Zawgyi

မိဘေျခရာ ေတာင္းလိုသူမ်ားအတြက္ မိဘေျခရာ ခံယူနည္း

မိဘေျခရာခံယူပြဲဆိုတာက်ေနာ္တို႔ျမန္မာႏိုင္ငံမွာေပ်ာက္ကြယ္ လုနီးပါးျဖစ္ေနပါၿပီ။ဘာျဖစ္လို႔လဲဆိုေတာ့ယေန႔ေခတ္လူေတြ လုံးဝကိုမသိၾကလို႔ပါ။

တကယ္ေတာ့မိဘေျခရာခံယူပြဲဆိုတာ ျမန္မာတို႔ရဲ႕ဂုဏ္ယူဖြယ္ရာအေလ့အထတစ္ခုျဖစ္တာမို႔ျမန္မာမိသားစုတိုင္းခံယူက်င့္သုံးသင့္ပါတယ္။

ေက်းဇူးရွင္မင္းကြန္းဆရာေတာ္ဘုရားႀကီးနဲ႔ကုံလုံဆရာေတာ္ဘုရားႀကီးတို႔ရဲ႕မိဘေျခရာေတာင္းယူပူေဇာ္နည္းေလးကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္

မိဘေျခရာေတာင္းယူေသာေန႔ဟာ မိဘေရာသားသမီးေတြပါမဂၤလာရွိေသာေမြးေန႔(သို႔) ေမြးရက္ႏွင့္မွတ္တမ္းအပ္တဲ့ေန႔မ်ားတြင္က်င္းပလွ်င္ ပို၍ေကာင္းမြန္၏။

မိဘေျခရာေတာင္းယူတဲ့အခ်ိန္မွာမိဘေရာ၊ သားသမီးပါေရခ်ိဳးသန႔္စင္ၿပီးသန႔္ရွင္းေသာအဝတ္မ်ား ဝတ္ဆင္ကာဘုရားစင္ေရွ႕မွာထိုင္ပါ။

က်ေနာ္တို႔ဗုဒၶဘာသာလူမ်ိဳးေတြမွာအရပ္ေလးမ်က္ႏွာ၊အရပ္ရွစ္မ်က္ႏွာ၊အရပ္ဆယ္မ်က္ႏွာရွိတဲ့အထဲမွအထက္အရပ္ရပ္ကို

ဦးထိပ္ပန္ဆင္ၿပီးရတနာ(၃)ပါးကိုပူေဇာ္ကန္ေတာ့ပါ။ၿပီးရင္ အေရွ႕အရပ္မွာမိဘ၊ေတာင္အရပ္မွာဆရာသမား၊ေျမာက္အရပ္မွာေက်းဇူးရွင္မ်ားကို

ကန္ေတာ့ၿပီးခင္ပြန္းႀကီး(၁ဝ)ပါးအားဝန္ခ်ေတာင္းပန္ကာဘုရားစင္ေရွ႕မွာငါးပါးသီလခံယူေဆာက္တည္ပါ။

ေနရာယူရန္

မိဘမွျမင့္ေသာျမတ္ေသာအရပ္မွာထိုင္ၿပီးသားသမီးတို႔မွမိမိတို႔ တတ္အားသေ႐ႊ႕ကန္ေတာ့ရန္ပစၥည္းမ်ားျဖင့္ကန္ေတာ့ပါ၊၊

မိဘတို႔ကလည္းဆုေပးခ်ီးျမႇင့္ေပးပါ။မိဘမ်ားမွေမြးဖြားသန႔္စင္တဲ့ အ႐ြယ္ကစၿပီး

ယေန႔မိဘမ်ားေျခရာမေတာင္းယူမီအထိကံသုံးပါးျဖင့္ မေတာ္တဆပစ္မွားမိပါကခြင့္လႊတ္ပါရန္ႏွင့္မသိမျမင္ရေသာ ဘဝမ်ားတုန္းက

