Zawgyi

အားလုံးပဲမဂၤလာပါ၊သင္ကလက္သည္းအရွည္ထားတဲ့သူပဲျဖစ္ျဖစ္၊ လက္သည္းအတိုထားတဲ့သူပဲျဖစ္ျဖစ္၊လက္သည္းက်န္းမာေရးအတြက္

ဂ႐ုစိုက္ဖို႔လိုအပ္တယ္ေနာ္။လက္သည္းေလးေတြကိုၾကည့္ျခင္းအားျဖင့္သင့္ရဲ႕က်န္းမာေရးေကာင္းမေကာင္းဆိုတာကိုေျပာျပႏိုင္တာမို႔လို႔ပါ။

လက္သည္းေလးေတြကေတာက္ေတာက္ေျပာင္ေျပာင္ေလးျဖစ္မေနဘဲအေရာင္မြဲေျခာက္ေျခာက္ျဖစ္ေနမယ္ဆိုရင္ေတာ့ၾကည့္ေကာင္းေနမွာ

မဟုတ္ဘဲအလွအပကိုထိခိုက္ေစမွာပါ။ဒါ့ေၾကာင့္လက္သည္းေလးေတြက်န္းမာၿပီးၾကည့္ေကာင္းေနဖို႔ဘယ္လိုဂ႐ုစိုက္သင့္လဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

ဗီတာမင္အီးလိမ္းေပးပါ

ဗီတာမင္အီးကပ်က္စီးၿပီးႂကြတ္ဆတ္ဆတ္ျဖစ္ေနတဲ့လက္သည္းေလးေတြကိုျပန္လည္ျပဳျပင္ေပးတာေၾကာင့္လက္သည္းခြံေလးေတြေပၚကိုဗီတာမင္အီးအဆီလိမ္းေပးပါ။

အုန္းဆီ

အပူေပးထားတဲ့အုန္းဆီေႏြးေႏြးေလးကိုလက္သည္းနဲ႔လက္သည္းခြံေဘးနားတစ္ဝိုက္ကိုလိမ္းက်ံေပးမယ္

ဆိုရင္ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစၿပီလက္သည္းက်န္းမာေရးအတြက္ေကာင္းမြန္ပါတယ္။

ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္စားပြဲတင္ဇြန္းတစ္ဇြန္းစာကိုေရေႏြးေႏြးေလးတစ္ဖန္ခြက္နဲ႔ေရာၿပီးလက္သည္းေလးကိုစိမ္ထားေပးလိုက္ပါ။

သံပုယိုရည္

သံပုယိုသီးတစ္ျခမ္းကိုအရည္ညစ္ၿပီးေရေႏြးေႏြးေလးတစ္ဖန္ခြက္နဲ႔ ေရာၿပီးလက္သည္းေလးေတြကို၅မိနစ္၁၀မိနစ္ခန႔္စိမ္ထားေပးပါ။

လက္သည္းခြံေလးေတြအေရာင္စိုစိုေျပေျပနဲ႔ေတာက္ပလာပါလိမ့္မယ္။

သံလြင္ဆီ

အပူေပးထားတဲ့သံလြင္ဆီေႏြးေႏြးေလးကိုလက္သည္းခြံေပၚလိမ္းက်ံေပးၿပီး၅မိနစ္၁၀မိနစ္ခန႔္ႏွိပ္နယ္ေပးပါ။သံလြင္ဆီထဲမွာပါဝင္တဲ့

ဗီတာမင္အီးဓာတ္ကပ်က္စီးသြားတဲ့လက္သည္းေတြကိုျပန္လည္ျပဳျပင္ေပးၿပီးလက္သည္းအရွည္ျမန္ေအာင္လႈံ႕ေဆာ္ေပးပါတယ္။

ဂ်ိဳဂ်ိဳးပါးအဆီ

ဂ်ိဳဂ်ိဳးပါးအဆီထဲမွာဖက္တီးအက္စစ္၊Antioxidants၊ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြႂကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္လက္သည္းေလးေတြကိုထူထဲေစၿပီးက်န္းမာသန္စြမ္းေစပါတယ္။

အပူေပးထားတဲ့ ဂ်ိဳဂ်ိဳးပါးအဆီေႏြးေႏြးေလးကိုလက္သည္းနဲ႔လက္သည္းတစ္ဝိုက္က အသားအေရကိုလိမ္းက်ံေပးၿပီး၂မိနစ္၊၃မိနစ္ခန႔္ႏွိပ္နယ္ေပးလိုက္ပါ။

ၾကက္ဥအႏွစ္နဲ႔ပ်ားရည္

ၾကက္ဥအႏွစ္တစ္လုံးကိုပ်ားရည္ေႏြးေႏြးေလးစားပြဲတင္ဇြန္းတစ္ဝက္ခန႔္နဲ႔ေရာၿပီးလက္သည္းနဲ႔လက္သည္းနားတစ္ဝိုက္ကိုသုတ္လိမ္းေပးပါ။၁၅မိနစ္ေလာက္ၾကာမွေရေဆးခ်လိုက္ပါ။

