟာအတွင်းပိုင်းဖိအား(glaucoma)သက်ရောက်တာဖြစ်ပြီး

အတွင်းပိုင်းဖိအားမြင့်မားခြင်းနဲ့ဆီးချိုရောဂါတို့ဖြစ်စေနိုင်ပါတယ်။

(၄)ခြောက်သွေ့သောမျက်လုံး

ခြောက်သွေ့သောမျက်လုံးဟာ သက်တောင့်သက်သာမရှိခြင်းနဲ့ယားယံခြင်းကိုဖြစ်ပေါ်စေပြီးတော့လက်ဖြင့်ပွတ်တိုက်မှုကြောင့်နူးညံသော

မျက်လုံးအတွင်းသားကိုလည်းထိခိုက်စေနိုင်ပါတယ်။၎င်းဟာမျက်ခွ့တွန့်တာတွေဖြစ်လာစေနိုင်ပြီးလေတိုက်ခံရမှုတွေပိုပြီးသက်ရောက်လာစေကာ

မျက်လုံးကိုပိုပြီးခြောက်သွေ့လာစေပါတယ်။မျက်လုံးယားယံခြင်းကိုဖြစ်စေနိုင်တဲ့အများဆုံးအကြောင်းအရင်းမှာရာသီအလိုက်ဓာတ်မတည့်ခြင်းတွေကြောင့်ဖြစ်ပါတယ်။

မျက်လုံးခြောက်သွေ့မှုအလွန်များပြားလာပါက အလင်းရောင်ကိုမခံနိုင်ခြင်းတွေဖြစ်လာစေကာ၎င်းဟာSjogren’s syndromeလို့ခေါ်

တဲ့ရှားပါးတဲ့ကိုယ်ခံအားစနစ်ဖောက်ပြန်တဲ့ရောဂါဖြစ်စေနိုင်ကြောင်းညွန်ပြနေပါတယ်။

(၅)မျက်လုံးအရှေ့မှာအရောင်မရှိတဲ့အစက်အပြောက်တွေမြင်ရခြင်း

ထိုအစက်အပြောက်ကိုတော့ကျွန်တော်တို့ဟာကြည်လင်နေတဲ့ကောင်းကင်တွေ၊တောက်ပတဲ့ဆီးနှင်းတွေနဲ့အဖြူရောင်နောက်ခံ၊နံရံတွေပေါ်

မှာဆိုမြင်တွေ့ရတတ်ပါတယ်။ကျွန်တော်တို့အတော်များများကတော့ဒီအရာတွေကိုတွေ့ရတတ်ပြီးအရေအတွက်များပြားစွာတွေ့လာရပြီ

ဆိုပါကretinal tear နဲ့ retinal detachmentလို့ခေါ်တဲ့ရောဂါတွေဖြစ်လာနိုင်ကြောင်းသတိပေးနေတာဘဲဖြစ်ပါတယ်။