အျပစ္မ်ားပါမက်န္ခြင့္လြတ္ပါရန္(၃)ႀကိမ္ ေတာင္းပန္၍ကန္ေတာ့ပါ။မိဘမ်ားကလည္းခြင့္လြတ္ပါတယ္ဟု (၃)ႀကိမ္ေျဖၾကားပါ။

ေျခရာယူျခင္း

မိဘေျခေထာက္မ်ားကိုေရဇလုံတစ္ခုမွာေရေဆးေၾကာသန႔္စင္ ေပးၿပီးနံ႔သာမ်ားလိမ္းေပးပါ။သနပ္ခါးဆိုရင္လည္းရပါတယ္။

နံ႔သာလိမ္းထားေသာမိဘေျခအစုံကိုယပ္ေတာင္ျဖင့္ယပ္ခပ္ေပးပါ။ၿပီးလွ်င္ဆီ၊နႏြင္း(သို႔)ပုံႏွိပ္မွင္ျဖင့္မိဘေျခဖဝါးကိုညင္သာစြာ လိမ္းေပးပါ။

သန႔္ရွင္းေသာအဝတ္ေပၚတြင္ပိတ္ျဖဴစခင္းေပးၿပီးအေမ့ေျခဖဝါးကိုဘယ္မွစညာေနာက္လိုက္ကာပိတ္ျဖဴစေပၚတြင္နင္းေပးပါ။

အေဖဆိုလွ်င္ေတာ့ညာအစဘယ္အဆုံးလုပ္ရမွာျဖစ္ပါတယ္။ ပိတ္ျဖဴေပၚမွာမိဘမ်ားနင္းၿပီးမတ္တပ္ရပ္ကာသရဏဂုံတည္ေနစဥ္သားသမီးမ်ားကလည္းမိဘတို႔ရဲ႕

ေျခအစုံကိုဦးေခါင္းႏွင့္ထိ၍ပူေဇာ္ကန္ေတာ့ေနပါ။ထို႔ေနာက္ ေဘးမွဦးေဆာင္၍မိဘေျခရာေတာင္းေပးသူမွမိဘတို႔အား

သားသမီးမ်ားအတြက္ေမတၱာမ်ားဤေျခရာတြင္ထားခဲ့ေပးပါ။ ထားခဲ့ပါသလားဟု(၃)ႀကိမ္အေမးအေျဖျပဳလုပ္ေပးပါ။

မိဘရဲ႕ေျခရာမ်ားဟာသာမန္အခ်ိန္မွာထင္ရစ္ခဲ့တဲ့ေျခရာမဟုတ္ဘဲသရဏဂုံပြားမ်ားရင္းက်န္ရစ္ခဲ့တာျဖစ္တဲ့အတြက္ေဆာင္ယူေသာသားသမီးမ်ားေလာကီ၊

ေလာကုတၱရာအက်ိဳးထူးမ်ားစြာရရွိသလိုခ်ီးျမႇင့္ေပးေသာမိဘမ်ားမွာလည္းမိဘဝတၱရားေက်ပြန္၍ အသက္ရွည္စိတ္က်မ္းမာေစပါတယ္။

မိဘေျခရာက်န္ရစ္ခဲ့တဲ့ပိတ္ျဖဴစေပၚမွာမိဘ၏ေမြးသကၠရာဇ္ ေတာင္းယူေသာသားသမီးမ်ား၏အမည္၊ေတာင္းယူေသာေန႔စြဲမ်ားကိုအမွတ္တရေရးထိုးပါ။

မိဘတို႔ရဲ႕ေျခဖဝါးမ်ားကိုမူလေဆးေၾကာထားေသာေရဇလုံအတြင္းမွာေရနဲ႔ပင္ေဆးေၾကာၿပီးနံ႔သာေရလိမ္းေပးပါ။