ဒီနည္းလမ္းေတြထဲကႀကိဳက္ႏွစ္သက္ရာတစ္ခုခုကိုျပဳလုပ္ေပးမယ္ဆိုရင္က်န္းမာလွပတဲ့လက္သည္းေလးေတြပိုင္ဆိုင္ႏိုင္ၿပီေပါ့။

Source: Brightside.me

Unicode

အားလုံးပဲမင်္ဂလာပါ၊သင်ကလက်သည်းအရှည်ထားတဲ့သူပဲဖြစ်ဖြစ်၊ လက်သည်းအတိုထားတဲ့သူပဲဖြစ်ဖြစ်၊လက်သည်းကျန်းမာရေးအတွက်

ဂရုစိုက်ဖို့လိုအပ်တယ်နော်။လက်သည်းလေးတွေကိုကြည့်ခြင်းအားဖြင့်သင့်ရဲ့ကျန်းမာရေးကောင်းမကောင်းဆိုတာကိုပြောပြနိုင်တာမို့လို့ပါ။

လက်သည်းလေးတွေကတောက်တောက်ပြောင်ပြောင်လေးဖြစ်မနေဘဲအရောင်မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့ကြည့်ကောင်းနေမှာ

မဟုတ်ဘဲအလှအပကိုထိခိုက်စေမှာပါ။ဒါ့ကြောင့်လက်သည်းလေးတွေကျန်းမာပြီးကြည့်ကောင်းနေဖို့ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ဗီတာမင်အီးလိမ်းပေးပါ

ဗီတာမင်အီးကပျက်စီးပြီးကြွတ်ဆတ်ဆတ်ဖြစ်နေတဲ့လက်သည်းလေးတွေကိုပြန်လည်ပြုပြင်ပေးတာကြောင့်လက်သည်းခွံလေးတွေပေါ်ကိုဗီတာမင်အီးအဆီလိမ်းပေးပါ။

အုန်းဆီ

အပူပေးထားတဲ့အုန်းဆီနွေးနွေးလေးကိုလက်သည်းနဲ့လက်သည်းခွံဘေးနားတစ်ဝိုက်ကိုလိမ်းကျံပေးမယ်

ဆိုရင်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီလက်သည်းကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်စားပွဲတင်ဇွန်းတစ်ဇွန်းစာကိုရေနွေးနွေးလေးတစ်ဖန်ခွက်နဲ့ရောပြီးလက်သည်းလေးကိုစိမ်ထားပေးလိုက်ပါ။

သံပုယိုရည်

သံပုယိုသီးတစ်ခြမ်းကိုအရည်ညစ်ပြီးရေနွေးနွေးလေးတစ်ဖန်ခွက်နဲ့ ရောပြီးလက်သည်းလေးတွေကို၅မိနစ်၁၀မိနစ်ခန့်စိမ်ထားပေးပါ။

လက်သည်းခွံလေးတွေအရောင်စိုစိုပြေပြေနဲ့တောက်ပလာပါလိမ့်မယ်။

သံလွင်ဆီ

အပူပေးထားတဲ့သံလွင်ဆီနွေးနွေးလေးကိုလက်သည်းခွံပေါ်လိမ်းကျံပေးပြီး၅မိနစ်၁၀မိနစ်ခန့်နှိပ်နယ်ပေးပါ။သံလွင်ဆီထဲမှာပါဝင်တဲ့

ဗီတာမင်အီးဓာတ်ကပျက်စီးသွားတဲ့လက်သည်းတွေကိုပြန်လည်ပြုပြင်ပေးပြီးလက်သည်းအရှည်မြန်အောင်လှုံ့ဆော်ပေးပါတယ်။

ဂျိုဂျိုးပါးအဆီ

ဂျိုဂျိုးပါးအဆီထဲမှာဖက်တီးအက်စစ်၊Antioxidants၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်လက်သည်းလေးတွေကိုထူထဲစေပြီးကျန်းမာသန်စွမ်းစေပါတယ်။

အပူပေးထားတဲ့ ဂျိုဂျိုးပါးအဆီနွေးနွေးလေးကိုလက်သည်းနဲ့လက်သည်းတစ်ဝိုက်က အသားအရေကိုလိမ်းကျံပေးပြီး၂မိနစ်၊၃မိနစ်ခန့်နှိပ်နယ်ပေးလိုက်ပါ။

ကြက်ဥအနှစ်နဲ့ပျားရည်

ကြက်ဥအနှစ်တစ်လုံးကိုပျားရည်နွေးနွေးလေးစားပွဲတင်ဇွန်းတစ်ဝက်ခန့်နဲ့ရောပြီးလက်သည်းနဲ့လက်သည်းနားတစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။၁၅မိနစ်လောက်ကြာမှရေဆေးချလိုက်ပါ။

ဒီနည်းလမ်းတွေထဲကကြိုက်နှစ်သက်ရာတစ်ခုခုကိုပြုလုပ်ပေးမယ်ဆိုရင်ကျန်းမာလှပတဲ့လက်သည်းလေးတွေပိုင်ဆိုင်နိုင်ပြီပေါ့။

Source: Brightside.me