မိဘတို႔ရဲ႕ေျခရင္း၌မိဘေျခေထာက္မ်ားေဆးေၾကာထားေသာ ေရဇလုံအတြင္းသို႔သားဆိုလွ်င္ညာဘက္လက္ထည့္ပါ။သမီးဆိုလွ်င္ဘယ္ဘက္

လက္ထည့္ၿပီးမိဘတို႔အေပၚ ကာယကံ၊ဝစီကံ၊ မေနာကံအျဖစ္ျပစ္မွားမိေသာအျပစ္မ်ားရွိပါကေက်ပါေစဟု ဆုေတာင္းကာထိုေရျဖင့္ဦးေခါင္းနဲ႔

မ်က္ႏွာကို(၃)ႀကိမ္ထိပါ။ မ်က္ႏွာသစ္လိုကသစ္ႏိုင္ပါတယ္။

မိဘေျခရာေတာင္းယူၿပီးေနာက္

မိဘေျခရာေတာင္းယူၿပီးမွန္ေဘာင္သြင္းကာေခါင္းရင္းမွာထားၿပီးညစဥ္ရွိခိုးကန္ေတာ့ၿပီးမွညအိပ္ရာဝင္ပါ။ႀကီးမားေသာမိဘရဲ႕ေမတၱာအားေန႔စဥ္ခံယူပါတယ္ဟု႐ြတ္ဆိုပါ။

မိမိအဓိဠာန္ႏိုင္သေလာက္ဥပမာ(၃)ရက္၊(၅)ရက္မွ(၁၀)ရက္တန္သည္အထိ ဥပုသ္သီလေစာင့္ပါ။အေရးႀကဳံပါကမိမိေစာင့္ထိန္းခဲ့ေသာ

သီလကိုသစၥာဆိုတိုင္တည္ႏိုင္ပါတယ္။မိဘေျခရာေတာင္းယူေပးစဥ္ဦးေဆာင္သူမွေအာက္ပါဂါထာမ်ားကို႐ြတ္ဖတ္ပူေဇာ္ေပးရပါမယ္။

မိဘေျခရာယူစဥ္႐ြတ္ဆိုရန္

“ ဒသမာေသ၊ဥေရကတြာ၊ဗပါေသတိ၊ပုဎိကာရဏံ၊အာယုဒီဃံ၊ ဝႆသတံမာတုပါဒံနမာမဟႅံသာမာတာ ”

အၾကင္အမိသည္ ဒသမာေသ – ဆယ္လတိုင္တိုင္ ဦးေရကတြာ – ရင္ျဖင့္ပိုက္လြယ္သည္ကိုျပဳ၍ ပုဎိကာရဏံ – ႀကီးပြားျခင္းအေၾကာင္းကို

ကတြာ – ျပဳ၍၊ ေပါသတိ – ႏို႔ရည္တိုက္ေကြၽး ေမြးျမဴေပး၏၊ ဝႆသတံ – အႏွစ္တစ္ရာတိုင္တိုင္ ထိုအမိ၏ ပါဒံ – ေျခအစုံကို

အဟံ – အကြၽႏ္ုပ္သည္ နမာမိ – ႐ိုေသျမတ္ႏိုး ရွိခိုးပါ၏။

“ ဗုသိကာေရာ၊ အလိေဂၢတြာ၊ ဥပၸိတြာ ပီယပုတၳထံ၊ ရာဇပဇၩံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟႅံ ”

ယာပီတု – အၾကင္အဖသည္ ဗုသိကာေရာ – ႀကီးပြားေၾကာင္း ကိုျပဳလွ်က္ အလိေဂၢတြာ – လည္ကို ဖက္၍ ဥပၸိတြာ – နမ္း၍

ပီယပုတၳထံ – ခ်စ္လွစြာေသာသားကို ရာဇပဇၩံ – မင္းမႉးမတ္တို႔၏ အလယ္၌ သုပတိဌံ – ေကာင္းစြာတည္ ေစ၏ေသာ

ပီတု – ထိုအဖ၏ ပါဒံ – ေျခအစုံကို အဟံ – အကြၽႏ္ုပ္သည္ နမာမိ – ႐ိုေသျမတ္ႏိုး ရွစ္ခိုးပါ၏။

ထိုသို႔မိဘေျခရာေတာင္းယူေနစဥ္မွာမိဘေတြရဲ႕မ်က္ႏွာဇရာကို သံေဝဂရလိုက္၊သားသမီးေတြက႐ိုေသေလးျမတ္စြာပူေဇာ္ကန္ေတာ့တဲ့

အတြက္ပီတိေတြေဝလိုက္ႏွင့္ေပါ့။သားသမီးေတြရဲ႕ မ်က္ႏွာမွာလည္းမ်က္ရည္ေတြတဝိုင္းဝိုင္းနဲ႔မို႔မဂၤလာအရွိဆုံးနဲ႔ အေပ်ာ္ဆုံးျဖစ္ေနမွာအမွန္ပါ။

Credit – အၾကည္ေတာ္လုလင္

Unicode

မိဘခြေရာ တောင်းလိုသူများအတွက် မိဘခြေရာ ခံယူနည်း

မိဘခြေရာခံယူပွဲဆိုတာကျနော်တို့မြန်မာနိုင်ငံမှာပျောက်ကွယ် လုနီးပါးဖြစ်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ယနေ့ခေတ်လူတွေ လုံးဝကိုမသိကြလို့ပါ။

တကယ်တော့မိဘခြေရာခံယူပွဲဆိုတာ မြန်မာတို့ရဲ့ဂုဏ်ယူဖွယ်ရာအလေ့အထတစ်ခုဖြစ်တာမို့မြန်မာမိသားစုတိုင်းခံယူကျင့်သုံးသင့်ပါတယ်။

ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ကုံလုံဆရာတော်ဘုရားကြီးတို့ရဲ့မိဘခြေရာတောင်းယူပူဇော်နည်းလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်

မိဘခြေရာတောင်းယူသောနေ့ဟာ မိဘရောသားသမီးတွေပါမင်္ဂလာရှိသောမွေးနေ့(သို့) မွေးရက်နှင့်မှတ်တမ်းအပ်တဲ့နေ့များတွင်ကျင်းပလျှင် ပို၍ကောင်းမွန်၏။

မိဘခြေရာတောင်းယူတဲ့အချိန်မှာမိဘရော၊ သားသမီးပါရေချိုးသန့်စင်ပြီးသန့်ရှင်းသောအဝတ်များ ဝတ်ဆင်ကာဘုရားစင်ရှေ့မှာထိုင်ပါ။

ကျနော်တို့ဗုဒ္ဓဘာသာလူမျိုးတွေမှာအရပ်လေးမျက်နှာ၊အရပ်ရှစ်မျက်နှာ၊အရပ်ဆယ်မျက်နှာရှိတဲ့အထဲမှအထက်အရပ်ရပ်ကို

ဦးထိပ်ပန်ဆင်ပြီးရတနာ(၃)ပါးကိုပူဇော်ကန်တော့ပါ။ပြီးရင် အရှေ့အရပ်မှာမိဘ၊တောင်အရပ်မှာဆရာသမား၊မြောက်အရပ်မှာကျေးဇူးရှင်များကို

ကန်တော့ပြီးခင်ပွန်းကြီး(၁ဝ)ပါးအားဝန်ချတောင်းပန်ကာဘုရားစင်ရှေ့မှာငါးပါးသီလခံယူဆောက်တည်ပါ။

နေရာယူရန်

မိဘမှမြင့်သောမြတ်သောအရပ်မှာထိုင်ပြီးသားသမီးတို့မှမိမိတို့ တတ်အားသရွှေ့ကန်တော့ရန်ပစ္စည်းများဖြင့်ကန်တော့ပါ၊၊

မိဘတို့ကလည်းဆုပေးချီးမြှင့်ပေးပါ။မိဘများမှမွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး

ယနေ့မိဘများခြေရာမတောင်းယူမီအထိကံသုံးပါးဖြင့် မတော်တဆပစ်မှားမိပါကခွင့်လွှတ်ပါရန်နှင့်မသိမမြင်ရသော ဘဝများတုန်းက

အပြစ်များပါမကျန်ခွင့်လွတ်ပါရန်(၃)ကြိမ် တောင်းပန်၍ကန်တော့ပါ။မိဘများကလည်းခွင့်လွတ်ပါတယ်ဟု (၃)ကြိမ်ဖြေကြားပါ။

ခြေရာယူခြင်း

မိဘခြေထောက်များကိုရေဇလုံတစ်ခုမှာရေဆေးကြောသန့်စင် ပေးပြီးနံ့သာများလိမ်းပေးပါ။သနပ်ခါးဆိုရင်လည်းရပါတယ်။

နံ့သာလိမ်းထားသောမိဘခြေအစုံကိုယပ်တောင်ဖြင့်ယပ်ခပ်ပေးပါ။ပြီးလျှင်ဆီ၊နနွင်း(သို့)ပုံနှိပ်မှင်ဖြင့်မိဘခြေဖဝါးကိုညင်သာစွာ လိမ်းပေးပါ။

သန့်ရှင်းသောအဝတ်ပေါ်တွင်ပိတ်ဖြူစခင်းပေးပြီးအမေ့ခြေဖဝါးကိုဘယ်မှစညာနောက်လိုက်ကာပိတ်ဖြူစပေါ်တွင်နင်းပေးပါ။

အဖေဆိုလျှင်တော့ညာအစဘယ်အဆုံးလုပ်ရမှာဖြစ်ပါတယ်။ ပိတ်ဖြူပေါ်မှာမိဘများနင်းပြီးမတ်တပ်ရပ်ကာသရဏဂုံတည်နေစဉ်သားသမီးများကလည်းမိဘတို့ရဲ့

ခြေအစုံကိုဦးခေါင်းနှင့်ထိ၍ပူဇော်ကန်တော့နေပါ။ထို့နောက် ဘေးမှဦးဆောင်၍မိဘခြေရာတောင်းပေးသူမှမိဘတို့အား

သားသမီးများအတွက်မေတ္တာများဤခြေရာတွင်ထားခဲ့ပေးပါ။ ထားခဲ့ပါသလားဟု(၃)ကြိမ်အမေးအဖြေပြုလုပ်ပေးပါ။

မိဘရဲ့ခြေရာများဟာသာမန်အချိန်မှာထင်ရစ်ခဲ့တဲ့ခြေရာမဟုတ်ဘဲသရဏဂုံပွားများရင်းကျန်ရစ်ခဲ့တာဖြစ်တဲ့အတွက်ဆောင်ယူသောသားသမီးများလောကီ၊

လောကုတ္တရာအကျိုးထူးများစွာရရှိသလိုချီးမြှင့်ပေးသောမိဘများမှာလည်းမိဘဝတ္တရားကျေပွန်၍ အသက်ရှည်စိတ်ကျမ်းမာစေပါတယ်။

မိဘခြေရာကျန်ရစ်ခဲ့တဲ့ပိတ်ဖြူစပေါ်မှာမိဘ၏မွေးသက္ကရာဇ် တောင်းယူသောသားသမီးများ၏အမည်၊တောင်းယူသောနေ့စွဲများကိုအမှတ်တရရေးထိုးပါ။

မိဘတို့ရဲ့ခြေဖဝါးများကိုမူလဆေးကြောထားသောရေဇလုံအတွင်းမှာရေနဲ့ပင်ဆေးကြောပြီးနံ့သာရေလိမ်းပေးပါ။

မိဘတို့ရဲ့ခြေရင်း၌မိဘခြေထောက်များဆေးကြောထားသော ရေဇလုံအတွင်းသို့သားဆိုလျှင်ညာဘက်လက်ထည့်ပါ။သမီးဆိုလျှင်ဘယ်ဘက်

လက်ထည့်ပြီးမိဘတို့အပေါ် ကာယကံ၊ဝစီကံ၊ မနောကံအဖြစ်ပြစ်မှားမိသောအပြစ်များရှိပါကကျေပါစေဟု ဆုတောင်းကာထိုရေဖြင့်ဦးခေါင်းနဲ့

မျက်နှာကို(၃)ကြိမ်ထိပါ။ မျက်နှာသစ်လိုကသစ်နိုင်ပါတယ်။

မိဘခြေရာတောင်းယူပြီးနောက်

မိဘခြေရာတောင်းယူပြီးမှန်ဘောင်သွင်းကာခေါင်းရင်းမှာထားပြီးညစဉ်ရှိခိုးကန်တော့ပြီးမှညအိပ်ရာဝင်ပါ။ကြီးမားသောမိဘရဲ့မေတ္တာအားနေ့စဉ်ခံယူပါတယ်ဟုရွတ်ဆိုပါ။

မိမိအဓိဠာန်နိုင်သလောက်ဥပမာ(၃)ရက်၊(၅)ရက်မှ(၁၀)ရက်တန်သည်အထိ ဥပုသ်သီလစောင့်ပါ။အရေးကြုံပါကမိမိစောင့်ထိန်းခဲ့သော

သီလကိုသစ္စာဆိုတိုင်တည်နိုင်ပါတယ်။မိဘခြေရာတောင်းယူပေးစဉ်ဦးဆောင်သူမှအောက်ပါဂါထာများကိုရွတ်ဖတ်ပူဇော်ပေးရပါမယ်။

မိဘခြေရာယူစဉ်ရွတ်ဆိုရန်

“ ဒသမာသေ၊ဥရေကတွာ၊ဗပါသေတိ၊ပုဎိကာရဏံ၊အာယုဒီဃံ၊ ဝဿသတံမာတုပါဒံနမာမဟ္လံသာမာတာ ”

အကြင်အမိသည် ဒသမာသေ – ဆယ်လတိုင်တိုင် ဦးရေကတွာ – ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍ ပုဎိကာရဏံ – ကြီးပွားခြင်းအကြောင်းကို

ကတွာ – ပြု၍၊ ပေါသတိ – နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊ ဝဿသတံ – အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံ – ခြေအစုံကို

အဟံ – အကျွန်ုပ်သည် နမာမိ – ရိုသေမြတ်နိုး ရှိခိုးပါ၏။

“ ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟ္လံ ”

ယာပီတု – အကြင်အဖသည် ဗုသိကာရော – ကြီးပွားကြောင်း ကိုပြုလျှက် အလိဂ္ဂေတွာ – လည်ကို ဖက်၍ ဥပ္ပိတွာ – နမ်း၍

ပီယပုတ္ထထံ – ချစ်လှစွာသောသားကို ရာဇပဇ္ဈံ – မင်းမှူးမတ်တို့၏ အလယ်၌ သုပတိဌံ – ကောင်းစွာတည် စေ၏သော

ပီတု – ထိုအဖ၏ ပါဒံ – ခြေအစုံကို အဟံ – အကျွန်ုပ်သည် နမာမိ – ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။

ထိုသို့မိဘခြေရာတောင်းယူနေစဉ်မှာမိဘတွေရဲ့မျက်နှာဇရာကို သံဝေဂရလိုက်၊သားသမီးတွေကရိုသေလေးမြတ်စွာပူဇော်ကန်တော့တဲ့

အတွက်ပီတိတွေဝေလိုက်နှင့်ပေါ့။သားသမီးတွေရဲ့ မျက်နှာမှာလည်းမျက်ရည်တွေတဝိုင်းဝိုင်းနဲ့မို့မင်္ဂလာအရှိဆုံးနဲ့ အပျော်ဆုံးဖြစ်နေမှာအမှန်ပါ။

Credit – အကြည်တော်လုလင်